Chapter 104
ပင်လယ်ဓားပြများကို လုယက်ခြင်း
ကျန့်ရီသည် လုတနှင့် သူ၏လူများက လုံလောက်သည်ဟု ထင်ခဲ့သော်လည်း ယခု ကျန်းကျန့်နှင့် သူ့လူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် ချို့ယွင်းချက်များ ပြည့်နှက်နေသည်ဟု သူထင်မြင်ခဲ့သည်။
ကျန်းကျန့်ကို သူ့အဖွဲ့ထဲဝင်ရန် အခကြေးငွေပေးခဲ့စဥ်က သူကျန်းကျန့်ကို အတော်လေး အလေးထားပေမဲ့ သူ့အတွက် ကျန်းကျန့်က လုတနှင့်ဆင်တူ၏။ကျန်းကျန့် နှင့် သူ၏လူများကို ကျန့်မိသားစု၏ အစောင့်များအဖြစ်သို့ ပြောင်းလဲပေးနိုင်သည်ဟုပင် သူခံစားခဲ့ရသည်။သို့ပေမံ အခုအချိန်မှာ ထိုအတွေးတွေ မရှိတော့ပေ။ကျန်းကျန့်က သူထင်သည်ထက် ပို၍ထူးဆန်းသည်။ကျန်းကျန့်က သူ့လက်အောက်မှာ မန်နေဂျာတစ်ယောက်ဖြစ်ဖို့ မဖြစ်နိုင်သလို သူ့ကိုယ်ရံတော်လုပ်ငန်းကလည်း အတော်လေး တိုးတက်လာလိမ့်မည်မှန်း သူခန့်မှန်းမိခဲ့သည်။
သူ ကျန်းကျန့်ကို လုံလောက်သော လေးစားမှုပေးမည်ဖြစ်ပြီး ကျန်းကျန့်ကို သူ့လက်အောက်ခံအဖြစ် မမှတ်ယူတော့ပါချေ။ထို့ကြောင့် ကျန်းကျန့်ကို သူ၏လက်အောက်ငယ်သားများကို လေ့ကျင့်ပေးနိုင်မည်ဟု မျှော်လင့်ခဲ့သည်။
ကျန်းကျန့် ကျန့်ရီ၏တောင်းဆိုမှုကို မစောင့်နိုင်ပေ။ သူ့လူအများစုသည် လူမိုက်များအဖြစ် စတင်ခဲ့သော်လည်း ၎င်းတို့သည် ကျေးလက်တွင် အခြားသူများကို အနိုင်ကျင့်ရန် လှည့်ပတ်သွားလာနေသော သာမန်လူမိုက်များသာဖြစ်သည်။ သူတို့က တကယ်ကြီး အစွမ်းရှိလွန်းသည်မဟုတ်ပေမဲ့ လုတကိုယ်တိုင်နှင့်သူ့လူများက မတူပါချေ။
ထိုလူတွေက သွေးကို မြင်ဖူးကြသည်။
"သခင်လေးကျန့်... ကျုပ် နောက်ထပ် လူအနည်းငယ် ခေါ်သွားချင်ပါတယ်... ဒါပေမဲ့ ကျုပ် သူတို့ကို ဆန္ဒအလျောက်ပဲလုပ်စေချင်ပါတယ်"
ကျန်းကျန့်က ဆိုလိုက်သည်။
သူ ဤတစ်ခေါက် အပြင်ထွက်ပြီး ထူးခြားသည့် လမ်းကြောင်းကို လျှောက်ခဲ့ပေမဲ့ သူ့အဖွဲ့ထဲမှာ နာခံမှုမရှိသည့် လူတွေကို မလိုချင်သေးပါချေ။
ကျန့်ရီ၏ အခန်းမှ ထွက်လာပြီး ကျန်းကျန့် ပြင်ဆင်မှုများ ပြုလုပ်ရန် သွားခဲ့သည်။
"အဲဒီပင်လယ်ဓားပြတွေ ထောင်ချီပြီးရှိတယ်... စစ်ဆင်ရေးက အန္တရာယ်များတာမို့ သွားသင့်မသွားသင့် ဆုံးဖြတ်ဖို့က မင်းတို့သဘောပဲ"
ကျန်းကျန့် ဒဏ်ရာမရသော လူအားလုံးကို ခေါ်ကာ ပင်လယ်ဓားပြများကို သွားတိုက်မည့်အကြောင်း ပြောခဲ့သည်။
"ငါသွားမယ်"
ဝမ်ဟိုင်ရှန်း နှင့် ပင်လယ်ဓားပြခေါင်းဆောင်ကိုသတ်ရန် ကျန်းကျန့် နှင့်အတူ ရေထဲသွားခဲ့ကြသော လူအနည်းငယ်က ချက်ချင်းပြန်ဖြေသည်။
ကျန်းကျန့်နောက်ကိုလိုက်ကာ ပင်လယ်ဓားပြခေါင်းဆောင်ကို သတ်ပြီး ၎င်းတို့၏ ရေယာဉ်စုကို ကယ်တင်ပြီးနောက်တွင် ၎င်းတို့သည် တခြား လူတွေ၏ ကြည်ညို ကိုးကွယ်ခြင်းကို ခံစားခဲ့ရပြီး လူအများက သူတို့ကို ကျေးဇူးတင်လက်ဆောင်များ ပေးပို့ခဲ့ကြရာ ၎င်းတို့အား စိတ်လှုပ်ရှား ကြည်နူးစေခဲ့သည်။
၎င်းတို့သည် ချီးမွမ်းခံရခြင်း၏ခံစားချက်ကို နှစ်သက်ကြသည်၊ ထို့ကြောင့် ယခုတွင် ၎င်းတို့ပါဝင်ရန် နောက်ထပ်တိုက်ပွဲတစ်ခုရှိရန် သေလုမျောပါးဖြစ်နေသည်။
"ဘော့စ် ...ငါတို့လည်း သွားမယ်"
ကျန်သည့်လူတွေကလည်း အော်ကြသည်။သူတို့က ဓားပြတွေကို မုန်းတီးကြပြီး မနာလိုအားကျလည်း အဖြစ်ခံချင်ကြသည်။
ပင်လယ်ဓားပြတွေကို သတ်ရုံပဲ မဟုတ်ဘူးလား... မနေ့ကတောင် တချို့ သတ်ခဲ့သေးတာပဲ...
၎င်းတို့သည် ယောက်ျားများဖြစ်ကြပြီး ၎င်းတို့၏ ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းကို မထူထောင်လိုသူ အလွန်နည်းပါးသည်။ကျန်းကျန့်က ဤလူတွေကို အားပေးအားမြှောက်ပြုရန် ဆုတွေပင်မသုံးရသေးသော်လည်း သူတို့က သဘောတူပြီးသားဖြစ်နေ၏။
လုတ၏အဖွဲ့နှင့်အတူ ကျန်းကျန့် နောက်ဆုံးတွင် စုစုပေါင်း လူခြောက်ဆယ်ကို ရွေးချယ်ခဲ့ပြီး ထွက်ခွာမသွားမီ အသုံးဝင်သော ပစ္စည်းမျိုးစုံကို ပြင်ဆင်နေခဲ့သည်။
မသွားခင်မှာ ကျောက်ကျင်းကောကို အထူးတလည်သွားတွေ့ခဲ့ပေမဲ့ သူကအိပ်ပျော်နေတုန်းပါပင်. . .
"ကျင်းကော"
ကျန်းကျန့်က ကျောက်ကျင်းကော၏ ခေါင်းကို ပွတ်သပ်လိုက်သည်။
ကျောက်ကျင်းကော အိပ်ချင်မူးတူး မျက်လုံးများကိုဖွင့်လိုက်ရာ မိုးလင်းနေပြီမှန်း သိလိုက်ရသည်။
"အရမ်းနောက်ကျနေပြီလား... တစ်မိနစ်အတွင်း ကျွန်တော်ထပါ့မယ်"
"မဟုတ်ဘူး....မင်းနည်းနည်းပိုအနားယူလိုက်ဦး" ကျန်းကျန့်ကပြောပြီး ကျောက်ကျင်းကောကိုနမ်းပြန်သည်။
"ကိုယ်အပြင်သွားမယ်... ကိုယ်ပြန်လာတာကို စောင့်နော်"
ပထမတုန်းက ကျန်းကျန့် ကျောက်ကျင်းကောကို သူနှင့်ခေါ်သွားရန် စဉ်းစားခဲ့ပေမဲ့ နောက်ဆုံးမှာ သူလက်လျှော့လိုက်၏။
ကျောက်ကျင်းကောက တစ်စုံတစ်ဦးကို သတ်ပြီးနောက် အပြစ်ရှိသလို ခံစားရပြီး ဆိုးရွားစွာ တုံ့ပြန်ခဲ့သည်။ လူသတ်ဖို့ သူနဲ့ လိုက်ဖို့ မသင့်တော်ဘူး. . .
ကျန်းကျန့်က ထိုစကားကိုပြောပြီးနောက် ထွက်သွားပြီး ကျောက်ကျင်းကော အိပ်ရာထကာ တံခါးအပြင်မထွက်မီ မိမိကိုယ်ကို သန့်ရှင်းရေးလုပ်ကာ အလုပ်များနေလေသည်။ထို့နောက်မှသာ ကျန်းကျန့်က လူတွေကို ပင်လယ်ဓားပြတွေဆီသွားရန် အမှန်တကယ် ခေါ်ဆောင်သွားသည်ကို သူသိလိုက်ရသည်။
ကျန်းကျန့်က ပင်လယ်ဓားပြတွေကို တိုက်ခိုက်တော့မယ်...
ကျောက်ကျင်းကော ကျန်းကျန့်က သူသိသမျှထဲတွင် စွမ်းအားအရှိဆုံးလူဟု ခံစားရပြီး သူ့အပေါ် ယုံကြည်မှုအပြည့်ရှိသော်လည်း သူဘာဆက်လုပ်မည်ကိုကြားပြီးနောက် ကျန်းကျန့်ကို စိတ်ပူနေဆဲဖြစ်သည်။ယင်းက သူ့ကို ရုတ်တရက် စိတ်ပူသွားစေသည်။
အဲဒီပင်လယ်ဓားပြတွေက ရက်စက်ကြမ်းကြုတ်ပြီး သူတို့က လူအများကြီးပဲ...ကျန်းကျန့် နဲ့ တခြားသူတွေ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ...
ကျောက်ကျင်းကော စိတ်ပူလာပြီး ယခင်တိုက်ပွဲ မြင်ကွင်းကြောင့်လား မသိ၊သူ့ဗိုက်က ကျုံ့သွားကာ မအီမသာ ခံစားရပြန်သည်။
"ကျောက်ကျင်းကော ...မင်း အဆင်ပြေရဲ့လား" လက်မောင်းဒဏအရာရထားသည့်ကျန်းကျန့်လူ တစ်ယောက်က မေး၏။
ဤလူက ကျန်းကျန့် ဒဏ်ရာကို ချုပ်ပေးခဲ့သည့် လူတစ်ယောက်လည်း ဖြစ်သည်။
မူလက သူ့ဒဏ်ရာက အသက်မသေနိုင်လောက်သောကြောင့် ကျန်းကျန့်သူ့ကို ချုပ်ပေးမည်ကို မခံချင်ပေမဲ့ ကျန်းကျန့်အကြည့်ကို မြင်ပြီးနောက် မသိစိတ်က သဘောတူလိုက်မိသည်. . .
ကျန်းကျန့်က ဤတစ်ခေါက် သူနှင့်အတူ တတ်နိုင်သမျှ အားလုံးကိုခေါ်ယူသွားသော်လည်း သူကဲ့သို့ ဒဏ်ရာရသူများသည် နောက်တွင် ကျန်ရစ်သူများဖြစ်သည်။
"ငါအဆင်ပြေပါတယ်...ဗိုက်ဆာလို့ပါ"
ကျောက်ကျင်းကောက ပြောခဲ့သည်။
"ဒါဆို မင်းမြန်မြန်သွားစားသင့်တယ်"
ထိုလူက အနည်းငယ် ဘာလုပ်ရမှန်းမသိဖြစ်သွားပြန်သည်။
"ဘာလို့ ငါဒဏ်ရာရရတာလဲ... ငါသာမထိခိုက်ဘူးဆိုရင် အဲဒီပင်လယ်ဓားပြတွေကို တိုက်ဖို့သွားနေလောက်ပြီ"
ကျောက်ကျင်းကောက ခေါင်းညိတ်ကာ မီးဖိုချောင်ထဲကို ကြောင်တက်တက်ဖြင့် ဝင်သွားပြီး ကျန်တစ်ယောက်ကမူ ဒဏ်ရာရသည့်လူတွေရှိရာနေရာကို သွားလိုက်၏။
ကျန်းကျန့် ထွက်သွားသောအခါတွင် သူ့လူငါးဦးကို ချန်ထားခဲ့ပြီး တစ်ဦးက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ ကျန်လေးဦးမှာ ဒဏ်ရာအနည်းငယ်ပဲရခဲ့သော်လည်း သွားလာရန်အခက်အခဲရှိခဲ့သည်။ လောလောဆယ်မှာ ဤအနည်းငယ်ထိခိုက်ဒဏ်ရာရသူတွေအနေဖြင့် အပြင်းအထန် ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက်ပေးရန် တာဝန်ရှိလေသည်။
သို့ပေမဲ့ အမှန်တွင်. . . အနှီပြင်းထန်စွာ ဒဏ်ရာရနေသော လူနာများသည် ၎င်းတို့၏ပြုစု စောင့်ရှောက်မှု လုံးဝ မလိုအပ်ပါချေ။
ကျန့်ရီက ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကျန်းကျန့်က ချုပ်ပေးထားသောထိုလူများကို ပြင်းပြင်းထန်ထန် အာရုံစိုက်ခဲ့သည်။ထိုလူတွေကို ပြုစုစောင့်ရှောက်ရနိ သူ့အစေခံမလေး နှစ်ယောက်ကို တကယ်လွှတ်ပေးလိုက်သည့် အတိုင်းအတာအထိပင်။
ကျန်းကျန့်၏ တောင်းဆိုချက်သည် သင်္ဘောပေါ်ရှိ အရွယ်ရောက်ပြီးယောကျာ်းကြီးများအတွက် အလွန်အသေးစိတ်ပြီး ငြီးငွေ့ဖွယ်ကောင်းသော်လည်း ဤအစေခံနှစ်ယောက်အတွက်မူ ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာပါချေ။
သူတို့သည် ကျန့်ရီကို ဆေးကြောရန် ကူညီဆောင်ရွက်ပေးကြပြီး ကျိုပြီး အအေးခံထားသော ရေကို အသုံးပြုခဲ့ကြရုံသာမက ထိုရေကိုလည်း မဆူမီ ရက်ပေါင်းများစွာ အနည်ထိုင်စေခဲ့သည်။
သူတို့က ဒဏ်ရာရသူတွေကို ဂရုတစိုက်နှင့် ပြုစုစောင့်ရှောက်ပေးသည့်အပြင် ဒဏ်ရာရသူများ၏ မိတ်ဆွေတွေနှင့် အပေါင်းအဖော်တွေကလည်း လာရောက်ကူညီကြ၏။ ရလဒ်အနေဖြင့် ကျန်းကျန့်၏ ဒဏ်ရာအနည်းငယ်ရသည့် လက်အောက်ငယ်သားတွေမှာ ဘာမှလုပ်စရာမှမလိုတော့ပေ။ အများဆုံး ၎င်းတို့သည် ဒဏ်ရာအနည်းငယ်ပြင်းထန်သည့် ခြေထောက်အခုတ်ခံထားရသောလူကို စောင့်ကြည့်ရန်သာ လိုအပ်သည်။
ထိုလူသည် နိုးလာပြီဖြစ်ပြီး သူနိုးကာစတွင် သေတော့မည်ဟု တွေးကာ ကြောက်ရွံ့မှု အပြည့်ရှိခဲ့သည်။သို့ပေမဲ့ တခြားလူနာတွေက သူနှင့်စကားပြောပြီးနောက်မှာတော့ အသက်ရှင်နေထိုင်နိုင်မည်ဟု သူခံစားခဲ့ရပြီး ကျန်းကျန့်အပေါ်ယုံကြည်မှုအပြည့်ရှိနေသည်။
အဲဒီလူက သူ့ဗိုက်ပေါက်သွားတာတောင်အဆင်ပြေနေသေးတာကို သူက ခြေထောက်မှာ အခုတ်ခံရရုံနဲ့ ဘာကိုကြောက်ရမှာလဲ...
နိုးလာသော ပြင်းထန်စွာ ဒဏ်ရာရသူအများစုမှာ အကောင်းမြင်စိတ်ရှိကြသော်လည်း အဆုံးတွင် သူတို့အားလုံး အသက်မရှင်နိုင်ပေ။ တချို့က ဖျားကုန်ကြသည်။
ဒဏ်ရာရပြီး အဖျားရှိနေသူမှာ အသက်ရှင်ရန် ခက်ခဲသော်လည်း အခြားတစ်ဖက်နှင့် နှိုင်းယှဉ်ပါက သမားတော်ဟူ ကုသပေးသော ဒဏ်ရာအနည်းငယ်ရှိသူတွေက ပိုများသည်။
ဒဏ်ရာတစ်ခုရပြီး အဖျားတက်ခြင်းသည် အလွန်အဖြစ်များသော်လည်း ကျန်းကျန့်၏ဘေးနှင့် နှိုင်းယှဉ်ပါက သမားတော်ဟူ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုမှာ အလွန်ညံ့ဖျင်းပုံရသည်။
ကျန်းကျန့်က လျှောက်လုပ်နေသည်ဟု အရင်က ဆုံးဖြတ်ထားသည့် သမားတော်ဟူတစ်ယောက် လွန်ခဲ့သည့် နှစ်ရက်အတွင်း စိတ်ပိုင်းဆိုင်ရာ ရှုပ်ယှက်ခတ်မှုတွေ ပိုပိုများလာခဲ့၏။
ကျောက်ကျင်းကော မီးဖိုချောင်သို့သွားသောအခါ သူ အသားနံ့ရပြီး မအီမသာဖြစ်ပြန်သည်။ ကံကောင်းစွာနှင့်ပဲ တစ်စုံတစ်ယောက်က သူ့ကို အရိုးရှင်းဆုံး ဆန်ပြုတ်နှင့် ချဉ်ဖတ်တွေ ရအောင် ကူညီပေးခဲ့ပြီး သူ့အခန်းကို ပြန်ယူလာပြီး စားခွင့်ရခဲ့သည်။ နောက်ဆုံးမှာ သူ ပိုကောင်းလာ၏။
သို့ပေမဲ့ အနှီဆန်ပြုတ်က မည်သို့ပင်ဖြစ်စေ အတော်လေး အရသာမရှိလှပါချေ။
ကျန်းကျန့် ဤတစ်ကြိမ်တွင် သူ့ကို မခေါ်သွားသည်က သူ အန်ချင်သလို ခံစားရခြင်းကြောင့် ဖြစ်နိုင်သည်။
သူဘာလို့ ဒီလောက် အသုံးမကျရတာလဲ...တခြားလူတွေက တစ်နေ့လောက်အန်ပြီး နောက်နေ့တွေမှာ ပိုကောင်းလာလိမ့်မယ်...ဒါပေမဲ့ သူက...ပျို့တာကို သူ မရပ်နိုင်ဘူး...
(ဒီနားရောက်မှ သိ:D)
အကယ်၍ သူမပျို့အန်ခဲ့လျှင် ကျန်းကျန့်၏နောက်သို့ လိုက်သွားနိုင်ပြီး ဤနေရာတွင် နေပြီး သူ့အတွက် စိတ်ပူနေရမည်မဟုတ်သည်မှာ သေချာသည်. . .
ညစာစားပြီးနောက် ကျောက်ကျင်းကော သမားတော်ဟူကိုသွားရှာပြီး သူ၏အန်ခြင်းကိုရပ်တန့်ရန် ဆေးဝါးအချို့ယူလိုသဖြင့် အခန်းတွင်းမှထွက်သွားခဲ့သည်။
တိုက်ဆိုင်မှုဟုတ်မဟုတ် သူမသိပေမဲ့ ကျောက်ကျင်းကော ထွက်လာသည်နှင့် သမားတော်ဟူကို တွေ့သော်လည်း သူသွားစကားမပြောမီ သမားတော်ဟူက သူ့ကို ပြင်းပြင်းထန်ထန် ကြည့်နေခဲ့သည်. . .ကျောက်ကျင်းကော တောင့်တင်းသွားပြီး သူ့မူလအစီအစဉ်ကို စွန့်လွှတ်လိုက်သည်။
အရင်က သမားတော်ဟူက ကျန်းကျန့်ကို မေးခွန်းထုတ်ခဲ့သည်ကိုလည်း သူသတိရမိဆဲဖြစ်သည်. . . ဤသမားတော်ဟူက သူ့ကို သဘောကျပုံမပေါ်ပေ။
ကျောက်ကျင်းကော သူ့ကိုကြည့်နေသည့် သမားတော်ဟူနှင့်ပတ်သတ်သည့် သူ့အကြံအစည်ကို စွန့်လွှတ်လိုက်ပြီး လှည့်ထွက်လာခဲ့လိုက်သည်။
သင်္ဘောပေါ်ရှိဘဝသည် ကျောက်ကျင်းကောမူလကနှစ်သက်ခဲ့သည့်အရာဖြစ်ပြီး သူသည် ဤဘဝနှင့်မရင်းနှီးသော်လည်း ကျန်းကျန့်က သူ့အတွက် အမြဲရှိနေခဲ့သည်။သို့ပေမဲ့ ယခုအချိန်မှာ ကျန်းကျန့်က သည်မှာ ရှိမနေခဲ့။
ကျန်းကျန့် မရှိသည့်အခါ ကျောက်ကျင်းကော တစ်ခုခုမှားနေသလိုသာခံစားရပြီး ကိုယ့်ခန္ဓာကိုယ်ကို မသယ်နိုင်တော့သလိုပါပင်။
သူသည် စကားပြောကောင်းသူမဟုတ်၊ ပေါင်းသင်းဆက်ဆံတတ်သူမဟုတ်ပေ။သူသည် ကော တစ်ယောက်ဖြစ်သောကြောင့် တခြား လူများနှင့် အဆက်အဆံများစွာမရှိခဲ့သော်လည်း ယခုအခါတွင် လုပ်စရာမရှိဟု အမှန်တကယ်ခံစားရပြီး ၎င်းအကြောင်းကိုပင် သတိရှိစွာ မတွေးခဲ့မိပေ။
ကျန်းကျန့် အန္တရာယ်ကြုံနေရင်ဘယ်လိုလုပ်မလဲ...
ကျောက်ကျင်းကော အလွန်စိုးရိမ်သွားပြီး သူ ဂနာမငြိမ်ဖြစ်လာသည်။ ထို့ကြောင့် သူ၏ မအီမသာဖြစ်မှုသည် ပို၍ပင် ပြင်းထန်လာသည်. . .
ပျို့အန်ချင်သော်လည်း သူက သူစားသမျှကို အန်မထုတ်ခဲ့။ ယင်းက သူ့လုပ်ဆောင်ချက်ကိုလည်း ထိခိုက်စေခဲ့သည်။နောက်ပိုင်းမှာ ...သူတကယ်ကျန်းကျန့်နောက်လိုက်ပြီး လေ့ကျင့်နိုင်ပါ့မလား...
သူက နဂိုကတည်းက ရုပ်ဆိုးပါသည်ဆိုကာမှ ယခု ကျန်းကျန့်နှင့်ပင် မတိုက်ခိုက်နိုင်တော့ပေ. . .သူဒီလိုဆက်သွားရင် . . .
ကျောက်ကျင်းကော ဤအကြောင်းကို များများတွေးလေ၊ သူ့မှာ စိတ်မသက်မသာဖြစ်လေလေပါပင်။ နောက်ဆုံးမှာ သူ အံကြိတ်ပြီး ကျန့်ရီကို သွားရှာလိုက်သည်။
ကျောက်ကျင်းကောက ကျန့်ရီကို အမြဲကြောက်နေခဲ့သည်။သူ့ကိုယ်သူ ကျန့်ရီလို သခင်လေး တစ်ယောက်နှင့် စာတစ်မျက်နှာတည်းမှာ မရှိဟု ခံစားခဲ့ရပြီး အရင်တုန်းက ကျန်းကျန့်နှင့်အတူ ကျန့်ရီကို သွားတွေ့တုန်းက ကျန့်ရီနှင့် စကားပင် မပြောဝံ့ခဲ့ပါချေ။
သို့ပေမဲ့ ယနေ့. . .
ကျောက်ကျင်းကော သတ္တိရှိလာပြီး ကျန့်ရီကိုသွားရှာခဲ့သည်။
"ကျန့်...သခင်ကျန့်..."
"ကျွန်တော်ဘာလုပ်ပေးရမလဲ"
ကျောက်ကျင်းကော၏ စိတ်နေစိတ်ထားသည် ကျန့်ရီ တစ်ချက်ကြည့်ရုံနှင့် မြင်နိုင်သောအရာဖြစ်သောကြောင့် ကျောက်ကျင်းကော သူ့ကို လာရှာရန် အစပြုလိုက်သောအခါတွင် သူ အနည်းငယ် အံ့သြသွားသည်။
"ကျန်းကျန့်... ဘယ်တော့ပြန်လာမှာလဲ"
ကျောက်ကျင်းကောက ကျန့်ရီကို မော့ကြည့်ကာ စိုးရိမ်မှုအပြည့်ဖြင့် မေးလိုက်သည်။
ဒီတော့ ကျန်းကျန့်ကိုစိုးရိမ်လို့သူရောက်လာတာပေါ့. . . ကျန့်ရီမှာ ကျောက်ကျင်းကောအပေါ် အထင်အမြင်ကောင်းရှိသောကြောင့် သဘာဝအတိုင်းပင် ဤအချိန်တွင် သူဘာမှ မဖုံးကွယ်ထားပေ။
"ရက်အတိအကျမသိရသေးပေမဲ့ နှစ်ရက်သုံးရက်လောက်တော့ကြာလိမ့်မယ်"
"နှစ်ရက်သုံးရက်..."
ကျောက်ကျင်းကော မျက်ခုံးများ တင်းတင်းကြပ်ကြပ် ကြုံ့သွားသည်။
"စိတ်မပူပါနဲ့...ကျန်းကျန့်က သူယုံကြည်မှုရှိပါတယ်တဲ့"
ကျန့်ရီက ပြောလိုက်သည်။ကျောက်ကျင်းကော၏ စိုးရိမ်သောကရောက်နေသောအကြည့်ကို မြင်လိုက်ရသောအခါ သူကထပ်ဖြည့်ပြောလိုက်သည်။
"ဟုတ်တယ်... သူထွက်သွားခါနီးမှာ ခင်ဗျားအကြောင်းတွေးနေတာ...ကျွန်တော့်ကို ခင်ဗျားစားဖို့ ကြက်ဥပို့ပေးဖို့ တောင်းဆိုခဲ့တယ်"
"ဪ"
ကျောက်ကျင်းကောက သံယောင်လိုက်လိုက်ကာ ခံစားချက်က ပို၍ပင်ဆိုးသွားသည်။
ကျန်းကျန့်မှာ လုပ်စရာတွေ အများကြီးရှိသည့်အတွက် သူက ကျန်းကျန့် သူ့အကြောင်းတွေးရန် အနှောင့်အယှက်မပေးသင့်ပေ။ဤသည်က တကယ်ကို မှားလွန်းသည်. . . သို့ပေမဲ့. . . ကျန်းကျန့်က သူလောလောဆယ် အသားမစားနိုင်သည့်အတွက် ကျန့်ရီကို အထူးအတလည်သူ့ကို့ကြက်ဥစားခိုင်းရန်ခိုင်းသည်မဟုတ်ပါလား။ ယခုလိုလုပ်သည်က သူ့အတွက် တကယ်မကောင်းပါချေ. . .
ကျန့်ရီ ကျောက်ကျင်းကော စိတ်အခြေအနေမကောင်းကြောင်း သတိပြုမိပြီး ကျန်းကျန့်က သူနှင့်အတူ မခေါ်သွားသောကြောင့် ဖြစ်နိုင်သည်ဟု မကြာမီ မှန်းဆခဲ့သည်။
"ကျန်းကျန့်က သူ ဒီတစ်ခါလူတွေကို နှစ်ရက်လောက် အပြင်ကို ခေါ်သွားမှာလို့ပြောတယ်"
သူက ပြုံးပြီး ပြောလိုက်သည်။
"သူက သခင်ဗျားကို ဒီလို ကြမ်းတမ်းတဲ့ကောင်တွေနဲ့ မနေစေချင်ခဲ့တာ ဖြစ်နိုင်တယ်...ဒါကြောင့် ခင်ဗျားကို သူနဲ့ မလိုက်ခိုင်းတာ"
"ကျွန်တော်သာဆိုရင် ကျွန်တော့်ရဲ့ကောကိုဖြစ်စေ သားကို့ဖြစ်စေ ညစ်ပတ်တဲ့ ယောက်ျားတွေနဲ့ မနေစေချင်ဘူး"
ကျန့်ရီက ကျောက်ကျင်းကောကို ရယ်ရွှမ်းသွေး သော အမူအရာဖြင့် ကြည့်လိုက်သည်။
ကျောက်ကျင်းကော လျင်မြန်စွာ ဦးညွှတ်လိုက်သော်လည်း ကျန့်ရီပြောသည်ကိုကြားပြီးနောက် သူသည် ပို၍ စိတ်အေးလက်အေး ရှိသွားသည်မှာ ငြင်းဆိုနိုင်ဖွယ်ရာမရှိပေ။
ကျောက်ကျင်းကော သင်္ဘောပေါ်တွင် စိုးရိမ်ကြောက်ရွံ့နေချိန်တွင် ကျန်းကျန့်နှင့်အတူ သူ၏လူများသည် ပင်လယ်ဓားပြများ၏ ပုန်းအောင်းရာအနီးသို့ ရောက်လာကြသည်။
ဤလူတွေက ပင်လယ်ဓားပြတွေဖြစ်ပေမဲ့ ရေကို သိပ်မကြိုက်ကြမှန်း သိသာ၏. . . ထို့ကြောင့် သူတို့က တောင်တန်းများပေါ်တွင် အမှန်တကယ် နေထိုင်ခဲ့ကြပါသည်။
ကျန်းကျန့်၏အမြင်တွင် ပင်လယ်ဓားပြရွာ၏စီမံခန့်ခွဲမှုမှာ ပေါ့လျော့နေပြီး သူ့အမြင်တွင် နေရာတိုင်းတွင် ချို့ယွင်းချက်များရှိနေသည်။
တောင်ပေါ်ကို ခုန်တက်သွားလျှင်ပင် ဘယ်သူမှ သူ့ကို တားမှာ မဟုတ်ဘူးဟု ခံစားရ၏။
ထိုသို့သော အမာခံစခန်းကို တိုက်ခိုက်ခြင်းသည် အမှန်တကယ် အောင်မြင်မှုတစ်ခု မဟုတ်သော်လည်း သူ၏လူများကို လေ့ကျင့်ရန် ၎င်းကို အသုံးပြုခြင်းသည် ကောင်းမွန်သည်။
နောက်နှစ်ရက်ကြာပြီနောက်. . .
ကျန်းကျန့် သူ၏လူများနှင့်အတူ ထောင်ပေါင်းများစွာသော ပင်လယ်ဓားပြများစုဝေးရာ ဤအမာခံစခန်းကို ဆက်တိုက်တိုက်ခိုက်နိုင်ခဲ့သည်။