အပိုင်း၁၀၆
Viewers 32k

Chapter 106

Chapter 106

လူတစ်စုကို ကယ်တင်ခြင်း




ထိုသို့ဖြင့် ကျန်းကျန့်က လူဝကြီးကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။


"ဟုတ်ပါတယ်... ဒီလူ ကျုပ်ကို ပေးသလောက် ပေးနိုင်ရင် ခင်ဗျားတို့က ကျုပ်တို့ ကိုယ်ရံတော်လုပ်ငန်းရဲ့ အလုပ်ရှင်ပဲ... အလုပ်​မလုပ်​ရရုံတင်​မကဘူး ခင်ဗျားတို့ကိုအိမ်​ပြန်​မပို့ခင်​ ကောင်း​ကောင်း​ဆက်ဆံမှာပါ"


ဤလူတွေထဲမှာ တစ်ချို့က ဤလူဝကြီးလို့ ချမ်းသာပြီး ပိုက်ဆံနှင့် သူ့ကိုငှားနိုင်ကြသည်။ သူတို့အလုပ်မလုပ်ချင်သည့်အတွက် သူတို့အိမ်ဘယ်မှာရှိသလဲ ဆိုသည်ကိုပြောရန် တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြပြီး ကျန်းကျန့်ကို အိမ်ပြန်ပို့ခိုင်းသည်။


ကျန်းကျန့် ဤလူတွေကို မှင်တံနှင့် စာရွက်ကို ထုတ်ပြီး စာရင်းသွင်းကာ သူတို့က ကျင်းကျန့်ကိုယ်ရံတော်လုပ်ငန်း၏ အလုပ်ရှင်တွေ ဖြစ်နေပြီဟု ပြောခဲ့သည်။ လမ်းကြုံပါက တတ်နိုင်သမျှမြန်မြန် အိမ်ပြန်ပို့ပေးမည်။ မဟုတ်လျှင် စောင့်ရလိမ့်မည်။


ဤလူတွေက ပင်လယ်ဓားပြတွေ၏ညှဉ်းပန်းနှိပ်စက်မှုကို ခံခဲ့ရသည်ဖြစ်ရာ ယခု မည်သို့ သဘောမတူဘဲနေကြမည်နည်း။ကျန်းကျန့်ပြောသည်ကိုကြားသောအခါ အားလုံးက သဘောတူကြ၏။


သူတို့အားလုံးက ချမ်းသာသည်မဟုတ်ပဲ အများစုက အရင်က သာမန်အမှုထမ်းတွေဖြစ်ကြသော ကြောင့် ထမင်းစားပြီးသည့်အခါ နာခံမှုရှိရှိဖြင့် အလုပ်တွေကို သွားလုပ်ခဲ့ကြသည်။


သို့ပေမဲ့ ထိုအမျိုးသမီးတွေနှင့်ကောတွေ. . .


"အမျိုးသမီးတွေနဲ့ ကောတွေက ပေါ့ပါးတဲ့ ပစ္စည်းတွေကို သယ်နိုင်ပြီး ကိုယ်ဝန်ရှိနေရင် အလုပ် လုပ်ဖို့ မလိုဘူး"


ကျန်းကျန့်​က ထိုအမျိုးသမီးများနှင့်ကောများကို အလွန်သည်းခံနေဆဲဖြစ်သည်။


ကျန်းကျန့် အနီးပတ်ဝန်းကျင်ရှိ လူတော်တော်များများက ကျောက်ကျင်းကော သူတို့နှင့်အတူတူ လေ့ကျင်ပြီး အလုပ်လုပ်သည်ကိုမြင်ခဲ့ကြရသည်။သူတို့ ကျေးလက်မှာရှိတုန်းက အမျိုးသမီးတွေလည်း လယ်လုပ်ရသည်။ထို့ကြောင့် ကျန်းကျန့်က ထိုသို့သောစကားများပြောသောအခါ မှားသည်ဟု မည်သူမျှမထင်ခဲ့ကြပေ။


အမှန်တွင် သူတို့က ပင်လယ်ဓားပြတွေ၏ ပြန်ပေးဆွဲခံရပြီး အလုပ်လုပ်၊ အဝတ်လျှော်၊ ထမင်းဟင်သချက်၊ ဟင်းသီးဟင်းရွက် စိုက်ပျိုးသည်တွေ လုပ်ခဲ့ရသည် . . .ယင်းက အလုပ်တွေအများကြီးဖြစ်၏။


ထိုနေ့ရက်များသည် ခက်ခဲသော်လည်း ယခု သူတို့အားလုံး လွတ်မြောက်ခဲ့ကြသည်။ယခု သူတို့က ဖူးဖူးမှုတ်အလိုလိုက်အကြိုက်ဆောင်ခံရန်မလိုအပ်တော့ပါသလို အလုပ်တချို့ လုပ်ရသည်က တကယ်ကို ဘာမှ မဟုတ်တော့ပါချေ။


သို့ပေမဲ့. . . ဤကယ်တင်ခြင်းခံရသော အမျိုးသမီးများနှင့်ကောများကြားတွင် ထူးထူးခြားခြား ရုပ်ရည်ကောင်းမွန်ပြီး အလွန်လှပသည့် အမျိုးသမီးနှင့်ကောအချို့ ပါရှိသည်။


ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံရပြီးနောက်တွင်ပင် ၎င်းတို့သည် အလွန်ကြည့်ကောင်းသည်။ သူတို့ထဲက တချို့က ပုံမှန် ပင်လယ်ဓားပြတွေနောက်ကို လိုက်ကြသလို တချို့က ပင်လယ်ဓားပြခေါင်းဆောင်နောက်ကို တိုက်ရိုက် လိုက်ကြပြီး တခြားသူတွေ၏ လုပ်ကျွေးပြုစုခြင်းခံခဲ့ကြရသည်။​ဒါပေမဲ့ အခု...ဒီလူက သူတို့ကိုပစ္စည်းတွေ ရွှေ့ခိုင်းနေတာလား...


ဤလူများသည် ရုတ်တရက် အံသြမှင်တက်သွားပြီး တောက်ပြောင်သောအဝတ်အစားကို ၀တ်ဆင်ကာ သူမ၏မျက်နှာပေါ်မှ မျက်နှာချေနီ အချို့ကိုပင် ခြယ်သထားသောပိုရဲရင့်သည့်သူတစ်ယောက်က ကျန်းကျန့်အား သနားစဖွယ် ကြည့်နေသည်။


"သခင်...ဒီအစေခံက ကျန်းမာရေး မကောင်းဘူးရယ်..."


သူမမျက်လုံးများ၏ လှုပ်ရှားမှုများကြားတွင် သူမက ကျန်းကျန့်ကို မျက်လုံး မှိတ်ပြသည်။


ဤအမျိုးသမီးသည် မူလက ပြည့်တန်ဆာလုပ်ငန်းတွင် ပါဝင်ခဲ့သည်။ သူမသည် မူလက လူကောင်းတစ်ဦးဖြစ်လာရန် ရည်ရွယ်ထားသောကြောင့် သူမကို ရွေးယူခဲ့သော စီးပွားရေးသမားတစ်ဦးနှင့် ပေါင်းစည်းခဲ့သည်။ ထိုလုပ်ငန်းရှင်အိမ်သို့လိုက်ကာ ၎င်း၏ ကိုယ်လုပ်တော်ဖြစ်လာစေရန် စီစဉ်ခဲ့သော်လည်း သူမကံမကောင်းသဖြင့် လမ်းခရီးတွင် လုယက်ခံခဲ့ရသည်။


အခြားသူများက ငိုကြသော်လည်း အသက်ရှင်ရမည့်လမ်းကို သူမ တွေးနေမိသည်။ သူမသည် အော်ဟစ်ခြင်း သို့မဟုတ် ဆူညံခြင်းမပြုခဲ့ပေ။ ပင်လယ်ဓားပြခေါင်းဆောင်၏ အာရုံကို ဖမ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် အမှန်တကယ် ကောင်းမွန်သော ဘဝတစ်ခုကို ရရှိခဲ့သည်။


သူမသည် တစ်ယောက်တည်းနေရန် အရည်အချင်းမရှိပေ။ သူမ ဘာဖြစ်သွားမလဲဆိုတာ ဘယ်သူသိနိုင်ပါ့လဲ... ထုံးစံအတိုင်း သူမကျန်းကျန့်၏နောက်သို့ လိုက်ရန် စိတ်ဆုံးဖြတ်ထားပြီး ခေါင်းဆောင်ဖြစ်မှန်း သိသာထင်ရှားသော ဤလူနှင့်ပင် ပေါင်းသင်းချင်သည်။


ရလဒ်အနေဖြင့် ကျန်းကျန့်က သူမကို ကြည့်လည်းမကြည့် ဘာမှလည်း မပြောခဲ့။ အခုလည်း . . . သူက သူမကိုပစ္စည်းတွေ ရွှေ့ခိုင်းချင်နေတယ်တဲ့လား. . .


ဤအမျိုးသမီးက ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှ မလုပ်နိုင်ခဲ့သည့်အတွက် စကားစပြောရန်စတင်ခဲ့၏။


"ကျန်းမာရေးမကောင်း"ဆိုသည့် စကားလုံးလေးလုံးကို သူ ကြားလိုက်သည့်အခါ ကျန်းကျန့် တစ်စုံတစ်ခုကို သတိရသွားပြီး ကျန်အမျိုးသမီးတွေနှင့်ကောတွေကို တားလိုက်သည်။


"ခဏလေး"


"အရှင်..."


ခုနက လှမ်းအော်လိုက်သော အမျိုးသမီးက သူ့ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။


"မင်းတို့ထဲမှာ လူတွေကို ကောင်းကောင်း အလုပ်အကျွေးပြုတတ် သူတစ်ယောက်ရှိလား"


ကျန်းကျန့်က မေးလိုက်သည်။


"အရှင်... ကျွန်မ ကောင်းကောင်းသိတယ်"


ကျန်းကျန့်က သူ့အတွက်အစေခံတစ်ယောက်ယောက်ကို ရှာနေသည်ကိုကြားသောအခါ အမျိုးသမီးက ကမန်းကတန်းပြောလိုက်၏။


ပြီးတော့ ဒီအလုပ်မှာ သူမထက် ပိုကောင်းတဲ့သူ ရှိလို့လား...


"မိန်းမ မဟုတ်ဘူး"


ထိုအမျိုးသမီးကိုမြင်သောအခါ ကျန်းကျန့်က မျက်မှောင်ကြုတ်လိုက်သည်။သူက ကျောက်ကျင်းကောကို ပြုစုစောင့်ရှောက်ရန် တစ်စုံတစ်ဦးကို ရှာဖွေနေသော်လည်း သူ့ရှေ့ရှိ အမျိုးသမီးများသည် သူ့လိုအပ်ချက်များနှင့် ကိုက်ညီခြင်းမရှိပေ။


သူ၏ကောများအပေါ် အလှရသခံစားနိုင်မှုက ဤခေတ်က လူများနှင့် ကွဲပြားသော်လည်း၊ သူ၏ အမျိုးသမီးများအတွက် အလှအရခံစားနိုင်မှုက ပုံမန်ပဲဖြစ်သည်။


ဤအမျိုးသမီးသည် ကြီးမားသော ရင်သားနှင့် တင်ပါးရှိသည်။ သူမက ကြည့်ကောင်းပြီး ဝတ်တတ်စားတတ်၏။ သူမက သူကူးပြောင်းပြီးကတည်းက သူမြင်ဖူးသမျှ အလှဆုံးအမျိုးသမီးတွေထဲက တစ်ယောက်ဖြစ်တာကြောင့် ကျောက်ကျင်းကော အနားမှာ ဒီလိုမိန်းမမျိုးရှိနေတဲ့အခါ သူဘယ်လိုခံစားရမလဲ...


ကောတွေကလည်း မိန်းမယူလို့ရတယ်...



လက်စသတ်တော့ သူက ကောတွေကိုကြိုက်တာကိုး...


အမျိုးသမီးက ကျန်းကျန့်ကို စူးစူးရဲရဲ စိုက်ကြည့်ရင်း စိတ်ထဲမှာ အသက်ရှူကြပ်သလို ခံစားလိုက်ရသည်။


"သူတစ်ပါးကို ဘယ်လိုအလုပ်အကျွေးပြုရမလဲ သိတဲ့ကောရှိလား"


ကျန်းကျန့်က ထပ်မေး၏။


အလိုလိုက်အကြိုက်ဆောင်ခံရပြီး တခြားလူနောက်ကွယ်မှာ ပုန်းအောင်းမနေချင်ကြသည့်ကောအချို့လည်း ရှိကြပြီး၊ ၎င်းကို ဂရုမစိုက်တော့ဘဲ တင်ပါးကို ပိုလိမ်ပြီး ထွက်လာသည့် ကော နှစ်ယောက်လည်း ရှိသည်။


ကျန်းကျန့်:"..."


ကျန်းကျန့် ထိုလူများက သူ့ဆိုလိုသည့်အဓိပ္ပါယ်ကို နားလည်မှုလွဲနေပုံရသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။


"ငါ့မိန်းမက ကော... ငါသူ့ကိုအလုပ်အကျွေးပြုဖို့ တစ်စုံတစ်ဦးကိုရှာဖို့လိုအပ်တယ် ...ကြည့်ကောင်းနေဖို့ မလိုဘူး"


ကျောက်ကျင်းကောက ဟယ်ချိုးရှန့်ကို အလွန်ကြည့်ကောင်းသည်ဟု အမြဲထင်ခဲ့သည်။သူ ဒီလို လှတပတ ကောင်လေးတစ်ယောက်ကို ချစ်မိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ...

(😂 လွဲနေပြီ)


အနီးနားရောက်လာသော ကောနှစ်ယောက်၏ မျက်နှာများ ပြောင်းလဲသွားသည်။ ဘာလဲကွာ...ဒီလူက သူ့အတွက် အလုပ်အကျွေးပြုဖို့ တစ်စုံတစ်ယောက်ကို ရှာနေတာမဟုတ်ဘဲ သူ့မိန်းမကို အလုပ်အကျွေးပြုဖို့ တစ်စုံတစ်ယောက်ကို ရှာနေတာပေါ့...



ကျန်းကျန့်က မူလက လူများကို ပြုစုစောင့်ရှောက်နိုင်သော အသက်ကြီးကြီးတစ်ဦးကို ရှာဖွေချင်ခဲ့သော်လည်း ရလဒ်အနေဖြင့် သူလှည့်ပတ်ကြည့်ရှုခဲ့ရာ ထိုလူများကြားတွင် ပိန်ပိန်ပါးပါးနှင့် အသားမည်းသူတစ်ဦးရှိကြောင်း တွေ့ရှိခဲ့သည်။


ဤကလေးသည် အသက်မပြည့်သေးသည့်ပုံပေါက်ကာ အသက်ဆယ့်နှစ်နှစ် သို့မဟုတ် ဆယ့်သုံးနှစ်ရှိနိုင်သည်ဟု ခန့်မှန်းထားပြီး၊ သူ့ကို ချီထားသည့် ရုပ်ရည်သွင်ပြင် အလွန်တရာမှ သာမန်ဆန်သော အမျိုးသမီးတစ်ဦးလည်း ရှိသည်။


"မင်းတို့နှစ်ယောက် ငါ့ကို လက်ပြ...ဘာလုပ်ဖူးလဲ"

ကျန်းကျန့်က မေးလိုက်သည်။


"ကျွန်မက ထမင်းချက်ပါ"

အမျိုးသမီးက တုန်လှုပ်သွားသည်။ သူမနှင့် ကောင်လေးတို့ ဆန့်ထုတ်လိုက်သော လက်များသည် ထူထဲသော အသားမာများ၊မီးလောင်ဒဏ်အရာများဖြင့်ဖုံးလွှမ်းနေသည်။


ထိုအမျိုးသမီးသည် ထမင်းဟင်းအချက်ကောင်းပြီး သားဖြစ်သူ သူမအား ကူညီရန် လိုအပ်ကြောင်း ခေါင်းမာမာနှင့် တောင်းဆိုသောကြောင့် ပင်လယ်ဓားပြများ၏ အတူတကွ ချုပ်နှောင်ခံထားရသော သားအမိလည်း ဖြစ်သည်။


"မင်းတို့နှစ်ယောက်ပဲ"

ကျန်းကျန့်ကပြောလိုက်၏။


ကျောက်ကျင်းကောကို ပြုစုစောင့်ရှောက်ရန် လူတစ်ဦးတည်းကိုသာ အလိုရှိခဲ့သော်လည်း ယခုအခါတွင် ၎င်းကို တွေးတောနေခဲ့သည်. . . နှစ်ယောက်ရှိတာလည်း မဆိုးပါဘူး. . .


ကျောက်ကျင်းကောကို ပြုစုစောင့်ရှောက်မည့်သူကို ရွေးချယ်ပြီးနောက် ကျန်းကျန့် သူ့လက်ကို ဝှေ့ယမ်းကာ ကျန်ရှိသော အမျိုးသမီးနှင့် ကောများကို ပစ္စည်းများရွှေ့ရန် စေလွှတ်လိုက်သည်။


ဆာလောင်မှုကြောင့် အသားအရေ လျော့တွဲလာသော လော့ထျန်းကျစ်ဟုခေါ်သည့် လူဝကြီးက ကျန်းကျန့်ကို မနာလိုသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။


ဓားပြရွာမှ အမျိုးသမီးအချို့သည် အလွန်ကြည့်ကောင်းကြသော်လည်း ကျန်းကျန့်က ၎င်းတို့ကို တစ်ချက်မျှ မကြည့်ခဲ့ပေ။ သူ့မိန်းမက ပိုလို့တောင် လှတာဖြစ်မယ်...


ကျန်းကျန့်၏ လက်အောက်ငယ်သားများက ကျန်ူကျန့်ကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်နေကြသည် ။သူတို့ရဲ့ ဘော့စ်က အစာအနာမဲ့လွန်းတယ်... ဒီလို နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးတွေနဲ့ ကောတွေကို သူ ဘယ်လို လုပ် အလုပ်ခိုင်းရတာလဲ...


သို့သော် . . ဆန်အိတ်သေးသေးလေးတောင် မသယ်နိုင်ဘဲ အီးရောအီးရောဖြစ်နေသည့် ဤအမျိုးသမီးတွေနှင့်ကောတွေကို တွေ့လိုက်ရသောခါ ထိုလူတွေ နှုတ်ဆိတ်သွားပြန်သည်။


ရုပ်ရည်ချောမောတာက တကယ်ကို အသုံးမဝင်ပါဘူး...ဒီလိုလူနဲ့ တကယ်လက်ထပ်ရရင် သူတို့ကိုပြုစုဖို့ တစ်စုံတစ်ယောက်ကို ပိုက်ဆံပေးခိုင်းရဖို့ လိုမှာမဟုတ်ဘူးလား...


ကျန်းကျန့် ပင်လယ်ဓားပြရွာမှ ပင်လယ်ဓားပြများပိုင် လှေအမြောက်အမြားသို့ ငွေနှင့် အဖိုးတန်ပစ္စည်းများကို ရောက်ရှိရန် တစ်ရက် အချိန်ယူခဲ့ရပြီး ပင်လယ်ဓားပြများ၏ လှေများပေါ်တက်ကာ ကျန့်ရီ၏ ရေယာဥ်စုဆီသို့ ဦးတည်သွားခဲ့သည်။


ထိုကိုမသွားခင်မှာ ဝမ်ဟိုင်ရှန်းကို လှေငယ်တစ်စင်းရှာပြီး မြေပြင်အနေအထားနှင့် ရင်းနှီးသူတွေကို ခေါ်သွားကာ ရုံးတော်ဆီ ပင်လယ်ဓားပြများ၏ အခြေအနေကို သတင်းပို့ခိုင်းခဲ့သည်။


အရင်တုန်းက ကျန်းကျန့်က သူတို့ကို ပင်လယ်ဓားပြတွေကို ကြိုးတုပ်ရုံတုပ်ပြီး မသတ်ဘူးဆိုပြီး ပြောသည့်အခါ ဝမ်ဟိုင်ရှန်း အတော်လေး ထူးဆန်းသည်ဟု ခံစားရပေမဲ့ ယခု ကျန်းကျန်း ဘာလုပ်မည်ဆိုသည်ကို ကြားလိုက်သည်နှင့် ဖြစ်ပျက်နေသည်ကို သဘောပေါက်သွား၏. . .


တစ်ခုသာ. . .


"ဘော့စ်...သတင်းသွားပေးမှာဆိုရင် ဒီကောင်တွေကို ဘာလို့မထားခဲ့တာလဲ"


ဘာပဲဖြစ်ဖြစ် သူတို့ သတင်းပို့မယ် ဆိုရင် သုံ့ပန်းတွေကို ထားခဲ့လိုက်တာ အဆင်ပြေမှာပဲဟုတ်တယ်မလား...ရုံးတော်က သူတို့အတွက် တစ်ခုခု စီစဉ်ပေးလိမ့်မည်။


"ငါ လူလိုနေတယ်"


ကျန်းကျန့်က ဝမ်ဟိုင်ရှန်းကို ကြည့်လိုက်သည်။ သူ့အနေဖြင့် လှေများကို ရွက်လွှင့်ရာတွင် ကူညီရန် တစ်စုံတစ်ယောက် လိုအပ်ပြီး ကျန့်ရီ ဘက်မှလည်း သင်္ဘောသား နည်းပါးခဲ့သည်။ယခု​လိုအခြေအနေမျိုးမှာ သူဘယ်သူ့ကိုမှ ချန်ထားခဲ့၍ မရပေ။


အစိုးရကို အစီရင်ခံသည့်ကိစ္စကမူ. . . အကယ်၍ ထိုပင်လယ်ဓားပြများကို အနှေးနှင့်အမြန် မဖြေရှင်းပါက၊ ၎င်းတို့သည် ထပ်မံစုရုံးမည်ဖြစ်သည်။ သူက လူသတ်သမားမဟုတ်သလို ဤလူအားလုံးကို သတ်ပစ်ရန်လည်း စိတ်မဝင်စားပေ။ အစိုးရအား သူတို့ကိုဖြေရှင်းခိုင်းလိုက်သည်က ပိုကောင်း၏။


အရာရှိတွေက အကျင့်ပျက်ပြီး ဂရုမစိုက်ရင်တော့ ...ဒါက သူစီမံနိုင်တဲ့ အရာ မဟုတ်ဘူး...


ပင်လယ်ဓားပြများပိုင်သည့်ထဲတွင် သင်္ဘောကြီးများ မရှိသော်လည်း အချို့မှာ ကောင်းမွန်နေဆဲဖြစ်သည်။ အားလုံးလိုက်လျောညီထွေရှိရန်အတွက် ကျန်းကျန့် အလွန်ကြီးမားသောသင်္ဘောခုနစ်စင်းကို ရွေးချယ်ခဲ့သည်။


ကျန့်ရီ၏ ရေယာဉ်စု နားလည်မှုမလွဲစေရန်အတွက် ကျန်းကျန့် ၎င်းတို့အား ကြိုတင်အကြောင်းကြားရန် လှေငယ်တစ်စင်းကို စေလွှတ်ခဲ့သည်။


လှေက အလွန်မြန်ပြီး အသိပေးပြီး မကြာခင်မှာပဲ ပြန်ရောက်လာခဲ့သည်။လှေလေးထဲမှာ ကျောက်ကျင်းကောတစ်ယောက် ရပ်နေ၏။


ကျောက်ကျင်းကော ကျန်းကျန့်ကို စောင့်နေခဲ့သည်။ သူအလွန်ကိုမှစိတ်မငြိမ်မသက်ဖြစ်ပြီး မတ်တပ်ရပ်မနေနိုင်ဘဲ သတင်းလာပါးသည့် လှေပေါ်တက်လိုက်လာခဲ့၏။


လှေပေါ်တွင် ရပ်ရင်း ကျန်းကျန့်ကို အဝေးမှ မြင်လိုက်ရသဖြင့် ကျောက်ကျင်းကော နှုတ်ခမ်းတွန့်ကွေးသွားခြင်းကိုမထိန်းလိုက်နိုင်ပေ။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူသည် တစ်ချိန်လုံး ဖျားနေပြီး အော့အန်နေသော်လည်း ယခုအချိန်တွင် ကျန်းကျန့်ကို မြင်ပြီးနောက် ထိုမသက်မသာများ ပျောက်ကွယ်သွားခဲ့သည်။


အခုချိန် ပျို့အန်တာကို သူ ဘယ်လိုလုပ်တွေးနိုင်မလဲ...သူက ကျန်းကျန့်ကို ခဏလောက်ဖြစ်ဖြစ်စောပြီး တွေ့ချင်ခဲ့ရုံ...


ကျောက်ကျင်းကောက ကျန်းကျန့်ကိုလွမ်းဆွတ်သလို ကျန်းကျန့်ကလည်း ကျောက်ကျင်းကောကိုလွမ်းဆွတ်သည်။


ကျောက်ကျင်းကောက လှေကလေးပေါ်တွင် ရပ်နေပြီး သူရှိရာကို ဦးတည်းလှမ်းကြည့်သည်ကို မြင်လိုက်ရသောအခါ ကျန်းကျန့်၏ မျက်လုံးများ တောက်ပလာပြီး သူ့စိတ်ထဲတွင် ကျေနပ်မှုတစ်ခု ခံစားလိုက်ရသည်။


ဝန်ထုပ်ဝန်ပိုးအပြည့်နှင့် အိမ်ပြန်ရောက်သည့်အခါ တစ်ယောက်ယောက်က သင့်ကို ကြိုဆိုလျက်ရှိပြီး သင်၏ပျော်ရွှင်မှုကို မျှဝေပေးရသည်က ကြည်နူးစရာကောင်းသည့်အရာတစ်ခုဖြစ်သည်မှာ အသေအချာပါပင်။


လှေအနီးသို့ ရောက်သည်နှင့် တပြိုင်နက် ကျန်းကျန့်က ကြိုးလှေခါးကို ဆွဲကာ သင်္ဘောပေါ်မှ ခုန်ဆင်း၍ ကျောက်ကျင်းကော အနားသို့ ဆင်းသက်ခဲ့သည်။


သူ၏ရုတ်တရက်ဆင်းသက်မှုကြောင့် လှေသည် ပြင်းထန်စွာလှုပ်ခါပြီး အလွန်မတည်မငြိမ်ဖြစ်လာကာ ကျောက်ကျင်းကော လဲကျလုနီးပါးဖြစ်ခဲ့သည်။သို့ပေမဲ့ သူ လဲကျမသွားခင် ကျန်းကျန့်က သူ့ကို ပွေ့ဖက်ထားပြီးသားဖြစ်၏။


"ကျင်းကော...ကိုယ် မင်းကိုအရမ်းလွမ်းတယ်"


ကျောက်ကျင်းကောက ရှက်ပြီး စကားမပြောနိုင်ပေ။


ကျန်းကျန့်က ဘယ်လိုလုပ် သူ့ကို လူရှေ့သူရှေ့မှာ ပွေ့ဖက်ပြီး ဒါတွေအားလုံးကို ပြောနိုင်ရတာလဲ... နည်းနည်းတောင် ရှက်ဖို့ကောင်းမှန်း သူမသိဘူးလား...


ကျောက်ကျင်းကော ဘာမှပြန်မပြောသော်လည်း သူ့စိတ်ထဲတွင်တော့ ဝမ်းသာနေသည်။ ထို့နောက် ကျန်းကျန့်က သူ့ခေါင်းနှင့် မျက်နှာကို ထိလိုက်သည်ကို ခံစားလိုက်ရသည်။


"ကျင်းကော ကိုယ့်ကိုလွမ်းနေလား"


ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်သည်။


ကျန်းကျန့်က ရယ်မောလိုက်သည်။ကျောက်ကျင်းကော၏ ခေါင်းက အတော်လေး နိမ့်နေ၍သာ မဟုတ်လျှင် သူ သူ့ကို နမ်းချင်နေလိမ့်မည်။


သူ့နောက်က သင်္ဘောကြီးပေါ်က လူတော်တော်များများက ဤမြင်ကွင်းကို ကြည့်နေကြပြီး ဘာလုပ်ရမှန်းမသိဖြစ်နေချိန်မှာ ကျန်းကျန်းက ကျောက်ကျင်းကောကို ပွေ့ဖက်ထားပြီး လွှတ်မပေးချင်ဖြစ်နေသည်။


"ဒီလူက ဘယ်သူလဲ"


ရှေ့ကထွက်ပြီး ကျန်းကျန့်နှင့် စကားပြောရန် အစပြုခဲ့သည့် အမျိုးသမီးက မေး၏။


ထိုအမျိုးသမီး၏အမည်မှာ လျှိုချမ်ချမ် ဖြစ်သည်။သူမမှာ ပစ္စည်းတွေ သယ်ပေးရခြင်းကြောင့် လက်တွေ ကိုက်ခဲနေ၏။ ထို့ကြောင့် သူမ၏ ကျန်း​ကျန့်အပေါ်ထားရှိသည့် စိတ်ကူးကို မစွန့်လွှတ်ရုံသာမက ပိုပို၍ စိတ်ပိုင်းဖြတ်လာခဲ့သည်။


သူမ အလုပ်မလုပ်ဘဲ ကောင်းကောင်းစားသောက်နေနိုင်သရွေ့ ကျန်းကျန့်အား သူမကို လက်ထပ်ရန် တောင်းဆိုလိမ့်မည်​မဟုတ်ပေ။


"ဟုတ်တယ်... ဒီလူက ဘယ်သူလဲ"


ထူးထူးခြားခြား ချောမောလှပသောကောတစ်ယောက်ကလည်း မေးသည်။ သူ့နာမည်က ကျောက်လင်ရှီးဖြစ်၏။မူလက သူသည် အိမ်ထောင်ကျပြီးခါစလူတစ်ယောက်ဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ၏ မွေးရပ်မြေသို့ ပြန်လာရာလမ်းတွင် ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခြင်းခံခဲ့ရသည်။


သူသည် ပင်လယ်ဓားပြများကို မနာခံချင်သော်လည်း ရက်အနည်းငယ်ကြာအောင် ဆာလောင်လာပြီးနောက် သည်းမခံနိုင်တော့ပေ။၎င်းကို တစ်ကြိမ်လုပ်ပြီးနောက်တွင် သူ ပိုပို၍ ပေါ့ပါးလာသည်။


သူ့ခင်ပွန်းက ဆုံးပါးသွားပြီဖြစ်ပြီး သူ ပင်လယ်ဓားပြတွေ၏ သားရဲတွင်းထဲမှာ နေနေသည်မှာ ကြာပြီဖြစ်၏။ သူ့မွေးရပ်မြေကို ပြန်သွားလျှင် အရှက်ကွဲမှုထဲမှာ နစ်မြှုပ်သွားလိမ့်မည်။ ပြန်မသွားရန် ဆုံးဖြတ်ပြီး သူ့ကိုယ်သူ ထောက်ပံ့ဖို့ နည်းလမ်းရှာချင်ခဲ့သည်။


ကျန်းကျန့်က အားကိုးထိုက်သူတစ်ယောက်ဟု သူခံစားရသည်။


ထိုနေ့တွင် တောင်ပေါ်သို့ စစ်ချီသောအခါ ကျန်းကျန့်ကို သူမြင်လိုက်ရသည်။ဤလူက တကယ်သတ္တိရှိ၏။ပင်လယ်ဓားပြခေါင်းဆောင်တွေကိုလည်း သတ်ပစ်ခဲ့သည်ဟုလည်း သူကြားသည်. . .


ထိုသို့သော ထူးချွန်သူတစ်ဦးအတွက်၊ ထိုသူ့တွင် ပိုက်ဆံမရှိလျှင်ပင် သူ့မှာ နာခံလိုစိတ်ရှိသည်။သို့ပေမဲ့ ယခု ထိုသူ့လက်ထဲမှာ ရှိသည့် ပင်လယ်ဓားပြတွေ၏ ပိုက်ဆံတွေကို မဆိုထားနှင့်၊သူ့မှာ ပိုက်ဆံမရှိဖို့ရာ မဖြစ်ရေးချမဖြစ်နိုင်ပေ။


လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် ၎င်းတို့ကြားတွင် မီးတောက်တစ်ခု ရှိနေသကဲ့သို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ၎င်းနောက် ဟယ်ချွန်းရှန့်ကို အတူတကွ ကြည့်းလိုက်ကြသည်။


ထိုသို့သော အလှလေး နှစ်ယောက်၏ စိုက်ကြည့်နေခြင်းခံရသော ဟယ်ချွန်းရှန့်တစ်ယောက် အလွန် စိတ်မသက်မသာ ဖြစ်လာကာ မပြောမီ ခေတ္တရပ်လိုက်သည်။


"အဲဒါ ငါတို့ဘော့စ်ရဲ့ ဇနီးပဲ"