အပိုင်း၁၈
Viewers 9k

Chapter 18


🐹 အခန်း ၁၈ ဝူယိလေးက လမ်းဘေးပန်းတွေကို ကြည့်တယ် Wuyi looks at the roadside flowers


* Warning: child abuse, sadism & (possibly) pedophilia *


လမ်းတစ်လျှောက်တွင် အမည်မဲ့ တောရိုင်းပန်းလေးများသည် လေပြည်ညင်းနှင့်အတူ ညင်သာစွာ ယိမ်းနွဲ့လို့နေသည်။ ရွာငယ်လေးအတွင်းသို့ ဝင်လိုက်သည်နှင့် လေထုမှာ အပြင်ဘက်နှင့် သိသာစွာ ကွဲပြားလို့နေသည်ကို ခံစားမိသည်။


ရွာအတွင်းသို့ လျှောက်လာသည့်တိုင်အောင် ခပ်နှေးနှေး ရွေ့လျားနေသည့် ဇွန်ဘီများမှအပ အသက်ရှင်သည့်လူ တစ်ဦးတစ်ယောက်ကိုမျှပင် မတွေ့ရချေ။ ရွာထဲတွင် မြန်ဆန်စွာ ရွေ့လျားနိုင်သည့် ဇွန်ဘီများ မရှိရုံတင် မကဘဲ ရွာသားများ၏ အိမ်ထဲရှိ ရိက္ခာများမှာလည်း ဗလာဖြစ်လို့နေသည်။


ရွာကြီးတစ်ရွာ ဖြစ်သော်လည်း တိတ်ဆိတ်ကာ ဗလာကျင်းလို့နေပြီး ရွာပျက်ကြီးတစ်ခုကဲ့သို့ ဖြစ်လေသည်။


ရှဲ့ကျွင်းသည် ပတ်ပတ်လည်ရှိ အဆောက်အဦဟောင်းများအား ကြည့်လိုက်သည်။ သူ၏ ထက်မြက်သည့် အာရုံသိစိတ်ကြောင့် မသက်မသာခံစားနေရသည်။


“ဒီနေရာကို ကြည့်လေလေ သရဲကားထဲက ထူးဆန်းတဲ့ မြို့ပျက်ကြီးနဲ့ တူလာတယ်လို့ ခံစားရလေလေပဲ..”


“ဖာ့ခ်!”


ရှောင်ဝူယိ၏ ညီငယ်လေးတစ်ယောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး ကြက်သီးများထလာသည်ဟု ခံစားလိုက်ရသည်။ သူ၏လက်မောင်းများကို ပွတ်ကာဖြင့် ကျယ်လောင်စွာ အော်ပြောလေသည်။


“ကြောက်ဖို့ကောင်းတဲ့ စကားတွေကို မပြောပါနဲ့ အစ်ကိုကြီး..” (¬_¬")


“ဒီမှာရှိတဲ့ အရာအားလုံးက ဖျက်ဆီးခံထားရတယ်.. ဒီကို ကျွန်မတို့ထက်အရင် ရောက်လာတဲ့သူ ရှိနေလိမ့်မယ်.. လူငယ်တွေကလည်း အစောပိုင်းကတည်းက ထွက်ပြေးသွားကြပြီ ဖြစ်နိုင်တယ်.. ဒီဇွန်ဘီတွေကို သေသေချာချာ ကြည့်ကြည့်လိုက်.. အများစုက လူအိုတွေဖြစ်နေတယ်..”


ဝူဝမ်ယွီသည် မေးစေ့အား ထိကာဖြင့် ခွဲခြမ်းသုံးသပ်လို့နေသည်။ သူမသည် ရဲစွမ်းသတ္တိအပြည့်နှင့် မွေးဖွားလာခဲ့ပြီး ကြောက်ရွံ့တတ်ခြင်းလည်း မရှိပေ။ ဇွန်ဘီသေများအား အနီးကပ်ကြည့်လိုက်သည့်အခါ ဇွန်ဘီများ၏ ဦးခေါင်းထဲရှိ အမြုတေများမှာလည်း ထုတ်ယူခြင်းခံထားရသည်ကို တွေ့လိုက်ရသည်။ 


“ဒီလိုဆိုရင်တော့ ပြဿနာပဲ..”


ကျောင်းအုပ်ယွမ်သည်လည်း ခေါင်းညိတ်လိုက်ပြီး အရှေ့တူရူသို့ ကြည့်လိုက်သည်။


“ရှေ့ဆက်သွားကြစို့.. ဒီနေရာမှာ ကောင်းတာ ဘာတစ်ခုမှ ရှိမှာမဟုတ်ဘူး..”


အားလုံး ဆုံးဖြတ်ချက်ချပြီးသည်ကို မြင်သည့်အခါတွင် ရှဲ့ကျွင်းသည်လည်း သူ၏စိတ်ထဲရှိ ထူးဆန်းသည့် ခံစားချက်အား ဖိနှိပ်ကာ ခေါင်းညိတ်လိုက်ရသည်။ ထို့နောက် အခြားသူများအား လိုက်မီရန် ခြေလှမ်းသွက်သွက် လှမ်းလိုက်သည်။


သို့သော်လည်း ထိုအချိန်မှာပင် ရှောင်ဝူယိသည် သူ၏အင်္ကျီလက်အား ဆွဲလာပြီး မြေပြင်ပေါ်ရှိ တောရိုင်းပန်းလေးများအား ညွှန်ပြကာ သိလိုစိတ်အပြည့်နှင့် အပြစ်ကင်းစင်စွာ မေးလာသည်။


“ရှောင်ကျွင်းကျွင်းရေ.. ဒါက ဘာပန်းလေးလဲဟင်..”


“ပိစိလေး ဖြစ်နေတာနော်.. အရမ်းချစ်စရာကောင်းတာပဲ..”


ရှောင်ဝူယိ၏ အမေးကို ကြားသည့်အခါ လူတိုင်း မရယ်ဘဲ မနေနိုင်ကြချေ။ ‌ကျေးလက်ဒေသသို့ အပျော်ခရီး ထွက်လာသည့်သဖွယ် ဖြစ်နေသည့် ချစ်စဖွယ်သွင်ပြင်နှင့် ကောင်ငယ်လေးအား လှည့်ကြည့်လိုက်ကြပြီး သူတို့၏ စိတ်ခံစားချက်များသည်လည်း ချက်ချင်းပင် ပေါ့ပါးသွားလေသည်။


ဗဟုသုတနှင့် ပြည့်စုံသော ကျောင်းအုပ်ယွမ်သည် အနီးကပ်ကြည့်လိုက်ပြီးနောက် ပြုံးလျက်နှင့် ရှောင်ဝူယိ၏ ခေါင်းကလေးအား ထိကာ တောရိုင်းပန်း၏ သိပ္ပံအမည်အား ပြောလေသည်။


“ဒီအပြာရောင်ပန်းလေးကို ဗာရိုနီကာပါစီကာ ပွာရ် လို့ခေါ်တယ်.. သူက ပြည်တွင်းမှာ အတော်လေး အတွေ့များတဲ့ ပန်းလေ..”


ဝူဝမ်ယွီသည် ရှောင်ဝူယိအား လှည့်ပတ်သွားမနေစေရန် လက်ဆွဲထားလိုက်သည်။


“ဟုတ်ပြီ.. ဟုတ်ပြီ.. ပန်းတွေကြည့်တာ တော်လိုက်တော့.. ငါတို့ ဒီနေ့ မြို့ထဲကို ရောက်ဖို့လိုတယ်..”


အဝေးသို့ ခေါ်ဆောင်သွားခြင်းခံရသော ဟမ်းစတားလေးသည် ခြေလှမ်း သုံးလှမ်းမျှ လှမ်းပြီးချိန်တွင် တစ်စုံတစ်ခုအား သိထားသကဲ့သို့ နောက်လှည့်ကြည့်လိုက်သည်။


“ရှောင်ယွီ မေ့မေ့.. ရှောင်ဟွားဟွားတွေက ငါတို့ကို ထွက်သွားစေချင်ပုံမရဘူးရယ်..”


(ဒီကစပြီးတော့ အခေါ်အဝေါ်တစ်ချို့ကို ပြောင်းပါမယ်နော်..)


ကောင်ငယ်လေး၏ ရိုးစင်းသည့် စကားများအား နားထောင်ရင်း လူတိုင်းရယ်မောမိကြသည်။ ရှောင်ဝူယိသည် လှပသော တောရိုင်းပန်းလေးများအား အလွန်သဘောကျနေခြင်း ဟူ၍သာ သဘောထားမိကြပြီး ထိုအရာအား ကျော်သွားလေသည်။


***


တစ်ချိန်တည်းမှာပင် ရွာ၏ တောင်နံဘေးရှိ မူလတန်းကျောင်းတစ်ခုတွင် ပိန်လှီသည့် မိန်းကလေးတစ်ဦးသည် သူမ၏ လှပသည့် မျက်လုံးလေးများအား ဖွင့်လိုက်ပြီး အရှေ့တူရူသို့ စိုက်ကြည့်နေသည်။


ရှောင်ဝူယိ၏နောက်ကျော ဝေးကွာသွားသည်ကို ကြည့်နေရင်းဖြင့် ရုတ်တရက် အလျင်စလို အော်ဟစ်လိုက်သည်။


“ကိုကို ငါတို့ဘာလုပ်ကြမလဲ.. သူတို့က ထွက်သွားကြပြီ.. ငါတို့ကို ရှာကြမှာ မဟုတ်ဘူး..”


မိန်းကလေးသည် သူမ၏လက်နှစ်ဘက်အားမြှောက်ကာ မျက်ရည်သုတ်လိုက်သည်။ သူမ၏ စွမ်းအားမှာ အလွန်အားနည်းလွန်းသည်ကြောင့် အကန့်အသတ်ကို ကျော်လွန်၍ မမြင်နိုင်ချေ။


“အဆင်ပြေပါတယ်.. မငိုနဲ့နော်.. ကိုကိုက ညီမလေးကို ကာကွယ်ပေးမှာ..”


ကောင်ကလေးသည် သူ၏ညီမလေးအား ပွေ့ဖက်ကာဖြင့် စိတ်သက်သာရာ ရစေရန် နှစ်သိမ့်ပေးလိုက်သည်။ အဝတ်ဖြင့် ဖုံးထားနိုင်စွမ်းမရှိသည့် သူ၏ လက်ကောက်ဝတ်နှင့် လည်ပင်းတွင် ပေါက်ပြဲဒဏ်ရာများနှင့် အနာများ ရှိနေသော်လည်း သူ၏ မျက်လုံးများထဲတွင်မူ အဆုံးမဲ့ ရဲစွမ်းသတ္တိနှင့် ခွန်အားတို့ဖြင့် ပြည့်နေလေသည်။


ထိုအချိန်မှာပင် တံခါးအပြင်မှ လူကြီးတစ်ဦး၏ခြေသံ ထွက်ပေါ်လာသည်။ ကလေးနှစ်ဦး တွန့်ဆုတ်သွားကြပြီး တံခါးရှိရာသို့ တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။ ကောင်မလေးသည် ကြောက်ရွံ့စွာဖြင့် သူမ၏ အစ်ကိုနောက်တွင် ပုန်းလျက်ရှိပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေလေသည်။


ကောင်လေးသည် သူ၏ညီမလေးရှေ့တွင် ခိုင်ခိုင်မြဲမြဲ ရပ်လျက်ရှိသည်။ တံခါးတွန်းဖွင့်လာသည့် လူအား မြင်လိုက်သည်နှင့် ကောင်လေး၏ မျက်လုံးများထဲတွင် ခါးခါးသီးသီး မုန်းတီးမှုများ ပေါ်လာသည်။


ထိုလူနှင့်အတူ ဗလာမျက်လုံးများနှင့် ကြောင်အလျက်ရှိသည့် ကောင်လေးနှစ်ယောက်လည်း ပါလာသည်။ ထိုကောင်လေးများမှာ ၄ တန်း၊ ၅ တန်းအရွယ် ကလေးများ ဖြစ်ပုံရသည်။ တစ်ယောက်သည် သေဆုံးလုနီးသည်အထိ နှိပ်စက်ခံထားရသော သေလုမြောပါးဖြစ်နေ‌သည့် ကောင်လေးတစ်ဦးအား တွဲထားသည်။


ထိုမြင်ကွင်းအား မြင်သည့်အခါ ကောင်လေး၏ အမုန်းတရားများ ပိုမိုတိုးပွားလာသည်။ သူ၏နောက်တွင် ပုန်းနေသည့် သူ့ညီမလေးမှာ ပါးစပ်အား လက်ဖြင့်တင်းတင်းအုပ်ရင်း အသံတစ်သံမျှပင် မထွက်ရဲချေ။


ထိုလူသည် အခန်းအတွင်းရှိ ကလေးနှစ်ဦးအား ကြည့်လိုက်သည်။ အလိုဆန္ဒများဖြင့် သူ၏နှုတ်ခမ်းအား သပ်လိုက်သည်။ ထိုအရာအား ခံနိုင်ရည်ရှိမည့်သူကို မရွေးချယ်မီ ခေတ္တမျှ တုံ့ဆိုင်းနေသည်။ ကလေးတစ်ဦးမှာ ယနေ့အတွက် ခံစားပြီးဖြစ်သည်ကြောင့် မနက်ဖြန်ရောက်သည်အထိ စောင့်ဆိုင်းရပေမည်။


အငမ်းမရအကြည့်တို့မှာ ကောင်မလေး၏ ခန္ဓာကိုယ်ပေါ်တွင် အချိန်တစ်ခုကြာအောင် ရှိနေသည်ကြောင့် သူမအရှေ့ရှိ ကောင်လေးသည် သူ၏ညီမလေးအား ပို၍တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။


ကံကောင်းထောက်မစွာဖြင့် ထိုလူသည် ဗလာမျက်လုံးများဖြစ်နေသည့် ကောင်လေးနှစ်ယောက်နှင့် မေ့မျောလျက်ရှိသည့် ကောင်‌လေးအား အခန်းတွင်းသို့ ခပ်ကြမ်းကြမ်း တွန်းပို့လိုက်ပြီးနောက် တံခါးသော့ခတ်ကာ ထွက်သွားလေသည်။


ထိုလူ၏ခြေသံများ ပျောက်သွားသည့်အခါမှသာ မောင်နှမနှစ်ယောက်သည် ဒဏ်ရာရထားသည့် ကောင်လေးများဆီသို့ အလျင်စလို သွားကြသည်။ မိစ္ဆာကောင် ထွက်သွားသည့်အခါမှသာ အရွယ်ကြီးသည့် ကောင်ကလေးနှစ်ယောက်သည် သူတို့၏ ဒေါသများ ‌ပေါက်ကွဲဖို့ရန် အသိစိတ်ပြန်ကပ်လာကြပြီးနောက် ရုတ်တရက် မျက်ရည်ဖြိုင်ဖြိုင် ကျလာတော့သည်။


“တောင်းပန်ပါတယ်.. တောင်းပန်ပါတယ်.. ငါတို့က တောက်တောက်ကို မကာကွယ်နိုင်ခဲ့ဘူး..”


အသက် ၁၁ နှစ် အရွယ်ရှိ ကောင်လေးနှစ်ဦးသည် လက်မောင်းဖြင့် မျက်ရညများအား အဆက်မပြတ် သုတ်နေသည်ကြောင့် သူတို့၏ ပါးပြင်နှင့် လည်ပင်းရှိ ပွန်းပဲ့ဒဏ်ရာနှင့် လက်ဖြင့်ဖိဆိတ်ခံထားရသည်များ ထွက်ပေါ်လာသည်။


“မိစ္ဆာကောင်က ငါနဲ့ ဟောင်ဇီကို ချည်ထားတာ.. ငါတို့မလှုပ်နိုင်ဘူး.. တောက်တောက်ကို နှိပ်စက်နေတာကိုပဲ ဘေးမှာထိုင်ကြည့်နေခဲ့ရတယ်..”


ထိုစကားအား ကြားသည့်အခါ နာနာသည် ပိုမိုသည်းထန်စွာ ငိုကြွေးလာခဲ့ကာ တောက်တောက်၏ လက်ကလေးအား နူးညံ့စွာ ဆုပ်ကိုင်ထားသည်။ ကောင်ငယ်လေးမှာ ယခုလေးတင် ညှင်းပင်းနှိပ်စက်ခံထားရခြင်း ဖြစ်သည့်တွက် သူ၏အရေပြားပေါ်တွင် ပွန်းပဲ့ရာ၊ ရှရာ ရှိမနေသည့်နေရာ မရှိချေ။


“အူးဝါးးးးးး တောက်တောက်ရေ.. ထပါဦး..”


အကြီးတစ်ယောက်ဖြစ်သည့် ခန်းခန်းမှာလည်း မျက်လုံးများ နီရဲလာသည်။ ဦးခေါင်းအား လက်သီးများဖြင့် ပြင်းပြင်းထန်ထန် ထုရိုက်လျက်ရှိသည်။


“ငါသာ ပိုပြီးတော့ သန်မာရင် အဲဒီမိစ္ဆာကို သတ်နိုင်မှာ.. ဒါတွေအားလုံး ငါ့အမှားပဲ..”


ထိုအချိန်မှာပင် မြေပြင်ပေါ်တွင် လဲကျနေသည့် တောက်တောက်၏ မျက်လုံးများ ပွင့်လာကာ သူ၏ သူငယ်ချင်းလေးများအား ကြည့်လိုက်သည်။ အပြုံးတစ်ခုအား ခက်ခက်ခဲခဲ လုပ်ယူလိုက်ပြီးနောက် ပြောလေသည်။


“ငါ အဆင်ပြေပါတယ်.. အဲဒီမိစ္ဆာကြီးက နာနာလေးနဲ့ မစတာ ကံကောင်းလို့ပေါ့..”


ထိုသို့ကြားပြီးနောက် တောက်တောက်၏နံဘေးရှိ ကလေးများမှာ အော်ဟစ်ငိုကြွေးကြလေသည်။ တောက်တောက် စကားပြောပြီးသည့်နောက်တွင် သူ၏အသက်ရှူသံမှာ ပိုမိုဖျော့တော့လာပုံရသည်။


ခန်းခန်းသည် ချက်ချင်းဆိုသလို စိတ်ပူပင်စွာဖြင့် တောက်တောက်၏လက်အား ဆုပ်ကိုင်ထားသည်။ ထိုမိစ္ဆာကောင်အပေါ် မုန်းတီးမှုသည်လည်း သူ၏ အရိုးထဲသို့တိုင်အောင် နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လျက်ရှိသည်။ 


“အဲဒီမိစ္ဆာကောင်ကို ဒီညသတ်ရမယ်..”


သို့သော်လည်း သူ၏နံဘေးရှိ ကောင်လေးနှစ်ဦးသည် ခေါင်းယမ်းကာဖြင့် ငိုကြွေးလာကြသည်။


“သူက မင်းရဲ့ထူးဆန်းမှုကို သတိထားမိတယ်.. မင်းကို ခေါ်မှာ မဟုတ်ဘူး..”


ခန်းခန်းသည် နှစ်ကြိမ်ထက်ပို၍ အသက်ရှင်သန်နိုင်ခဲ့ပြီး ထိုအဖြစ်အပျက်ကြောင့် ထိုလူသည် ခန်းခန်းနှင့် ပတ်သက်၍ တစ်ခုခု မူမမှန်ကြောင်း သတိပြုမိလာသည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အံ့ဩဖွယ်ကောင်းစွာ သူ့ကိုယ်သူ ဆန္ဒပြုလာသည့် ခန်းခန်းအား အာရုံစိုက်ခြင်း မရှိဘဲ တောက်တောက်ကိုသာ ဆွဲခေါ်သွားခဲ့ခြင်းပင်။


ထိုစကားအား ကြားသည့်အခါ ခန်းခန်း ရုတ်တရက် အေးစက်လာကာ သူ၏ညီမလေးအား ကြည့်လိုက်သည်။ ဝမ်းနည်းပြစ်တင်မှုများဖြင့် သူ့ဆံပင်အား ဆွဲလိုက်သည်။


“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ.. သူက ဘယ်လိုလုပ်ပြီး သိသွားရတာလဲ..”


ထိုအချိန်တွင် နာနာသည် မည်သည့်အရာကိုမျှ ကြောက်ရွံ့ခြင်း မရှိတော့သကဲ့သို့ မတ်တတ်ရပ်လိုက်ပြီး ပါးပြင်ပေါ်ရှိ မျက်ရည်များအား အလျင်စလို သုတ်လိုက်သည်။


“ငါတို့ကိုကယ်ဖို့ တစ်ယောက်ယောက်ကို ရှာကြမယ်.. အရမ်းလှတဲ့ ကိုကိုတစ်ယောက်ကို ငါတွေ့ထားတယ်.. သူ့ရဲ့အနံ့ကလည်း တော်တော်လေးကောင်းတာကြောင့် ငါတို့ကို သေချာပေါက် ကယ်လိမ့်မယ်..”


ခေါင်းသေးသေးလေး ငါးလုံးတို့သည် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။


အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သူတို့ထံတွင် အခွင့်အရေး တစ်ကြိမ်သာလျှင် ရှိသည်။


……


မုန့်ကွမ်းယောင်သည် အမြုတေတစ်ခုအား စုပ်ယူနေရင်း သူ၏ ‘အချစ်တော် အခန်း’ ထဲမှ ကောင်းကင်ကွဲလုတမျှ ကျယ်လောင်သည့် ငိုကြွေးသံများအား ကြားလိုက်ရသဖြင့် ဆူညံသံကြောင့် စိတ်ဆိုးမာန်ဆိုး ဖြစ်လာသည်။ ဒေါသတကြီး လျှောက်သွားပြီးနောက် တံခါးဖွင့်လိုက်သည်။


“မင်းတို့ အသံထပ်ထွက်တာနဲ့ ချက်ချင်းသတ်ပစ်မယ်..”


“ဝါးးဝါးးးဝါးးး တောက်တောက် သေသွားပြီ..”


အသက် ၁၁ နှစ်အရွယ် ကောင်လေးနှစ်ယောက်သည် မျက်ရည်များဖြင့် တောက်တောက်၏ ခန္ဓာကိုယ်အား ပွေ့ဖက်ထားကြသည်။ မုန့်ကွမ်းယောင်သည် ကောင်လေး၏ ဘောင်းဘီမှ အဆက်မပြတ် စီးကျနေသည့် သွေးများကို ကြည့်လိုက်ပြီးနောက် ‘ရှစ်’ ဟု ကျိန်ဆဲလိုက်သည်။ သူ၏လက်အား ဝှေ့ယမ်းလိုက်သည့်အခါ အနက်ရောင် ချိန်းကြိုးနှစ်ခု ပေါ်လာသည်။ ထိုကြိုးများသည် ကောင်လေးများ၏ လည်ပင်းအား ရစ်ပတ်လိုက်ကြသည်။


“ငါ့အစား သွားပစ်လိုက်.. ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ဖို့ မကြိုးစားနဲ့နော်.. မင်းတို့ ဘာလုပ်တယ်ဆိုတာ ငါသိနိုင်တယ်..”


ကောင်လေးနှစ်ယောက်သည် မုန့်ကွမ်းယောင်၏ အမိန့်အား တိတ်ဆိတ်စွာ နားထောင်ပြီးနောက် တောက်တောက်၏ ခန္ဓာကိုယ်အား ကောက်မလိုက်သည်။ အချိန်မဖြုန်းဝံ့ကြဘဲ ကျောင်းအနောက်ဘက် တောင်ရှိရာသို့ အပြေးအလွှား သွားကြသည်။


မုန့်ကွမ်းယောင်သည် အခန်းတွင်းရှိ ခန်းခန်းနှင့် နာနာအား လှည့်ကြည့်ပြီးနောက် ဆဲရေးကာဖြင့် တံခါးပိတ်လိုက်သည်။


ကောင်လေးနှစ်ယောက်သည် တောက်တောက်အား ဂရုတစိုက်ဖြင့် မြက်ခင်းပေါ် နေရာချလိုက်သည်။ သူတို့မျက်စိရှေ့ရှိ ပုတ်ပွနေပြီဖြစ်သော အခြားသော ကလေးများ၏ အလောင်းများအားကြည့်ကာ မျက်ရည်မကျဘဲ မနေနိုင်ကြချေ။ လှည့်မကြည့်တော့ဘဲ ကျောင်းသို့ ပြန်သွားလိုက်သည်။


ကောင်လေးနှစ်ယောက် ပျောက်ကွယ်သွားပြီး‌နောက် ‘အလောင်း’ အဖြစ်ရှိနေခဲ့သည့် တောက်တောက်၏ လက်ချောင်းများ ရုတ်တရက် လှုပ်လာပြီး နာကျင်မှုအား သည်းခံကာ မတ်တတ်ရပ်ပြီး ရွာထွက်ပေါက်ရှိရာသို့ ယိမ်းယိုင်ကာဖြင့် လျှောက်သွားလိုက်သည်။


ကံကောင်းစွာဖြင့် မုန့်ကွမ်းယောင်သည် ရွာအတွင်းရှိ ဇွန်ဘီများအား ရှင်းလင်းထားပြီးဖြစ်သည်။ သို့တည်းမဟုတ်ပါက တောက်တောက်၏ သွေးနံ့ကြောင့် ကောင်ငယ်လေးမှာ ခြေလှမ်းအနည်းငယ်မျှပင် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။


နှစ်ချို့ဟမ်းစတားလေးတစ်ကောင်ဖြစ်သော ရှောင်ဝူယိထံတွင် သာမန်လူတစ်ယောက်ထက် စူးရှသည့် အာရုံရှိသည်။ အဝေးမှနေ သူတို့အနောက်မှ တစ်ခုခု လိုက်ပါလာကြောင့် ခံစားမိသဖြင့် ရပ်တံ့လိုက်သည်။


ဝူဝမ်ယွီသည် ထွက်ပြေးချင်နေပြန်သည့် ကောင်ကလေးအား မြင်သည့်အခါတွင် ထိုကောင်လေးအား လက်ဆွဲထားမိခြင်းကြောင့် ဝမ်းသာသွားမိသည်။ သို့တည်းမဟုတ်လျှင် လူတိုင်း လမ်းဆက်လျှောက်နေချိန် ထိုကောင်လေး ပျောက်သွားသည်ကို မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ကြချေ။


“ဘာဖြစ်လို့လဲ...”


သူတို့နှစ်ဦး ရပ်တံ့သွားသည်ကို မြင်သည့်အတွက် အခြားသူများ လှည့်ကြည့်လာကြသည်။


“တစ်ခုခုက ငါတို့နောက်ကို လိုက်နေတယ်..”


ရှောင်ဝူယိ အနောက်သို့ကြည့်ကာ အမှန်အတိုင်း ပြောလိုက်သည်။ ရှောင်ဝူယိ၏စကားကို ကြားသည့်အခါ လူတိုင်း သတိကပ်လာကြပြီး ထိုအရာမှာ ဇွန်ဘီတစ်ကောင်ဖြစ်မည်ဟု တွေးမိကြသည်။


သူတို့ဆီသို့ ဦးတည်လာသည့် အနက်ရောင်အရိပ်လေးအား မြင်ရဖို့ရန် အချိန်သိပ်မကြာလိုက်ချေ။ ရှောင်ဝူယိသည် ထိုအနက်ရောင်အရိပ်လေးအား မြင်သည့်အခါ တုံ့ဆိုင်းခြင်းမရှိဘဲ ဝူဝမ်ယွီ၏လက်အား ဆွဲဖြုတ်ကာ ပြေးသွားလေသည်။


ထိုအရာအား ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြသော်လည်း ရှောင်ဝူယိ၏ စိုးရိမ်ပူပန်နေသည့် အကြည့်ကို မြင်သည့်အခါ သူ့နောက်သို့ လိုက်သွားကြလေသည်။ များမကြာမီမှာပင် ဝူယိ၏ လက်ပေါ်တွင် လဲကျနေသည့် ကောင်ငယ်‌လေးတစ်ယောက်အား မြင်လိုက်ရသည်။ သူ၏မျက်နှာမှာ ဖျော့တော့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ထိခိုက်ဒဏ်ရာများ ရှိနေသည်။ အနက်ရောင်ဘောင်းဘီမှာလည်း သွေးများ စိုရွှဲလျက်ရှိပုံရသည်။


မည်သို့သော ညှင်းပန်းနှိပ်စက်မှုမျိုး ခံစားခဲ့ရမည်ကို စိတ်ကူးကြည့်ဖို့ရန်ပင် ခက်ခဲလွန်းလှသည်။


သူတို့အားလုံးသည် ကြောက်မက်ဖွယ်ရာ ဇွန်ဘီများနှင့် အပျက်အစီးများအား နေရာအနှံ့ တွေ့ခဲ့ရသော်လည်း နှိပ်စက်ညှင်းပန်းခံထားရသော အသက်ရှင်နေဆဲ ကောင်ငယ်လေး တစ်ယောက်ကိုမူ ပထမဆုံးအဖြစ် မြင်တွေ့ရခြင်းဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီ တစ်ချို့သတင်းများတွင် ဤကဲ့သို့သော အကြောင်းအရာမျိုးအား ရံဖန်ရံခါ ဖော်ပြခဲ့သော်လည်း အဖြစ်မှန်မှာ ငြိမ်သက်နေခဲ့သည့်အတွက် လူအများစုသည် ဤရက်စက်လှသည့် အဖြစ်အပျက်မှ ကင်းကွာနေခဲ့သည်။


“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”


ထိုမြင်ကွင်းအား ကြည့်နေသည့် ကျောင်းသူအများစုသည် နီရဲနေသည့် မျက်လုံးများနှင့် ပါးစပ်အား လက်ဖြင့်အုပ်ထားကြသည်။ ရှောင်ဝူယိသည် မသိနားမလည်ဟန်ဖြင့် ကောင်ငယ်လေးအား ပွေ့ဖက်ထားသော်လည်း နှုတ်ခမ်းတင်းတင်းစေ့ကာဖြင့် မျက်လုံးများ နီရဲလျက်ရှိသည်။


ကျောင်းအုပ်ယွမ်နှင့် ဆေးကျောင်းသားများ အလျင်စလို ရောက်ရှိလာပြီး အားနည်းနေသည့် ကလေးအား ကောက်ယူလိုက်သည်။ ကလေး၏ အဝတ်အစားများကို ချွတ်လိုက်သည့်အခါ ကြောင်အသွားကြလေသည်။


ရှဲ့ကျွင်းနှင့် လျှိုတာ့ရှန်တို့သည် တစ်ချက်မျှသာကြည့်ပြီးနောက် ခေါင်းလှည့်လိုက်ကြသည်။


“ခွေးတိရိစ္ဆာန်ကောင်!!!”


တောက်တောက် အသိစိတ်အနည်းငယ် ပြန်ရလာပြီး ရှောင်ဝူယိ၏ လက်ချောင်းလေးများအား ဆုပ်ကိုင်လိုက်သည်။ သူ၏အသံမှာ အလွန်တိုးညှင်းကာ ပြတ်တောင်းပြတ်တောင်း ဖြစ်နေသည်ကြောင့် ရှောင်ဝူယိနံဘေးရှိလူများ ကြားဖို့ရန် အလွန်တိုး‌လို့နေသည်။


“ကိုကို.. သူတို့က... ကျောင်းမှာ... ကယ်ပေးပါ...”


ဒယ်ဒီ့ကိုတွေ့ရန် *၈*


.......


ရှောင်ဟွားဟွား - ပန်းကလေး

ပုံကတော့ ဗာရိုနီကာပါစီကာပွာရ် ဆိုတဲ့ပန်းပါ။ ပွာရ် ဆိုတာ Poir (Void) ကို ဆိုလိုတာဖြစ်ပြီး ဟင်းလင်းပြင် လို့ အဓိပ္ပါယ်ရပါတယ်။

 

မှတ်ချက်။  ။ Warning မှာ (probably) pedophilia ဆိုတာ ထည့်ထားတာ တွေ့မှာပါ။ pedophilia က အရွယ်မရောက်သေးတဲ့ ကလေးတွေအပေါ်မှာ လိင်စိတ်ရှိတာမျိုးကို ဆိုလိုပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးမှန်သမျှအပေါ် မဟုတ်မမှန်စိတ်ရှိတဲ့ ကျား/မ မရွေး pedophilia ပါ။ pedophilia ဆိုတာ လူ့အသိုင်းအဝိုင်းမှာ ရှိမနေသင့်တဲ့ လူစားမျိုးပါ။ rapist တွေထဲမှာတောင် pedo ကောင်တွေက ရွံစရာအကောင်းဆုံးထဲ ပါတယ်။ ဒီထဲမှာဆို ကလေးရဲ့ ဘောင်းဘီက သွေးတွေရွှဲနစ်နေတယ်လို့ ပြောထားတော့ ဟိုခွေးမသားက ကလေးတွေကို နှိပ်စက်ရုံတင်မကဘူး ထင်ပါတယ်။ ရှောင်ဝူယိကို စပြီးတော့ ဘာသာပြန်ကတည်းက ဒီအပိုင်းတွေကို ဘာသာပြန်ဖို့ အတော်‌လေး စိတ်တင်းထားရတာ။ ကမ္ဘာပျက်ကပ်ဆိုတော့ လူတွေရဲ့ စရိုက်အမှန်ကို တွေ့လာရမှာပေမဲ့ ဒီလိုအဖြစ်အပျက်မျိုးက ကမ္ဘာပျက်ကပ်မှမဟုတ်ဘဲ လက်ရှိကမ္ဘာကြီးထဲမှာလည်း တကယ်ရှိနေတဲ့ အဖြစ်အပျက်မျိုးပဲ။