အပိုင်း ၄၅၅
Viewers 53k

အခန်း ၄၅၅

ငရဲကမ္ဘာသင်္ဘောထဲမှ ဆံပင်ရှည်နှင့်အမျိုးသမီး...


ထိုလူအုပ်စုလိုက်ကြီးက ရူးသွပ်သွားလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။သူ့၏ နတ်လှေငယ်လေးက လျှင်မြန်လှသော အရှိန်ဖြင့် ပင်လယ်ပြင်ကို ဖြတ်သန်းနေသောကြောင့် ရေများ ဖွားခနဲ လွင့်စင်ထွက်ပြီး ရေလှိုင်းများပင် မြင့်တက်နေလေသည်။


သူ့ကိုနောက်မှ လိုက်ဖမ်းနေသည့် သိုင်းပညာရှင်များအားလုံးက စူးစူးရဲရဲပင် ပုဖန်ကို စိုက်ကြည့်နေကြသည်။


ဒီတစ်ကြိမ်၌ သူတို့ အရှက်ခွဲခံရသည်ဟု ခံစားမိပြီး ဒေါသ များအုံကြွနေလေသည်။သူတို့လို့ အဆင့်မြင့် ပညာရှင်များလက်ထဲမှ ရတနာကို ဘာမဟုတ်သည့် အဆင့် ၉ တန်ခိုးရှင်က ယူသွားနိုင်ပေရာ တကယ့်ကို အရှက်ကွဲခံရသည်ဟု ခံစားနေမိပေသည်။


ထို့ကြောင့် သူတို့အားလုံး ပုဖန်လက်ထဲက သလင်းကျောက်အရင်းအမြစ်ကိုပြန်လည်ရယူရန် မျှော်လင့်ချက်ဖြင့် အစစ်အမှန်စွမ်းအင်များက်ို အရှိန်မြင့်လိုက်ပြီး လှုံ့ဆော်လိုက်သည်။သိုင်းပညာရှင်များက သူတို့ ခေါင်းမသုံးပဲ ခြေထောက်သုံး၍ စဉ်းစားလျှင်တောင်မှ ပုဖန်လက်ထဲက သလင်းကျောက်အရင်းအမြစ်က တမူထူးခြားနေကြောင်း ပြောနိုင်ပေသည်။


ရှိနေသည့် သလင်းကျောက်အရင်းအမြစ်သုံးခုထဲက နှစ်ခုက အလဟဿဖြစ်နေလျှင် နောက်ဆုံးတစ်ခုထဲ၌ လင်းကျောက်တွင်းတစ်ခုလုံး၏ အနှစ်သာရများ စုပေါင်းပါဝင်နေပေလိမ့်မည်။ထိုအရာက နတ်ဘုရားအဆင့် ပညာရှင်များအားလုံး လိုချင်တပ်မက်သည့် ရတနာပင်ဖြစ်သည်။


"ရပ်စမ်း...မင်းလက်ထဲက သလင်းကျောက်အရင်းအမြစ်ကို ထားခဲ့မယ်ဆိုရင် ငါတို့မင်းအသက်ကို ချမ်းသာပေးမယ်..."


ဒေါသတကြီး အော်ဟစ်သံတစ်ခုက လေထုကို ဖြတ်သန်းလာလေသည်။ထိုသူထုတ်လွင့်လိုက်သော ကြောက်မက်ဖွယ်ရာ အော်ရာများက ပုဖန်အနောက်သို့ နီးကပ်စွာ လိုက်ပါလာ၏။


ပုဖန် မျက်လုံးထောင့်မှနေ၍ ထိုစွမ်းအင်လှိုင်းများစီးဆင်းလာသည်ကို မြင်လိုက်ရသည်။သူ့၏ အစစ်အမှန်စွမ်းအင်များကို ပို၍ ထုတ်သုံးလိုက်ပြီး နတ်လှေငယ်ကို အရှိန်တင်လိုက်သည်။


ရေလှိုင်းလုံးများမြင့်တက်သွားသောကြောင့် ထို ကြောက်မက်ဖွယ်ရာ စွမ်းအင်ရိုက်ချက်ကို ပုဖန်အသာလေးရှောင်လွှဲနိုင်သည်။တန်ခိုးရှင်အဆင့် ပုဖန်က သူတို့၏ သိက္ခာကို ရန်စသလို လုပ်လိုက်သောကြောင့် သိုင်းပညာရှင်များအားလုံးပို၍ ဒေါသထွက်လာကြသည်။


မြောက်များလှစွာသော စွမ်းအင်လှိုင်းများကို ပုဖန်စီသို့ ပစ်လွှတ်လိုက်သည်။ထိုစွမ်းအင်များက ပြင်းထန်ပြီး များပြားလှသောကြောင့် ကောင်းကင်တစ်ခုလုံး ဖုံးကွယ်သွားသလိုပင်ထင်ရသည်။ပုဖန်၏ အမူအရာက မဲမှောင်သွား၏ ရုတ်တရက်သူက ခန္ဓာကိုယ်မှပိုးချည်မျှင်ကဲ့သို့သော အစစ်အမှန်စွမ်းအားများထွက်ပေါ်လာသည်။


ပုဖန်၏ အစစ်အမှန်စွမ်းအားထိန်းချုပ်နိုင်မှုက အလွန်ပင်ကောင်းမွန်လှသည်။သူက အစစ်အမှန်စွမ်းအားများကို အသုံးပြုပြီး နတ်လှေငယ်ကို ဆန္ဒရှိသလို ထိန်းချုပ်လိုက်သည်။နတ်လှေငယ်က သူ့၏ ထိန်းချုပ်မှုအောက် လုံးဝ ကျရောက်သွားလေ၏။


ဘန်း...ဘန်း...


ပုဖန်ဆီသို့ မြောက်များလှစွာသော စွမ်းအင်လှိုင်းများ ရောက်ရှိလာပြန်သည်။ပုဖန်က စွမ်းအင် တစ်ခုချင်းစီကိုဟလှပသေသပ်စွာ ရှောင်တိမ်းလိုက်သည်။ထိုအစစ်အမှန်စွမ်းအင်အားများက သူ့၏ရှောင်တိမ်းမှုကြောင့် ရေပြင်ကိုသာ ထိသွားပြီး ကျယ်လောင်လှသော အသံများပင် ထွက်ပေါ်လာသည်။


ထိုပေါက်ကွဲမှုများကြောင့် ပင်လယ်ရေများက ကောင်းကင်ယံထိ ထိုးတက်သွားပြီး မိုးရွာချသကဲ့သို့ ပြန်လည် ကျလာလေသည်။ပုဖန်၏ ခန္ဓာကိုယ်မှ အလင်းမြူများထွက်ပေါ်လာပြီး ထိုရွာကျလာသော ပင်လယ်ရေများကို ကာဆီးလိုက်သည်။


ပင်လယ်ရေမျက်နာပြင်ထက်၌ ထူးဆန်းလှသည့် မြင်ကွင်းတစ်ခုဖြစ်ပေါ်နေလေသည်။မြောက်များလှစွာသော နတ်လှေငယ်များကို ကျားတစ်ခုကို အသဲအသန်လိုက်ဖမ်းနေလေသည်။အရှေ့မှ နတ်လှေငယ်က ငါးတစ်ကောင်ကဲ့သို့ပင် ရေထဲ၌ လှုပ်ရှားကူးခတ်နေပြီး များပြားလှသည့် တိုက်ခိုက်မှုများကို ကျွမ်းကျင်ပိုင်နိုင်စွာ ရှောင်တိမ်းနေကြသည်။


လိုက်ဖမ်းနေကြသော ကျွမ်းကျင်ပညာရှင်ထဲမှ အချို့က ဒေါသများ ပေါက်ကွဲပြီး အငွေ့ပျံမတက်ဖြစ်နေလေပြီ။အချို့ကမူ စိတ်ပျက်လက်ပျက်ဖြင့် သွေးအန်လုနီးပါးဖြစ်နေ၏။


"ဒီတန်ခိုးရှင်အဆင့် ဘယ်လိုဖြစ်လို့ အဲ့ဒီလောက်တောင် ဖမ်းရခက်နေတာလဲ..."


ပုဖန်၏ ရှေ့၌ ကျွန်းတစ်ကျွန်းရှိနေသည်။မြူအနည်းငယ်ကြားထဲမှ ထိုကျွန်းကိုလှမ်းမြင်လိုက်ရသောကြောင့် ပုဖန်၏ မျက်ဝန်းများတောက်ပသွားသည်။သူ နတ်လှေငယ်၏ အရှိန်ကို မြင့်တင်လိုက်ပြီး ကျွန်းဆီသို့ ဦးတည်လိုက်သည်။သူ့နတ်လှေငယ်၏ အရှိန်က အလွန်ပင်မြန်ဆန်လှသောကြောင့် ခဏချင်းမှာပင်ကျွန်းနားသို့ ရောက်ရှိသွားပြီး ကမ်းခြေနှင့် တိုက်မိသံ အကျယ်ကြီးထွက်ပေါ်လာပြီး လူက လေထဲမြောက်တက်သွားသည်။


ပုဖန်က သူ့ပုခုံးပေါ်မှ ပုစွန်ပိစိကို စုပ်ကိုင်လိုက်ပြီး လေထဲ၌ တစ်ပတ်လည်လိုက်ကာ ကမ်းခြေပေါ်သို့ ညှင်သာစွာခြေချလိုက်သည်။ပုဖန် မြေပြင်ပေါ်ခြေချပြီးသည်နှင့် လှည့်ကြည့်လိုက်လေရာ နတ်ဘုရားနယ်ပယ်ပညာရှင်အုပ်စုလိုက်ကြီးက သူ့စီသို့ အလျှင်စလို လာနေသည်ကို တွေ့လိုက်ရသည်။မျက်မှောင်ကြုတ်လိုက်ပြီးနောက် ချာခနဲ လှည့်လိုက်ကာ ကျွန်း၏ အတွင်းပိုင်းဆီသို့ ဦးတည်ဝင်သွားတော့သည်။


ထိုသူများက အလွန်ပင် ဒေါသထွက်နေကြသည်။သူတို့ နှင့် လွတ်ကင်းသည့်နေရာကို ရှာသည်က သူတို့တွက် ပိုကောင်းပေလိမ့်မည်။


ဘန်း...ဘန်း...ဘန်း....


အလျှင်စလို ကမ်းကပ်လာသောနတ်လှေများ ကမ်းခြေနှင့်ဝင်တိုက်မိရာမှ အသံများ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။ အစစ်အမှန်စွမ်းအင် လှိုင်းများပင် ကောင်းကင်ပေါ်သို့ထိုးတတ်သွားလိုက်သည်။ထိုပညာရှင်များအားလုံးက လှေပေါ်မှ အလျှင်စလိုပင် ဆင်းလာလိုက်ပြီး ပုဖန်ထွက်ပြေးသွားသည့်ဘက်သို့ ဦးတည်၍ ထွက်သွားလိုက်ကြသည်။


သူတို့ ပုဖန်ကို လိုက်လံဖမ်းဆီးကြပေပြီ။အခွင့်အရေးကောင်းလေးတစ်ခုအတွက် သူတို့အားလုံးရူးသွပ်နေကြပေပြီ။


......


နန်ကုန်းရွှမ်ဟယ်က သူ့၏ ရှေ့မှ ယိမ်းထိုးနေနသော ကြီးမားသည့် သစ်ပင်ကြီးကို လောဘများတောက်နေသည့် မျက်ဝန်းဖြင့်ကြည့်နေသည်။


ထိုသစ်ပင်က အလွန်ပင် ကြီးမားပြီး ကောင်းကင်တစ်ခုလုံးနီးပါး ဖုံးအုပ်မတက်ဖြစ်နေသည်။သစ်ပင်မှ ဖြာထွက်နေသော မြောက်များလှစွာသည့် အကိုင်းအခက်များကလည်း ရက်စက်ကြမ်းကြုတ်သော လက်သည်းကြီးများဟုပင် ထင်ရသည်။


ထိုသစ်ပင်မှ ထူထပ်ထပ်အုံ့ဆိုင်းနေသော သစ်ရွက်လေးများကလည်း လှုပ်ရမ်းနေကာ လေတိုးသံသဲ့သဲ့ကို ထုတ်လွင့်နေသည်။ထို့အပြင် ထ်ိုသစ်ပင်မှ အလင်းရောင်တန်းများကိုလည်း ထုတ်လွင့်နေသည်။


ထိုသစ်ပင်က နတ်ဘုရားအဆင့် စိတ်ဝိဘာဉ်သစ်ပင်ဖြစ်သည်။ထိုသစ်ပင်၌ အလွန်တရာလှပလှသော ပန်းပွင့်တစ်ပွင့်ရှိသည်။သူ့၏ ပွင့်ချပ်လေးများက အနီရောင်ဖျော့ဖျော့လေး သန်းနေသည်။အနည်းငယ်ဖွင့်ဟလိုက်လျှင် အထဲ၌ လှုပ်ရမ်းနေသော ရွှေရောင်အဖူးအငုံလေးကို တွေ့ရပေမည်။ထိုပန်းပွင့်မှ ထွက်ပေါ်နေသော မွှေးရနံ့သင်းသင်းလေးက နန်ကုန်းရွှမ်ဟယ်၏ စိတ်ဝိညာဉ်ကိုပင် တုန်ခါစေသည်။


"ဒါက နှစ်တစ်ထောင်သက်တမ်းရှိတဲ့...နတ်ဆိုးလက်သည်းချီသစ်ပင်ပဲ...အလွန်ရှားပါးပြီး အလွန်တန်ဖိုးရှိတဲ့ နတ်ဝိဇ္ဇာသစ်ပင်ပဲ...နှစ်ပေါင်းတစ်ရာကြာမှ ပန်းပွင့်ပြီး နှစ်ပေါင်းတစ်ထောင်မှသာ အသီးသီးတယ်...အလွန်တန်ဖိုးရှိတဲ့ စိတ်ဝိညာဉ်ဆေးလုံး အဆင့် ၄ စိတ်ဝိညာဉ်ဆေးကို သန့်စင်တဲ့နေရာမှာသုံးနိုင်တယ်..."


နန်ကုန်းရွှမ်ဟယ်က စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်သည်။သူ တောက်ပနေသော ပန်းပွင့်ကိုကြည့်ရင်းဖြင့် သူ့နှလုံးခုန်သံများက ရင်ဘတ်ထဲမှ ပေါက်ထွက်လာတော့မကဲ့သို့ပင် မြန်ဆန်လာသည်။


ထိုပန်းက ပွင့်လန်းလာပြီးသည်နှင့် အချိန်ခဏအကြာတွင် ညှိုးနွမ်းသွားပေလိမ့်မည်။အဘယ့်ကြောင့်ဆိုသော် ပန်းပွင့်တိုင်းတွင်ပါဝင်နေသော စိတ်ဝိညာဉ်အနှစ်သာရများက အဘက်ဘက်သို့ လွင့်ပျယ်သွားခြင်းကြောင့်ဖြစ်သည်။ပွင့်ဖတ်လေးများ နွမ်းကြွေသွားသည်နှင့် အသီးထွက်ပေါ်လာပေလိမ့်မည်။


ထိုသစ်သီးက အလွန်ပင် အရေးကြီးသည်။နန်ကုန်းရွှမ်ဟယ်က ထိုသစ်သီးကို မျှော်လင့်နေခြင်းဖြစ်၏။


လေညှင်းသွဲ့သွဲ့လေးများ တိုက်ခတ်နေပြီး သစ်ရွက်လှုပ်သံလေးများ ထွက်ပေါ်နေသည်။ပန်းပွင့်မှ မွှေးရနံ့များကလည်း ပို၍ပို၍ ပြင်းထန်လာပြီးနောက် ပန်းကစတင် ညှိုးလျော့ခြောက်သွေ့လာသည်။နောက်ဆုံး၌ ပန်းဖတ်များက လုံးဝ ညှိုးလျော့သွားပြီး မြေပြင်ပေါ်သို့ ကြွေကျသွားလေသည်။


နန်ကုန်းရွှမ်ဟယ်က ထိုမြင်ကွင်းတစ်ခုလုံးကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။ထို့နောက် သစ်ပင်မှ တုန်ခါသံတိုးတိုးနှင့်အတူ သစ်သီးတစ်ခုပေါ်ထွက်လာသည်။ထိုသစ်သီး၌ စိတ်ဝိညာဉ် စွမ်းအင်များ စီးဆင်းနေပြီး မည်သူကိုမဆို ဆွဲဆောင်နိုင်သည့် မွှေးရနံ့သင်းသင်းလေးများကို ထုတ်လွင့်နေ၏။


တကယ်ကို အံ့သြဖို့ကောင်းလှသည်။နန်ကုန်းရွှမ်ဟယ်က သက်ပြင်းတစ်ချက်ချလိုက်သည်။ရုတ်တရက် တစ်နေရာရာမှနေ၍ ဒုန်းပျံတင်လွှတ်လိုက်သလိုမျိုး တုန်ခါသံများ ထွက်ပေါ်လာသည်။ထိုအသံများကြောင့် နန်ကုန်းရွှမ်ဟယ် သတိဝင်လာသည်။


ထို့နောက် သူ သူ့စီသို့ တည့်တည့်ပြေးလာနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ထိုလူ၏ ပြေးနှုန်းက အလွန်ပင် မြန်လွန်းလှသည်။ထိုသူက မကြာခင်မှာပင် နန်ကုန်းရွှမ်ဟယ်ကိုဝင်တိုက်မိတော့မလိုတောင် ထင်ရသည်။


"ဘယ်သူလဲ..."


နန်ကုန်းရွှမ်ဟယ်က ခဏမျှအံ့သြသင့်သွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။


"မင်းပဲ..."


သူ့၏ မျက်ဝန်းများက ပြူးကျယ်လာပြီးသတ်ဖြတ်ခြင်းအငွေ့အသက်များ ပြည့်နှက်သွားသည်။လျှို့ဝှက်နယ်မြေထဲ၌ သူအသတ်ဖြတ်ချင်ဆုံး လူနှစ်ယောက်ရှိသည်။


နန်ကုန်းဝူချယ်က သေမင်းကမ္ဘာသို့ ခြေတစ်ဖက်လှမ်းနေသော အနေထားမျိုးဖြင့် သူ့လက်ထဲမှ ထွက်ပြေးလွတ်မြောက်သွားသည်။ကံကြမ္မာက ပုဖန်ကို သူဆီသို့ လက်ဆောင်ပေးပို့လာမည်ဟုတော့ သူ မမျှော်လင့်ထားမိခဲ့ပေ။အခြေအနေက ဆိုးရိုးစကားတစ်ခုနှင့်ပင်တူနေသည်။


(နတ်ပြည်တက်ဖို့ လမ်းရှိသော်လည်း မင်းက မလျှောက်ဘူး...ငရဲပြည်သွားဖို့ လမ်းမရှိတဲ့အခါကျတော့ မင်းကိုယ်တိုင် တွင်းတူးဆင်းတယ်...)


ပုဖန်၏ အမူအရာက အလွန်အေးဆေး တည်ငြိမ်နေသောကြောင့် နန်ကုန်းရွှမ်ဟယ်ပင် အံ့အားသင့်သွားမိသည်။ကြည့်ရသည်မှာ နန်ကုန်းရွှမ်ဟ

ယ်၏ အော်ရာများက သူအပေါ် သက်ရောက်မှု မရှိဟုထင်ရသည်။သူ့၏ အရှိန်က အနည်းငယ်မှပင် လျော့ကျသွားခြင်းမရှိပဲ နန်ကုန်းရွှမ်ဟယ်ကို မြှားတစ်စင်းကဲ့သို့ ဖြတ်ကျော်သွားလေသည်။


အိုး...


ပုဖန်က ယခုမှ ပွင့်လန်းလာပုံရသော သစ်သီးကိုမြင်လိုက်သောကြောင့် အံ့အားသင့်သွားသည်။သို့သော်လည်း နန်ကုန်းရွှမ်ဟယ်က ပုဖန်၏ အံ့အားသင့်မှုကို ဂရုမစိုက်ပေ။သူမီးလျှံဖြူ တစ်ခုကိုထုတ်ယူလိုက်ပြီး ပုဖန်စီသို့ ပစ်လွှတ်လိုက်သည်။ထိုမီးတောက်က ကြမ်းတမ်းခြင်းတစ်သောင်းမီးတောက်ဖြစ်သောကြောင့် သူ့၏ စွမ်းအင်က အလွန်ပြင်းထန်သည်။


ပုဖန်က သစ်သီးဆီမှ ကမန်ကတမ်းအကြည့်လွှဲလိုက်ပြီးမဟူရာလိပ်ခုံးဒယ်အိုးကို ဆင့်ခေါ်ကာ သူရှေ့၌ ကာလိုက်သည်။မီးတောက်က ဒယ်အိုးကို ထိမှန်သွားပြီးနောက် ပျောက်ကွယ်သွားလေ၏။ပုဖန်က နန်ကုန်းရွှမ်ဟယ်ကိုတစ်ချက်ကြည့်လိုက်သည်။ထို့နောက် သူ သူ့၏ နောက်ကျောဘက်သို့ကျော် ကြည့်လိုက်သည်။ထို့နောက်သူအရှေ့သို့ ဆက်၍ ပြေးလိုက်လေသည်။


ထိုအမူအရာများကိုကြည့်၍ နန်ကုန်းရွှမ်ဟယ်အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။သူ့၏ နှလုံးသားပင် ပေါက်ကွဲသွားသကဲ့သို့ နန်ကုန်းရွှမ်ဟယ် ဒေါသထွက်သွားလေသည်။သူဆီသို့ ဦးတည်လာနေသော နတ်ဘုရားအဆင့် ပညာရှင် အုပ်စုလိုက်ကို တွေ့လိုက်ရသောကြောင့် သူ့၏ နှလုံးသားပင် နစ်မြှုပ်သွားလေသည်။


ပုဖန်အပေါ် သူ့၏ မုန်းတီးမှုများက ဒီရေအလား ဆက်လက် တိုးပွားလာသည်။ထိုကောင်စုတ်လေးက နတ်ဘုရား နယ်ပယ်ပညာရှင် အုပ်စုလိုက်ကို သူစီသို့ ခေါ်ဆောင်လာပေသည်။


ထိုသူများက အရူးများမဟုတ်ကြပေ။ယခုမှ သီးလာစ သစ်သီး၏ မွှေးရနံ့က ထိုသူများကို ဆွဲဆောင်သွားနိုင်ပေသည်။သစ်သီးက အဆင့် ၄ စိတ်ဝိညာဉ်ဆေးကိုပင် ဖော်စပ်နိုင်သည့် သစ်သီးဖြစ်သည်။ပုဖန်လက်ထဲမှ သလင်းကျောက် အရင်းအမြစ်ထက် ဆွဲဆောင်မှု မနိမ့်ကျပေ။လူအုပ်ကြီးဆီမှ အော်ဟစ်ကြွေးကြော်သံများ အာမေဍိတ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။


"ဒီသစ်သီးကို ငါ နန်ကုန်းရွှမ်ဟယ် ရှာတွေ့ထားတာ ...အရှေ့ကို တစ်လှမ်းတိုးလိုက်တာက ငါရဲ့ နန်ကုန်းမိသားစုကို တိုက်ခိုက်လိုက်တာနဲ့ အတူတူပဲ..."


နန်ကုန်းရွှမ်ဟယ်၏ ခန္ဓာကိုယ်မှ အော်ရာများ ပေါက်ကွဲထွက်ပေါ်လာသလို သူ့နောက်ကျောမှ သံကြိုးနှစ်ချောင်းကလည်း ရမ်းခါနေသည်။သူက အထွဋ်အထိပ်အဆင့်နှစ်ဆင့်ကို ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် စွမ်းအားများကို ထုတ်ဖော်လိုက်သည်။


သို့သော်လည်း ထိုပညာရှင်များအားလုံးက သူ့၏ မိသားစုကို အနည်းငယ်မျှပင် ဂရုမစိုက်သလို သူ့ကိုယ်လည်း အခွင့်အရေးမပေးပေ။သူတို့က သစ်သီးရှိရာဆီသို့ အလျှင်စလို တိုးဝင်လာကြသည်။ထိုခဏ၌ ပြင်းထန်လှသော တိုက်ပွဲကြွေးကြော်သံများက လေထုထဲ ပဲ့တင်ထပ် ပြန့်နှံ့သွားလေသည်။


နန်ကုန်းရွှမ်ဟယ်၏ မျက်ဝန်းများက နီရဲသွားပြီး ပြင်းထန်စွာ ဝင်ရောက်တိုက်ခိုက်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲ ထွက်လာပြီးနောက် နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်တစ်ယောက်ကို တိုက်ခိုက်လိုက်သည်။သူ့၏ ထိုးနှက်ချက်က ထိုပညာရှင်၏ ခန္ဓာကိုယ်တစ်ဝက်ကို ဖျက်စီးပစ်လိုက်သောကြောင့် မြေပြင်ပေါ်၌ သွေးအိုင်ငယ်တစ်ခုပင်ဖြစ်သွားသည်။


ကျွန်းငယ်လေး၏ လေထုထဲတွင် ပြင်းထန်လှသော သွေးနံ့များဖြင့် ပြည့်နှက်နေသည်။ရူးသွပ်လှသော တိုက်ပွဲအခြေအနေကြောင့် မြေပြင်ပေါ်၌ သွေးအိုင်များ ပြန့်ကျဲနေသည်။ခန္ဓာကိုယ်ပေါ်၌ ကြီးမားလေးလံလှသော တောင်ကြီးတစ်တောင် ဖိထားသလိုပင် နန်ကုန်းဝူချယ်ခံစားနေရပြီး အသက်ရှုရပင် ခက်ခဲနေ၏။


......


မှောင်မဲနေသော သင်္ဘောအခန်းငယ်လေးအတွင်း၌ ကြီးမားသည့် အရိုးပုံကြီးတစ်ခုရှိလေသည်။အခန်းအတွင်းမှလည်း သံစဉ်ကျနသော သီဆိုသံလေး ထွက်ပေါ်နေသည်။ထိုသီချင်းသံကို ကြားလိုက်သည်နှင့် နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ထဲ စီးဆင်းနေသောသွေးများက အေးခဲသွားလေသည်။


ဂျွတ်....


တစ်စုံတစ်ရာကျိုးပဲ့သည့် အသံမျိုးထွက်ပေါ်လာ၏။နန်ကုန်းဝူချယ်၏ နှလုံးသားက သူ့ပါးစပ်ထဲမှပင် ခုန်ထွက်လာတော့မလို ခံစားလိုက်မိသည်။ငရဲကမ္ဘာသင်္ဘောက အလွန်တည်ငြိမ်တိတ်ဆိတ်နေပြီး ရပ်တန့်တော့မည့်ပုံပေါ်သည်။


နန်ကုန်းဝူချယ် ခဏမျှကြောင်အတုန်လှုပ်နေစဉ်မှာပင် အခန်း၏ တံခါးက ရုတ်တရက်ပွင့်သွားသည်။အေးစက်လှသော လေများက သူ့ခန္ဓာကိုယ်ကို တိုးဝှေ့တိုက်ခိုက်သွားသောကြောင့် အနည်းငယ်တုန်ယင်သွားသည်။


ရှပ်...ရှပ်...


အမှောင်ထုထဲမှ ကြမ်းပြင်ကို နင်းလျှောက်လာသော ဖျော့တော့သည့် ခြေသံကို ကြားလိုက်ရသည်။


"ဘာလဲ နောက်ထပ်လူတစ်ယောက်ရှိနေသေးတာလား..."


နန်ကုန်းဝူချယ် အသက်ပင်ကျယ်ကျယ်မရှူရဲပေ။သူ အမှောင်ထဲမှ ထွက်ပေါ်လာသည့် ဆွဲဆောင်မှုရှိသည့် လူတစ်ယောက်ကို မြင်လိုက်ရသည့်အခါ၌ သူ့မျက်ဝန်းများ ပြူးကျယ်သွားလေသည်။


ထ်ိုပုံရိပ်က အမျိုးသမီးတစ်ယောက်၏ ပုံရိပ်ဖြစ်သည်။တင့်တယ်လှသော ထိုအမျိုးသမီး၏ ခါးထိရှည်သော ဆံပင်များကလည်း တဖျက်ဖျက်လွင့်ခါနေသည်။သူမ၏ အသားအရည်က စက္ကူစတစ်ရွက်ကဲ့သို့ ဖြူဖျော့နေသည်။နန်ကုန်းဝူချယ် သူမဆီမှ အသက်စွမ်းအင်ကိုမခံစားရပေ။


"သူမ... လူသေလား..."


သူမ၏ ခြေလှမ်းများက နန်ကုန်းဝူချယ်ကိုကျော်၍ ဆက်လျှောက်သွားသည်။ရုတ်တရက် သူမက လျှောက်နေရာမှ ရပ်လိုက်ပြီး နန်ကုန်းဝူချယ်ရှိဘက်သို့ ဆက်ခနဲလှည့်လိုက်သည်။ရေခံတမျှ အေးစက်လှသော အကြည့်များက နန်ကုန်းဝူချယ်ပေါ်သို့ ကျရောက်လာလေသည်။ကြောက်စရာကောင်းလွန်းလှ၏။


နန်ကုန်းဝူချယ်၏ သွေးများက ဆူပွက်လာပြီး ချွေးများပင် စီးထွက်လာလေသည်။သို့သော် သူ လက်သီးတင်းတင်းဆုပ် အံတင်းတင်းကြိတ်၍ သူ၏အော်ရာများကို ထိန်းချုပ်ထားလေသည်။သူ့၏ ရုတ်တရက် လှုပ်ရှားမှုသေးသေးလေးကပင် ထိုအမျိုးသမီး အာရုံကို ဆွဲဆောင်လိုက်မိမှာမျိုး အလွန်ကြောက်ရွံ့နေပေသည်။


ရှပ်...ရှပ်...ရှပ်...


ထိုအမျိုးသမီးက နန်ကုန်းဝူချယ်ကို တစ်ချက်မျှကြည့်ပြီးနောက် အခန်းအပေါက်ဝဆီသာ ဦးတည်လျှောက်သွားသည်။ငရဲကမ္ဘာသင်္ဘောက သလင်းကျောက်တွင်းရှိသည့် ကျွန်းအတွင်း၌ ရပ်နေလေသည်။


တင့်တယ်လှပလှသည့် အမျိုးသမီးက သင်္ဘော၏ ဦူပိုင်းတွင်ရပ်နေသည်။သူမ၏ ဆံနွယ်ရှည်များကလည်း လေအရှိန်ကြောင့် တဖျက်ဖျက်လွင့်ခါနေ၏။မြောက်များလှစွာသော ပိုးချည်မျှင်များကဲ့သို့ သွေးမျှင်တန်းများက ကျွန်းပေါ်မှနေ၍ ပျံသန်းလာလေသည်။


ထိုသွေးမျှင်များက ကျွန်းပေါ်တွင် သေဆုံးသွားခဲ့သော နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များ၏ သွေးဖြစ်သည်။ထိုသွေးများက သူတို့ ရုပ်အလောင်းစီမှ ထွက်လာပြီး အမျိုးသမီးဆီသို့ ပျံသန်းလာလေသည်။အမျိုးသမီးဆီရောက်သည်နှင့် ထိုသွေးမျှင်များက အရေပြားထဲ စိမ့်ဝင်သွားလေသည်။


များပြားလှသော သွေးပမာဏကို အချိန်အတိုအတွင်းမှာပင် ကုန်စင်အောင် ဆုပ်ယူလိုက်ပေသည်။အမျိုးသမီးက ခပ်တိုးတိုးလေချွန်၍ တစ်စုံတစ်ခုကို ခော်ထုတ်နေပုံရသည်။သလင်းကျောက်တွင်းက တုန်ခါလာသော်လည်း မည်သည့်အရာမှ ထွက်ပေါ်လာခြင်းမရှိပေ။ထိုအမျိုးသမီး၏ လေချွန်သံက ပို၍ပင် ကျယ်လောင်လာသည်။သူမက စိတ်ဆိုးနေပုံရ၏။


ဝေါ...


ပတ်ဝန်းကျင်၌ ကြီးမားလှသော လှိုင်းလုံးများ ရိုက်ခတ်လာလေသည်။ထိုအမျိုးသမီး၏ ပုံရိပ်က ဆက်ခနဲ လှုပ်ခတ်သွားပြီးနောက် သင်္ဘောအခန်းအတွင်းသို့ ပြန်လှည့်လာသည်။ဘန်းခနဲ အသံကျယ်ကြီးနှင့်အတူ အခန်းတံခါးက စေ့စေ့ပိတ်သွားလေပြီ။


နန်ကုန်းဝူချယ် ကြမ်းပြင်ပေါ်သို့ ဖိနှိမ့်ခြင်းခံလိုက်ရပြန်သည်။သူအလွန်မခံမရပ်နိုင်ဖြစ်နေသော်လည်း သည်းခဲရုံသာ တက်နိုင်လေ၏။ငရဲကမ္ဘာသင်္ဘောက ကျွန်းမှ ပြန်လည်ထွက်ခွာလာသည်။ငရဲကမ္ဘာသင်္ဘော၏ အနက်ရောင်ရွက်တ်ိုင်ကလည်း လေအရှိန်ဖြင့် လွင့်ခါနေလေသည်။


ဒီတစ်ကြိမ်ဦးတည်ရာက နတ်ဆိုးလက်သည်း ချီသစ်ပင် ရှိရာဆီသို့ ဖြစ်သည်။