Chapter(2)
Viewers 10k

အိမ်တော်ထိန်းကသူ့ကိုတားရင်ကောင်းမလား၊ မတားရင်ကောင်းမလားဝေခွဲမရဖြစ်နေချိန်တွင် လုစစ်ကတော့ဖြင့်အပေါ်ထပ်ကိုတက်သွားပြီဖြစ်သည်။


သူကအနောက်မှာရှိနေတာကိုသိနေရင်းဖြင့် လင်ခုံးလုကတံခါးလက်ကိုင်ဘုပေါ်လက်တင်လိုက်ကာ ရုတ်ခြည်းနောက်လှည့်၍မပျော်မရွှင်ပြောလိုက်သည်။

"မင်းဒီမှာဘာလုပ်နေတာလဲ။"


သူ့အဖေကသူ့ကိုလာခေါ်ခိုင်းသည်ဟုအိမ်တော်ထိန်း၏စကားကိုတွေးမိရင်း သခင်လေးကမေးပင့်ကာပြောလိုက်သည်။

"ငါ့ကိုလာခေါ်ဖို့မလိုဘူး၊ မင်းပြန်လို့ရပြီ။ ငါ့အိမ်မှာဒရိုင်ဘာရှိတယ်၊ ပြီးတော့လစ်မစ်တက်အက်ဒစ်ရှင်AIဒရိုင်ဘာလည်းရှိတာမို့ သူတို့ကိုလိုက်ပို့ခိုင်းလို့ရတယ်ရယ်။"


သူ၏မောက်မာသောလေသံထဲတွင်ချမ်းသာသောအငွေ့အသက်အနည်းငယ်ပါဝင်နေပုံမှာ လုစစ်ကအရင်တုန်းကအတိုင်းဖြစ်သည့်နှယ်။ မြို့တော်ကြယ်ဂြိုလ်နှင့်စိမ်းသက်သောလူငယ်တချို့ဟာ သူကအရာရာတိုင်းကိုအမိန့်ပေးလို့ရကြောင်းကိုနားမလည်ကြပေ။

လုစစ်ကတခစ်ခစ်ရယ်ကာ ရှေ့နှစ်လှမ်းတိုးလာပြီး သူ၏လှပသောကြောင်မျက်လုံးများကိုကြည့်လိုက်သည်။


အယ်လ်ဖာထံမှသဘာဝအလျောက်ဖိအားကား လင်ခုံးလုကိုအနည်းငယ်အဆင်မပြေဖြစ်စေသည်။ သူကူကယ်ရာမဲ့စွာဖြင့်ခေါင်းမော့ကာ မျက်လုံးကိုခပ်ကျယ်ကျယ်ဖွင့်၍ သူ၏ဒေါသကိုထိန်းသိမ်းဖို့ကြိုးစားလိုက်မိသည်။


လုစစ်ကခပ်နိမ့်နိမ့်ရယ်သည်။ သူ၏အရင်ဘဝတွင်အတုအယောင်စွပ်စွဲချက်ဖြင့် အကျဥ်းချခံထားခဲ့ရတုန်းက သူဟာလည်းလူငယ်လေးကိုမုန်းတီးခဲ့ပြီး သူအပြင်ထွက်လာပြီးရင် ဘယ်လိုလက်စားချေရမလဲဟုစီစဥ်ခဲ့သည်ကိုသတိရသွားသည်။


ဒါပေမဲ့အချိန်ကားအရာရာတိုင်းကိုသတ်ပစ်လိုက်ပုံရကာ အထူးသဖြင့်တူညီသောပျင်းရိဖွယ်အဖြစ်အပျက်ကထပ်မံဖြစ်ပေါ်လာချိန်တွင်ဖြစ်သည်။


အကျဥ်းထောင်ထဲရှိပထမဆုံးနှစ်၌၊ သူကမရေတွက်နိုင်သောအကျဥ်းသားများကိုအောင်နိုင်ခဲ့ပြီး ဒုတိယနှစ်မှာတော့ထိုနေရာတွင်ဘော့စ်တစ်ယောက်ဖြစ်လာကာ သူစတင်ပျင်းရိလာခဲ့ပြီး ၄နှစ်မြောက်၌မူ သူထိုကောင်လေးအကြောင်းတောင်တွေးခဲလာခဲ့သည်...


ငါးနှစ်မြောက်ကြာပြီးသည်အထိပင်၊ ကောင်လေးသေသွားပြီဟုသူကြားခဲ့ရသည်။


ဒါဖြင့်အဲ့ဒါကဘယ်လိုနေလဲ။ နောင်တလား။


နောက်ကျတော့ သူသည်နောက်ဆုံးတွင်ထောင်ထဲမှလွတ်လာခဲ့ပြီး သူ၏ပြစ်မှုကိုရှင်းလင်းကာ ရန်သူကိုအနိုင်ယူခဲ့ပြီး သူ့ဘဝဟာနိမ့်ကျရာမှထိပ်ဆုံးသို့ပြန်လည်ရောက်ရှိလာခဲ့ပေမဲ့ 

ဤလောကကြီးထဲမှာသူ၏စိတ်ခံစားချက်များကိုထိရောက်စေနိုင်သည့်အရာမရှိတော့ကြောင်းကိုသိလိုက်ရပေသည်။


သူပြန်လည်မွေးဖွားလာပြီး သူ့ရှေ့ကလူငယ်လေးကိုမတွေ့လိုက်ခင်အထိပင်၊ သူ၏ငြိမ်သက်သောနှလုံးသားကတစ်ဖန်လှုပ်ရှားလာ​ပြန်သည်။


ချွန်မြသောအစွယ်များရှိနေသည်ဟုတွေးနေသည့်အကောင်သေးသေးလေးကဘယ်လောက်လတ်ဆတ်လိုက်မလဲ။ သူ၏အရင်ဘဝတွင်အချိန်မရှိခဲ့တာမို့ သူဒီတစ်ခေါက်လက်စားချေပစ်လိုက်ရမလား။ 


မင်းသာတိုက်ရိုက်မရိုက်ချနိုင်ရင်တော့ စိတ်ဝင်စားဖို့ကောင်းမှာမဟုတ်ဘူး။


အမဲလိုက်ခြင်း၏စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကား ဖြစ်စဥ်ပင်ဖြစ်ကာ သားကောင်ကိုတစ်ကိုက်တည်းဖြင့်သတ်ပစ်ခြင်းမဟုတ်။


သူကားပစ်မှတ်အသစ်ကိုတွေ့သွားသည့်အလား တစ်လှမ်းချင်းစီဖြည်းညှင်းစွာချဥ်းကပ်သွားလိုက်သည်။


လေထဲတွင်အဆင်မပြေမှုရှိနေကာ လုစစ်ကသူ့အနားတိုးသထက်တိုးကပ်လာတာကိုမြင်လိုက်ရရင်း သူ့မှာမရှိသည့်အလား သခင်လေးမှာနောက်ဆုံးတွင်ကြောက်သွားတော့သည်။


"မင်း၊ မင်းဘာလုပ်မလို့လဲ။"

သူသည်တံခါးနားကပ်သွားကာ သိသိသာသာကိုစိတ်ပူနေပေမဲ့ ခြိမ်းခြောက်နေဆဲပင်။

"မင်းမှာဘာအစွမ်းအစမှမရှိသေးတာကို ငါကမင်းကိုလက်ထပ်ဖို့လက်ခံလိမ့်မယ်လို့ထင်နေတာလား။ မင်းကိုပြောလိုက်မယ်၊ မင်းကအခုကာနယ်ဖြစ်နေရင်တောင်မှ ငါမင်းကိုမကြိုက်ဘူးပဲ။ များမကြာမီ၊ ငါကအဖေ့ကိုစေ့စပ်ပွဲဖျက်ဖို့သိမ်းသွင်းနိုင်တော့မှာလေ။"


"ပြီးတော့ မင်းကာနယ်ဖြစ်တော့ရောဘာဖြစ်တုန်း။ ငါနဲ့ငါ့အစ်ကိုကြီးကမကြာခင်ကာနယ်ဖြစ်လာတော့မှာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါ့မျက်လုံးထဲမှာတော့ မင်းကအမြဲတမ်းကျေးလက်ကရိုင်းစိုင်းတဲ့ကလေးပဲဖြစ်နေမှာပဲ။"

စကားပြောအပြီးတွင်၊ သူကသူ့ကိုယ်သူခွန်အားပေးရန်အလို့ငှာ တစ်ဖက်လူကို"ဟမ့်"ခနဲအသံပြုပြလိုက်သည်။


လုစစ်ကသူ့ရှေ့ကိုလျှောက်လာပြီးဖြစ်ကာ သူ့ကိုငုံ့ကြည့်နေသည်မှာ သူ့မျက်လုံးများကရှော့ခ်ရမှုမှထိတ်လန့်မှုအဖြစ်မပြောင်းသွားခင်အထိပင်၊ ထို့နောက်သူရုတ်ခြည်းပြုံးကာ သာမန်ကာလျှံကာပြောလိုက်သည်။

"အရမ်းပြင်းထန်တာပဲ?"


ဒါကိုမြင်လိုက်ရသော် လင်ခုံးလုစိတ်သက်သာရာရသွားပေမဲ့ နောက်တစ်စက္ကန့်တွင် တစ်ဖက်လူကသူ့မေးစေ့ကိုရုတ်ခြည်းဆွဲညှစ်ကာ သူ့နားကပ်လာသည်။


လင်ခုံးလုမတုံ့ပြန်နိုင်သေးခင်၊ သူကနာကျင်မှုဖြင့်"အ"ခနဲအသံပြုလိုက်မိပြီး တံခါးပေါ်ဖိချခံလိုက်ရပေသည်။


တစ်ဖက်လူထံမှအေးစက်မှုကိုသူ့ကိုနှိုးဆွလျက်ရှိကာ အေးစက်စက်အကျီလက်ဖျားကသူ့ပါးပြင်ကိုပွတ်သပ်သွားပြီး သူ့ကိုတုန်ယင်သွားစေသည်။


လုစစ်၏မျက်ဝန်းထဲကအပြုံးမှာတမဟုတ်ချင်းပျောက်ကွယ်သွားပြီး သူကသူ့နားနားကိုင်းကာ အသံနိမ့်ဖြင့်ပြောလာသည်။

"ဒါပေမဲ့ကိုယ်ကအရင်ကလိုမျိုးတုံးအတယ်လို့ထင်နေတယ်ပေါ့၊ ကိုယ်မင်းအတွက်သည်းခံပေးခဲ့တာမဟုတ်ဘူးလား။"


ဒေါသတကြီးဖြင့် သူ၏လက်ချောင်းထိပ်များကကောင်လေး၏မျက်နှာတစ်ခြမ်းကိုခပ်ဖွဖွပွတ်သပ်နေပုံမှာ မလိမ္မာတဲ့အိမ်မွေးကြောင်လေးကိုစစ်ဆေးနေပြီး နောက်တစ်စက္ကန့်မှာတစ်ဖက်လူ၏သေးသွယ်သောလည်တိုင်ကိုညှစ်ပစ်တော့မည့်နှယ်။


ဤရုတ်ခြည်းပြောင်းလဲမှုကြောင့် သခင်လေးမှာကြောင်အမ်းသွားရပြီး အထူးသဖြင့်လုစစ်ကားမြင့်မားသောအယ်လ်ဖာတန်ဖိုးနှင့် 3-SLevelအယ်လ်ဖာတစ်ယောက်ဖြစ်နေတာမို့ သူကသဘာဝကျကျပင်အိုမီဂါကိုဖိနှိပ်နိုင်ပေသည်။


သူ့ခန္ဓာကိုယ်ထိန်းချုပ်မရစွာတုန်ရီလာသည့်အချိန်မှသာ လုစစ်ကသူ့ကိုရုတ်ခြည်းပြန်လွှတ်ပေးလာပြီး သူ၏မျက်နှာထားမှာချက်ချင်းပြန်ကောင်းသွားကာ သခင်လေး၏ဆံနွယ်ကိုပင်အမြတ်တနိုးဖွလာပုံမှာ ကြောက်နေတဲ့တိရစ္ဆာန်လေးကိုချော့နေသည့်နှယ် သူကပြုံးသည်။

"ကိုယ်တောင်းပန်ပါတယ်၊ ကိုယ်ကမင်းကိုသတိပေးချင်ရုံပါကွာ။ စစ်တပ်ကပေးထားတဲ့ဧည့်တွေ့ချိန်ကကန့်သတ်ထားတာမို့ အထူးလူတစ်ယောက်ခေါ်သွားမှာရမှာ၊ သခင်လေးမြန်မြန်လုပ်ရင်ကောင်းမယ်။"


သူစကားပြောပြီးသွားသော် သူကပြုံး၍ လင်ခုံးလု၏လက်ကိုကိုင်ကာ တံခါးလောခ့်ပေါ်တွင်လက်ဗွေရာနှိပ်ရာတွင်သူ့ကိုကူညီပေးလိုက်သည်။


သခင်လေး၏လက်မှာအနည်းငယ်တုန်သွားပြီး သူကတစ်ချိန်လုံးမိန်းမောနေခဲ့ခြင်းပင်။ သူသည်တံခါးပွင့်သွားသည်အထိမတုံ့ပြန်နိုင်ခဲ့ပေ။ သူကတစ်ဖက်လူထံမှအလျင်စလိုရုန်းထွက်ကာ အခန်းထဲတွင်ထိတ်လန့်တကြားပုန်းလိုက်ပြီး တံခါးကိုပြင်းထန်စွာကန်ပစ်လိုက်မိသည်။ တစ်ဖက်လူကိုဝင်လာခွင့်ပေးမိမှာကြောက်သောကြောင့်ပင်။


လုစစ်ကပိတ်သွားတဲ့တံခါးကိုကြည့်လိုက်ပြီး သူ၏လက်ချောင်းထိပ်များကို​ပွတ်သပ်လိုက်ပုံမှာ တစ်ခုခုကိုပြန်မြင်ယောင်နေသည့်အလား၊ ထို့နောက်သူ၏မျက်ခုံးကိုဖိ၍ နူးညံ့စွာပြုံးလိုက်သည်။


သူဘယ်လိုလုပ်ပြီးဝင်လို့ရမှာတဲ့လဲ။ သားကောင်ကိုအရမ်းမြန်မြန်ကြီးတွန်းပို့တာကသိပ်မကောင်းပေ၊ အထူးသဖြင့်ဒီလိုမျိုးသေနုတ်ပြီးအရာသေးသေးလေးဆိုရင်ပေါ့။ ၎င်းကြောက်နေလို့ရှိရင် ပျော်စရာကောင်းမှာမဟုတ်။


အခန်းထဲတွင်လင်ခုံးလုကတံခါးကိုကန်လိုက်ပြီးနောက်မှာ သူ၏မျက်နှာထားကချက်ချင်းဆိုသလိုပုံမှန်ပြန်ဖြစ်သွားသည်။ သူမျက်မှောင်ကြုတ်ကာ စနစ်ကိုပြောလို​က်သည်။

"လုစစ်ကတစ်ခုခုတော့တစ်ခုခုပဲ။"


"ငါမြင်တယ်။"စနစ်0687ကတုန်ယင်သွားသည်။


"သူ့မျက်လုံးတွေကဒီအခြေအနေမှာသူနဲ့မတူဘူး။"


0687: "ဟုတ်တယ်။"


"သူပြန်မွေးဖွားလာတယ်လို့ငါသံသယဝင်မိတယ်။"

လင်ခုံးလုကဆိုသည်။


0687: "အာ?"


"မင်းကဘာကိုစိတ်လှုပ်ရှားနေတာလဲ။ ငါဒီလိုအခြေအနေမျိုးကိုမကြုံဖူးတာမဟုတ်ဘူးလေ။"

လင်ခုံးလုကအတော်လေးတည်ငြိမ်နေသည်။


အဆုံးတွင် သူတို့ကကမ္ဘာထောင်ပေါင်းများစွာကိုဖြတ်သန်း၍ ခရီးသွားနေကြသည့်လူများဖြစ်ကြသည်ပင်။ ကမ္ဘာအများစုက ဆယ်မိနစ်အတွင်း၌သာအမြှောက်စာဇာတ်ကောင်အဖြစ်ဝင်ရောက်ခဲ့သော်လည်း တစ်ခါတရံမှာ ဤကမ္ဘာကဲ့သို့သော ကြီးလေးသောဇာတ်အိမ်တာဝန်များနှင့်ဇာတ်ကောင်များရှိကြသည်။


မင်းကအချိန်အကြာကြီးဝင်ရောက်နေသရွေ့၊ ဘာမတော်တဆမဆိုဖြစ်နိုင်ပေသည်။


"ဒါပေမဲ့မင်းဘယ်လိုသိတာလဲ။"

0687ကစပ်စပ်စုစုမေးသည်။


"သူ့မျက်လုံးတွေလေ၊ တည်ငြိမ်ပုံပေါ်ပေမဲ့ တကယ်တော့ကြိုတင်ခန့်မှန်းလို့မရဘူး။ ဘဝမှာအတက်အကျတွေကိုတွေ့ကြုံဖူးတဲ့လူတစ်ယောက်နဲ့ပိုတူတယ်၊ စစ်တပ်ထဲမှာအခုမှပေါ်လာပြီး ချွန်မြတဲ့အစွန်အဖျားရှိတဲ့လူတစ်​ယောက်ထက်ကိုပိုတယ်။"

လင်ခုံးလုကပြောသည်။

"အရင်တစ်ခေါက်ဒီအချိန်မှာ လင်အိမ်တော်ကိုသူရောက်လာခဲ့တုန်းက သူ့မျက်လုံးထဲမှာစူးရှမှုရှိနေသေးတာကိုငါမှတ်မိတယ်။"


"ဒါပေမဲ့ သူကဘယ်လောက်ပဲခွန်အားကြီးနေပါစေ Hostကသူ့ကိုဖောက်မြင်နေနိုင်တုန်းပဲ။"

0687ကမြှောက်ပင့်သည်။


"သူဂရုစိုက်မယ်ထင်လား။"

လင်ခုံးလုခေါင်းခါကာ မေးခွန်းအသစ်ထုတ်လိုက်သည်။

"ဒါပေမဲ့ငါပြန်မွေးဖွားလာရင်တောင်မှ ဒီလိုဖြစ်မှာမဟုတ်ဘူး။ ငါသေသွားပြီးနောက်ပိုင်းမှဖြစ်သွားတာများလား။"


ကမ္ဘာများစွာရှိသည်။ စွမ်းအင်တိုးမြှင့်ဖို့အလို့ငှာ မလိုအပ်သရွေ့ မင်းပေါ်လာတဲ့ဇာတ်အိမ်အပိုင်းကိုသာဖော်ပြပြီး မင်းသေသွားတဲ့အခါမင်းတာဝန်ပြီးသွားပြီဖြစ်ကာ မင်းသေပြီးနောက်ပိုင်းဖြစ်ရပ်များကိုကြည့်စရာမလိုပေ။


ဒါကိုကြားလိုက်ရသော် စနစ်0687ကသူဆိုလိုတာကိုချက်ချင်းနားလည်သွားကာ ပြောလိုက်သည်။

"Host၊ ခဏနေပါအုံး၊ အပတ်စဥ်ပြန်ပြတဲ့အပိုင်းရှိမရှိ ငါတစ်ချက်စစ်ကြည့်လိုက်အုံးမယ်။"


"အင်း။"

လင်ခုံးလုခေါင်းငြိမ့်ပြလိုက်ပြီး အပြင်ထွက်ဖို့သင့်တော်သည့််အဝတ်အစားကိုလဲဝတ်လိုက်သည်။ စကားမစပ်၊ ခုနကလုစစ်ဖျစ်ညှစ်သွားသောမေးစေ့ကိုထပ်ခါတလဲလဲဆေးလိုက်ပါသေးသည်။


ဒါကတော့ သူ့မှာစိတ်ပိုင်းဆိုင်ရာအသန့်ကြိုက်မှုရှိလို့ပါနော်။


ကမ္ဘာပြန်လည်စတင်လာပြီးနောက်၊ အရင်တစ်ပတ်ဖြစ်ခဲ့တဲ့အရာကအသက်မရှင်လောက်ဖို့ ဖြစ်နိုင်ချေမြင့်သည်။ ဒါပေမဲ့လင်ခုံးလုကပိုကံကောင်းသည်။ ဤကမ္ဘာ၏တစ်ပတ်စာမစ်ရှင်ထဲတွင် သူ၏သေဆုံးမှုအပြီးမှာသူ၏အကြွင်းအကျန်ရှိနေပေသည်။


အောက်ထပ်မဆင်းသွားမီ၊ သူက မြန်ဆန်မှုအရှိန်ငါးဆတင်၍ အရေးကြီးသောဇာတ်ကြောင်းများကိုမြန်မြန်ဆွဲလိုက်သည်။


ဒါပေမဲ့ လမ်းတဝက်မှာ သူနှင့်စနစ်တို့တိတ်ဆိတ်သွားရသည်။


တစ်ပတ်စာပြီးဆုံးတဲ့ကမ္ဘာထဲတွင်၊ သူသေဆုံးပြီးနောက် တစ်စုံတစ်ယောက်ကပြန်ပေးဆွဲသမားများနှင့်အပေးအယူလုပ်ကာ သူ၏လက်ဗွေရာနှင့်အိုင်းရစ်ကို သူနှင့်တစ်ပုံစံတည်းတူသည့်နောက်ထပ်လူတစ်ယောက်ထံလွှဲပြောင်းပေးခဲ့သည်။


မျိုးရိုးဗီဇစစ်ဆေးမှုမှလွတ်မြောက်ရန်အလို့ငှာ၊ တစ်ဖက်လူကဂလင်းကိုတောင်ထုတ်ပစ်ပြီး သူ့သွေးပါသောသွေးကြောကိုလက်မောင်းထဲမှာထည့်ပစ်ခဲ့သည်။


ပြီးတော့ သူ့ကိုမုန်းနေသင့်တဲ့လူတစ်ယောက်ဖြစ်တဲ့လုစစ်က တကယ်ပဲ"သူ့"ကိုလာကယ်ခဲ့သည်။


ထိုအချိန်တုန်းက"သူ"လည်းပဲ"ဒဏ်ရာ"ရသွားခဲ့သည်။ အကယ်ခံလိုက်ရပြီးနောက်၊ သူကအယ်လ်ဖာကိုမြင်လိုက်ရကာ ကြောက်ပြီးရှောင်ခဲ့သည်။ လုစစ်ကအနီးကပ်လို့မရတာမို့ သူကအတုအယောင်မှန်းမသိခဲ့ပေ။


ဒါပေမဲ့ လုစစ်အနားကပ်နိုင်ရင်တောင်မှ ထိုသူကအတုမှန်းသိမှာမဟုတ်လောက်ဟု လင်ခုံးလုခံစားမိသည်။ အဆုံးတွင်၊ တစ်ဖက်လူကမျိုးရိုးဗီဇစမ်းသပ်မှုကိုတောင်လှည့်စားခဲ့သည်ပင်။


ထိုနောက်ပိုင်းဖြစ်ခဲ့တာကဒရာမာပိုဆန်သည်။


​မြို့တော်ကြယ်ဂြိုဟ်ထဲတွင် "လင်ခုံးလု"ကလုစစ်ထံမှပုန်းနေပြီး လုစစ်ဟာလည်းအမှုများစွာထဲတွင်မဖော်ပြနိုင်လောက်​အောင်ဆွဲသွင်းခံခဲ့ရကာ အာဏာရယူခြင်း၊ လူသတ်မှု၊ သူ၏ရာထူးတိုးခြင်းကိုချီးကျူးစေရန် ကြယ်ဂြိုဟ်အစွန်အဖျားတွင်တမင်သက်သက်စစ်ပွဲဖန်တီးခြင်းတို့ဖြင့်စွပ်စွဲခံခဲ့ရသည်။


လင်မိသားစုအကြီးဆုံးအစ်ကို၏အမှုဟောင်းတောင်ပြန်နှိုးဆွခံလိုက်ရပြီး မတိုင်ခင်ကလင်ရွှမ်းလော့ဟာ အမိန့်မနာခံသောကြောင့်စွဲချက်တင်ခံခဲ့ရပေမဲ့ တစ်ဖက်လူကသူ့လမ်းကိုပိတ်ဆို့နေခဲ့တာမို့ လုစစ်ကလင်အစ်ကိုကြီးကိုတမင်ချောက်ချခဲ့သည်ဟုဆို၏။ ဒါပေါ့၊ လင်ရွှမ်းလော့စုံစမ်းစစ်ဆေးခံလိုက်ရပြီးနောက်ပိုင်းမှာ လုစစ်ကကာနယ်ရာထူးတိုးလာပြီး နောက်ထပ်ရာထူးမြင့်ဖို့သာရှိတော့သည်။


ထိုအချိန်အတောအတွင်းမှာ လုစစ်မှာဝမ်းနည်းနေခဲ့ပြီး "လင်ခုံးလု"ကမူကယ်တင်ခံခဲ့ရပြီးနောက်မှာ သူ၏စိတ်ပိုင်းဆိုင်ရာအခြေအနေကားအရမ်းဆိုးဝါးနေပြီး ဘယ်သူ့ကိုမှမတွေ့ရဲတော့တာမို့ လုစစ်ကဒီအရာများကိုအရင်ဖုံးထားဖို့သာတတ်နိုင်သည်။


မမျှော်လင့်ထားစွာဖြင့် အမှုကြားနာစစ်ဆေးသည့်ရက်၌၊ စိတ်ပိုင်းဆိုင်ရာဝေဒနာခံစားနေရကာမည်သူ့ကိုမျှမတွေ့နိုင်သော"လင်ခုံးလု"ကတကယ်တမ်းသက်သေခံနေရာတွင်ရပ်ကာ လုစစ်ကိုအဓိကစွပ်စွဲခဲ့သည်။


လုစစ်ကသူ့အစ်ကိုကြီးကိုချောက်ချခဲ့တာကို မတော်တဆရှာတွေ့သွားခဲ့တာမို့ သူကလုစစ်ကိုသတ်ပစ်လုမတတ်ဖြစ်သွားသည်ဟုဆိုခဲ့သည်။ ပြန်ပေးဆွဲသည့်အမှုကိစ္စမှာလုစစ်ညွှန်ကြားလုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ့ဂလင်းကိုလည်း လုစစ်ကဖြတ်ထုတ်သွားခဲ့သည်ဟုဆိုသည်။


သူကဓားတစ်ချောင်းပင်ပေးလာပြီး ၎င်း၏အဖျားမှာသူ့လည်ပင်းနောက်ကဒဏ်ရာ၊ ဓားပေါ်ကလင်ခုံးလု၏သွေးနှင့် ဓားလက်ကိုင်ပေါ်ရှိလုစစ်၏လက်​ဗွေရာတို့ဖြင့်ကိုက်ညီသည်။


လုစစ်ကိုထောင်ချရန်အလို့ငှာ၊ သူတို့ကသက်သေမြောက်မြားစွာပေးလာခဲ့ပေမဲ့ "လင်ခုံးလု"ပေးလိုက်သည့်အရာကတော့ သံသယဖြစ်စရာမလိုဘဲ လုစစ်ကိုအနာကျင်စေဆုံးထိုးစိုက်ချက်ပင်။


လုစစ်ကနောက်ဆုံးမှာထောင်ချခံလိုက်ရပြီး သတ္ထုရိုင်းဂြိုဟ်ပေါ်အလွှတ်ခံရကာ ထောင်နန်းစံခဲ့ရသည်။


သူကသဘော်ပေါ်တက်လိုက်ချိန်တွင် "လင်ခုံးလု"ကိုလှည့်ကြည့်လာပြီး သူ့မျက်လုံးများမှာမုန်းတီးမှုဖြင့်ပြည့်နေပေသည်။


ပြီးတော့ "လင်ခုံးလု"ကရော? သူကတော့ယောက်ျားတစ်ယောက်၏လက်မောင်းပေါ်မှီကာ ပျော်ရွှင်စွာပြုံးနေခဲ့သည်။


ဟုတ်တာပေါ့၊ ထိုယောက်ျားကတော့ သူ့ကိုပလက်စတစ်ဆာဂျရီလုပ်ပေးကာ သူ့လက်ဗွေရာကိုပြောင်းလဲပေးခဲ့ပြီး သူ၏အိုင်းရစ်ကိုပြောင်းကာ ဘိုင်အိုးတစ်သွေးကြောထည့်သွင်းရာတွင်ကူညီပေးခဲ့သည့်တစ်ယောက်ပင်။


"ငါအိုးကြီးတစ်လုံးသယ်ထားရသလိုခံစားရတယ်။"

ဒါကိုမြင်လိုက်ရသော် လင်ခုံးလုအရမ်းရှုပ်ထွေးသွားရသည်။


သူကမကောင်းသောအရာများကိုပြုလုပ်ဖို့ဝင်ရောက်လာခဲ့သော်လည်း၊ ဆိုးဝါးသောအရာများကို သူ့ခေါင်းပေါ်တင်ပေးတာကတော့မဟုတ်သေးဘူးလေ? ပြီးတော့...


"ဒီလူကဘယ်သူလဲ။ ငါသူ့ကိုဘာလို့မမြင်ဖူးပါဘူး။"

သူကလင်ခုံးလုအတုမှီထားသည့်ယောက်ျားကိုထောက်ပြကာ မဖော်ပြနိုင်လောက်အောင်မေးလိုက်သည်။


0687ကဇာတ်ညွှန်းကိုတစ်ဖန်ဝေ့ကြည့်ကာပြောလာသည်။

"အဓိကဇာတ်ကြောင်းထဲမှာဒီလိုလူမျိုးမပါဘူး။ ကြည့်ရတာဖြတ်လျှောက်ဖြစ်လောက်မယ်။"


"ဒါကbugပဲ။"

လင်ခုံးလုခန့်မှန်းလိုက်ပြီး ထိုနောက်မယုံကြည်နိုင်လောက်အောင်ဖြစ်သွားရသည်။

"ဒီတော့ ဇာတ်လိုက်ကဖြတ်လျှောက်တစ်ယောက်သတ်တာခံလိုက်ရတာပေါ့?"


"မဟုတ်ဘူး၊ ဇာတ်လိုက်ကနောက်ပိုင်းမှထောင်ကလွတ်လာပြီး ဖြတ်လျှောက်ကိုအနိုင်ယူခဲ့တာ။ ဘဝကြီးကပျင်းစရာကောင်းတယ်လို့ခံစားရလို့ သူကအတူသေလိုက်ဖို့ရွေးချယ်ခဲ့တာပဲ။"

0687ကနောက်ပိုင်းဇာတ်ကြောင်းကိုချက်ချင်းရှင်းပြလာသည်။


"ဒါဖြင့် သူကအသတ်ခံလိုက်ရတာပဲလေ။"

ရလဒ်ကအတူတူပင်ဖြစ်သည်ဟုလင်ခုံးလုခံစားမိပြီး ထပ်မေးလိုက်မိသည်။

"မူလအဆုံးသတ်ကဘာလဲ။"


0687: "ဇာတ်လိုက်ကမင်းကြောင့်နာကျင်သွားပြီးနောက်ပိုင်းမှာ ပျင်းစရာကောင်းတဲ့အချစ်ကိုတွေ့မြင်လိုက်ရပြီး အဲ့ဒီ့ကစပြီးတော့သူ့ကိုယ်သူအလုပ်ထဲမှာနစ်မြုပ်ထားလိုက်တယ်။ ပြီးတော့ ဘဝရဲ့အထွတ်အထိပ်ကိုဆက်သွားတယ်။"


လင်ခုံးလု: "...ဒီတော့ ​ကြည့်ရတာပထမအပတ်ဇာတ်ကြောင်းကသာမန်ပျက်စီးမှုမဟုတ်ဘူးပဲ။ ဒီကမ္ဘာပျက်စီးသွားတာအံ့သြစရာမရှိတော့ပါဘူးလေ။"


"အင်း။"

စနစ်ကဆိုသည်။


"နေပါအုံး၊ ဇာတ်လိုက်ရဲ့CPကအစကနေအဆုံးထိမပေါ်လာဘူးပေါ့?"

လင်ခုံးလုထပ်မေးလိုက်မိသည်။


"ဟုတ်တယ်။"

စနစ်ကသက်ပြင်းချသည်။

"ဒီတစ်ခေါက်ကbugကိုပြုပြင်ရုံတင်မကဘဲ စိတ်ခံစားချက်တိုးတက်မှုကိုပါမြင့်တက်ပေးရမဲ့ပုံပဲ။"


"ဒါကလုပ်ရတာလွယ်ပါတယ်။ ဇာတ်ညွှန်းကသူ့ကိုCPမရေးပေးထားတော့ ဘယ်သူကဇာတ်လိုက်ရဲ့ကံကောင်းမှုသက်ရောက်တာခံရမလဲ။"


လင်ခုံးလု: "...မင်းငါ့ကိုလုစစ်လိုဝတ်စားခွင့်ပေးသင့်တယ်နော်။"


0687: "?"

လူတွေကိုဘယ်လိုတောင်ဆူပူတာလား၊ Hostရယ်?


လင်ခုံးလု: "သူချစ်ကျွမ်းဝင်မဝင် ငါဂရုမစိုက်ရဘူးပေါ့?"


"နေအုံး၊ Host၊ မင်းအပေါ်မှာဇာတ်လိုက်ရဲ့ကံကောင်းမှုနည်းနည်းရှိနေတာကို ငါတွေ့လိုက်တယ်။"

0687ကရုတ်ခြည်းရှော့ခ်ရသွားသည်။


လင်ခုံးလု: "!"


__________________________________________