အပိုင်း ၃၀၉
Viewers 53k

အခန်း ၃၀၉ “ဒုတိယမြောက် နတ်ဘုရားအဆင့်ချက်ပြုတ်ရေးပစ္စည်း”

အဖြူရောင် အလင်းစက်ငယ်များက ရေငွေ့ပျံ သကဲ့သို့ပင် ည်သည့် သဲလွန်စမျှ မချန်ရစ်ပဲ ပျောက်ကွယ်သွားလေသည်။

မီးခိုရောင်ဆံပင်နှင့်လူ၏ မျက်ဝန်းများက နီရဲသွားသည်။သူက ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။ သူ၏ အမူအရာက ရမ်းစက်ကြမ်းကြုတ်သည့် ပုံစံဖြစ်လာပြီး သူ၏ အေးစက်လှသောမျက်ဝန်းများဖြင့် ဆုံလိုက်သည့် မည်သူမဆို ကြောက်ရွံ့မှုကို ခံစားရပေလိမ့်မည်။

"ဝိညာဉ်စုပ် မှော်အစီအရင်ကို တစ်ယောက်ယောက်က ယူသွားတယ်လား "

ထိုအချင်းအရာကိုသာ အရှင်သခင် သိသွားခဲ့လျှင် သူ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကိုခံရပေလိမ့်မည်။ထို အချင်းအရာက အရှင်သခင်၏ ဂုဏ်သရေကို ညစ်နွမ်းစေပေသည်။

"သူက ဘယ်သူလဲ သူက ဝိညာဉ်စုပ် မှော်အစီအရင်ကို တကယ်ပဲ ယူသွားရဲတယ်လား သေသင့်တယ် သေသင့်တယ်"

ထိုမီးခိုးရောင်ဆံပင်နှင့်သူက အငွေ့ပျံမတက်ပင် ဒေါသထွက်နေမိသည်။

"အနောက်ပိုင်း ဆန်းကြယ်မြို့တော်က မယုံနိုင်စရာ တည်ရှိမှုမျိုး ပိုင်ဆိုင်ထားနယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

သူက ထိုအချင်းအရာကို ကြိုမမြင်ခဲ့မိသောကြောင့် သူလှုပ်ရှားရန် ဆုံးဖြတ်လိုက်သည့် အချိန်က အလွန် နောက်ကျသွားပေသည်။

"ရှုရဂိုဏ်းက နတ်ဆိုးတွေ သေကြ"

သိမ်မွေ့သော်လည်း ကျယ်လောင်လှသော ဆူပူသံတစ်သံ ထွက်ပေါ်လာပြီး တိမ်များကို ဖြတ်လျှောက်လာသော လှပသည့် ပုံရိပ်လေးတစ်ရိပ်က အားလုံး၏ မြင်ကွင်းထဲ ဝင်ရောက်လာသည်။ သူမ၏ သွယ်လျသော ခန္ဓာကိုယ်ပေါ်တွင် အစစ်အမှန် စွမ်းအင် သံချပ်ကာ ဝတ်စုံတစ်ခုက ဖုံးလွှမ်းထားလေသည်။

နီယန်၏ အမူအရာက တင်းမာခတ်ထန်နေပြီး သူမ ပေါ်ထွက်လာမှုက အံ့အားသင့်စရာလည်း ကောင်းလှသည်။သူမက တောက်ပလှသော ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားလေသည်။ မီးခိုးရောင် ဆံပင်နှင့်လူ၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်း အငွေ့အသက်များ တောက်ပလာသည်။ရုတ်တရက် ထိုသူက မြေပြင်ကို ထောက်ကန်လိုက်ပြီး နီယန်ဆီ တစ်ရှိန်ထိုး ပြေးဝင်သွားကာ ထပ်မံ တိုက်ခိုက်လိုက်လေသည်။

……

လေအလင်းအင်ပါယာ၏ အင်ပါယီယာ မြို့တော် ဖန်ဖန်ဆိုင်ငယ်လေး ......

ဒုတိယထပ်ရှိ အခန်းက ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေသည်။တောက်ပလှသော နေရောင်ခြည်က ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်လာပြီး အခန်းတစ်ခုလုံးကို လင်းကျင်းသွားသည်။ ရုတ်တရက် နေရောင်ခြယ်ဖြာကျနေသော အခန်းငယ်အတွင်း လေဟာနယ်ထဲ၌ တောက်ပလှသော အဖြူရောင် အလင်းစက်များ ဖြစ်ပေါ်လာသည်။

စိတ်ဝိညာဉ် စွမ်းအင်များဖြင့် ပြည့်နှက်နေသကဲ့သို့သော ထိုအလင်းစက်များက မှော်အစီအရင်တစ်ခု ဖြစ်ပေါ်လာပြီး လေထုကို လွှမ်းခြုံလာလေသည်။ ထိုမှော်အစီအရင်မှာ အလင်းရောင်များ တောက်ပနေပြီး အခန်းထဲ၌ လေပြင်းများ တိုက်ခတ်လာကာ လေတိုးသံများ စတင်ဖြစ်ပေါ်လာသည်။

လေပြင်းမုန်တိုင်းများကြားမှာပင် အရပ်ရှည်ရှည်ပုံရိပ်တစ်ရိပ် ထွက်ပေါ်လာပြီး မှော်အစီအရင်ထဲမှ လှမ်းထွက်လာသည်။သူ၏ ဆံနွယ်ရှည်များက လေပြင်းကြောင့် တစ်ဖျက်ဖျက်ခါနေသည်။ ပုဖန်က မှော်အစီအရင်ထဲမှ လှမ်းထွက်လာသည့် အချိန်တွင် အဆောင်ပြား ငါးပြားဖြင့် ဖွဲ့စည်းထားသည့် မှော်အစီအရင်ပြားကိုလည်း ဆုပ်ကိုင်ထားပေသည်။

တောက်ပလှသော အလင်းစက်ငယ်များက လေထဲတွင် ခဏမျှ လှည့်လည်နေပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။အရာရာအားလုံးက မူလ တိတ်ဆိတ်နေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေပြီ ။

လေထဲ၌ တစ်လွင့်လွင့် လှုပ်ခါနေသော ပုဖန်၏ ဆံနွယ်များကလည်း သူ၏ ပခုံးထက်၌ ပြန်ရစ်ခွေကြသွားသည်။ပုဖန်က နေရောင်ခြည်ကို ထိတွေ့ရန်အတွက် ပြတင်းတံခါးကို တွန်းဖွင့်လိုက်သည်။

ဟူး......

ပုဖန်၏ စိတ်ထဲ၌ သက်တောင့်သက်သာ ရှိမှုကို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ရင်းနှီးကျွမ်းဝင်လှသော အခန်း၏ အငွေ့အသက်က သူ၏ စိတ်ကို ကျေနပ်အားရစေသည်။

ရုတ်တရက် ပုဖန်က တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး မျက်ဝန်းများ စုကျုံ့လိုက်မိသည်။ထို့နောက် သူ၏ နောက်ဘက်မှ လေဟာနယ်ကို တစ်ချက်လှည့်လည် ကြည့်လိုက်ရင်း မျက်ဝန်းများ ပြူးကျယ်သွားလေသည်။

ပျောက်ဆုံးသွားပြီဟုထင်ရသော အဖြူရောင် အလင်းစက်ငယ်လေးများက အခုထိတိုင်အောင် လုံးဝ မပျောက်ဆုံးသေးပေ။

လေဟာနယ်က စတင်ပုံပျက်လာပြီး ဝဲကန်တော့တစ်ခု ပေါ်သည်။မီးတောက်လောင်သန်း တဖျောက်ဖျောက်နှင့်အတူ အပူအငွေ့များကိုလည်း သယ်ဆောင်လာလေ၏။ ထိုလေဟာနယ်ထဲမှ အနက်ရောင် မြှားတစ်စင်းထွက်ပေါ်လာကာ ပုဖန်ဆီသို့ တည့်တည့်ကြီး ဦးတည်လာလေသည်။ ထိုစွမ်းအင်က ကြောက်စရာကောင်းလှသည်။

သတ်ဖြတ်ခြင်း အငွေ့အသက်လှိုင်းများ သယ်ဆောင်ထားသည့် ထိုအလင်းက ပုဖန်ကို ထိုးဖောက်သွားတော့မည်ဟု ထင်ရသည်။ထိုအချင်းအရာက စစ်နတ်ဘုရားဆီမှ တိုက်ခိုက်မှုပင် ဖြစ်သည်။

အန္တရာယ်အငွေ့အသက်က ပုဖန် တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ ခေါင်းအစခြေအဆုံး ကြက်သီးမွှေးညှင်းထသွားသည်ကို ခံစားလိုက်ရသည်။

သယ်ယူပို့ဆောင်ရေး အစီအရင်က သူကိုသာ သယ်ဆောင်လာခြင်း မဟုတ်ပဲ မြှားကိုပါ သယ်ဆောင်လာပေသည်။ပုဖန်က ထိုအချင်းအရာမျိုးကို မမျှော်လင့်ထားမိပေ။

ဆိုင်အောက်ထက်၌ မနက်အစောကြီးအချိန်သာ ရှိသေးသောကြောင့် ဆိုင်ကယခုထက်ထိ မဖွင့်ရသေးပေ။

ယုဖူက သူ၏ ဖြတ်တောက်ခြင်း နည်းပညာနှင့် အသားလွှာထွင်းထုခြင်း နည်းပညာတို့ကို လေ့ကျင့်နေပေသည်။

ဆိုင်အပေါက်အဝ၌ ခွေးနက်ကြီးက ငြိမ်းအေးတိတ်ဆိတ်စွာ လှဲလျောင်းနေသည်။ရုတ်တရက် သူ၏ ခန္ဓာကိုယ်က ဆက်ခနဲ တုန်သွားပြီး ငိုက်မြည်းနေသော မျက်ဝန်းများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ အလင်းရောင်တစ်ချက် လက်သွားသည်ဟု ထင်ရလေသည်။ထို့နောက် ခွေးနက်ကြီးက သူ၏ လက်ဖဝါးကို မြှောက်တင်၍ လျက်လိုက်ပြီး လေထဲ၌ လှုပ်ရှားမှုလေး တစ်ခုပြုလုပ်လိုက်သည်။

စစ်နတ်ဘုရား တစ်ပါးဆီမှလာသော မြှားဖြင့် ရင်ဆိုင်ရချိန်တွင် အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏ လက်ကောက်ဝတ်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်ပေါ်လာသည်။ ဆိုင်သို့ ပြန်ရောက်လာသည့် အချိန်တွင် ဝှိုက်တီ၏ ပုံတူကလည်း ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ထိုမြှားကို ပိတ်ဆို့တားဆီးရန်က သူအပေါ်တွင်သာ မူတည်နေပေသည်။

သို့သော်လည်း ပုဖန်က ဓားကို ဆွဲကိုင်လိုက်သည့်ချိန်မှာပင် လေထဲ၌ ခွေးလက်ဖဝါး ပုံရိပ်လေး ပေါ်လာသည်။ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားပြီး စိတ်ပူပန်မှုများ လျော့ကျသွားသည်။

နဂါးအရိုး မီးဖိုချောင်သုံးဓားက လေထဲတွင် ခဏမျှ လှည့်လည် နေပြီးနောက် ချက်ချင်းပင် မီးခိုးငွေ့များအဖြစ်သို့ ပြန်လည် ပြောင်းသွားပြီး ပျောက်ကွယ်သွားသည်။

ခွေးလက်ဖဝါးပုံရိပ်လေးက တည့်တည့်ကြီး ပျံသန်းလာသော မြှားကို ရိုက်ချလိုက်လေ၏ ။မြှားက ရပ်တန့်သွားပြီးနောက် ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားကာ တစ်စစီဖြစ်၍ ပျောက်ကွယ်သွားသည်။အခန်းထဲ၌ ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားပြီး ခွေးလက်ဖဝါးပုံရိပ်လေးကလည်း ပျောက်ကွယ်သွားသည်။

ပုဖန်က နောက်တစ်ကြိမ် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး စိတ်အေးလက်အေး ပြန်ဖြစ်သွားသည်။ သူမှော်အစီအရင် ကျောင်စိမ်းပြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် စားပွဲပေါ်တင်လိုက်ကာ ရေချိုးရန်အတွက် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။

ပုဖန်က စိတ်လက်ပေါ့ပါးစွာဖြင့် ရေနွေးနွေးဖြင့် ရေချိုးလိုက်သည်။သူရေချိုးခန်းထဲမှ ပြန်လျှောက်ထွက်လာသည့်အချိန်တွင် သူ၏ ဆံပင်များက စိုစွတ်နေဆဲဖြစ်သည်။သက်တောင့်သက်သာရှိသည့် အဝတ်အစားများကို လဲလည်ပြီးသည့်နောက် မီးဖိုချောင်းဘက်ဆီသို့ လျှောက်သွားလိုက်သည်။

မီးဖိုချောင်ဘက်ဆီမှ ဓားကိုင်နည်းကျင့်ရာမှ ထွက်ပေါ်လာသော အသံများက စည်းချက်ကျနနေသည်။လွန်ခဲ့သည့် လဝက်အတွင်း လေ့ကျင့်ခဲ့ပြီးသည့်နောက် ယုဖု၏ ဓားစကေးက တိုးတက်လာခဲ့သည်။

ယုဖူက ပုဖန်ဝင်လာသည်ကို သတိမပြုမိပဲ သူမဓားစွမ်းရည်လေ့ကျင့်မှုအပေါ်မှာသာ အာရုံစူးစိုက်ထားခဲ့သည်။ဓားကိုဆုပ်ကိုင်၍ ပါဝင်ပစ္စည်းများကို အသာအယာ လှီးချွတ်ဖြတ်တောက်နေသည်။

ရုတ်တရက် မီးဖိုချောင်ထဲတွင် တစ်စုံတစ်ယောက်ရှိနေသည်ကို ခံစားမိလိုက်ပြီး သူမ၏ ဓားလှုပ်ရှားမှုက ရပ်တန့်သွားသည်။ထို့နောက် သူမအသာယာ ခေါင်းမော့ကြည့်လိုက်ရာ ဆံပင်ရေစိုနှင့် ပုဖန်ကို မြင်လိုက်ရလေသည်။

သူမ၏ လှပသော မျက်ဝန်းအကြည့်လေးများက အံ့သြနေရာမှ ပျော်ရွှင်မှု အဖြစ်လေးသို့ ပြောင်းလဲသွားသည်။

"ပိုင်ရှင်ပု နင်ပြန်လာပြီလား"

နောက်ဆုံးမှာတော့ ပိုင်ရှင်ပုက ပြန်ရောက်လာခဲ့လေပြီ အကယ်၍ ပုဖန်သာ ဒီထက်အနည်းငယ် နောက်ကျမှ ပြန်လာခဲ့လျှင် ယုဖူက သူတစ်ခုခု ဖြစ်နေပြီဟု တွေးမိပေလိမ့်မည်။

"မဆိုးဘူး မင်းရဲ့ ဓားကျွမ်းကျင်မှုက တိုးတက်လာပြီ " ပုဖန်က ခေါင်းငြိမ့်ပြီး တစ်ဆက်တည်း ချီးကျူးပြောဆိုလိုက်သည်။

"ဆက်ပြီးလေ့ကျင့်နေပါ ငါဘလက်ကီအတွက် ဝက်နံရိုးချိုချဉ်ကြော် ချက်လိုက်အုန်းမယ်"

ပုဖန်က ပြောလိုက်သည်။ယုဖူက နာခံမှု ရှိရြှိဖင့် ခေါင်းငြိမ့်လိုက်ပြီးနောက် သူမ လေ့ကျင့်လက်စကို ဆက်လက်၍ ပြုလုပ်ခဲ့လိုက်သည်။

ပုဖန်က သူ၏ ကိုယ်ပိုင်ချက်ပြုတ်သည့် နေရာဆီသို့ လျှောက်သွားလိုက်သည်။သူ၏ မီးဖ်ိုကို လဝက်ကြာမျှပင် မထိမတွေ့ခဲ့ရသောကြောင့် လွမ်းဆွတ်သည့် ခံစားချက်ကို အမှန်တကယ်ခံစားမိလေသည်။

ပုဖန်က အေးစက်နေသည့် မီးဖိုခုံကို ထိတွေ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားသည်။သူကြုံရာ ဓားတစ်လက်ကို ဆွဲယူလိုက်ပြီး ဗီရိုထဲမှ ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။ ထို့နောက် သူလက်ထဲမှ မီးဖိုချောင်သုံးဓားကို လှည့်လိုက်ကာ ကျောရိုးမှ အသားများကို အတုံးလေးများ အဖြစ် ပိုင်းဖြတ်လိုက်သည်။

ပုဖန်က မီးဖိုကို မီးဖွင့်လိုက်ပြီးနောက် အိုးပူအောင် စောင့်နေလိုက်သည်။ထို့နောက် ဝက်နံရိုးချိုချဉ်ကြော်ကို စတင်ချက်ပြုတ်လိုက်လေသည်။မကြာခင်မှာပဲ မွှေးပျံ့သင်းကြိုင်လှသည့် ရနဲ့များက ဆိုင်ငယ်လေးအတွင်း ပြည့်နှက်သွားလေသည်။

ဓားလေ့ကျင့်မှုကို ပြုလုပ်နေသာ ယုဖူ၏ မျက်ဝန်းများက ဝိုင်းစက်သွားသည်။အချိန်ကြာမြင့်ခဲ့ပြီးသည့်နောက် သူမ၏ ဟင်းပွဲများ၏ မွှေးရနံ့ပေါ် အာရုံခံနိုင်စွမ်းက အလွန်ပင် မြင့်မားလာခဲ့သည်။ ယခုလက်ရှိ ပိုင်ရှင်ပု ချက်ပြုတ်လိုက်သော ဟင်းပွဲက ယခင် အချိန်က ချက်ပြုတ်သော ဟင်းပွဲထက် ပိုကောင်းနေမည်ဟု သူမ ပြောနိုင်ပေသည်။

"အိုး ....!!ဘုရားရေ ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က ပိုပြီးတိုးတက်လာပြီလား ဘယ်လိုတောင် မယုံကြည်နိုင်စရာ ကောင်းလိုက်တာလဲ ပိုင်ရှင်ပုရဲ့ အချက်အပြုတ်စွမ်းရည်က အရမ်းကို ကောင်းနေပြီးသားကို ထက်ပြီးတော့ တိုးတက်လာသေးတာလား "

ကြည့်ရသည်မှာ သူမက အနည်းငယ်မျှပင် လက်လွတ်စပယ် နေ၍မရတော့ပေ ။ဒီလိုမှ မဟုတ်လျှင် သူမနှင့် ပုဖန်၏ကြားမှ ကွာခြားချက်က ပို၍ ကြီးမားလာပေလိမ့်မည်။

ပုဖန်က အိုးကိုစောင်း၍ ဝက်နံရိုးချိုချဉ်ကြော်ကို ခပ်ယူလိုက်သည်။ထို့နောက် အရောင်လှပပြီး ပြစ်နှစ်လှသည့် ဟင်းရည်များကို ပန်းကန်ထဲသို့ လောင်းချလိုက်သည်။အနံ့အရသာနှင့် ပြည့်စုံသော ဝက်နံရိုးချိုချဉ်ကြော် တစ်ပွဲက ပြီးစီးသွားပေပြီ။

ပုဖန်က လုံ့လဝီရိယရှိရှ်ိဖြင့် လေ့ကျင့်နေဆဲဖြစ်သော ယုဖူကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သွယ်လျသည့် လက်ချောင်းရှည်လေးများဖြင့် ဝက်နံရိုးကြော်ပန်းကန်ကိုယူကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။

ပုဖန်က ဆိုင်တံခါးကို ဖွင့်လိုက်သည့်အခါတွင် သူ၏ မြင်ကွင်းထဲသို့ ကျဉ်းမြောင်းသည့် လမ်းကြားရှည်လေးတစ်ခု ဝင်ရောက်လာသည်။လူသွားလူလာ ကင်းမဲ့နေသော ထိုလမ်းကျဉ်းလေးက သူကို သက်တောင့်သက်သာ ဖြစ်သည့် ခံစားမှုမျိုး ပေးစွမ်းနိုင်ပေသည်။

ဆိုင်အပေါက်ဝ၌ ခွေးငပျင်း ဘလက်ကီက အိပ်မောကျနေတုန်းပင် ဖြစ်သည်။

"ဘလက်ကီ စားချိန်ရောက်ပြီ "

ပုဖန်က ဝက်နံရိုးချိုချဉ်ကြော်ကို ဘလက်ကီ၏ ရှေ့၌ချပေးပြီး ပြောလိုက်သည်။သူက အညစ်အကြေး ကင်းစင်လှပြီး နူးညံ့တောက်ပြောင်လှသည့် ဘလက်ကီ၏ အမွှေးလေးများကို ပွတ်သပ်ပေးလိုက်သည်။

ဘလက်ကီ၏ နှာခေါင်းက ရှုံ့ပွရှုံ့ပွ ဖြစ်လာပြီးနောက် သူ၏မျက်ဝန်းများ ဖွင့်လိုက်ရာ လင်းလက်တောက်ပသော အလင်းရောင်များပင် ဖြာထွက်နေသည်။

ဝက်နံရိုးချိုချဉ်ကြော် .....

ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်ပြီးနောက် ကြွေပန်းကန်ထဲမှ ဝက်နံရိုးချိုချဉ်ကြော်များက်ို အလောတကြီး စားသောက်တော့သည်။ ဝက်နံရိုးချိုချဉ်ကြော် တစ်ချောင်းကို စားသောက်ပြီးသည့်နောက် ဘလက်ကီ၏ လှုပ်ရှားမှုများက တုံ့ဆိုင်းသွားသည်။သူက သံသယများဖြင့် ပုဖန်ကို မော့ကြည့်လိုက်သည်။သူ၏ မျက်ဝန်းထဲ၌လည်း ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းလေးများက ပုတ်ခပ်ပုတ်ခပ် ဖြစ်နေသည်။

"ဒီ ဝက်နံရိုးချိုချဉ်ကြော်က ဘယ်လိုဖြစ်လို့ ပိုအရသာရှိလာတာလဲ"

ဘလက်ကီက စိတ်ရှုပ်ထွေးမှု အနည်းငယ်ရှိနေသော်လည်း ထိုကဲ့သို့ ဝက်နနံရိုးချိုချဉ်ကြော်၏ အဆင့်မြင့်တက်လာခြင်းကို သူ ပို၍ နှစ်သက်ပေသည်။သူက ထိုအချင်းအရာကို ထက်၍ တွေးတောမနေတော့ပဲ သူ့ အစားအစာကိုသာ မက်မက်မောမော စားသုံးလိုက်သည်။

ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများက တွန့်ကွေးသွားပြီး သူမတ်တပ်ထရပ်လိုက်သည်။ထို့နောက် အကြောအချဉ်ဆန့်ကာ လေကိုတဝကြီး ရှူရှိုက်လိုက်ပြီးမှ ဆိုင်ထဲသို့ ပြန်လှည့်ဝင်လိုက်သည်။

ပုဖန်က ဆိုင်တံခါးရွက်များကို ဖွင့်လှစ်လိုက်ပြီး ယနေ့အတွက် စီးပွားရေးလုပ်ငန်းကို စတင်လိုက်လေသည်။

ပုဖန်၏ ဆံပင်များက ခြောက်သွေ့သွားပြီ ဖြစ်သောကြောင့် သူ ကြိုးတစ်ခုကိုယူရှာ၍ စီးနှောင်လိုက်သည်။ထို့နောက် ခုံတစ်ခုံကိုဆွဲယူ၍ ထိုင်လိုက်ပြီး ကျေနှပ်နှစ်သိမ့်မှုဖြင့် ငိုက်မြည်းနေလေသည်။

သူ၏ ဆိုင်တစ်ခုလုံးက အလွန်သက်တောင့်သက်သာ ဖြစ်သည်မှာ သေချာလှပေသည်။သိပ်မကြာခင်မှာပင် ရှောင်ရှောင်လုံက တက်ကြွစွာဖြင့် ရောက်လာသည်။

သူ ဆိုင်အဝသို့ ဝင်လိုက်သည့် အချိန်မှာပင် ထိုင်ခုံတစ်ခုပေါ်တွင် ငိုက်မြည်းနေသည့် ပုဖန်ကို တွေ့လိုက်ရသည်။

"ပိုင်ရှင်ပု နောက်ဆုံးတော့ နင်ပြန်လာပြီပေါ့ "ရှောင်ရှောင်လုံက စိတ်လှုပ်ရှစွာဖြင့် ရေရွတ်လိုက်သည်။

ပုဖန်က မျက်လုံးကို အသာလေးသာ ဖွင့်၍ ရှောင်ရှောင်လုံကို ကြည့်လိုက်သည်။

"ဒီအတောအတွင်း လေ့ကျင့်ထားတဲ့ ဓားစွမ်းရည်က ဘယ်လိုအခြေအနေရှိလဲ ငါ မနက်ဖြန်ကျရင် မင်းတို့ရဲ့ ဓားကျွမ်းကျင်မှုကို စစ်ဆေးမယ်။အကောင်းဆုံးဖြစ်ပါစေ"

ရှောင်ရှောင်လုံ မျက်နှာပေါ်မှ စိတ်လှုပ်ရှားပျော်ရွှင်မှုများက ပျောက်ကွယ်သွားပြီး သူ၏ အမူအရာက ချက်ချင်းပင် ကြက်သေသေသွားသည်။ သူ၏ မျက်နှာအမူအရာက ရုပ်ဆိုးလှပြီး ဝမ်းချုပ်နေသော သူတစ်ယောက်သကဲ့သို့ မီးဖိုချောင်ထဲသို့ အလျှင်အမြန် ပြေးဝင်သွားလေသည်။ပုဖန်က မျက်ဝန်းများကို ပြန်မှိတ်လိုက်ပြီး ဆက်လက်၍ ငိုက်မြည်းနေလေ၏။

"ကြားဖြတ်မစ်ရှင်ကို ပြီးမြောက်သွားသည့်အတွက် ဂုဏ်ပြုပါတယ် ပိုင်ရှင်"

"အနောက်ပိုင်း ဆန်းကြယ်မြို့တော်ကို သွားပြီး တပ်၏ စားဖိုမှူးအဖြစ် ဖြစ်လာခဲ့သည်။ထိုအတောအတွင်း ဟင်းပွဲ သုံးပွဲကို ချက်ပြုတ်၍ စနစ်က ပေးအပ်ခဲ့သော တာဝန်များကို ကျေပွန်ခဲ့သည်။ထို့ကြောင့် မစ်ရှင်ပြီးမြောက်သွားပြီဖြစ်သောကြောင့် ယခု မစ်ရှင်မှရသော ဆုများကို ဖော်ပြပါမည်။"

"မစ်ရှင်မှရရှိသောဆု .....

အစစ်အမှန် စွမ်းအင်ကျင့်ကြံမှု၌ ၁၀% တိုးတက်လာခြင်း နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းအပိုင်းအစတစ်ခု ၊

နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းအပိုင်းအစ သုံးခု ပြည့်စုံသွားပါပြီ ထိုအပိုင်းအစများကို ဒုတိယမြောက် နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းအဆင့်သို့ ပြောင်းလဲနေပါသည်။ "