အပိုင်း၁၀၁
Viewers 31k

Chapter 101

Chapter 101

:အသားမြင်လျှင် အန်ခြင်း



ကျန်းကျန့်က အထူးကုဆရာဝန်မဟုတ်၊လက်သင်ပင်မဟုတ်ပါချေ။သူ့လက်ထဲတွင်ရှိသောအရာကား ပို၍ပင် မကျွမ်းကျင်သေးပေသည်။


လူများစွာ၏ ဒဏ်ရာများကို ချုပ်ထားရန် သူ မကူညီနိုင်ခဲ့ရာ ကံတရားကစီရင်ချက်ချပြီးသားကိစ္စဖြစ်သည်။


ကျန်းကျန့် ဒဏ်ရာများကို ချုပ်လိုက်ပြီးသည့်နောက်၌ပင် သင်္ဘောပေါ်ရှိလူများသည် ဆက်လက်သေဆုံးကြပြီး ထိုလူများသေဆုံးရခြင်း၏ အဓိကအကြောင်းရင်းမှာ သွေးအလွန်အကျွံဆုံးရှုံးခြင်းပင်ဖြစ်သည်။


သူ့ဘေးနားကလူတွေအားလုံး တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေသည်ကိုကြည့်ရင်း အားလုံးက စိတ်အခြေအနေမကောင်းဖြစ်နေကြပြီး ကျန်းကျန့်လည်း အတူတူပါပင်။


ရှေးခေတ်က သူထင်ထားသည်ထက် ပိုအန္တရာယ်များ၏။


ကျန်းကျန့် အနာဂတ်တွင် ပို၍သတိထားရမည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့သည်. . . ဆေးပညာဗဟုသုတ အလွန်ညံ့ဖျင်းသော ဤနေရာ၌ လုံလောက်စွာသတိမထားမိပါက အသက်ဆုံးရှုံးရပေလိမ့်မည်။


သူ ၎င်းကို တွေးနေချိန်တွင် ကျန်းကျန့်ကို သူ့ဒဏ်ရာတွေကို ချုပ်စေချင်သည့် သင်္ဘောသားတစ်ယောက် အသက်ရှုရပ်သွားခဲ့သည်။


ကျန်းကျန့် သူ့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ သူ့လက်ကို ဖြူဖွေးအမြုပ်တစီစိထအောင် ဆေးကြောပြီးနေစေကာမူ သူ့လက်ကို ကျိုထားသောရေဖြင့် နှစ်ကြိမ်ပြန်ဆေးခဲ့ကာ သူ့မျက်လုံးများက လူအုပ်ထဲရှိ ကျောက်ကျင်းကောကို စတင်ရှာဖွေတော့သည်။


ကျောက်ကျင်းကောက သူ့အား အမြဲတစေ တွယ်ကပ်နေပြီး သူနှင့် အမြဲတမ်း ခွဲမရအောင် ဖြစ်နေသော်လည်း ယခု သူဘာကြောင့် သူ့အနားတွင် ရှိမနေသည်လဲ သူ မသိ. . .

ကြောက်လို့လား. . .


ကျန်းကျန့် ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ လူတော်တော်များများက သူ့ကို ကြောက်ရွံ့သည့် အမူအရာတွေနှင့် ကြည့်နေကြသည်ကို တွေ့လိုက်။ လက်ရှိအချိန်မှာ သူ့ဘေးမှာ ရပ်နေနိုင်သူအရေအတွက်က အလွန်နည်း၏။


မည်သို့ပင်ဖြစ်ပါစေ. . .သူ တစ်ယောက်ယောက်၏ ဒဏ်ရာတွေကို ချုပ်ပုံက သွေးသံတရဲရဲနှင့် ကြောက်စရာကောင်းပုံပေါ်သည်ပင်။


ကျန်းကျန့် ဟိုဟိုသည်သည် ကြည့်လိုက်သောအခါ ကျောက်ကျင်းကောက မဝေးလှသောနေရာတွင် ကုန်းပတ်ကို သန့်ရှင်းရေးလုပ်ရန် ကူညီပေးနေသည်ကို မြင်လိုက်ရသည်။


သူ့အကြည့်တွေကို အာရုံခံမိပြီး ကျောက်ကျင်းကောက သူ့ကိုမော့ကြည့်လာသည်။ပြုံးပြရန် ကြိုးစားနေပုံရပေမဲ့ လေထုက တောင့်တင်းလွန်းနေသည်။ခဏအကြာမှာ သူ ခေါင်းငုံ့ပြီး ကျန်းကျန့်ကို ကြည့်နေခြင်းအား ရပ်လိုက်သည်။


ကျောက်ကျင်းကော၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး အလွန် ပင်ပန်းနေပုံရသော်လည်း ဘာတစ်ခုမှ မပြင်းထန်ပေ. . . ကျန်းကျန့် သူ့နှလုံးသားကို ငြိမ်အေးစေလိုက်ပြီး အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားခဲ့သည်။ကျောက်ကျင်းကောက. . . အနည်းငယ်ကြောက်နေပုံရပြီး သူ့နားကိုမကပ်ဝံ့ပေ။


သို့ပေမဲ့ ယခုလိုမျိုး ကြုံရသည်က သူ့အတွက် ပထမဆုံးအကြိမ်ဖြစ်၏။အဆင်မပြေဖြစ်သည်က သာမာန်ပါပင်. . . ကျန်းကျန့် နှေးကျသွားကာ နောက်လူတစ်ယောက်၏ ဒဏ်ရာတွေကို ချုပ်မည်ပြုလိုက်သော်လည်း ချုပ်ရန် မလိုအပ်တော့ဘူးဟု ပြောလာ၏။


နေမင်းကြီးက ပိုမြင့်လာပြီး မနက်အစောကြီးက တိုက်ပွဲအပြီး နှစ်နာရီကျော်ကြာသွားပြီဖြစ်သည်။မူလက သမားတော်ဟူဆီက သေဒဏ်ချမှတ်ခံခဲ့ရသည့် ဒဏ်ရာအပြင်းအထန်သူတွေက အချုပ်မခံရဘဲ မည်မျှကြာကြာ နေနိုင်မည်နည်း။


"သွားအနားယူပါ"


ကျန့်ရီက ရှားရှားပါးပါး သွေးထွက်သံယို မြင်ကွင်းများကို မကြိုက်သူဖြစ်သည်။ သူ ထိုမှာရပ်ပြီး ကျန်းကျန့်ကိုကြည့်နေခဲ့ပြီး လက်ရှိအချိန်မှာ သူက ကျန်းကျန့် ကို ရှုပ်ထွေးသည့်အကြည့်နှင့်ကြည့်လိုက်သည်။


ကျန်းကျန့် ချုပ်ထားသည့် ဒဏ်ရာကြောင့် သုံးယောက်ထက်မနည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွား၏။ သင်္ဘောပေါ်ရှိလူများသည် ကျန်းကျန့် လူတွေကို ကယ်တင်နိုင်မည်ဟု မထင်ခဲ့ပေ။


သို့ပေမဲ့ ဒဏ်ရာကို ချုပ်လိုက်သည့်သူတွေက သွေးဆုံးရှုံးမှု အများကြီးနည်းသွားသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။


အများစုမှာ သတိလစ်မေ့မြောနေကြသော်လည်း အသက်ရှင်ဆဲဖြစ်သည်။ ဖြစ်နိုင်ကောင်းသည်က. . . ကျန်းကျန့်က ထိုကဲ့သို့လုပ်ခြင်းအားဖြင့် လူတွေကို တကယ်ကယ်တင်နိုင်ခဲ့သည်။


ကျန့်ရီက ကျန်းကျန့်ကို ကလေးပေါက်စတစ်ယောက်ကိုကြည့်နေသလိုမျိုး ကြည့်နေသည်။


ကျန်းကျန့်က ခေါင်းညိတ်လိုက်သည်။ အမှန်တကယ်ပင် သူ အလွန်ပင်ပန်းနေပြီး အနားယူရန် လိုအပ်နေသည်။


ကျန်းကျန့် ရေကိုတိုက်ရိုက်ယူကာ သူ့ခေါင်းပေါ်လောင်းချ၍ သူ့ကိုယ်သူ ဆေးကြောပြီးနောက် ရေစိုအဝတ်အစားများကို ချွတ်ပြီးဘောင်းဘီကိုသာ ၀တ်ထားလျက် ကျောက်ကျင်းကောဆီသို့ လျှောက်သွားလိုက်သည်။

ကျောက်ကျင်းကောက ကျန်းကျန့်ကို အာရုံစိုက်နေသောကြောင့် ယခုအချိန်တွင် သူ့လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ကျန့်းကျန့်ကို ရှက်ရွံ့စွာ ကြည့်နေသည်။


"သွားကြရအောင်"

ကျန်းကျန့်က ပြုံးလိုက်သည်။


ခုနက ကျောက်ကျင်းကော သူ့ကို ကြောက်သွားမှာကို အနည်းငယ် စိုးရိမ်ခဲ့ပေမဲ့ ယခု သူ့စိုးရိမ်မှုက မလိုအပ်ဘူးထင်၏။ကျောက်ကျင်းကောက သူ့ကိုရှက်သွေးဖြာနေသည်ကို သူ့ မျက်ဝါးထင်ထင် မြင်လိုက်ရသည်၊ ကျောက်ကျင်းကောက သူ့ကို ကြောက်မနေပေ။


မနေ့ညက တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့သူတွေက အနားယူသွားကြပေမဲ့ ကျောက်ကျင်းကောက မနေနိုင်ဘဲ အပြင်မှာ ကျန်းကျန့်ကို စောင့်ဆိုင်းနေခဲ့၏။ ယခု သူထွက်သွားတော့မည့်အခါ ဘယ်သူမှ ဘာမှ မပြောကြပေ။


"ကျန်းကျန့်. . . ”


ကျောက်ကျင်းကောက ကျန်းကျန့်၏ နံဘေးသို့ ရောက်ရှိလာပြီး သူနှင့်အတူ အခန်းဆီသို့ လျှောက်သွားခဲ့သည်။


"လာပါ ကျင်းကော...ကိုယ် မင်းကိုမှီပါရစေ"

ကျန်းကျန့်က သူ့လက်ကို ကျောက်ကျင်းကောဆီသို့ ဖြန့်လိုက်သည်။


ကျောက်ကျင်းကောက ကျန်းကျန့်ကို လျင်မြန်စွာ ကူတွဲခဲ့ပြီး သူ သူ့ကို ထိန်းလိုက်သည်နှင့် ပျို့အန်သံကို ကြားလိုက်ရသည်။


ပျို့​အန်သံထွက်သူတွေက ကျန့်ရီအနားက အစေခံနှစ်ယောက်ဖြစ်၏။


ဤအစေခံနှစ်ယောက်သည် ကျန့်ရီ ၏နောက်သို့လိုက်နေခဲ့ပြီး ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း သွေးထွက်သံယိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။သွေး၏ရနံ့က ၎င်းတို့ကို ပို၍ပင် စိတ်မသက်မသာဖြစ်စေကာ ပျို့တက်လာမူကို မတားဆီးလိုက်နိုင်ခဲ့ပေ။


သို့တိုင်၊သူတို့က ပျိူ့တက်နေကြပေမဲ့လည်း အလုပ်ဆက်လုပ်နေတုန်းပါပင်။

လောလောဆယ် အခန်းထဲမှာ ဒဏ်ရာရသူတွေကို သန့်ရှင်းရေး လုပ်နေကြသည်။


တိုက်ပွဲပြီးကတည်းက ကျောက်ကျင်းကော အလွန်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သူ့လည်ချောင်းထဲမှာ တစ်ခုခု တစ်နေသလို ခံစားရပြီး အန်ချင်နေခဲ့သည်။


ကျန်းကျန့် ဒဏ်ရာချုပ်သည့်အခါ အသွေးအသားတွေကို မြင်လိုက်ရသည့်အခိုက်ဝယ်ပိုပိုဆိုးလာသည်။ သူ့ဘာသူပင် အကြိမ်ပေါင်းများစွာ အန်ချင်သလို ခံစားခဲ့ရသောကြောင့် သူ ကျန်းကျန့်ကို သွားမကူညီခဲ့ဘဲ ကျန်းကျန့် လူတွေကို ကယ်တင်သည့်အခါမှာ ရှောင်ပင်ရှောင်နေခဲ့သည်။


ကျန်းကျန့်က လူတွေကို ကယ်တင်ဖို့ရှိနေချိန်မှာ သူကအန်လိုက်ရင် ဘယ်လောက်ဆိုးလိုက်မလဲ...


ကျောက်ကျင်းကောအနေဖြင့် ဒဏ်ရာကို မကြည့်ပါဘဲ အော့အန်ချင်နေဆဲဖြစ်သော်လည်း၊ အနည်းဆုံး ခံနိုင်ရည်ရှိနေခဲ့သည်။ သို့သော်လည်း အစေခံနှစ်ယောက်၏ ပျို့​သံကို ကြားလိုက်သောအခါတွင် သူမနေနိုင်တော့ဘဲ ပြန်အန်ချင်လာသလို ခံစားလိုက်ရသည်။


"ကျင်းကော..."

ကျန်းကျန့်က မျက်မှောင်ကြုတ်ပြီး ကျောက်ကျင်းကောကို ကြည့်လိုက်သည်။

"ဘာဖြစ်တာလဲ"


"ကျွန်တော်အဆင်ပြေပါတယ်"

ကျောက်ကျင်းကောက ပြောလိုက်သည်။

"နည်းနည်းတော့ အဆင်မပြေဘူး"


ကျောက်ကျင်းကောအနေဖြင့် အချိန်အတော်ကြာ မအိပ် မစားရဘဲ လွန်စွာ သွေးသံတရဲရဲဖြစ်နေသည့် မြင်ကွင်းကို မြင်ခဲ့ရသည်. . .ကျန်းကျန့် သူလူတစ်ယောက်ကို ပထမဆုံး သတ်လိုက်ချိန်ကို တွေးမိသည်။ထိုစဥ်က သူလည်း မရပ်မနား အော့အန်နေခဲ့သည်ပဲဖြစ်သောကြောင့် သူ သူ့ကိုနှစ်သိမ့်လိုက်သည်။


“အဆင်​ပြေပါတယ်...အကုန်လုံး ပြီးသွားပြီနော်"


ကျောက်ကျင်းကော ခေါင်းညိတ်ပြလိုက်ကာ အနည်းငယ် သက်သာရာ ရသွားချိန်မှာ အစေခံမိန်းကလေး နှစ်ယောက်၏အန်သံ ထွက်ပေါ်လာသော အခန်းတွင်းမှ လူတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရသည်။


တစ်စုံတစ်ယောက်သေဆုံးသွားခဲ့ပြီး ထိုလူ၏သေဆုံးမှုသည် အနည်းငယ်ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး သူ၏မျက်နှာမှာ သွေးတရွှဲရွှဲအသားဖတ်များအဖြစ်သို့ လှီဖြတ်ခံထားရသည်။ ထိုအချိန်တွင် အစေခံ နှစ်ယောက် သည်းမခံနိုင်ဘဲ အန်မိသွားသည်ဟု သူထင်သည်။


ထိုလူကိုမြင်သောအခါ ကျောက်ကျင်းကော အန်ချင်သလို ပြန်ခံစားလိုက်ရသည်။


အစပိုင်းမှာ အခြေအနေက အရေးတကြီးဖြစ်နေချိန်မှာ သူ၏လက္ခဏာတွေက သိပ်မပြင်းထန်ပေမဲ့ ယခု သူက စိတ်လျော့ချထားသလို ကျန်းကျန့်ကလည်း သူ့ဘေးမှာ ရှိနေခဲ့သည်ဖြစ်ရာ. . . ကျောက်ကျင်းကော အန်ချင်သလိုဖြစ်နေသည်ကို မတားဆီးနိုင်ခဲ့။


"ကျင်းကော"


"ကျန်းကျန့်...ကျွန်တော်

လူတစ်ယောက်ကို သတ်မိလိုက်တယ်...ကျွန်တော် ”


ကျောက်ကျင်းကော ယခင်က ထိုသွေးထွက်သံယို မြင်ကွင်းများကိုပြန်မြင်ယောင်ခြင်းကနေ သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပေ။ အချိန်အတော်ကြာအောင် မျိုသိပ်ထားခဲ့သော ပျို့အန်ချင်စိတ်လည်း ပေါက်ကွဲထွက်လာသည်။

ဒီလိုမျိုး ဆက်ပြီးပျို့နေတာ မကောင်းဘူး. . .ကျောက်ကျင်းကော သူပျို့နေသည်ကြောင့် လူတွေ ပြဿနာဖြစ်မှာကို စိုးရိမ်ပေမဲ့ သူက အတွေးလွန်နေခြင်းဖြစ်၏။


သူ့အသိစိတ်ဝင်လာပြီးနောက်မှာ သူလိုမျိုး ပျို့အန်သူတွေ အတော်လေး ရှိနေသည်ကိုတွေ့လိုက်ရသည်။


သူတစ်ယောက်တည်းမဟုတ်မှန်း သိလိုက်ရသောအခါ ကျောက်ကျင်းကော ပိုအဆင်ပြေလာသလို ခံစားခဲ့ရပေမဲ့ ကျန်းကျန့်ကမူ သူ့ကို ယခုလိုမြင်လိုက်ရသည်အခါ စိတ်ဆင်းရဲသွားရသည်။


သူ အမှားတစ်ခုခုများလုပ်မိလိုက်သလားဟု မတွေးတောမိဘဲမနေနိုင်ခဲ့ပေ။


အမှန်တွင် သူ ကျောက်ကျင်းကောကို ရွာမှာနေခိုင်းပြီး သူ့ကို စောင့်နေခိုင်း၍ရသည်မဟုတ်ပါလော။လယ်လုပ်သည်ပဲဖြစ်စေ၊ ကြက်၊ ဘဲ မွေးမြူသည်ပဲဖြစ်စေ ၎င်းတို့က ကျောက်ကျင်းကော ကြိုက်သည့် အရာတွေဖြစ်သည်။ကျောက်ကျင်းကောသာ ဟယ့်ရှီတွင်ရှိနေပါက သူသည် မည်သည့်အန္တရာယ်နှင့်မျှ ကြုံတွေ့ရမည်မဟုတ်ပေ။


ယင်းက ကျောက်ကျင်းကော၏ အမြင်ကို မည်သို့မည်ပုံကန့်သတ်နိုင်လောက်သည်ဆိုရန်အတွက်မူ. . . သူတကယ်ဂရုမစိုက်ပေ။ သူ ဂရုစိုက်သင့်သလား. . .


သူက ကျောက်ကျင်းကော ပြားစေ့လေးအနည်းငယ်ကိုရေတွက်နေသည်ကို ကြည့်နေရသည်ကိုလည်း သဘောကျသည်. . .


ကျန်းကျန့် ကျောက်ကျင်းကောကို ၎င်းတို့၏ အခန်းထဲသို့ ပြန်ခေါ်သွားခဲ့သည်။


ကျောက်ကျင်းကော နောက်ဆုံးတွင် ပိုကောင်းလာပြီး မအီမသာဖြစ်နေသလို မခံစားရတော့ပေ။


"လာ ရေသောက်"

ကျန်းကျန့်က ကျောက်ကျင်းကောကို ရေတစ်ခွက် ပေးလိုက်သည်။


ရေတစ်ခွက်သောက်ပြီးနောက် ကျောက်ကျင်းကော နောက်ဆုံးတွင် စိတ်အေးလက်အေးဖြစ်သွားသည်။


"တောင်းပန်ပါတယ်...ကျွန်တော်က သိပ်အသုံးမကျဘူး”


ကျောက်ကျင်းကော သူဤကဲ့သို့ ပြုမူမိသည့်အတွက် အလွန်ရှက်သွားခဲ့သည်။ သူ့အမူအရာက ကျန်းကျန့်ကိုမျက်နှာ ပျက်သွားစေပုံရသည်။


“မင်း ကောင်းကောင်းလုပ်ခဲ့ပါတယ်ကွာ...ဘယ်မှာ အသုံးမကျလို့လဲ"


ကျန်းကျန့်က ကျောက်ကျင်းကောကို နမ်းလိုက်သည်။


ကျောက်ကျင်းကော ပြုံးရန်ကြိုးစားပေမဲ့ သူ့အပေါ်မှာရော ကျန်းကျန့် အပေါ်မှာရော သွေးနံ့ရပြန်သည်။ သူတို့နှစ်ယောက်လုံး သွေးအနည်းငယ်စွန်းထင်းနေခဲ့သည်။


“အွတ်. . . ”

ကျောက်ကျင်းကော အန်ချင်သလို ခံစားလိုက်ရသည်။ ကံကောင်းထောက်မစွာ သူသည် ပျို့တက်ရုံသာ ခံစားခဲ့ရပြီး သူသောက်ခဲ့သောရေကို မအန်ထုတ်ခဲ့ပေ။


ကျောက်ကျင်းကော၏အခြေအနေကိုမြင်သောအခါ ကျန်းကျန့် သူ့အတွက်စိတ်မကောင်းဖြစ်မိသွားရသည်။


"ရေချိုးပြီး သန့်ရှင်းရေးလုပ်ရအောင်"


ယခုအချိန်တွင် မည်သူမျှ ရေချိုးရန် စိတ်မ၀င်စားကြသည်ဖြစ်ရာ ရေချိုးခန်းက အလွန်တိတ်ဆိတ်နေပြီး ကျောက်ကျင်းကော နှင့် ကျန်းကျန့် နှစ်ဦးလုံးကို သန့်ရှင်းစွာ ဆေးကြောနိုင်ခဲ့သည်။ ထို့နောက် မီးဖိုချောင်သို့ သွားလိုက်ကြသည်။


ယခင်က ဟင်းသီး ဟင်းရွက်များခပ်ထည့်ပေးရန် တာဝန်ယူခဲ့သည့် ဆယ်ကျော်သက်သည် ဖခင် ဆုံးပါးသွား ပြီးနောက် ယခုအခါ မီးဖိုချောင် တွင် ထမင်းချက်တစ်ဦး ဖြစ်လာပြီး ဆန်ပြုတ်ချက်နေသည်။

သူက ကျန်းကျန့် နှင့် ကျောက်ကျင်းကောကို နီရဲနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အိုးထဲမှာ ဆန်ပြုတ်ရှိတယ်...ဟိုမှာ ချဥ်ဖတ်တွေ ရှိတယ်”


သံအိုးသည် ခပ်ပျော့ပျော့ ဆန်ပြုတ် ဖြူဖြင့် ပွက်ပွက်ဆူနေပြီး မဝေးလှသော စားပွဲပေါ်တွင် ဆန်ပြုတ်သောက်ပြီးသည့်လူများအတွက် သခွားချဉ်အိုးများစွာ ရှိသည်။


ကျန်းကျန့် ဆန်ပြုတ်သွားယူတော့မည်ပြုစဥ်မှာ ကျောက်ကျင်းကောက တားလိုက်သည်။ကျောက်ကျင်းကော ဆန်ပြုတ်နှစ်ပန်းကန်ကို အမြန်ဖြည့်ပြီး ကျန်းကျန့်အတွက် ချဉ်ဖတ်အချို့ ယူလာခဲ့သည်။


ယခင်က ကျောက်ကျင်းကော မအီမသာဖြစ်ပြီး ဗိုက်ဆာခြင်းပင် မရှိခဲ့ပေ။ ယခုမူ ဆန်ပြုတ်ပူပူကို မြင်သောအခါ အလွန်ဗိုက်ဆာလာကာ မြန်မြန်စားခဲ့သည်။


"ခင်ဗျားအတွက်"


ကျန်းကျန့် နှင့် ကျောက်ကျင်းကော တစ်ဝက်လာက်စားပြီးချိန်တွင် ဆန်ပြုတ်ထည့်ပေးသည့်ကောင်လေး ရုတ်တရက်ရောက်လာပြီး ကြက်ဥတစ်လုံးပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ်" ဆယ်ကျော်သက်လေးက ကျန်းကျန့် အား ထပ််မံပြောလာပြီး နီရဲ ရောင်ရမ်းနေသောမျက်လုံးများဖြင့် ငြိမ်သက်စွာ ပြန်ထိုင်လိုက်သည်။


အရင်က သူ့အဖေ ကုန်းပတ်ပေါ်ကနေ မြစ်ထဲ ပြုတ်ကျသွားခဲ့သည်။


ကျန်းကျန့်၏ နောက်ဆက်တွဲ လုပ်ရပ်များနှင့် ပင်လယ်ဓားပြများ ဆုတ်ခွာခြင်းအတွက်သာ မဟုတ်ပါက သူလည်း အသက်ဆုံးရှုံးရပေလိမ့်မည်။


ကျန်းကျန့်က ကြက်ဥကို အခွံခွာပြီး ကျောက်ကျင်းကော ၏ ပန်းကန်ထဲသို့ ထည့်လိုက်သည်။


"ခင်ဗျားလည်းစားလေ"

ကျောက်ကျင်းကောက ကျန်းကျန့်ကို ကြက်ဥ ပေးမည်ပြုသည်။


“ဒီလိုလုပ်ပါလား... မင်းက အနှစ်ကိုစား...ကိုယ်က အကာစားမယ်"


ကျန်းကျန့် ကျောက်ကျင်းကောက ကြက်ဥအကာအဖြူထက် ကြက်ဥအနှစ်ကို ပိုနှစ်သက်ကြောင်း မကြာသေးမီက တွေ့ရှိခဲ့သည်။


ဆန့်ကျင်ဘက်အနေဖြင့် သူက ပြောင်းပြန်ဖြစ်၏. . . အနှစ်က ခြောက်ကပ်ကပ်နိုင်ပြီး ကြက်ဥအကာဖြူမပါရင် သူအနှစ်ကို ဘယ်တော့မှ မစားနိုင်ပေ။


ကျောက်ကျင်းကောကလည်း ၎င်းကိုသိပြီး ကျန်းကျန့်ကို ကြက်ဥအကာဖြူပေးရန်အတွက် ကြက်ဥကို ခွဲထုတ်လိုက်သည်။


ကျန်းကျန့် ဆန်ပြုတ်မစားမီ ကြက်ဥအကာကို တစ်လုတ်တည်း စားပစ်ခဲ့သည်။ကျောက်ကျင်းကောကမူ ဆန်ပြုန်မကုန် မချင်း ကြက်ဥအနှစ်ကို မစားဘဲ ဆန်ပြုတ်ကုန်မှသာ ကြက်ဥအနှစ်ကို ပါးစပ်ထဲသို့ထည့်ကာ ကျေနပ်စွာစားလိုက်သည်။


ကျန်းကျန့် နှင့် ကျောက်ကျင်းကော စားပြီးနောက် ထွက်ခွာရန် အဆင်သင့်ဖြစ်သောအခါ ဝမ်ဟိုင်ရှန်း နှင့် အခြားသူတို့ကို တွေ့လိုက်ရသည်။


"ဘော့စ်"


ကျန်းကျန့်ကို မြင်သောအခါ ဝမ်ဟိုင်ရှန်းနှင့် အခြားသူများ အားလုံးက နှုတ်ဆက်လိုက်ကြသည်။သူတို့သည် ယခင်က ကျန်းကျန့်ကို အလွန်သဘောကျခဲ့ကြသော်လည်း ယခုကျန်းကျန့် ကိုကြည့်သောအခါတွင် သူတို့၏အကြည့်များတွင် ယုံကြည်ကိုးကွယ်မှုနှင့် ထိတ်လန့်မှုများပါကြသည်။


ကျန်းကျန့်က ပင်လယ်ဓားပြများကို တိုက်ခိုက်ရုံသာမက အခြားသူများ၏ သွေးထွက်သံယို ဒဏ်ရာများကိုပါ သတ္တိရှိရှိ ကိုင်တွယ်ခဲ့သည်. . . သူတို့ပင် ယခု ထိုမြင်ကွင်းတွေကို တွေးမိနေတုန်းဖြစ်သည်ကို သူက ဗိုက်ဆာနိုင်သေးသည်။


"မင်းတို့ ထမင်းစားဖို့ လာတာလား"


“ဟုတ်တယ်...ငါတို့လည်းလာစားရင်း ဒဏ်ရာရသူတွေ စားစရာတချို့ ယူသွားပေးမလို့”

ဝမ်ဟိုင်ရှန်းက ပြောသည်။


“အင်း”

ကျန်းကျန့်က ခေါင်းညိတ်ပြီး

“သန့်ရှင်းမှုကို ဂရုစိုက်ပါ... ဒီရက်ပိုင်း ဒဏ်ရာရသူတွေအတွက် ရေအကုန်လုံးကို ကျိုချက်ထားသင့်တယ်”


လက်ရှိခေတ်ကာလတွင် လူတို့သည် မြစ်မှရေကို တိုက်ရိုက်သောက်ဝံ့ကြပြီး ရေချိုးသောအခါတွင် ရောဂါပိုးများ အလွယ်တကူ ဖြစ်ပွားနိုင်သော ရေကို ကျိုချက်ခြင်းမပြုကြပေ။


ကျန်းကျန့် ဤအကြောင်းကို အရင်က သူတို့ကို သတိပေးခဲ့ပေမဲ့ အခုတစ်ကြိမ်မှာ သူက ထပ်ပြီး အလေးပေးပြော ခဲ့သည်။


"စိတ်မပူပါနဲ့ဘော့စ်... ငါတို့အကုန် လုပ်ခဲ့တယ်"

ဝမ်ဟိုင်ရှန်းက သူ့မျက်နှာတွင်ချီတုံချတုံဖြစ်မှုတချို့နှင့် ပြောလိုက်သည်။


"ဘာဖြစ်လို့လဲ"

ကျန်းကျန့်က မေးသည်။


"ဒီလိုပါ...ဘော့စ်စကားကို ငါတို့ နားထောင်ပြီး မင်း ချုပ်ထားတဲ့ ဒဏ်ရာရလူတွေကို ပြုစုစောင့်ရှောက်ဖို့ မင်းပြောခဲ့တဲ့ နည်းစနစ်ကို လိုက်နာခဲ့တယ်...ရလဒ်အနေနဲ့ လုတက ဒဏ်ရာရသူအကုန်လုံးကို ငါတို့ ပြုစုစောင့်ရှောက်ဖို့ ချန်ထားခဲ့တယ်”


ဝမ်ဟိုင်ရှန်းက ပြောလိုက်သည်။