အပိုင်း ၃၀၄
Viewers 53k

အခန်း ၃၀၄ “ရှားပါးလှသောကံကြမ္မာအိုး.”

ပုဖန်က ကုန်ဆုံးသွားသည့် အစစ်အမှန် စွမ်းအင်များက်ို ပြန်လည် ဖြည့်တင်းနိုင်ရန်အတွက် သူ၏ တဲအတွင်း၌ ခြေချိတ်၍ ထိုင်နေသည်။ စနစ်၏ သိုလှောင်နေရာက ပိတ်ခံထားရသောကြောင့် သူ ကမာနှလုံးသား ပန်ကိတ်ကို စားသုံး၍ စွမ်းအားများကို ပြန်လည် မဖြည့်တင်းနိုင်သည့်အတွက် ကူကယ်ရာမဲ့မှုကို ခံစားနေရသည်။

သို့သော်လည်း ကမာနှလုံးသား ပန်ကိတ်ကို မစားရပေမယ့် သူအနားယူပြီးသည့်နောက် စွမ်းအားများက အများဆုံး ပြန်လည် ဖြည့်ဆည်းလာသည်။ ပုဖန်က မည်သည့် ကျင့်ကြံမှု နည်းစနစ်ကိုမှ အသုံးမပြုခဲ့သော်လည်း သူ၏ စွမ်းအင်ရေဝဲထဲမှ စွမ်းအားများက အထွဋ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဟု ခံစားရသည်။

ပုဖန်က အစစ်အမှန်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပြီးသည့်နောက် တဲအတွင်းမှ ထွက်လာခဲ့သည်။သူ့၏ တဲအပြင်ဘက်တွင် အဆင့်၇ သားရဲကိုးကောင်ကို ထားထားလေသည်။ သတ်ဖြတ်ခြင်းခံထားရသည့် ထိုသားရဲ အလောင်းကောင်များမှာ ထုတ်လွှတ်နေသော ဖိနှိမ်ါနိုင်စွမ်းရှိသည့် အော်ရာများက ပုဖန်၏ တဲပတ်ဝန်းကျင်တွင် ပြန့်နှံ့ရိုက်ခတ်လျက်ရှိသည်။ပုဖန်က လက်ကိုဆေးကြော၍ သားရဲကောင်များ အနီးကို ချဉ်းကပ်လာလိုက်သည်။

ထိုသားရဲက နီယန်သတ်ဖြတ်ထားသည့် မီးခြင်္သေ့ဖြစ်သည်။မီးခြင်္သေ့၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့်ဒဏ်ရာမှပင် မတွေ့ရသေးသောကြောင့် နီယန်က မည်သည့်နည်းဖြင့် သတ်ဖြတ်ထားသည်ကို မသိရပေ။

ပုဖန်၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွပ်ပေါ်လာပြီး သူ့လက်ထဲ၌ ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓား ရောက်လာသည်။ပုဖန်က ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်၍ မီးခြင်္သေ့ကို လှည့်လည်၍ ကြည့်ရှုလိုက်သည်။

ဓားကိုလှည့်လည်ရင်း မီးခြင်္သေ့ပတ်လည်၌ လှည့်ပတ်နေသော ပုဖန်ပုံက အစောင့်နတ်နှင့်ပင် ဆင်တူနေလေသည်။ထို့နောက်သူ၏ ကြယ်ပျံ ဖြတ်တောက်ခြင်း နည်းပညာကိုအသုံးပြုလိုက်သည်။

"ရွေးချယ် ၊ ဖြတ်တောက် ပြီးတော့ နုတ်နုတ်စင်း"

သူ၏ ထိပ်တန်း ဓားစွမ်းရည်ကို ပြသပြီး မိနစ်အပိုင်းအတွင်းမှာပင် မီးခြင်္သေ့၏ အရိုးနှင့် အရေပြားများကို ဖဟ်ရှားပြီးသွားလေပြီ။သူလက်ထဲမှ ဓားက လျှပ်စီးတန်းကဲ့သို့ အမြန်နှုန်ူဖြင့် ဆက်လက်ရွေ့လျားနေပြီး မကြာခင်မှာပင် ပန်းကန်လုံးထဲ၌ မီးခြင်္သေ့အသားများ ပြည့်နှက်သွားသည်။

ကြွေထည်များကို လောင်ကျွမ်းစေနိုင်သော မီးခြင်္သေ့အသားက ပန်းကန်လုံးကို ပူသွားစေသည်။မီးခြင်္သေ့က သေသွားပြီဖြစ်သော်လည်း သူ၏ အသားများက မီးသွေးကဲ့သို့ ပူပြင်း လောင်မြှိုက်နေတုန်းပင် ဖြစ်၏။

ပုဖန်က မီးခြင်္သေ့အသားကို ပြင်ဆင်ပြီးသည့်နောက် နောက်ထပ် သားရဲကောင်တစ်ကောင်အနားသို့ လျှောက်သွားလေသည်။သူ သားရဲကောင်အသားများကို ပြင်ဆင်နေသည့် အချိန်အတောအတွင်း စိတ်ဝိညာဉ် စွမ်းအင်ပါသည့် ဟင်းသီးဟင်းရွက်များ အများအပြားယူဆောင်လာခဲ့ရန် လုံချိုင်ကို စေခိုင်းလိုက်သည်။

ထိုဟင်းသီးဟင်းရွက်များ၏ အရည်အသွေး အဆင့်က အလွန်မြင့်မားရန် မလိုအပ်သော်လည်း လတ်ဆတ်ပြီး စိတ်ဝိညာဉ် စွမ်းအင်အချို့ ပါဝင်နေရန်သာ လိုအပ်ပေသည်။လုံချိုင် သဘောတူလိုက်ပြီးနောက် မြို့ထဲသို့ ချက်ချင်း ပြေးထွက်သွားလိုက်သည်။ လုံချိုင်နှင့် ချက်ပြုတ်ရေးတပ်ဖွဲ့ထဲမှ လူတစ်ချို့က စိတ်ဝိညာဉ် စွမ်းအင်ပါသည့် ဟင်းသီးဟင်းရွက်အပြည့် တောင်းများကို သယ်ဆောင်၍ ပြန်လာခဲ့ကြသည်။သူတို့ပုဖန်ဆီသို့ ရောက်လာသည့်အချိန်တွင် ပုဖန်က အဆင့်၇ သားရဲကိုးကောင်၏ အသားများကို ပြင်ဆင်ပြီးခါစ ဖြစ်သည်ကို မြင်လိုက်ရသောကြောင့် အလွန်အံ့အားသင့်သွားကြသည်။

ပုဖန်၏ နောက်၌ များပြားလှသော အရိုးပုံကြီးကို ကြည့်၍ အံ့အားသင့်သွားကြသည်။ထိုအရိုးများတွင် အသားတစ်စက်မှ ကပ်မညှိနေတော့ပဲ အကုန်လုံး ဖယ်ရှား ပြီးသွားလေပြီ။ သူတို့အားလုံး ပြောစရာစကား မဲ့သွားကြသည်။ထိုအချင်းအရာက သာမန်လူတစ်ယောက် အောင်မြင်နိုင်ရန် ခက်ခဲသော်လည်း ပုဖန်ကတော့ ပြီးစီးသွားလေပြီ။ ထို့အပြင် သူက မယုံနိုင်စရာကောင်းလောက်သော အချိန်တိုအတွင်းမှာပင် အဆင့်၇ သားရဲကိုးကောင်လုံးကို အရိုးအသားခွဲပြီးသွားခြင်းဖြစ်သည်။

"စီနီယာပုရဲ့ ဓားစွမ်းရည်က တော်တော်လေးကို ကောင်းမွန်တာပဲ "

ဇလုံကြီးကိုခုထဲတွင် စိတ်ဝိညာဉ်သားရဲ အသားများဖြင့် ပြည့်နှက်နေပြီး ခြင်းတောင်းထဲတွင်လည်း စိတ်ဝိညာဉ် ဟင်းသီးဟင်းရွက်များ အပြည့်ဖြစ်သည်။ ပုဖန်က ချက်ပြုတ်ရေး တပ်ဖွဲ့မှလူများအားလုံး ထိုပစ္စည်းများ အားလုံး ကွင်းပြင်သို့ ယူဆောင်လာရန် ညွှန်ကြားလိုက်သည်။

ကွင်းပြင်အလယ်တွင်ရှိသော ကြီးမားလှသည့် ဒယ်အိုးကြီးကိုးခုလုံး၏ အောက်ခြေတွင် မီးများ လောင်ကျွမ်းနေလေပြီ။ထိုမီးတောက်များမှ ထွက်ပေါ်လာသော မီးခိုးငွေ့များကလည်း လေထဲတွင် ပြည့်နှက်နေကြသည်။ ထိုင်နေသော လူတိုင်းက စိတ်ရှည်စွာဖြင့်ပင် စောင့်ဆိုင်းနေကြ၏။အထူးသဖြင့် နီယန်က ဒီအချိန်အတွက် အများကြီး ကြိုစား အားထုတ်ထားခြင်း ဖြစ်သည်။

အကယ်၍ ပုဖန်ကသာ သူမစိတ်ကျေနပ်မှု ရရှိစေရန် ကျရှုံးခဲ့မည်ဆိုလျှင် သူမက စိတ်ဆိုးဒေါသထွက်သွားပေလိမ့်မည်။သူက သူမ၏ ကြောက်စရာကောင်းလှသော ဒေါသနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထျန်းယင်က သူကိုအေးဆေးတည်ငြိမ်စွာဖြင့် ဖြတ်လျှောက်သွားသော ပုဖန်ကို ကြည့်၍ နှုတ်ခမ်းတွန့်ကာ ကောက်ချက်ချလိုက်သည်။

"စီနီယာပုကတော့ အမြဲတမ်းတည်ငြိမ်အေးချမ်းနေတာပဲ "

လတ်ဆတ်လှသော စိတ်ဝိညာဉ်သားရဲ အသားများပြည့်နေသည့် ကြီးမားလေးလံလှသော ဇလုံကြီးများ ချလိုက်သည့်အချိန်မှာပင် မြေပြင်ကိုပင် သက်ရောက်သွားစေသည်။

စစ်သည်တော်များ၏ အကြည့်များအောက်မှာပင် ထိုဇလုံကြီးများမှ သန်မာလှသော စိတ်ဝိညာဉ် စွမ်းအားများ ပြန့်နှံ့လာသောကြောင့် သူတို့အားလုံး အံ့အားသင့်သွားကြသည်။

“ဒီဇလုံ ကိုးခုထဲမှာ အဆင့်၇ သားရဲ ကိုးကောင်ရဲ့ အသားတွေ ပါနေတာပေါ့ အရမ်းကြောက်စရာကောင်းတယ်"

စစ်တပ်တစ်တပ်လုံး စားသောက်ပွဲကြီး ကျင်းပနေပေသည်။ထိုအဓိပ္ပါယ်က စစ်သား စစ်သည်တော်များ အားလုံး အရသာရှိလှသော စားကောင်းသောက်ဖွယ်များကို ရရှိလိမ့်မည်ဟု ဆိုလိုသည်။ ထို့အပြင် ဇလုံကြီးကိုးခုထဲတွင် ရှိနေသော စိတ်ဝိညာဉ်သားရဲများ၏ အသားများက စစ်သည်တော်များ အားလုံး၏ ဗိုက်ကို ဖြည့်တင်းနိုင်ရန်အတွက် လုံလောက်နေပေသည်။

ပုဖန်က ရေသန့်သန့်ဖြင့် သူ၏ လက်ကို နောက်တစ်ကြိမ် ထပ်မံ ဆေးကြောလိုက်သည်။သူ၏ သွယ်လျသော လက်ချောင်းရှည်လေးများက မိန်းကလေးတစ်ဦး၏ အသားအရည်ကဲ့သို့ ကြည်လင် နေကာ လှပလှသည်။ ထို့နောက် သူက ကြွေဇလုံကြီးကို မယူလိုက်ပြီး သူ၏ ဘေးနားတွင်ရှိနေသော ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သည်။ပုဖန်၏ အမူအရာက အလွန်တရာ လေးနက်တည်ငြိမ်နေပြီး သူ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်သည်။

ဒါက စစ်စတမ်ကျေနပ်စေမည့် ဟင်းပွဲကို ချက်ပြုတ်မည့် နောက်ဆုံး ရိုက်ချက်ပင် ဖြစ်သည်။အကယ်၍ သူသာ ကျဆုံးခဲ့လျှင် သူ့တွင် တစ်ခြားနည်းလမ်း မရှိတော့ပေ။

"ဒါက အဆင့်၇ သားရဲ မီးခြင်္သေ့ရဲ့ အသားပဲ အသားပေါ်မှာ ရှိတဲ့ ပုံစံငယ်လေးတွေက အနုပညာ လက်ရာတစ်ခုလိုပဲ တောက်ပနေတယ် ပိုင်ရှင်ပုက ဒီအသားကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ် ဒီမီးခြင်္သေ့ရဲ့အသားက ပစ်ချက်ကင်းပြီးတော့ အရည်အသွေးကလည်း မြင့်မားတယ် "

နီယန်က ပုဖန်ကို အထင်ကြီးလေးစားစွာဖြင့် ချီးကျူးလိုက်သည်။သူမတွင် စားကောင်းသောက်ဖွယ်များနှင့် ပတ်သတ်သော ဗဟုသုတများ ရှိနေသည်ကြောင့် တစ်ခြားသူများကို စ၍ ရှင်းပြလိုက်သည်။

မီးခြင်္သေ့အသားများက ဒယ်အိုးထဲသို့ ကျသွားသည်နှင့် ဒယ်အိုးအောက်ခြေတွင် လှပလှသော ပန်းတစ်ပွင့် ပွင်းလန်းလာသော မြင်ကွင်းမ်ျိုး ဖြစ်ပေိါလာပြီးနောက် အိုးတစ်ခုလုံးကို ဖုံးလွှမ်းလိုက်သည်။

အပူငွေ့များထွက်နေသည့် ဒယ်အိုးကြီးထဲတွင် များပြားလှသော အသားများ ပြည့်နှက်သွားသည်နှင့် ဆီစင်သည့် အသံများကိုပါ ကြားလိုက်ရသည်။ ဆီများလွှင့်စင်လာသလို သိပ်သည်းလှသော မီးခိုးငွေ့များနှင့် မွှေးပျံ့လှသော အမွှေးရနံ့များက လေထဲတွင် ပြန့်နှံ့သွားသည်။

"ဟင်းသီးဟင်းရွက်"

ပုဖန်က သူ၏ ရှေ့မှ လုံချိုင်ကို လှမ်းကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။လုံချိုင်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် စိတ်ဝိညာဉ် စွမ်းအင်ပါသည့် ဟင်းသီးဟင်းရွက်များဖြင့် ပြည့်နှက်နေသော ခြင်းတောင်းတစ်လုံးကို ကောက်ယူ၍ ပုဖန်ဆီသို့ လှမ်းပစ်ပေးလိုက်သည်။

ပုဖန်က တောင်းကို ဖမ်းယူလိုက်ပြီးနောက် ကြီးမားလှသော ဒယ်အိုးကြီး၏ ဘေးဘက်နေရာမှာ နေ၍ ခပ်မြင့်မြင့် မြှောက်လိုက်သည်။ထို့နောက် သူလက်ကို တစ်ချက်လှုပ်ခါလိုက်သည်နှင့် တောင်းထဲမှ ဟင်းသီးဟင်းရွက်များက ဒယ်အိုးထဲသို့ ကျသွားလေသည်။

ထိုအဖြူရောင်ဟင်းသီးဟင်းရွက်များက စိတ်ဝိညာဉ်စွမ်းအင်ပါဝင်ပြီး အနောက်ပိုင်းဆန်းကြယ်ဒေသ၏ အထူး ထွက်ကုန်တစ်ခုဖြစ်သည်။

"ဒါတွေက အဉ္ဇူရာ ကောင်းကင် ဟင်းသီးဟင်းရွက်ပဲ ဒါက အနောက်ပိုင်းဆန်းကြယ်ဒေသက အထူးဒေသထွက်ကုန်တွေထဲက တစ်ခုပဲ ဒါကို ဒီမှာရှိတဲ့ လူတွေအားလုံးသိကြမှာပါ"

နီယန်၏ မျက်ဝန်းများက အံ့အားသင့်မှုဖြင့် တောက်ပနေ၏။ပုဖန်က ပါဝင်ပစ္စည်းနှစ်မျိုးကို အသုံးပြုပြီးသွားပြီ ဖြစ်သော်လည်း သူ မည်သည့်ဟင်းပွဲ ချက်ပြုတ် ပြင်ဆင်နေသည်ကို သူမလုံးဝ ခန့်မှန်းနိုင်ခြင်း မရှိပေ။

"သူက သားရဲတစ်ကောင်စီရဲ့ အသားကို အိုးခွဲပြီး ချက်ဖို့ လုပ်နေတာလား ဒီလိုဆိုရင်တော့ သူလုပ်သမျှ အားလုံးက ယုတ္တိရှိတယ်"

သို့သော် ပုဖန်၏ နောက်ထပ်အပြုအမူက သူမကို လုံးဝ ပဟေဠိဖြစ်သွားစေသည်။ပုဖန်က ဖွတ်သားများပါသည့် ဇလုံကြီးကို ဆွဲယူလိုက်သည်။

ဒီနေရာမှာရှိနေသော စစ်သည်တော်အများစုက ထိုဖွတ်သားဟင်းကို စားဖူး ကြပေလိမ့်မည်။ဖွတ်သားက နူးညံ့စိုအေး လှပြီး အရသာက အလွန်ပြင်းသည်။

ပုဖန်က အရည်ရွှမ်းလှသော ဖွတ်သားများကို အဉ္ဇူရာကောင်းကင် အသီးအရွက်များ၏ အပေါ်မှနေ၍ ထပ်ထည့်လိုက်သည်။ မတူညီသော ပါဝင်ပစ္စည်းသုံးမျိုး၏ စိတ်ဝိညာဉ် စွမ်းအားများ ပေါင်းစီးမှုက ထူးခြားလှသော ရနံ့များကို ထုတ်လွှတ်ပေးလေသည်။

"မတူညီတဲ့ ပါဝင်ပစ္စည်းသုံးမျိုး ပိုင်ရှင်ပုက ဘာဟင်းချက်ဖို့ လုပ်နေတာလဲ"

နီယန်က ပင့်သက်ရှိုက်လိုက်မိသည်။သို့သော် သူမတစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေခြင်းမဟုတ်ပဲ လူများအားလုံးက အံ့အားသင့်နေကြသည်။ အဘယ်ကြောင့်ဆိုသော် ဟင်းအိုးတစ်အိုးထဲတွင် အဆင့် ၇ စိတ်ဝိညာဉ်သားရဲ နှစ်မျိုးနှင့် စိတ်ဝိညာဉ် စွမ်းအင်ပါသော ဟင်းသီးဟင်းရွက် တစ်မျိုး ပါဝင်နေလေရာ ထိုစွမ်းအင်များ၏ ပြင်းထန်လှသော စွမ်းအား ပေါင်းစီးမှုကြောင့် ချက်ပြုတ်ရန် ခက်ခဲစေလိမ့်မည်။

ထိုသဘောတရားကို စားဖိုမှူးတိုင်း နားလည်ကြပေသည်။ဟင်းပွဲထဲတွင် စိတ်ဝိညာဉ်စွမ်းအင် ပါဝင်သော ပါဝင်ပစ္စည်းပို၍ ပါနေလျှင် ချက်ပြုတ်ရန် ပို၍ ခတ်နေလေပင်ဖြစ်သည်။ တတိယမြောက်သားရဲက ဝှိုက်တီ၏ လက်သီးချက်ဖြင့် သေဆုံးသွားခဲ့သော ဆူးဆင်ရိုင်းဖြစ်သည်။ဆူးဆင်ရိုင်း၏ အသားက ထောပတ်ကဲ့သို့ပင် နူးညံ့နေပေသည်။အဆူးများနှင့် ကြမ်းတမ်းလှသော အရေပြားကို ဖယ်ရှားပြီးသည်နှင့် အောက်တွင်ရှိနေသော အသားက နူးအိ၍ နူးညံ့လှသည်။

ပုဖန်က ဆူးဆင်ရိုင်း၏ နူးအိလှသော အသားများကို အတုံးငယ်လေးများအဖြစ် လှီးဖြတ်ထားသောကြောင့် ကြည့်ရသည်မှာ တို့ဟူး ကဲ့သို့ပင် ဆင်တူနေသည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်ပါသည့် ဟင်းသီးဟင်းရွက်များနှင့် စိတ်ဝိညာဉ် သားရဲများ၏ အသားကို တူညီသည့်ပုံစံအတိုင်း ထပ်တလဲလဲ ထည့်လိုက်သည်။

ကြီးမားလှသော ဒယ်အိုးကြီးထဲတွင် မတူကွဲပြားသော ပါဝင်ပစ္စည်းအများအပြားဖြင့် ပြည့်နှက်နေပေပြီ။ထို့နောက် ပုဖန်က မုန်လာဥဖြူ ဒါဇင်ခန့်ကို ယူလိုက်ပြီး ကျယ်ပြန့် ဖြတ်တောက်ခြင်း နည်းပညာကို အသုံးပြု၍ လျှင်မြန်စွာ ဖြတ်တောက်လိုက်သည်။

မကြာခင်မှာပင် မုန်လာဥဖြူများကို မီးခြင်္သေ့အသား၏ ပုံစံအတိုင်း ဖြတ်တောက် ပြီးစီးသွားလေပြီ။ထို့နောက် ပါဝင်ပစ္စည်းအားလုံးများ၏ အလယ်၌ မုန်လာဥများကို ထည့်လိုက်သည်။

"ကောင်းလိုက်တဲ့ ဓားစနစ်"

ပုဖန်ပြသလိုက်သော ဓားစနစ်က အားလုံး၏ နှလုံးသားကို သိမ်းယူသွားလေသည်။တကယ်တမ်းတွင် သူတို့အားလုံးက ပုဖန် မည်သည်ဟြင်းပွဲကို ပြင်ဆင်နေကြောင်း မသိသေးသော်လည်း ဇဝေဇဝါဖြစ်မှုအားလုံးကို ကောင်းမွန်လှသော ဓားစွမ်းရည်က သိမ်းကျုံးယူငင်သွားသည်။

ပုဖန်က ကျန်သည့် ဒယ်အိုးကြီးရှစ်အိုးကိုလည်း တူညီသည့် နည်းလမ်းအတိုင်း ပြင်ဆင်လိုက်သည်။တစ်ခုတည်းသော ကွဲပြားခြားနားမှုမှာ ထိုဒယ်အိုးများအားလုံးက မတူညီကွဲပြားသော သားရဲအသားကို အထူးပြု ထည့်သွင်းထားခြင်းသာဖြစ်သည်။

ဆူးဆင်ရိုင်း ၊ ရှေးဟောင်းတောင်လိပ် စသည်ဖြင့် ဒယ်အိုးကြီးတစ်ခုချင်းစီတွင် အဓိကပါဝင်နေသော သားရဲပုံစံ ထွင်းထု ထားသကဲ့သို့ တောက်ပပြီး လှပလှသည်။

ပုဖန်က ဒယ်အိုးများထဲသို့ သန့်ရှင်းစင်ကြယ်လှသော ရေကို လောင်းထည့်လိုက်သည်။ထို့နောက် သူ၏ ကုန်ခမ်းသွားသော အစစ်အမှန်စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန်နှင့် ဒယ်အိုးများထဲမှ ပြောင်းလဲမှုကို သိရှိနိုင်စေရန်အတွက် ဒယ်အိုးကိုးခု၏ အလယ်တွင် ထိုက်လိုက်သည်။

ဟင်းပွဲတစ်ခုကို ပြင်ဆင်သည့်အခါတွင် ပါဝင်ပစ္စည်းများ နေရာ ချထားခြင်းနှင့်အစစ်အမှန် စွမ်းအင်များ စီးဆင်းမှုကို ထိန်းချုပ်ခြင်းက အရသာပေါ်တွင် ကြီးမားစွာ အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။

လူအုပ်ကြီးက ဒယ်အိုးကြီးကိုးခုကို အသက်မရှူတမ်း စိုက်ကြည့်နေမိကြသည်။သူတို့သာမက နီယန်ပင်လျှင် ထိုကဲ့သို့ ပြင်ဆင်မှုမျိုးကို မမြင်ခဲ့ဖူးသောကြောင့် ရရှိလာမည့် ရလဒ်ကို သိခြင်နေကြသည်။

အချိန်များ တရွေ့ရွေ့ စီးဆင်းသွားပြီး စခန်းတစ်ခုလုံးတွင် မီးတောင်လောင်နေသည့် အသံများအပ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပေသည်။

ရုတ်တရက် ပုဖန်က စိတ်လှုပ်ရှားနေသော မျက်ဝန်းများကို ဖွင့်လှစ်လိုက်သည်။နောက်ထက် တစ်ဆင့်က ရှားပါးလှသော ကံကြမ္မာအိုးကို ချက်ပြုတ်ရာတွင် အရေးကြီးဆုံးအဆင့်ပင် ဖြစ်သည်။ ပုဖန်က ပြန့်နှံ့နေသော စိတ်ဝိညာဉ်စွမ်းအင်များကို ထိန်းချုပ်လိုပ်သည်။ထိုသို့ မလုပ်လျှင် များပြားလှသော စိတ်ဝိညာဉ်သားရဲများ၏ စိတ်ဝိညာဉ် စွမ်းအင်များ ပေါင်းစပ်မှုက အလွယ်တကူပင် ပေါက်ကွဲသွားစေနိုင်သည်။