အဆုံးသတ်
Viewers 256

အခန်း(၂) - ချန်းရန်တစ်ကိုယ်လုံး နာကျင်မှုနှင့်အတူ အိပ်ရာနိုးလာခဲ့၏။

ချန်းရန် နောက်တစ်နေ့မနက် အိပ်ရာက နိုးလာတော့ အရိုက်ခံရသလိုမျိုး သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေလျက်၊ အထူးသဖြင့် သူ့အနောက်ရှိ စကားဖြင့်မဖော်ပြနိုင်တဲ့ နေရာတစ်ခုတွင် မရေမတွက်နိုင်သောအပ်များဖြင့် အထိုးခံထားရသကဲ့သို့ပင်။

နာကျင်မှုကြောင့် သူ့သွားတွေကိုအံကြိတ်ရင်း သူ့သည်းမခံနိုင်သောနာကျင်မှုကို သက်သာစေရန် အင်အားအနေတော်ဖြင့်သာ ခါးကို လက်ဖြင့်ပွတ်နေလိုက်သည်။

သူ့နောက်မှ အမွေးဖွာဖွာခေါင်းတစ်လုံးထွက်လာပြီး ရှောင်ဟာက သူ့ကိုမေးလာ၏။ "အစ်ကို၊ အဲ့ဒါက နာနေတုန်းလား"

ချန်းရန်က သက်ပြင်းချပြီး ခေါင်းအုံးပေါ်ပြန်အိပ်လိုက်ရင်း "အခုတော့ ပိုကောင်းလာပြီ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ အဲ့ဒီအားနဲ့ပဲ မရပ်လိုက်နဲ့ အား... သက်တောင့်သက်သာရှိလိုက်တာကွာ"

သူ့ခါးပေါ်က အားမရှိတော့သလို ခံစားလိုက်ရ၍ ချန်းရန်မှာ ရှုပ်ထွေးနေဟန် ပြန်ကြည့်လိုက်ရာ ရှောင်ဟာရဲ့ မျက်လုံးထဲက ပြင်းထန်ရက်စက်သော အစိမ်းရောင်အလင်းတန်းကို တွေ့လိုက်ရသည်။

ထိုမျက်လုံးများနှင့် အမူအရာများဟာ မနေ့ညက သူမူးသွားခဲ့သောအချိန်မှာ မြင်လိုက်ရသည့် ထင်ယောင်ထင်မှားနှင့် အတိအကျတူနေ၏။

ချန်းရန်မှာ သူ့တံတွေးမျိုချလိုက်ပြီး မသိစိတ်က လွတ်မြောက်ချင်သွားခဲ့လျက်။

ရှောင်ဟာက သူ့ခြေကျင်းဝတ်ကိုဆွဲရင်း "အစ်ကို၊ ခင်ဗျားက ကျွန်တော့်ကို အရင်သွေးဆောင်ခဲ့တဲ့သူပဲ။"

"ငါမဟုတ်ဘူး..."

"ထပ်လုပ်ရအောင်"

နောက်ဆုံးတော့ ချန်းရန်မှာ သူဘာကြောင့် အရမ်းနာကျင်နေတယ်ဆိုတာ သိလိုက်ရပေသည်။

ပထမတော့ သူအရမ်းဒေါသထွက်နေပေမယ့် အဲ့ဒါကိုလုပ်ပြီးနောက်မှာတော့ သူ့နှလုံးသားထဲကဒေါသမှာ အဝေးလွင့်သွားပြီး သက်တောင့်သက်သာရှိသည့်ခံစားချက်ရလာခဲ့သည်။ သူ့လက်တွေကတောင် ရှောင်ဟာလည်ပင်းမှာချိတ်တွယ်ထားလိုက်သေး၏။

အဲ့ဒါပြီးပြီးချင်းမှာပဲ ချန်းရန် ဒေါသထွက်လာပြန်သည်။

သူက ရှောင်ဟာကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ရှောင်ဟာမှာ သူ့ဦးခေါင်းကိုငုံ့လျက် ချစ်စဖွယ်တောင်းပန်နေရာ သူ့သမာဓိမမြဲတော့ဘဲ ဟက်စကီးလေးကို ခွင့်လွှတ်လိုက်ပြန်၏။

အိပ်ယာပေါ်တွင် အချိန်အတော်ကြာ လှဲလျောင်းနေပြီးနောက် ရှောင်ဟာက ကြက်ဥနှင့် အဆီနည်းအသားတို့ဖြင့် ပြုလုပ်ထားသည့် ကိုယ်တိုင်လုပ်ယာဂုတစ်ပန်းကန်ကို သူ့ဆီယူလာ၍ သူလည်း ဒေါသမထွက်တော့ဘဲ ယာဂုကိုသောက်လိုက်တော့သည်။

ချန်းရန်မှာ ပင်ပန်းလွန်းနေ၍ ယာဂုသောက်ပြီးနောက် အိပ်ပျော်သွားသဖြင့် ရှောင်ဟာရဲ့ ပါးစပ်ထောင့်မှ ထူးခြားသည့်အပြုံးကို မမြင်လိုက်တော့ပေ။ ရှောင်ဟာမျက်လုံးထဲက ပိုင်းစိုးပိုင်နင်းဆန်ဆန် ပြင်းပြင်းပြပြဆန္ဒကိုလည်းပဲ သူမမြင်နိုင်ခဲ့တော့။

အဲ့ဒါက ချစ်စရာကောင်းပြီး ရိုးရှင်းသော ရှောင်ဟာမှာ ဘယ်တော့မှမရှိနိုင်သည့် အကြည့်နှင့် အမူအရာတစ်ခုပင်။

ချန်းရန် သုံးရက်အကြာတွင် လုံးဝပြန်လည်ကောင်းမွန်လာလျက်။

ထိုနေ့မှာ ရှောင်ဟာက ပုံမှန်မဟုတ်သော အပြုအမူကို ပြသခဲ့၏။ သူ မစားမသောက်တော့ဘဲ ချစ်စရာကောင်းအောင်လည်းမနေတော့ချေ၊ သူ့အကြိုက်ဆုံး ဆိတ်နို့ကိုတောင် သောက်ဖို့ငြင်းလေသည်။

ချန်းရန်မှာ ရှောင်ဟာကို ဘာဖြစ်တာလဲလို့ မေးလိုက်တော့ သူပြန်ဖြေလာသည်မှာ "အစ်ကို၊ ခင်ဗျားက ကျွန်တော်နဲ့ အိပ်လိုက်ပြီးပေမယ့် တာဝန်လည်းမယူဘူး။ ခင်ဗျားက လူဆိုးပဲ။"

ချန်းရန်: ".......?"

ချန်းရန်က စိတ်သောကရောက်နေလျက် "မင်းကို ဒါတွေအားလုံး ဘယ်သူသင်ပေးတာလဲ"

ရှောင်ဟာက စကားမပြောဘဲ သူ့ကိုသာ စွပ်စွဲဟန်ကြည့်နေရာ ချန်းရန်မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားရ၏။

"ငါတို့ကြားမှာ မျိုးပွားခြင်းဆိုင်ရာသီးခြားခွဲထားမှုရှိတယ်။" ချန်းရန်က ရှောင်ဟာကို စည်းရုံးသိမ်းသွင်းရန် မတူညီသောမျိုးစိတ်များအား အသုံးပြုရန် ကြိုးစားခဲ့သည်။

သို့သော် ရှောင်ဟာ ပြောလာသည်မှာ "အစ်ကို၊ ကျွန်တော်တို့နှစ်ယောက်စလုံးက ယောက်ျားလေးတွေလေ။ မျိုးပွားဖို့မလိုအပ်ပါဘူး။ ပြီးတော့ အရင်နေ့က ကျွန်တော်တို့လုပ်ခဲ့တုန်းက အဲ့ဒါကို မပြောခဲ့ဘူးလေ"

ချန်းရန်: "......"

ရှောင်ဟာရဲ့ ကပ်တွယ်မှုကြောင့် ချန်းရန်မှာ သူ့အတွေးတွေအတိုင်းလိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

ရှောင်ဟာနှင့်သူ တွဲလိုက်ကြ၏။ သူ့ချစ်သူလေးမှာ ဟက်စကီးပင်။

ထိုညက လူတစ်​​ယောက်​နှင့်​ ​ခွေးတစ်​​ကောင်​တို့ အတူတူ လူးလှိမ့်ကြပြန်သည်။

အိပ်ရာ၊ ဆိုဖာ၊ ရေချိုးခန်း၊ မီးဖိုချောင်... လေးကြိမ်မြောက်လုပ်ပြီးကြပြီးနောက် တက်ကြွနေသည့် ရှောင်ဟာမှာ နောက်တစ်ကြိမ်ထပ်လုပ်ရန် အဆင်သင့်ဖြစ်နေဆဲ။ ချန်းရန်ကတော့ ပြိုလဲလျက်။

"ထပ်မလုပ်တော့ဘူး၊ ငါထပ်မလုပ်နိုင်တော့ဘူး၊ ငါ့ကိုအနားပေးဦး ဟုတ်ပြီလား?"

"ဟာ့ မင်းတို့ဟက်စကီးတွေက အရမ်းတက်ကြွတာပဲကွာ၊ အိမ်ကိုဖျက်စီးဖို့ မနက်​ဖြန်​အတွက်​ မင်းရဲ့အင်အားကို ချန်ထားဦးလေ ဟုတ်ပြီလား။ မင်းက အိမ်ရှုပ်ရတာကြိုက်တယ် မဟုတ်လားကွာ? မနက်​ဖြန်​ မင်းအရှုပ်​​တွေလုပ်ဖို့ ငါအိမ်​ကိုထားထားပေးမယ်နော်၊ ဒီညအတွက် ငါ့ကိုလွှတ်ပေးလိုက်​တော့ အိုကေလား?"

ရှောင်ဟာက ကွန်ဒုံးကို လက်တစ်ဖက်ဖြင့် ဆုတ်ဖြဲလိုက်ရင်း "အစ်ကို၊ ကျွန်တော် အိမ်ရှုပ်ရတာမကြိုက်ပါဘူး။ ကျွန်တော် အစ်ကို့ကိုပဲကြိုက်တာလေ။"

ချန်းရန် အံ့သြသွားရပြီး "မင်းမကြိုက်ဘူးလား။ အဲ့ဒါက မိုက်မိုက်မဲမဲဟက်စကီးတွေအားလုံး လုပ်ရတာကြိုက်တာ မဟုတ်ဘူးလားကွ"

ရှောင်ဟာက သူ့နှုတ်ခမ်းကို ချိတ်ပိတ်လိုက်ပြီး အဓိပ္ပါယ်ရှိသောအပြုံးလေး ထုတ်ဖော်ကာ သူ့မျက်လုံးတွေက အစိမ်းရောင်အလင်းတွေနဲ့ တောက်ပလျက် "အစ်ကို၊ ကျွန်တော်က ဟက်စကီးလို့ ခင်ဗျားကို ဘယ်သူပြောတာလဲ"

ထိုသို့ပြောပြီး သူ့ရဲ့ နီနီရဲရဲလျှာကို ဆန့်ထုတ်၍ သူ့ချွန်ထက်သည့် သွားတွေကို လျှက်လိုက်ရင်း "ကျွန်တော်က ဝံပုလွေပဲ"


xxx