အပိုင်း ၃၀၈
Viewers 53k

အခန်း ၃၀၈ “အိမ်ပြန်ခြင်းနှင့် စစ်နတ်ဘုရား၏အမျက်ဒေါသ”

"ဓားစွမ်းရည်အစစ်အမှန်ကို ပြသရမည့် အချိန်ပင်"

ပုဖန်က ပျံသန်းလာသော မုန်လာဥကြီးများကို ကြည့်၍

"အာ.......မဟုတ်သေးဘူး"

သူက ပျံသန်းလာသော စာကလေးငှက်အုပ်ကြီးက်ိုကြည့်၍ ပုဖန် မျက်ဝန်းများ စုကျုံ့လိုက်မိသည်။

သူက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓား လွှဲယမ်းနေခြင်းကို ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ နေရာယူလိုက်သည်။ပုဖန်က ထိုပျံသန်းလာသော အဆိပ်ပြင်းငှက်အုပ်ကြီးကို အသက်မရှူပဲစူးစိုက်ကြည့်နေမိသည်။ ထိုအဆိပ်ပြင်းငှက်များ၏ မျက်လုံးသေးသေးလေးထဲ၌ သွေးဆာသည့် အရိပ်အငွေ့များကို သူသတိပြုမိလိုက်သောကြောင့် သူ၏ စိတ်ဝိညာဉ်က တင်းမာခတ်ထန်လှသည်။

မြေပြင်ပေါ်လဲကျနေသော ထန်းယင်က သွေးအမြောက်အများ ဆုံးရှုံးထားသောကြောင့် သူ၏ အမူအရာက ဖြူဖတ်ဖြူလျော် ဖြစ်နေသည်။ သူခန္ဓာကိုယ်ကို သေခြင်းတရားက လွှမ်းခြုံထားပြီဟု ခံစားမိလေသည်။အဆိပ်ပြင်းငှက်များက နီးကပ်လာသည်နှင့်အမျှ သူ၏ စိတ်ဝိညာဉ်က တုန်လှုပ်လာပြီး မကြာခင်မှာ သူ့ခန္ဓာကိုယ် ပျက်စီးတော့မည်ကို အာရုံခံစားမိလေသည်။

ဟူး.......

ထန်းယင်က သူဘဝ၏ နောက်ဆုံးအကြိမ်အဖြစ် သက်ပြင်း တစ်ချက်ချလိုက်သည်။သို့သော် နောက်ထပ်အချိန်ခဏအတွင်းမှာပင် သူ၏ ရှေ့၌ မယုံနိုင်စရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသောကြောင့် မျက်လုံးများ ပြူးကျယ်သွားမိသည်။

ညက ငြိမ်သက်တိတ်ဆိတ်နေ၏။ကြယ်ကြွေလာသကဲ့သို့ပင် အေးမြလှသော အလင်းရောင်တန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ပုဖန်၏ မီးဖိုချောင်သုံးဓားမှ အလင်းတန်းများက ဖြတ်သန်းသွားသည့် နေရာတိုင်း၌ ကြယ်ကြွေသကဲ့သို့ အလင်းတန်းများကို ချန်ထားသေးခဲ့သေးသည်။

ထိုအလင်းတန်းများက ပုဖန်၏ မျက်ဝန်းပေါ်၌ ရောက်ပြန်ဟပ်နေသောကြောင့် သူကို မလွှမ်းမိုးနိုင်သော ပုံရိပ်တစ်ခုအဖြစ် ထုဆစ်ထားလေသည်။

"ကြယ်ပျံဖြတ်တောက်ခြင်းနည်းပညာ."

ပုဖန်၏ အေးဆေးတည်ငြိမ်သော အသံထွက်ပေါ်လာသည်။ထို့နောက် ကျယ်လောင်သော မြည်သံနှင့်အတူ အဆိပ်ပြင်းငှက်များက သူရှိရာဆီသို့ ရောက်လာလေသည်။

စီ....."စီ....."

ရွှက်......ရွှက်......

ဓားကို တင်းတင်းဆုပ်ကိုင်ထားသော ပုဖန်၏ အမူအရာက လေးနက် တည်ကြည်နေသည်။ ဓားချက်များက အလွန်မြန်ဆန်လှသောကြောင့် တစ်ခြားသူတစ်ယောက်အနေဖြင့် လိုက်လံလှုပ်ရှားရန်ပင် အလွန်ခက်ခဲနေလိမ့်မည်။

ဓားအလင်းရောင် တစ်ချက်လက်လိုက်တိုင်းတွင် အဆိပ်ငှက်များင အပိုင်းပိုင်းဖြစ်သွားသည်။ အဆိပ်ငှက်များက အလွန်သန်မာခြင်းမရှိပေ။အဆိပ်ငှက်တစ်ကောင်၏ ခွန်အားပ အဆင့်(၂ ) စိတ်ဝိညာဉ်သားရဲနှင့်သာ ဆင်တူပြီး အားနည်းလှသည်။ သို့သော်လည်း သူတို့၏ စွမ်းရည်မှာ အတူတကွ အုံဖွဲ့တိုက်ခိုက်ခြင်းပင်ဖြစ်သည်။သူတို့အတူတကွ အုံဖွဲ့တိုက်ခိုက်လိုက်သည့်အခါတွင် သာမန်တိုက်ခိုက်နိုင်စွမ်းထက် စွမ်းရည် မြင့်မားလာသည်။

ပုဖန်၏ ကျယ်ပြန်ဖြတ်တောက်ခြင်းနည်းပညာက ဒုတိယအဆင့်သို့ပင် ရောက်ရှိနေပေပြီ။ထိုကဲ့သို့ မယုံနိုင်စရာခွန်အားကို အချိန်ကြာမြင့်စွာ လေ့ကျင့်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။ ပုဖန်က မုန်လာဥ အကြီးကြီးဖြစ် မြင်နေမိသော အဆိပ်ငှက်များကို သက်တောင့်သက်သာဖြင့် ဖြေရှင်းနေသည်။

အနက်ရောင် ငှက်မွှေးတောင်များက သာမန်မျက်စိဖြင့် မမြင်နိုင်သော နှုန်းထားဖြင့် ပိုင်းဖြတ်ခံရခြင်းကြောင့် ကျိုးပျက်သွားကြသည်။ဓားရောင်လက်သွားသည့် နေရာတိုင်းတွင် အဆိပ်ငှက်များက ထက်ခြမ်းခွဲသွားပြီး မြေပြင်ပေါ်တွင် ရဲရဲနီနေပေသည်။

ပုဖန်၏ အမူအရာက နဂိုအတိုင်းပင် တည်ငြိမ်အေးဆေးနေတုန်းဖြစ်ပြီး သူ၏ မီးဖိုချောင်သုံးဓားက လေပြေလေညှင်းကဲ့သို့ လွတ်လပ်စွာ ကခုန်နေပေသည်။ထန်းယင်က ထိုမြင်ကွင်းကြောင့် အံ့အားသင့် ဖြစ်သွားသည်။

ပုဖန်၏ အေးအေးသာသာ လှုပ်ရှားမှုအောက်မှာပင် အဆိပ်ငှက်များက အပိုင်းပိုင်းဖြစ်သွားသည်။အရှိန်ဖြင့်လည်နေသော မီးဖိုချောင်သုံးဓားက ပုဖန်၏ ရင်ဘတ်နားလောက်တွင် ရပ်တန့်သွားသည်။ထိုဓားက တောက်ပလင်းလက်နေပြီး သွေးတစ်စက်မျှပင် တင်ကျန်နေခြင်းမရှိပေ။

ထန်းယင်သာမက အနားတွင်ရှိနေကြသော ချက်ပြုတ်ရေးတပ်ဖွဲ့မှ သူများအားလုံးကလည်း အံ့အားသင့်သင့်ဖြင့် မှင်သက်နေမိကြသည်။အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ပုံရိပ်ကလည်း တွေတွေကြီးရပ်ကြည့်နေသည်။

"သူရဲ့ အဆိပ်ငှက်တွေ အားလုံးက အပိုင်းပိုင်းဖြစ်သွားပြီလား ?ဒီလိုပုံစံမျိုးနဲ့လေ ..ဘယ်နေရာက ပေါ်လာမှန်းမသိတဲ့ လူငယ်က အဆိပ်ငှက်တွေအားလုံးကို သတ်ပစ်လိုက်ပြီလား ? သူကဘာအကြောင်းကြောင့် သတ်လိုက်တာလဲ? "

“တောက်...!!! ငါ့ရဲ့ကလေးငယ်တွေ...!!! ”

ဒေါသတကြီး အော်ဟစ်လိုက်သံက မချိတင်ကဲ စိတ်ဖြင့် တုန်ခါနေသည်။ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော သူ၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ချင်စိတ်များကို အထင်အရှားမြင်နေရသည်။

ငှက်အသေကောင်များကြားတွင် ရပ်နေသော ပုဖန်က အေးစက်စွာပင် ကြည့်လိုက်သည်။

မြေပြင်မှာ ပုံနေသော ငှက်အသေကောင်များဆီမှ ပြင်းထန်လှသော အနံ့ဆိုးများ ထွက်ပေါ်လာသည်။ အဓိကဒုက္ခပေးသော ပြဿနာကောင်များက သွေးများယိုစီးကြနေပြီး အနံ့ဆိုးများသာ ကျန်ရှိတော့သည်။

ဒီအဆိပ်ပြင်း ငှက်များကို တောင်ပိုင်းမြို့တော်တွင် တွေ့ခဲ့ရသော နတ်ဆိုးငါးကဲ့သို့ပင် သက်စောင့်ဆေးများကျွေး၍ အမဲလိုက်ဖို့ စေခိုင်းနိုင်သည်။သို့သော် ဒီအဆိပ်ပြင်းငှက်များကို ငါးများထက်ပို၍ သက်စောင့်ဆေးကျွေးရန် လိုအပ်သည်။

အနက်ရောင် ဝတ်ရုံစက တစ်ဖျက်ဖျက်လွင့်ခါနေသည်။ထိသူက ငှက်တွေများဆီမှနေ၍ ပုဖန်ဆီသို့ အကြည့်လွှဲလိုက်သည်။ထို့နောက် သူက ပုဖန်ဆီသို့ တစ်ရှိန်ထိုးတိုးဝင်၍ တိုက်ရိုက် တိုက်ခိုက်လိုက်လေသည်။

လက်တစ်ဖက်ဖြင့် ကျောက်စိမ်းပြားကို ထောက်ပံ့ပေးထားပြီး တစ်ခြားလက်တစ်ဖက်ဖြင့် အစစ်အမှန် စွမ်းအင်များကို စုစည်းလိုက်သည်။ထိုသူက ပုဖန်ကို ရိုက်ချက်တစ်ချက်တည်းဖြင့် သတ်ရန် ကြံစည်လိုက်သည်။

သူ၏ မျက်လုံးထဲ၌ အင်ပါယာအဆင့်မျှသော ရှိသော ပုဖန်က အာရုံစိုက်ရန်ပင် မထိုက်တန်ဟု ထင်မိသည်။သူ၏ ရိုက်ချက်ကို ခံလိုက်ရသည်နှင့် ထိုလူငယ်က အော်ကြိမ်ပင် မရလိုက်ပဲ ပြည်ပုပ်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။သူ၏အဆိပ်ကို မည်သည့်သူမှ လျှော့တွက်ရဲလိမ့်မည် မဟုတ်ပေ။

ဘုန်း.........

ပုဖန်၏ အမူအရာက အေးဆေးတည်ငြိမ်နေသည်။သူကသူ၏ လုံခြုံရေးအတွက် အနည်းငယ်မျှပင် စိုးရိမ်ပူပန်မှုမရှိပဲ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော သူ၏ တိုက်ခိုက်မှုကို စူးစိုက်ကြည့်နေသည်။

ပုဖန်၏ မတန်မလှုပ် အကြည့်ကြောင့် ရန်သူ၏ နှလုံးသားကတုန်လှုပ်သွားသည်။ သူ၏ ရိုက်ချက်က ပစ်မှတ်ပေါ်သို့ ကျရောက်သွားသည်။သို့သော်လည်း ထိုသူက ပုဖန်မဟုတ်ပဲ အေးစက်လှသော ပုံရိပ်တစ်ခု ဖြစ်နေပေသည်။

ဝှိုက်တီ၏ မျက်ဝန်းမှ တောက်ပလှသော ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။ထိုပေါက်ကွဲ ထွက်လာသော ခရမ်းရောင်အလင်းတန်းများမှ စွမ်းအားက အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသော လူကို အနောက်သို့ လွင့်သွားစေသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ဝှိုက်တီက မြေပြင်ကို ပြင်းထန်စွာ စောင့်နင်းလိုက်ပြီး ပြုတ်ကျသွားသော အနက်ရောင်ဝတ်စုံနှင့် လူဆီသို့ အမြှောက်ဆံတစ်ခုကဲ့သို့ပင် တိုးဝင်သွားသည်။

"ဒါဘာကြီးလဲ"

အနက်ရောင်ဝတ်စုံဖြင့်သူ၏ မျက်ဝန်းများက အံ့သြမှုဖြင့် တုန်လှုပ်နေသည်။သူက ထိုသံမဏိရုပ်၏ တည်ရှိမှုကိုပင် သတိပြုမိခဲ့ခြင်းမရှိပေ။

"ဒီအရာကြီးက ဘယ်ကနေထွက်ပေါ်လာတာလဲ "

ထို့အပြင် ရုတ်တရက်ပေါက်ကွဲထွက်လာသောဟဖိအားကြောင့် သူ အန္တရာယ်ရှိမှုကိုပင် ခံစားမိလေသည်။

ဘုန်း....ဘုန်း.....

သူက စွမ်းအားများကိုစုစည်း၍ နှစ်ချက်ဆက်တိုက် ပစ်လွှတ်တိုက်ခိုက်လိုက်သည်။ ထိုအစစ်အမှန်စွမ်းအားများက မှင်အနက်ရောင်နှင့် ဆင်တူပြီး ကြောက်စရာ ကောင်းလှသည့် စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ သူက ဝှိုက်တီ ဝင်လာသည့်အချိန်တွင် တိုက်ခိုက်လိုက်ခြင်း ဖြစ်သော်လည်း ထိုရုပ်သေး၏ ကိုယ်ပေါ်၌ အစင်းရာလေး တစ်ခုတောင် ကျန်ရစ်မနေပေ။

ပုဖန်က အလွန်အေးဆေးတည်ငြိမ်နေသည်။ထိုရုပ်သေးရုပ်က ဝှိုက်တီ၏ ပုံတူသာဖြစ်သော်လည်း စစ်နတ်ဘုရားတစ်ပါးကို ရင်ဆိုင်ရန်ပင် လုံလောက်သည်ထက် ပိုနေပေသည်။ ယခုအနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့်သူက သူတော်စင်အဆင့်တစ်ယောက်မျှသာ ဖြစ်လေရာ ဝှိုက်တီ၏ လှုပ်ရှားမှုတစ်ခုကပဲ လုံလောက်နေပေပြီ။

ပုဖန်က ထိုအနက်ရောင် ဝတ်စုံနှင့်သူ ထောက်ပံ့ပေးထားသည့် မှော်အစီအရင် ကျောက်စိမ်းပြား အကြောင်းကိုသာ သိချင်နေမိသည်။ လဲကျနေသော ထန်းယင်က နောက်ဆုံးမှာတော့ စိတ်လျှော့လိုက်နိုင်ပေပြီ။သူက အသက်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီး ပါးစပ်အပြည့် သွေးတစ်လုတ် အန်လိုက်မိသည်။

ထန်းယင်၏ အမူအရာက ပြာနှမ်းနေသည်။သို့သော်လည်း အနက်ရောင် ဝတ်စုံနှင့် သူဆီမှ အန္တရာယ်အငွေ့အသက်ကို မခံစားရတော့သောကြောင့် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။

ခပ်လှမ်းလှမ်းတစ်နေရာဆီမှ ကောင်းကင်ယံထက်တွင် အစစ်အမှန် စွမ်းအင်လှိုင်းများက ပြန့်နှံ့တုန်ခါနေပြီး ကြောက်စရာကောင်းလှသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။ ထိုနေရာက စစ်နတ်ဘုရား နှစ်ပါး တိုက်ခိုက်နေခြင်းပင် ဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်က နီယန်ပင်ဖြစ်သည်။သိူ့သော်လည်း ပုဖန်က ထိုတိုက်ပွဲကို စိတ်ဝင်စားခြင်း မရှိပေ။

ထိုအစား သူ၏ အကြည့်က ခပ်လှမ်းလှမ်းဆီသို့သာ ရောက်နေသည်။ဝှိုက်တီ၏ စွမ်းရည်ကို အကဲခတ်၍ ပြောရလျှင် ထိုအနက်ရောင်ဝတ်စုံနှင့်သူကို တိုက်ခိုက်ရသည်မှာ အလွန်ပင် လွယ်ကူပေလိမ့်မည်။

ပုဖန် ခန့်မှန်းသကဲ့သို့ပင် ဝှိုက်တီ၏ စွမ်းရည်က လုံလောက်သည်ထက် ပိုနေပြီး ထိုအနက်ရောင် ဝတ်စုံနှင့်သူကို အနိုင်ကျင့်သကဲ့သို့ပင် ဖြစ်နေသည်။ ဝှိုက်တီက သူ၏ ကြီးမားလှသောဓားကိုပင် အသုံးပြုစရာမလိုပဲ လက်သီးသုံးချက်ဖြင့်ပင် ထိုအနက်ရောင် ဝတ်စုံနှင့်သူကို မြေထဲနစ်ကျွံသွားစေပြီး သွေးပွက်ပွက်အန်သွားစေသည်။

သူ၏ မျက်နှာပေါ်၌ ကြောက်ရွံ့တုန်လှုပ်မှုက အထင်သားပေါ်လွင်နေသည်။သူက လက်ရည်ချင်းယှဉ်ပြိုင် တိုက်ခိုက်ရာတွင် ထိပ်သီး ကျွမ်းကျင်သူ တစ်ယောက် မဟုတ်သော်လည်း သူက သူတော်စင် အဆင့်တစ်ယောက်သာဖြစ်သည်။

သို့သော်လည်း ထိုရုပ်သေးရုပ်၏ လက်သီးသုံးချက်ဖြင့်ပင် မြေထဲသို့ နစ်ဝင်သွားလေသည်။

“သူက သူတော်စင်အဆင့်တစ်ယောက်ကော ဟုတ်သေးရဲ့လား သူက အတုကြီးလား"

သို့သော်လည်း သူ၏ ပထမဉီးဆုံး အဆိပ်ငှက်ဖြင့် တိုက်ခိုက်မှုအရ သူက သူတော်စင် အတင့်တစ်ယောက်သူ ဖြစ်နေပေသေးသည်။

"ငါ့ကို သတ်လို့မရဘူး ငါက ရှုရဂိုဏ်းက "

ထိုသူ၏ နှုတ်ခမ်းထောင့်စွန်းမှ သွေးများ စီးကျနေပြီး မျက်ဝန်းများက ကြောက်ရွံ့မှုဖြင့် ပြူးကျယ်နေသည်။

ဘန်း.....

ဝှိုက်တီက မြေပြင်ပေါ် ဆင်းသက်လိုက်ရာ ကျယ်လောင်သော အသံနှက့်အတူ ချိုင့်ကြီးတစ်ခု ဖြစ်သွားပြီး မြေပြင်က တုန်ခါသွားသည်။

သူ၏မျက်ဝန်းမှ တောက်ပနေသော ခရမ်းရောင် အလင်းတန်းများနှင့် ဆုံလိုက်သည့် မည်သူမဆို တုန်ယင်သွားဖို့ လုံလောက်နေပေပြီ။

ပုဖန်က ထိုသူကို မတုန်မလှုပ်အမူအရာဖြင့်ပင် အေးအေးသာသာ ကြည့်နေသည်။

ဘန်း.......

ဝှိုက်တီက နောက်ထပ်ခြေဆောင့်လိုက်ရာ မြေပြင်က ကြောက်စရာ ကောင်းလောက်အောင် တုန်ခါသွားပြီး ပြိုကွဲသွားလေပြီ။ အနက်ရောင်ဝတ်စုံနှင့်သူက မြေကြီးထဲသို့ နက်ရှိုင်းစွာ ကျွံဝင်သွားပြီး သူအချိန်ကြာကြာ အသက်မရှင်နိုင်တော့သလိုပင် ထင်ရသည်။

ဝှစ် ......

ချက်ချင်းဆိုသလိုပင် သူလက်ထဲမှ ကျောက်စိမ်းပြားက လွင့်ပြယ်ထွက်လာပြီး နောက်တစ်ကြိမ် လွတ်မြောက်အောင် ကြိုးစားလိုက်သည်။ သို့သော်လည်း ထိုအချိန်၌ ပုဖန်၏ မျက်ဝန်းများက စုကျုံ့သွားပြီး လွင့်ထွက်လာသော အဆောင်ပြားကို ဖမ်းယူလိုက်သည်။

အဆောင်ပြားထဲတွင် ရှိသည့် မဟာဓားလှိုင်း ကာကွယ်ရေးအစီအရင်က ပထမအကြိမ် လွတ်မြောက်ချိန်ကပင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ထို့ကြောင့် ဒီတစ်ကြိမ်၌ ပုဖန်က ကျောက်စိမ်းပြားကို အလွယ်တကူပင် ဖမ်းယူလိုက်နိုင်သည်။

ထို အဆောင်ပြား ငါးခုဖြင့် ဖွဲ့စည်းထားသော ထူးခြားလှသည့် မှော်အစီအရင်က ထွင်းဖောက်မြင်နိုင်သော အဖြူရောင် စာလုံးပုံသဏ္ဍာန်ရှိသည်။ ထိုအထဲ၌ မြူခိုးပုံစံ မျက်နှာများက လှုပ်ရှား ရုန်ူကန်နေကြပြီး ရံဖန်ရံခါတွက် အော်ဟစ်ဟိန်းဟောက်သံများပင် ထွက်ပေါ်နေသည်။

"ဒါ ဘယ်လို ဘယ်လို ပစ္စည်းမျိုးလဲ"

ပုဖန်က စိတ်ရှုပ်ထွေးသွားသည်။သူတို့ အထက်ဘက်ရှိ ကောင်းကင်ယံတွင်လည်း အော်ဟစ်ကျုံးဝါးသံများ ထွက်ပေါ်နေပြီး စစ်နတ်ဘုရားနှစ်ပါး၏ တိုက်ပွဲက ပို၍ ပြင်းထန်လှသည်။

"ဂုဏ်ယူပါတယ် ပိုင်ရှင် စစ်တပ်ခရီးစဉ် မစ်ရှင်က ပြီးဆုံးသွားပါပြီ အခု ပြန်ဖို့အတွက် စတင်လုပ်ဆောင်နေပါပြီ"

ပုဖန်၏ နားထဲ၌ စနစ်၏ တည်ငြိမ်လှသော အသံက ရိုက်ခတ်လာသည်။ချက်ချင်းပင် သူ၏ စိတ်ထဲ၌ ထူးခြားသော စွမ်းအင်လှိုင်းများကို ခံစားလိုက်မိသည်။

သူ၏ ဉီးခေါင်းပေါ်၌ အဖြူရောင် အစက်ပြောက်လေးများ ဖြစ်ပေိါလာပြီး ထိုအစက်များက တစ်ခုနှင့်တခု ပေါင်းစုံကာ မှော်အစီအရင်တစ်ခုကို စတင် ရေးဆွဲနေပေပြီ။

"ဟမ်....!!သယ်ယူပို့ဆောင်ရေး အစီအရင်က စတင်နေပြီလား "

ပုဖန် နဖူးကျော ရှုံ့လိုက်မိသည်။သူက မှော်အစီအရင်ပြားကို ဆုပ်ကိုင်ထားရင်း သူ၏ ခေါင်းထက်မှ အဖြူရောင် အစက်ငယ်များကို မော့ကြည့်လိုက်မိသည်။

"ပု ပု စီနီယာ ဒါက"

ပုဖန်၏ ဘေးပတ်လည်မှ အလင်းစက်ငယ်များကို စူးစိုက်ကြည့်ရင်း ထန်းယင်၏ မျက်ဝန်များက ပြူးကျယ်လာသည်။ထိုအရာများက သန့်စင်လှသော စွမ်းအားများဖြင့် ပြည့်နှက်လေရာ သူ စိုးရိမ်ပူပန်မှုကိုပင် ခံစားလာရသည်။

ဟိုး........

ကျယ်လောင်လှသည့် ကျုံးဝါးသံမျိုးထွက်ပေါ်လာပြီး ငလျင်လှုပ်သကဲ့သို့ တောင်များပင် လှုပ်ခါသွားကာ အနောက်ပိုင်း ဆန်းကြယ်မြိုတော်တစ်ခုလုံး တုန်ခါသွားသည်။

"ဝိညာဉ် စုစည်း မှော်အစီအရင်ကို ထားခဲ့"

အဖြူရောင် အလင်းစက်ငယ်များက မှော်အစီအရင်တစ်ခု ပုံသဏ္ဍာန်ပေါ်လာပြီးနောက် ပုဖန်၏ ခေါင်းအထက်မှနေ၍ စုပ်ယူနိုင်သည့် အားများကို စတင် ထုတ်လွှင့်လာသည်။

သယ်ယူပို့ဆောင်ရေး မှော်အစီအရင်က ပုဖန်တစ်ကိုယ်လုံးကို လွှမ်းခြုံထားချိန်တွင် ဝှိုက်တီက ပြန်လည် ဆုတ်ခွာလာပြီး သူ၏ နောက်နားတွင် ရပ်နေလေသည်။

ခပ်လှမ်းလှမ်း ကောင်းကင်ယံထက်ဆီမှ လူရိပ်တစ်ရိပ်က သူတို့ရှိရာဆီသို့ တဟုန်ထိုး ပြေးလာလေသည်။ ထိုသူက မီးခိုးရောင် ဆံပင်များရှိသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။သူ၏ မျက်ဝန်းများက ပုဖန်ကို စူးစိုက်ကြည့်နေသည်။အထူးသဖြင့် ပုဖန်၏ လက်ထဲမှ မှော်အစီအရင်ပြားကို စူးစိုက်ကြည့်နေခြင်း ဖြစ်သည်။

သူက သယ်ယူပို့ဆောင်ရေး အစီအရင်၏ စွမ်းရည်လှိုင်းများကို ခံစားမိသည်နှင့် တစ်ပြိုင်နက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ငါ့အတွက် ထားခဲ့ ! "

ထိုသူ၏ လက်ထဲ၌ ကောင်းကင်ကိုပင် လောင်ကျွမ်းပြာကျတော့မယောင် ထင်ရသော အနက်ရောင်မီးတောက်များ ပေါ်လာပြီး အနက်ရောင် မြှားတစ်စင်းအဖြစ် ပေါင်းစုသွားသည်။

သူက လေးကြိုးကို အဆုံးထိ ဆွဲတင်လိုက်ပြီးနောက် ထိုမြှားကို ပုဖန်ဆီသို့ ပစ်လွှတ်လိုက်သည်။မီးတောက်ဖြင့် ဖန်ဆင်းထားသော ထိုအနက်ရောင်မြှားက ကောင်းကင်ကိုပင် ပုံပျက်သွားတော့မယောင် ထင်ရစေသည်။

ပုဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပြင်းထန်လှသည့် စွမ်းအားများက လွှမ်းခြုံသွားလေပြီ။သူက မှော်အစီအရင်ပြားကို ဆုပ်ကိုင်ထားရင် သူဆီသို့ ပျံသန်းလာနေသော တောက်ပလှသည့် မြှားကို မတုန်မလှုပ်ပင် စိုက်ကြည့်နေသည်။

ထိုမြှားက သူ၏ အကြည့်အောက်မှာပင် လိမ်တွန့်လာသည်။ထို့နောက် အသံတစ်ချက်နှင့်အတူ ပုဖန်နှင့် မှော်အစီအရင် အခင်းအကျင်းက ပျောက်ကွယ်သွားလေသည်။