Chapter 103
လေးစားခံရခြင်း
ကျန်းကျန့် : "…"
ဒဏ်ရာတစ်ခုပြီးတစ်ခုချုပ်နေစဥ်ကာလစပ်ကြားတွင် ဒဏ်ရာများကို မည်ကဲ့သို့ ပြုစုရမည်ကို သူ့ပတ်ဝန်းကျင်ရှိ လူများအား ပြောပြခဲ့သည်။ အရေးကြီးဆုံးက သန့်ရှင်းနေရန်ပါပင်။ ထို့ကြောင့် အခန်းသည် အလွန်သန့်ရှင်းပြီး ဒဏ်ရာရသူအားလုံးသည် သန့်ရှင်းသောအဝတ်အစားအသစ်ကို ၀တ်ဆင်ထားကြသည်။
ဤအရာတစ်ခုတည်းကပင် လူအများကို ပျော်ရွှင်စေနိုင်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။ ဒဏ်ရာရရှိသူများ၏ အခြေအနေသည် ကောင်းမွန်ပြီး ကျန်းကျန့် ဝင်လာသည်ကို မြင်လိုက်သောအခါတွင် အားလုံးက သူ့ကို လေးစား သဘောကျစွာ ကြည့်လိုက်ကြသည်။
ကျန်းကျန့် မတိုင်ခင်က လူတွေက အတိုက်အခိုက်ကိုပဲ ယုံကြည်သက်ဝင်ကြသည်။ကျောက်ကျင်းကောနှင့် ဝမ်ဟိုင်ရှန်းတို့ပဲ သူ့ကို ယုံကြည်ကိုးကွယ်ခဲ့ကြသည်ဖြစ်ရာ လက်ရှိမှာ သူ၎င်းကို ကျင့်သားမရဖြစ်နေသည်။
သို့သော်၊ သူ စိတ်ကောင်းဝင်နေသည် - လူများကို ကယ်တင်နိုင်ခြင်းသည် အမြဲတမ်းကောင်းသည်။
ကျန်းကျန့် သူ့လက်ထဲက ထမင်းဘူးကို ဝမ်ဟိုင်ရှန်းကို ပေးလိုက်၏။
"ဒီမှာ အသားတချို့ရှိတယ်...မင်းတို့လည်း အလုပ်ကြိုးစားထားခဲ့တာပဲ...ယူပြီးခွဲစား"
"ကျေးဇူးတင်ပါတယ် ဘော့စ်"
ဝမ်ဟိုင်ရှန်းက ဝမ်းသာအားရ ရယ်မောလိုက်သည်။
ကျန့်ရီက ကျန်းကျန့်ကို တအံ့တသြကြည့်ရင်း ပြုံးပြီးပြော၏။
"ကျန်းကျန့်...ခင်ဗျားရဲ့ကိုယ်ရံတော်လုပ်ငန်းက အဆင်ပြေမယ်လို့ ကျွန်တော်ယုံကြည်တယ် "
အရင်က ကျန်းကျန့်က သူ့စောင့်ရှောက်မှုအောက်မှာရှိပြီး သူက ကျန်းကျန့်အတွက် အလွန်အရေးပါသည်ဟုထင်ခဲ့သည်။သို့ပေမဲ့ ယခုကြည့်ရသည်မှာ …ကျန့်မိသားစုက ကျန်းကျန့်ကို ထိန်းထားနိုင်လိမ့်မည်မဟုတ်ဟု ခန့်မှန်းရသည်။
ဒဏ်ရာရသူများကိုတွေ့ပြီးနောက် ကျန့်ရီက စကားအနည်းငယ်ပြောပြီး ထွက်သွားခဲ့ကာ ကျန်းကျန့်လည်း ဤနေရာတွင် ကြာကြာမနေပါချေ။
ကျောက်ကျင်းကော ဗိုက်မဝလောက်ဟုတွေးကာ ကျန်းကျန့် စားစရာတစ်ခုခုရှိမရှိကြည့်ရန် မီးဖိုချောင်ကိုသွားလိုက်၏။
ကျန်းကျန့် နှင့် ကျောက်ကျင်းကောတို့ နေ့လယ်စာနှင့် ညစာအတွက် မီးဖိုချောင်သို့ မရောက်ခဲ့ကြသောကြောင့် ယခုအချိန်တွင် မီးဖိုချောင်မှ အစားအစာများကို သွားယူရုံသာတတ်နိုင်ကြသည်။
"ဒီနေ့ မီးဖိုချောင်မှာ ရှိတဲ့ အစားအစာက အသားပဲ"
အသီး အရွက်တွေကို ခပ်ပေးသည့် လူငယ်က အိုးကိုဖွင့်ပြီး ကျန်းကျန့်ကို ပြသည်။
"ပဲပိစပ်နဲ့ ဝက်ပေါင်ခြောက်စတူးက အရသာရှိတယ်"
သူတို့ ထွက်မလာခင် ပဲပိစပ်တွေ အများကြီးယူခဲ့ကြသည်။အကြောင်းမှာ ဤပဲပိစပ်က တကယ်ကောင်း၏။
ဟင်းချက်ရာတွင် တိုက်ရိုက်အသုံးပြုနိုင်သလို ပဲပင်ပေါက်အတွက်လည်း အသုံးပြုနိုင်ပြီး အချို့သင်္ဘောများတွင် ကျောက်ကြိတ်စက်ဖြင့် တိုဟူးကိုပင် ပြုလုပ်နိုင်သည်။
ကျန်းကျန့် မီးဖိုချောင်ထဲမှာ ထမင်းနှစ်ပန်းကန် မှာလိုက်သည်။ပဲပိစပ်နှင့်ဝက်ပေါင်ခြောက်စတူး တစ်ပန်းကန် ခပ်ပြီး ပြန်မသွားခင် ချဉ်ဖတ်တချို့တောင်းလိုက်သည်။
ကျန်းကျန့်၏နည်းလမ်းက အလွန်တရာ အမြော်အမြင်ရှိခဲ့ကြောင်း အချက်အလက်တွေက သက်သေပြလာခဲ့သည်။
အပြန်လမ်းတွင် ကျန်းကျန့် ပဲပိစပ်ထဲမှ အသားအနည်းငယ်ကို ယူပြီး စားခဲ့သော်လည်း ကျောက်ကျင်းကောက ပဲပိစပ်ပန်းကန်လုံးကို မြင်သောအခါ ပျို့အန်ဆဲဖြစ်သည်။
"အထဲမှာ အသားနံ့ ရတယ်"
ကျောက်ကျင်းကော ယခင်က အသားနံ့ရတိုင်း အမြဲတမ်း မွှေးသည်ဟုခံစားရကြောင်း သူပြောခဲ့ပေမဲ့ ယခု ဘာဖြစ်နေမှန်းကို သူမသိတော့ပေ။အနံ့က အရမ်းဆိုးပြီး သူသည်းမခံနိုင်ဖြစ်နေသည်။
"ကိုယ် အပြင်ယူသွားလိုက်မယ်"
ကျန်းကျန့်က ချက်ချင်းပြောလိုက်သည်။
ကျန်းကျန့်က ပဲပိစပ်များကို အခန်းအပြင်သို့ ယူဆောင်သွားသောအခါ ကျောက်ကျင်းကော အဆင်ပြေသွားသလို ခံစားပြီး ထမင်းပန်းကန်လုံးကြီးတစ်လုံးကို ချဉ်ဖတ်နှင့်စားလိုက်သည်။
"မင်းက ဒီလိုဖြစ်နေတာ... နောက်တစ်ခါ သက်သတ်လွတ်စားရမယ်ထင်တယ်"
စားသောက်ပြီး သန့်ရှင်းရေးလုပ်ပြီးနောက်
ကျန်းကျန့်က ကျောက်ကျင်းကော၏ ခေါင်းကို ထိလိုက်သည်။
ကျောက်ကျင်းကောက သူထင်ထားသည်ထက် များစွာ ပိုမို လှုံ့ဆော်ခံရသည်။
"ဟုတ်တယ်…"
ကျောက်ကျင်းကောခဗျာ ဝမ်းနည်းစိတ်အပြည့်နှင့်။ အသားမစားနိုင်တော့ဘူး...စိတ်မကောင်းစရာပဲ...
လှုံ့ဆော်ခံရမှုနှင့်ပတ်သက်၍မူ ...
တစ်စုံတစ်ဦးကို သတ်ပစ်ခြင်းသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း ယခု ကျောက်ကျင်းကောအနေဖြင့် ခဏပြီးခဏ အန်မလိုဖြစ်ခဲ့ရသည့်အချက်ကို အာရုံစိုက်နေသောကြောင့် ထိုသွေးထွက်သံယိုမြင်ကွင်းများကို တွေးတောရန် အချိန်မရှိသည့်အပြင် ထိုသွေးထွက်သံယိုမြင်ကွင်းများကိုလည်း မတွေးတောချင်ပေ။
နေ့ခင်းဘက်အချိန်အတော်ကြာ အိပ်မောကျပြီးနောက် ကျန်းကျန့် စိတ်ကောင်းဝင်နေပြီး ဖယောင်းတိုင်မီးထွန်းမှုကြောင့် ကျောက်ကျင်းကော အနှောက်အယှက်ဖြစ်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ့ကို မနမ်းဘဲမနေနိုင်ပေ။
ကျောက်ကျင်းကော သူ့ကို ကျန်းကျန့်က နမ်းလိုက်သည့်အခါ ကျန်းကျန့် ဘာလုပ်ချင်သည်ကို အတိအကျသိပြီး အနည်းငယ် ရှက်သွားသည်။
ကျန်းကျန့်က ထိုအရာကို ယခု လုပ်ချင်နေသည်က အနည်းငယ်လွန်သည်ဟု စိတ်ထဲမှာခံစားရပေမဲ့ ကျန်းကျန့်က သူ့ကို သဘောကျနေသည်မှာ ကောင်းပါ၏... သူ ဘယ်လိုမှ ငြင်းမှာ မဟုတ်ဘူး...
သူငြင်းလိုက်လို့ ကျန်းကျန့်က တခြားတစ်ယောက်ယောက်ကို ရှာသွားရင် ဘယ်လိုလုပ်မလဲ...
"ညင်ညင်သာသာလုပ်"
ကျောက်ကျင်းကောကပြောလိုက်သည်။
သူ ဘယ်သူ့ကိုမှ ကြားစေလို့မဖြစ်ဘူး...
"စိတ်မပူပါနဲ့...ကိုယ် ညင်သာမှာပါ"
ကျန်းကျန့်က ပြောလိုက်သည်။
မည်သူမှမကြားစေရန်အတွက် ဤရက်ပိုင်းတွင် သူနှင့်ကျောက်ကျင်းကော၏ ဆက်ဆံပုံသည် မယုံနိုင်လောက်အောင် နူးညံညင်သာပြီး ယင်းကလည်း... စိတ်ဝင်စားစရာပါပင်။
ချုပ်တည်းထားရင်း ကျောက်ကျင်းကော သူ့ကို ဖြည်းညှင်းစွာ ကြိတ်ချေနေသည်ကို ကြည့်ရသည်မှာ တကယ်ကို ကောင်း၏။
ကျန်းကျန့် သူ့ဘောင်းဘီကို ချွတ်လိုက်ပြီး ကျောက်ကျင်းကော၏ ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာခဲ့သည်။ရလဒ်အနေဖြင့် သူမလှုပ်ရသေးခင်မှာ တံခါးရုတ်တရက်ရွေ့သွား၏။
"ချီးတဲ့မှ"
အသက်ပြင်းပြင်းရှူကာ ဆဲလိုက်မိပြီး ကျောက်ကျင်းကော၏ ခန္ဓာကိုယ်ထဲကထွက်ကာ ဘောင်းဘီကို ဝတ်ပြီးနောက် ဖုံးကွယ်ရန် အဝတ်အစားများကို ခါးတွင် ချည်နှောင်လိုက်သည်။ကျောက်ကျင်းကောကလည်း သူ့ကိုယ်သူ သပ်ရပ်အောင်လုပ်နေသည်ကို မြင်လိုက်ရသည်။ ထို့နောက် ကျန်းကျန့် တံခါးကိုဖွင့်ကာ အဆင်မပြေသောလေသံဖြင့်မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ"
အပြင်မှာရပ်နေသည်က လူငယ်လေးတစ်ယောက်ဖြစ်ပြီး တံခါးဖွင့်လိုက်သည်နှင့် ကျန်းကျန့်ကို ဒေါသတကြီးကြည့်ရင်းဆိုသည်။
"ခင်ဗျားလူတွေကို ကယ်နိုင်တယ်ဆိုတာ အသိအသာကြီး...ကျုပ်အစ်ကိုကို ဘာလို့မကယ်ခဲ့တာလဲ...ခင်ဗျား…"
ကျန်းကျန့် ဤလူကို လုံးဝမသိသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းကျန့် မူလက ဤလူ၏ စကားကို နားထောင်ပြီး ဘာဖြစ်နေကြောင်းကို အဖြေရှာချင်သော်လည်း ဤလူက တစ်စုံတစ်ခုပြောပြီးနောက် သူ့ဆီသို့ လက်သီးကို ဆန့်ထုတ်လိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဒီကောင်က ပြဿနာရှာဖို့ သူ့အခန်းတံခါးကို ရောက်လာတာပဲ...
ရုတ်တရက် အနှောက်အယှက်အပေးခံရသဖြင့် စိတ်အနှောက်အယှက်ဖြစ်နေသည့် ကျန်းကျန့် ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် ဒေါသထွက်လာပြီး ထိုလူကို ထုတ်ပစ်ခဲ့သည်။
အရင်က သူလူတွေကို ကယ်တင်တုန်းက သမားတော်ဟူက သေမည်ဟုတစ်ထစ်ချတွက်ထားသူတွေ၊ သေမလောက် ဒဏ်ရာရသူတွေကို ကယ်တင်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးသွားပြီဖြစ်သည်။ လူတွေကို ကယ်တင်ရန် မကြိုးစားချိန်မှာလည်း တခြားသူတွေကို ဒဏ်ရာတွေ ချုပ်ရန် ကမ်းလှမ်းခဲ့သည်။
အကြောင်းအရင်းမှာ အရင်က ဤလူတွေက သူ့ကို မယုံကြည်ကြဘဲ ယခု သူတို့ထဲက တချို့ သေဆုံးသွားသည့်အခါ သူ့အခန်းတံခါးကို ရောက်လာခဲ့ကြသည့်အတွက်ပါပင်။
ကျန်းကျန့်၏ အတွေးက မှန်၏။ရောက်လာသူ၏ အစ်ကိုက ယခင်က သူ့ကို မယုံသဖြင့် ဒဏ်ရာတွေ ချုပ်ခွင့်မပေးဘဲ ငြင်းခဲ့သည်။သို့ပေမဲ့ နောက်ပိုင်းမှာ ကံမကောင်းစွာနှင့်ပဲ သေဆုံးသွားခဲ့သည်။
ထိုအချိန်က သူသည် ထိုလူကို ကုသလိုပါသလားဟု မေးရန်ပင် အစပြုခဲ့သည်။
ထိုအချိန်က ချုပ်ရိုးချုပ်ခံရ၍ သေမည်ကို ကြောက်သောကြောင့် ဒဏ်ရာကို မပိတ်ဘဲ ထားရန် ဆန္ဒရှိခဲ့သော်လည်း နောက်ပိုင်းတွင် သွေးများ ရပ်တန့်သွားခဲ့ခြင်းမရှိပေ။
ယနေ့ နေ့လည်ကပဲ ထိုလူသေသွား၏။
မူလက ထိုအရာမျိုးက ဘာမှမဟုတ်ခဲ့ပါချေ။ ယခုလိုဒဏ်ရာမျိုးရပြီး သေဆုံးသည်က ဤလူတွေအတွက် လုံးဝပုံမှန်ဖြစ်ပေမဲ့ အယခုအချိန်မှာ သေဆုံးသွားသည့်လူ၏ ညီဖြစ်သူက သူ့အစ်ကိုထက် ဒဏ်ရာ ပိုပြင်းထန်သည့်သူတွေက ကျန်းကျန့်က သူတို့၏ဒဏ်ရာကို ချုပ်ပေးခဲ့သည့်အတွက် အသက်ဆက်ရှင်နေသေးပြီး ပိုကောင်းလာကြသည်ဟုကြားခဲ့ရသည်။
သူ့အစ်ကို၏ဒဏ်ရာက မစိုးရိမ်ရဘဲ သေဆုံးသွားပေမဲ့ ဒဏ်ရာပိုပြင်းထန်သည့်သူတွေက အသက်ရှင်ကျန်ရစ်ခဲ့၏။ထိုလူက ဒေါသအလွန်ထွက်ပြီး ပြဿနာလာရှာခြင်းဖြစ်သည်။
ကျန်းကျန့်ဆီက ကန်ထုတ်ခံရပြီးနောက် ထိုလူက ကြမ်းပြင်မှ ခုန်ထပြီး ကျန်းကျန့် တံခါးကို ထပ်မံဝင်တိုက်သည်။
"ကျန်းကျန့်... ထွက်လာပြီး ကျုပ်နဲ့ထိပ်တိုက်တွေ့စမ်း"
သူက ဒေါသတကြီးဖြင့် အခန်းတံခါးကို ကန်လိုက်ပြီး ခဏအကြာတွင် လူအများအပြား ဘေးနားမှ ပြေးထွက်လာကာ သူ့ကို လက်ဖြင့် တားလိုက်သည်။
"မင်းဘာလုပ်နေတာလဲ"
ထိုလူ၏ မျက်နှာသည် ဒေါသနှင့် ပြည့်နေသည်။
"မင်းဘာလုပ်နေတာလဲ...ဘော့စ်ကျန်းရဲ့ နေရာကို ဘယ်လိုများ အနှောင့်အယှက်ဖြစ်စေရဲတာလဲ"
သူ့ကို ချုပ်နှောင်ထားသည့်လူက ဒေါသအတော်လေးထွက်နေသည်။
ယခု သင်္ဘောပေါ်ရှိလူများအားလုံး ကျန်းကျန့်ကို အလွန်သဘောကျကြသော်လည်း တချို့လူများသည် ကျန်းကျန့် နှင့် ပြဿနာရှာရန် လာနေကြဆဲဖြစ်သည်။
"တကယ်လို့ဘော့စ်ကျန်းသာရှိမနေရင် မင်းက ဓားအောက်မှာ လဲကျသွားတဲ့ လူသေတစ်ယောက် ဖြစ်နေပြီ"
"မင်းအစ်ကိုက ဘော့စ်ကျန်းဆီက ကုသမှုကို မလိုချင်တဲ့လူလေ...ဘော့စ်ကျန်းနဲ့ ဘာဆိုင်လို့လဲ"
"မြန်မြန်ထွက်သွား...ဘော့စ်ကျန်း အနားယူတာကို မနှောင့်ယှက်နဲ့"
……
မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ထိုလူကို ဆွဲထုတ်သွားသည်။လူတွေအားလုံးက ကျန်းကျန့်လူတွေမဟုတ်ကြပေ။အများစုသည် မူလက လုတလူတွေဖြစ်သည်။
လုတ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို ကြားလိုက်သောအခါတွင် ဤမြင်ကွင်းကို မြင်လိုက်ရပြီး ထိုစကားများကို ကြားလိုက်သောအခါတွင် သူ့မျက်နှာသည် ညှိုးငယ်သွားခဲ့သည်။
သူ့လူတွေအားလုံး ကျန်းကျန့်ဘက်ကို ဘာလို့ပြောင်းသွားတာလဲ...
လုတ ဆိုးရွားသည့်စိတ်အခြေအနေနှင့်အတူ လမ်းဆက်လျှောက်လာရင်း အလယ်မှာ ကျန့်ရီက သူ့ကို လှမ်းခေါ်သည်။
"လုတ...မင်းကို ငါ စိတ်ပျက်သွားပြီ"
ကျန့်ရီက တိုက်ရိုက်ပြောသည်။
"သခင်လေး"
လုတက ကျန့်ရီကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
"မင်းကို ငါတို့ကျန့်မိသားစုက ပျိုးထောင်ပေးခဲ့တာ... မင်းကို ငါ အယုံကြည်ဆုံးဘဲ... မင်းဘာလုပ်ခဲ့လဲ...ကျန်းကျန့်က ငါငှားရမ်းထားတဲ့သူတစ်ဦးဖြစ်ပြီး ငါတန်ဖိုးထားသူတစ်ဦးလည်းဖြစ်တယ်... မင်းက မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့ကိုယ်ကျိုးစီးပွားအတွက် သူ့ကို ပစ်မှတ်ထားနေခဲ့တာပဲ... သူလူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ မင်း သူ့ကို တားလိုက်သေးတယ်"
ကျန့်ရီက ပြောသည်။
"ဒီအချိန်မှာ သူ့ကြောင့်သာ မဟုတ်ရင် ငါတို့အားလုံး သေပြီးသားဖြစ်လိမ့်မယ်...ခုချိန်ထိ အမှန်တရားကို မင်းမမြင်ဘူးလား"
"သခင်လေး …"
လုတ ရှက်စိတ်ဖြင့် ခေါင်းငုံ့လိုက်သည်။
"အခုကစပြီး ကျန်းကျန့်ကို မင်းငါ့ကို ဆက်ဆံတဲ့ပုံစံအတိုင်း ဆက်ဆံပါ"
ကျန့်ရီက ပြောသည်။
"မင်းက အဆင်မပြေရင် မင်းကို အစားထိုးဖို့ ငါ ဝန်မလေးဘူး"
လုတ၏စိတ်တို့ရှုပ်ထွေးသွားရသည်။
ထိုအချိန်တွင် ကျန်းကျန့်က နောက်ဆုံးတွင် တံခါးအပြင်ဘက်မှာ အနှောက်အယှက်ဖြစ်စေသောလှုပ်ရှားမှုမရှိသည်ကို တွေ့ရှိခဲ့ပြီး ကျောက်ကျင်းကောကို ပွေ့ဖက်နမ်းရှုံ့နေသည်...
နောက်တစ်နေ့ ကျန်းကျန့်နိုးလာသောအခါ ကျောက်ကျင်းကောက အိပ်နေဆဲဖြစ်သည်။
လူတစ်ယောက်ကို ရုတ်တရက် သတ်မိလိုက်သည်က ကျောက်ကျင်းကောအပေါ်မှာ သက်ရောက်မှု ကြီးမားသည်ဟု ခံစားရ၏။ အခု သူက အိပ်ပျော်နေချိန်၌ပင် မျက်ခုံးတွေ တွန့်နေသည်။
ကျန်းကျန့် ကျောက်ကျင်းကော၏ မျက်ခုံးနှစ်ဖက်အလယ်ရှိ အမာရွတ်ကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ကာ မျက်ခုံးများကို နမ်းလိုက်ပြီး ထပြီး ထွက်ခွာသွားခဲ့သည်။
အခန်းတွင်းမှ ထွက်လာပြီးနောက် ကျန်းကျန့် ၎င်းတို့၏ သင်္ဘောသည် နေရာမှာတင် ဆက်လက်တည်ရှိနေပြီး မထွက်ခွာသေးကြောင်း တွေ့ရှိခဲ့သည်။
၎င်းကိုမြင်သောအခါ ကျန်းကျန့် အနည်းငယ် အံ့သြသွားပြီး သူ့နှလုံးခုန်သွားသည်။
ကျန့်ရီသဘောတူရန် လွယ်မှာမဟုတ်သည့် အကြံတစ်ခု သူ့မှာအမြဲရှိပေမဲ့ ယခု သူစမ်းကြည့်နိုင်သည်။
ကျန်းကျန့် ကျန့်ရီကိုတွေ့ပြီး သူအကြံကို ပြောလိုက်၏။
"ဒီရေဓားပြတွေကို တိုက်မှာလား"
ကျန့်ရီ ကျန်းကျန့်၏ စကားကိုကြားသောအခါ အံ့အားသင့်စွာ မျက်လုံးများပြူးကျယ်သွားသည်။
ဒီရေဓားပြတွေက သူ့အခန်းတံခါးဝကိုရောက်လာမှာကို သူစိုးရိမ်နေတုန်းပဲ၊ဒါပေမဲ့ ကျန်းကျန့်က ... သူတကယ်ပဲ အဲဒီရေဓားပြတွေကို တိုက်ချင်နေတာ...
"ဟုတ်ကဲ့"
ကျန်းကျန့်က ခေါင်းညိတ်ပြီး
"ကျုပ်လက်အောက်ကလူတွေက တစ်ခါမှ တိုက်ပွဲမကြုံဖူးဘူး... အတွေ့အကြုံနည်းလွန်းတယ်...သူတို့ကို လေ့ကျင့်ဖို့ခေါ်ထုတ်သွားချင်တယ်"
ဖြစ်နိုင်ရင် ပိုက်ဆံများများရှာသည်က အကောင်းဆုံးပါပင်။
ကျန့်ရီ သူ့သင်္ဘောကို ဤနေရာတွင် ရပ်ရန်မှတပါး ရွေးချယ်စရာမရှိ၊ ယင်းက မတတ်သာသော လှုပ်ရှားမှုတစ်ခုလည်း ဖြစ်ခဲ့သည်။
ယခင် ပင်လယ်ဓားပြများနှင့်တိုက်ပွဲ၌ ပင်မသင်္ဘောပေါ်တွင် လူအများအပြားရှိပြီး အစောင့်များ များပြားသောကြောင့် ဖြစ်သည်။ ပင်မသင်္ဘောပေါ်ရှိ အသေအပျောက်များမှာ ကြီးကြီးမားမားမဟုတ်သော်လည်း အခြားသင်္ဘောများမှာ ကွဲပြားသည်။
ထိုအချိန်က ပင်လယ်ဓားပြများစွာသည် ထိုသင်္ဘောများပေါ်သို့တက်ကာ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်။ ပင်မသင်္ဘောမှလွဲ၍ သင်္ဘောလေးစင်း၏ အမှုထမ်းများသည် အနည်းဆုံး သုံးပုံတစ်ပုံခန့် လျော့ကျသွားကာ လူအများအပြား ထိတ်လန့်တကြားဖြစ်ကာ ဒဏ်ရာရခဲ့ကြသည်။
ကျန့်ရီက တိုက်ပွဲပြီးပြီးချင်း ထွက်သွားချင်ပေမဲ့ ထိုသို့လုပ်ရန် နောက်ဆုံးမှာ သင်္ဘောကြီးတစ်စင်းကို စွန့်လွှတ်ခဲ့ရသည်။သို့သော်လည်း ပင်လယ်ဓားပြများနှင့် တွေ့ဆုံရာတွင် လူများစွာ သေဆုံးခဲ့သည်။ထိုသို့ဖြစ်ရာ လူများစွာ ဆုံးရှုံးပြီးနေချိန်မှာ သူ့အနေဖြင့် ကုန်ပစ္စည်းများ ပို၍ပင် ဆုံးရှုံးခံ၍မည်သို့ဖြစ်မည်နည်း။
သူက ကုန်သည်တစ်ဦးဖြစ်သည်။ သူ ငွေရှာရန် ထွက်လာခြင်းဖြစ်၏။
သို့သော် ကျန့်ရီ သင်္ဘောကို တစ်ရက်တည်းသာ ပြုပြင်နိုင်ပြီး လူအင်အားကို ပြန်လည်စီစဉ်နိုင်ခဲ့သည်။ လူသေများကို ကမ်းစပ်တွင် သင်္ဂြိုဟ်ခွင့်ပေးပြီး ဒဏ်ရာရသူများကိုလည်း အနားယူခွင့်ပေးခဲ့သည်။
ကျန့်ရီက ကြိုတင်စီစဉ်ထားပြီးသားဖြစ်ပြီး အစောင့်အချို့ကို သင်္ဘောသားအဖြစ် ယာယီဆောင်ရွက်ခိုင်းထာကာ ထိုနေ့မွန်းလွဲပိုင်းတွင် ခရီးဆက်ရန် စီစဉ်ခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ ယခုအချိန်တွင် ကျန်းကျန့်က ထိုသို့သော တောင်းဆိုမှုကို ပြုလုပ်ခဲ့သည်။
"ဒါကို ခင်ဗျားသေချာလား"
ကျန့်ရီက မေးသည်။ ပင်လယ်ဓားပြ အရေအတွက်က များပြားခဲ့သည်။ ယုံကြည်မှုရှိသည်ကကောင်းပေမဲ့ ကျန်းကျန့်က မသေချာဘူးဆိုလျှင် ဘယ်လိုဖြစ်မည်နည်း. . .
ကျန်းကျန့် တစ်ခုခုဖြစ်ခဲ့ပါ သူ့ကျန်သည့်ခရီးက လွယ်မှာမဟုတ်ပေ။
"သေချာပါတယ်"
ကျန်းကျန့် ထိုပင်လယ်ဓားပြများအားလုံးက မိုးခေါင်ပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်နေကြသူများဖြစ်ကြောင်း အလွန်သေချာသည်။၎င်းတို့အထဲမှာ ပိုအစွမ်းထက်လူအနည်းငယ်ရှိပေမဲ့ ထိုသူများက ရဲရင့်သူများဖြစ်ရုံသာပါပင်။သူတို့ ကောင်းကောင်း ပြင်ဆင်ထားသရွေ့ ထိုသို့သောဓားပြအဖွဲ့ကို ဖမ်းရန် သူ့အတွက် မခက်ပါချေ။
ကျန်းကျန့် သူ့ကိုယ်သူ ဖြစ်စေ၊ကျောက်ကျင်းကောကိုဖြစ်စေ အနာဂတ်တွင် အန္တရာယ်ထဲမရောက်စေရန် ကြိုတွေးထားပြီး ထိုသို့လုပ်ဆောင်ရန်မှာ အန္တရာယ်အားလုံးကို ရှောင်ရှားရန် တွေးနေရုံသာမက အားကောင်းလာစေရန် နည်းလမ်းများကိုလည်း တွေးတောသင့်သည်။
သူသန်မာပြီး သူ့လက်ထဲရှိ သူ့လူတွေ သန်မာလာမှသာ အန္တရာယ်ကို မကြောက်ရတော့မှာဖြစ်သည်။
သန်မာချင်လျှင် အပြင်ထွက်ပြီး လေ့ကျင့်ရမည်။
ထိုပင်လယ်ဓားပြများသည် တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ပင်လယ်ဓားပြခေါင်းဆောင်လည်း သေဆုံးခဲ့သောကြောင့် ယခုအခါတွင် ၎င်းတို့သည် ပရမ်းပတာဖြစ်နေဆဲပင်. . . ဤလောက၌ ထို့ထက် လေ့ကျင့်ရန် ပိုမိုကောင်းမွန်သော အခြေအနေရှိပါသလား။
ကျန်းကျန့် ကျန့်ရီဆီကနေ သူ၏အကြံအစည်များကို ဖုံးကွယ်ထားခြင်းမရှိပေ။
"ကျန်းကျန့်...ခင်ဗျားစစ်တပ်ထဲဝင်လိုက်မယ်ဆိုရင် အများကိုအနည်းနဲ့ အနိုင်ယူနိုင်တဲ့ ပြင်းထန်ရက်စက်တဲ့ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာမှာ သေချာတယ်"
ကျန့်ရီက ချီးကျူးပြောဆိုလိုက်၏။
"သခင်လေးကျန့်...ကျုပ်သာ စစ်တပ်ထဲဝင်ခဲ့မယ်ဆိုရင် သေတဲ့အထိ စစ်သားတစ်ယောက်ပဲဖြစ်မှာပါ"
ကျန်းကျန့်က ပြောလိုက်သည်။ဒီခေတ်မှာ ရာထူးတိုးတာ ဘယ်လောက်လွယ်မှာမလို့လဲ...
ထို့အပြင် ယခု သူအားကိုးရသည့်အရာမှာ မော်ဒန်ခေတ်၏ စစ်ရေးအတွေ့ အကြုံဖြစ်ပြီး သူမော်ဒန်ခေတ်မှာ ရှိနေစဉ်မှာ. . . အများဆုံး လူတစ်ရာခန့်ကို ဦးဆောင်နိုင်ခဲ့သည်။
စစ်သားတစ်စုကို လေ့ကျင့်ပေးရန် သူ့အတွက် အဆင်ပြေပေမဲ့ သူ့ကို သောင်းနှင့်ချီသည့် စစ်သားတွေကို တာဝန်ပေးလာပါက. . . သူ ဂရုစိုက်နိုင်မှာ မဟုတ်ပေ။
ကျန့်ရီလည်း အာဏာနှင့် အဆက်အစပ်မရှိသော စစ်တပ်တွင် ရာထူးတိုးရန် ခက်ခဲကြောင်းကို သိထားသောကြောင့် သူက ပြုံးပြီးပြော၏။
"ကျွန်တော် ခင်ဗျားကို ဒီမှာ ရက်အနည်းငယ်လောက် စောင့်နိုင်ပါတယ်...ဒါပေမဲ့ တောင်းဆိုစရာ တစ်ခုတော့ ရှိတယ်"
"သခင်လေးကျန့်... အဲဒါကို လွတ်လွတ်လပ်လပ် ပြောပါ"
ကျန်းကျန့်က ပြောလိုက်သည်။
"ခင်ဗျား လုတကို ခင်ဗျားနဲ့အတူ ခေါ်သွားပါ...သူ့လူတချို့ကို ရွေးခေါ်သွားပြီး ကျွန်တော့်ကို ကူလေ့ကျင့်ပေးပါ"
ကျန့်ရီက ပြောလိုက်၏။