အပိုင်း၇၉
Viewers 14k

Chapter 79

Chapter 79


-----------------------

ကျင်းစစ်၏ပါးများက နီရဲသွားပြီး မျက်တောင်များပင်တုန်ယင်သွားကာ အကြောင်းအရာကို ပြတ်ပြတ်သားသား ပြောင်းလဲပြီး ပြောလိုက်ရသည်။


"မင်း..ရူပဗေဒဘာသာအတွက် လုပ်ဖို့စာတွေ ပြီးပြီလား"


အရင်ကသာဆိုလျှင် သူ ကျင်းစစ်ကို မပြောပြောအောင်လုပ်မည်ဖြစ်သည်။ သို့သော်မနက်ဖန်တွင် ကျင်းစစ်၏ စာမေးပွဲ ရှိနေသေးသောကြောင့် ကျင်းစစ်ကို အာရုံမပျက်စေချင်ပေ။


ယင်းကျောင်းက တခစ်ခစ် ရယ်လိုက်ပြီး ကျင်းစစ်ပြောသည့်အကြောင်းအရာကို လိုက်ပြောင်းကာ ဖြေလိုက်သည်။


"စိတ်မပူပါနဲ့ မင်းပေးတဲ့ အိမ်စာကို ကိုယ်ပြီးအောင်မလုပ်ဘဲ မထားပါဘူး"


သူအချိန်ကို ကြည့်လိုက်ပြီး ကျင်းစစ်ကို မေးလိုက်၏။


" မင်း ဒီည ဘယ်အချိန် အိပ်မှာလဲ"


" 11 နာရီထိုးရင်"


ယင်းကျောင်းက မထိန်းနိုင်ဘဲ ရယ်မောလိုက်မိသည်။ ထိုသူက အမှန်ပင် ကျင်းစစ်ဖြစ်၏။ မနက်ဖြန်က အရေးကြီးသော စာမေးပွဲဆိုလျှင်ပင် သူ၏ စိတ်အစွဲလမ်းလွန်သောရောဂါ (OCD)က အိပ်ချိန်ရောက်လျှင် အချိန်မှန် အိပ်ရပေမည်။


သူ့လက်ထဲက သဘက်အစိုကို ဘေးသို့ပစ်လိုက်ပြီး စောင်ကိုမကာ အိပ်ယာထဲသို့ ဝင်လိုက်သည်။


"ကိုယ်ရောပဲ တူတူအိပ်ရအောင် မင်းရောအခု အိပ်ယာထဲမှာလား"


ထိုအရာက သာမန် စကားသာဖြစ်သော်လည်း ယင်းကျောင်းမေးသောအခါ သူနားလည်ရခက်စွာ ရှက်ရွံ့သွားရသည်။


ကျင်းစစ်က အခန်းတွင်း အပူချိန် ထိန်းညှိစက်ကို နှစ်ဒီဂရီ လောက်လျော့လိုက်သဖြင့် လေတိုက်သံ တဝီဝီကို ကြားနေရသည်။


"ကိုယ်လည်းအိပ်ယာထဲမှာ" 


ယင်းကျောင်းကသက်ပြင်းချကာ ပြောလိုက်သည်။


" ကံမကောင်းစွာနဲ့ အဲ့ဒါက အိပ်ယာမဟုတ်ဘူး"


(Eng T/n : အဲ့တော့ ယင်းကျောင်း ပြောချင်တာက ကျင်းစစ်မရှိတော့ အိပ်ယာလို့ မခံစားရဘူးလို့လား?)


ကျင်းစစ်က မျက်လွှာချလိုက်မိပြီး သူ့နှလုံးခုန်သံကမူ မြန်ဆန်လွန်းနေကာ သူတစ်ခုခု ပြောတော့မည့် အချိန်တွင် ကျိုးချောင်ကတံခါးဖွင့်ကာ ဝင်လာ၏။


"အစ်ကိုစစ် အာ... အစ်ကိုက ဖုန်းပြောနေတာပဲ ဆောရီးပါ" 


ကျိုးချောင်က တောင်းပန်သည့် ခြေဟန်လက်ဟန် ပြလိုက်ပြီး အိပ်ယာပေါ်သို့ ခုန်တက်လိုက်သည်။


"ကျိုးချောင်ပြန်လာပြီလား" 


ယင်းကျောင်းမှာ သူ့နှလုံးသားထဲတွင် ပြောစရာများရှိနေသေးပေမဲ့ ထိန်းကာ အားတင်းကာပြောလိုက်ရသည်။


" အိပ်တော့ မနက်ကျရင် ကောင်းကောင်းလုပ်ခဲ့ ကိုယ်မင်းပြန်လာမှာကို စောင့်နေမယ်"


"ကောင်သောညပါ"


ထိုညတွင် ကျင်းစစ် ကောင်းကောင်း အိပ်ပျော်ခဲ့ရသည်။


နောက်တစ်နေ့ နံနက်တွင် သူထကာ စာမေးပွဲခန်းသို့ အားအင်အပြည့်ဖြင့် ဝင်သွားလိုက်သည်။


ထိုအချိန်တွင် ပထမဆုံးစာလုပ်ချိန် ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် ယင်းကျောင်းသည် တန်းခွဲ 11 သို့ တန်းသွားလိုက်ကာ ချောင်အန်းယန်ကို ခေါ်ထုတ်လာပြီး ရင်နှီးနေသော ရိုက်ချက်ဖြင့် ရိုက်ချပစ်လိုက်သည်။


ထို့သို့ဖြင့် လေးနာရီခွဲအကြာ စာမေးပွဲဖြေအပြီးတွင် ကျင်းစစ်၏ အတွေးများက ကြည်လင်နေကာ သူ့စိတ်မှာ တည်ငြိမ်အေးချမ်းနေလေသည်။ သူကယခု ခေါင်းပင် မကိုက်ဘဲ ဖြေလွှာကို ပြီးစီးခဲ့၏။


ပထမအကြိမ် စာမေးပွဲအပြီးတွင် ရာနှင့်ချီသော ကျောင်းသားများသည် စာမေးပွဲခန်းမှနေ တချိန်တည်း တူတူထွက်ခွာသွားကြသည်။ ကျင်းစစ်က လူကြားထဲမှ တိုးထွက်ရန် အချိန်ယူလိုက်ပြီးနောက် မနက်က သူတို့ကို ခေါ်လာသော ဘတ်စ်ကား နံပါတ် 16 သို့တက်လိုက်၏။


သူ့စာမေးပွဲခန်းက ဝေးလွန်းကြောင့် သူက နောက်ဆုံးရောက်တဲ့သူပင်။ သူကားထဲသို့ရောက်ချိန်တွင် ကျိုးချောင်နှင့် ကျန်းချုံးတို့က နေရာပင် ယူပြီးထားပြီးဖြစ်သည်။


ကျန်းချုံးက စာမေးပွဲတွင် ကောင်းစွာ ဖြေနိုင်ပေါ်မပေါ်ပေ။ သူ့ကျောင်းလွယ်အိတ်ကို ဆိုးဝါးသော အမူအရာနှင့် ကိုင်ထားပြီး သူ့ခေါင်းကို ငုံ့ထားကာ ဘာမျှမပြောပေ။


ကျိုးချောင်၏ အခြေအနေကလည်း အရမ်းကောင်းနေပုံ မပေါ်ပေ။ သို့ရာတွင် သူ့ရဲ့ ဖိအားများကို ထိန်းချုပ်နိုင်စွမ်းက ကျန်းချုံးထက် အားကောင်းကာ ကျင်းစစ်လာတာကို မြင်သည်နှင့် သူကမတ်တပ်ရပ်ပြီး လက်ပြကာ ပြောလာသည်။


"  အကိုစစ် ဒီမှာ "


ကျင်းစစ်က သူ့ဆီသို့ လျှောက်သွားကာ ထိုင်လိုက်သည်။ ကျောက်ဖုန်က သူ့ကို ဘေးမှ ရေဘူးကို လှမ်းပေးကာ ပြောလာသည်။


" နည်းနည်းလောက်ဖြစ်ဖြစ် သောက်လိုက်"


ကားထဲတွင် လူအများအပြား ထိုင်နေကြပြီး ကျောက်ဖုန်က မနေ့က အတွေ့အကြုံကြောင့် ဘာမှ မမေးပေ။


ကျင်းစစ်က သူ့ကို ကျေးဇူးတင်စကားဆိုလိုက်ပြီးနောက် ရေဘူးအဖုံးကို လှည့်ဖွင့်လိုက်ကာ အနည်းငယ်သောက်လိုက်ပြီးခါမှ ပို၍ သက်သောင့်သက်သာရှိဘာသလို ခံစားလိုက်ရသည်။ သူက လေးနာရီထက်ကြာအောင် ရေမသောက်ခဲ့ရသောကြောင့် သူ့လည်ချောင်းက အတော်လေး ချောက်သွေ့နေသည်။ 


ယခင်နှစ်များတွင် ပြိုင်ပွဲစာမေးပွဲက အရမ်း စည်းကမ်း မတင်းကျပ်ပေ။ နောက်ပိုင်းတွင် လှည့်စားကာ ခိုးချသူ များလာသည်။ တခါတရံတွင် ပြိုင်ပွဲဝင်များ စာမေးပွဲခန်း မဝင်မှီတွင် တချို့လူများက အပြင်တွင် အဖြေလွှာများကို ရောင်းချခဲ့ကြသည်။


သက်ဆိုင်ရာဌာနများသည် ပြန်လည်ပြင်ဆင်ပြီးနောက် စာမေးပွဲခန်းထဲတွင် သူတို့၏ အပြုအမူများကို ပိုမိုစည်းကမ်းတင်းကျပ်လာကြသည်။ ရေသန့်ဘူးပေါ်တွင် စာလုံး ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စာမေးပွဲ ခန်းမသို့ ယူဆောင်ခွင့် မပြုတော့ပေ။


လူအားလုံး ရောက်လာပြီးနောက် ကားဆရာက ကားစထွက်လိုက်ပြီး ဟိုတယ်သို့မောင်းလိုက်၏။


ထို ဘတ်စ်ကား၏ အင်ဂျင်သံသည် အလွန်ပင်ကျယ်လောင်ကာ တခြားပြည်နယ်စုများမှ လူများမှာမူ အခုလေးတင် ဖြေခဲ့သော စာမေးပွဲအကြောင်းကို ဆွေးနွေးနေကြသည်။ ဘေးကပ်ရက်ထိုင်နေသော လူနှစ်ယောက်သာ စကားတိုးတိုးပြောလျှင် အခြားတစ်ဖက်မှ လူများသည် လုံးဝကြားနိုင်မည် မဟုတ်ပေ။


ကျိုးချောင်က ကျောက်ဖုန်ဘက်သို့ကြည့်လိုက်ကာ ကျင်းစစ်ဘက်သို့မှီပြီး ပြောလိုက်သည်။


" အကိုစစ် စာမေးပွဲဖြေတာဘယ်လိုအခြေအနေရှိလဲ"


ပြောပြီးနောက်တွင် သူက ကျင်းစစ်၏ လက်မောင်းကို တိတ်တဆိတ် မြန်မြန်စွာဆွဲလိုက်ပြီး ပြောလိုက်သည်။


"တိုးတိုးပြော"


ကျင်းစစ်က တခဏလောက် တွေးလိုက်ပြီးနောက် အေးဆေးစွာ ပြောလိုက်သည်။


" ဖြေပြီးတာက ပြီးသွားပြီလေ"


ကျိုးချောင်က ခါးသက်နေသော မျက်နှာထားဖြင့် ပြောလာသည်။


"ကျွန်တော် ဒီတစ်ခါ အချိန်မလောက်ဘူး ကျွန်တော်တော့ သွားပြီ ငွေတံဆိပ်ဆု မပြောနဲ့ ကြေးတောင် ရပါစေဦး"


" အများကြီးမတွေးနဲ့တော့" 


ကျင်းစစ်က သူ့ကို နှစ်သိမ့်ပေးလိုက်သည်။


" မနက်ဖြန် ဒုတိယ စာမေးပွဲ ရှိဦးမှာလေ"


ကျိုးချောင်က စိတ်ဓါတ်ကျနေပုံဖြင့် ပြောလိုက်သည်။


" တကယ်ကြီးလား ကျွန်တော်ဖြင့် ဒုတိယစာမေးပွဲကို ဖြေတောင်မဖြေချင်တော့ဘူး"


အရင်တစ်ခေါက် အိုလံပစ် သင်္ချာ ပြိုင်ပွဲတွင် ကျိုးချောင်သည် စာမေးပွဲတွင် အကောင်းဆုံးကြိုးစားချင်ခဲ့သော်လည်း စာမေးပွဲမေးခွန်းကို မြင်သောအခါ အနည်းငယ် ရူးကြောင်ကြောင် ဖြစ်သွားခဲ့သည်။ ထိုစာမေးပွဲခန်းထဲတွင် တွေးရင်းတွေးရင်းဖြင့် သူ့စိတ်မှာ ပြိုလဲသွားရသည်။ ကျင်းစစ်ကို တွေ့သောအခါ သူထိန်းမထားနိုင်တော့ဘဲ သူ၏ခါးသက်မှုများကို ဖွင့်ထုတ်ပြောပြလာသည်။


"ဘာလို့ ဒီနှစ်မေးခွန်းက အရမ်းခက်တာလဲ တက္ကသိုလ်ဝင်ခွင့်အတွက် အပိုမှတ်တွေကို ပယ်ဖျက်လိုက်တော့ ပိုလွယ်မယ်ထင်နေတာ"


ဆောင်တွင်း စခန်းပြိုင်ပွဲတွင် ကံကောင်းမှုကလည်း အရေးပါသည်။ အရင်ဆက်ရှင်မှ ရွှေတံဆိပ်ဆု ရထားသူများက နောက်ဆက်ရှင်တွင် သူတို့ရဲ့အဆင့်များ ချောက်ကမ်းပါးမှ ခုန်ဆင်းသွားသလို ကျသွားတတ်လေသည်။ သူတို့ မကျွမ်းကျင်သော အရာများကို ကြုံတွေ့ရသောကြောင့် သူတို့လည်း ပြသနာများနှင့် ရင်ဆိုင်ရလေ၏။


ကျင်းစစ်က သူ့ကို ဘယ်လို နှစ်သိမ့်ရမည်ကို မသိပေ။ သူကတစ်ချက်တွေးပြီး ပြောလိုက်သည်။


" မင်း အကြိုပြည်နယ်စု စာမေးပွဲတွေတုန်းကလည်း မဖြေနိုင်ဘူးထင်ပေမဲ့ အမှတ်ထွက်လာတော့ တော်တော်လေးကောင်းတယ်လေ"


ကျိုးချောင်က ငြိမ်နေပြီးမှ ဖြေလိုက်သည်။


"အင်း"


အရင်တစ်ခေါက်ကကဲ့သို့ တူညီသောအခြေအနေကို တွေးလိုက်သောအခါ ကျိုးချောင်က ပို၍နေလို့ကောင်းလာသည်။ 


သူအစပိုင်းမှာ ကျရှုံးသလိုခံစားနေရပေမယ့် နောက်ပိုင်း အောင်မြင်လာနိုင်ပါတယ်လေ...


"ဒီအကြောင်းတွေ မပြောနဲ့တော့ မနက်ဖြန် ဒုတိယ စာမေးပွဲ ပြီးတဲ့အထိ စောင့်ကြတာပေါ့"


ကျိုးချောင်က ခေါင်းငြိမ့်လိုက်သည်။


" ကျွန်တော် အကို့စကား နားထောင်ပါ့မယ်"


နောက်ဆုံး အသက်ရှင်ရန် ကောက်ရိုးမျှင်လေးကို ဆွဲပြီးနောက် ကျိုးချောင်က ထိုအကြောင်းကို ထပ်မတွေးရဲတော့ပေ။ သူ့ဖုန်းကို ထုတ်ကာ အာရုံပြောင်းလိုက်သည်။ သို့ပေမဲ့ သူပိုကြည့်လေလေ သူမျက်လုံးက ပိုပို၍ ပြူးကျယ်လာလေဖြစ်၏။


"ဖာခ့် အစ်ကိုစစ် ဒါက ဘာတွေအကြောင်းလို့ထင်လဲ" 


လူလိမ္မာလေး (ကျိုးချောင်)မှာ မတတ်နိုင်တော့ဘဲ ဆိုးရွားစွာ ကျိန်ဆဲလိုက်မိ၏။


ကျင်းစစ်က သူ့ဖုန်း စခရင်ကို ကြည့်လိုက်ပြီးနောက် အနည်းငယ် အံ့အားသင့်သွားရသည်။ 


ကျိုးချောင်က ဆောင်းတွင်းစခန်း သင်္ချာပြိုင်ပွဲ၏ သတင်းအချက်အလက်များကို ရှာဖွေကြည့်လိုက်သည် ။ ဝဘ်ဆိုဒ်တွင် ပေါ်လာသော ရလဒ်များက ပုံမှန် စာလုံးအရွယ်အစားသာ ဖြစ်သော်လည်း ပိုကြည့်လေလေ မှားနေတယ်လို့ ပိုခံစားရလေလေဖြစ်လေသည်။


[နိုင်ငံအဆင့် သင်္ချာ ပြိုင်ပွဲရဲ့ ပထမဆုံးနေ့ပြီးသွားပြီ နောက်ပြီး တုန်းဟိုင်ပြည်နယ်ရဲ့ အသင်းခေါင်းဆောင်က ဒီလို စကားကြီး စကားကျယ်တွေကို ပြောခဲ့တယ် ... ]


[တုန်းဟိုင်ပြည်နယ်စုရဲ့ ခေါင်းဆောင်က ဒီနှစ် တုန်းဟိုင်ပြည်နယ်မှ ပြိုင်ပွဲဝင်က နိုင်ငံ့လေ့ကျင့်ရေးအသင်းထဲသို့ ကျိန်းသေ ဝင်နိုင်မည် လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့​တယ် သူတို့အဓိပ္ပာယ် မရှိတာတွေပြောနေတာလား အမှန်လား စောင့်ကြည့်ရအောင်]


[စောင့်ကြည့်သူတွေရဲ့ တင်ပြမှုအရ တုန်းဟိုင်ပြည်နယ်စုက ဒီနှစ်မှာ မြင်းနက်အဖြစ် ပထမဆုံးပေါ်ထွက်လာမှာလား]


[တရုတ်နိုင်ငံရဲ့ အခက်ခဲဆုံး သင်္ချာပြိုင်ပွဲမှာ တုန်းဟိုင်ပြည်နယ်စုက အရင်ပြိုင်ပွဲများက လှောင်ပြောင်မှုများကို တိုက်ဖျက်ခြေမှုန်းနိုင်မှာလား]


လူအနည်းငယ်သာ ပြိုင်ပွဲကို အာရုံစိုက်သော်လည်း ထိုလူများက ပြိုင်ပွဲအကြောင်းကို ကောင်းကောင်း သိလေသည်။


ကျိုးချောင် မတတ်နိုင်ဘဲ ဆက်စပ်နေသော သတင်းမီဒီယာ ဝလ်ဆိုဒ်ကြီးကို နှိပ်လိုက်ပြီးနောက် ရုတ်တရက် ဝေဖန်မှု အများအပြား ပေါ်လာလေသည်။


[တုန်းဟိုင်ပြည်နယ်ရဲ့ အသင်းခေါင်ဆောင်က ရူးနေတာလား]


[226 မှတ်က အရမ်းမြင့်နေလို့လား... ငါတော့ မထင်ဘူး တုန်းဟိုင်ပြည်နယ်စုရဲ့ အသင်းခေါင်းဆောင်ကို ကျင်းစစ်လို့ခေါ်တဲ့ တစ်ယောက်က နိုင်ငံ့လေ့ကျင့်ရေးအသင်းကို ဝင်နိုင်မယ်လို့ ဘယ်သူက မြှောက်ပေးလိုက်တာလဲ]


[မဟုတ်သေးပါဘူး ငါပဲ အမှတ်မှားနေတာလား... တုန်းဟိုင်ပြည်နယ်စုဆိုတာ နိုင်ငံ့ လေ့ကျင့်ရေးအသင်းထဲကို တစ်ခါမှ မဝင်နိုင်တဲ့ ပြည်နယ်စုမလား]


[မင်းပြောတာမှန်တယ် သူတို့က နာမည်ကြီးချင်နေတာ]


[ ကျင်းစစ်...မကြားဖူးပါဘူး... သူက နတ်ဘုရားမို့လို့လား]


[မနက်ခင်းထပြီး ဒီလို သတင်းမျိုး ဖတ်နေရတယ် ... တုန်းဟိုင်ပြည်နယ်စုက နောက်ဆုံးတော့ တိတ်တိတ်ဆိတ်ဆိတ် မနေချင်တော့ဘူးပဲ သူတို့က ဟာသအဖြစ်ခံပြီး လူတွေရဲ့ အာရုံစိုက်မှုကို လိုချင်နေတာလား]


[အမှန်အတိုင်းပြောရရင် တုန်းဟိုင်ပြည်နယ်စုရဲ့ ပညာရေး အရင်းအမြစ်တွေက ဘာလို့ အားနည်းရတာလဲ တိုင်းပြည်ကလည်း အများကြီးမြှပ်နှံထားတာပဲလေ ရိုးရိုးလေးပါပဲ ... အထောက်အပံ့အများကြီးနဲ့ဆို လေယာဥ်ရဲ့ လေထွက်ပေါက်ကနေ ဝက်တွေပျံကုန်မှာပေါ့]


[ခုန်နေတဲ့ လူရွှင်တော်]


ယခင်နှစ် ဆောင်းတွင်းစခန်း သင်္ချာ ပြိုင်ပွဲများတွင် သတင်းများက တရားဝင်ဖြစ်သောကြောင့် ၎င်းတို့ကို ပြိုင်ပွဲ သတင်းအသိုင်းအဝိုင်းတွင်သာ ထိန်းသိမ်းထားပြီး အခြေခံအားဖြင့် အပြင်လူများက ဂရုမစိုက်ပေ။ သို့သော် ယခုနှစ်တွင် သတင်းထောက်များသည် ခြားနားသော နည်းလမ်းဖြင့် ချဥ်းကပ်လာကြပြီး သတင်းများကြောင့် အပြင်လူများ၏ အာရုံစိုက်မှုများကို ဆွဲဆောင်နိုင်လိုက်၏။


ဝင်ကြည့်သော လူအများအပြားရှိကာ ဘယ်သူ့ကို ပြောဆိုလှောင်ပြောင်နေမှန်း မသိသော လူများလည်း ရှိသေးသည် ။ ထို့အပြင် အတွင်းလူများက ထိုနှစ်များအတွင်း တုန်းဟိုင်၏ "တောက်ပသောအောင်မြင်မှုများ" အကြောင်းကို လွယ်ကူစွာ သိလာကြသည်။


ထိုကဲ့သို့ပင် ဆယ်နှစ်ကျော် ကြာပြီးနောက်ဆုံးတွင် တုန်းဟိုင်ပြည်နယ်တွင် ယခုနှစ် 226 မှတ်ရကြောင်းသိလာခဲ့ပြီး ထိုအမှတ်ကို အရှေ့အနောက် တောင် မြောက်တွင် ရှာမတွေ့နိုင်သဖြင့် သူတို့ကစတင် မောက်မာစွာပြောဆိုလာကြသည်။


ထို့နောက် အစော်ကားလှောင်ပြောင်ခံရသော မျက်နှာက စက်ဝိုင်းအတွင်းမှ အပြင်ဘက်သို့ ဖြာထွက်လာကာ ကျင်းစစ်ပင် နာမည်ကြီးလာလေသည်။


ယေဘုယအားဖြင့်ပြောရလျှင် မီဒီယာများသည် ဆောင်းတွင်းစခန်း ၏ ပြိုင်ပွဲဝင်များ၏ ကိုယ်စားလှယ်များနှင့် ယုံကြည်ရသော အလားအလာရှိသည့် ပြိုင်ပွဲဝင်များ၏ သတင်းများကို တင်ပြကာ တခြားသူများကို ဓာတ်ပုံရိုက်မည် မဟုတ်ပေ။


သို့သော်လည်း အမှတ်တမဲ့ ဖြစ်မှုသည် အလွန်ပေါက်ကွဲပျံ့နှံ့သွားကာ ကျင်းစစ်၏ မျက်နှာမှာ ထင်ထင်ရှားရှား ပေါ်သွားလေသည်။ သတင်းထောက်များက ကျင်းစစ်၏ ဓါတ်ပုံများကို ခိုးရိုက်ထားလေသည်။ သူတို့က တိကျသေချာသော ပုံကို ​ရွေးလိုက်ကာ သတင်းတွင် ပူးတွဲကာ ပြိုင်ပွဲဝင် ကိုယ်စားလှယ် ပုံကို အတူတကွ ဖော်ပြလိုက်၏။


ရလဒ်အနေဖြင့် မက်ဆေ့ချ်များက ချက်ချင်းပေါက်ကွဲထွက်သွားတော့သည်။ 


[ဖာခ့် ! ! ငါလုပ်နိုင်တယ် အစ်ကို မင်းမှာ ချစ်သူရှိလား]


[ဘုရားသခင်...အရမ်းချောလိုက်တာ...သူ့ကြည့်ရတာ နည်းနည်းအေးစက်ပြီး ချဥ်းကပ်ဖို့ မလွယ်လောက်ဘူး မင်းတို့ရော မင်းတို့ လေ့လာနေချိန် ဒီလို အေးစက်စက်ပဲလား...]


[ဒါက သင်္ချာပြိုင်ပွဲနော် အလှပြိုင်ပွဲမဟုတ်ဘူး အိုကေ...]


[ဒါဆို ကျင်းစစ်ရဲ့ မျက်နှာက သူတို့ကို ဦးဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိစေတာလား... ဟားဟားဟား ဒီတုန်းဟိုင်ပြည်နယ်စုက ငါ့ကို မှော်ဆန်တယ်ဆိုတဲ့ ခံစားချက်ရစေတယ်]


[ပြောစရာစကားမဲ့တယ် အပေါ်ထပ်မှာ ငတုံးတွေချည်းပဲ အဲ့ဒီ ကျင်းစစ်က အလှပန်းအိုး ပဲလေ ဟုတ်တယ်မလား...]


[ငါက ပြိုင်ပွဲကို ဂရုမစိုက်ဘူး ငါအခုရက်ပိုင်းပျင်းနေတာနဲ့ ပြိုင်ပွဲ ရလဒ်တွေကို စောင့်နေတာ]


"အစ်ကိုစစ်..." 


ကျိုးချောင်က ကျင်းစစ်ကို သတိနှင့်ကြည့်လိုက်ပြီး ကျင်းစစ်ကို ဖုန်းပြလိုက်မိတဲ့အတွက် ရုတ်တရက် နောက်တရမိသည်။


"အစ်ကို အဆင်ပြေရဲ့လား"


" အဆင်ပြေပါတယ် " 


ကျင်းစစ်က မပြောင်းလဲသောအမူအရာဖြင့် ခေါင်းမော့ကာ ပြောလိုက်သည်။


"တကယ်လား"


ကျိုးချောင်မယုံပေ။ သူသာ အင်တာနက် သုံးစွဲသူများထံမှ အမုန်းခံရမည်ဆိုပါက သူ့အဆုတ်များပင် ပေါက်ကွဲသွားလောက်သည်။


ထိုအချိန်တွင် ကျိုးချောင်က စာမေးပွဲ အကြောင်းမေ့သွားကာ မတတ်နိုင်ဘဲ ရှင်းပြလိုက်ရသည်။


" ဆရာကျောက်က အဲ့ဒီလိုမပြောခဲ့ဘူးဆိုတာရှင်းတယ်လေ အိုကေ...ဒါကို ဒီလူတွေ ဘယ်လိုလုပ်  အရမ်းကို အဓိပ္ပာယ်ကောက် လွဲသွားသလဲ မသိဘူး"


ကျင်းစစ်က ထိုင်ခုံနောက်ဘက်သို့ မှီပြီး တည်ငြိမ်စွာပြောလိုက်သည်။


" စိတ်ပူစရာ မလိုပါဘူး"


ကြီးပြင်းလာတဲ့တစ်လျှောက် သူလှောင်ပြောင်သံတွေ အများကြီး ကြားခဲ့ရတယ်...


မိုက်ရိုင်းတဲ့ကလေး ... ဆင်းရဲတဲ့အကောင် ...


သူမူလတန်းတက်တုန်းက အမှိုက်​ကောက်တဲ့ကောင် ဆိုတဲ့ နာမည်ပြောင်တစ်ခု ရှိလေသည်။ ထိုအရာက ယခု အင်တာနက်ပေါ်တွင် အခေါ်ခံရသည်ထက် များစွာ ဆိုးရွားပြီး သူပင် အလေ့အကျင့်ဖြစ်သွားရ၏။


ယခုတွင် သူ့ကို သက်ရောက်နိုင်သော အရာနှစ်ခုသာရှိသည်။ပထမတစ်ခုက ကောင်းကောင်းပြင်ဆင်ထားသော်လည်း သူ ပထမနေရာမရခြင်း နှင့် ဒုတိယက ယင်းကျောင်းသာဖြစ်သည်။


"အစ်ကိုစစ် " 


ကျိုးချောင်က သူ့ကို လက်မထောင်ပြလိုက်ပြီး သူ့ပခုံးပေါ်သို့ မှီကာ ပြောလိုက်သည်။ 


" ချီးပဲ ကျွန်တော်ရုတ်တရက် ခွန်အားတွေ ရသွားတယ် အစ်ကို စစ် မနက်ဖြန် စာမေးပွဲမှာ အကောင်းဆုံးလုပ်ရအောင် ကျွန်တော်တို့ နိုင်ငံ့ လေ့ကျင့်ရေး အသင်းထဲ ဝင်သွားနိုင်တာပဲလေ"


ကျင်းစစ်က ပြုံးလိုက်ပြီး" အိုကေ"


ဟိုတယ်သို့ပြန်ရောက်သောအခါ ကျင်းစစ်က အခြား ပြိုင်ပွဲဝင်များ၏ စေ့စေ့စပ်စပ် ကြည့်နေခြင်းကို လျစ်လျူရှုပြီး တည်ငြိမ်စွာ နေ့လည်စာ စားကာ သူ့အခန်းသို့ ပြန်သွားလိုက်သည်။


သူ့လွယ်အိတ်ကို ချပြီးပြီးချင်း ယင်းကျောင်းဆီမှ ဖုန်းဝင်လာလေသည်။ ဤတစ်ကြိမ်တွင်မူ အသံဖုန်းမဟုတ်ဘဲ ဗီဒီယို ဖုန်းခေါ်ခြင်းဖြစ်သည်။


ကျင်းစစ်က ဖိနပ်လဲဖို့ ကုန်းနေတဲ့ ကျိုးချောင်ကို ကြည့်ပြီးနောက် သူ့ဖုန်းကိုယူပြီး အပြင်ထွက်ကာ ဖုန်းဖြေသည့် ခလုတ်ကိုနှိပ်လိုက်သည်။


"ဟိုတယ် ပြန်ရောက်ပြီလား" 


ယင်းကျောင်းက ကျင်းစစ်အနောက်ဘက်က နေရာကို ဖုန်းထဲက ကြည့်ပြီး မေးလိုက်သည်။


"အင်း" 


ယင်းကျောင်းကဖုန်းကို ကိုင်ထားရင်း အရှေ့သို့လျောက်ကာ ပို၍ အလင်းရောင်ရသောနေရာသို့ သွားပြီး ပြောလိုက်သည်။


"ငါစားပြီးလို့ အခန်းပြန်ရောက်ရောက်ချင်း မင်းဆီက ဖုန်းဝင်လာတာ"


ယင်းကျောင်းက တခစ်ခစ် ရယ်မောပြီး ပြောလိုက်သည်။


"ကိုယ်တို့ နှလုံးသားတွေက ဆက်နေတာများလား"


ကျင်းစစ်က ဖြေးညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။


ယင်းကျောင်းက မထိန်းနိုင်ဘဲ နူးညံ့မှုကို ခံစားလိုက်ရသည်။ သူက စာမေးပွဲအကြောင်းကို မမေးပေ။ 


ကြုံရာကျပန်း ခေါင်းစဥ်ကိုသာ ပြောလာသည်။


"ဆောင်တွင်း အားလပ်ရက်အတောအတွင်း မင်းဘာလုပ်မှာလဲ"


ချောင်အန်းယန်ကိုနောက်တစ်ကြိမ် ရိုက်လိုက်သည့် ကိစ္စဖြင့် သူ မနက်ခင်းသင်ခန်းစာအတွက် ဆရာလျို၏ ရုံးခန်းသိို့ အခေါ်ခံလိုက်ရသည်။ နေ့လည် မတိုင်ခင်အထိ သူ့ခေါင်းများက ကြည်လင်နေ၏။ သူနေ့လည်စာ သွားစားသောလမ်းတွင် ကျင်းစစ်နှင့် ပက်သက်သော ပိုစ့်များကို ဖတ်ရန်အတွက် ဖိုရမ်ထဲသို့ ဝင်လိုက်ချိန် ထို အရှုပ်ထုတ် သတင်းများကို တွေ့လိုက်ရလေသည်။ 


ကျင်းစစ်စိတ်ကို ထိခိုက်မည် စိုးရိမ်သဖြင့် ဗီဒီယိုဖုန်း ကို အထူးသဖြင့်ခေါ်လိုက်ခြင်းဖြစ်သည်။ သူ့ မျက်နှာကို သေချာ စူးစမ်းပြီးနောက် ကျင်းစစ် ပုံမှန်ဖြစ်နေတာကို တွေ့လိုက်ရမှ စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိသည်။


ကျင်းစစ်က တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။


"ငါ့အိမ်စာတွေကို အိမ်မှာလုပ်မှာလေ"


ယင်းကျောင်း သူ၏ ညွှတ်ကိုင်းနေသော မျက်တောင်များကို သေချာကြည့်နေရင်းမှ ရုတ်တရက် ပြုံးပြီး ပြောလိုက်သည်။


" အိမ်စာတွေပဲ အကြာကြီး လုပ်မလို့လား မကောင်းဘူးလေ ကိုယ်တို့ အပြင်ထွက်ပြီးကစားကြမယ်လေ မင်း ဘယ်မြို့ကို သွားချင်လဲ"


"မေ့လိုက်တော့ " 


ကျင်းစစ်က သူ့ခေါင်းကို ခါပြီး ငြင်းလိုက်သည်။


" ငါက သိပ်မကြာခင် အထက်တန်း တတိယနှစ်ရောက်တော့မှာ အဲ့ဒါကြောင့် ငါမြန်မြန်လေ့လာရမယ်"


" နှစ်ဝက်တောင် ကျန်သေးတယ် ဘာလို့အရမ်းလောနေတာလဲ "


ယင်းကျောင်းက မျက်ခုံးပင့်ပြီး ပြောလိုက်သည်။


" လူအိုကြီးလျိုက ပြောတယ် အလုပ်လုပ်ချိန်နဲ့ အနားယူချိန်က တူညီနေမှ အကျိုးသက်ရောက်မှုရှိမယ်တဲ့"


ကျင်းစစ် လည်စေ့မှာ အပေါ်အောက် ရွေ့လျားသွားပေမဲ့ ငြင်းဆန်ချင်နေတုန်းပင်။


" အေးတယ် အိမ်မှာနေတာပဲ ပိုကောင်းမယ်"