အပိုင်း ၃၁၀
Viewers 62k

Chapter 310: “ဘယ်ဘက်လက်တွင် နဂါးအရိုးဓားကိုကိုင်၍ ညာဘက်လက်တွင် အမည်းရောင်လိပ်ဒယ်အိုးကိုကိုင်သည် ”

ကုလားထိုင်ပေါ်တွင် ပျင်းပျင်းရိရိ ထိုင်နေသောပုဖန်မှာ လန့်ဖြန့်သွားခဲ့သည်။ အနည်းငယ်မှေးကျဉ်းနေသည့် သူ၏ မျက်၀န်းများက ပွင့်ဟလာပြီး တောက်ပလာလေသည်။ ထို့နောက် ထိုင်ခုံပေါ်မှ ခုန်ထလိုက်ပြီး ကျောကို ဆန့်၍ ပြန်ထိုင်လိုက်သည်။

“အဲ့ဟာတွေကို နတ်ဘုရားဟင်းချက်ပစ္စည်းတစ်ခုနဲ့ လဲလို့ရတာပဲ…”

သူက ထိုအချက်ကို မေ့နေခဲ့ခြင်းဖြစ်သည်။ ဆိုင်သို့ ပြန်ရောက်လာပြီးနောက် သက်တောင့်သက်သာ ရှိပြီး နွေးထွေးသည့် ပတ်၀န်းကျင်ကြောင့် စနစ်မှ ရရှိမည့် ဆုများကို သူမေ့နေခဲ့ခြင်း ဖြစ်သည်။

သူ၏ပထမဦးဆုံး နတ်ဘုရားအဆင့် ချက်ပြုတ်ရေးပစ္စည်းက ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားဖြစ်ပြီး ဒီနှစ်အတွင်းမှာ သူ့ကိုအကူအညီတွေအများကြီးပေးခဲ့တဲ့ အရေးကြီးပစ္စည်းတစ်ခုဖြစ်သည်။ ထိုဓားကြောင့် သူ့ဟင်းချက်စွမ်းရည်များပင် အဆင့်အနည်းငယ်တိုးလာသေးသည်။သူ ဒီဓားကို နှလုံးသားအနက်ရှိုင်းဆုံးမှ မြတ်နိုးနှစ်သက်လေသည်။

ပုဖန်က နတ်ဘုရားဟင်းချက်ပစ္စည်းဆီကနေ အစိတ်အပိုင်းသုံးခု စုဆောင်းပြီး ဖြစ်သည်။ ယခုအချိန်တွင် ဒုတိယမြောက် လက်နှက်ကို လဲလှယ်နိုင်ပြီး ဖြစ်သောကြောင့် မည်သည့်ပစ္စည်းနှင့် လဲလှယ်ရမည်ကို တွေးနေလေသည်။

“ပစ္စည်းလဲလှယ်ခြင်းလုပ်ဆောင်နေပါပြီ… ကျင့်ကြံခြင်းစွမ်းရည် (၁၀)% တိုးတက်လာပါမယ်”

စနစ်၏ တည်ကြည်လေးနကပ်သော အသံက ထွက်ပေါ်လာပြီး ပုဖန်၏ နားထဲတွင် ပဲ့တင်နေလေသည်။ သူ၏ စိတ်ထဲတွင်လည်း လှုပ်ရှားနေပြီး အသက်ရှူမြန်လာလေသည်။ ပုဖန်အတွက် ကျင့်ကြံခြင်းစွမ်းရည်(၁၀)%မှာ အလွန်တရာအရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်သည်။ သို့သော်လည်း (၁၀)% တိုးတက်လာလျှင်ပင် နောက်တစ်ဆင့်ကို ချိုးဖျက်တက်ရောက်ရန် ခက်ခဲနေဦးမည်ဖြစ်သည်။ ၂၀ ရာခိုင်နှုန်းမျ တိုးတက်လာမှသာ အဆင့်တက်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သူက ထိုကိစ္စများငိူ စိုးရိမ်ပူပန်နေခြင်း မရှိချေ။ သူ့အတွက် အနည်းငယ် တိုးတက်လာခြင်းက လုံး၀ တိုးတက်မှုမရှိသည်ထက် ပိုကောင်းနေပြီဖြစ်သည်။ ဤအချိန်တွင် သူစိတ်အ၀င်စားဆုံးက နတ်ဘုရားအဆင့် ချက်ပြုတ်ရေး ပစ္စည်းပင် ဖြစ်သည်။

ပုဖန်က မျှော်လင့်စောင့်စားနေသော်လည်း အချိန်အနည်းငယ် ကြာသွားသည့်တိုင် စနစ်ထံမှ အသံထွက်ပေါ်လာခြင်း မရှိချေ။ ပုဖန်က စိတ်မရှည်ဖြစ်လာပြီး စနစ်က သူ့ကို တမင် အချိန်ဆွဲနေသည်ဟု ခံစားလိုက်ရကာ စိတ်ဓာတ်ကျသွားမိသည်။

ထိုအချိန်တွင် ပုဖန်၏ ရှေ့ရှိ လမ်းကြားလေးထဲမှ ခြေသံများ ပြန့်လွင့်လာခဲ့သည်။ ဖက်တီးဂျင်နှင့် ဖက်တီးလေးများက ပုဖန်အနီးသို့ ရောက်၇ှိလာကြသည်။

“အာ ပိုင်ရှင်ပု ခင်ဗျားကိုမတွေ့ရတာ ရက်အနည်းငယ်လောက်ရှိနေပြီ၊ ကျုပ်တော့ ကံကောင်းတယ်ဗျို့၊ မြို့တော်ကိုရောက်ရောက်ခြင်း ပိုင်ရှင်ပုရဲ့ဟင်းတွေကိုစားရတော့မယ်”

ဖက်တီးဂျင်က နေရောင်အောက်တွင် နေုပူစာလှုံနေသည့် ပုဖန်ကို တလက်လက် တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ အဆီတစ်လွှာအောက်မှာ ဖုံးအုပ်ထားသည့် သူ့မျက်ဝန်းတွေရဲ့ တောက်ပမှုမှာ လှပချောမောသည့်မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရသည့်အလား တဝင်းဝင်းဖြစ်နေခဲ့သည်။

ပုဖန်မှာတော့ နတ်ဘုရားအဆင့် ချက်ပြုတ်ေ၇းပစ္စည်းကို စောင့်မျှော်နေခြင်း ဖြစ်သည်။ သူက စနစ်၏ အသံကို စောင့်မျှော်နေသော်လည်း အချိန်များသာ ကုန်ဆုံးသွားရသည်။ ထို့ကြောင့် ပုဖန်က စိတ်အချဉ်ပေါက်နေလေသည်။စာဖိုမှူးတစ်ယောက်အတွက်မူ စိတ်ဆိုးခြင်းသည် မကောင်းသောအရာတစ်ခုဖြစ်သည်။

စာဖိုမှူးတစ်ယောက်ဟာ ဘယ်တော့မှစိတ်မဆိုးရသလို စိတ်မရှည်လက်မရှည်ဖြစ်နေလို့လည်း မရပေ။ နှလုံးသားရော စိတ်ပါ တည်ငြိမ်အေးချမ်းနေမှ အရသာရှိတဲ့ဟင်းတစ်ခွက်ကို ချက်ပြုတ်၍ရမှာဖြစ်သည်။

ပုဖန်သည် သူ့ဘေးနားမှာမတ်တပ်ရပ်နေသည့် ဖက်တီးဂျင်၏အပြုံးမျက်နှာလေးကို ကြည့်လိုက်ပြီး စိတ်ကိုပြန်လျှော့ချလိုက်သည်။ သူက ချက်ပြုတ်ရေးပစ္စည်းကို စွဲလမ်းနေသောကြောင့် စာဖိုမှူးတစ်ယောက်ရဲ့အခြေခံအချက်အလက်များကို မေးသွားခဲ့ခြင်း ဖြစ်သည်။

“ကောင်းပြီ… ဒီနေ့တော့ ဖန်ဖန်ဆိုင်လေးက ဟင်းတွေအကုန်လုံးကို ကျုပ်ကိုယ်တိုင်ချက်မယ်၊ အားလုံး လာရောက်စားသောက်ကြဖို့ ဖိတ်ခေါ်ပါတယ်”

ပုဖန် ထိုင်ခုံကနေ မတ်တပ်ထရပ်လိုက်၏။ အမူအရာမှာ ခါတိုင်းကဲ့သို့ တည်ငြိမ်နေပေမယ့်လည်း နွေးထွေးတဲ့ အရိပ်အယောင်လေးလည်း ရှိသည်။

ဖက်တီးဂျင်နဲ့ သူ့နောက်လိုက်ဖက်တီးတစ်သိုက်မှာ ခဏလောက်ကြောင်သွားပြီးမှ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး လက်ခုပ်လက်ဝါးများ ထတီးကြတော့သည်။ ပုဖန်ရဲ့ဆိုင်လေးတွင် လာရောက်စားသောက်သူများမှာ ပိုင်ရှင်ပု၏ဟင်းချက်လက်ရာကို မြည်းစမ်းချင်သပဆိုရင်ဖြင့် အထူးသတ်မှတ်ထားသောစပါယ်ရှယ်ဟင်းပွဲများကိုသာ မှာယူရမှာဖြစ်သည်။

ဥထမင်းကြော်၊ နံရိုးချိုချဉ်နဲ့ စသည့်အခြားအသေးအဖွဲဟင်းပွဲများကိုတော့ တပည့်စာဖိုမှူးနှစ်ယောက်သာလျှင် ချက်ပြုတ်ကြခြင်းဖြစ်သည်။ သူတို့က မြို့တော်မှာရှိတဲ့ အခြားစာဖိုမှူးတွေထက် ဟင်းချက်လက်ရာပိုကောင်းပြီး ချက်တဲ့ဟင်းတွေကလည်း အရသာအရမ်းကောင်းပါ၏။ လေအလင်းအင်ပါယာ တစ်ဝန်းမှာတော့ အရမ်းတော်သည့်စာဖိုမှူးတွေလို့ ပြောလို့ရသည်။ ဒါပေမယ့် ပိုင်ရှင်ပုလက်ရာနဲ့ယှဉ်ရင်တော့ သူတို့ဟင်းတွေက တစ်ခုခုလိုနေမှန်း အားလုံးကသိကြသည်။

ပုဖန်ရဲ့ဟင်းတွေက တစ်ခြားသူတွေနဲ့မတူ ပြောမပြတတ်လောက်အောင် တမူထူးခြားလွန်းလို့ဖြစ်သည်။ဒါက တပည့်စာဖိုမှူးတွေနဲ့ ပုဖန်ကြားက ကွာခြားတဲ့အချက်ဖြစ်သည်။ ပုဖန်၏ပိန်သွယ်သွယ်ပုံရိပ်လေး နောက်ကိုလှည့်ပြီး ဆိုင်ထဲကိုဝင်သွားတဲ့အခါ ဖက်တီးဂျင်က သက်ပြင်းအရှည်ကြီးချလိုက်သည်။ နောက်တော့ သူလည်း ဆိုင်ထဲကို ဝင်လာခဲ့၏။ ဒီအချိန်မှာ ကျန်တဲ့လူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်တွန်းထိုးရင်း ဆိုင်ထဲကို ဝင်လာခဲ့ကြသည်။

ပုဖန်မှာ တစ်နေ့လုံး မီးဖိုချောင်ထဲမှာသာ အချိန်ကုန်ခဲ့သည်။ လက်တွေလည်း တစ်စက္ကန့်လေးတောင် မရပ်မနားပဲ ဟင်းသီးဟင်းရွက်တွေလှီးဖြတ်တဲ့အသံကလည်း မီးဖိုချောင်ထဲမှာ ပျံ့လွင့်နေခဲ့သည်။

ကွမ်းရှောင်ရီတစ်ယောက် ဆိုင်သို့ ရောက်ရှိလာခဲ့သည်။ ပထမဦးဆုံးဟင်းတစ်ပွဲ သူမရှေ့လာချချိန်မှာတော့ မီးဖိုချောင်ပြတင်းရှေ့မှာ မတ်တပ်ရပ်နေတဲ့ ပိုင်ရှင်ပုကို သူမ တွေ့ရှိသွားခဲ့သည်။ သူမက ပိုင်ရှင်ပုကို စက္ကန့်အနည်းငယ်လောက်ငေးနေပြီးမှ စူးစူးရှရှကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်လေသည်။

ပုဖန်မှာ တစ်ခွန်းမှမထွက်နိုင်ဘဲ သူမကိုသာ မျက်လုံးလှန်ကြည့်လိုက်မိ၏။

ပုဖန်ပြန်ရောက်ရှိလာသည့်သတင်းမှာ လူအများကြားထဲ လျင်လျင်မြန်မြန်ပျံ့နှံ့သွားခဲ့သည်။ ဖက်တီးဂျင်နဲ့လူစု ဆိုင်ထဲမှပြန်ထွက်သွားပြီး မကြာမီမှာပဲ ဆိုင်က ရုတ်တရက်လူအုံကျလာသည်။ မြို့တော်တွင်းမှ လာရောက်စားသုံးကြသည့်လူအုပ်ကြီးမှာလည်း ထွက်လိုက်ဝင်လိုက်ဖြင့် အမျှင်မပြတ်နိုင်အောင် ဖြစ်နေ၏။

အင်ပါယာမြို့တော်တွင်းမှ အကောင်ကြီးကြီးအမြီးရှည်ရှည်လူများအားလုံးနီးပါး လာရောက်စားသုံးကြလေသည်။အင်ပါယာမြို့တော်၏မြို့စောင့်အသစ် ရှောင်ယွဲ့တောင်မှ စိတ်အားထက်သန်စွာဖြင့် ဆိုင်အတွင်းသို့ လက်ကလေးနှစ်ဖက်နောက်ပစ်ကာ ရောက်ရှိလာခဲ့သေးသည်။

ဘယ်လောက်တောင် အထင်နဲ့အမြင်တစ်ခြားစီဖြစ်လိုက်လဲ။ ပုဖန်ရဲ့လက်ရာကိုမြည်းစမ်းဖို့ဆိုတာ ခက်ခဲလှတဲ့အရာ။ စားသောက်ခွင့်ရရှိတာက သိပ်ကိုထူးကဲလွန်းတဲ့အရာဖြစ်နေပါပြီ။

ပုဖန်၏ဆိုင်ကလေးအတွင်းမှ ချိုမြိန်သောမွှေးရနံ့များ လွင့်ပျံနေခဲ့သည်။ မွှေးရနံ့အမျှင်တန်းမှာ နောက်ဆုံးအချိန် မပျောက်ပျက်သွားခင်အထိ အတော်ကြာရှည်ခဲ့သေးသည်။ မွှေးပျံ့သောရနံ့များသည် ဆိုင်အတွင်းမှ လွင့်မျောထွက်လာခဲ့ပြီး လမ်းကြားလေးကိုဖြတ်ကျော်ကာ မိုင်ပေါင်းဒါဇင်ချီသည့်အထိ ခရီးဆက်ခဲ့ပါသေးသည်။

ရှောင်ရှောင်းလုံနှင့်ယွိဖူမှာ အေးစက်စက်လေထုကို တစ်ချက်ရှုရှိုက်ရင်း ခါတိုင်းထက်အဆပေါင်းများစွာစည်ကားသိုက်မြိုက်နေသည့် ဆိုင်ကလေးအတွင်းကို ကြည့်နေခဲ့ကြသည်။

ဤအခိုက်အတန့်လေး အတွင်းမှာပဲ သူတို့နှင့်ပုဖန်၏ ကွာဟချက်ကြီးမားပုံကို ကောင်းကောင်းသိသွားခဲ့ကြ၏။ ဆိုင်အတွင်းမှ ပြန်ထွက်လာကြသော စားသုံးသူတိုင်း၏မျက်နှာပေါ်မှ အပြုံးလေးများမှာ သူတို့နှစ်ယောက်ကို ကောင်းကောင်းကြီးဖမ်းစားနေခဲ့သည်။ ဤသို့သော အောင်မြင်မှုမှာ သူတို့၏လက်စွမ်းဖြင့်တော့ မည်သို့မျှ ရယူနိုင်လိမ့်မည် မဟုတ်ကြောင်း သိသွားခဲ့ကြသည်။ ဘယ်သောအခါမှ လက်လှမ်းမမှီနိုင်တော့လောက်အောင် အလှမ်းဝေးသည့် အနေအထားတစ်ခုပင် ဖြစ်တော့သည်။

ညနေစောင်းဆိုင်ပိတ်ချိန်သို့ရောက်လာမှ မီးဖိုချောင်အတွင်းမှ ချက်ပြုတ်ကြော်လှော်မှုတွေလည်း ပြီးဆုံးသွားခဲ့သည်။ သို့သော်လည်း ပုဖန်မှာ အပိုဟင်းပွဲများစွာကိုချက်ပြုတ်ပြီး မီးဖိုချောင်အတွင်းစားပွဲပေါ်သို့တင်ကာ ရှောင်ရှောင်းလုံ၊ ယွိဖူနှင့်ကွမ်းရှောင်ရီတို့အား ခေါ်လိုက်လေသည်။ ၎င်းတို့အား ဟင်းများသောက်စရာများဖြင့် ဆုချကျွေးမွေးရေးအစီအစဉ်သာ ဖြစ်ပါတော့သည်။

ဟင်းတစ်ခွက်မှာ အရည်အသွေးမြင့် ကံကြမ္မာဟင်းလျာဖြစ်သည်။ ဤဟင်းမှာ စစ်တပ်အတွင်းက ချက်ပြုတ်ကြော်လှော်ခဲ့သည့်အရသာနှင့် မတူပေ။ အကြောင်းမှာ အဆင့်(၇) စိတ်ဝိဉာဉ်သားရဲ၏အသားဖြင့် ကြော်လှော်ထားခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ဒါပေမယ့် အခြားဝိဉာဉ် သားရဲများ၏ အသားများသုံးထားသောကြောင့် အရသာမှာတော့ ယှဉ်နိုင်လောက်ပေသည်။ စနစ်၏ သိုလှောင်အိတ်အတွင်းမှ ရယူထားသည့် အသားများဖြစ်သောကြောင့် အရည်အသွေးသိပ်မကောင်းလှသော်လည်း ဟင်းကတော့ အရသာရှိနေဆဲဖြစ်သည်။

ပုဖန်သည် ချဉ်စပ်ဟင်းရည်နှင့် မာဖိုတို့ဟူးတို့ကိုလည်း ချက်ပြုတ်ထားသေးသည်။ မာပိုတို့ဟူးမှာ ဆိုင်အတွင်းရှိသောမီးဖိုချောင်ပစ္စည်းများဖြင့်သာ ချက်ပြုတ်ထားခြင်းကြောင့် အရသာမှာ အရင်ကနှင့် မတူကွဲပြားကာ အချိုကဲလွန်းပေသည်။ ကွမ်းရှောင်ယီ နှင့် ကျန်နှစ်ယောက်မှာ သူတို့၏သူဌေးကို ငေးကြည့်နေ၏။

"ဟင်းအသစ်သုံးမျိုး… သူဌေး ဘာဖြစ်လာတာလဲ… လ၀က်လောက် ပျောက်နေပြီးမှ ဟင်းအသစ်တွေနဲ့ ပြန်လာတယ်…..”

“လာ.. လာမြည်းကြည့်ကြ၊ ဒီသုံးမျိုးက အရမ်းအရသာရှိတာ”

ပုဖန်မှာ နှုတ်ခမ်းထက်မှအပြုံးကလေးဖြင့် သူတို့သုံးယောက်ကို ပြောလိုက်သည်။ ထို့နောက် ပုဖန်ကဆိုင်အတွင်းမှ မီနူးကို ကြည့်လိုက်သည်။ မီးနူးတွင် ထပ်ဖြည့်ထားသော ဟင်းပွဲများ ရှိနေလေသည်။ ၎င်းတို့မှာ အဆင့်(၁)ကံကြမ္မာဟင်းရည်အိုးနှင့် အခြားနှစ်မျိုးဖြစ်သည်။ ဤဟင်းပွဲတွေ၏ဈေးနှုန်းမှာလည်း အလွန်တရာမှ ကြီးမြင့်လှပါသည်။ အရည်အသွေးမြင့် ကံကြမ္မာဟင်းလျာ၏အမြင့်ဆုံးဈေးနှုန်းမှာ သလင်းကျောက် ၂၀၅ ခု ဖြစ်သည်။

စားပွဲပေါ်တွင်ခင်းကျင်းထားသော ကံကြမ္မာဟင်းလျာမှာ စစ်တပ်အတွင်းချက်ပြုတ်ခဲ့သောဟင်းလျာနှင့် ဆင်တူမည်မဟုတ်ပေ။ ထိုစဉ်ကကဲ့သို့ အသားကောင်းများလည်း မသုံးထားပေ။ နောက်ဆုံးအချိန် ကံကြမ္မာဟင်းလျာကို သူချက်ခဲ့သည်က ရှားပါးသည့်ဖြစ်စဉ်တစ်ခုသာဖြစ်ပါသည်။

တောင်စဉ်တစ်ထောင် တောင်တန်းတွင် အဆင့်မြင့်ဟင်းချက်စရာပစ္စည်းတွေ ပလူပျံနေလိမ့်မယ်လို့ သူက ထင်မှတ်ထားခြင်းမရှိချေ။ ထိုရလဒ်ကတော့ ပုဖန်ကိုကျေနပ်စေခဲ့တာပဲဖြစ်သည်။ သူ့ဓားတစ်ချက်ဝှေ့လိုက်တိုင်းမှာ သင့်တော်သည့်အမယ်ပစ္စည်းတွေကို ရနိုင်ခဲ့သည်။ အဲဒီအံ့သြစရာကောင်းလှတဲ့မြင်ကွင်းကို ပြန်တွေးရုံနဲ့တင် စိတ်လှုပ်ရှားရလေသည်။

ကွမ်းရှောင်ယီကို သူမတွေ့ခဲ့တာ လဝက်ခန့်ရှိပြီဖြစ်သည်။ ဒီမိန်းကလေးမှာ မတွေ့ခဲ့သည့်အတောတွင်း အရပ်လည်းထွက်လာသည်။ အနည်းငယ်ပိန်ပါးလာပြီး ကြည့်ပျော်ရှုပျော်လည်းရှိလာသည်။ သို့သော်လည် မပြောင်းလဲသည့်အရာတစ်ခုက မိန်းကလေးတစ်ယောက်နှင့် မတူစွာ အစားအစာများကို အငမ်းမရမြိုချနေလေသည်။

“ဟား… မွှေးလိုက်တာ သူဌေးရယ်၊ ဒီမာဖိုတို့ဟူးက အရမ်းစားကောင်းတာပဲ၊ စပ်စပ်လေးနဲ့ လန်းဆန်းသွားတာပဲ”

ကွမ်းရှောင်ရီမှာ အစပ်ဒဏ်ကြောင့် နှုတ်ခမ်းတွေကို ဟကာဟကာဖြင့် ရှူးရှူးရှဲရှဲဖြစ်နေသော်လည်း မျက်လုံးများမှာမူ တဝင်းဝင်းတောက်နေသာ မာဖိုတို့ဟူးထံမှ မခွာနိုင်သေးပေ။

ရှောင်ရှောင်းလုံ၏ စားပုံသောက်ပုံမှာလည်း အိုးရန်ရှောင်ရီနှင့် တထေရာတည်းဖြစ်သည်။ ဤနေရာတွင် ယွိဖူတစ်ယောက်သာ သင့်တင့်လျောက်ပတ်သောအပြုအမူမျိုးရှိပေသည်။

ပုဖန်၏နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးလာပြီး လက်ချောင်းများကို ချိုးလိုက်သည်။ နောက်တော့ ထိုသုံးယောက်၏စားဝိုင်းတွင် ဝင်ပါလိုက်တော့၏။ဟင်းသုံးမျိုးလုံး ပြောင်တလင်းခါသွားဖို့ အချိန်အနည်းငယ်သာကြာလိုက်သည်။

စားသောက်ပြီးစီးချိန်မှာတော့ ကွမ်းရှောင်ရီရဲ့ချစ်စဖွယ်မျက်နှာလေးက ရဲရဲနီနေခဲ့သည်။ သူမက ဆိုင်ထဲကနေ လျှပ်စီးလိုထွက်မပြေးသွားခင်မှာ ပုဖန်ရှိရာဆီ တစ်ချက်လှမ်းကြည့်လိုက်သေးသည်။ နောက်တော့ ပါးစပ်ကိုတောင် လုံးလုံးမဖွင့်နိုင်ဘဲ အိမ်ကိုအလျင်အမြန်ပြန်လာခဲ့ရသည်။ သူမကိုယ်သူမ အတော်ကြာကြာထိန်းချုပ်ထားခဲ့ရလို့ဖြစ်သည်။

ပုဖန်ပြင်ဆင်ပေးခဲ့သည့်ဟင်းတွေက ဝိဉာဉ်စွမ်းအားအတော်လေးများပြားသည်။ အထူးသဖြင့် ကံကောင်းခြင်းတွေကိုယူဆောင်လာပေးတဲ့ ကံကြမ္မာဟင်းလျာဖြစ်သည်။ နူးညံ့ပျော့ပြောင်းသည့် ဝိဉာဉ်စွမ်းအားများပါဝင်သည့် အကောင်းဆုံးဟင်းလျာကား တစ်စုံတစ်ယောက်၏ ကျင့်ကြံစဉ်ကို ပေါက်ရောက်အောင်မြင်စေနိုင်လေသည်။

ကွမ်းရှောင်ရီ၏ကျင့်ကြံမှုအဆင့်က အဆင့်လေးစိတ်ဝိဉာဉ်နယ်ပယ်တွင် ရပ်တန့်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ သူမက ငါးလမ်းကြောင်းသိမြင်မှုသစ်ပင်မှ ဝိဉာဉ်စွမ်းအားများ နေ့စဉ်စုပ်ယူနေပြီး ကမ္ဘာကြီး၏အမှန်တရားကိုလည်း နားလည်သဘောပေါက်လေသည်။

ကံကြမ္မာဟင်းလျာ၏ လှုံ့ဆော်မှုကား သူမ၏ကျင့်ကြံမှု အဆုံးစွန်ထိရောက်ရှိစေပြီး အဆင့်တက်လုနီးပါးပင်ဖြစ်သွားစေသည်။

ရှောင်ရှောင်းလုံနှင့်ယွိဖူမှာမူ အဆင့်တက်မည့်အရိပ်ယောင်များမတွေ့ရပေ။ သို့သော် ၎င်းတို့နှစ်ယောက်စလုံး၏ကျင့်ကြံစဉ်များလည်း အများကြီးတိုးတက်လာခဲ့သည်။ သူတို့က ပုဖန်ကိုလက်ဝှေ့ယမ်းနှုတ်ဆက်ပြီး ဆိုင်မှထွက်ခွာသွားကြသည်။

ပုဖန်မှာ ဆိုင်မပိတ်ခင် တူများနှင့်ပန်းကန်လုံးများကို ကောက်ယူသိမ်းဆည်းနေခဲ့သည်။ ထို့နောက်တွင်မူ ဆိုင်တံခါးချပ်များကိုနေရာတကျပြန်ကာနေသည့်အချိန်တွင် စနစ်၏အသံမှာ သူ့ခေါင်းတွင်းသို့ ပြန်လည်ဝင်ရောက်လာပါသည်။

သူ့မှာတော့ စိတ်မရှည်လက်မရှည်ဖြစ်မှုများကို တည်ငြိမ်သွားစေရန် တစ်နေ့လုံးပြေးလွှားနေခဲ့တာပဲဖြစ်သည်။ ဟင်းလျာများကိုချက်ပြုတ်ပြီး စိတ်တည်ငြိမ်မှုရှာတွေနေခြင်းသာဖြစ်သည်။

“နတ်ဘုရားဟင်းချက်ပစ္စည်းမှ လျှမ်းလျှမ်းတောက်အနက်ရောင်လိပ်ခွံဒယ်အိုး သော့ပွင့်ပြီးဖြစ်သည်၊ ပါဝင်သည့်အကြောင်းအရာများကို ရွေးချယ်ပါ…” စနစ်ရဲ့အသံထွက်လာချိန်မှာ ပုဖန်၏စိတ်နှလုံး တည်ငြိမ်နေဆဲဖြစ်၏။

သူက အရင်ဦးဆုံး မီးဖိုချောင်ထဲသို့သွားသည်။ သူ့ဥက္ကာပျံဓားနှင့် အထွဋ်အထိပ်ရောက်သည်အထိ လေ့ကျင့်ပြီးသည့်နောက်တွင်မှ သူ့အခန်းသို့ပြန်လာခဲ့သည်။ သို့သော် သူက အဆင့်မတက်နိုင်ဘဲ ရှိနေဆဲဖြစ်သည်။

ပုဖန်သည် သူ၏သေးသွယ်သောလက်များအား ဆေးကြောသန့်စင်၊ ခြောက်သွေ့စေပြီးမှ သန့်ရှင်းသောလက်များဖြင့် စနစ်ကိုချိတ်ဆက်ကာ အတွင်းသို့ဝင်ရောက်ခဲ့သည်။သူ ချိတ်ဆက်လိုက်သည့်ခဏတွင် တဝီဝီမြည်သံက အခန်းထဲပျံ့လာသည်။

မရေမတွက်နိုင်သည့် အလင်းအစက်အပြောက်များကား အခန်းတွင်းပေါ်လာပြီး အဖြူရောင်မှော်အစီအရင်တစ်ခုလည်း ပုဖန်နားတွင် ပေါ်ပေါက်လာသည်။

လေပြင်းတစ်ချက် အခန်းထဲဝင်ရောက်လာပြီး သူ့ဆံပင်တွေကို တဖျက်ဖျက်ဖြစ်စေခဲ့သည်။ ချည်ထားသည့် သူ၏ဆံပင်များ ပြေကျသွားသည့်ခဏတွင် ဆံပင်အစုများ ပုခုံးပေါ်သို့ဝဲဖြာကျသွားသည်။

ပုဖန်မှာ မှော်အစီအရင်ဆီသို့သာ အာရုံတွေကိုစုစည်းထားရသည်။ ကျယ်လောင်သည့်မိုးခြိမ်သံတစ်ခု ထွက်လာပြီးသည့်နောက်တွင်တော့ အစီအရင်ထဲ တောက်ပတဲ့သဏ္ဍာန်တစ်ခုက ပေါ်ထွက်လာလေသည်။ထိုအရာမှာ ရွှေရောင်နဂါးအရိုးဓားနှင့်တူညီသော ပစ္စည်းတစ်ခုဖြစ်သည်။ အရောင်မှာမူ နက်စွေးနေ၏။

ဤသည်မှာ သာမန်ရိုးရှင်းလှစွာသော စောက်နက်သည့်ဒယ်အိုးတစ်လုံးဖြစ်သည်။ သို့ရာတွင် ဘေးပတ်လည်နှုတ်ခမ်းသားများကိုတော့ လျှို့ဝှက်နက်နဲလွန်းသည့် ပုံရိပ်အဆင်များဖြင့် ပုံဖော်ထားသည်။ အိုးထဲတွင်မူ ထွင်းထုထားသည့်ရုပ်ပုံကားချပ်များလည်းရှိပေသည်။

ပုဖန်က အချိန်အကြာကြီးငေးမောကြည့်ရှုခဲ့ပြီး အဆုံးကျမှ ပုံဖော်သွားနိုင်သည်။ ပုံမှာ တောင်ကြီးတစ်တောင်ကဲ့သို့လေးလံလှသော အနက်ရောင်လိပ်ကြီးတစ်ကောင်၏ ပုံသဏ္ဍာန်ပင်ဖြစ်တော့သည်။

အိုးအတွင်းမှထွက်ပေါ်လာသည့် ခန့်ညားသည့်ရှေးဟောင်းရောင်ဝါများကို ပုဖန် ခံစားနေရသည်။ အရောင်အဝါများကြောင့် ပုဖန်၏စိတ် ရုတ်တရက်တုန်လှုပ်သွားခဲ့ပြီး မျက်လုံးများကိုပြူးကျယ်အောင်ဖွင့်ကာ ကြည့်လိုက်သည်။

"ဒါ… ဒါက.. ထူးဆန်းတဲ့ဒယ်အိုးတစ်လုံးပဲ"

ဘန်း.....

အလင်းအစက်အပြောက်များမှာ မှော်အစီအရင်နှင့်အတူ ပျောက်ကွယ်သွားသည်။ အနက်ရောင်လိပ်ကြီးသဏ္ဍာန်ပါရှိသည့် ဒယ်အိုးကြီးမှာမူ သူ၏အိပ်ခန်းကြမ်းပြင်သို့ ပြုတ်ကျပြီး ကျယ်လောင်သောအသံထွက်လာသည်။

ကြမ်းပြင်နှင့်ဒယ်အိုး ထိလိုက်သည့်ခဏ ဆိုင်တစ်ခုလုံး တုန်လှုပ်သွားမတတ်ပင်ဖြစ်သည်။

အဝင်ဝတွင် အိပ်ပျော်နေသည့် ခွေးနက်မှာ သူ၏မျက်လုံးများကိုဖွင့်လာပြီး ပုဖန်၏အခန်းတွင်းသို့ စပ်စုချင်ဟန်ဖြင့်ချောင်းကြည့်၏။

“ဒီဒယ်အိုး… စိတ်နှလုံးကို တုန်လှုပ်သွားအောင်လုပ်နိုင်တယ်”

ပုဖန်မှာ တစ်ဖက်ကလည်းရေရွတ်ရင်း သူ၏သေးသွယ်သောလက်ချောင်းများဖြင့် ဒယ်အိုးနှုတ်ခမ်းသားကို ထိတွေ့ကိုင်တွယ်နေသည်။ အရိုးထဲစိမ့်အောင်အေးတဲ့ လေတစ်စုက ဒယ်အိုးအတွင်းမှထွက်လာပြီး သူ့လက်ချောင်းနဗ်ကြောလေးများအတွင်းသို့ စိမ့်ဝင်သွားသည်။

မတည်ငြိမ်သည့် စွမ်းအားတစ်ခု ဒယ်အိုးအတွင်းမှထုတ်လွှတ်လိုက်ပြီးနောက်တွင် ပုဖန်ကလည်း ခံစားမိလိုက်သည်။ သူ့ညာဘက်လက်မှာ အပူလောင်သလိုဖြစ်သွားပြီး ဒယ်အိုးမှာလည်း လက်အတွင်းမှ ပျောက်ကွယ်သွားသည်။

ပုဖန်မှာ မြင်ကွင်းကြောင့် အံ့သြလွန်းလို့ လျှာတောင်ခလုတ်တိုက်မိသွားသည်။

သူ ဒယ်အိုးအကြောင်းကို နောက်တစ်ကြိမ်ပြန်တွေးလိုက်တဲ့အချိန်မှာတော့ လေးလံသည့်ဒယ်အိုးကြီးက သူ့လက်ပေါ်မှာ ငှက်မွှေးတစ်ချောင်းလို ပေါ့ပါးစွာပြန်လည်ပေါ်ထွက်လာသည်။သူက အခြားလက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး ခါတိုင်းလို နဂါးအရိုးဓားကို ဆင့်ခေါ်လိုက်ပြန်သည်။

သူ၏ဘယ်ဘက်လက်တွင် နဂါးအရိုးဓားကိုကိုင်ထားပြီး ညာဘက်လက်တွင်တော့ အနက်ရောင်လိပ်ဒယ်အိုးကို ကိုင်ဆောင်ထားလေသည်။

ဤ နတ်ဘုရားဟင်းချက်ပစ္စည်းက တကယ့်ကို အဆင့်မြင့် အရည်သွေးကောင်းမွန်ပြီး အထက်တန်းကျလေသည်။

…………………….