အပိုင်း ၃၀၂
Viewers 62k

အခန်း ၃၀၂ “ဒီဓါးညွှန်ရာ..အရာအားလုံး ဟင်းချက်အမယ်ဖြစ်စေ”

နားကွဲမတတ် ကျယ်လောင်လှသော အော်ဟစ်မြည်တမ်းသံတစ်ခုက ကောင်းကင်တစ်ခုလုံးဟိန်းထွက်လာပြီး အနောက်ဆန်းကြယ်မြို့တစ်ခုလုံးအပေါ်တွင် ပဲ့တင်ထပ်လျက်ရှိသည်။ မြို့တွင်းမှ မြို့သူမြို့သားအားလုံးလည်း နှလုံးကွဲမတတ် ကျယ်လောင်လှသော အသံကြောင့် ထိတ်လန့်တုန်လှုပ်နေကြလေသည်။

မြိုရိုးအောက်မှ သားရဲအုပ်စုပင်လယ်ကြီးကို ကြည့်၍ မြိုရိုးပေါ်မှ လူအုပ်ကြီး၏ မျက်နှာပေါ်တွင် မသက်မသာခံစားနေကြရသည်။

နီယန်တစ်ယောက်သာ တည်ငြိမ်နေပြီး လေးနက်တည်ငြိမ်သော မျက်နှာထားနှင့် ရှိနေလေသည်။ မြို့အရှင် ခုန်းယောင်၏ မျက်နှာက တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူဖျော့နေလေသည်။ တပ်သားများ၏ မျက်နှာပေါ်တွင်လည်း ကြောက်ရွံ့မှု တုန်လှုပ်မှုများ အတိုင်းသာ ပေါ်လွင်နေလေသည်။

သို့သော်လည်း အကြည့်စူးစူးရဲရဲများနှင့် တစ်စုံတစ်ယောက်က ပြောမပြနိုင်လောက်အောင် ၀မ်းမြောက်ပျော်ရွှင်နေလေသည်။

“ဝိဉာဉ်သားရဲတွေတစ်ပုံတစ်ခေါင်းကြီးအလယ်မှာ ကြောက်ရွံ့တုန်လှုပ်နေရမှာမဟုတ်ဘူးလား…”

ထန်းယင်က ပီတိဖြစ်နေသည့် ပုဖန်၏မျက်နှာကို လေ့လာနေပြီး ရုတ်တရက်နှလုံးသားထဲ တင်းကျပ်သွားခဲ့သည်။ ပိုင်ရှင်ပု၏အတွေးတွေကိုလည်း သူဘယ်တော့မှနားလည်နိုင်မှာမဟုတ်ဟု ခံစားနေရပါသည်။

တစ်ဖက်တွင်မူ ပုဖန်တစ်ယောက်က အမှန်တကယ်ပင် အူးမြူးရွှင်ပြနေခဲ့သည်။ သူက စနစ်၏အကဲဖြတ်ခြင်းကို အောင်မြင်နိုင်ရန် နောက်ထပ်ဟင်းတစ်ခွက် ချက်ပြုတ်ရမည်ကို ခေါင်းပူမတက် စဉ်းစားနေခဲ့ရသည်။ စစ်တပ်ချက်ပြုတ်ရေး အဖွဲ့မှ ပေးသည့် ပါ၀င်ပစ္စည်းများကလည်း သာမာန်အဆင့်များသာ ဖြစ်ကြသည်။ ယခင်က တော်သင့်သော ပါ၀င်ပစ္စည်းများနှင့် စံတင်နိုင်လောက်သော အရင်က အတော်အသင့်ဟင်းချက်အမယ်များဖြင့် စံတင်လောက်စရာဟင်းလေးမျိုးချက်ခဲ့သော်လည်း ပုဖန်ကတော့ လမ်းရိုးအတိုင်း သွားလိုခြင်း မရှိချေ။

စနစ်က ခွင့်ပြုမည်ဖြစ်သော်လည်း ပုဖန်က ဆက်မလုပ်လိုတော့ချေ။ ဤအချက်က သူခေါင်းစားနေသော အရာဖြစ်သည်။

သုံးနှစ်ကြာမျှ တစ်ကြိမ်သာ တွေ့နိုင်သော စိတ်ဝိဥာဉ်သားရဲများစွာကို မြင်ရချိန်တွင် သူက သာလွန်သော ပါ၀င်ပစ္စည်းများ ပြတ်လတ်မှုကို ဖြတ်ကျော်နိုင်တော့မည်ဖြစ်သည်။ ယင်းက မိုးခေါင်ပြီးနောက် ရွာကျလာသော မိုးစက်များကဲ့သို့့ဖြစ်သည်။

“အဖေ စိတ်မပူပါနဲ့ … ဒီသားရဲတွေ စိတ်ပျက်စရာကောင်းလောက်အောင် များနေတယ်ဆိုပေမယ့် … အရင်ကလည်း ကျွန်တော်တို့ ရင်ဆိုင်ခဲ့ဖူးတာပဲလေ…. ကျွန်တော်တို့ ငြိမ်ငြိမ်နေပြီး သူတို့ကို မထိဘူးဆိုရင် ပြီးတာပဲ… ဒီနေ့ကျော်သွားရင် သားရဲတွေ ငြိမ်ကျသွားလိမ့်မယ်… ခုန်းရွှမ်က ခုန်းယောင်ကို မျက်နှာသေနှင့် အားပေးလိုက်သည်။

မြို့အရှင်ခုန်းယောင်သည် ခေါင်းကိုညိတ်မိသည်။ ဒီသားရဲတွေရောဂါထနေသမျှကာလပတ်လုံး သူခေါင်းခဲနေရတာပဲဖြစ်သည်။ သို့သော်လည်း သူတို့ လုပ်နိုင်သည့် အကောင်းဆုံး နည်းလမ်းမှာ ခုန်းရွှမ်အကြံပြုသလို မြို့ထဲတွင်နေပြီး စောင့်နေရန်သာ ဖြစ်သည်။ တစ်ရက်ပြည့်သွားသည်နှင့် သားရဲအုပ်ကြီက ပြန်လည်ဆုတ်ခွာသွားကြမည် ဖြစ်သည်။

ဂါး!!

အဆင့်(၇)ဝိဉာဉ်သားရဲများ၏ဟိန်းဟောက်သံများ၊ နားစည်ကွဲမတတ်အော်ဟစ်သံများကား အရပ်ရှစ်မျက်နှာလုံးပျံ့လွင့်လျက်ရှိသည်။

မြို့ရိုးပေါ်တွင်မတ်တပ်ရပ်နေသူများကတော့ သားရဲများ၏အော်ဟစ်မည်တမ်းသံများကြားတွင် တသိမ့်သိမ့်တုန်လျက်ရှိသည်။

“အရသာရှိတဲ့အရာလေးတွေ မစားချင်ဘူးလား…”

ဟိန်းဟောက်သံများကြားတွင် ပုဖန်က ဘေးတွင် ရပ်နေသည့် နီယန်ဘက်သို့ လှည့်လိုက်ပြီး အပြုံးတစ်ခုနှင့် မေးလိုက်သည်။

နီယန်က ပြန်ကြည့်လိုက်သည်။

ထိုစကားများကို ကြားလိုက်ရချိန်တွင် ထန်းယင်က ထိတ်လန့်သွားလေသည်။

“ပိုင်ရှင်ပု… ဘာသဘောလဲ… ဒီကြောက်စရာကောင်းတဲ့ သားရဲတွေက ခင်များစဉ့်နှီတုန်းပေါ်က ဟင်းချက်စရာတွေလို့ ထင်နေတာလား… ”

ထန်းယင်က တုန်လှုပ်နေလေသည်။ သူ၏ ဆရာမ နီယန်အကြာင်းကို သိထားသောကြောင့် ဆိုးဆိုးဝါးဝါး ဖြစ်ပျက်လာတော့မည်ဟု ခံစားနေရလေသည်။

“အရသာရှိတာလေးတွေ…. စားကောင်းတဲ့ ဟင်းပွဲလေးတွေ….” နီယန်၏ လှပသော မျက်၀န်းလေးများက တလက်လက် တောက်ပနေသည့် ကျောက်တုံးလေးများကဲ့သို့ အလငးများ ဖြာထွက်လာလေသည်။

“အင်း… အရမ်းစားကောင်းစေရမယ်လို့ ကတိပေးတယ်….” ပုဖန်က ခေါင်းငြိမ့်ပြလိုက်သည်။

“ပြော… ဘာလုပ်ပေးရမလဲ….” နီယန်က သူမ၏ ပန်းနုရောင် လျှာဖြားလေးကို သပ်လိုက်ပြီး အားတက်သရော မေးမြန်းလိုက်သည်။

ထန်းယင်က စိတ်မသက်မသာနှင့် နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူ့ဆရာမက အစားအသာက်နှင့် ပတ်သတ်လျှင် ထိန်းချုပ်မထားနိုင်သည်ကို သူသိနေလေသည်။ ဤသည်က ကုသမရနိုင်သော ရောဂါတစ်မျိုးပင် ဖြစ်သည်။ ပုဖန်ပြောလိုက်သော နောက်ထပ်စကားတစ်ခွန်းက ထန်းယင်ကို အသက်မရှင်ချင်တော့လောက်အောင် ဖြစ်သွားစေလေသည်။

“ဟို အနီရောင် ခြင်္သေ့ကိုတွေ့လား… သူ့အသားကို မီးပြင်းပြင်းမှာကင်လိုက်မယ်လို့စိတ်ကူးကြည့်… အရည်တစ်ရွှမ်းရွှမ်းနဲ့ နူးအိနေမှာပဲ …. ပြီးတော့ ဆူးတွေနဲ့ပြည့်နေတဲ့ဆင်ကိုရော… ဆူးတွေကြောင့် သူ့အသားက ပထမတန်းစား အရည်အသွေးပဲ… ဒီဆင်သားက လုံးဝကောင်းမွန်ရမည်လို့ ငါအာမခံတယ်…”

“နောက်တော့ ဟိုလိပ်ကြီး …. အခွံကြီးမှာတောင် စွမ်းအင်တွေ ပြည့်နှက်နေတာ… သေသေချာချာ ချက်ပြုတ်လိုက်မယ်ဆိုရင် အာဟာရပြည့်စေမယ့် ဟင်းတစ်ခွက် အာဟာရ ပြည့်စေမယ့် အာဟာရ ပြည့်စေမယ့် ဟင်းတစ်ခွက် ဖြစ်လာလိမ့်မယ်…”

ပုဖန်က အဆင့် ခူနစ် သားရဲများကို တစ်ကောင်ပြီးတစ်ကောင် ညွှန်ပြ၍ ပြောဆိုနေသည်။

သူတစ်ခွန်းပြောလိုက်တိုင်းတွင် နီယန်၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

“ဒါဆို ဒီအောက်မှာရှိတဲ့ အဆင့်ခုနစ် သားရဲတွေ အကုန်လုံးက တမူထူးကဲတဲ့ ဟင်းအမယ်တွေပေါ့… အဲတော့ နင်က ဘယ်အကောင်ကို ဖမ်းမှာလဲ…”

ပုဖန်က တခဏမျှ တွေးတောလိုက်သည်။ ခဏကြာပြီးနောက် ကိုယ်ကို မတ်လိုက်ပြီး နှုတ်ခမ်းထောင့်စွန်းလေးများ ကွေးတက်လာလေသည်။ သူက အောက်ဘက်မှ ရက်စက်ကြမ်းကြုတ်သည့် သားရဲများကို စေ့စေ့စပ်စပ် ကြည့်ရှုလေ့လာလိုက်သည်။ ထို့နောက် သူ၏ လက်ထဲတွင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင် မီးဖိုချောင်သုံးဓါးတစ်လက် ပေါ်လာလေသည်။ သူက ဓါးကို တင်းကြပ်စွာ ဆုတ်ကိုင်လိုက်ပြီး အောက်ဘက်မှ သားရဲများကို ညွှန်ပြလိုက်သည်။

“ဒီဓါးညွှန်ရာ အားလုံးက ပါ၀င်ပစ္စည်းတွေ ဖြစ်လာစေရမယ်…” ပုဖန်က ရဲဝံ့စွာ အော်ဟစ်လိုက်သည်။

နီယန်နှင့် ထန်းယင်က ကြက်သေသေသွားလေသည်။ ခုန်းယောင် ခုန်းရွှမ်နှင့် အခြားစစ်သူကြီးများက ပုဖန်ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်လာကြသည်။

“ဒီကောင်က စိတ်မနှံ့တော့ဘူးလားဟ…”

ဒီလောက်ဆိုးဝါးတဲ့ အခြေအနေကို ဟင်းချက်ဖို့တွေ ဘာတွေ မေ့ထားလိုက်…. အဲဒီကို ဆင်းသွားတာနဲ့ ဘယ်သူက ညစာဖြစ်သွားမယ်ထင်လဲ… ဖြစ်နိုင်တာကတော့ မနက်ဖြန်လောက်ဆို အဲဒီ သားရဲတွေရဲ့ ဗိုက်ထဲကနေ အရိုးတစ်ခြား အသားတစ်ခြား ပြန်ထွက်လာနေရမယ်…

စီ… စီနီယာပု… စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့… ဒါက သားရဲတွေ ကြမ်းတမ်းနေတဲ့ အချိန်လေ…. ပြီးသွားရင် သားကောင်လိုက်ရှာဖို့ ပိုကောင်းတဲ့ အစီအစဉ် ဆွဲလို့ ရပါတယ်…

ထန်းယင်က အားမရှိသည့် အသံနင့် ပြောလိုက်သည်။ သူ၏ ပေါကြောင်ကြောင်နှင့် က တစ်ခုခုလုပ်တော့မည်ကို သူက အာရုံရနေလေသည်။

"အဲ့ဒိကောင်တွေက အရမ်းအရသာရှိမှာလား…."

ထန်းယင်တွေးနေသကဲ့သို့ပင် နီယန်က ပုဖန်ကို တောက်ပသော မျက်၀န်းများနှင့် စိုက်ကြည့်ပြီး မေးလိုက်သည်။

“အရသာ မရှိဘူးဆိုရင် ခေါင်းဖြတ်ခံတယ်… ” ပုဖန်က လက်ထဲမှ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို ကျွမ်းကျင်စွာ လှည့်ပတ်နေပြီး ပြန်ပြောလိုက်သည်။

ကောင်းပြီလေ… ကျွန်မက ဒီတစ်ခါတော့ ရှင့်စကားကို ယုံပေးလိုက်မယ်… အရသာ ရှိတဲ့ အစားအသောက်တွေ စားရချည်သေးရဲ့…

နီယန်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။ သူမ ပြုံးလိုက်သည့်အခါ မျက်ဝန်းလေးတွေကလည်း မှေးကျဉ်းသွားသည်။

ပုဖန်က ဝှိုက်တီ၏ ဗိုက်ကို အသာပုတ်လိုက်ပြီး ပြောလိုက်သည်။

“ဝှိုက်တီ … သွားကြစို့… ”

“ဘယ်သွားမှာလဲ….. ”

ထန်းယင်နှင့် နီယန်တို့ နှစ်ယောက်မှ လွဲ၍ မြို့ရိုးပေါ်မှ လူများအားလုံးက ပုဖန်ကို ထန်းယင်နှင့်နီယန်မှလွဲ၍ မြို့ရိုးပေါ်မှလူအာမယုံကြည်နိုင်သည့် မျက်၀န်းများနှင့် ကြည့်နေကြသည်။ ထို့နောက် သူတို့၏ ပါးစပ်များ ပွင့်ဟသွားကြလေသည်။ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ပုဖန်က မြို့ရိုးကို ကျော်လွှား၍ ခုန်ချသွားလေသည်။

“ဘုရားသခင်.. ဒီလူက သေကြောင်းကြံနေတာလား…"

မြို့ရိုးအောက်တွင် ဝိဥာဉ်သားရဲ ပင်လယ်ကြီးရှိနေလေသည်။

“သူက ရေချိုးဖို့ ဆင်းသွားတယ်လို့တော့ လာမပြောကြနဲ့… ”

“ဒီသကောင့်သားက ရူးသွားတာလား…. အစားခံချင်လို့ ခုန်ဆင်းသွားတာလား…..”

လူအုပ်ကြီးက ပုဖန်၏ လုပ်ရပ်ကို နားမလည်ကြချေ။ သူတိုပက လည်ပင်းများကို ဆန့်ထုတ်လိုက်ကြပြီး နံရံအောက်သို့ ပြေးကြည့်လိုက်ကြသည်။

ရွှပ်…

လေပြေတစ်ချက် တိုက်ခတ်သွားပြီး သင်းပျံ့သည့် ရနံ့တစ်ခု ထွက်လာလေသည်။ သွမ်မွေ့ငြင်သာသည့် သဏ္ဍန်တစ်ခုက ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။ သူမ၏ အဖြူရောင် ပိုးသား၀တ်စုံက လေထဲတွင် တလူလူ လွင့်နေပြီး ဆံနွယ်များက တဖျပ်ဖျပ် လွင့်ခါနေသည်။ နီယန်က ပုဖန်နောက်သို့ ခုန်ချသွားလေသည်။

"အကြီးအကဲနီ…"

ခုန်းရွမ်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူက နံရံကို ခုန်းရွှမ်က အလန့်တကြားထအော်လိုက်မိသည်။ သူက နံရံထာက်ထားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ခြင်း ဖြစ်သည်။ သူ့ဘ၀၏ အလင်းရောင် ပျောက်ဆုံးသွားသကဲ့သို့ သူက ခံစားနေရလေသည်။

“ခင်များက စတေးခံရမှာ မဟုတ်ဘူးလေ… ဘာကြောင့် ကိုယ့်ဘ၀ကိုယ် ရေစုန်မျှောလိုက်ရတာလဲ…”

ပုဖန်က ခြေထောက်များကို ခွဲထားပြီး ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓါးကို တင်းကြပ်စွာ ဆုတ်ကိုင်ထားသည်။ ဓါးက နေရောင်တွင် တောက်ပနေပြီး သူ၏ ခန္ဒာကိုယ်က မြေပြင်ပေါ်သို့ ခပ်ကြမ်းကြမ်း ဆင်းသက်လာခဲ့သည်။

ဘုန်း!!

၀ှိုက်တီက မြေပြင်ပေါ်သို့ ပထမဆုံး ကျဆင်းလာပြီး မြေပြင်က တုန်ဟီးသွားကာ သူ့အလေးချိန်ကြောင့် သားရဲတော်တော်များများ စိစိညက်ညက် ကျေသွားလေသည်။ ထို့နောက် ပုဖန်က မြေပြင်ပေါ်သို့ ကျဆင်းလာလေသည်။ သူက သားရဲတစ်ကောင်၏ ကျောကို ဓါးနှင့် ဖြတ်ပိုင်းလိုက်သည်။

နီယန်က ပျံလွှားငှက်တစ်ကောင်ကဲ့သို့ တက်ကြွနေလေသည်။ သူမ၏ ၀တ်စုံဖြူက တလူလူ လွင့်နေပြီး သားရဲများပေးတွင် တင့်တယ်စွာ ရပ်တန့်နေလေသည်။ သူမ၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားပြီး နူးညံ့သော လက်ချောင်းလေးများနှင့် လေထဲသို့ ထိတွေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် စိတ်ဝိဥာဉ်စွမ်းအင်များ သူမခန္ဒာကိုယ်ပေါ်တွင် လှည့်ပတ်လာကြပြီး အရပ်မျက်နှာအစုံသို့ လှိုင်းဂယက် ငယ်များအဖြစ် ပြန့်နှံ့သွားကြသည်။

“ပိုင်ရှင်ပု.. ခြင်္သေ့ကို ကျွန်မတာ၀န်ထားလိုက်… ရှင့်ကတိကို မေ့မသွားနဲ့ဦး… အစားအသောက်တွေ အရသာ မရှိလို့ကတော့ ရှင့်ကို သတ်မှာ….” နီယန်က ပြောဆိုလိုက်ပြီးနောက် ခြင်္သေ့ရှိရာသို့ တဟုန်တိုး ပြေးသွားလိုက်သည်။

“ယုံလိုက်စမ်းပါ… စိတ်လှုပ်ရှားစရာ စားသောက်ပွဲကြီးတစ်ခု ရှေ့ကို ရောက်လာစေရမယ်…” ပုဖန်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။

ပုဖန်က မြေပြင်ပေါ်တွင် ရပ်နေလိုက်သည်။

ထိတ်လန့်သွားကြသော သားရဲများက သတိပြန်၀င်လာကြပြီး ပုဖန်ဆီသို့ ရက်စက်ကြမ်းကြုတ်သော အကြည့်များနှင့် ကြည့်နေကြလေသည်။

မြို့ရိုးပေါ်မှ လူအုပ်ကြီးက အော်ဟစ်လိုက်ကြသည်။ သူတို့၏ အမြင်တွင် သာ့းရဲများက ပုရွက်ဆိတ်အုံကဲ့သို့ ရှိနေကြပြီး ပုဖန်၏ ပတ်ပတ်လည်တွင် ၀န်းရံနေကြသည်။ ထိုမြင်ကွင်းက နှလုံးခုန် ရင်တုန်စရာပင် ဖြစ်သည်။

ခုန်းရွှမ်က ချောင်းအနည်းငယ် ဆိုးလိုက်မိသည်။ သူမေ့သွားသည်မှာ အကြီးအကဲနီယက တိမ်စိုင်များပေါ်တွင် လမ်းလျောက်နိုင်လောက်သည်အထိ မြင့်မားသော ကျင့်ကြံခြင်းအဆင့် ရှိလေသည်။ ထို့ကြောင့် သူမက အသက်အန္တရယ် ရှိမည်မဟုတ်ချေ။ သို့သော်လည်း လူငယ်လေးက အင်ပါယာ အဆင့်သာ ရှိနေသောကြောင့် လေထဲတွင် မရပ်တည်နိုင်ချေ။

“ဘယ်က သတ္တိတွေ ရပြီး မြို့ရိုးပေါ်က ခုန်ချရတာလဲ…. အောက်ဘက်မှာ အဆင့်ခြောက် သားရဲတွေ မရေမတွက်နိုင်အောင် ရှိနေတာကို သူမသိဘူးလား…”

သားရဲများက ပုဖန်ရှိရာသို့ တစ်ကောင်ပြီးတစ်ကောင် ပြေး၀င်လာသည့် မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ခုန်းရွှမ်၏ မျက်လုံးထဲတ၌ အမျိုးအမည်မသိသော အလင်းတစ်ချက် ဖြတ်ပြေးသွားလေသည်။ လွန်ခဲ့သည့် ရက်များတွင် ပုဖန်ရှိရာသို့ မကြာခဏ အလည်သွားခဲ့သော နီယန်ကြောင့် သူမ မချိမခံသာ ဖြစ်နေရလေသည်။ အကယ်၍ ပုဖန်သာ ဤတိုက်ပွဲတွင် သေသွားပါက သူ့လက်ပင် အပေခံစရာ မလိုတော့ချေ။

ဘေးမှ ထန်းယင်က သူ၏ နဖူးကို အသားပွတ်ရင်း တွေးလိုက်မိသည်။

“စီနီယာပုနဲ့ ဆရာသခင် နီတို့ကို တွဲထားရင် ပြသနာတွေ စလာတာပဲ….”

အဝေးတွင် နီယန်က အဆင့်ခုနစ် မီးခြင်္သေ့ကို လက်ဗလာနှင့် ရင်ဆိုင်တိုက်ခိုက်နေလေသည်။ သူမ၏ ကျင့်ကြခြင်းအဆင့်က မြင့်မားလှသောကြောင့် မီးခြင်္သေ့ကို ခပ်မြန်မြန် ဖမ်းယူနိုင်လိုက်လေသည်။ မီးခြင်္သေ့ကို တိုက်ခိုက်နေချိန်တွင် ဘေးမှ သားရဲများက ဝိုင်း၀န်းတိုက်ခိုက်ကြသောကြောင့် အနည်းငယ် အလုပ်ရှုပ်သွားရသည်သာ ရှိလေသည်။ သို့သော်လည်း ကောင်းမွန်သော ဟင်းလျှာအတွက် အရာအားလုံးက ထိုက်တန်လေသည်။

သူမက ပုဖန်ကို ယုံကြည်ထားပြီး သူ၏ ဟင်းချက်စွမ်းရည်က စိတ်ပျက်စေမည်မဟုတ်ဟု မှတ်ယူထားလေသည်။

နီယန်က ပုဖန်ရှိရာသို့ ခေါင်းကို စောင်း၍ ကြ့်လိုက်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားလေသည်။ သူမမြင်လိုက်ရသည်က ပုဖန်ကို သားရဲများ တစ်ထပ်ပြီးတစ်ထပ် ဖုံးအုပ်ခံနေရသည့် မြင်ကွင်းပင် ဖြစ်သည်။ သူမ၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး ပုဖန်က အင်ပါယာအဆင့်သာ ရှိသေးသည်ကို သတိရလိုက်သည်။

“ပိုင်ရှင်ပု. သားရဲတွေအောက်မှာ ပိမသေလောက်သေးပါဘူးနော်”

ဘန်း!

နားကွဲမတက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး ရွှေရောင် အလင်းတန်းတစ်ခုက သားရဲပုံကြားမှ တိုးထွက်လာကာ ကောင်းကင်သို့ ထိုးတက်သွားလေသည်။ နဂါးတစ်ကောင်၏ အော်မြည်သံက ကောင်းကင်ယံတွင် ပဲ့တင်သွားလေသည်။

သားရဲများကြားတွင် မမြင်နိုင်သော အားလှိုင်းတစ်ခုပ ပြန့်နှံ့သွားလေသည်။ ထိုအားလှိုင်းက ရေကန်ထဲ ကျောက်တုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းများထလာကာ သားရဲများကို လွင့်၀င်သွားစေလေသည်။ လူအားလုံး၏ မယုံကြည်နိုင်သော မျက်၀န်းများအောက်တွင် ပြွတ်ခဲနေသည့် သားရဲအုပ်ကြီးက ရုတ်တရက် ပေါက်ကွဲသွားလေသည်။

ကြီးမားသည့် ရွှေရောင် မီးဖိုချောင်သုံး ဓါးကြီးကို သယ်ဆောင်ထားသော လူငယ်တစ်ယောက်က သားရဲပုံကြီးကြားတွင် ဝံ့ကြွားစွာ မတ်တပ်ရပ်နေလေသည်။ သူ၏ ဘေးတွင် ခရမ်းရောင် တောက်ပနေသော မျက်၀န်းများနှင့် ရုပ်သေးရုပ်တစ်ရုပ် ရှိနေလေသည်။ ထိုအံ့သြဖွယ်ရာ နှစ်ယောက် သားရဲအသေကောင်များ ကြားတွင် အေးအေးလူလူ လမ်းလျှောက်ထွက်လာလေသည်။

မီးဖိုချောင်သုံးဓါးကို ဝှေ့ရမ်းလိုက်သည်နှင့် မမရေမတွက်နိုင်သော သားရဲများ ကြောက်လန့်တကြား ဆုတ်ခွာသွားကြခြင်းပင် ဖြစ်သည်။