အပိုင်း ၃၀၃
Viewers 54k

အခန်း ၃၀၃ ပါဝင်ပစ္စည်း ၉မျိုး...ဒယ်အိုးကြီး ၉လုံး...

ရွှေရောင်အလင်းတန်းတစ်ခုက လင်းလက်တောက်ပနေသည်။ပုဖန်၏ လက်ထဲမှ ရွှေနဂါးအရိုးသုံး မီးဖိုချောင်သုံး ဓားဆီမှ မယုံနိုင်စရာ ဟ်ိန်းဟောက်သံများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အစစ်အမှန် စွမ်းအင်များကလည်း လျှင်မြန်လှသော အရှိန်အဟုန်ဖြင့် လှည့်ပတ်နေသည်။

ထိုအစစ်အမှန် စွမ်းအင်များက လက်ဖျားမှ တစ်ဆင့် ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားဆီသို့ စီးဝင်သွားသည်။ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား၏ ပြင်ထန်လှသော အငွေ့အသက်က သဘာဝအားဖြင့် စိတ်ဝိညာဉ် သားရဲများကို ဖိနှိမ့်နိုင်စွမ်းရှိသည်။ထိုဖိနှိမ့်မှုက ပုဖန်၏ လှုပ်ရှားမှုကိုတော့ အခက်အခဲမရှိ လှုပ်ရှားစေနိုင်သည်။

ပုဖန်က ကြီးမားလှသော မီးဖိုချောင်သုံး ဓားကို ဆွဲကိုင်၍ ဆူးဆင်ရိုင်းအနီးသို့ တဖြေးဖြေးချင်း တိုးကပ်သွားလိုက်သည်။

ထိုသားရဲက အဆင့်၇ ဆူးဆင်ရိုင်း သားရဲဖြစ်သည်။သူ၏ တိုက်ခိုက်နိုင်မှု အင်အားက အလွန်ကြောက်စရာကောင်းလှသည်။သူ၏ ကြောက်စရာအကောင်းဆုံး လက်နက်မှာ ရှည်လျးလှသည့် နှာမောင်းနှင့် ခန္ဓာကိုယ် အပြည့်ဖြစ်နေသည့် ဆူးကြီးများဖြစ်သည်။စက္ကန့်ပိုင်းအတွင်းမှာပင် သားကောင်ကို ရစ်ပတ်ဖမ်းယူနိုင်ပြီး သူ၏ ခြေဖဝါးဖြင့် ချေမွ ဖျက်စီးပစ်နိုင်သည်။

ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက နဂါးသွေးပါသော သားရဲများကို ဖိနှိမ့်နိုင်စွမ်းရှိသည်။သို့သော်လည်း ဆူးဆင်ရိုင်းတွင် နဂါးသွေးပိုင်ဆိုင်ထားမှုက အလွန့်အလွန်ကို နည်းပါးလှသည်။ထို့ကြောင့် တစ်ခြားသားရဲများကဲ့သို့ ဖိနှိမ့်နိုင်ခြင်းမရှိပေ။

ဘုန်း.....

ဝှိုက်တီ၏ စက်ရုပ်မျက်ဝန်းများက ခရမ်းရောင် တောက်ပလာပြီး ဆူးဆင်ရိုင်းဆီသ်ို့ လေအလျင်ကဲ့သို့ တဟုန်ထိုး ပျံသန်းလိုက်သည်။

ဆူးဆင်ရိုင်းက နှာမောင်းကိုမြှောက်၍ နားကွဲမတက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ ပြင်းထန်လှသော အင်အားကြောင့် မြို့တံတိုင်းပင် တုန်ခါသွားသည်။ကျောက်တုံးကျောက်စများ လှိမ့်ဆင်းကျလာသောကြောင့် မြို့တံတိုင်းပေါ်ရှိ ကျွမ်းကျင်သူများက ထိတ်လန့် တုန်လှုပ်သွားကြသည်။

ထိုဆူးဆင်ရိုင်းက အလွန်အင်အားကြီးမားလှသည့် သားရဲတစ်ကောင်ပင်ဖြစ်သည်။သို့သော်လည်း ဝှိုက်တီက ကြောက်ရွံ့မှုပင် မရှိပဲ လျှင်မြန်စွာ ရှောင်ထွက်လိုက်သည်။

ထို့နောက် လေထဲမှာပင် သူ၏ လက်မောင်းက ကြီးမားလှသောဓားတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားသည်။ဆူးဆင်ရိုင်းက သန်မာလှသည့် နှာမောင်းဖြင့် မြေကို ရိုက်ခတ်လိုက်ရာ မြေပြင်က သိမ့်သိမ့်တုန်ခါသွားသည်။

ထို့နောက် ဝှိုက်တီဆီသို့ ချိန် ရွယ် တိုက်ခိုက်လိုက်လေသည်။ထိုတိုက်ခိုက်မှုသာ ဝှိုက်တီကို တိုက်ရိုက် ထိမှန်သွားလျှင် သူ၏ ဆူးများကြောင့် ဝှုက်တီက ပျက်စီးသွားသည်ဟု ထင်ရပေမည်။လူအားလုံးကလည်း တူညီသည့် အတွေးကိုပင် တွေးလိုက်မိကြသည်။ထိုဆူးဆင်ရိုင်းက အဆင့်၇ စိတ်ဝိညာဉ်သားရဲများ ကြားထဲတွင် အလွှမ်းမိုးနိုင်မှု အရှိဆုံး သားရဲတစ်ကောင်ပင် ဖြစ်သည်။

သို့သော်လည်း ဝှိုက်တီက ဆူးဆင်ရိုင်း၏ နင်းချေခြင်းကို ခံရတော့မည်ဟု ထင်လိုက်ရသည့်အချိန်မှာပင် မျက်စိဖြင့်ပင် လိုက်၍ မကြည့်နိုင်လောက်အောင် လျှင်မြန်လှသော အလင်းရောက်တစ်ချက်က ဖြတ်၍ ဝင်ရောက်လာသည်။

လူအုပ်ကြီးက ဆူးဆင်ရိုင်း၏ နှာမောင်းဆီမှ သွေးများ ဒလဟောစီးကျလာသည်ကိုသာ ကြောင်အ၍ ကြည့်နေမိကြသည်။

ဆူးဆင်ရိုင်းက ပြင်းထန်သော နာကျင်မှုကြောင့် ကျယ်လောက်စူးရှစွာ အော်ဟစ်လိုက်မိသည်။သူ၏ ဆူးခွာများ၏ ကန်ချက်ကြောင့် ဘေးနားတွင်ရှိနေကြသော သားရဲများပင် ထိခိုက်သွားကြသည်။

ဝှိုက်တီက ဆူးဆင်ရိုင်းအပေါ်သို့ ဆင်းသက်လိုက်ပြီး တဖျက်ဖျက်လှုပ်ခါနေသော ဧရာမနားရွက်ကြီးများကို ကြည့်လိုက်သည်။ထို့နောက် ဆူးဆင်ရိုင်း၏ ဦးခေါင်းထိပ်ဆီသို့ နောက်ဆုံးပွဲသိမ်း လက်သီးချက်တစ်ချက် ထိုးနှက်လိုက်လေသည်။

……

ပုဖန်၏ လက်ထဲမှ မီးဖိုချောင်သုံးဓားက ရွှေရောင်အလင်းတန်းများ တောက်ပနေလျက်ရှိသည်။ပုဖန်က ခပ်လှမ်းလှမ်းတစ်နေရာဆီမှ ကြီးမားလှသော အခွံကို သယ်ဆောင်ထားသည့် ရှေးဟောင်းတောင်လိပ်ကြီးကို စူးစိုက်ကြည့်နေမိသည်။

ထိုသားရဲကလည်း အလွန်အင်အားကြီးမားလှသည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားမှ ဖိနှိမ့်မှုအင်အားကြောင့် ပတ်ဝန်းကျင်တွင် ရှိနေကြသော သားရဲများအားလုံးက ထိတ်လန့်တကြားဖြင့် နောက်သို့ ပြန်ဆုတ်သွားကြသည်။ဓား၏ ဖိအားကြောင့် သားရဲများက ပုဖန်၏ အနားသို့ ချဉ်းကပ်ရဲခြင်း မရှိတော့ပေ။ပုဖန်ကလည်း အဆင့်နိမ့်သားရဲများကို နည်းနည်းမှပင် ဂရုမစိုက်ပေ။

ပုဖန်က သူ၏ရှေ့တွင် ရှိနေသော ဧရာမရှေးဟောင်းတောင်လိပ်ကြီးကို စိတ်လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ကြည့်နေမိသည်။ထိုတောင်လိပ်က ကြွယ်ဝလှသည့် ပါဝင်ပစ္စည်းတစ်ခုပင် ဖြစ်သည်။

ရှေးဟောင်းတောင်လိပ်ကြီးက သူ၏ အခွံများထဲသို့ ခေါင်းကို ပြန်ဖွက်လိုက်သည်။ထိုသားရဲက ရွှေနဂါးအရိုး မီးဖိုချောင်းသုံးဓားမှ နဂါးစွမ်းအင်ကို ခံစားမိသောကြောင့် သူ၏ အခွံအတွင်းသို့ ပြန်လည် ဆုတ်ခွာလိုက်ခြင်းဖြစ်သည်။ ထိုတောင်လိပ်၏ အခွံက သူတို့၏ သဘာဝ အကာအကွယ်ပင်ဖြစ်ပြီး ခွဲဖြတ်ရန်အတွက် အလွန်ပင် ခက်ခဲလွန်းလှသည်။

ပုဖန်က လိပ်ခွံပေါ်တွင်ရှိသော ရှုပ်ထွေးလှသည့် ပုံစံများကို ကြည့်လိုက်မိပြီးနောက် အံ့အားသင့်သွားမိသည်။

ရုတ်တရက် လိပ်ခွံအတွင်းမှ အနက်ရောင် အစက်ပြောက် နှစ်ခုလင်းလက်လာပြီး ကျယ်လောင်လှသော အသံနှင့်အတူ လိပ်ဦးခေါင်းက ပုဖန်ဆီသို့ ဦးတည်တိုက်ခိုက်လာသည်။ထိုတောင်လိပ်၏ ဦးခေါင်းက အိုမင်းလှပြီ ဖြစ်သောကြောင့် အရည်များပင် တွန့်နေပေသည်။ သွေးနီရောင်မျက်လုံးများဖြင့် တောက်လျက်ကြည့်ကာ သူ၏ပါးစပ်ကို ကျယ်ကျယ်ဖွင့်ဟ၍ ပုဖန်ကို ကိုက်ရန် ကြိုးစားလိုက်သည်။

ပုဖန် မျက်ဝန်းများ စုကျုံ့လိုက်မိသည်။ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ နဂါးအရှိန်အဝါ ဖိနှိမ့်မှု အောက်မှာပင် ထိုသားရဲက သူကို ပြန်လည် တိုက်ခိုက်ရဲလိမ့်မည်ဟု သူလုံးဝ မမျှော်လင့်ထားမိပေ။အသက်အရွယ်ကြီးရင့်လျှင် ကလိမ်ကကျစ် ကျလေပေဖြစ်သည်။

ဖန်း ......

ပုဖန်က တိုက်ခိုက်မှုကို ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို အသုံးပြု၍ ပိတ်ဆို့ကာကွယ်လိုက်သည်။

တောင်လိပ်ကြီးက သူ၏ တိုက်ခိုက်မှု ပျက်စီးသွားသည်ကို မြင်လိုက်သည်နှင့် ကြီးမားလှသော ခန္ဓာကိုယ်ဖြင့် ပုဖန်ကို ဝင်စောင့်ရန် ကြိုးပမ်းလိုက်သည်။

ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို ပြင်းထန်လှသော အင်အားဖြင့် ဝင်စောင့်လိုက်ခြင်းကြောင့် ပုဖန်က ဓားနဲ့အတူ လေထဲသို့ မျောလွှင့်သွားပေသည်။ပုဖန် လေထဲတွင် လှိမ့်၍ ခပ်ဝေးဝေးသို့ လွင့်ထွက်သွားသော်လည်း သူချက်ချင်းပင် ပြန်လည်၍ မတ်တပ်ရပ်လိုက်သည်။

ပုဖန်၏ အမူအရာက လေးနက်တည်ကြည်သွားသည်။သူ့၏ စွမ်းအင် ရေဝဲထဲမှ အစစ်အမှန်စွမ်းအင်များကို လျှင်မြန်စွာဖြင့် လည်ပတ်စေလိုက်ရာ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားက ပို၍ တောက်ပလင်းလက်လာလေသည်။

ဘုန်း..........

ပုဖန်၏ ခြေထောက်အောက်မှ ကျောက်တုံးကြီးက အစိတ်အမွှာမွှာ ကွဲကြေ၍ လွှင့်စင်သွားလေသည်။သူက ရွှေနဂါး၏ မီးဖိုချောင်သုံးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး တောင်လိပ်ကြီးဆီသို့ ဦးတည်လိုက်သည်။

ပြင်းထန်လှသော နဂါးအရှိန် အဝါများကြောင့် ဘေးပတ်ဝန်းကျင်တွင် ရှိနေကြသော သားရဲများက အလျှင်အမြန်ပင် ပြန်လည် ဆုတ်ခွာသွားကြသည်။

လိပ်အခွံက အလွန်တရာ မာကျောလှသောကြောင့် ပုဖန်က အခွံကို တိုက်ခိုက်ရန် မကြိုးစားပေ ။ထိုအခွံကို ဖျက်စီးရန်က သူ့အတွက် မဖြစ်နိုင်သလောက် ခက်ခဲလွန်းလှသည်။အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင်ပင် သူ့၏ စွမ်းအင်များ ကုန်ဆုံးသွားပေလိမ့်မည်။သူ့၏စွမ်းအားများသာ ကုန်ဆုံးသွားပါက ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား၏ ပုံစံက ပျောက်ဆုံးသွားပြီး သူသည်လည်း ဆိုးရွားလှသည့် အခြေအနေထဲ ကျရောက်သွားပေလိမ့်မည်။

ရှေးဟောင်းတောင်လိပ်ကြီးက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ့၏ ထက်မြည့်လှသော သွားများကို ဟလိုက်ပြီး ပုဖန်ကို ကိုက်ခဲရန် ကြိုးပမ်းလိုက်သည်။ပုဖန်က ထိုလိပ်ကြီး၏ တိုက်ခိုက်မှုကို ရှောင်းရှားလိုက်ရင်း အခွင့်အရေးကို အလျှင်အမြန်အသုံးချ၍ လျှောတိုက်ပြီး တောင်လိပ်၏ ခြေထောက်များကြားထဲသို့ ဝင်လိုက်သည်။

ပုဖန်က ခြေထောက်ကြားထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရွှေနဂါးအရိုး မီးဖိုချောင်သုံး ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ လိပ်၏ ဝမ်းဗိုက်ကို ထိုးစိုက်ချလိုက်သည်။

တောင်လိပ်၏ ဝမ်းဗိုက်ပိုင်းကလည်း အလွန်မာကျောသော်လည်း တစ်ခြားခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် ယှဉ်လိုက်လျှင် အနည်းငယ်ပျော့ပျောင်းသောကြောင့် ပုဖန်အတွက် တိုက်ခိုက်ရန်လွယ်ကူနေပေသည်။ထိုနည်းလမ်းကသာ ထိုတောင်လိပ်ကို တိုက်ခိုက်ရန် နည်းစနစ်ဖြစ်ပေသည်။

……

အခြားတစ်ဖက်တွင် နီယန်က သူ့၏ တိုက်ပွဲကို အဆုံးသတ်လိုက်ပေသည်။စစ်နတ်ဘုရား တစ်ပါးအနေဖြင့် အဆင့်၇ သားရဲ တစ်ကောက်နှင့် ရင်ဆိုင်ရခြင်းမှာ သူမအတွက် အသေးစား ကိစ္စတစ်ရပ်ပင် ဖြစ်သည်။ မီးခြင်္သေ့က မြေပြင်ပေါ်သို့ လဲပြိုကျသွားပြီး ဖုန်လုံးများ တလိမ့်လိမ့်တက်နေသည်။နီယန်က မတုန်မလှုပ်အမူအရာဖြင့်ပင် ထိုခြင်္သေ့ပေါ်သို့ ဆင်းသက်လိုက်သည်။

ဝှိုက်တီက ဆူးဆင်ရိုင်းကို ထပ်တလဲလဲ လက်သီးဖြင့် ထိုးနှက်နေသောကြာင့် သူ၏ ဆူးများပင် ကျိုးပဲ့သွားလေပြီ ကြီးမားလှသော ဆူးဆင်ရိုင်းကြီးက တုံ့ပြန်နိုင်မှုပင် မရှိတော့ပဲ မြေပြင်ပေါ် လဲပြိုကျသွားသည်။

ဇွပ်.......ဖြော.......

အသံက လိပ်ကြီး၏ ဝမ်းဗိုက်ကွဲကြေသွားရာမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။လူတိုင်းက ကြီးမားသော တောင်လိပ်ကြီး၏ ဝမ်းဗိုက်မှ ဒလဟော စီးကျလာသော သွေးများကို တအံ့တသြဖြင့် ကြည့်နေကြသည်။

ကြီးမားလှသော ရှေးဟောင်းတောင်လိပ်ကြီးက မြေပြက်ပေါ်သို့ အကြမ်းပတမ်း လဲပြိုကျသွားပြီး အသက်ရှူရပ်တန့်သွားလေသည်။ထိုသုံးယောက်လုံးက အဆင့်၇ သားရဲများကို အမှန်တကယ်ပင် အနိုင်ယူခဲ့ကြသည်။

မြို့တံတိုင်းပေါ်တွင် ရှိနေကြသော သူများက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်း ချလိုက်မိကြသည်။ထျန်းယင်၏ မျက်နှာက အနည်းငယ်ပင် တောင့်တင်းနေသည်။ထိုသုံးယောက်လုံးက အမှန်တကယ်ပင် ရက်စက်ကြမ်းကြုတ်လွန်းကြသည်။

ခုန်းရွှမ်းက အင်ပါယာ အဆင့်တစ်ယောက်မှ အဆင့် ၇ သားရဲတစ်ကောင်ကို သတ်ဖြတ်လိုက်ခြင်းကို မယုံကြည်နိုင်ဖြစ်နေသည်။

"ဘယ်လိုဖြစ်ပြီး သူက အဆင့်၇ သားရဲရဲ့ သတ်ဖြတ်ခြင်းကို မခံရတာလဲ ဒါက လုံးဝ ယုတ္တိမရှိဘူး "

စိတ်ဝိညာဉ်သားရဲများအားလုံးက အလွန်တရာ တုန်လှုပ်ပြီး ဒေါသထွက်နေကြသော်လည်း သူတို့၏ သားရဲအပြုအမူများကို ဆက်လက် ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ကျန်ရှိနေသေးသည့် သားရဲများက အဆင့် ၇ သားရဲ အလောင်းကောင်များကို ရှောင်ကွင်း၍ တစ်ခြားနေရာများသို့သာ သွားကြလေသည်။

ပုဖန်က အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။သူက ရှေးဟောင်းတောင်လိပ်ရဲ့ အခွံကို ပုပ်နေရင်း ကြည့်ရှုနေသေးသည့် သားရဲများကို လှမ်းကြည့်ရှုလိုက်သည်။မြို့တံတိုင်းပေါ်တွင် ရှိနေကြသော လူများက အံ့အားသင့်သွားကြလေသည်။

"ဒီလူငယ်က ဘယ်လိုလဲဟ အဆင့်၇ စိတ်ဝိညာဉ်သားရဲတစ်ကောင် ရထားပြီးတောင်မှ သူက မကျေနပ်နိုင်သေးဘူးလား "

ရုတ်တရက် ပုဖန်က သူ့၏ ဓားကို ဆွဲထုတ်၍ သူ့၏ဓားဖြင့် တိုက်ခိုက်လိုက်လေသည်။

ကြမ်းကြုတ်လှသော စိတ်ဝိညာဉ်သားရဲများက ကတိုက်ကရိုက်ဖြင့် ပြန်လည် ဆုတ်ခွာသွားကြသည်။သူတို့ဆုတ်ခွာရမည့် အချိန်ကို မရောက်သေးသော်လည်း မြေပြက်ပေါ်၌ အဆင့်၇ သားရဲများ အလောင်းဖြင့် ပြည့်နှက်နေပေပြီ။

ထိုသားရဲ အလောင်းများမှ ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ်စွမ်အားကလည်း သူတို့ရှေ့ဆက်မတိုးနိုင်အောင် ဟန့်တားနေပေသည်။ထိုကြောင့်ပင် သားရဲများအားလုံးက သူတို့၏ ဦးတည်ရာကို ပြောင်းလဲ၍ တောင်စဉ်တစ်ထောင် တောင်တန်းစီသာ ပြန်လည်ဆုတ်ခွာသွားကြသည်။ ဆုတ်ခွာနေသော သားရဲများကို ကြည့်ရှုနေသည့် ပုဖန်၏ နဖူးမှ ချွေးများ အသီးသီး စီးကျနေသည်။သူက ဆုတ်ခွာသွားသော သားရဲများကို ကြည့်၍ အနည်းငယ် အင်တင်တင် ဖြစ်နေသည်။

ထိုသားရဲများကြားထဲတွင် အတော်လေး ကောင်းမွန်သည့် ပါဝင်ပစ္စည်းများအများအပြား ရှိနေသေးသော်လည်း သူတို့က ထွက်ပြေး သွားကြပေပြီ။

ပုဖန်၏ အတွေးကိုသာ တစ်ခြားသူများ သိသွားလျှင် ပြောစရာစကား မဲ့သွားပေလိမ့်မည်။ဝှိုက်တီက ပုဖန်၏ ဘေးနားသို့ ပြန်ရောက်သွားသည့် အချိန်တွင် နီယန်ကလည်း အသက်ပြင်းပြင်း ရှူနေ ရသည်။

စိတ်ဝိညာဉ် သားရဲ သုံးကောင်ကို တစ်ယောက်တည်း တိုက်ခိုက်လိုက်ခြင်းက သူမကို ခြေကုန်လက်ပန်း ကျသွားစေသည်။

ပုဖန်က သူမအတွက် အရသာရှိသည့် စားကောင်းသောက်ဖွယ်များ ချက်ပြုတ်ပေးမည်ဟု ကတိပေးသောကြောင့် တိုက်ပွဲအတွင်း သူမရရှိခဲ့သော သားရဲများအားလုံးကို ပုဖန်ကို ပေးအပ်လိုက်သည်။

"ပိုင်ရှင်ပု နင်ချက်တဲ့ ဟင်းပွဲက ငါ့ကို စိတ်ကျေနပ်မှု မရစေဘူးဆိုရင်တော့ ဟမ်း... ငါက နင့်ကို ပျော့ဖတ်သွားသည်အထိ သေချာပေါက် ရိုက်ပစ်လိမ့်မယ်" နီယန်က အလျှင်စလိုဖြင့် ပြောလိုက်သည်။

ပုဖန်က သူမကို နှုတ်ခမ်းတွန့်ရုံ တစ်ချက် ပြုံးပြလိုက်ပြီး မြို့တံခါးဖွင့်ရန်အတွက် ပြောဆိုလိုက်သည်။

သားရဲများက ပြန်လည် ဆုတ်ခွာသွားပြီ ဖြစ်သောကြောင့် လုံခြုံစိတ်ချစွာဖြင့် မြို့တံခါးကို ဖွင့်နိုင်ပေသည်။စစ်သည်တော်များက မြေပြင်ပေါ်ရှိ သားရဲအလောင်းများကို အနောက်ပိုင်း ဆန်းကြယ်မြို့တော်အတွင်းသို့ ကူညီ၍ သယ်ဆောင် သွားပေးကြသည်။

အနောက်ပိုင်း ဆန်းကြယ်မြို့အတွင်း ရှိနေသော သူများက အံ့အားသင့်သွားကြသည်။ယခင်က သူတို့ အဆင့်၇ သားရဲတစ်ကောင်မျှပင် မမြင်ဖူးသော်လည်း ယခုအခါတွင် ထိုသားရဲများက သတ်ဖြတ်ခြင်း ခံထားရပေပြီ။ ဆူးများဖြင့် ဖုံးလွှမ်းနေသော ဧရာမဆင်ကြီးကို ကြည့်ရသည်မှာပင် ကြောက်ရွံ့ထိတ်လန့်စရာ ကောင်းလွန်းလှသည်။

"ပိုင်ရှင်ပု နင်ဘယ်လို စားကောင်းသောက်ဖွယ်တွေကို ချက်မှာလဲ အဆင့်၇ သားရဲတွေက လုံလောက်မှုကော ရှိရဲ့လား " နီယန်က မေးလိုက်သည်။

ဝေတဖုနှင့် လုံချိုင်ကလည်း အပြေးအလွှားလာကြသည်။အဆင့်၇ သားရဲများက သေဆုံးနေပြီ ဖြစ်သော်လည်းအလောင်းများမှ ထုတ်လွှတ်နေသည့် အော်ရာကပင် ကြောက်ရွံ့ထိတ်လန့်စရာဟကောင်းလွန်းသည် ။

"အနောက်ပိုင်းဆန်းကြယ်မြို့ထဲမှ မင်းတို့ ရှာလို့ရသမျှ အိုးအကြီးဆုံးကို ငါဆီကို ယူလာခဲ့ ဒီတစ်ကြိမ်တော့ ငါက စစ်တပ်တစ်တပ်စာလုံး လုံလောက်အောင် အတွက် ချက်ပြုတ်ပေးမယ်"ပုဖန်က ပြောလိုက်သည်။

"အိုးအကြီးဆုံး "

ဝေတဖုက အံ့အားသင့်သွားလေသည်။သူက စိတ်ဝိညာဉ် သားရဲ ရှစ်ကောင်ကို လှမ်း၍ ကြည့်လိုက်သည်။ပုဖန် ယခင်က သတ်ခဲ့သော အဆင့်၇ သားရဲ ကြီးမားလှသည့် ဖွတ်ကြီးကိုပါ ထည့်ပေါင်းထည့်လိုက်လျှင် သားရဲရှစ်ကောင် ရှိနေပေပြီ။

"ဒီလောက်များတဲ့ သားရဲတွေနဲ့ သူက ဘယ်လိုဟင်းမျိုး ချက်မလို့လဲ"

မြောက်များလှစွာသော သားရဲအလောင်းများကို စခန်းရှိရာဆီသို့ ပြန်သယ်ရန်အတွက် အတော်လေး အားစိုက်ထုတ်လိုက်ရသည်။

ညအချိန်၌ မီးပုံစံ စတင်လေပြီ။အနောက်ပိုင်း ဆန်းကြယ်မြို့တော်အတွင်းရှိ အကြီးမားဆုံးအိုးကြီးကို ကျယ်ပြန့်လှသော စခန်းလွင်ပြင်ရှိရာဆီသို့ သယ်ဆောင်လာပြီး ချက်ပြုတ်ရေးတပ်ဖွဲ့မှ သူများက အိုးအောက်တွင် မီးညှိရန်အတွက် ကြိုးစားနေကြသည်။

နီယန်အပါအဝင် လူများအားလုံးက စိတ်ဝိညာဉ် သားရဲ ကိုးကောင်ဖြင့် ပုဖန် ပြင်ဆင်ချက်ပြုတ်မည့် ဟင်းကို သိရှိလိုနေကြသည်။

စိတ်ဝိညာဉ်သားရဲ ကိုးကောင်......

ထိုအတွေးလေး တစ်ချက်ကပင် လူများကို စိတ်လှုပ်ရှားသွားစေသည်။