Chapter 78
-----------------------
တန်းခွဲ 7 ၏ လေးချိန်မြောက် အတန်းက ဓါတုဗေဒ အတန်းဖြစ်သည်။ ဆရာဝမ်က အတန်းရှေ့တွင် မိနစ် 20 ကြာစကားပြောပြီးနောက် အတန်း၏တံခါးခေါက်သံကြားလိုက်ရသည်။ ဆရာဝမ် လှည့်ကြည့်လိုက်သောအခါ ဆရာလျို ဖြစ်နေမှန်း တွေ့လိုက်ရသည်။
သူက စာအုပ်ကို ချလိုက်ပြီး သံသယဖြစ်စွာ မေးလိုက်သည်။
" လူအိုကြီးလျို တစ်ခုခု လိုလို့လား"
"ဆောရီးပါ ကျောင်းသားတစ်ယောက် ကိုလာရှာတာ"
ဆရာလျိုက တံခါးနားတွင် ရပ်ကာ ဆရာဝမ် ထံသို့ ခေါင်းငြိမ်ပြလိုက်ပြီးနောက မှောင်မဲနေသော မျက်နှာဖြင့် ပြောလိုက်၏။
" ယင်းကျောင်း ငါ့ဆီထွက်လာခဲ့စမ်း"
ယင်းကျောင်းက သူ့ခဲတံကို ချလိုက်ပြီး စိတ်မရှည်စွာ မျက်မှောင်ကြုံ့လိုက်ကာ တစ်တန်းလုံးကြည့်နေသော အကြည့်များအောက်တွင် မြန်မြန် ထွက်သွားလိုက်သည်။
"မင်းဘာဖြစ်ချင်နေတာလဲ"
အတန်းတံခါး ပိတ်သွားသည်နှင့် ဆရာလျိုက သူ့ဒေါသကို မထိန်းနိုင်တော့ပေ။ ကော်ရစ်ဒါပေါ်ရှိ တံခါးဘောင်ကို ပုတ်ကာ မေးလိုက်သည်။
" ဘာလို့ တန်းခွဲ 11 ကို သွားတာလဲ ချောင်အန်းယန်က မင်းကို ဘယ်နေရာမှာစိတ်အနှောက်အယှက်ဖြစ်အောင် လုပ်လို့လဲ အဲ့ဒီ့လောက်အထိ ရက်စက်ဖို့လိုလို့လား"
ယင်းကျောင်းက ပုံမှန်သာ ပြောလိုက်သည်။
"ကျွန်တော်သူ့ကို ကြည့်မရဘူး"
ဆရာလျိုခမျာ ဒေါသထွက်ရလွန်း၍ လဲကျတော့မလိုပင် ဖြစ်သွားရသည်။
"မင်းသူ့ကို သဘောမကျတာနဲ့ ရိုက်တယ်ပေါ့လေ ဟုတ်စ တခြားသူတွေကရော မင်းကို သဘောမကျရင် လာပြီးရိုက်ရမှာလား"
"ဖြစ်တယ်" ယင်းကျောင်းက ဂရုမစိုက်စွာ ပြုံးပြီး ပြောလိုက်သည်။
"သူတို့ရိုက်နိုင်ရင်ပေါ့"
" မင်း..."
ဆရာလျို ချောင်းဆိုးရလွန်းသဖြင့် ပါးစပ်အပြည့်သွေးတစ်လုပ် ကို ထွေးထုတ်မိမလိုပင် ဖြစ်သွားရပြီး စကားမပြောခင် အရင်ဆုံးအသက်ပြင်းပြင်းရှူလိုက်ရသည်။
"အိုကေ မင်းဘာဖြစ်နေတာလဲ မင်းတို့နှစ်ယောက်..."
ဆရာလျိုက ချောင်အန်းယန်၏ ရည်းစားစာကို တွေးမိသွားပြီးနောက် ရပ်တန့်လိုက်ကာ ရှက်ရွံ့စွာ ဆက်မေးလိုက်၏။
"သူ...မင်းကို ထပ်နှောက်ယှက်လို့လား"
"မဟုတ်ဘူး" ယင်းကျောင်းက ရယ်လိုက်ပြီး " ကျွန်တော် သူ့ကို အရမ်းရွံဖို့ကောင်းတယ်လို့တော့ မခံစားရပါဘူး သူအမာန်ခံရမှာစိုးလို့ သူ့ကို အရင်ရိုက်ပြီး ဆုံးမလိုက်တာ "
ဆရာလျို : "..."
ဆရာလျိုက သူ့ကို စိတ်တိုစွာ တစ်ချက်ပိတ်ရိုက်ပြီး ပြောလိုက်သည်။
" သာမန်ပဲပြောစမ်းပါ"
"အဆင်ပြေပါတယ် " ယင်းကျောင်းက သူ့ညာလက်ကို ငုံ့ကြည့်ပြီး ခပ်ပေါ့ပေါ့သာပြောလိုက်သည်။
" ကျွန်တော်သူ့ဒဏ်ရာအတွက် လျော်မှာပါ သူ vip အခန်းထဲမှာ 365 ရက်လောက်နေနိုင်တယ် "
ဆရာလျိုက မျက်မှောင်ကြုံ့လိုက်ပြီး ယင်းကျောင်းကို အပေါ်အောက် စုန်ချီဆန်ချီကြည့်လိုက်မိသည်။
ယင်းကျောင်းက လက်တွေ့မကျသော ကျောင်းသားမဟုတ်ပေ။ သူက ယင်းကျောင်းအကြောင်းကို အတော်လေး သိသည်။
ယင်းကျောင်းက မဆင်မခြင်လုပ်တတ်ပေမဲ့ အမှန်တွင်မူ သူက စိတ်ထဲ၌ သေချာတွက်ချက်တတ်၏။
ကျောင်းကို သူဝင်လာတည်းက ပြသနာတွေ အများကြီးရှာပေမဲ့ ၎င်းတို့က အန္တရာယ်မရှိပေ။ ဆရာတစ်ယောက်ကို အကြောင်းအရင်းမရှိဘဲရိုက်ခဲ့သည်မှလွဲ၍ သူက သာမာန် ကျောင်းသားတစ်ယောက်ကို ရိုက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
ဆရာလျိုက သူပြောတာကို မှန်တယ်လို့မထင်ပေမဲ့ ယင်းကျောင်း မပြောချင်သည့်အတွက် သူမမေးနိုင်ပေ။
မိဘခေါ်ရမယ်... အဲ့ဒါက ပိုပြီးတောင် မိုးမီးလောင်နိုင်စေတယ်...
ဆရာလျိုက ခေါင်းကိုက်သလိုပင် ခံစားလာရသည်။
"မင်း ဆရာ့ကို တိကျတဲ့ အဖြေမပေးနိုင်ဘူးလား ဘာလို့လဲ"
ဆရာလျိုသည် အလွန်ဒေါသထွက်လာရသဖြင့် အဓိပ္ပါယ်မရှိသော စကားများပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။
"အိုကေ အဲ့ဒါဆို မင်းပြန်ပြီး ငါ့အတွက် သုံးသပ်ချက်ရေးပေး ဒီတစ်ကြိမ် စာလုံးရေ ... မဟုတ်ဘူး စာလုံးရေ 15000 ရေးပေး မင်းမရေးနိုင်ရင် မပြီးမချင်းထပ်ရေး..."
"အိုကေ" ယင်းကျောင်းက ရိုးရိုးလေးသာ တုံ့ပြန်လိုက်ပြီး ဆရာလျို၏ တုံ့ဆိုင်းနေသော မျက်နှာကို ကြည့်ကာ မေးလိုက်သည်။
" တခြားတစ်ခုခု ရှိသေးလို့လား"
"မင်း..." ဆရာလျိုက သက်ပြင်းချလိုက်ပြီး စကားလုံးများကို သေချာတွေးတောပြီး ပြောလိုက်သည်။
"မင်းဒီတစ်ခေါက် တော်တော်လေး ကြိုးစားခဲ့တယ်လို့ ဆရာထင်တယ် ကိုယ့်အနာဂါတ်ကို အသေးအမွှားကိစ္စလေးတွေကြောင့် မပျက်ဆီးစေနဲ့"
ဆရာလျိုမှာ အမှန်ပင် စိတ်ပူနေမိသည် ။ ယင်းကျောင်း တိုးတက်လာတာကို မြင်ရဖို့က အလွန် ခက်ခဲလှသည်။ ချောင်အန်းယန်ကြောင့်နှင့် အရင်တုန်းက ယင်းကျောင်း ပုံစံကို သူ ပြန်မမြင်ချင်ပေ။
"စိတ်မပူပါနဲ့" ယင်းကျောင်းက တခစ်ခစ်ရယ်မောပြီး ပြောလိုက်သည်။
"ကျွန်တော်မလုပ်ပါဘူး"
သူ့အတန်းဖော်လေးကို အကောင်းဆုံးတက္ကသိုလ်မှာ အဖော်ပြုပေးရဦးမယ်လေ...
"ကောင်းပြီ"
ဆရာလျိုက သူ့ကို သတိပေးသလို ကြည့်လိုက်ပြီးနောက် ထပ်မပြောတော့ဘဲ အတန်းထဲသို့ ပြန်စေလိုက်သည်။
ကျင်းစစ်က ကျောင်းတွင် ဖြစ်နေတာတွေကို မသိပေ။ မနက်ခင်း ဖွင့်ပွဲအခမ်းအနား ပြီးနောက် စာမေးပွဲခန်းကို ထပ်ကြည့်ပြီးသောအခါ နေ့လည်တွင် သူနှင့်ကျိုးချောင်သည် ကျောက်ဖုန်၏ နောက်သို့ လိုက်ကာ အခမဲ့ နှီးနှောဖလှယ်တွေဆုံပွဲသို့ သွားကြ၏။
အဓိကကျောင်းများအားလုံးကို လိပ်တင်၍ရသော ခေါင်းစီးများဖြင့် သေချာအထူးချိတ်ဆွဲပေးထားပြီး သူတို့ကို ညီလာခံခန်းမထဲတွင် အတန်းလိုက် နေရာချထားပေးပုံက အတော်လေး ကြီးကျယ်ခမ်းနားပုံပေါ်စေသည်။
"ငါ့အဆင့်တွေသာ ပိုကောင်းခဲ့ရင် "
ကျိုးချောင်က ကောလိပ်များမှ ဆရာများနှင့် ဆွေးနွေးပြောဆိုနေကြသော ကျောင်းသားများကို ကြည့်ကာ မနာလိုစွာပြောလိုက်သည်။
" သူတို့က နာမည်ကြီးကျောင်းတွေက မလား"
ကျင်းစစ်က ထိုင်ခုံကို ရှာတွေ့သည်နှင့် ထိုင်လိုက်ပြီး ဘော့ပင်နှင့် စာအုပ်ကို ထုတ်ကာ အမှန်ကို ပြောလိုက်သည်။
"မင်းပြိုင်ပွဲမှာ ဝင်မပါရင်တောင် အဲ့ဒီကျောင်းတွေကို ဝင်နိုင်တယ်"
ကျိုးချောင်က ထိုစကားများကို ကြားသောအခါ ရုတ်တရက် ပျော်ရွှင်သွားပြီး ပြောလိုက်သည်။
"အစ်ကိုစစ် အစ်ကိုပြောတာကို နားထောင်ရတာကြိုက်တယ် ဟားဟားဟား"
သူက ကျင်းစစ်ဘေးတွင် ထိုင်ပြီး မေးလိုက်သည်။
" အကိုစစ် အစ်ကို ဘယ်ကျောင်းကို သွားချင်လဲ"
ကျင်းစစ်က လုံးဝမတုံ့ဆိုင်းဘဲ တိုက်ရိုက်ပြောလိုက်သည်။
" ပီကင်း တက္ကသိုလ်"
"ပီကင်း တက္ကသိုလ်လား" ကျိုးချောင်က ခဏတာ အံ့အားသင့်သွားကာ မေးလိုက်မိသည်။
"ချင်းဟွာ မဟုတ်ဘူးလား"
တုန်းဟိုင်ပြည်နယ်စုကျောင်းရှိ သင်္ချာပြိုင်ပွဲတွင် ဝင်ပြိုင်ကြသူအများစုသည် ချင်းဟွာ တက္ကသိုလ် သို့ ရည်ရွယ်သူများဖြစ်ကြ၏။ ကျင်းစစ်လည်းထိုကဲ့သို့ အတူတူပင်ဟုတွေးပေမဲ့ ကျင်းစစ်က ပီကင်းတက္ကသိုလ်ကို ရွေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ကျင်းစစ်က သူ့ခေါင်းကို ခါလိုက်သည်။
"အဓိက ဘာသာကရော"
"သင်္ချာလေ"
"အစ်ကိုက သင်္ချာကို တကယ်ကြိုက်တာပဲ"
ကျိုးချောင်က သက်ပြင်းချလိုက်မိသည်။
"ကျွန်တော်နဲ့မတူဘူးဘဲ ကျွန်တော်က material science ကို ချင်းဟွာမှာ လေ့လာဖို့ ခြေနင်းကျောက်တုံး အနေနဲ့ သင်္ချာကို သုံးခဲ့တာ"
ကျိုးချောင်က ပြောပြီးနောက် သူစိတ်ပျော်နေသည်။
"အစ်ကို ကျွန်တော်က မူလပါတနာကို အသုံးချစွန့်ပစ်ပြီး ပိုင်ယွဲ့ကွမ်းကိုရှာဖို့ကြိုးစားနေတယ် မီးငှက်ယောကျာ်းလိုလူလို့ထင်လား"
တော်တော်လေး တူနေပေမဲ့ ကျင်းစစ်က သူ့ရဲ့ တင်စားသောစကားကြောင့် သေဘာတကျရယ်လိုက်မိသည်။
"ဒါပေမဲ့..." ကျိုးချောင်က သူ့လက်ထဲရှိစာရွက်နှင့်ဘောပင်ကို သံသယဖြင့် ကြည့်ပြီး ပြောလာသည်။
"အကိုက ကျောင်းရော ဘာသာရပ်ရော ရွေးချယ်ဆုံးဖြတ်ပြီးပြီလေ ဘာလို့ လိုက်မှတ်နေသေးတာလဲ"
ကျင်းစစ်က ပြုံးသာပြုံးနေပြီး ဘာမျှမပြောပေ။
သူ မသုံးပေမဲ့ ဤသည်က ယင်းကျောင်း အတွက်ဖြစ်၏။ ယင်းကျောင်းက ဘယ်ကျောင်း၊ ဘယ်မေဂျာကို ယူချင်မှန်း သူ မသိပေမဲ့ ကြားသမျှကို စာအုပ်ထဲမှာ ရေးမှတ်ထားတာက အကောင်းဆုံးဖြစ်လေသည်။ ကိုယ်တိုင်သိရခြင်းက တဆင့် ပြန်ကြားရခြင်းထက်တော့ ကောင်း၏။
ကျင်းစစ်နှင့် ကျိုးချောင်မှာ ကျောက်ဖုန်တစ်ယောက် လူအချို့ ခေါ်လာချိန်အထိ နားထောင်နေတုန်း ဖြစ်သည်။
"လာဦး ငါမင်းတို့ကို မိတ်ဆက်ပေးပါရစေ ဒါက ကျောင်းပြည်နယ်စုက ဆရာနဲ့ ပြိုင်ပွဲဝင်တွေလေ"
ကျောင်းပြည်နယ်စုသည် တုန်းဟိုင်ပြည်နယ်စု ကဲ့သို့ပင် ပြိုင်ပွဲတွင် အားနည်းသော ပြည်နယ်စုဖြစ်ကာ ဖိုင်နယ်ပွဲတွင် နှစ်တိုင်း လူသုံးယောက်ထက် ဘယ်သောအခါမျှ မပိုဖူးပေ။
ကျင်းစစ်နှင့် ကျိုးချောင်က မတ်တပ်ရပ်ကာ ဟယ်လို ဟုနူတ်ဆက်လိုက်ကြသည်။
"လူအိုကြီးကျောက် မင်းတို့တွေ ဒီနှစ် အခြေအနေကောင်းသားပဲ"
လီမျိုးရိုး ဖြင့် ကျောင်းပြည်နယ်စုမှဆရာသည် အသက်ငါးဆယ်လောက်ရှိသော သက်လတ်ပိုင်းလူကြီးဖြစ်ပြီး ပြည့်ပြည့်ဖြိုးဖြိုးရှိကာ စိတ်သဘောကောင်းပုံ ရ၏။
" မနှစ်ကထက် နှစ်ဆလောက်များတာ ဟားဟားဟား"
သူသည် သူ့နောက်မှ ကျောင်းသားနှစ်ယောက်ကို ညွှန်ပြကာ ကျင်းစစ်နှင့် ကျိုးချောင်ကို ပြောလိုက်သည်။
" ဒါကငါတို့ပြည်နယ်ရဲ့ ပြိုင်ပွဲဝင်လေ"
"သူရောပဲ"
လူ အချို့က အချင်းချင်း သိပြီးသည့်နောက် ကျောက်ဖုန်သည် ကျင်းစစ်ကို ရှေ့သို့နည်းနည်းတွန်းလိုက်ကာ ပျော်ရွှင်စွာပြောလိုက်သည်။
"ကျင်းစစ်က ဒီနှစ်တွေအတွင်း ငါတို့ပြည်နယ်စုပြိုင်ပွဲမှာ အမှတ်အများဆုံးလေ 226မှတ်"
ရလဒ်များကို တရားဝင် ဝက်ဘ်ဆိုဒ်တွင် ကြေငြာသောအခါတွင် ကျောင်းနာမည်နှင့် ဆုများ ကဲ့သို့သတင်းအချက်အလက်သာ ဖော်ပြပြီး အမှတ်များကို အတူတကွ မဖော်ပြပေ။ ထို့ကြောင့် ယခုအကြိမ်သည် ဆရာလီက ကျင်းစစ်၏ ရမှတ်များကို ကြားဖူးသော ပထမဆုံးအကြိမ် ဖြစ်လေသည်။
သူက ကျင်းစစ်ကို အံ့အားသင့်စွာ ကြည့်ပြီး ပြောလိုက်သည်။
"ဒီအတန်းဖော်လေးက အရမ်းတော်တာပဲ နိုင်ငံ့အမျိုးသားအသင်းကိုဝင်ဖို့လည်း မျှော်လင့်နိုင်ပုံ ပေါ်တယ်"
ကျောက်ဖုန်က ထိုစကားများကို စောင့်မျှော်နေခြင်း ဖြစ်ပြီး ကြားရသောအခါ သူ၏ ပါးစပ်မှာ နားရွက်တက်ချိတ်မတတ်ပြုံးနေပေမဲ့ သူက မဝံ့ကြွားသလို ဟန်ဆောင်နေလေသည်။
"ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲ ရလဒ်ထွက်လာမှ ပြောကြတာပေါ့ ဟားဟားဟား"
ခန်းမသည် အရမ်းကြီးမားသော်လည်း လူများဖြင့်ပြည့်ကာ နေရာလွတ်မရှိသဖြင့် လူများ ပူးကပ်တိုးဝှေ့နေကြရသည်။
တိုက်ဆိုင်စွာပင် ရလဒ်ကောင်းသော ပြည်နယ်စုများမှ လူများက ကျောက်ဖုန်ဘေးတွင် ရပ်နေကြသည်။
တစ်ယောက်သည် ရှီးဟယ်ပြည်နယ်စုမှ ဖြစ်ပြီး အခြားတစ်ယောက်က ပေတုန်ပြည်နယ်စုမှ ဖြစ်၏။
ထိုပြည်နယ်စုနှစ်ခု၏ ရလဒ်များသည် ထိပ်ဆုံးအဆင့်မဟုတ်သော်လည်း ပြိုင်ပွဲဝင် တစ်ယောက် သို့မဟုတ် နှစ်ယောက်လောက်က နှစ်တိုင်း နိုင်ငံ့လေ့ကျင့်ရေး အသင်းထဲသို့ ဝင်နိုင်လေသည်။
ကျောက်ဖုန်နှင့် ဆရာလီ၏စကားများကို ကြားသောအခါ လူတစ်စုသည် လှည့်ကြည့်လိုက်မိကြပြီး သူတို့၏ ကြွားဝါမှုကြောင့် အံ့အားသင့်သွားရသည်။
တုန်းဟိုင်ပြည်နယ်စု နဲ့ ကျောင်းပြည်နယ်စုရဲ့ အောင်မြင်မှုတွေကို တစ်နိုင်ငံလုံးမှာ ဘယ်သူက မသိလို့လဲ...
နှစ်ပေါင်းထောင်ချီကြာတာတောင် ဝမ်နျန်ရဲ့ ကြိုးကြာအမြှီးမျှပင်မရှိရာ နိုင်ငံ့လေ့ကျင့်ရေးအသင်းထဲတွင် ပါဝင်မယှဥ်ပြိုင်နိုင်ကြပေ။ ပညာရေးအရင်းအမြစ်များ မပေါက်ရောက်နိုင်သော ပြည်နယ်စု ဖြစ်လျှင်တောင် ပိုကောင်းလိမ့်မည်။ သို့ပေမဲ့ ထိုပြည်နယ်စု နှစ်စုတော့ မဟုတ်ပေ။
(Eng T/n : ဝမ်နျန်ရဲ့ ကြိုးကြာအမြှီးဆိုတာ ဘာကို ဆိုလိုလဲမသိဘူး)
ပြည်နယ်စု နှစ်စု၏ ရလဒ်များက အခြားပြည်နယ်စုများ လောက်ပင် မကောင်းပေ။ နိုင်ငံ့ အသင်းထဲသို့ဝင်နိုင်ရန် မျှော်လင့်နိုင်သည့် ယုံကြည်မှုများက ဘယ်ကရလာသလဲဆိုတာကို မသိပေ။
ဂုဏ်ယူဝံကြွားကာ မာနကြီးသည့် ဆရာက မတတ်နိုင်ဘဲ သူ့ဘေးနားက လူဆီသို့ တီးတိုးပြောလိုက်သည်။
"တုန်းဟိုင်ပြည်နယ်က လှုံ့ဆော်ခံလိုက်ရလို့များလား"
အခြားဆရာက အလုပ်များကို ကြိုလုပ်ခဲ့ပြီး ကျင်းစစ်အကြောင်းကိုတောင် သိသောကြောင့် ပြန်ပြောလိုက်သည်။
" သူတို့ပြည်နယ်စုရဲ့ ဒီနှစ်အမှတ်အများဆုံးက 226မှတ်"
ပထမဆရာက တခဏတာ အံ့အားသင့်သွားမိပြီးနောက် ပြောလိုက်သည်။
"အံ့ဩစရာမရှိတော့ပါဘူး ရလဒ်ကလည်းအတော် ကောင်းတာကိုး ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲ့ဒါက တုန်းဟိုင်ပြည်နယ်စု ဖြစ်နေတယ်လေ သူတို့က နိုင်ငံ့အမျိုးသားအသင်းထဲကို ဝင်ဖူးတဲ့ အတွေ့အကြုံမရှိတော့ ပူးပေါင်းပါဝင်ဖို့တော်တော် ခက်ခဲလိမ့်မယ်"
အခြားဆရာက သဘောတူသလို ခေါင်းငြိမ့်လိုက်သည် ။
" မဟုတ်ဘူး တုန်းဟိုင်ပြည်နယ်စုရဲ့ ဆရာ ဘာမှသိတာမဟုတ်ဘူး"
ထိုဆရာနှစ်ယောက်သည် အတော်လေး နာမည်ကြီးကာ အခြားသူများနှင့် ပြောဆိုသောအခါတွင် ထိုအကြောင်းအရာကို ဟာသအဖြစ် မတော်တဆပြောမိလေ၏။
တစ်ဆင့်ပြီးတစ်ဆင့် ဤသို့ဖြင့် အဆုံးသတ်သွားရသည် : တုန်းဟိုင်ပြည်နယ်စုရဲ့ ဆရာပြောတာ သူတို့ပြိုင်ပွဲဝင်က ဒီနှစ် နိုင်ငံ့ လေ့ကျင့်ရေးအသင်းထဲကို ကျိန်းသေ ဝင်နိုင်မယ်တဲ့
ပြိုင်ပွဲဝင်တွေသာမက သူတို့နောက်က ပါလာသော သတင်းထောက်များပင် ထိုအကြောင်းကို သိသွားကြလေသည်။
"သူတို့က နိုင်ငံ့လေ့ကျင့်ရေး အသင်းထဲကို တစ်ခါမှ မပါဖူးဘူးဆိုတော့ စွဲလမ်းသွားတာလား"
"ဖြစ်နိုင်တယ် ... တွေးကြည့်ရတာတော့ တော်တော် သနားဖို့ကောင်းတာပဲ"
"မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး ကျင်းစစ်လို့ခေါ်တဲ့လူက 226မှတ်ရတယ်မလား"
" 226 မှတ်လောက်က ဘာဖြစ်လို့လဲ...တခြား နည်းနည်းလောက် ပိုပြီး အင်အားကောင်းတဲ့ ပြည်နယ်တွေကြားထဲဆိုရင်တော့ ပြည်နယ်အဆင့်လောက်ပဲရမှာပေါ့ တုန်းဟိုင်မှာ အဲ့လောက်ကအမှတ်အများဆုံးဆိုတော့ သူတို့က အဲ့ဒါလောက်ကို မြဲမယ်လို့ ထင်နေတာပေါ့"
"တုန်းဟိုင်ကတော့ သေလောက်အောင်ရယ်ရတာပဲ ဒါပေမဲ့ ကျင်းစစ်ကတော့ 226 မှတ်တောင်ရတာဆိုတော့ တကယ်တော်တာနေမှာပဲ"
"တုန်းဟိုင်ပြည်နယ်စုကို လှောင်မနေနဲ့တော့ ထင်တာတော့ သူတို့က ပြင်းပြင်းထန်ထန် အနှိမ်ခံရတယ်လေ ဒီတစ်ကြိမ်တော့ 226 မှတ်တောင်ရသွားတော့ သူတိုပျော်မှာပဲလေ နောက်ရက်တွေမှာ ရလဒ်ထွက်ရင်တော့ သူတို့ သင်ကြားခံရမှာပါ"
ထိုကဲ့သို့ ပွဲမျိုးအတွက် ရေးထားသည့်သတင်းများက အတူတူပင်ဖြစ်ပြီး စိတ်ဝင်စားဖွယ် မရှိပေ။
သတင်းထောက်များသည် ယခင်နှစ်မှ သတင်းများကိုသာ ထည့်ရေးရမည်ဟုထင်ထားပြီး ယခုကဲ့သို့ အံ့အားသင့်စရာကို မမျှော်လင့်ထားပေ။ သူတို့၏ခြေလှမ်းအကြီးကြီးကို လျို့ဝှက်စွာ သိမ်းထားပြီး ယခုနှစ်အတွက် သတင်းစုဆောင်းရန် တုန်းဟိုင်ပြည်နယ်စုကိုသာ မှီခိုလိုက်၏။
ကျောက်ဖုန်သည် ထိုကဲ့သို့ ဖြစ်သွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူက အရမ်းဒေါသထွက်ရလွန်း၍ သူလည်ပင်းများပင် နီရဲ နေချေပြီ။
" ငါဘယ်တုန်းက အဲ့ဒီလို ပြောခဲ့လို့လဲ...ဒီလူတွေကတော့ လုပ်စရာမရှိတာနဲ့ အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ "
ကျောက်ဖုန်မှာ ကံမကောင်းခဲ့ပေ။
အဓိကအကြောင်းအရင်းက မည်သို့ပင် ဖြစ်နေပါစေ အတင်းအဖျင်းဆိုတာမျိုးက မြန်ဆန်ကြမ်းကြုတ်စွာ ပျံနှံ့သွားတတ်ပေသည်။
အတိတ်တုန်းကဆိုလျှင် ကျောက်ဖုန်က ဂရုမစိုက်ပေ။ တစ်ခါတစ်ရံ ရယ်ရသောအရာများကို သူကိုယ်တိုင်ပင် ဝင်ပါခဲ့သေးသည်။ သို့သော် ယခုနှစ်တွင်တော့ သူကိုယ်တိုင်က အတင်းအဖျင်း ဖြစ်လာရသည်။
ကျောက်ဖုန်က နောင်တရနေမိကာ ကျင်းစစ်အတွက် စိတ်ပိုင်းဆိုင်ရာဖိအား ဖြစ်သွားမည်ကို စိုးရိမ်နေမိသည်။ သူက ကျင်းစစ်ဆီသို့ သွားကာ စကားပြောချင်ပေမဲ့ သူဘာမျှမသိသေးမည်ကို ပိုစိုးရိမ်သည်။ ကျင်းစစ်ကို ပြောပြလိုက်ခါမှ စိတ်လှုပ်ရှားလွန်းတာကြောင့် ကြောက်ရွံ့သွားမည်ကိုလည်း စိုးရိမ်၏။
သူ တစ်ညလုံး ကောင်းကောင်း မအိပ်ခဲ့ရပေ။
အတင်းအဖျင်း၏ အဓိက ဇာတ်လိုက်ဖြစ်သော ကျင်းစစ်ကမူ ကောလဟာလများကို စိတ်ထဲပင်မရှိချေ။
သူဘာလုပ်သင့်လဲ.....
ကျိုးချောင်ပင် စိတ်လှုပ်ရှားကာ သူ့အမေကို အပြေးဖုန်းခေါ်လိုက်ရသည်။ ကျင်းစစ်ကမူ ယင်းကျောင်းနှင့်သာ wechat မှစကားပြောနေပြီး သူ့ရဲ့သင်ကြားရေး အခြေအနေတိုးတက်မှုများကိုသာ စိတ်ဝင်စားလေသည်။
ကျင်းစစ်က သူနိုင်ငံ့လေ့ကျင့်ရေးအသင်းထဲဝင်နိုင်မည်လားဆိုတာကို မသေချာပေ။ သို့ရာတွင် သူအခြားလူများ၏ အကြံဥာဏ်အတွေးများကိုလည်း ဂရုမစိုက်ပေ။
ဝင်ရောက်နိုင်လျှင် ထိုအရာက သူအတိတ်တွင် လေ့ကျင့်ထားသော အောင်မြင်မှုများကြောင့် ဖြစ်ပြီး ကျရှုံးခဲ့လျှင်လည်း သူ့ရဲ့ကြိုးစားမှုက မလုံလောက်သေးသောကြောင့် ဖြစ်၏။
သူရဲ့ စိတ်အခြေအနေက လွန်စွာမှတည်ငြိမ်နေလေသည်။
ယင်းကျောင်းက ကျင်းစစ်ကို မဆက်သွယ်မိစေရန် တစ်နေ့လုံး သည်းခံခဲ့ရသည်။ သူမဆက်ချင်၍ မဟုတ်ဘဲ စာမေးပွဲ ဖြေအံ့ဆဲဆဲ ဖြစ်နေသောကြောင့်ဖြစ်ပြီး ကျင်းစစ်ကို နှောက်ယှက်မိမှာစိုးရိမ်နေသောကြောင့်ပင်။ သို့ရာတွင် ကျင်းစစ်က သူ့ကို အရင်စ၍ မက်ဆေ့ချ်ပို့လာသော အခါတွင်မူ မတူရေးချမတူတော့ပေ။
ယင်းကျောင်းမှာ wechatတွင်စာပို့ခြင်းက နှေးနေသလိုခံစားနေရကာ ကျင်းစစ်ကို တိုက်ရိုက် ဖုန်းခေါ်လိုက်သည်။
"မင်းအားရဲ့လား"
"အင်း"
ကျင်းစစ်က အိပ်ယာခေါင်းရင်းကို မှီလိုက်ပြီးနောက် သူ့မျက်နှာ အမူအရာမှာ ချက်ချင်း ပျော့ပျောင်းနူးညံ့သွားလေသည်။
"မနက်ဖြန်မနက် 8 နာရီ စမှာလား"
ကျင်းစစ်က ခေါင်းငြိမ့်လိုက်သည်။
" နောက်ထပ် စာမေးပွဲက နောက်နှစ်ရက်ကျရင် မနက် 8 နာရီကနေ 12:30 အထိ "
သူကရပ်တန့်လိုက်ပြီး အသံတိုးကာ ဆက်ပြောလိုက်သည်။
" စာမေးပွဲပြီးရင် ... ငါစာမေးပွဲပြီးရင် ပြန်လာခဲ့မယ်"
ကျောက်ဖုန်က ရလဒ်ထွက်တာကို စောင့်မည့်အစား စာမေးပွဲဖြေပြီး နောက်တစ်ရက်ကျလျှင် အခန်းပြန်အပ်ပြီး ထွက်ကြမည်ဟု သူတို့ကို ပြောလာသည်။
ယင်းကျောင်း နှလုံးသားမှာလှုပ်ခါသွားပြီး မေးလိုက်မိ၏။
" မင်းကိုယ့်ကို လွမ်းလို့လား"
___
Translated By IQ-Team.