အခန်း (၈)
“ခဏလေး”
လုလီရှင်း စကားလှမ်းပြောလိုက်ချိန်တွင် ကျီချင်းချင်း၏လက်သည်
တံခါးလက်ကိုင်ပေါ်ကို ကိုင်ထားနှင့်ပြီးပြီ။ သူမနောက်သို့လှည့်လိုက်ကာ
လုလီရှင်းကို ကြည့်လိုက်သည်။ ရုတ်တရတ် သူ့ရဲ့ မသက်မသာဖြစ်နေသည့်အသွင်ကို
တွေ့လိုက်ရတာနဲ့ သူ နေလို့ထိုင်လို့မကောင်းဘူးလို့ သူမ တွေးလိုက်မိသည်။ အဲ့တာနဲ့
သူမဟာ သူ့အနားကို အလျင်အမြန် ပြန်လျှောက်လာခဲ့သည်။
“ဘာအဆင်မပြေလို့လဲ။
ရှင် အဆင်ပြေရဲ့လား” ထိုသို့မေးမြန်းရင်း သူမဟာ ကုတင်ဘေးက
တွန်းဖိကာ ဆရာဝန်ကို ဖုန်းခေါ်ဖို့ လုပ်လိုက်သည်။
လုလီရှင်းသည် သူမဖုန်းခေါ်နေတာကို ရပ်တန့်ရန် သူမလက်ကောက်ဝတ်လေးကို
လှမ်းဆွဲလိုက်သည်။
“ကိုယ်
အဆင်ပြေပါတယ်”
ကျီချင်းချင်းသည် သူမ၏လက်ကောက်ဝတ်ကို လုလီရှင်းက ဆုပ်ကိုင်ထားခြင်းကြောင့်
သူမခေါင်းကိုနှိမ့်၍ လုလီရှင်းကို မျက်နှာချင်းဆိုင်ကြည့်ရန်မှလွဲ၍
အခြားရွေးချယ်စရာမရှိပါ။ အနီးကပ် အကွာအဝေးမှာရှိနေစဥ်တွင် လုလီရှင်းမျက်နှာဟာ
သူမမြင်လွှာနှင့် နှာတစ်ဖျားခန့်သာ ဝေးကွာနေလေသည်။ အမျိုးသားတစ်ယောက်၏ရနံ့ဟာ
သူမနှာခေါင်းထဲသို့ ဝင်လာခဲ့သည်။ ကျီချင်းချင်း၏နှလုံးခုန်သံသည် ရုတ်တရတ်
အခုန်မြန်လာခဲ့ပြီး သူမလက်ဖဝါးမှာ ချွေးစို့လာကာ သူမမျက်နှာလေးကလည်း နီရဲလာခဲ့သည်။
လုလီရှင်းသည် အလွန်ခန့်ညားချောမောသော အမျိုးသားတစ်ယောက်ဖြစ်ကြောင်း သူမ
ဝန်ခံရပေမည်။ သူ့နှာခေါင်းလေးဟာ ဖြောင့်စင်းရှည်လျားကာ သူ့မျက်နှာကျပုံက
အလွန်ပြီးပြည့်စုံပြီး အကြည့်တွေကလည်း စူးရှသည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူက
ပိုမိုမြင့်မားသော အနေအထားတွင် ရှိနေခြင်းနှင့် ဘေးပတ်ဝန်းကျင်ရှိလူများအား
စိုးမိုးနိုင်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ သူ့ဆီက အကြည့်တစ်ချက်လောက်
ရရှိလောက်ရုံနဲ့ သူမ ရှက်သွေးဖြာဖို့ လုံလောက်ပြီး စကားတစ်ခွန်းကို
ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်လောက်အောင်ပါပဲ။
ကျီချင်းချင်းသည် မျက်တောင်ခတ်လိုက်သည်။ ကျီချင်းချင်းသည်
သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတဲ့ သန့်ရှင်းနေတဲ့လက်ကိုကြည့်ရန်
မျက်လွှာချလိုက်သည်။
သူ့လက်ဟာ အလွန်ကြည့်ကောင်းနေပြီးတော့ သူ့လက်ဖဝါးက အေးမြနေသည်။
ကျီချင်းချင်းသည် သူမ၏လက်ကောက်ဝတ်ကို လုလီရှင်း၏ဆုပ်ကိုင်ထားတာကနေ ရုတ်တရတ်
ဆွဲထုတ်လိုက်ပြီး သူ့ရဲ့ပြင်းထန်စွာ ဆုပ်ကိုင်ထားခြင်းကြောင့် ကျန်ရစ်နေသည့်
နီရဲနေသော လက်ရာကို ပွတ်သပ်လိုက်သည်။
“ကျီချင်းချင်း
.... ....” လုလီရှင်းသည် သူ့မျက်လုံးများကို မှိတ်လိုက်သည်။ “မင်းက
ငါ့ဇနီးဖြစ်ကြောင်းကို အပြင်မှာ လျှောက်မပြောရဘူးလို့ ကိုယ်အဲ့လိုပြောခဲ့တယ်။
ကိုယ့်အဖိုးက မင်းကို ကိုယ့်အတွက် ရှာဖွေခဲ့ပြီးတော့ သူ့ခွင့်ပြုချက်ကြောင့် မင်းက
ကိုယ့်ဇနီးဖြစ်လာခဲ့တာ။ အဲ့တော့ ဒီနေ့ကနေစပြီးတော့ မင်းက ကိုယ့်ဇနီးပဲ။”
“နောက်ဆုံးမိနစ်”
လုလီရှင်း: “ကိုယ်ပြောတာကို နားလည်ရဲ့လား ... ဇနီးလေး”
ကျီချင်းချင်းသည် သူ့ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည်။
သူမက အရူးတစ်ယောက်တော့ မဟုတ်ပါ။ အစောပိုင်းက သူ့ပြောခဲ့သည့် စကားများ၊
အသံအနေအထားနှင့် မျက်နှာအမူအရာတို့၏နောက်ကွယ်မှ ရည်ရွယ်ချက်ကို သူမ ဘယ်လိုလုပ်ပြီး
အထင်မှားတာ ဖြစ်နိုင်မှာလဲ။
လုလီရှင်းသည် သူမက သူနှင့်လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးထားသောကြောင့်
သူမအနေဖြင့် အပြင်ဖက်မှာ သူ့နာမည်ကိုအသုံးပြု၍ မဝံ့ကြွားသင့်ကြောင်း သူက သူမကို
သတိပေးခဲ့တာ မဟုတ်ဘူးလား။
လုလီရှင်းက ရုတ်တရတ် သူ့ရပ်တည်ချက်ကို ပြောင်းလဲပြီးတော့ သူမကို သူ့ဇနီးအဖြစ်
ဘာကြောင့် အသိအမှတ်ပြုခဲ့ရတာလဲ။
ကျီချင်းချင်းသည် နားလည်သဘောပေါက်သည့်လက်ဟန်ဖြင့် “ကျွန်မ
နားလည်ပါပြီ” လို့ ပြန်ဖြေလိုက်သည်။
လုလီရှင်း၏မျက်လုံးများဟာ ကျဥ်းမြောင်းသွားခဲ့သည်။ “မင်း
နားလည်တယ်ဆိုရင် အနာဂတ်မှာ မင်း ကိုယ့်ကို ဘယ်လိုမျိုးခေါ်သင့်သလဲ”
ကျီချင်းချင်းသည် ဖြစ်နိုင်ချေရှိသည့် အမည်သညာကို အရဲစမ်း၍ “မစ်စတာလု” ဟု ခေါ်ဆိုကြည့်သည်။
“နောက်ဆုံး
စက္ကန့်သုံးဆယ်”
လုလီရှင်း၏အမူအရာဟာ ပုံလျက်သားကျသွားသည်။ “ကိုယ်တို့က
လင်မယားတွေလေ”
“... လီရှင်းလို့
ခေါ်ရမှာလား” သူက ဘယ်လို ခေါ်စေချင်နေတာလဲ။
“နောက်ဆုံး
စက္ကန့်နှစ်ဆယ်”
လုလီရှင်းသည် သူ့နှလုံးသားက နာကျင်သောဝေဒနာကို ခံစားနေရင်း
အသက်ပြင်းပြင်းရှူနေကာ “ဇနီး” လို့ ခေါ်လိုက်သည်။
အိုး...
ကျီချင်းချင်းသည် အခု နားလည်သဘောပေါက်သွားပြီ။
လုလီရှင်းသည် သူမကို သူ့အား “ခင်ပွန်း” လို့
ရဲရဲတင်းတင်း ခေါ်စေချင်နေတာလား။
လုလီရှင်းသည် သူပိုင်ဆိုင်သည့်အရာများအပေါ် ပုံမှန်မဟုတ်သည့်အဆင့်အထိ ပိုင်ဆိုင်လိုစိတ်ပြင်းပြသည်ဟု
ဝတ္ထုထဲမှာ ဖော်ပြထားခဲ့တယ် မဟုတ်လား။
ဒါပေမယ့် သူတို့ ပထမဦးဆုံးတွေ့ဆုံသည့်အချိန်မှာပင် သူက သူမကို သူ့အား
ခင်ပွန်းလို့ ခေါ်စေချင်နေသည်။
ကျီချင်းချင်းသည် အရင်က ချိန်းတွေ့ဖူးခြင်း မရှိပေ။ အခုတော့ သူမက
ချိန်းတွေ့သည့်အဆင့်ကို ကျော်ဖြတ်ပြီးတော့ ဇနီးအဖြစ်သို့ တိုက်ရိုက်
ရာထူးတိုးသွားတာလား။
အနှစ်နှစ်ဆယ်ကျော် တစ်ကိုယ်ရေတည်းသာ ဖြစ်ခဲ့ဖူးသော ကျီချင်းချင်းသည် အနည်းငယ်
ခံနိုင်ရည်ရှိပေသည်။ သူမသည် လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမသည် သူ့ကို
အလိုလိုက်ချင်စိတ် မရှိပေ။
သို့သော် ကျီချင်းချင်း လှည့်ထွက်ရန် ပြင်လိုက်ချိန်တွင် လုလီရှင်းသည်
သူမလက်ကောက်ဝတ်ကို တဖန် ဆုပ်ကိုင်လိုက်ပြန်သည်။ သူက လက်ကောက်ဝတ်ကို အားအလွန်သုံးကာ
ဆုပ်ကိုင်လိုက်သည့်အတွက် ကျီချင်းချင်းကို ကုတင်ပေါ်သို့ ဆွဲခေါ်လိုက်သလိုဖြစ်ကာ
သူ့ရင်ဘတ်ပေါ်သို့ လဲပြိုကျသွားခဲ့သည်။
ကျီချင်းချင်းသည် ဒီလောက်အရှက်မဲ့တဲ့လူမျိုးကို ဘယ်တုန်းကမှ မတွေ့ခဲ့ဖူးပါ။
“ရှင်
ဘယ်လိုလုပ်လိုက်တာလဲ”