Chapter 76
"ယင်းကျောင်း"
ယခု အချိန်သည် ကိုယ်ပိုင်စာကြည့်ချိန်ဖြစ်သောကြောင့် အနည်းငယ် ထူးဆန်းနေလေသည်။ ထို့အပြင် သူတို့စကားပြောပြီးသည်မှာ သိပ်မကြာသေးသောကြောင့် အကြောင်းမရှိလျှင် ယင်းကျောင်းက သူ့ကို ဖုန်းခေါ်မည် မဟုတ်ပေ။
သူက ယင်းကျောင်း၏ ရယ်နေသံ ခပ်ဩဩကို ကြားလိုက်ရသည်။
"ဟယ့်ကျိုးရဲ့ အမေက ဂျပန်ကနေ ခေါင်းကိုက်တာအတွက် ထိရောက်တဲ့ ဆေးတွေ သယ်လာတယ်လို့ကြားလို့ ကိုယ်မင်းရဲ့ ခါင်းကိုက်တဲ့ လက္ခဏာကို မေးချင်လို့ နောက်ပြီး ကောင်းသွားမလားကြည့်ရအောင်"
"ငါအခု အဆင်ပြေနေပါပြီ"
ကျင်းစစ်က မထိန်းနိုင်ဘဲ သူ့နှုတ်ခမ်းထောင့်များကို မြင့်တက်သွားစေကာ နူးနူးညံ့ညံ့လေး ပြောလိုက်သည်။
" မလိုတော့ပါဘူး"
" အတန်းဖော်လေးရေ မင်းကတော့ ဒါပဲပြောနေတော့တာပဲနော်"
ယင်းကျောင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်းအခုနောက်ပိုင်း ခေါင်းကိုက်တာ နှစ်ကြိမ် ဖြစ်ထားတာကို ကိုယ်သိတယ် အချိန်တိုင်းကလည်း အကြာကြီးဖြစ်တယ်လေ အဲ့ဒါက ကောင်းတာလား"
"အဲ့ဒါက အရမ်းအကြာကြီးတော့ မဖြစ်ပါဘူး "
ကျင်းစစ်က သူစိုးရိမ်နေမှာ စိုးရိမ်သောကြောင့် အမြန်ရှင်းပြလိုက်သည်။
" မင်းငါ့ကို PE အတန််းချိန်တုန်းက လုပ်ပေးခဲ့တယ်လေ..."
(Eng T/n : ကျင်းစစ်ပြောချင်တာက ယင်းကျောင်းကသူ့ခေါင်းကို ပွတ်ပေးတာကို ပြောတာ)
ယင်းကျောင်း၏ ကြီးမားကျယ်ပြန့်သောလက် အကြောင်းကို တွေးမိသောအခါ ကျင်းစစ်သည် မတတ်နိုင်ဘဲ သူ့မျက်နှာမှာ ရှက်သွေးဖြာကာ နီရဲသွားရသည်။ သူခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။
"မင်းကငါ့ခေါင်းကို ပွတ်ပေးထားသေးတဲ့အပြင် ဒီတစ်ကြိမ်ပြိုင်ပွဲက တိုတယ်လေ ဒုတိယ စာမေးပွဲ စတော့မယ်ဆိုပေမယ့် ငါ မိနစ်တော်တော်ကြာတဲ့အထိ ဘာနာကျင်တာကိုမှ မခံစားရဘူး"
ယင်းကျောင်းက ထိုစကားလုံးများကို စောင့်နေခြင်းဖြစ်၏။
ကျင်းစစ်နှင့် စကားပြောပြီးတဲ့နောက် ယင်းကျောင်းသည် ရုတ်တရက် တစ်စုံတစ်ယောက်ကို ချောင်အန်းယန် ပြိုင်ပွဲနေ့တွင် ပုံမှန် ဟုတ်မဟုတ် မေးခိုင်းလိုက်ပြီးနောက် သူတစ်စုံတစ်ခုကို ရှာတွေ့လေသည်။
ထိုအချိန်တွင် ချောင်အန်းယန်၏ ထိုင်ခုံဖော်သည် တမင်တကာ ကစားပွဲထဲသို့ ပိုက်ဆံအများကြီး ထည့်ပြီး သူ့ကို ကံစမ်းမဲဖောက်ရာတွင် ကူညီခိုင်းသောကြောင့် သူသေချာရှင်းရှင်းလင်းလင်း မှတ်မိနေလေ၏။
မနက်တွင် အခြားသူများကိုလည်း ကျားကွက်ဆွဲပေးခဲ့သော်လည်း ထိုအချိန်တွင် အနိုင်ရရှိမှုက ရပ်တန့်သွားကာ သူ့ကံကောင်းမှုကုန်သွားသလို ဘာကိုမျှ မနိုင်တော့ပေ။
ယင်းကျောင်းက သင်္ချာတွက်နေသည်။ အတန်းတွင်းစာလေ့ကျင့်ချိန်က ကျင်းစစ်ဒုတိယ စာမေးပွဲ ဖြေဆိုနေချိန်ဖြစ်သည်။
ထို့အပြင် ဤအကြောင်းကို အတည်ပြုရန်အတွက် ကျင်းစစ်ကို ဖုန်းခေါ်ခဲ့ခြင်းဖြစ်ပြီး ယခုတွင်တော့ ကျင်းစစ်ကို ထပ်ကာထပ်ကာ အနှောက်အယှက်ပေးတော့မည် မဟုတ်ပေ။
ယခုတော့ ကျင်းစစ်၏ အဖြေက သူ၏ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်ချေပြီ။
ချောင်အန်းယန်ကို မမြင်ရလျှင်တောင် ကျင်းစစ်က သူ့ရဲ့သက်ရောက်လွှမ်းမိုးမှုကို ခံရလိမ့်မည်။
"ဟုတ်တယ် အဲ့တာက ညွှန်ပြချက် 3 အဆင့်ရှိတဲ့ဆေးဆိုတော့ မင်း မဆင်မခြင်သောက်လို့မရဘူး"
ယင်းကျောင်းက သူ့စကားများကို ပြန်လှည့်ကာပြောလိုက်သည်။ သူက ဖုန်းကို ချလိုက်ပြီးနောက် သူအခုချိန်ထိ စုဆောင်းမိထားသော သဲလွန်စများကို အာရုံစိုက်တော့မည့်အချိန်တွင် ဖုန်းထဲမှ သူစိမ်း ယောင်္ကျားသံကို ကြားလိုက်ရသည် --
" ရှောင်ကျင်းရေ ဒီမှာ"
ရှောင်ကျင်း...???
ကျင်းစစ်မှာ သူ့ကို ရှောင်ကျင်းလို့ ခေါ်တဲ့ သူငယ်ချင်းရှိမှန်း ငါဘာလို့ မသိရတာလဲ...
ယင်းကျောင်းက သူ့နှုတ်ခမ်းများကို ဆူပြီး မေးလိုက်သည်။
" မင်းအပြင်မှာလား"
"အင်း"
ကျင်းစစ်က အရှေ့သို့ ခြေလှမ်းတစ်လှမ်း လှမ်းကာပြောလိုက်၏။
" အစ်ကိုရှောင်းက ငါ့ကို စာအုပ်ဝယ်ဖို့ ခေါ်လာတာလေ"
အစ်ကိုရှောင်း...
သူ ထိုလူကို သိ၏။ ထိုသူက ကျင်းစစ် ယခင်က ပြောခဲ့ဖူးသော ချင်းဟွာတက္ကသိုလ်သို့ အကြံပြုခံထားရသူဖြစ်ပြီး သူ့နာမည်က ရှောင်းလေ့ယွဲ့ ဖြစ်သည်။
အဲ့ဒီလူကက တခြားသူ မဟုတ်ဘဲ ကျင်းစစ်နှင့် စိတ်ဝင်စားမှုတွေ ဝါသနာတွေတူတဲ့သူဖြစ်ရုံတင်မကဘူး ခုချိန်ထိ ကျင်းစစ်ကို သင်္ချာသင်ပေးနိုင်တဲ့ တစ်ဦးတည်းသော သူလေ!
ယင်းကျောင်း မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
ညဘက်ကြီးမှာ ရည်းစားမရှိတဲ့သူ(ရှောင်လေ့ယွဲ့)နဲ့ တစ်ယောက်တည်းဖြစ်နေတဲ့သူ(ကျင်းစစ်) သူတို့နှစ်ယောက်က စီနီယာ ဂျူနီယာ ခေါ်ပြီး အပြင်ကို အတူတူထွက်တယ် စောက်ရမ်းရိုမန်တစ်ဆန်တယ်ဟ !
ဟားဟား...
ယင်းကျောင်းက အသက်ပြင်းပြင်းရှုကာ ပြုံးပြီး ကျင်းစစ်ကို မေးလိုက်သည်။
"ကလေးလေး ဒီည ဖရဲသီးက စားလို့ ချိုရဲ့လား"
အကြောင်းအရာကိုရုတ်ချည်းပြောင်းလဲလိုက်ခြင်းကြောင့် ကျင်းစစ်မှာ နားမလည်နိုင်ဖြစ်သွားရပြီး အံအားသင့်စွာ ပြောလိုက်မိသည်။
" ငါဒီည ဖရဲသီးမစားခဲ့ပါဘူး"
"တကယ်လား" ယင်းကျောင်းက အပြုံးလေးဖြင့် ဆက်ပြောလိုက်သည်။
"အဲ့ဒါဆို ဘာလို့ ဖရဲသီးတစ်ခြမ်းရဲ့အခွံက ကိုယ့်ခေါင်းပေါ် ရောက်နေတာလဲ"
ကျင်းစစ်က သူဘာကို ဆိုလိုမှန်း နားမလည်ပေ။
ယင်းကျောင်း " အဲ့ဒါက အစိမ်းရောင်ကြီး စိမ်းတာမှတောက်တောက်ပပကိုစိမ်းနေတာ"
ကျင်းစစ်က ချက်ချင်း နားလည်သွားပြီး ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။
" မဟုတ်ဘူး ငါတို့ စာအုပ်ဆိုင်ကိုပဲ သွားတာ..."
"ဒါပဲလား"
ယင်းကျောင်းက အပြုံးဖျော့ဖျော့လေးဖြင့် ပြောလိုက်သည်။
"ပေါင်ပေ့ ကိုယ့်နဲ့ပဲ အဲ့ဒါမျိုးတွေလုပ်ပါနော်"
သူက မျက်လွှာအသာချပြီး ပြောလိုက်သည်။
"ကိုယ့်စကားနားထောင်ပါ အခု ပြန်တော့ ဘယ်စာအုပ်ဆိုင်မှ မသွားနဲ့တော့ အစ်ကိုရှောင်းနဲ့ အတူတူထပ်သွားမယ်ဆို ကိုယ်မင်းကို အပြစ်ပေးမှာနော်"
_____
ကျင်းစစ်က အလိုအလျောက်တုံ့ပြန်ပြီး ထိုလူ့ကို ဘာလို့လဲဟု မေးလိုက်ချင်ပေမဲ့ တခဏအတွင်း ယင်းကျောင်းသည် သူ့ကို ကျိုးချောင် အရှေ့တွင် အဝတ်လဲခွင့်မပေးဘူးလို့ ပြောဖူးတာကို မှတ်မိသွားလေသည်။ မဟုတ်လျှင် သူ့ကို အရောင်တွေပါတဲ့ အပြစ်ကို ပေးမှာလို့ပြောခဲ့သည်။
တူညီသော အကြောင်းအရာ တူညီသော စာကြောင်းပင်။
ကျင်းစစ် နှလုံးသားထဲမှ နားလည်သွားသည်။
သူ့အရှေ့မှ ရှောင်လေ့ယွဲ့ကို နီရဲနေသောမျက်နှာဖြင့် ရှက်ရွံ့စွာ ကြည့်လိုက်ပြီးနောက် လူအနည်းငယ်သာရှိသော စာအုပ်ဆိုင် အတွင်းပိုင်းထဲသို့ ဝင်သွားကာ တိုးတိုးလေးပြောလိုက်သည်။
" အထင်မလွဲပါနဲ့ ဆရာကျောက်က ငါတစ်ယောက်တည်း အပြင်သွားမှာ စိုးရိမ်လို့ အစ်ကိုရှောင်းကို လမ်းပြပေးဖို့ အထူးတလည် တောင်းဆိုထားတာ"
ယင်းကျောင်းက မျက်ခုံးများကို ပင့်လိုက်မိသည်။ ကျန့်ချွယ်က ယင်းကျောင်းကို စီးကရက် လှမ်းပေးလာရာ ဤတစ်ကြိမ်တွင်တော့ မငြင်းတော့ပေ။ သူကစီးကရက်ကို တစ်ရှိုက်သောက်လိုက်ပြီးနောက် နှာမှုတ်ကာ ပြောလိုက်သည်။
" ဘာလို့ မင်းကို သူကိုယ်တိုင် ခေါ်မသွားတာလဲ သူ တစ်စုံတစ်ယောက်ကို ရှာနေတယ် ဆိုရင်လည်း ...အာ ကိုယ်နားလည်ပြီ ဘာလို့ သာမာန်အတန်းကမဟုတ်တဲ့ ဆရာတွေက အရမ်းပျင်းနေကြတာလဲ"
သူက ကျင်းစစ်ရဲ့ လွတ်လပ်မှုကို မပိတ်ပင်ချင်ပေ။ ဒီည တစ်ခြားတစ်ယောက်နဲ့ သွားတယ် ဆိုရင်တောင် သူ ဂရုမစိုက်ပေ။
ဒါပေမဲ့ ရှောင်လေ့ယွဲ့နဲ့တော့ မသွားစေချင်ပေ။
ကျင်းစစ်က သင်္ချာကို အရမ်းသဘောကျတဲ့ သူဖြစ်ပြီး အခု သူ့ဘေးနားမှာ သင်္ချာ အရမ်းတော်တဲ့သူ ရောက်နေသည်။
အဲ့ဒါက သောက်ကျိုးနည်း ဘာခံစားချက်ကြီးလဲ!
ကျင်းစစ်နှင့် ရှောင်လေ့ယွဲ့တို့ ကြားထဲတွင် ဘာမျှ မရှိတာကို သူ သေချာသိသော်လည်း သူလက်မခံနိုင်ပေ။
ယင်းကျောင်းက အသက်ပြင်းပြင်း ရှုလိုက်ပြီးနောက် သူ့ကိုယ်သူ ကျိန်ဆဲကာ ဆက်ပြောလိုက်သည်။
" ကိုယ့်စကားနားထောင် မင်းလိုချင်တဲ့စာအုပ်ကို ပြောလိုက် ကိုယ်ဒီမှာ ဝယ်ပေးမယ် အခုတော့ ဟိုတယ်ကို ပြန်လိုက်တော့"
ကျင်းစစ်က တခဏမျှ တုံ့ဆိုင်းသွားပြီး ယင်းကျောင်းကို မပျော်မရွှင် မဖြစ်စေချင်ပေမဲ့ ယောင်ချန်းရှိ စာအုပ်အများစုက တုန်းဟိုင် ပြည်နယ်စုတွင် ဝယ်လို့ မရနိုင်ချေ။
" ငါ..."
သူဖုန်းကို နားနဲ့ ခွာကိုင်လိုက်ပြီး အချိန်ကို ကြည့်ကာ ယင်းကျောင်းကို ကောင်းကောင်းမွန်မွန်လေး သွေးဆောင်ဆွေးနွေးကြည့်လိုက်သည်။
" 15 မိနစ်လောက်ပဲ ငါသွားလို့ရမလား ငါရွေးပြီးတာနဲ့ ပြန်မှာပါ"
ယင်းကျောင်းရဲ့ နှလုံးသားလေးမှာ ရုတ်တရက် နူးညံ့သွားရသည်။ ကျင်းစစ်က တကယ့်လူကောင်းလေးပင်။ တခြားသူသာဆိုလျှင် သူ့ကို အော်ဟစ်ပြီး အလကားနေ ပတ်ရစ်နေတယ်လို့ ဆိုကာ ဆူပူကြိမ်းမောင်းလိမ့်မည်ပင်။ သို့သော် ကျင်းစစ်ကမူ မလုပ်ပေ။
သူ့ရဲ့ ခံစားချက်တွေကို ဂရုစိုက်ပြီးတော့ စာအုပ်ဆိုင်မှာ နေမယ့် အချိန်အတိအကျကိုပင် ပြင်ပြောလိုက်သေး၏။
သို့ရာတွင် သူအပြင်းအထန် တောင်းဆိုရလောက်အောင် ဘယ်လောက်အထိ တန်ဖိုးရှိသည့် စာအုပ်မှန်းနားမလည်နိုင်ပေ။
စီးကရက် ဖင်ဆီခံကို ချေလိုက်ပြီးနောက် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်လေသည်။ ဖုန်းကို လက်တစ်ဖက်က ကိုင်ရင်း အခြားတစ်ဖက်ကို သူ့အိတ်ကပ်ထဲမှ ချိုချဥ်ကို ထိကာမေးလိုက်သည်။
" မင်း ဘာစာအုပ်ဝယ်ချင်လို့လဲ အဲ့ဒါက အရမ်းအရေးကြီးတာလား"
ကျင်းစစ်က အင်း လို့ဖြေလိုက်ပြီး" မင်းမှာ ရှိနေတဲ့ လေ့ကျင့်ခန်းစာအုပ်တွေက နောက်ပိုင်းကျရင် မသင့်တော်တော့ဘူး နောက်ထပ် အသစ် တစ်ဆက်နဲ့ လဲဖို့လိုနေပြီ"
ယင်းကျောင်းမှာ အသက်ရှူ အောင့်လိုက်မိပြီး အတော်ကြာတဲ့အထိ စကားမပြောနိုင်တော့ပေ။
သူ့အတွက် စာအုပ်ဝယ်ပေးဖို့ ... ကျင်းစစ်က သူ့အတွက် စာအုပ်ကို ကိုယ်တိုင် ဝယ်နေတယ်...
ယင်းကျောင်းက မျက်လုံးမှိတ်လိုက်ပြီး သူ့နှလုံးသားထဲမှ ထကြွလာသော စိတ်ခံစားမှုများကို အတတ်နိုင်ဆုံးလျော့ချကာ စိတ်အေးအေးထားရန် ပြုလုပ်လိုက်ပြီး အက်ကွဲစွာ ပြောလိုက်သည်။
" အိုကေ ကိုယ် မင်းကို မနှောက်ယှက်တော့ဘူး မင်းဟိုတယ် ပြန်ရောက်ရင် ကိုယ့်ကို မက်ဆေ့ချ် ပို့လိုက် "
ကျင်းစစ်က မသေချာမရေရာသလိုဖြစ်နေသဖြင့် မေးလိုက်မိသည်။
"ဒါဆို မင်းစိတ်ဆိုးနေတုန်းလား"
"ကိုယ် စိတ်ဆိုးမဆိုးက အရေးမကြီးပါဘူး "
ယင်းကျောင်းက တခစ်ခစ်ရယ်လိုက်ပြီး ဟယ့်ကျိုးနှင့် သူ့ဘေးနားရှိ အခြား သူများကို ကြည့်ကာ နည်းနည်း ခပ်ဝေးဝေးသို လျှောက်သွားပြီးနောက် ပြောလိုက်သည်။
"ကိုယ်မင်းဆီ နောက်ကျသည်ဖြစ်စေ စောသည်ဖြစ်စေ ဘယ်လိုဖြစ်ဖြစ် ရောက်လာမှာပဲ"
ကျင်းစစ်၏ နားရွက်များမှာ နီရဲလာပြီး သူ့ခေါင်းတစ်ခုလုံး အငွေ့ပျံမတတ် ဖြစ်လာကာ အထပ်ထပ်အငေါ့ငေါ့ဖြင့် ပြောလိုက်မိသည်။
" ဖုန်း..ဖုန်းချပြီနော်"
ယင်းကျောင်းက သူ့ကို ဖုန်းပေါ်ကနေ အနမ်းပေးပြီးနောက် ပြောလိုက်သည်။
"အိုကေ"
ဖုန်းချပြီးတဲ့နောက် ယင်းကျောင်းသည် နံရံကို မှီရပ်လိုက်ပြီး သူ့မျက်နှာကမူ ပြုံးနေကာ ခုနလေးတင် ချဥ်တူးနေသောမျက်နှာပိုင်ရှင်မှာ သူမဟုတ်သကဲ့သို့ပင် ။
ဟယ့်ကျိုးနှင့် အခြားသူများမှာ သူ့မျက်နှာရဲ့ ပြောင်းလဲပုံကို ကြည့်ရင်း သူတို့ အရူးလုပ်ခံရသလို ခံစားလိုက်ရသည်။ စီးကရက်က အချိန်အကြာကြီး လောင်ကျွမ်းပြီးနောက် ပြာမှုန့်တွေစုပုံနေပြီဖြစ်ပြီး သူတို့သည်လည်း ကစားဖို့ပင် မေ့နေကြ၏။
ကျန့်ချွယ်သည် အစာစားဖို့နှင့် ရန်ဖြစ်ဖို့ပဲသိတဲ့သူမျိုးဖြစ်တာကြောင့် အချစ်ရဲ့ လွှမ်းမိုးခံရတာကို နားမလည်သဖြင့် အကြောက်အလန့်မရှိ မေးလိုက်သည်။
"အကိုကျောင်း အကိုမျက်နှာ အမူအရာ ပြောင်းလဲတာကို လေ့ကျင့်နေတာလား"
တစက္ကန့်တွင် လေပြင်းတိုက်ကာ မိုးသည်းကြီးမည်းကြီး ရွာနေပြီး နောက်တစ်စက္ကန့်တွင် ရာသီဥတုသာယာကာ နေရောင်တောက်ပနေလေ၏။
"ငါ့ကို မင်းတို့လို စင်ဂယ်ခွေးတွေရဲ့ အမြင်နဲ့ မကြည့်နဲ့ အိုကေလား မင်းတို့ကောင်တွေနားမလည်နိုင်ဘူး"
ယင်းကျောင်းက နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီးနောက် ကျန့်ချွယ်နှင့် အခြားသူတွေကို အသာပုတ်လိုက်ကာ စိတ်ကောင်းဝင်စွာဖြင့် မေးလိုက်သည်။
"ကျင်းစစ် အခုဘာလုပ်နေလဲ မင်းတို့သိလား"
" စာအုပ်ဆိုင်သွားနေတာလေ"
ကျန့်ချွယ်နှင့် အခြားသူများသည် သူ့ဘေးနားတွင် ထိုင်နေသောကြောင့် သူတို့က စကားတစ်ခွန်းစ နှစ်ခွန်းစကို အမှုမဲ့ အမှတ်မဲ့ ကြားလိုက်ကြရသည်။
ဘာများကြွားပြစရာရှိနေသေးလို့လဲ...
ကျန့်ချွယ်က အများကြီးမတွေးပေ။ တစ်ယောက်ယောက်သာ သူ့ကို စာလုပ်ဖို့ စာအုပ်ဝယ်ပေးရဲတယ်ဆိုရင်... အဲ့ဒီလူကို အကြိမ် 300 လောက် အပြေးအလွှား သွားပြီး ရိုက်နှက်ပစ်လိုက်မယ်...
" အင်း"ယင်းကျောင်းက နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီးနောက် " စာမေးပွဲဖြေဖို့ နှစ်ရက်ပဲ လိုတော့တာတောင် သူက ငါ့အတွက် စာအုပ်သွားဝယ်ပေးနေတယ်တဲ့လေ ဆရာကတောင် ထွက်ခွင့်မပြုတာကို"
"အဲ့ဒါ ဘာကိုဆိုလိုလဲ မင်းသိလား"
"ထားလိုက်တော့ မင်း အိုင်ကျူနဲ့တော့ နားလည်မယ့်ပုံလည်း မပေါ်ဘူး ငါပဲရှင်းပြတော့မယ် "
"သူ့နှလုံးသားထဲမှာ ငါက ပြိုင်ပွဲထက် ပို အရေးကြီးတယ်တဲ့လေ နားလည်ပြီလား ...အားယူအန်တာစတန်း!"
ဟယ့်ကျိုး : "..."
ဟယ့်ကျိုးမှာ ထပ်နားမထောင်နိုင်တော့သဖြင့် သရော်ပြုံးပြုံးလိုက်ပြီး " မင်းက ဆန်ပျော့ပျော့လေးတွေကို စားရတာပုံမှန် ဖြစ်နေပြီပဲ"
"အမှန်ပဲ" ယင်းကျောင်းက ရက်ရက်ရောရောပဲ ခေါင်းငြိမ့်ပြီး ဝန်ခံလိုက်သည်။
"ငါက ငယ်ငယ်တည်းက အစာအိမ် မကောင်းတော့ ကျင်းစစ်ရဲ့ ဆန်ပျော့ပျော့လေးတွေပဲ ပုံမှန်စားဖြစ်တယ်လေ"
ဟယ့်ကျိုး၊ ကျန့်ချွယ်၊ ဖန်ချန်းချန်း : "..."
ဟယ့်ကျိုး၏ မီးတောက်(ဒေါသ)သည် နှာခေါင်းပေါက် နှစ်ခုမှ အပူငွေ့များ မှုတ်ထုတ်လိုက်ပြီးနောက် စီးကရက် ဖင်ဆီခံကို အမှိုက်ပုံးထဲသို့ ထည့်လိုက်ပြီး စိတ်တိုစွာ လှည့်ကာ ထွက်သွားတော့သည်။
အဲ့ဒီ အရှက်မဲ့တဲ့လူကို ထပ်စကားပြောမိရင် ကိုယ့်ကိုယ်ကိုယ် အရှင်လတ်လတ်ခုတ်ပိုင်းပစ်မယ် !
အခြားတစ်ဖက်တွင်တော ရှောင်လေ့ယွဲ့၏ အကူအညီဖြင့် ကျင်းစစ်သည် ယင်းကျောင်းအတွက် သင့်တော်သော စာအုပ် ဒါဇင် အနည်းငယ်ကို ယူကာ ငွေရှင်းရန် ကောင်တာသို့ သွားလိုက်သည်။
သူ့လက်များကမူ တင်းကျပ်နေလေသည်။ သူက နေ့တိုင်း အစားဝယ်ရန် စျေးကို တွက်ချက်နေတတ်သော်လည်း ယင်းကျောင်း အတွက်မူ လိုလိုလားလားကို သုံးချင်နေ၏။
ယင်းကျောင်းအတွက် သင့်တော်တယ်လို့ထင်သမျှကို စျေးပင်မကြည့်ဘဲ ၀ယ်ယူလိုက်သည်။
"မင်း..."
ရှောင်လေ့ယွဲ့က သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး ယဥ်ကျေးစွာ သတိပေးလာသည်။
" မင်းအဲ့ဒီလောက်အထိ အများကြီး ဝယ်ဖို့ လိုလို့လား"
ဒီလောက်အများကြီး ဝယ်သွားရင် လမ်းမခွဲဘဲနဲ့ တကယ်ပဲ လက်ဆောင်အဖြစ်ပေးနိုင်ပါ့မလား...
"အင်း"
ကျင်းစစ်က ခေါင်းငြိမ့်လိုက်ပြီး အလေးအနက်ထား ပြောလိုက်သည်။
" အဲ့တာတွေအကုန်လုံးက ကောင်းတယ်လို့ ကျွန်တော်ထင်တယ်"
အခုခေတ် လူငယ်တွေ ချစ်မိရင် အကုန်အဲ့လိုမျိုးပဲလား...
ရှောင်လေ့ယွဲ့မှာ ရှုပ်ထွေးသွားပြီ မထိန်းနိုင်ဘဲ သူ့ကိုယ်သူ စိတ်ထဲတွင် သုံးသပ်မိလိုက်သည်။ သူက အကြောင်းပြချက်မရှိ စင်ဂယ် ဖြစ်နေတာမျိုးမဟုတ်ဘူးဘဲ။
ခြံဝိုင်းထဲက အချောလေးကို နောက်တစ်ကြိမ်ကျရင် "မြင့်မားတဲ့ နံပါတ် 18 သင်ခန်းစာများ" ဆိုတဲ့ စာအုပ်ကို ပေးကြည့်တာပေါ့...
ငွေရှင်းပြီးသောအခါ ကျင်းစစ်က ထပ်ပြီးနှောင့်နှေးမနေတော့ဘဲ ဟိုတယ်သို့ တိုက်ရိုက်ပြန်လိုက်တော့သည် ။ အစ်ကိုရှောင်းကို ကျေးဇူးတင်စကားပြောကာ ဆရာကျောက်ကို နှုတ်ဆက်လိုက်ပြီးနောက် သူ့အခန်းသို့ပြန်သွားလိုက်သည်။
ထိုညတွင် ကောင်းကောင်း အိပ်ပျော်ခဲ့လေ၏။
နောက်တစ်နေ့က ဆောင်းတွင်း စခန်းကို အစီရင်ခံသောနေ့ ဖြစ်သည်။ ဆရာကျောက်က တုန်းဟိုင် ပြည်နယ်စု အသင်း၏ ခေါင်းဆောင်ဖြစ်သောကြောင့် အရှေ့ဘက် ကောင်တာသို့သွားကာ မှတ်ပုံတင်ခြင်း နှင့် ငွေပေးချေခြင်းတို့ကို ပြုလုပ်လေသည်။
ထိုနေ့က အရေးမကြီးပေ။ စည်းရုံးရေးမှုးက ပြိုင်ပွဲဝင်များမှာ နေရာအစုံမှဟု စဥ်းစားပြီးနောက် ထိုနေရာတွင် နေသားကျရန် တစ်ရက်ပေးထားခြင်း ဖြစ်လေသည်။
ညနေဘက်တွင် ကျောက်ဖုန်သည် အခြားအသင်းခေါင်းဆောင်များနှင့် ဟိုတယ်၏ အစည်းအဝေးခမ်းမတွင် တွေ့ဆုံခဲ့ပြီး အချိန်စာရင်းများနှင့် အခြားသက်ဆိုင်သော အကြောင်းများကို ရရှိခဲ့လေ၏။
"အိပ်ယာစောစောဝင်ကြ ဖုန်းမကြည့်နဲ့တော့"