အပိုင်း ၃၀၇
Viewers 53k

အခန်း ၃၀၇ “စစ်တပ်ခရီးစဉ်.......”

စစ်သူကြီး မိုလင်း၏ တပ်ဘက်မှ ကျွမ်းကျင်သူများက သူတို့၏ လှံများကို ကိုင်ဆွဲလိုက်ကြသည်။

"တိုက်ခိုက်ကြ"

သူတို့၏ နောက်ဆီမှ ကျယ်လောင်သော အော်ဟစ်ကျုံးဝါးသံ ထွက်ပေါ်လာပြီးနောက် အရှေ့ဆီသို့ တဟုန်ထိုး ပြေးတက်လိုက်ကြသည်။ ထိုသူများ၏ တိုက်ခိုက်နိုင်မှု စွမ်းအားက အလွန်သန်မာလှပြီး ထိပ်သီး ကျွမ်းကျင်သူများထဲမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ထို့ကြောင့်ပင်လျှင် သူတို့က အနောက်ပိုင်းဆန်းကြယ်မြို့တော်ကို အောင်နိုင်မည်ဟု ခံစားနေမိခြင်း ဖြစ်သည်။

လေအလင်းအင်ပါယာ၏ ရှေးဟောင်းမြို့တော်ဖြစ်သော အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ သမိုင်းကြောင်းက ရှည်လျားလှသည့်အပြင် အခြေခံခိုင်မာသည့် အုတ်မြစ်များလည်း ရှိသည်။ ထိုမြို့က အချိန်ကြာမြင့်စွာတည်းကပင် လေအလင်းအင်ပါယာ၏ စစ်တပ်နှင့်ခွဲထွက်ပြီး သူတို့ကိုယ်ပိုင် တပ်ကို တည်ထောင် ထားခဲ့ခြင်း ဖြစ်သည်။

အနောက်မြောက်ပိုင်းလွင်ပြင်ကို နှစ်ပေါင်းများစွာ ကြာမြင့်အောင် အုပ်ချုပ်ခဲ့ခြင်းနှင့် တောင်စဉ်တစ်ထောင်တောင်တန်းမှ သားရဲများ၏ ကျူးကျော်မှုကို ကာကွယ်တားဆီးနိုင်ခြင်းကပင် သူတို့၏ ရဲစွမ်းသတ္တိကို သက်သေပြပြီးသားပင် ဖြစ်သည်။ သို့သော်လည်း စစ်သူကြီးမိုလင်းက အလွန်ယုံကြည်ချက် ရှိနေခြင်းပင်ဖြစ်သည်။အဘယ့်ကြောင့်ဆိုသော် သူ၏ ဘက်တွင် နတ်ဆရာအရှင်သခင် စေလွှတ်လိုက်သော တမန်တော်များ ရှိနေခြင်းကြောင့် ဖြစ်သည်။ထိုသူများ၏ ကူညီထောက်ခံမှုအားဖြင့် သူ၏ တပ်က ဘယ်တော့မှ ကျဆုံးလိမ့်မည် မဟုတ်ပေ။

စစ်သူကြီးမိုလင်း၏ စစ်သည်တော်များက မြို့တံခါးကို ချိုးဖောက်ပြီးသည့်နောက် တစ်ယောက်ပြီးတစ်ယောက် မြို့မတွင်းသို့ အလျင်စလို ဝင်ရောက်လာကြသည်။ အနောက်ပိုင်းဆန်းကြယ်မြို့တော်ဘက်မှ တပ်သာစများကလည်း ပြန်လည်၍ တိုက်ခိုက်နေကြသော်လည်း ရန်သူဘက်တွင် အလစ်အငိုက် ဝင်စီးခြင်း အားသာချက် ရှိနေပေသည်။

ထို့ကြောင့်ပင် အနောက်ပိုင်းဆန်းကြယ်တပ်ဘက်မှ စစ်သည်တော်များက အထူးတပ်ဖွဲ့ပင် ဖြစ်လဲ့ကစား သူတို့ရှူံးနိမ့်ပြီး ပြန်လည်ဆုတ်ခွာ ရသည်။ ဓားအလင်းရောင်များ လက်နက်များမှ ရောင်ပြန်များနှင့်

"ချီတက်တိုက်ခိုက်ကြ"ဟူသော အသံများက ရှေးဟောင်းမြို့တော်အတွင်း ပဲ့တင်ရိုက်ခတ်နေပေသည်။

အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ ပြည်သူပြည်သားများက ကြောက်ရွံ့ထိတ်လန့်စွာဖြင့်ပင် သူတိူ့အိမ်ထဲ၌ ပုန်းအောင်းနေကြသည်။စစ်ပွဲက အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ ထိုကဲ့သို့ စစ်ပွဲနှင့် ရင်ဆိုင်ရသည့်အခါတွင် သူတို့အနေဖြင့် အကူအညီမဲ့စွာဖြင့်ပင် ဆုတောင်းရုံသာ တက်နိုင်တော့သည်။

အနောက်ပိုင်းဆန်းကြယ်မြို့တော်၏ အထက်ဘက်တံင် ပုံရိပ်သုံးရိပ်က လွှင့်မျောနေပြီး အောက်ဘက်တွင်သွေးစီးကြောင်းများက ရစ်ဝဲနေသည်။တိုက်ပွဲအတွင်း သေဆုံးသွားကြသော အလောင်းကောင်များစီမှ စိတ်ဝိညာဉ် များကလည်း ကြောက်စရာကောင်းလှအောင် ငြီးငြူနေကြသည်။

ထိုအလောင်းကောင်များဆီမှ စိတ်ဝိညာဉ် အနှစ်သာရများက လေထဲတွင် မျောလွှင့်နေသော ရှုရဂိုဏ်းမှ စစ်သည်တော် လက်ထဲရှိ အဆောင်များထဲသို့ ဆုပ်ယူခြင်း ခံလိုက် သည်။ ကောင်းကင်ယံထက်တွင် မျောလွှင့်နေသော ထိုလူသုံးယောက်ဆီမှ ဂရုမစိုက်စွာဖြင့် ရယ်မောသံက ထွက်ပေါ်နေသည်။

အနောက်ပိုင်းဆန်းကြယ်မြို့တော်အတွင်းပိုင်းဆီမှ ကျယ်လောင်လှသော အော်သံတစ်သံထွက်ပေါ်လာသည်။

"သတ်"

ထိုအော်သံတစ်သံကြောင့် ရယ်မောနေကြသော ရှုရဂိုဏ်းမှ ကျွမ်ူကျင်သူများပင် ရပ်တန့်သွားကြသည်။လှံရှည်ကိုကိုင်ဆွဲ၍ တစ်ကိုယ်လုံးတွင် သွေးများ ဖုံးလွှမ်းနေသည့် စစ်သူကြီးမိုလင်းက အော်သံကြားရာဆီသို့ လှည့်ကြည့်လိုက်သည်။

မြို့အတွင်းပိုင်းမှနေ၍ အနောက်ပိုင်းဆန်းကြယ်တပ်၏ စစ်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ်လာကြသည်။ ကျူးယူး၊ခုန်းရွှမ်း စသည်ဖြင့် ထ်ိုသူများက အနောက်ပိုင်း ဆန်းကြယ်တပ်၏ ထိပ်ပိုင်းအရာရှိများပင်ဖြစ်သည်။

စစ်သူကြီးမိုလင်း၏ မျက်နှာအမူအရာက တင်းမာခတ်ထန်လှသည်။အစစ်အမှန် စစ်ပွဲက အခုမှ အစပင်ရှိသေးကြောင်း သူကောင်းစွာ သိပေသည်။

"ဒါပေမယ့် သူတို့က နည်းနည်းလေးထောင်လွှားနေတယ်လို့ မထင်ဘူးလား"

စစ်သူကြီးမိုလင်းက ထူးခြားသည့်အခြေအနေကို သတိပြုမိသွားသည်။ချီတက်လာကြသော အနောက်ပိုင်းဆန်းကြယ်မြို့မှ စစ်သည်တော်များက တက်ကြွအားပြည့်နေပြီး သူတို့၏သွေးနှင့် အစစ်အမှန်စွမ်းအားများကပင် သူတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတော့မယောက် ထင်ရသည်။ထိုအချင်းအရာက အလွန်ထူးဆန်းလွန်းသည်။

ထိုစစ်သည်တော်များက တတိယတပ်ဖွဲ့မှ သူများဖြစ်သည်။

"သတင်းပေးတွေရဲ့ အဆိုအရဆိုရင် တတိယတပ်ဖွဲ့က အနောက်ပိုင်း ဆန်းကြယ်တပ်ဘက်မှ အားအနည်းဆုံးပဲ မဟုတ်ဘူးလား'

သူ့၏ မျက်နှာက သူ့ကိုယ်သူ အလွန်အမင်းထိန်းချုပ်ထားရသလို နီရဲနေခဲ့သည်။သူ၏ ခန္ဓာကိုယ်ထဲကလည်း ပူပြင်းလောင်မြှိုက်မှုကို ခံစားနေရ၏ ။ ရှားပါးလှသော ကံကြမ္မာအိုးဟင်းတစ်ပွဲကို စားပြီးသည့်နောက် သူ့၏ ခန္ဓာကိုယ်ထဲ၌ အစစ်အမှန်စွမ်းအားများက ပြင်းထန်သည့် အရှိန်အဟုန်ဖြင့် မြင့်တက်လာကာ ခွန်အားများ တိုးပွားလာသည်ဟု ခံစားခဲ့ရသည်။

"သတ် ဒီခွေးသားတွေကို သတ်"

ကျူးယူးက အော်ဟစ်ကျုံးဝါးလိုက်သည်။ချက်ချင်းဆိုသလိုပင် သူဦးဆောင်လာသော စစ်သည်တော်များက ရှုပ်ထွေးနေသော လူအုပ်ကြီးထဲသို့ တိုးဝင်သွားကြသည်။သူလက်ထဲမှ ဓားရှည်ကို တစ်ချက်မြှောက်လိုက်တာနှင့် လူတစ်ယောက် ထက်ပိုင်းပြတ်နေလေသည်။

စစ်သူကြီးမိုလင်း၏ ကျူးယူးနှင့် အလျှင်အမြန်ပင် ရင်ဆိုင်လိုက်သည်။ခုန်းရွှမ်း၏ စွမ်းရည်အဆင့်က ခွန်အားကြီးမားလှသည်။သူကသူတော်စင်အဆင့်တစ်ယောက်ဖြစ်ပြီး တပ်ဖွဲ့ထဲတွင် အသန်မာဆုံး သူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း ဒီတစ်ကြိမ်၌ သူ၏ တိုက်ခိုက်မှု ပုံရိပ်တစ်ရိပ်က ကြားဖြတ်တားဆီးလာလေသည်။ ထ်ိုသူက လေထဲတွင်မျောလွှင့်နေပြီး လက်တစ်ဖက်က အဆောင်အစီအရင်ကို ထောက်ပံ့ပေးထားသောအနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် ကျွမ်းကျင်သူဖြစ်သည်။

ထိုသူက ကောင်းကင်ပေါ်တွင် ပျံဝဲနေသောကြောင့် သူတော်စင် အဆင့်တစ်ယောက်ဖြစ်မှန်း သံသယရှိစရာပင်မလိုပေ။ထို့အပြင် ထိုသူက ခုန်းရွှမ်းကို အန္တရာယ်ရှိစေသော ခံစားမှုမျိုး ပေးစွမ်းနိုင်လေသည်။

"ငါ့ရဲ့ အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို ဘယ်သူမှ ကျူးကျော်လာရောက် တိုက်ခိုက်လို့မရဘူး "

သို့သော်လည်း ခုန်းရွှမ်းက အနည်းငယ်မှပင် ကြောက်ရွံ့ခြင်းမရှိပေ။သူ၏ ခန္ဓာကိုယ်မှ အသံကျယ်များ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖန်တီးထားသော သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ပြီးသား ဖြစ်သွားသည်။ ထို့နောက်သူကသူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်ဆီသို့ ဦးတည် တိုက်ခိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မြို့တံခါးဝနား၌ ကြောက်မက်ဖွယ်ရာ စစ်မြေပြင်တစ်ခု ဖြစ်ပေါ်လာလေသည်။စစ်သူကြီးမိုလင်းက ကျူးယူးနှင့် တိုက်ခိုက်လေလေ သူက ပို၍ အံ့အားသင့်လေလေပေ ဖြစ်လာသည်။ အဘယ်ကြောင့်ဆိုသော် ကျူးယူး၏ စွမ်းအားများက အရင်အချိန်နှင့် လုံးဝမတူတာကြောင့် သူ သတိပြုမိလိုက်ခြင်းကြောင့် ဖြစ်သည်။ သူက ပို၍ ကြောက်စရာကောင်းပြီး ပို၍ သန်မာလာသည်။သူ့၏အင်အားများက သိပ်သည်းလှပြီး ခွန်အားပြည့်ဝလှသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လောက်ကြာသေးလို့လဲ "

အရင်အချိန်က ကျုးယူးက သူအပေါ်တွင် ထိုကဲ့သို့ ဖိအား မပေးနိုင်ပေ။စစ်သူကြီးမိုလင်း၏ မျက်ဝန်းများက စူးရှသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရှူလိုက်ရာ သူအလွန်အမင်းအံ့အားသင့်သွားသည်။ ယခုအချိန်၌ သူဘက်က စစ်သည်တော်များက ခက်ခဲရှူံးနိမ့်နေပေသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

စစ်သူကြီးမိုလင်းက တီးတိုး ရေရွတ်လိုက်မိသည်။ပတ်ဝန်းကျင်တွင်ရှိသော တတိယတပ်ဖွဲ့မှ စစ်သည်တော်များက သေခြင်းတရားကို မကြောက်ရွံ့ကဲ့သို့ပင် ရဲရဲရင့်ရင့် တိုက်ခိုက်နေကြသည်။သူတို့က စစ်သူကြီးမိုလင်း၏ စစ်သည်တော်များကို ဖိအားပေး၍ တဖြေးဖြေးချင်း ဆုတ်ခွာစေခဲ့သည်။ သူတို့က တလှိမ့်လှိမ့်တက်လာသော သံမဏိလှိုင်းလုံးကြီးနှင့်တူပြီး သူတို့လမ်းကြောင်းပေါ်ရှိ အရာရာတိုင်းကို သတ်ဖြတ်ပစ်လိုက်သည်။

"ဒီစစ်သားတွေက အတုတွေမှတ်လား ဟုတ်တယ်မှတ်လား သူတို့က အရင်က အရမ်းအားနည်းတယ်လေ "

စစ်သူကြီးမိုလင်းက ဆုတ်ခွာနေသော သူ၏ တပ်ဖွဲ့ကိုကြည့်၍ လက်မခံနိုင်မှုကို ခံစားရလေသည်။သူက အလွန်အမင်း ခွန်အားပြည့်ဝနေသော တတိယတပ်ဖွဲ့မှ စစ်သည်တော်များကို ကြည့်၍လည်း အလွန်စိတ်ရှုပ်ထွေးနေမိသည်။

"ဟား ဟား ဟား ......စိတ်ကျေနပ်ဖို့ ကောင်းလိုက်တာ" ကျူးယူးက ရယ်မောလိုက်သည်။

စစ်သည်တော်များက ဘာကြောင့် အလွန်အမင်း ရဲရင့် ခွန်အားပြည့်ပြီး စိတ်ဓာတ်တက်ကြွနေရသည်ကို သူသေချာပေါက် နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးက အရင်က တခါမှ မစားခဲ့ဖူးသော စားကောင်းသောက်ဖွယ်များကို အခုလေးတင် စားခဲ့ရသောကြောင့် ဖြစ်သည်။ ထိုရှားပါးလှသော ကံကြမ္မာအိုးဟင်းပွဲက သူတို့အားလုံးကို အသစ်တဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ပင် ခံစားရစေသည်။

တတိယတပ်ဖွဲ့မှ အများစုကလည်း စွမ်းရည်အဆင့်တွင် အဆင့်ချိုးဖောက် တက်ရောက်နိုင်ခဲ့သည်။တတိယအဖွဲ့၏ အရည်အသွေးက အဆင့်တစ်ခုထိ မြင့်တက်လာခဲ့သည်။ထို့ကြောင့်ပင် ထိုကဲ့သို့ အခြေအနေများ၏အောက်၌ တတိယတပ်ဖွဲ့၏ တိုက်ခိုက်မှု စွမ်းရည်က အင်အားကြီးနေရခြင်းဖြစ်သည်။ အကယ်၍ သူတို့က အနောက်ပိုင်း ဆန်းကြယ်စစ်တပ်၏ ပထမတပ်ဖွဲ့နှင့် ရင်ဆိုင်ရမည်ဆိုလျှင် အောင်မြင်မှု ရနိုင်ပေမည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူတို့က မည်သည့်အကြောင့်ကြောင့် သူတို့အိမ်ကို ကျူးကျော်လာသော ရန်သူများကို တိုက်ခိုက်ရန် ကြောက်နေ မည်နည်း။

"မင်းတို့ ဘာကြောင့်များ သေဖို့ ကြောက်ရွံ့နေအုန်းမှာလဲ"

ကောင်းကင်ယံထက်တွင် ကျန်ရှိနေသော ရှုရဂိုဏ်းမှ ကျန်ရှိသူ နှစ်ဦးက တိုက်ပွဲအခြေအနေကိုကြည့်၍ မျက်ဝန်းများ မှေးစင်းသွားကြသည်။ သူတို့က မိုလင်း၏ စစ်သည်တော်များ ထိုကဲ့သို့ အခြေအနေဆိုးရွားလိမ့်မည်ဟု မထင်ထားမိပေ။

"မင်း... သွား...အနောက်ပိုင်းဆန်းကြယ်မြို့တော်ကို အောင်နိုင်ရမယ် ဒါက နတ်ဆရာ အရှင်သခင်က ဘုရင်ခံယုကို သတိပေးခဲ့တာပဲ "

အပ်ရှရှ အသံတစ်သံက တည်ငြိမ်စွာဖြင့် ညွှန်ကြားလိုက်သည်။ထို့နောက် လက်ထဲတွင် ကျိုးပဲ့နေသော အစောင်များကို ထောက်ပံ့ပေးထားသော ကျွမ်းကျင်သူက အရှေ့သို့ အရှိန်ဖြင့်ထွက်လာသည်။ ထို့နောက် သူက တတိယတပ်ဖွဲ့၏ အထက် ကောင်းကင်ယံထက်၌ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ရပ်တန့်လိုက်သည်။သူ၏ အနက်ရောက်ဝတ်ရုံစက လေထဲတွင် ကြမ်းတမ်းစွာပင် တဖျက်ဖျက် လွင့်ခါနေသည်။ သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီး ရက်စက်သည့် အပြုံးတစ်ခု ပြုံးလိုက်သည်။

"စိတ်ဝိညာဉ် အနှစ်သာရများစွာက တကယ်ပဲ လူတစ်ယောက်ရဲ့ စိတ်ကို ဆူပွက်စေတာပဲ "

ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျွမ်းကျင်သူက လေချွှန်လိုက်လေရာ သူ၏ အနက်ရောင် ဝတ်ရုံစထဲမှ များပြားလှစွာသော စာကလေးငှက်ကဲ့သို့ ငှက်အုပ်ကြီး ပျံသန်းထွက်ပေါ်လာသည်။ ထိုငှက်သေးလေးများ၏ တဖျက်ဖျက်ရိုက်ခတ်နေသော တောင်ပံများအတူတကွ ပေါင်းစုံသွားသည့်အချိန်တွက် အနက်ရောင်တိမ်တိုက်ကဲ့သို့ပင် ဖြစ်ပေါ်လာသည်။ ထိုငှက်များက အနောက်ပိုင်းဆန်းကြယ်တပ်၏ တတိယတပ်ဖွဲ့ကို တိုက်ခိုက်ရန် အောက်သို့ ထိုးစိုက်ဆင်းလိုက်သည့်အချိန်တွင် ကမ္ဘာမြေပင် တုန်လှုပ်သွားသကဲ့သို့ ထင်မိရသည်။

"ငါရဲ့ အဆိပ်ငှက် ကလေးငယ်တွေ သွားကြ အရသာရှိတဲ့ အစားအစာတွေကို အလိုရှိသလောက် စားသောက်ကြ"

ထိုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ကျွမ်းကျင်သူက မျက်နှာပေါ်တွင် အောင်ပွဲဆင်နေသည့် အပြုံးကြီးကြီးကို ပြုံးထားလေသည်။ အဆိပ်ငှက် အနက်ရောင်တိမ်တိုက်က ဓားရှည်တစ်ချောင်းဖြင့် ကောင်းကင်ကို ဆုတ်ဖြဲပစ်လိုက်သလိုမျိုး မရှိန်အဟုန်ဖြင့် ထိုးစိုက်ကျလာသည်။သူတို့ တိုက်ခိုက်လိုက်သည့် အချိန်တိုင်းတွင် လူတစ်ယောက်၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။အချိန်ခဏအတွင်းမှာပင် တတိယတပ်ဖွဲ့က အပြင်းအထန် ထိခိုက်သွားကြသည်။

"သေစမ်း သူတော်စင်အဆင့်က လှုပ်ရှားလာပြီ "

ကျူးယူး၏ မျက်ဝန်းများက ကျဉ်းမြောင်းသွားသည်။ချက်ချင်းပင် သူက သူရှိရာဆီသို့ ပျံသန်းလာသော အဆိပ်ငှက် အနက်ရောင် တိမ်တိုက်ကြီူကို စူးစိုက်ကြည့်လိုက်သည်။

နီယန်က နောက်ထပ် ရှားပါးလှသော ကံကြမ္မာ ဟင်းရည်ကိုနောက်တစ်ပွဲ သောက်ပြီးသွားလေပြီ ။သူမက လျှာသေးသေးလေးဖြင့် နှုတ်ခမ်းပါးလေးကို လျက်လိုက်သည်။ နူးညံ့စိုအေးလှသော နှုတ်ခမ်းပါးလေးက ပို၍ တောက်ပြောင်လှပလာလေသည်။

"အရသာရှိတယ် တကယ်ကို အရသာရှိတယ် ပိုင်ရှင်ပုက ငါကိုမလိမ်ဖူးဘဲ မဆိုးဘူး မဆိုးဘူး"

"ဆရာ သူတို့ အပြင်ဘက်မှာ စပြီး တိုက်ခိုက်နေကြပြီ ငါတို့ သွားပြီး မကူညီဘူးလား"

ထျန်းယင်က စိုးရိမ်ပူပန်လျက်မေးလိုက်သည်။တိုက်ပွဲဖြစ်နေသည့် အသံများကို ကြားနေရပြီး ပြင်းထန်လှသော စွမ်းရည်အတက်အကျ လှိုင်းများကိုလည်း ခံစားနေရသည်။ထျန်းယင်က မကောင်းသည့် နမိတ်များကိုလည်း ခံစားမိနေသည်။

"လူတွေ ဘယ်လောက်များများ သေဆုံးမှာလဲ ရှုရဂိုဏ်းက စိတ်ဝိညာဉ် အနှစ်သာရတွေ ဘယ်လောက်များများ စုဆောင်းမိသွားမှာလဲ"

"ငါသိတယ် အနောက်ပိုင်းဆန်းကြယ် တတိယတပ်အခုလေးတင်မှ ပိုင်ရှင်ပုရဲ့ ဟင်းပွဲကို စားသွားတာလေ သူတို့ရဲ့ လက်ရှိခွန်အားက အကောင်းဆုံး အခြေအနေမှာရှိနေတယ် တကယ်လို့ သူတို့ ပထမလက်ရွေးစင် တပ်ဖွဲ့နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင်တောင်မှ သူတို့အတွက် ပြဿနာမဟုတ်ဘူး နင်က ဘာတွေစိတ်ပူနေတာလဲ"

နီယန်က ပန်းကန်လုံးကို အောက်ချထားလိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ကြည့်လိုက်သည်။

"ပိုင်ရှင်ပုကော အဲ့ဒီကို သွားမကြည့်ချင်ဘူးလား "

"စိတ်မဝင်စားဘူး" ပုဖန်က ခေါင်းခါယမ်းယမ်း ပြန်ဖြေလိုက်သည်။

သူက စစ်ပွဲတွေကို စိတ်မဝင်စားပေ။ထို့ကြောင့် ဒီနေရာမှာသာ နေခဲ့ပြီး ရှားပါးလှသော ကံကြမ္မာဟင်းရည်ကို ပွဲအနည်းငယ်သောက်တာကသာ သူအတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

နီယန်က ပုဖန်ကို မျက်စောင်းထိုးလိုက်သည်။ပိုင်ရှင်ပု၏ မတုန်မလှုပ်ပုံစံအရ သူဝင်ပါချင်လိမ့်မည်မဟုတ်မှန်းကို သူမ ကောင်းစွာသိပေသည်။ သူမက မလိုလားသည့်စကားများ ထက်မပြောတော့ပဲ ထျန်းယင်နှင့်အတူ တိုက်ပွဲဖြစ်ရာနေရာဆီသို့ ထွက်သွားလိုက်သည်။ပုဖန်က သူမတို့ ထွက်သွားသည်အထိ စောင့်ကြည့်ပြီးမှ ဟင်းရည်တစ်ပွဲ ခပ်ယူ၍ အေးအေးဆေးဆေး သောက်လိုက်သည်။

"ဒီလိုကောင်းမွန်တဲ့ အစားအစာမျိုးကို သူဖြုန်းတီးမပစ်သင့်ဘူးလေ.... ဟုတ်တယ်မှတ်လား"

မကြာခင်မှာပင် ကြောက်လန့် တုန်လှုပ်ဖွယ်ရာ စစ်ပွဲများက မြို့ရဲ့ နေရာအနှံ့ဖြစ်ပွားလာပြီး ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ စစ်နတ်ဘုရားတစ်ပါး၏ အစစ်အမှန်စွမ်းအင်များက မြို့အထက်၌ လွှမ်းခြုံသွားလေသည်။သူတို့ တိုက်ခိုက်လိုက်တိုင်း ကြောက်စရာကောင်းလှသော စွမ်းအင်များကလည်း ပေါက်ကွဲထွက်နေပေသည်။

ပုဖန်၏ လက်ရှိစစ်အခြေအနေက ပျော်ရွှင်နေပြီး သက်တောင့်သက်သာ ဖြစ်နေသည်။အဘယ်ကြောင့် ဆိုသော် သူက စစ်စတမ်ပေးအပ်ခဲ့သော တာဝန်ကို ပြီးဆုံးသွားပြီ ဖြစ်သောကြောင့် စိတ်ကျေနပ်မှုကို ခံစားနေရသည်။သူ ရှားပါးလှသော ကံကြမ္မာဟင်းရည်တစ်ပွဲကို သောက်သုံးပြီးနောက် စိတ်ကျေနပ်မှုထဲ နစ်မြှုပ်နေပေသည်။စစ်စတမ်၏ မစ်ရှင်ကို ပြီးမြောက်သွားပြီ ဖြစ်သောကြောင့် ဒီးဟင်းပွဲက တပ်ထဲတွင် နောက်ဆုံး ချက်ပြုတ်ရသော ဟင်းပွဲ ဖြစ်သွားနိုင်ပေသည်။အခုချိန်၌ သူပြန်ရန်အတွက် စီစဉ်သင့်ပေပြီ။

လဝက်နီးပါး အတွေ့အကြုံက သူ၏ ချက်ပြုတ်ရည် စွမ်းအင် ဗဟုသုတများ အသိပညာများကို ပို၍ နက်နက်ရှိုင်းရှိုင်း တိုးပွားလာစေသည်။

"မင်းတို့အားလုံး တူတူ လာစားလိုက်ကြလေ"

ပုဖန်က ဘေးတစ်ဘက်တွင် လက်နှစ်ဖက်ကို နောက်ပစ်၍ သတိအနေအထားဖြင့် ရပ်နေကြသော ချက်ပြုတ်ရေး တပ်ဖွဲ့မှ လူများကို လှမ်းကြည့်၍ ပြောလိုက်သည်။

ချက်ပြုတ်ရေးတပ်ဖွဲ့မှ လူများက စိတ်လှုပ်ရှားသွားကြသည်။သူတို့က ထိုဟင်းပွဲကို စားကြည့်ချင်နေသည်မှာ ကြာမြင့်လှပေပြီ ။လေထဲတွင် မွှေးပျံ့နေသည့် အသားရနံ့များကို ရှူရှိုပ်မိကတည်းကပင် မထိန်းသိမ်းနိုင်စွာပင် တံတွေး ခဏခဏ မြိုချနေမိသည်။

အိုးကြီးကိုးလုံးထဲတွင် အများကြီး မကျန်တော့သောကြောင့် ချက်ပြုန်ရေး တပ်ဖွဲ့မှ သူများ စားသောက်ပြီးသည့်နောက်ခအားလုံး ကုန်သွားလေသည်။

ဘုန်း ဘုန်း ဘုန်း.......

ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် များပြားလှစွာသော ပုံရိပ်များက အနောက်သို့ လွင့်းင်ထွက်သွားသည်။

ထျန်းယင်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူဖျော့နေပြီး သူ၏ စွမ်းအင်များကလည်း ဖရိုဖရဲ ဖြစ်နေသည်။သူ၏ ခန္ဓာကိုယ်ပေါ်တွင် အခြေအနေဆိုးရွားပုံ ရသော တွင်းပေါက်များမှ သွေးများက အဆက်မပြတ်စီးကျနေသည်။

ငှက်များ၏ အော်ဟစ်မြည်ကျွေးသံ လှိုင်းက ကျယ်လောင်စွာ ရိုက်ခတ်သွားသည်။ပုဖန် လှည့်ကြည့်လိုက်ရာ အဆိပ်ငှက် အနက်ရောင်တိမ်တိုက်က ဝန်းရံထားသော အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လူတစ်ယောက်ကို သတိပြုမိလိုက်သည်။ ထိုအနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော သူက ပုဖန်မှတ်မိသော အဆောင်ပြားကို အထောက်အပံ့ပေးနေသည်။

"အား ဒီအဆာင်ပြားကို ကြည့်ရတာ တော်တော်လေး ရင်းနှီးနေတယ်"

ပုဖန်က တီးတိုးရေရွတ်လိုက်ပြီးနောက် ချက်ချင်းပင် အမှတ်ရသွားသည်။ထိုအဆောင်ပြားက ဝှိုက်တီကိုပင် မြေပေါ်တွင် ပစ်ချနိုင်ခဲ့သည်။မဟာဓားလှိုင်း ထုတ်လွှင့်ခဲ့သည့် အဆောင်ပြားဖြင့် တူညီနေပေသည်။

"အဲ့ဒီ အဆောင်အစီအရင်က လွတ်မြောက်သွားပြီ မဟုတ်ဘူးလား သူကဘာကြောင့် ပြန်လာရတာလဲ ကလဲ့စားချေဖို့များ ဖြစ်နိုင်မလား" အနက်ရောင်ဝတ်စုံနှင့် သူ၏ အမူအရာက လှောင်ပြောင်ချေဟန်ဖြင့် အေးစက်နေသည်။

"အာကာသအာနန်ဂိုဏ်းက အမှိုက်တွေက တကယ်ကို အားနည်းတာပဲ ကလေးငယ်တို့ သူက မင်းတို့အတွက်ပဲ သူတို့ရဲ့ အရသာရှိတဲ့ အသားကို ပျော်ပျော်ကြီး သုံးဆောင်ကြ"

သူက အနက်ရောင်ငှက်သေးလေးများကို ညှင်သာစွာဖြင့် ပြောလိုက်သည်။ငှက်သေးဘေးများက တောင်ပံများကို ဖြန့်၍ တဟုန်ထိုး ထိုးစိုက်သွားလေသည်။ထိုခဏ၌ ထန်းယင်၏ မျက်နှာက သေမတက် ဖြူဖျော့သွားလေသည်။

အနက်ရောင် အဆိပ်ပြင်းငှက်အုပ်ကြီးက ပျံသန်းလာသည့်အချိန်တွင် သူတို့၏ မျက်ဝနများက ရက်စက်ကြမ်းကြုတ်သော အနီရောင်အဆင့်သို့ ပြောင်းလဲသွားသည်။

ပုဖန်က မျက်မှောင်ကြုတ်လိုက်မိသည်။သူက ထန်းယင်၏ နောက်တွင် ရပ်နေလေရာ ထိုအဆိပ်ပြင်း ငှက်များစီမှ ရက်စက်ကြမ်းကြုတ်သည့် သတ်ဖြတ်ခြင်း စွမ်းအင်များကို ခံစားမိလေသည်။ ပုဖန်က ထန်းယင်ကို သိကျွမ်းမိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားလေရာ သူကို ဒီအတိုင်း သေခိုင်းလိုက်မည် မဟုတ်ပေ။ထို့အပြင် ရန်သူဘက်က အစောပိုင်းက ဖြစ်ခဲ့သော ကိစ္စရပ်အတွက် လက်စားချေဖို့ ပြန်လာခဲ့သည် ဖြစ်လေရာ သူပို၍ပင် နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ပေ။

ပုဖန်က ကျည်ကျည်ကျာကျာအော်မြည်ရင်း တဟုန်ထိုးတိုးဝင်လာသော စာကလေးငှက်အုပ်ကြီးကို ကြည့်လိုက်သည်။ထို့နောက် လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာပြီး အနက်ရောင် မီးဖိုချောင်သုံး ဓားတစ်လက် ရောက်ရှိလာသည်။

ပုဖန်က တဖြေးဖြေးနီးကပ်လာသော အဆိပ်ပြင်း ငှက်အုပ်ကို ကြည့်၍ သူလက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။သူ၏ မျက်လုံးထဲတွင် ထိုအဆိပ်ပြင်းငှက်များက မုန်လာဥကြီးများ အဖြစ်သို့ ပြောင်းလဲသွားပေသည်။