Chapter(1) : Arc(1) စေ့စပ်ထားသောသတို့သားလောင်း။
Viewers 12k

Arc(1): စေ့စပ်ထားသောသတို့သားလောင်း။

လုစစ်ပြန်လာပြီ။

ထိုသတင်းကား ဒယ်အိုးထဲသို့ကျသွားသောရေနွေးပမာ မြို့တော်၏အထက်ပိုင်းစက်ဝန်းထဲတွင်အတော်လေးမွှေနှောက်သွား၏။

"လုစစ်၊ သိပ်မကြာသေးခင်က ကာနယ်အဖြစ်ရာထူးတိုးသွားတဲ့ ငယ်ရွယ်တဲ့မျိုးဆက်လေးမလား။ ဆိုးတော့မဆိုး​ပါဘူး၊ သူကအသက်ငယ်ပြီးတော့ တောက်ပတဲ့အနာဂတ်ရှိတယ်။ သူကငါတို့အဖိုးကြီးတွေထက်တောင်ပိုတောက်ပနိုင်သေးတယ်ကွ။"
အသက်ပိုကြီးသောမျိုးဆက်များက သူ့အကြောင်းပြောသည့်အခါ၊ သူတို့မနေနိုင်ဘဲချီးကျူးမိကြသည်။

"ငါကြားတာတော့ သူက လင်မိသားစုရဲ့သခင်လေးနဲ့လည်းစေ့စပ်ထားတယ်ဆို။ သူကပြောရေးဆိုခွင့်ရှိသူလင်ရဲ့ အနာဂတ်ကောင်းတဲ့သားမက်လေးပဲ။"

"​ပြောရေးဆိုခွင့်ရှိသူလင်ကမျက်စိကောင်းသားပဲ။"

အကြီးအကဲများပြောတာကိုကြားလိုက်ရပြီးနောက်၊ မိသားစုထဲကဂျူနီယာလေးများဟာ မနေနိုင်ဘဲဖုန်းခိုးဖွင့်လိုက်သည်။ ကွမ်းနောင်ကစက်ဝန်းသေးသေးလေးထဲတွင်စောဒကတက်လာသည်။

[လုစစ်ပြန်လာပြီလို့ငါကြားတယ်။ လင်ခုံးလုနဲ့သူ့အကြောင်းကိုမင်းတို့မှတ်မိကြသေးလား။]

[ဘာလို့မမှတ်မိရမှာလဲ။ အဲ့ဒီ့အချိန်တုန်းက လုစစ်ကစိုက်ပျိုးရေးဂြိုဟ်ကနေ ငါတို့မြို့ထဲကနံပါတ်တစ်အလယ်တန်းကျောင်းကိုပြောင်းလာခဲ့တော့ အဝေးမှုန်တဲ့လူတစ်သိုက်ကသူ့ကိုအနိုင်ကျင့်ဟားတိုက်ခဲ့ကြတယ်လေ။ အထူးသဖြင့် သူ့ရဲ့စေ့စပ်ထားတဲ့သတို့သားလောင်းလင်ခုံးလုပေါ့။ သူနဲ့မတန်ဘူးဆိုပြီး ထိပ်ဆုံးကနေဦးဆောင်အနိုင်ကျင့်ခဲ့တာ။]

[ကံဆိုးချင်တော့ လင်မိသားစုကအခုအောက်ကျသွားတော့မှာ။ ပြောရေးဆိုခွင့်ရှိသူလင်ရဲ့သက်တမ်းကလည်းကုန်တော့မှာ၊ ပြီးတော့သူကရွေးကောက်ပွဲမှာရှုံးသွားတယ်။ အစ်ကိုလင်ကလည်းရှေ့တန်းမှာဒဏ်ရာရသွားတယ်။ မက်ခါမောင်းတာကိုမပြောနဲ့၊ သူမတ်တပ်ရပ်နိုင်မရပ်နိုင်ဆိုတာကမေးခွန်းတစ်ခုဖြစ်နေတုန်းပဲ။ လင်သခင်လေးကလည်းဘာမှနားမလည်တဲ့အိုမီဂါတစ်ယောက်မဟုတ်ဘူး။ လုစစ်ကဒီနှစ်တွေမှာတစ်လှမ်းပြီးတစ်လှမ်းမြင့်တက်လာပြီးတော့ မကြာသေးခင်ကကာနယ်ရာထူးရသွားသေးတယ်။ ဘယ်သူကဘယ်သူနဲ့မတန်တာလဲကွ။]

[ဟားဟား၊ မဟုတ်သေးဘူးနော်။]

[ငါ့ကိုပြောစေချင်ရင်တော့ စေ့စပ်ပွဲဖျက်ဖို့ဖြစ်နိုင်ချေများတယ်။]

[သူတို့ဖျက်ပြီးတာဖြစ်လောက်တယ်၊ မိသားစုကြီးက@လင်းရှောင်သခင်လေး တစ်ချက်လာကြည့်လှည့်ပါအုံး။]

မကြာမီတွင် ဘေးအိမ်ကလူအုပ်ကြီးမှာအသက်ဝင်လာတော့သည်-

[@လင်ခုံးလုရင်းရှီ၊ လုစစ်ပြန်လာတာကိုကြားပြီးပြီလား။]

[ဒီတစ်ခေါက်သူပြန်လာတာက မဂ်လာလက်မှတ်ရေးထိုးဖို့လား။]

[ဒီလောက်အစွမ်းကြီးတဲ့အယ်လ်ဖာကို မင်းဆွဲထားရမယ်နော်@လင်ခုံးလုရင်းရှီ]

[လင်သခင်လေး?]

[...]

ချမ်းသာကြွယ်ဝစွာအလှဆင်ထားသောပီယာနိုအခန်းထဲတွင်၊ အဖြူရောင်နှင့်လူငယ်လေးတစ်ဦးက အဆင့်မြင့်စန္ဒယားရှေ့တွင်ထိုင်နေရင်းဖြင့် စန္ဒယားတီးရာတွင်အာရုံစိုက်ထားကာ သူ့ဦးနှောက်ထဲတွင်ဆက်တိုက်ထွက်လာပေါ်သည့်သတင်းများကိုမျက်ကွယ်ပြုထားသည်။

သူ၏မျက်နှာသွင်ပြင်ကားထူးကဲလှပပြီး သူ၏လှုပ်ရှားမှုများကသိမ်မွေ့နေသည်မှာ နတ်သမီးပုံပြင်ထဲကမင်းသားလေးတစ်ပါးပမာ။ သူ၏သွယ်လျကာဖြူဖွေးသောလက်ချောင်းများသည်အဖြူအမည်းခလုတ်များထက်တွင်ခုန်လွှားနေပြီး ကျက်သရေရှိသည့်လှုပ်ရှားမှုကိုတီးခတ်လျက်ရှိ၏။

သနားစရာကတော့ စန္ဒယား၏အသံကချိုသာနေပေမဲ့ ၎င်းကမရွေ့လျားပဲနေပုံမှာ ဝိညာဥ်မရှိ၊ စိတ်ခံစားချက်မရှိဘဲတီးခတ်နေသည့်စက်တစ်လုံးနှယ်။

စံအိမ်ခြံဝန်းအပြင်ဖက်၌၊ အနက်ရောင်စစ်တပ်ဝတ်စုံဖြင့်လုစစ်ကကားထဲမှထွက်လာသည်။

စံအိမ်ထဲကစန္ဒယားသံကိုကြားလိုက်ရတော့ သူဖြည်းညှင်းစွာပြုံးလိုက်မိကာ သူ့လက်ဆစ်ကိုမြှောက်၍ဦးထုပ်အစွန်းကိုကိုင်လိုက်ပြီး ပျော့ပြောင်းစွာတီးတိုးဆိုမိသည်။
"ကိုယ်တို့ထပ်တွေ့ကြပြီပဲ..." သခင်ငယ်လေး။

လင်ခုံးလုသည်စန္ဒယားတီးပြီးသော် ထရပ်၍ သူ့ဘေးရှိစက်ရုပ်ထံမှတစ်ရှူးအစိုယူလိုက်၏။ သူကဖြည်းညှင်းစွာဖြင့်သူ့လက်ချောင်းတစ်ချောင်းချင်းစီကိုသုတ်ကာ ထို့နောက်တစ်ရှူးကိုပြန်ကမ်းပေးလိုက်ပြီး အမိန့်ပေးလိုက်သည်။
"စန္ဒယားကိုထပ်သုတ်လိုက်အုံး။"

"ဟုတ်ကဲ့၊ သခင်လေး။"
စက်ရုပ်ကချက်ချင်းထွက်သွားကာ တစ်ရှူးအသစ်လဲလိုက်သည်။

"လုစစ်ကအောက်မှာရောက်နေပြီ၊ မင်းကတာဝန်ကိုလုပ်နေတုန်းလား။"
စိတ်ထဲရှိစနစ်0687ကရုတ်တရက်မေးလာသည်။

လင်ခုံးလုပြောလိုက်သည်။
"အမ်း။"

0687:"ပစ်မှတ်ရဲ့လက်ရှိနှစ်သက်မှုအဆင့်က ၈..."

"၈၉မလား။"
လင်ခုံးလုကဖြေလိုက်သည်။

သူဤကမ္ဘာကိုရောက်ရှိလာတာပထမဆုံးအကြိမ်မဟုတ်ပေ။ အတိအကျပြောရလျှင် သူသည်ဤကမ္ဘာ၏ဇာတ်အိမ်ကိုပြီးဆုံးသွားခဲ့ပေမဲ့ bugဝင်နေတာကိုပြန်ပြင်ဖို့ ဒီကိုပြန်ရောက်လာရခြင်းပင်။

ဟုတ်တာပေါ့၊ သူကလျင်မြန်သည့်ကူးပြောင်းသူပင်။

အချိန်နှင့်နေရာလွတ်အုပ်ချုပ်ရေး၏ဇာတ်ညွှန်းထဲတွင်၊ အသေးစားကမ္ဘာတစ်ခုချင်းစီတိုင်းမှာ အဓိကဇာတ်ဆောင်(ဇာတ်လိုက်)နှင့် အမြှောက်စာဇာတ်ကောင်၊ ဗီလိန်များစွာရှိပြီး ၎င်းတို့၏ဇာတ်လမ်းများက ဤကမ္ဘာ၏ပုံမှန်လည်ပတ်ရေးကိုထောက်ပံ့ပေးနေသည်။

အဓိကဇာတ်ဆောင်ကတော့ ပြောစရာမလိုပေ၊ သူကဤကမ္ဘာ၏ကံကောင်းမှုကိုစုပ်ယူကာ ကနဦးအဆင့်ကမည်မျှပင်ခက်ခဲနေပါစေ အဆုံးသတ်မှာတော့ သူဟာဘဝတွင်အောင်နိုင်သူတစ်ယောက်ဖြစ်လာမည်ပင်။ ဒါပေမဲ့ အမြှောက်စာဇာတ်ကောင်၊ ဗီလိန်တိုင်းကဇာတ်အိမ်အတိုင်းလိုက်မလုပ်ကြပေ။ အသေးစားကမ္ဘာကိုပုံမှန်လည်ပတ်စေရန်အလို့ငှာ တစ်ခါတလေကျရင် ပရော်ဖက်ရှင်များသည် အမြှောက်စာဇာတ်ကောင်နေရာတွင်အစားဝင်ကာ...ခက်ခဲသည့်ကိစ္စတချို့လုပ်ရန်လိုအပ်၏။

အမြှောက်စာဇာတ်ကောင်နှင့်ဗီလိန်များက ဆန့်ကျင်ဖက်တွင်ရှိသည်။ သူတို့ကားတစ်ကိုယ်ကောင်းဆန်ကာ ရက်စက်ပြီး စိတ်သဘောထားကျဥ်းမြောင်းကာ သူတော်ကောင်းယောင်ဆောင်ကြသည်...သူတို့ကနေရာတိုင်းတွင်အဓိကဇာတ်ဆောင်ကိုနှောင့်ယှက်လေ့ရှိကြသည်။ သူတို့၏ပုံပန်းသွင်ပြင်မှတစ်ပါး၊ သူတို့ဟာအဓိကဇာတ်ဆောင်၏အမြင့်တက်ရာလမ်းကြောင်းတွင် အနင်းခံကျောက်တုံးများသာဖြစ်ကြသည့်အပြင် အဓိကဇာတ်ဆောင်၏အချစ်နှင့်အလုပ်တို့ဖြစ်ကြသည်။ ယင်းကားမျက်နှာဖြတ်ရိုက်ခံရမည့်ပစ္စည်းတစ်ခုသာဖြစ်သည်။

လင်ခုံးလုမှာထိုကဲ့သို့သောပါရမီစွမ်းရည်ရှိသည်။ သူသည်ကမ္ဘာထောင်ပေါင်းများစွာကိုဖြတ်၍ခရီးသွားခဲ့ပြီး အချိန်နှင့်နေရာလွတ်ဌာနတွင် အတော်ဆုံးထဲကတစ်ယောက်အဖြစ်စံချိန်မှီသည်။

အစကတော့ ဤကမ္ဘာကိုဝင်ရောက်ပြီးသွားရင် အနားယူဖို့ကြံထားပေမဲ့ ခေါင်းဆောင်ကရုတ်တရက်ဆိုလာသည်။
"ရှောင်လင်၊ မင်းသွားခဲ့တဲ့ကမ္ဘာမှာbugတချို့ဝင်နေတယ်။ မင်းပြန်သွားရမှာစိုးတယ်။ စိတ်မပူနဲ့၊ ဒါကbugမီလီယံအနည်းငယ်ပါပဲ။ ကမ္ဘာတစ်ခုဆီကိုပြန်သွားရတဲ့ရလဒ်ကသိပ်မကောင်းဘူး။ အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုထိခိုက်စေနိုင်တယ်။"

လင်ခုံးလုသည်အလုပ်ကိုအမြဲတမ်းဦးစားပေးလေ့ရှိရာ သူသဘာဝကျကျပင်လက်ခံလိုက်၏။ ရလဒ်အနေနှင့်ကတော့ သူပထမအ​ကြိမ်ဝင်ရောက်သွားတုန်းက ထူးကဲသောအဆင့်ကိုရရှိနိုင်ခဲ့သည်။ သူသာဖိုင်ကိုနောက်တစ်ခေါက်ပြန်ဖတ်လိုက်လို့ရှိရင် ပန်းတိုင်ကမနိမ့်လောက်ဘူးဟုခံစားရသည်။

ဤကမ္ဘာရှိသူ၏ဇာတ်ကောင်ကား မောက်မာပြီးနိုင်လိုမင်းထက်ဆန်သောအိုမီဂါသခင်လေးတစ်ယောက်ဖြစ်သည်။ စောစီးသောရက်တွေတုန်းက၊ သူသည်စိုက်ပျိုးရေးဂြိုဟ်ကဖြစ်သော သူ၏စေ့စပ်ထားသူအဓိကဇာတ်ဆောင်ကိုလှောင်ပြောင်ဟားတိုက်ကာ အထင်အမြင်သေးခဲ့၏။ နောက်ပိုင်းတွင် မိသားစုကစီးပွားရေးကျဆင်းသွားကာ စေ့စပ်ထားသောသတို့သားလောင်းကအင်အားကြီးလာပြီး သခင်လေးမှာသူ၏သနားစရာမိမိကိုယ်ကိုတန်ဖိုးထားမှုကိုဆောင်ကျဥ်းကာ သူ့ကိုလက်ထပ်ဖို့အဓိကဇာတ်ဆောင်ကိုပြောခဲ့ပေမဲ့ ရလဒ်ကတော့ဖြင့်မျက်နှာဖြတ်ရိုက်ခံလိုက်ရသည်။

တာဝန်ကတော့အရမ်းရိုးစင်းသည်၊ bugကိုရှာပြီးပြန်ပြင်ရုံသာဖြစ်ကာ ပြီးလျှင်ဇာတ်အိမ်အတိုင်းရေလိုက်ငါးလိုက်နေသွားရုံပင်။

သို့သော်လည်း ဟာသကြည့်ဖို့စောင့်နေသည့်အုပ်စုထဲကလူတွေကဲ့သို့မဟုတ်ဘဲ၊ အဓိကဇာတ်ဆောင်လုစစ်ကဒီတစ်ကြိမ်တွင်ပြန်လာပြီး စေ့စပ်ပွဲကိုချက်ချင်းဖြတ်လိမ့်မည်မဟုတ်။

လုစစ်ကသခင်လေးကိုတကယ်ချစ်မြတ်နိုးမှန်း မည်သူကမျှစိတ်ကူးမိကြမည်မဟုတ်။ သူသည်ကာနယ်အဖြစ်ရာထူးတိုးပြီးနောက် ဒီမြို့တော်ကိုပြန်လာရင်တောင်မှ သူ့ရင်ထဲတွင်ဤသခင်လေးပိုင်ယွဲ့ကွမ်အတွက် အထူးတလှယ်နေရာအသေးလေးရှိနေသေးသည်။

သို့သော် လင်ခုံးလုကဒါကိုသိသည်၊ အဆုံးမှာတော့ သူကဤကမ္ဘာကိုတစ်ခေါက်ဝင်ရောက်ခဲ့ဖူးသည်ပင်။ ဤကဲ့သို့ထပ်ဝင်ရောက်ခြင်းကလည်းကောင်းကျိုးများရှိသည်။ ဥပမာ အခုဆိုရင် စနစ်ကိုမေးစရာမလိုဘဲ သူ့အပေါ်လုစစ်၏နှစ်သက်မှုနှုန်းက ၈၉ဆိုတာကိုသူသိနေသည်။

"တကယ်တော့...၈ပါပဲ၊ ၉မပါဘူး။"
စနစ်0687ကအသိပေးလာသည်။

လင်ခုံးလု: "?"

"နှစ်သက်မှုနှုန်းက ၈၉မဟုတ်ဘူး၊ ၈ပဲ။"
စနစ်0687ကရှင်းပြသည်။

လင်ခုံးလု: "..."

0687: "ပြီးတော့ တန်ဖိုးကဆက်တိုက်ကျနေတုန်းပဲ၊ အခုဆို အနုတ်၈ဖြစ်သွားပြီ။"

လင်ခုံးလု: "..."

0687: "ဒါနဲ့စကားမစပ်၊ မကောင်းတဲ့စိတ်တန်ဖိုးဖော်ထုတ်တဲ့ပစ္စည်းက မကြာသေးခင်ကပဲမြင့်တက်လာတယ်၊ မင်းပိုပြီးသိချင်သေးလား။"

လင်ခုံးလု: "..." ကျေးဇူးပဲ၊ အဲ့အကြောင်းစဥ်းကိုမစဥ်းစားနဲ့။

အနုတ်၈၊ ဆိုလိုတာက အမုန်းချည်းပဲရှိတာလား။ ဒါပေမဲ့ ဇာတ်အိမ်ရဲ့လိုအပ်ချက်တွေက အချစ်နဲ့အမုန်းလေ...

ထားလိုက်တော့၊ ဇာတ်ညွှန်းအတိုင်းအရင်လိုက်လုပ်ပြီး အပြောင်းအလဲတွေကိုတော့တစ်ပုံစံတည်းတုံ့ပြန်လိုက်မယ်။

ဤကမ္ဘာတွင်bugအနည်းငယ်ရှိသည်ဟုခေါင်းဆောင်ကပြောသခဲ့ည်။ ဒီတော့ အခြေအနေကအရင်နှင့်ကွဲပြားတာကပုံမှန်ပင်။

"လုစစ်ကတံခါးမှာရှိနေရမှာမလား။"
သူသည်သူ၏အကျီလက်ဖျားကိုဆန့်ကာ သူ့မျက်နှာထားကချက်ချင်းဆိုသလိုပြန်ကောင်းသွားသည်။ အောက်ထပ်ကလှုပ်ရှားမှုကိုကြားလိုက်ရတော့ သူရယ်မောလိုက်ပြန်ကာ အောက်ထပ်ကိုပြေးဆင်းသွားလိုက်သည်။

အဆုံးတွင်၊ သူက(ခွေ့ချွမ်း)သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်ပြီး မျက်နှာအမူအရာပြောင်းလဲရာတွင်အလွန်တော်သည်ပင်။

"ကိုကြီးပြန်လာတာလား။"
သူသည်လေရူးတစ်သုန်နှယ်အောက်ထပ်ပြေးဆင်းလာပြီး သူ့စကားလုံးများအံ့သြနေပုံပေါက်ပေမဲ့ ဧည့်ခန်းထဲကိုအိမ်တော်ထိန်းခေါ်လာသော ယောက်ျား၏ပုံရိပ်ကိုမြင်လိုက်ရချိန်တွင် သူ၏မျက်နှာပေါ်ကအပြုံးမှာရုတ်ခြည်းအေးခဲသွားတော့သည်။

ရောက်လာသည့်သူကား အနက်ရောင်စစ်တပ်ဝတ်စုံဝတ်ဆင်ထားသော သွယ်လျကာအရပ်ရှည်သောပုံရိပ်ရှိသည့်လုစစ်ပင်။ အသံကိုကြားလိုက်ရတော့ သူသည်ဖြည်းညှင်းစွာခေါင်းမော့ကြည့်လာပြီး သူ့မျက်ဝန်းများကတည်ငြိမ်မှုကိုပြသလျက်ရှိ​သောမင်ရည်ပမာ မည်းနက်နေပေကာ သူ့မျက်လုံးများကအိမ်နေအဖြူရောင်အဝတ်အစားနှင့်ကောင်လေးထံမည်သည့်စိတ်ခံစားချက်မျှမပါဘဲကျရောက်သွားသည်။

သေချာတယ်၊ တစ်ခုခုတော့မှားနေပြီ။ အရင်ဘဝကဤအချိန်တွင် လုစစ်ကသူ့ကိုချစ်နေသေးပေမဲ့ ယခုမူ သူ၏နှစ်သက်မှုနှုန်းက အနုတ်ပြနေသည်...

လင်ခုံးလုကပုံမှန်အတိုင်းပြုမူလိုက်ပေမဲ့ သူ့ကိုမြင်ရဖို့မထင်ထားသည့်အလား မျက်မှောင်ကြုတ်၍ ရွံရှာစွာပြောလိုက်သည်။
"မင်းဘာလို့ဒီရောက်နေတာလဲ။ ဒီမှာဘာလာလုပ်တာလဲ။"

ဟုတ်တာပေါ့၊ နှစ်များစွာကြာပြီးနောက်ပြန်တွေ့ရချိန်တွင် လင်သခင်လေးကတော့လုစစ်ရှေ့တွင်မောက်မာကာ ဒေါင်းတစ်ကောင်ပမာဝံ့ကြားနေဆဲပင်။

တကယ်တော့ လင်မိသားစုကနိမ့်ကျသွားပြီး ပါတီတိုင်း၏ဖယ်ကျဥ်ခံရနေရကြောင်းကို မျက်စိကောင်းသည့်လူတိုင်းမြင်နိုင်သည်။ လုစစ်နှင့်လက်ထပ်စာချုပ်ချုပ်ရမည့်လူတစ်ယောက်အနေဖြင့် သူကလုစစ်၏ပေါင်ကိုဖက်ထားသင့်သည်ပင်။

သို့သော် သခင်လေးကဒါကိုမသိပေ။ သူသည်မောက်မာပြီးနိုင်လိုမင်းထက်ဆန်ရုံသာမက အခြေအနေအချိန်အခါကိုလည်းနားမလည်ပေ။ သူကလှပသောအရူးလေးတစ်ယောက်ပင်။

မူရင်းဝတ္ထုဇာတ်ကြောင်းထဲတွင် လုစစ်ကဒါကိုတိုက်ရိုက်လှောင်ပြောင်ပြီး လျစ်လျူရှုထားခဲ့သည်။ သူကသခင်လေးကိုတစ်ချက်ကြည့်ကာထွက်သွားပြီး တစ်ဖက်လူကိုဟားတိုက်ခံရအောင်ထားသွားခဲ့လေသည်။ ဒါပေမဲ့ ထူးဆန်းသည့်အရာကတော့ လင်ခုံးကိုဒီမှာစန္ဒယားတီးသည့်အချိန်မှာ လုစစ်ကအချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့"ကောင်းပြီ"ဟုသြရှသောအသံဖြင့်ဆိုလာခဲ့သည်။ ကံကောင်းချင်တော့ ထိုအချိန်တုန်းကသူသည်တာဝန်ပြီးဆုံးတော့မည်ပင်။ ထိုဖြစ်ရပ်အပြီးတွင်၊ သူကားပြန်ပေးဆွဲခံလိုက်ရပြီး ထို့နောက်ပြန်ပေးဆွဲသမားများကလက်မှတ်ကိုဆွဲဖြဲကာ နေ့လယ်စာထမင်းဘူးကိုရရှိခဲ့ကြသည်။ "ကောင်းပြီ"ဟူသည့်စကားလုံးက ဇာတ်ကြောင်းအပေါ်တွင်သက်ရောက်မှုသိပ်မရှိသော်လည်း၊ နောက်ဆုံးရလဒ်ကတော့ထူးကဲနေဆဲပင်။

၎င်းမှာ လင်မိသားစုတကယ်ကပ်ဆိုက်သွားပြီး သခင်လေးတစ်ယောက်လက်တွေ့ကိုသဘောပေါက်သွားကာ လုစစ်ထံငိုယိုမပြခင်အထိပင်။ ဒါပေမဲ့ ထိုသို့ပင်လျှင် သူကတုန်ယင်နေသောအသံဖြင့်ပြောလိုက်ပါသေးသည်။
"လုစစ်၊ ငါ့ကိုမင်းလက်ထပ်စေချင်တယ်။"

အကယ်၍ သူသာရက်အနည်းငယ်ကြာပြီးမှသေဆုံးသွားခဲ့လို့ရှိရင် လုစစ်ကိုလက်ထပ်နိုင်ခဲ့လိမ့်မည်ပင်။ ထိုအခါ ထူးကဲသောအဆင့်များရလာမည်ကိုမပြောနှင့်၊ သူ့လစာမရဘဲ ပွိုင့်များအနှုတ်မခံရလို့ရှိရင် ပိုကောင်းလိမ့်မည်ပင်။

ဒါကိုတွေးမိရင်းဖြင့် လင်ခုံးလုမနေနိုင်ဘဲပိုနစ်မြုပ်သွားရကာ အနောက်လှည့်၍ အိမ်တော်ထိန်းကိုစောဒကတက်လိုက်သည်။
"ဦးလေးလင်း၊ ဘာလို့သူစိမ်းတွေကိုအိမ်ထဲဝင်ခွင့်ပေးလိုက်တာလဲ။"

ဦးလေးလင်းကကူကယ်ရာမဲ့စွာကြည့်လာသည်။ လုစစ်၏အဆင့်အတန်းကသာမန်မဟုတ်။ သူ့ကိုကပ်ဖားဖို့မလိုသည့်တိုင် ဆန့်ကျင်ဖို့လည်းမကောင်းပေ။

သခင်လေးအောက်ထပ်ဆင်းလာတုန်းက သူသည်တမင်မျက်စိမှိတ်ပြခဲ့ပြီး ဒီဘိုးဘေးလေးကစကားကိုပိုယဥ်ကျေးစွာပြောလိမ့်မည်ဟုမျှော်လင့်ထားမိသည်ပင်။ သို့သော်လည်း သူတို့၏ဦးနှောက်လှိုင်းများမှာပိတ်ဆို့ခံလိုက်ရပြီး တစ်ဖက်လူ၏အဖွင့်စကားမှာသေနုတ်မောင်းခလုတ်နှယ်။

လင်းပေါ်သည်ကိစ္စများကိုချောမွေ့သွားစေရန် ရှေ့တိုးလိုက်ရပြီး ရှက်ကိုးရှက်ကန်းပြောလိုက်သည်။
"သခင်လေး၊ ဒါကစစ်တပ်အထွေထွေဆေးရုံမှာ အကြီးဆုံးသခင်လေးကိုသွားတွေ့ဖို့ သခင်လေးကိုခေါ်သွားမဲ့မစ္စတာလုပါ။"

"ကျုပ်ကိုခွင့်လွှတ်ပါဗျာ။ သခင်လေးကအကြီးဆုံးသခင်လေးနဲ့ပတ်သတ်ပြီးစိတ်ပူနေတာမို့ စိတ်အခြေအနေမကောင်းတာပါဗျာ၊ တမင်လုပ်တာမဟုတ်ပါဘူး..."

လုစစ်သည်တံခါးထဲဝင်လာကတည်းက သူ၏စိတ်ခံစားချက်များကိုမပြခဲ့ပေ၊ ယခုမူ လင်ခုံးလုကိုကြည့်နေရင်းဖြင့် သူ့ကိုတရားရုံးထဲတွင်ချောက်ချခဲ့သည့်အချိန်တုန်းက စိတ်ပျက်ရွံရှာမှုအပြည့်နှင့် လူငယ်လေး၏ပုံပန်းသွင်ပြင်ကိုမြင်လိုက်ရသည်။

ထိုအချိန်တုန်းက ကောင်လေးကိုပြန်ပေးသမားတွေဆီကနေကယ်တင်ဖို့ သူဘယ်လောက်တောင်ရူးမိုက်ခဲ့သလဲ။ ဒါပေမဲ့ တစ်ဖက်လူ၏မာနနှင့်ကလဲ့စားတို့ဖြင့် လက်စားချေခံလိုက်ရမည်ဟုမထင်ထားခဲ့မိပေ။

သူ့ရှေ့ကရင်းနှီးသော်လည်းမရင်းနှီးသောလူငယ်လေးကိုကြည့်နေရင်းဖြင့် လုစစ်ရုတ်တရက်ပြုံးလိုက်ကာ သူ၏လှပသောသူငယ်အိမ်တို့ကိုစိုက်ကြည့်၍ တစ်လုံးချင်းပြောလိုက်သည်။
"ရပါတယ်၊ ကျွန်တော်စိတ်မရှိပါဘူး။"

လင်ခုံးလုမဖော်ပြနိုင်လောက်အောင်ကျောချမ်းသွားရပေမဲ့ ဇာတ်ကြောင်းကသူ့ကိုလုစစ်စိတ်ထဲမထားအောင်လုပ်ထားသည်။ အစ်ကိုကြီးကိုသွားတွေ့လို့ရသည်ဟု အိမ်တော်ထိန်းပြောတာကိုကြားလိုက်ရတော့ သူချက်ချင်းအလျင်စလိုပြောလိုက်မိသည်။
"တကယ်လား။ ဒါဆိုငါအဝတ်သွားလဲလိုက်အုံးမယ်။"

လွန်ခဲ့သောနှစ်လတုန်းက ပြည်ထောင်စု၏ရှစ်ခုမြောက်ကြယ်ဂြိုဟ်အပိုင်းမှာ ရန်သူကျူးကျော်တာခံလိုက်ရသည်။ အစ်ကိုလင်ကရှေ့တန်းတွင်ထွက်တိုက်ခိုက်ရာတွင် ဒဏ်ရာအပြင်းအထန်ရသွားသည်။ သူသည်အထွေထွေဆေးရုံတွင်ကုသမှုအတွက်အပို့ခံခဲ့ရပေမဲ့ သူကတပ်ဆုတ်မည့်အမိန့်ကိုလျစ်လျူရှုကာ ကိုယ်ရေးကိုယ်တာကြောင့်ရှေ့တိုးခဲ့သည်ဟုတစ်ယောက်​ယောက်တင်ပြခဲ့တာမို့ မလိုလားအပ်သောပြဿနာများကိုဖြစ်သွားစေသည်။

ဒီတော့ ဒဏ်ရာမသက်သာသေးမီ လူကစစ်ဆေးမေးမြန်းခံရတော့သည်။

ဒါတင်မဟုတ်ဘဲ ထိုကိစ္စကိုမီဒီယာကသိသွားကာ အဖေလင်၏ရွေးကောက်ပွဲကိုထိခိုက်သွားစေသည်။

ဟုတ်တာပေါ့၊ ထိုကိစ္စများကိုသခင်လေးထံမှဖုံးကွယ်ထားသည်။ သတင်းအသစ်များထွက်လာရင်တောင်မှ မီဒီယာကချဲ့ကားပြောနေသည်ဟု အဖေလင်နှင့်အိမ်တော်ထိန်းကသူ့ကိုချော့မြူလိမ့်မည်ပင်။

နေ့စဥ်နေ့တိုင်း၊ သခင်လေးကအကြီးဆုံးအစ်ကိုကိုသက်သာစေချင်ကာ အိမ်ကိုမကြာမီပြန်လာစေချင်နေသည်။ အစ်ကိုကြီးကိုသွားတွေ့လို့ရသည်ဟုပြောတာကိုကြားလိုက်ရသော် ဟုတ်တာပေါ့၊ သူအရမ်းပျော်ရွှင်သွားတာမို့ လုစစ်ကိုမုန်းတီးတာကိုပင်မေ့သွားသည်။

သူကအငြင်းပွားနေတာကိုနောက်ဆုံးတွင်ရပ်လိုက်ကြောင်းမြင်လိုက်ရတော့ အိမ်တော်ထိန်းမှာသက်မချလိုက်မိပြီး ထို့နောက်လုစစ်ကိုအပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"ကာနယ်လု၊ ထိုင်ပြီးတော့ လက်ဖက်ရည်တစ်ခွက်လောက်အရင်သောက်သွားပါအုံးလား။"
လုစစ်ကလင်ခုံးလုထွက်သွားသည့်လားရာကို​ကြည့်ကာ ခေါင်းခါ၍ပြောလိုက်သည်။
"ကျွန်တော်အပေါ်တက်ပြီးတစ်ချက်ကြည့်လိုက်အုံးမယ်။"

သူ၏လေသံကားပုံမှန်ပင်၊ စိတ်ခံစားချက်မပါသကဲ့သို့ဒေါသလည်းမပါပေ၊ မသိလျှင် ဒါကပုံမှန်လှုပ်ရှားမှုဖြစ်သည့်အတိုင်းပင်။

ထိုစကားများကိုကြားလိုက်ရသော် အိမ်တော်ထိန်းကြောင်အမ်းသွားရသည်။

ကြည့်မယ်? ဘာကိုကြည့်မှာလဲ? သခင်လေးအဝတ်လဲတာကိုကြည့်မလို့လား?

ဒါပေမဲ့ သူကအိုမီဂါ၊ မင်းကအယ်လ်ဖာလေ။

___________________________________________