Chapter 102
လေးစားခံရခြင်း
သင်္ဘောပေါ်တွင် ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရသူများကို ပြုစုစောင့်ရှောက်ရန် အပိုလက်များမရှိပေ။ ဝမ်ဟိုင်ရှန်း နှင့် အခြားသူများမှာ တောင်းဆိုချက်များစွာရှိခဲ့ပြီး လုတက မကျေမနပ်ဖြစ်ကာ ကျန်းကျန့်
၏လူများ ပြုစုရန် ဒဏ်ရာရရှိသူအားလုံးကို ပစ်ချခဲ့လိုက်သည်။
"အဲဒါကိုမင်း ဂရုစိုက်နိုင်လား"
ကျန်းကျန့်က မေးသည်။
"ပြဿနာမရှိပါဘူး"
ဝမ်ဟိုင်ရှန်းက ပြောသည်။
အမှန်တွင် သူတို့ကဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ရနိ ဆန္ဒရှိကြသည်. . . ထိုလူတွေကို သူတို့၏ဘော့စ်က ကယ်တင်ထားခဲ့သည်ဖြစ်ရာ သူတို့အနေဖြင့် ကောင်းကောင်း ဂရုစိုက်ရပေမည်။သုတို့ကို တခြားသူတွေ သတ်ပစ်မည်ကိုခံရရန်အတွက်နှင့် ကယ်တင်ထားခြင်းမဟုတ်ပေ။
ကျန်းကျန့် ဒဏ်ရာကို ချုပ်ပေးခဲ့သော လူအချို့က သေဆုံးခဲ့သော်လည်း အများစုမှာ အသက်ရှင်လျက် ရှိနေပြီး ဗိုက်တွင် အပေါက်ရှိသည့် ဖန်ပင်းမှာ အသက်ရှင်လျက် ရှိနေသေးသည်။ဝမ်ဟိုင်ရှန်းတို့တတွေ ကျန်းကျန့်က အံ့ဖွယ်အမှုများ ဖန်တီးနိုင်သည်ဟု ခံစားခဲ့ရသည်။
သူတို့ ထိုလူတွေကို အသက်ရှင်စေချင်၏။
ဝမ်ဟိုင်ရှန်းတို့တတွေ ဆန်ပြုတ်သောက်ပြီး ဒဏ်ရာရသူများအတွက် ဆန်ပြုတ်
ပြန်ယူလာကြသည်။
အမှန်တွင် ဝမ်းဗိုက်မှာ ဒဏ်ရာရှိသူတချို့က ယခုအချိန်မှာ အစာလျှော့စားလျှင် ပိုကောင်းပေမဲ့ သူတို့အနေဖြင့် ရေချည်းပဲသောက်၍ အသက်မရှင်နိုင်ကြပါချေ။သူတို့သည် သွေးအလွန်အကျွံ ဆုံးရှုံးခဲ့ပြီး၊ မစားလျှင် ငတ်သေပေလိမ့်မည်။ ထို့ကြောင့် ကျန်းကျန့်က သူတို့ကို မတားခဲ့ပေ။
အလုံအလောက်စားသောက်ပြီးနောက် သူ ကျောက်ကျင်းကောကို သူတို့၏အခန်းသို့ ပြန်ခေါ်သွားကာ ကျောက်ကျင်းကောကိုဖက်၍ သူနှင့် အတူအိပ်လိုက်သည်။
ကျန်းကျန့် ဆာလောင်မှုကြောင့် နိုးလာကာ သူနိုးလာသောအခါ မှောင်နေပြီဖြစ်ပြီး ကျောက်ကျင်းကောက အိပ်ပျော်နေတုန်းဖြစ်သည်။
သူ့ကိုယ်သူ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပြီးနောက် အတူတူထမင်းစားရအောင် ကျန်းကျန့် ကျောက်ကျင်းကောကို နှိုးမည်ပြုလိုက်သည်။ထိုအချ်ိန်တွင် တစ်ယောက်ယောက်က အခန်းတံခါးကို ခေါက်လာသဖြင့် သူထရပ်ကာ တံခါးကို အမြန်ဖွင့်လိုက်သည်။
တံခါးအပြင်ဘက်မှာ ရပ်နေသည့် ကျန့်ရီ၏ အစေခံကောင်လေးကဆို၏။
"ဘော့စ်ကျန်း ...ကျွန်တော်တို့သခင်လေးက ခင်ဗျား မကြာခင် နိုးလာတော့မယ်လို့ ခန့်မှန်းမိတာကြောင့် စားဖို့ တစ်ခုခု ယူလာပေးခိုင်းလိုက်ပါတယ်"
ကောင်လေးက ပြောပြီး လေးလံသော အစားအသောက်ပုံးတစ်ပုံးကို ကျန်းကျန့်အား ပေးလိုက်သည်။
အစားအသောက်ပုံးထဲက အသားနံ့တွေ ပျံ့လွင့်လာသောကြောင့် ကျန်းကျန့် ဗိုက်ပိုဆာလာသည်။ ကျေးဇူးတင်ကြောင်းပြောကာ အစားအသောက်ပုံးကို စားပွဲပေါ်တင်လိုက်ပြီး အစားအသောက်ကို ထုတ်ယူပါတော့သည်။
သူတို့ကမ်းမကပ်သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်၍ သင်္ဘောပေါ်တွင် အသားလတ်လတ်ဆတ်ဆတ် ရရှိနိုင်ခဲ့သော်လည်း အစားအစာမှာ အထူးလျှံပယ်ခြင်းမရှိပေ။
ပဲငံပြာရည်ဆမ်းထားသော ဝက်သားတစ်ပန်းကန်၊ ပဲပင်ပေါက်အေးတစ်ပန်းကန်၊ မှိုနှင့်ဝက်ပေါင်ခြောက်မွှေကြော်များအပြင် ထမင်းပန်းကန်လုံးကြီးနှစ်လုံးပါသည်။
အခန်းက သေးငယ်ပြီး စားပွဲက ကုတင်နှင့် ကပ်နေသည်။ကျန်းကျန့် ပန်းကန်အနည်းငယ်ကို ထုတ်လိုက်ခါရှိသေး ကျောက်ကျင်းကော နိုးလာကာ အိပ်ချင်မူးတူးထိုင်နေသည်ကို တွေ့လိုက်ရသည်။
ကျောက်ကျင်းကော နိုးနိုးချင်းမှာ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း ထထိုင်ပြီးနောက် ငြိမ်သက်သွားခဲ့သည်။ ထို့နောက် စားပွဲပေါ်တွင် ပဲငံပြာရည် အသားပြားကို တွေ့လိုက်ရသည်။
အသား. . .
ကျောက်ကျင်းကော မူးနောက်ကာမအီမသာဖြစ်လာသဖြင့် အပြင်ဘက်ကိုအန်၍ရအောင် ပြတင်းပေါက်ကိုဖွင့်လိုက်သည်။
"မင်း အဆင်မပြေသေးဘူးလား"
ကျန်းကျန့်က ကျောက်ကျင်းကောကို စိုးရိမ်တကြီး ကြည့်နေသည်။
"ဒီအသားက ကျွန်တော့်
အတွက် အတော်လေးရွံ့စရာကောင်းသလိုဖြစ်နေတယ်"
ထိုသို့ပြောပြီးနောက် သူ့ကိုယ်သူ ပါးရိုက်မိသလို ခံစားလိုက်ရသည်။ တကယ်ကြီး အသားက ရွံရှာစရာလို့ ထင်လိုက်တယ်ပေါ့...
အသားက ကောင်းသည်။သူက အသားကိုကြိုက်သည်။သို့ပေမဲ့ ယခု . . .သူတကယ်ကို ရွံနေသည်ကို တွေ့ခဲ့ရသည်။
ကျောက်ကျင်းကော စားပွဲပေါ်ရှိ အသားများကို ကြည့်လိုက်သည်။ သူသည် ပဲငံပြာရည်ဆမ်းထားသည့် အသားစားခြင်းကို နှစ်သက်သော်လည်း ယခုမူ စားချင်စိတ် လုံးဝမရှိသည်ကို တွေ့ရှိရသည်။
"ခဏစောင့်"
ကျန်းကျန့်က ပြောလိုက်သည်။
သူက ပဲငံပြာရည်ဆမ်းထားသည့်အသားနှင့် အသားမှိုကြော်များကို အစားအသောက်ပုံးထဲသို့ အမြန်ထည့်လိုက်ပြီးမေး၏။
“အခု အဆင်ပြေပြီလား"
ယခင်မြင်ကွင်းက အလွန်သွေးထွက်သံယိုဖြစ်ခဲ့ပြီး ကျောက်ကျင်းကော အသားမစားနိုင်တော့ပြီထင်သည်။
ကံဆိုးလိုက်တဲ့ကောင်လေး...
လေက ပြတင်းပေါက်မှဝင်ရောက်တိုက်ခတ်လာရာလိုက်ရာ အခန်း၏ အနံ့ကို မှုတ်ထုတ်ပစ်သလိုဖြစ်သွားသည်။ အသားများကိုလည်း မမြင်ရတော့သည်ဖြစ်ရာ ကျောက်ကျင်းကော များစွာ သက်သာလာခဲ့သည်။
"အဆင်ပြေသွားပြီ"
အသားအနံ့မပါဘဲ ထမင်းအပြည့်ထည့်ထားသော ပန်းကန်လုံးကြီးတစ်လုံးကို ပဲပင်ပေါက်ရှာလကာရည်သုပ်ဖြင့်နှင့် အမြန်စားလိုက်သည်။ ပြီးသွားသည့်အခါ သူက အနည်းငယ် ဗိုက်ဆာနေသေးပုံရ၏။
"အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်"
ကျန်းကျန့်လည်း ပဲပင်ပေါက်နှင့် ထမင်းကို စားပြီး ပြီးသောအခါ အစားအသောက်ပုံးတစ်ပုံးနှင့် ထွက်လာခဲ့သည်။
"အင်း"
ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။ "ကျွန်တော်လည်း အဝတ်လျှော်ဖို့ အပြင်ထွက်မယ်"
ကျောက်ကျင်းကော သစ်သားပုံးတစ်ခုထဲသို့ သူ၏ညစ်ပတ်သောအဝတ်အစားများထည့်ဆွဲကာ ထွက်သွားသည်။ သူ အဝေးကို ထွက်သွားသည်ကိုမြင်ခါမှ ကျန်းကျန့် အစားအသောက်ပုံးကိုဖွင့်ပြီး ရှီတာ့မှိုနှင့်ဝက်ပေါင်ခြောက်ကြော်တူတစ်ညှပ်စာအရင်စားကာ ၎င်းနောက် ပဲငံပြာရည်ဆမ်းထားသည့်အသားစားလိုက်သည်။
နာရီပေါင်းများစွာ အလုပ်ရှုပ်ပြီးနောက် ကျန်းကျန့် ဟင်းရည်ပန်းကန်လုံးတစ်လုံးပဲ သောက်ပြီးနောက် အိပ်ပျော်သွားခဲ့သည်။ယခု သူ အလွန်ဆာလောင်နေပြီး ဆီမပါသော ပဲပင်ပေါက်နှင့် ထမင်းဖြူက သူ့ကို မပျော်ရွှင်စေခဲ့ပေ။
ဝက်ပေါင်ခြောက်ပဲဖြစ်စေ၊ ပဲငံပြာရည်ပဲဖြစ်စေ အရသာရှိပေမဲ့ အသားအကုန်လုံးကို စားမည့်အစား ကျန်းကျန့် အစားအသောက်ပုံးထဲကို ပြန်ထည့်လိုက်ပြီး သူ့ကိုယ်တိုင် ချုပ်ပေးထားသည့် ဒဏ်ရာရသူတွေကို လူနာကြည့်ရန် ယူသွားခဲ့သည်။
ဒဏ်ရာရသူများသည် ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင် နေထိုင်ရန် လိုအပ်ပြီး ကျန်းကျန့်က ကျန့်ရီကို ဤအရာအား ပြောပြပြီးနောက် ကျန့်ရီက ပြင်းထန်စွာ ဒဏ်ရာရသူများကို ထားရှိရန်အတွက် ယခင်က သူထမင်းစားရန်သူံးသည့် ပြတင်းပေါက်ပါအခန်းကို စွန့်လွှတ်ခဲ့၏။ ဒဏ်ရာအနည်းငယ်ရှိသူများကိုမူအခြားသင်္ဘောများ၏ အပေါ်ခန်းအတွင်း၌ ထားရှိခဲ့သည်။
ကျန်းကျန့် ဒဏ်ရာအပြင်းအထန်ရသူတွေနေထိုင်ရာ အခန်းနားကို ရောက်သွားသည်နှင့် တပြိုင်နက် တံခါးပတ်လည်မှာ လူတွေအများကြီးရှိနေသည်ကို တွေ့လိုက်ရပြီး သူ့ကိုမြင်သောအခါ အားလုံး အံ့သြသွားကြသည်။
ထိုလူများထဲမှ အချို့မှာ ကျန်းကျန့်၏လူများဖြစ်ပြီး တချို့မှာ ကျန်းကျန့်ကို မသိကြသော်လည်း ကျန်းကျန့်ကို ယခင်က သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ယခု ကျန်းကျန့်ကို ကြည့်လိုက်သောအခါတွင် သူတို့အကြည့်များတွင် ယုံကြည်ကိုးကွယ်မှုတို့ပါနေကြပြီဖြစ်သည်။
"ဘော့စ်..."
ကျန်းကျန့်၏လူတချို့က ကျယ်လောင်စွာ အော်ဟစ်ပြီး ခေါင်းကို မြင့်မြင့်မော့ကာ ဘဝင်ခိုက်နေသော မျက်နှာဖြင့် ကြည့်နေကြပြီး လူအချို့က ၎င်းတို့ကို မနာလိုစိတ်ဖြင့် ကြည့်နေကြသည်။
"ဘာဖြစ်တာလဲ"
ကျန်းကျန့် အခြေအနေကို မြင်သောအခါ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ဘော့စ်... ငါတို့လူတွေကို ဒီနေရာရွှေ့ပြီးတဲ့နောက် နှစ်ယောက်သေတယ်"
"ဘော့စ်...ကျန်တဲ့လူတွေက ပိုကောင်းလာပုံပဲ"
"ဘော့စ်... မင်းမှာ လူသေတွေကို အသက်ပြန်ရှင်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိလား"
……
ကျန်းကျန့်၏လူအများအပြားက သူ့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
နောက်ထပ် နှစ်ယောက်သေပြီလား...
ကျန်းကျန့် ယနေ့နံနက်တွင် ဒဏ်ရာကို စုစုပေါင်း ၁၉ ဦးအား ချုပ်ပေးခဲ့သည်။ ယခင်က လူအချို့သေဆုံးခဲ့ပြီး ယခုနှစ်ဦးသေဆုံးကာ လက်ရှိတွင် လူ ဆယ့်သုံးဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။
ကျန်းကျန့် အတွက် ဤသေဆုံးမှုနှုန်းသည် အလွန်မြင့်မားသော်လည်း အခြားသူများအတွက်မူ….
သေချာပေါက်သေမည်ဟု သတ်မှတ် ခံထားရသူတွေထဲက ဆယ့်သုံးယောက်က ယနေ့အထိ အသက်ရှင် ကျန်ရစ်ခဲ့သည်။
ကျန်းကျန့် အိပ်ပျော်နေချိန်မှာ သမားတော်ဟူ ကူညီကုသပေး၊ဆေးပေး၊ပတ်တီးစီးပေးခဲ့သည့် ဒဏ်ရာရနည်းသူသုံးယောက် သေသွားခဲ့သည်။
ကျန်းကျန့်က… တကယ်ကို အံ့သြစရာကောင်းလွန်းသည်။
ပင်မသင်္ဘောပေါ်ရှိ လူအတော်များများသည် ယခင်က ကျန်းကျန့်ကို မကြိုက်ခဲ့ကြသော်လည်း ယခုမူ ကျန်းကျန့်က သေရေးရှင်ရေး အခိုက်အတန့်တွင် ၎င်းတို့၏အသက်များကို ကယ်တင်နိုင်မည်ဟု ထင်မြင်ကာ ကျန်းကျန့်အပေါ်ကို အလွန်စိတ်အားထက်သန်လာကြသည်။
ကျန်းကျန့်က ထိုဓားပြများကိုပါ တိုက်ထုတ်နိုင်စွမ်းရှိသည်ကို တွေးပါက... သူတို့ ကျန်းကျန့်ကို မကိုးကွယ်ပါက အခြားမည်သူ့ကို ကိုးကွယ်နိုင်မည်နည်း။
"ကျန်းကျန့်... ဒဏ်ရာတွေကို အပ်နဲ့ ချုပ်လိုက်တာက သူတို့ကို ကယ်တင်ဖို့ တကယ်ပဲ အထောက်အကူဖြစ်တာလား"
ကျန်းကျန့်ကို လူများဝိုင်းနေစဥ်မှာပဲ ကျန့်ရီလည်း အထဲသို့ဝင်လာခဲ့သည်။
ကျန့်ရီလည်း ခဏတာ အနားခဲ့သည်။အခုမှ သူနိုးလာပြီး သူ့အစေခံကောင်လေးပြောသည်ကိုကြားပြီး ကျန်းကျန့်ကို သေချာစစ်ဆေးရန်လာခဲ့ခြင်းဖြစ်သည်။လက်ရှိအချိန်တွင် သူက ကျန်းကျန့်ကို စိတ်ဝင်တစား ကြည့်နေသည်။
"အဲဒါက သွေးထွက်တာကိုလျော့ချပေးလိမ့်မယ်"
ကျန်းကျန့်က ဆိုလိုက်သည်။
"ဒီလူတွေက အဖျားရှိနိုင်ပြီး မပျောက်နိုင်ပေမဲ့ အနည်းဆုံးတော့ သူတို့ သွေးဆုံးရှုံးပြီး မသေဘူး"
"အဲဒါကို ခင်ဗျားဘယ်လိုတွေးမိလိုက်တာလဲ"
ကျန့်ရီက ကျန်းကျန့်ကို စူးစူးစိုက်စိုက်ကြည့်သည်။
ကျန်းကျန့် လုပ်ခဲ့သည်က အလွန်ရိုးရှင်း၏။ ဒဏ်ရာကို အပ်နှင့်အပ်ချည်မျှင်ဖြင့် ချုပ်လိုက်ရုံဖြစ်ပြီး ယင်းကို လူတိုင်းလုပ်နိုင်သည်ဟု ပြောနိုင်ပေမဲ့ စိတ်ကူးကတော့ လုံးဝကို ဆန်းသစ်သည်။
"သခင်လေးကျန့်...ကျုပ် ဒီနည်းလမ်းကိုတွေးမိခဲ့တာမဟုတ်ဘူး... ဒါပေမဲ့ တခြားသူတွေသုံးတာကို ကျုပ်မြင်ဖူးတယ်"
ကျန်းကျန့်က ပြောလိုက်သည်။
"လူတွေက ကြက်တွေမွေးတဲ့အခါ တချို့က ပိုကြီးလာပြီး နောက်ဆုံးမှာ သေကုန်ကြလိမ့်မယ်... ဒီလိုကြက်တွေကိုသတ်ပြီးရင် သူတို့ရဲ့ဗိုက်ထဲမှာ ရေအိတ်ကြီးတစ်လုံးကိုတွေ့လိမ့်မယ်...အကြောင်းအရင်းက ကြက်ကနေမကောင်းဖြစ်နေလို့ပဲ...
ဒီလိုကြက်ကို တတ်နိုင်သမျှ အမြန်ဆုံးသတ်ပြီး စားသင့်တယ်လို့ လူတိုင်းက ထင်ကြလိမ့်မယ်...ကျုပ်အမေလည်း ဒီလိုပဲ တွေးထားပေမဲ့ ကျုပ်က ကြက်နေမကောင်းရင် မစားသင့်ဘူးထင်ပြီး လွှင့်ပစ်လိုက်ချင်တယ်"
"ပြီးတော့..."
ကျန့်ရီက မေးသည်။
"ဒါပေမဲ့ အမေက လွှင့်မပစ်ရက်တော့ ကြက်ဗိုက်ကို ဓားနဲ့ ထိုးဖောက်ပြီး ကြက်ဗိုက်ထဲက ရေကို ညှစ်ထုတ်ပြီး ကြက်ဗိုက်ကို အပ်နဲ့ အပ်ချည်နဲ့ ချုပ်လိုက်တယ်...အဲဒီအခါ… အဲဒီကြက်က အသက်ရှင်တယ်"
ကျန်းကျန့်က ပြောသည်။
သူပြောသည်က တကယ့် အမှန်တရားဖြစ်သည်။
ကျောက်လျူက ကြက်နှင့် ဘဲ အများအပြားကို မွေးမြူထားသောကြောင့် အချို့သော ဖျားနာသည်များ ရှိကြပြီး ၎င်းတို့ထဲမှ တစ်ကောင်သည် ရေဖျဥ်းဆွဲခြင်းကြောင့် သေဆုံးတော့မည်ဖြစ်သည်။
ကျောက်လျူက သူမတို့မိသားစုစားရန် သတ်ချင်ပေမဲ့ ကျန်းကျန့်က ရောဂါရှိသည့် ကြက်တွေကို မစားချင်သောကြောင့် ကျောက်လျူကို ပေးပစ်ရန်သို့မဟုတ် လွှင့်ပစ်ရန် ပြောခဲ့သည်။
သို့ပေမဲ့ ကျောက်လျူက မလုပ်ချင်ပေ။ဤရောဂါရှိနေသည့် ကြက်က ဗိုက်ထဲက ရေတွေ ထွက်လာသရွေ့ အသက်ရှင်နေနိုင်သည်ဟု သူမကြားဖူးသည်...ထို့နောက် ကြက်ကို ဓားနှင့်ထိုးပြီး ဗိုက်ထဲက ရေတွေကို ထုတ်ပစ်လိုက်သည်။
ထိုအချိန်က ကျန်းကျန့် ၎င်းကိုမြင်သောအခါ ကြက်ဗိုက်ကို အပ်နှင့်အပ်ချည်ဖြင့် ချုပ်နိုင်ကြောင်း ဖြတ်သွားရင်းပြောခဲ့သည်။ကျောက်လျူက ၎င်းကိုတကယ်လုပ်ခဲ့သည်။ထိုအခါမှာ ကြက်က တကယ်ပဲ အသက်ရှင်ခဲ့သည်...
"ဒီနည်းလမ်းက ကြက်တွေအတွက် အလုပ်ဖြစ်တယ်ဆိုရင် လူတွေအတွက်လည်း အသုံးဝင်မှာပဲလေ...ကျုပ်က ဆေးပညာအကြောင်း ဘာမှမသိဘူး...ဒဏ်ရာက အရမ်းကြီးနေရင် သွေးထွက်ဖို့လွယ်ပေမဲ့ အပ်နဲ့ချုပ်ရင် သွေးထွက်မှာမဟုတ်ဘူးလို့ပဲတွေးခဲ့တယ်"
ကျန်းကျန့်က ထပ်ပြောသည်။
"ခင်ဗျား အကြံကောင်းတစ်ခုရလိုက်တာပဲ"
ကျန့်ရီက အံအားသင့်စွာပြောလ်ုက်၏။
သာမာန်အချိန်တွေမှာ ဤနည်းလမ်းက သိပ်အသုံးမဝင်ပေမဲ့ စစ်ပွဲအတွင်းမှာ…
ထိုနည်းလမ်းကို ထိုစစ်ဗိုလ်ချုပ်များထံ ပေးအပ်ပြီး တပ်တွင်းသမားတော်များထံ လွှဲပြောင်းပေးမည်ဆိုပါက စစ်မြေပြင်မှ လွတ်မြောက်သူအများအပြား ရှိမည်မှာ သေချာသည်။
ကျန့်ရီ သူ့ကိုယ်သူ အကျိုးရှိအောင် ဤနည်းလမ်းကို ဘယ်လိုသုံးရမလဲ ဆိုသည်ကို စတင်စဉ်းစားနေပြီဖြစ်သည်။
မှန်ပေသည်၊သူ ကျန်းကျန့်ကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပေ။
"ချီးမွမ်းမှုအတွက် သခင်လေးကျန့်ကို ကျေးဇူးတင်ပါတယ်"
ကျန်းကျန့်က ပြောသည်။
"ဝင်ကြည့်ရအောင်"
ကျန့်ရီ ထပ်မံပြောပြီး ကျန်းကျန့်ကိုသူနှင့်အတူ အခန်းထဲသို့ ခေါ်သွားခဲ့သည်။
အခန်းထဲတွင် လူတစ်ဒါဇင်ကျော် လဲလျောင်းနေပြီး အချို့မှာ ငိုက်မျဉ်းနေသော်လည်း အများစုမှာ နိုးနေပြီး ပေါင်ဒဏ်ရာရနေသော ကျန်းကျန့်လက်အောက်ရှိ တစ်ယောက်က နိုးလာသည်။
ဤလူတွေက ဒဏ်ရာအပြင်းအထန်ရခဲ့ပေမဲ့ စိတ်အခြေအနေကောင်းနေကြပုံရပြီး ဝမ်းဗိုက်မှာ အပေါက်ကြီးရှိသည့် ဖန်ပင်းက ထိုအထဲမှာ စိတ်အခြေအနေ အကောင်းဆုံးဖြစ်သည်။
ဖန်ပင်း အစက သူ့အူတွေထွက်မကျစေချင်သောကြောင့် ကျန်းကျန့်ကိူ ချုပ်ခိုင်းခဲ့သော်လည်း မထင်မှတ်ဘဲ အပ်ချုပ်ပြီးနောက် သူ မသေဆုံးခဲ့ပေ။
သူ မသေရုံမက သူ့ပတ်ဝန်းကျင်မှာ အထူးပြင်းထန်သည့် ဒဏ်ရာတွေနှင့်လူတချို့လည်း မသေပါချေ။သူတို့ကို ပြုစုစောင့်ရှောက်ရန် တာဝန်ယူထားသည့် ဝမ်ဟိုင်ရှန်းက ကျန်းကျန့်ကို သူတို့ရှေ့မှာ ချီးမွမ်းနေခဲ့သည်။
ယခုအချိန်မှာ ကျန်းကျန့်က အလွန်စွမ်းအားကြီးကြောင်းကို သူသိလိုက်ရသည်မှာ ကျန်းကျန့်က တိုက်ပွဲတွင် အံ့ဩဖွယ်ကောင်း
ရုံသာမက သေလုဆဲဆဲဖြစ်နေသော ဝမ်ဟိုင်ရှန်း၏ဇနီးကိုလည်း ကယ်တင်နိုင်ခဲ့သည်။
ဒီကိစ္စမှာ ကျန်းကျန့် သူ့ကို ကယ်တင်နိုင်လိမ့်မလား...
ကျန်းကျန့်က သူ့ကို ကယ်တင်နိုင်လိမ့်မည်ဟု ဖန်ပင်း တွေးမိလိုက်သောအခါတွင် သူ ပိုပို၍ အားရှိလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
သူအသက်ရှင်ကျန်ရစ်ပြီး သူ့မိန်းမနှင့်သားဆီ ပြန်ရလိမ့်မယ်...
"ငါတို့ဘော့စ်က အရင်က အဲဒါကို စမလုပ်ခင်မှာ အရမ်းတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်...သူစလုပ်လိုက်တာနဲ့ ကျွဲတစ်ကောင်လို သန်မာပြီး အားကောင်းလာတာပဲ...ငါ သူနောက် မလိုက်ခင်မှာ ဓားပြတွေနဲ့တွေ့သေးတယ်... လှေနှစ်စင်းပေါ်က ဓားပြအားလုံးကို သူ့ဘာသာသူ ဖမ်းခဲ့တာ"
ကျန်းကျန့် ဝင်လာပြီးသည်နှင့် ဝမ်ဟိုင်ရှန်းက သူ့ကို ချီးမွမ်းနေသည်ကို ကြားလိုက်ရသည်။
"ဒီတစ်ခါတော့ သူက ငါတို့ကို ဓားပြခေါင်းဆောင်ရှိတဲ့နေရာကို လွယ်လွယ်ကူကူနဲ့ ခေါ်သွားပြီး ဓားပြခေါင်းဆောင်ကိုဖမ်းမိခဲ့တဲ့အတွက် အသေအပျောက် မရှိခဲ့ဘူး"
ကျန်းကျန့် ပထမဆုံး ဓားပြတွေနှင့် တွေ့တုန်းကအကြောင်းကိုပြောသောအခါ ဝမ်ဟိုင်ရှန်းက လှေပေါ်မှာ ဓားပြတွေ အရေအတွက် များများစားစား မရှိသည့်အချက်ကို ဝေ့ဝေ့ဝါးဝါးလုပ်ပစ်ခဲ့သဖြင့် သူ့ပတ်ဝန်းကျင်က လူတွေက ကျန်းကျန့်က သင်္ဘောနှစ်စင်းပေါ်က ရေဓားပြတွေကို သတ်ပစ်လိုက်သည်ဟု ထင်ကုန်ကြပြီး ဤတစ်ကြိမ်မှာတော့ သူတို့၏အကြည့်တွေက ပြင်းပြမှုတွေ ပြည့်နှက်နေခဲ့သည်။
"ကျန်းကျန့်က အရမ်းသန်မာလွန်းတယ်"
"လူတစ်အုပ်ကိုတောင် အောင်နိုင်တယ်ဆိုတာ ပိုလို့တောင် အံ့သြစရာမရှိဘူး”
“မင်းတို့ သူ့နောက်ကို လိုက်ရတာ ကောင်းတယ်”