အခန်း၇
Viewers 16k

အခန်း(၇)

 

“အကြီးအကဲလု ခင်ဗျား ခင်ဗျားရဲ့မြေးကို အရမ်းချစ်တာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ဒီကားမတော်တဆမှုကနေ ရလိုက်တဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်။ ပြီးခဲ့တဲ့လထဲမှာတင် သူက သူ့ရဲ့နောက်ဆုံးအသက်ရှုသံကို ထုတ်လွှတ်ဖို့ အသင့်ဖြစ်နေခဲ့ပြီ။ ကျွန်တော်တို့သာ သူ့ကို ဆက်ပြီးကုသပေးနေဦးမယ်ဆိုရင် သူ့ကို နာကျင်မှုတွေကိုပဲ ဆက်ပေးနေသလို ဖြစ်နေလိမ့်မယ်”

 

ဆရာဝန်က သူ့ရဲ့ရွှေရောင်ကိုင်းဘောင်ကွပ်ထားသောမျက်မှန်ကို နှာခေါင်းပေါ်သို့ ပင့်တင်လိုက်သည်။ သက်ပြင်းချရင်း သူက ပြောလိုက်သည်။ “ဆရာဝန်တစ်ယောက်အနေနဲ့ ခင်ဗျားကို ပေးနိုင်တဲ့ တစ်ခုတည်း‌သော အကြံဥာဏ်က မစ္စတာလုဟာ သူ့နောက်ဆုံးနေ့ရက်တွေမှာ ‌နောင်တတွေ မကျန်ခဲ့မိအောင် အတတ်နိုင်ဆုံးကြိုးစားပေးဖို့ပဲ”

 

အကြီးအကဲလုသည် သူ့ဗုဒ္ဓစိတ်ပုတီးကိုစိတ်နေရင်းကနေ ရုတတ်တရတ် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ သူက သူ့မြေးကို ကလေးဘဝကတည်းက အခုအရွယ်ရောက်ချိန်ထိ ပြုစုကျွေးမွေးစောင့်ရှောက်လာခဲ့တာ ဖြစ်တယ်။ သူမြေးလက်ထပ်ပြီး ကလေးယူဖို့နဲ့ သူတို့ရဲ့ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးကိုမြင်ရဖို့ကို မျှော်လင့်နေမိတုန်းပဲ။ သို့သော် ယခု ဤအဖိုးအိုကြီးသည် လူငယ်တစ်ဦး၏စျာပနသို့ တက်ရောက်ရမည့်သူ ဖြစ်လာလိမ့်မည်။

 

အကြီးအကဲလုသည် နောက်သို့ ခြေလှမ်း အနည်းငယ် ယိမ်းယိုင်သွားခဲ့သည်။

 

ဆရာဝန်က လက်တစ်ဖက်ဖြင့် အလျင်အမြန် ထိန်းပေးလိုက်သည်။ “အကြီးအကဲလု မင်းခန္ဓာကိုယ်ကို ဂရုစိုက်ပါဦး”

 

အကြီးအကဲလုသည် စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးမှိတ်လိုက်သည်။ “ငါ နားလည်ပါတယ်။ ဆေးရုံအုပ်ချန် ဒီအချိန်အတွင်းမှာ ငါ့မြေးကို ကုသပေးခဲ့တဲ့အတွက် မင်းကိုရော မင်းဆေးရုံကိုရော ကျေးဇူးတင်ပါတယ်”

 

“ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာကိုပဲ လုပ်ခဲ့ကြတာပါ”

 

ဆေးရုံအခန်းတံခါးကို ပိတ်လိုက်သည်။ လုလီရှင်းနှင့် ကျီချင်းချင်းတို့သာလျှင် အခန်းထဲမှာ ကျန်နေခဲ့သည်။

 

ကျီချင်းချင်းသည် အားနည်းဖျော့တော့နေသော အိပ်ရာပေါ်မှ အမျိုးသားကို ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများထဲတွင် အဆုံးမဲ့သနားကြင်နာမှုများ ပေါ်လာသည်။

 

သနားစရာကောင်းသည်မှာ သူ့ခန္ဓာကိုယ်အခြေအနေက ယခုကဲ့သို့ အားနည်းသွားခဲ့သည်။ သူ့မှာ ဘယ်နှစ်ရက်ကျန်မယ်ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။ တစ်ညမှာ သူဟာ ဘယ်တော့မှ ပြန်မနိုးထလာသော အိပ်ခြင်းမျိုးနဲ့ အိပ်ပျော်သွားလိမ့်မယ်။ ယခု သူသည် နေမဝင်မီ တောက်ပနေခဲ့သော နောက်ဆုံးရောင်ခြည်ကဲ့သို့ ပျောက်ကွယ်မသွားမီ သူ့ရဲ့နောက်ဆုံးအသက်စွမ်းအင်ပေါက်ကွဲမှုသာ ဖြစ်သည်။

 

ကျီချင်းချင်းသည် သူ့အတွက် စောင်အနားစတွေကို ဖိပေးလိုက်သည်။ ဘုရားသခင်က ဒီအမျိုးသားကို အပြစ်အနာကင်းသောရုပ်သွင်၊ ထင်ပေါ်ကျော်ကြားသောမိသားစု၊ ဥာဏ်အမျှော်အမြင် ကြီးမားခြင်းနှင့် သူ့အလုပ်အကိုင်အထွတ်အထိသို့ ရောက်ရှိစေခဲ့သည်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက ငယ်ငယ်ရွယ်ရွယ်မှာပင် သေဆုံးသွားရလိမ့်မယ်။

 

မကြာခင်မှာ သေရတော့မယ့်လူတွေနဲ့ ဆက်ဆံင် ကျီချင်းချင်းဟာ အမြဲတမ်း ပိုပြီးနူးညံ့သိမ်မွေ့သည်။

 

“ဇနီးလား” သတိလက်လွတ်ဖြင့် လုလီရှင်းသည် သူ့စောင်အနားတွေကို လက်ချောင်းထိပ်တွေနဲ့ ပွတ်သပ်လိုက်မိသည်။ သူ့လေသံက ဘာမှမထူးခြားဘူး။ သူ အခု ခံစားနေရတဲ့စိတ်ခံစားချက်တွေကို သူမ မှန်းဆကြည့်လို့မရဘူး။ “မင်းက ကိုယ့်အဖိုး ကိုယ့်အတွက် ရှာပေးတဲ့ ဇနီးလား။ ကိုယ့်မှာ ဒီအတွက် ဘာမှပြောစရာ မရှိပါဘူး”

 

“အကြီးအကဲလုက ကျွန်မကို ရှင့်ဇနီးအဖြစ် ဘာကြောင့် ရွေးချယ်ခဲ့တာလဲဆိုတာကို ကျွန်မ မသိဘူး။ ဒါပေမယ့် ကျွန်မက ရှင့်ဇနီးဖြစ်နေပြီဆိုမှတော့ နောင်လာမယ့်ရက်တွေမှာ ကျွန်မ ရှင့်ကို သေချာဂရုစိုက်ပေးပါ့မယ်” သူမသည် သူ နောင်တမရပဲ တမလွန်ကို ထွက်သွားနိုင်ဖို့ကို မျှော်လင့်မိသည်။

 

လုလီရှင်း၏အေးစက်သောမျက်လုံးများက သူမကို မလှုပ်မယှက်ပဲ ကြည့်နေသည်။ သူ့မျက်လုံးတွေထဲမှာ လှုပ်ခတ်နေတဲ့လှိုင်းတွေရှိနေတယ်။ ဒါပေမယ့် သူ ဘာတွေတွေးနေတယ်ဆိုတာကို ရိပ်စားမိလို့ မရနိုင်ဘူး။

 

သူ အမျိုးသမီးများစွာကို မြင်ဖူးသည်။ ထိုအမျိုးသမီးများကို အခြားသူများက ကောင်းကင်ဘုံမှအလှလေးများအဖြစ် ချီးကျူးခဲ့ကြသော်လည်း သူ့စိတ်ဆန္ဒကို မဆွဲဆောင်နိုင်ခဲ့ပါ။

 

ဒါပေမယ့် ဒီအမျိုးသမီးကတော့ ကွဲပြားခြာနားတယ်။ သူမသာ သူ့အနားမှာရှိနေခဲ့ရင် သူ ဆက်ပြီး အသက်ရှင်သန်နိုင်လိမ့်မယ်။

 

“မင်းအကြောင်းကို ကိုယ်မသိဘူး။ မင်း ပြောခဲ့သလိုဆိုရင် ကိုယ့်အဖိုးက မင်းကို ကိုယ့်ဇနီးအဖြစ် ဘာလို့ရွေးချယ်ခဲ့တာလဲဆိုတာကို မင်း မသိဘူးပေါ့။ ကိုယ်လည်း သူ ဘာကြောင့်ရွေးချယ်တာလဲဆိုတာကို မသိဘူး။ ဒါပေမယ့် နောင်လာမယ့်နေ့ရက်တွေမှာ မင်း မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်မပြောဖို့ ကိုယ် မျှော်လင့်မိတယ်”

 

ကျီချင်းချင်းသည် ဒီအမျိုးသားက အေးစက်တဲ့စိတ်နေစိတ်ထားရှိပြီး ဘယ်အမျိုးသမီးနဲ့မှ မနီးစပ်ခဲ့ဘူးဆိုတာကို သိလိုက်သည်။ သူ့လေသံပေါ်မူတည်၍ သူ သူမကို သိပ်မကျေနပ်ကြောင်း မှန်းဆမိသည်။

 

ဒါပေမယ့် သူမ အဲ့တာကို စဥ်းစားကြည့်မိတော့ ဒါက အဓိပ္ပာယ်ရှိတယ်။ သူ တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးတစ်ယောက်ကို လွယ်လွယ်ကူကူလက်ခံလိုက်ဖို့က ဘယ်ယောကျာ်းက လွယ်နိုင်ပါ့မလဲ။

 

လုလီရှင်း၏မျက်နှာဟာ ဖျော့တော့သွားသည်။ တစ်လလောက် အိပ်ယာထဲလဲပြီး‌နောက်ပိုင်း သူ့ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေဟာ စတင်ပျက်စီးလာတယ်။ ကျီချင်းချင်းသည် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သူက သူ့ခန္ဓာကိုယ်ကို လုံးဝဂရုမစိုက်ဘူးလား။ သူက ယခုလိုအခြေအနေမျိုး ဖြစ်နေသော်လည်း သူသည် သူမနှင့် သူမကိုယ်ရေးအချက်အလက်နှင့်ပတ်သက်၍ အလေးအနက်ဆွေးနွေးနေဆဲ ဖြစ်သည်။

 

“ကျွန်မ နားလည်တယ်။ စိတ်မပူပါနဲ့။ ကျွန်မ အပြင်ဖက်မှာ ရှင့်ဇနီးဆိုတဲ့အကြောင်းကို ထုတ်မပြောပါဘူး”

 

အကြီးအကဲလုသည် စင်္ကြံ၌ လုလီရှင်း၏အခြေအနေကို ဆက်ဆွေးနွေးနေဆဲဖြစ်ပြီးတော့ ပြန်မလာသေးပေ။ အခန်းထဲမှာ သူမတို့နှစ်ယောက်ပဲ ရှိနေသောကြောင့် အတော်လေး အဆင်မပြေသလို ခံစားရတယ်။

 

“ရှင်‌ ကောင်းကောင်းအနားယူပါ။ ကျွန်မ သွားတော့မယ်” ကျီချင်းချင်းသည် ပြုံးပြလိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်သည်။

 

ကျီချင်းချင်းသည် လုလီရှင်း၏စိတ်နေသဘောထားဟာ ယခုအချိန်တွင် သိပ်မကောင်းမွန်ကြောင်းကို နားလည်ပေးနိုင်သည်။

 

အသက်သေဆုံးလုနီးပါး မတော်တဆဖြစ်ဖူးသူ၊ အိပ်ရာပေါ်တွင် တစ်လလောက်မေ့မြောနေသူ၊ ဘယ်နေ့သေမှန်းမသိရသူနှင့် ရုတ်တရတ်ကြီး မိန်းမတစ်ယောက်ကောက်ရသူ ဖြစ်သွားရသည့် လူတစ်ယောက်ဟာ စိတ်အ‌ခြေအနေဆိုးဝါးနေပေလိမ့်မည်။

 

သူမသည် ကောက်ကျစ်စဥ်းလဲသူတစ်ယောက် မဟုတ်ခဲ့ပါ။ သူမ ဒီမှာနေလျှင် လုလီရှင်းသည် သူ့နောက်ဆုံးနေ့ရက်များအတွင်း ငြိမ်းချမ်းမှုမရရှိနိုင်ပါ။ ထိုသို့ဆိုလျှင် သူမ ဘာကြောင့် ဒီနေရာမှာ ရှိနေရမှာလဲ။

 

“သေဆုံးခါနီးသတိပေးချက် လာမည့်ငါးမိနစ်အတွင်း ‌ကျေးဇူးပြုပြီး ကျီချင်းချင်းကို ဇနီးလို့ခေါ်ပြီး သူမကို ခင်ဗျားကို ယောကျာ်းလို့ ခေါ်ခိုင်းပါ”

 

လုလီရှင်း “ဘာဖြစ်လို့လဲ”

 

“မင်းတို့နှစ်ယောက်က လင်မယားတွေ ဖြစ်နေကြပြီ။ ဟုတ်တာပေါ့။ မင်းတို့ တစ်ယောက်နဲ့ တစ်ယောက်ကူညီရိုင်းပင်းရမယ်။ ကျေးဇူးပြုပြီး မင်း ကျီချင်းချင်းကို ဇနီးလို့ခေါ်ပြီးတော့ မင်းကို ခင်ပွန်းလို့ ခေါ်ခိုင်းလိုက်ပါ”

 

လုလီရှင်း: …