အပိုင်း ၄၆၂
Viewers 53k

အခန်း ၄၆၂

ငါ့ကိုစိုက်ကြည့်နေရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူး...


မြေကြီးထဲမှ ကျောက်ရေပူတစ်ချို့ စီးဆင်းထွက်လာပြီး ပတ်ဝန်းကျင်ရှိသစ်ပင်များကို လောင်ကျွမ်းစေလသေည်။နှစ်သက်ဖွယ်ကောင်းလှသော ကျွန်းက အလျှင်အမြန်ပင် ဖျက်ဆီးခံလိုက်ရပြီး ပျက်စီးသွားလေပြီ။


ပုဖန်က ကြီးမားလှသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို သယ်ထားရင်း ပတ်ဝန်းကျင်ကို တည်ငြိမ်စွာကြည့်နေသည်။ပုဖန်က အဆင့် ၁၀ နဂါးအရိုးမြက်ကို ရှာကြည့်နေခြင်းဖြစ်သည်။ထိုစိတ်ဝိညာဉ် ဆေးပင်ကြောင့်သာ သူဒီနေရာသို့လာခဲ့ခြင်းဖြစ်၏။ထို့ကြောင့် ကျွန်းတစ်ခုလုံး ပြိုပျက်စီးမသွားခင် သူရှာဖွေနေခြင်းဖြစ်၏။ 


ကျွန်းများအားလုံးထဲ၌ ဒီကျွန်းတစ်ခု၌သာ စိတ်ဝိညာဉ် စွမ်းအင်များကြွယ်ဝသိပ်သည်းစွာ ရှိနေသည်။ထို့ကြောင့် နဂါးအရိုးမြက်က ဒီကျွန်းပေါ်၌ ရှိမည်ဟု သူယုံကြည်နေခြင်းဖြစ်သည်။


သို့သော်လည်း တည်နေရာအတိအကျကိုတော့ သူမရှာနိုင်သေးပေ။


မီရှက ဖိနှိမ့်ခံနေရပြီး မဟာသခင်ရွှမ်ပေ၏ ရိုက်နှက်ခြင်းက်ို ခံနေရသည်။မဟာသခင်ရွှမ်ပေက စိတ်ဝိညာဉ် ဆေးလုံးများစွာ စားသောက်ပြီးနောက် သူ့၏ ခွန်အားများက အလွန်ပြင်းထန်လှသည်။သူက ကြက်သွေးထိုးထားသကဲ့သို့ပင် ဖျတ်လက်တက်ကြွနေ၏။


အဖိုးအိုဆီမှ ပေါက်ကွဲထွက်လာသော စွမ်းအားများက အနားမှာ ရှိသည့် လူအားလုံးကို ထိတ်လန့်အံ့အားသင့်သွားစေသည်။သူက အသက်ကြီးနေပြီဖြစ်သော်လည်း သူ့၏ ခန္ဓာကိုယ်က ဖျက်လတ် လန်းဆန်းနေဆဲဖြစ်ပြီး လုံးဝ အားမနည်းပေ။


မီရှက မဟာသခင်ရွှမ်ပေ၏တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ထားသည်။သူ့၏ ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများက ပွင့်ထွက်နေပြီး သွေးများက နေရာအနှံ့သို့စီးဆင်းနေသည်။သူ့မျက်ဝန်းများကလည်း နီရဲနေကာ နှုတ်ခမ်းထောင့်များကလည်း သွေးများစီးကျနေသည်။


မဟာသခင်ရွှမ်ပေက မျက်မှောင်ကြုတ်၍ မီရှကို ကြည့်လိုက်သည်။ထို့နောက် သူ မြေပြင်ပေါ်သို့ အသာလေး ထောက်ကန်လိုက်၏ သူ့၏ခန္ဓာကိုယ်က ပို၍ မြင့်မြင့်မြှောက်တက်သွားပြီးနောက် ခွန်အားများကလည်း အရင်နှင့်ယှဉ်လျှင် ပို၍အားကောင်းလာသည်။


နဂါးသွေးနှင့်တူသော စွမ်းအင်များ သူ့ခန္ဓာကိုယ်မှ ထွက်ပော်လာသည်။


ထိုအချိန်၌ ကျောက်ရေပူမွန်းစတားများကလည်း ညွှန်ကြားချက်တစ်ချို့ ရရှိလိုက်ပုံပေါ်သည်။သူတို့က ကျန်ရှိနေသည့်သူများကို စတင် တိုက်ခိုက်လာသည်။


သူတို့က ကျန်နေသည့် သူများကို အသားပြားဖြစ်ရန်ရည်ရွယ်၍ လက်ဝါးဖြင့် ရိုက်ချလာသည်။သို့သော်လည်း ကျန်နေသည့်သူများမှာ အားနည်းသူများမဟုတ်ခေ။သူတို့ကို အလွယ်တကူရိုက်နှက်၍ ရလိမ့်မည်မဟုတ်ပေ။


ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို ကိုင်ထားသော ပုဖန်၏ ခန္ဓာကိုယ်မှလည်း အလွန်အားကောင်းလှသော အော်ရာများ ထွက်ပေါ်လာသည်။


ဝီ....


နောက်ဆုံး၌ ဝှိုက်တီလည်း လှုပ်ရှားလာလေပြီ။သူ့၏ မျက်ဝန်းများက တောက်ပလာပြီး သံချပ်ကာဝတ်စုံပေါ်မှ အလင်းရောင်များစတင်ထွက်ပေါ်လာသည်။သူ့တောင်ပဲတစ်စုံကို ဖြန့်ကားလိုက်ပြီး ပြင်းထန်လှသော အော်ရာများကို စတင် ထုတ်လွင့်နေသည်။


သူ့၏ အမြောက်ဆန်အစီအရင်ကလည်း စတင်အသက်ဝင်လာသည်။ပြင်းထန်လှသော လေပြင်းတစ်ချက်က ထိုဧရိယာတစ်ခွင်ကို ဖြတ်သန်းတိုက်ခိုက်သွားသည်။အမြောက်ဆန်အစီအရင်က ပေါက်ကွဲမှုထွက်ပေါ်လာပြီး ကျောက်ရေပူမွန်းစတားများ၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိမှန်သွားသည်။ပစ်ချက် တစ်ချက်တည်းကပင် ကျောက်ရေပူမွန်းစတား၏ လက်ကို ပျက်စီးသွားစေသည်။


ဘန်း...ဘန်း...ဘန်း....


ဝှိုက်တီက လူသားအမြောက်တစ်ခုအဖြစ်ပြောင်းလဲသွားသကဲ့သို့ပင် တည်ငြိမ်စွာရပ်နေပြီး ထိုကျောက်ရေပူ မွန်းစတားများကို အဆက်မပြတ် ဆက်တိုက်ပစ်ခတ်နေသည်။ဝှိုက်တီ၏ အကြင်နာမဲ့ တိုက်ခိုက်မှုက ထို ကျောက်တုံးများကို ပျက်စီးသွားစေသည်။


ထိုမြင်ကွင်းကြောင့် ကျန်ရှိနေသည့် လူများအားလုံး လေအေးများ ရှုရှိုက်လိုက်မိကြသည်။အထူးသဖြင့် ရုပ်သေးဂိုဏ်းမှ သူများဖြစ်သည်။သူတို့က ထိုရုပ်သေးကို ပထမဦးဆုံးအကြိမ် အလေးအနက်ထားလာကြသည်။ဝှိုက်တီက ထ်ိုမျှထိအင်အားကြီးလိမ့်မည်ဟု မထင်ထားမိပေ။ဝှိုက်တီက သူတို့၏ အလောင်းရုပ်သေးများထက် အင်အားကြီးပုံရသည်။အထူးသဖြင့် ထိုအမြောက်ဆန်အစီအရင်ဖြစ်သည်။


"ဒီအမြောက်ဆန်အစီအရင်ကို ဘယ်လိုလုပ်ပြီး ရုပ်သေးတစ်ရုပ်ပေါ်မှာ ရေးဆွဲထားနိုင်ရတာလဲ...အစီအရင်တွေကို လည်ပတ်ဖို့ စွမ်းအင်တွေက်ို ဘယ်ကရလဲ... ဒါကြီးက တကယ့်ကို ယုတ္တိမရှိဘူး..."


လေပြင်းတစ်ချက်ဖြင့်ပင် ကျောက်ရေပူ မွန်းစတားအမြောက်အများ ဖျက်ဆီးခံလိုက်ရပြီးမြေပြင်ပေါ်၌ ကျောက်တုံးကျောက်စနများပြန့်ကျဲနေလေသည်။


အားလုံးကလည်း အံ့အားသင့်ကြောင်အနေရာမှ ပြန်လည် သတိဝင်လာပြီးနောက် သူတို့၏ စွမ်းအားများကို ထုတ်ဖော်ပြသလာကြသည်။


ထိုလူအားလုံးက ပထမတန်း ဂိုဏ်းများမှ ထူးချွန်သူများဖြစ်သည်။သူတို့ဂိုဏ်းအသီးသီးမှ ပါရမီအကောင်းဆုံး ထူးချွန်ဆုံးသူမဟုတ်သော်လည်း သူတို့ကလည်း အားမနဲကြပေ။


ကျွန်းတစ်ခုလုံး တိုက်ခိုက်သံများဖြင့် တုန်ခါမြည်ဟီးနေသည်။ကျောက်ရေပူများကလည်း အဆက်မပြတ်စီးဆင်းထွက်ပေါ်နေ၏။


မဟာသခင်ရွှမ်ပေ၏ အဆက်မပြတ်တိုက်ခိုက်မှုများကြောင့် မီရှက ပင်လယ်ထဲ ထိုးကျသွားသည်။တိုက်ပွဲက ဒီလိုနဲ့ အဆုံးသတ်သွားလေ၏။


ထို့နောက်...

ကျွန်း၏ အနက်ရှိုင်းဆုံးနေရာမှ အလင်းရောင်တစ်ခုထွက်ပေါ်လာ၏။ထိုအလင်းတန်းက ကောင်းကင်ယံထိ ထိုးတက်သွားပြီးနောက် ကြီးမားလှသည့် သွေးနီရောင်မျှော်စင်၏ ပုံရိပ်တစ်ခုပေါ်လာသည်။


အားလုံး၏ အကြည့်များက မျှော်စင်ပေါ်သို့ကျရောက်သွားသည်။ သူတို့ကကံကောင်းမှုများရှာဖွေရန် လျှို့ဝှက်နယ်မြေထဲဝင်လာခဲ့ခြင်းဖြစ်သောကြောင့် မျက်ဝန်းထဲ၌ စ်ိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေပြီ။


သွေးနီရောင် မျှော်စင်မှ ဆွဲဆောင်မှရှိလှသော အလင်းတန်းများကို ထုတ်လွင့်နေသည်။အားလုံးက မထိန်းချုပ်နိုင်တော့ပဲ ထိုမျှော်စင်ဆီသ်ို့ တိုးဝင်သွားကြသည်။ခဏတွင်းမှာပင် အခိုးအငွေ့များထဲ အားလုံး ဝင်ရောက်ပျောက်ကွယ်သွားလေ၏။


ပုဖန်သက်ပြင်းတစ်ချက်ချလိုက်သည်။


ကျွန်းတစ်ခုလုံး မီးတောက်များ မီးခိုးငွေ့များဖုံးလွှမ်းနေလေ၏သူ့အတွက် နဂါးအရိုးမြက်ကို ရှာဖွေရန်မဖြစ်နိုင်တော့ပေ။ပုဖန်က နဂါးအရိုးမြက်ကိုလည်း သူ့အတွက် ကံကောင်းမည့် အခွင့်အရေးဟူပင် ခေါ်ဆိုရမလိုပင်။


သူ မျက်မှောင်ကြုတ်၍ ကြီးမားလှသည့် သွေးနီရောင်မျှော်စင်ကြီးကို ကြည့်လိုက်သည်။


မည်သည့်အကြောင်းကြောင့်မှန်းမသိပါပဲ ထိုမျှော်စင်ကိုကြည့်လိုက်သည်နှင့် မနှစ်မြို့မှုက်ို ခံစားရလေသည်။သူ ထိုမျှော်စင်အနားသို့ မသွားချင်ပေ။သူထိုမျှော်စင်သို့ မသွားချင်ဟုဆိုသော်လည်း ယခုအချိန်၌ ကျွန်းတစ်ခုလုံးက ပျက်စီးသွားလေရာ နဂါးအရိုးမြက်ကို ရှာချင်လျှင် ထိုမျှော်စင်ရှိရာဆီသို့ သွားရပေမည်။လူတိုင်း၏ လမ်းစဥါအတိုင်း အရှေ့သို့လျှောက်လာခဲ့သည်။


သူ့၏ နောက်မှလိုက်ပါလာသော ဝှိုက်တီ၏ မျက်ဝန်းများကလည်း တဖျတ်ဖျတ်လင်းလက်နေသည်။


ဝေးလံသောနေရာ၌ ကြီးမားလှသည့် အက်ကွဲကြောင်းကြီးတစ်ခုရှိနေသည်။၄င်းက အလွန်ထူးဆန်းနေပြီး ကျောက်ရေပူများပင် ထိုနေရာကို ရှောင်ကွင်းသွားပုံရသည်။မြေပြင်၌ ပြန့်ကျဲနေသော ကျောက်ရေပူများက အပိုင်းနှစ်ပိုင်းကွဲသွားပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ဟလာသည်။


သွေးနီရောင်မျှော်စင်သို့ သွားနေသော လူတိုင်းက ထိုလမ်းကြောင်းအတိုင်းလိုက်ဝင်သွားလေ၏။


ထိုအက်ကွဲကြောင်းထဲမှ လူတိုင်းကို လောဘတကြီးကြည့်နေသည့် အကြည့်တစ်စုံရှိနေသည်ဟု ထင်ရသည်။


.....


အေးစက်လှသော အငွေ့အသက်များထုတ်လွင့်နေသည့် အနက်ရောင်သင်္ဘောကြီးတစ်စင်းက လှိုင်းလုံးများကြားထဲ၌ ခရီးဆက်နေသည်။သင်္ဘော၏ ပတ်ဝန်းကျင်၌ ထူထပ်လှသော မြူခိုးများကာရံထားသောကြောင့် သင်္ဘောကို မမြင်နိုင်ဖြစ်နေလေသည်။


"အမကြီး...ငါ့က်ို လွှတ်ပေးပါ...ငါ့မှာ ဇနီးရှိပါတယ်...ဒါက အမကြီးကို မလိုချင်ဘူးလို့ ပြောတာလည်း မဟုတ်ရပါဘူး...ဖိအားပေးနေလို့ အသုံးမဝင်ဘူးလို့ ပြောတာပါ...တကယ်လို့ အတင်းအကြပ်လုပ်မယ်ဆိုရင် ငါတို့ ဘယ်သူမှ ပျော်ရမှာ မဟုတ်တော့ဘူး..."


ငရဲကမ္ဘာသင်္ဘောထဲတွင် နန်ကုန်းဝူချယ်၏ ဝမ်းနည်းပူဆွေးစွာ အော်မြည်သံသာ ပြည့်နှက်နေသည်။ပြင်းထန်လှသော ဖိအားဖြင့် ကြမ်းပြင်ပေါ် ဖိနှိမ့်ခံထားရပြီး အနည်းငယ်မှပင် လှုပ်ရှားနိုင်ခြင်းမရှိပေ။သူ့၏ ခန္ဓာကိုယ်အစိတ်အပိုင်း၌ လှုပ်ရှား၍ ရသည့်နေရာဟူ၍ ပါးစပ်တစ်ပေါက်သာရှိသည်။


သွယ်လျလှပသော ခြေထောက်တစ်စုံ သူရှေ့၌ ရှိနေသော်လည်း နန်ကုန်းဝူချယ်၌ ထိုအရာများနှင့် ပျော်ပါးလိုသည့် ခံစားချက်မရှိပေ။အမျိုးသမီးက သူ့ရှေ့၌ တည်ငြိမ်စွာ ရပ်နေပြီး မျက်ဝန်းနက်များဖြင့် စူစိုက်ကြည့်နေသည်။သူမ၏ အကြည့်များက သူ့ဆံပင်များကိုပင်ထောင်ထသွားစေသည်။


နန်ကုန်းဝူချယ်၏ မျက်နာအမူအရာက တကယ့်ကို အုံ့မှိုင်းနေပေပြီ။ထိုအမျိုးသမီးဘာလိုချင်နေလဲ သူမသိပေ။သူ့ကို သတ်ချင်သည် (သို့မဟုတ်)အသားပြားလုပ်လိုသည်ဆိုလျှင်လည်း ချက်ချင်းလုပ်လိုက်သင့်သည်။


ထိုအစားသူမက တည်ငြိမ်စွာရပ်၍ သူ့ကိုသာ စိုက်ကြည့်နေလေရာ နန်ကုန်းဝူချယ် အလွန်ပင်ကြောက်ရွံ့နေပေပြီ။


"ငါ့ကိုစိုက်ကြည့်ရုံနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ထင်တာလား ..."


အမျိုးသမီးက မည်သည့်စကားတစ်ခွန်းမှမပြောပဲ နန်ကုန်းဝူချယ်တစ်ယောက်တည်း ပြောနေခြင်းသာဖြစ်သည်။သူကအော်ဟစ်၍ ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်နေပေသည်။ထိုအမျိုးသမီးက ဘာကြောင့်ပေါ်လာပြီး သူ့ကိုဖမ်းထားသည်ကို သူ လုံးဝ မတွေးတတ်ပေ။


သို့သော်လည်း သင်္ဘောအခန်းထဲ၌ အရိုးပုံများရှိနေသည်ကိုတော့ သူရှင်းရှင်းလင်းလင်းသိပေသည်။ထိုအရိုးများက အေးစက်လှသော အော်ရာများကို ထုတ်လွင့်နေပြီး သေဆုံးခြင်းအော်ရာများ လွှမ်းခြုံနေ၏။သူတို့အဆုံးသတ်ကောင်းကောင်းနှင့် တွေ့ဆုံခဲ့ခြင်းမဟုတ်မှန်းတော့ သူသေချာပေသည်။


"ကောင်းပြီ...နင်ဘာပဲလိုချင်ချင် လုပ်တော့..."


နန်ကုန်းဝူချယ်၏ အသံက အက်ကွဲနေသည်။သူနေ့တစ်ဝက်နီးပါးအော်ဟစ်နေသောကြောင့် လည်ချောင်းက နာကျင်နေပေပြီ။နောက်ဆုံးတော့ သူအရှုံးပေးလိုက်ပြီး ထိုနေရာ၌သာ လှဲအိပ်နေလိုက်သည်။


ငရဲကမ္ဘာသင်္ဘောကအရှေ့သို့ ဆက်လက်ရွေ့လျားနေပြီး မည်သည့်နေရာကို ရောက်မည်ကိုလည်း သူမသိပေ။အမျိုးသမီးကလည်း အနည်းငယ်မှပင်လှုပ်ရှားခြင်းမရှိပဲ သူ့ဘေးနားရပ်နေသည်။ ရုတ်တရက် သူမ၏ နှုတ်ခမ်းများပွင့်ဟလာသည်။


"ဒီအော်ရာက ဖီးနစ်ငှက်ဥ အော်ရာ..."


ထိုအမျိူးသမီးက တီးတိုးရေရွတ်လိုက်သည်။ထို့နောက် နန်ကုန်းဝူချယ် အနား ထိုင်ချလိုက်ပြီး သူ့ မျက်နာကို မျှော်လင့်နေသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ထို့နောက် သူမ၏ လျှာဖျားလေးကို ထုတ်လာပြီး နန်ကုန်းဝူချယ်၏ မျက်နာကိုလာ၍ လျက်လေသည်။


"ဟမ်....မင်းဘာလို့အဲ့ဒီလိုတွေလုပ်နေတာလဲ... မင်းဒီလိုမျိုး ကိုယ်ထိလက်ရောက် ဆက်လုပ်မယ်ဆိုရင်...ငါအဲ့ဒီအတွက် တာဝန်ယူခိုင်းလိုက်ရမယ်...မင်းနားမလည်ဘူးလား..."


နန်ကုန်းဝူချယ်၏ မျက်နာပေါ်၌ မျက်ရည်များပင် စီးကျလာသည်။သူမက သူ့ကို လျက်ပြီးနောက် အနက်ရောင်စွမ်းအင်များက နန်ကုန်းဝူချယ်၏ ခန္ဓာကိုယ်ထဲသို့တိုးဝင်သွားသည်။ထိုအမျိုးသမီးက မတ်တပ်ပြန်ရပ်လိုက်ပြီးနောက် သင်္ဘောခန်းတံခါးဆီသို့ လျှောက်သွားလိုက်သည် နှင့် တံခားက ပွင့်ဟသွားလေသည်။


.....


ကျွန်း၏ အောက်၌ ကြီးမားကျယ်ပြန့်သော နေရာတစ်ခုရှိနေသည်။ဒီနေရာက မြင့်မားပြီး ကြီးမားသော သွေးနီရောင်မျှော်စင်တည်ရှိနေသည့် နေရာဖြစ်သည်။ဒီမျှော်စင်က ပုံရိပ်ယောင်တစ်ခုမဟုတ်ပဲ တကယ့်အစစ်အမှန် သွေးနီရောင်မျှော်စင်ဖြစ်သည်။


ပုဖန် ထိုသွေးနီရောင်မျှော်စင်ကိုကြည့်၍ သူ့မျက်နာအမူအရာက မဲမှောင်လာသည်။ထိုသွေးနီရောင်မျှော်စင်၏ အော်ရာများကို သူအရင်က တစ်နေရာရာ၌ ကြုံဖူးပြီး ရင်းနီးကျွမ်းဝင်နေသည်ဟု ခံစားနေရသည်။သို့သော်လည်း မည်သည့်နေရာ၌ တွေ့ခဲ့ဖူးသည်ကို မမှတ်မိတော့ပေ။


သွေးနီရောင်မျှော်စင်မှ ထူးဆန်းလှသော အော်ရာများကို ထုတ်လွင့်နေသည်။မျှော်စင်ပေါ်၌ များပြားလှသော အစင်းကြောင်းများပုံစံငယ်များရှိနေပြီးမျက်စိမလွှဲနိုင်လောက်အောင်လှပသော သွေးနီရောင်အလင်းများ တောက်ပနေသည်။


ပုဖန်မှလွဲ၍ တခြားသူများအားလုံးက သူတို့ကိုယ်သူတို့မထိန်းချုပ်နိုင်ပဲ မျှော်စင်ဆီသို့ တရွေ့ရွေ့ တိုးကပ်သွားနေကြသည်။မျှော်စင်ဆီမှမမြင်နိုင်သော အင်အားတစ်ခုက သူတို့ကို ဆွဲဆောင်နေပုံပေါ်သည်။ ထိုမျှော်စင်က တကယ့်ကို မသင်္ကာစရာကောင်းလှသည်။


ပုဖန်က သူ့အရှေ့မှ လူအုပ်ကြီးကို ကြည့်လိုက်သည်။ထိုသူများကြား၌ အားအနည်းဆုံးသော ဖြစ်သောယန်မိန်ကျီက မျှော်စင်၏ ဆွဲဆောင်မှုကို ခုခံနိုင်ခြင်းမရှိပေ။သူမ၏ ခန္ဓာကိုယ်ကိုပင် လုံးဝ မထိန်းချုပ်နိုင်ပဲ မျှော်စင်ဆီသို့ စတင်လျှောက်လှမ်းနေ၏။


ထိုမျှော်စင်က သွားများဖြဲ၍ သူမကိုကြည့်နေသည်ဟု ထင်ရသည်။သူမမျှော်စင်နားသို့ ရောက်သည်နှင် ချက်ချင်းပင် မြိုချခံလိုက်ရမည်ဟု ထင်မှတ်နေမိ၏။


ပုဖန်က သူမနှင့် ရင်းနီးပေသည်။သူမကို ဒီအတိုင်း သေခိုင်း၍ သင့်ပါ့မည်လား။


ပုဖန်ခဏမျှ တွန့်ဆုတ်နေပြီးနောက် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူလိုက်သည်။


သူကနှလုံးသားနူညံ့သောလူတစ်ယောက်သာဖြစ်သည်။


ပုဖန် ဒယ်အိုးကို တင်းတင်းဆုပ်ကိုင်ပြီး အစစ်အမှန်စွမ်းအင်များအားလုံးကို စီးဆင်းစေလိုက်သည်။ထို့နောက် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ပြီး သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။သူအသက်ပြင်းပြင်းတစ်ချက်ရှ်ိုက်လိုက်ပြီးနောက် သူမရှိသမျှ အားအကုန်ဖြင့် ဒယ်အိုးကို လွှဲပစ်လိုက်သည်။


သွား...


မဟူရာလိပ်ခုံးဒယ်အိုးက လေကိုခွင်း၍ ကြီးမားလှသည့် မျှော်စင်ရှိရာဆီ ပျံသန်းသွားလေသည်။လေထဲ၌ ဒယ်အိုး၏ အရွယ်အစားက တဖြေးဖြေးကြီးမားကြီးမားလာပြီး တောင်အသေးတစ်လုံးစာအရွယ်အစားဖြစ်လာသည်။မဟူရာလိပ်ခုံးဒယ်အိုးနှင့် သွေးနီရောင်မျှော်စင်တို့ ထိပ်တိုက် တိုက်မိသွားလေသည်။


ဘန်း...


မဟူရာလိပ်ခုံးဒယ်အိုးက မျှော်စင်ကို ထုချေလိုက်သောအခါ၌ ကျယ်လောင်လှသော တုန်ခါသံ ထွက်ပေါ်လာသည်။မြေပြင်က သိမ့်သိမ့်တုန်ခါသွားပြီး ကျောက်ရေပူများလည်း ပွက်ပွက်ထသွားသည်။


"သေစမ်း...ဘယ်ကကောင်က ငါ့ရဲ့အစီအစဉ်ကို လာဖျက်ဆီးတာလဲ...သေဖို့ပြင်ပေတော့..."


ဒေါသများဖုံးလွှမ်းနေသည့် အသံတစ်ခုထွက်ပေါ်လာသည်။ထို့နောက် တစ်ကိုယ်လုံး သွေးများ ဖုံးလွှမ်းနေသည့် လူတစ်ယောက် မျှော်စင်၏ ထိပ်၌ ပေါ်လာလေသည်။သူ့၏ ခန္ဓာကိုယ်မှ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသော အော်ရာများ ထုတ်လွင့်နေသည်။


သူ့၏ အကြည့်များကလည်း ရေခဲတမျှ အေးစက်နေ၏။ထိုသူက သတ်ဖြတ်ခြင်းအငွေ့အသက်များ တောက်ပနေသည့် အကြည့်ဖြင့် ပုဖန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


မဟူရာလိပ်ခုံးဒယ်အိုးက ပုဖန်ဆီသို့ ပြန်ရောက်လာသည်။


ထိုတိုက်ခိုက်မှု တစ်ခုကပင် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်တစ်ဝက်လောက် သုံးစွဲလောက်ရ၏။စနစ်၏ သိုလှောင်နယ်မြေထဲမှ ကမာနှလုံးသားပန်ကိတ်တစ်ခုကို ထုတ်ယူလိုက်ရပြီး သူ့၏ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းလိုက်သည်။


ထိပ်တိုက်တွေ့ဆုံရာမှ ထွက်ပေါ်လာသော နားကွဲလောက်ဖွယ် အသံကျယ်များကြောင့် ဆွဲဆောင်မှုခံရသူများအားလုံး သူတို့၏ အာရုံများပြန်ရလာသည်။သူတို့၏ ခန္ဓာကိုယ်များတုန်ယင်နေပြီး ချွေးအေးများထွက်လာလေသည်။


အထူးသဖြင့် ယန်မိန်ကျီဖြစ်သည်။သူမက ကျောက်ရေပူအက်ကွဲကြောင်းထဲသို့ လျှောက်သွားနေပြီ ဖြစ်သည်။သူမမျက်လုံးဖွင့်လိုက်သည်နှင့် တစ်ကိုယ်လုံး ချွေးများနစ်သွားလေသည်။


ထွားထွားကြိုင်းကြိုင်းအမျိုးသမီးတစ်ယောက်ဖြစ်သော်လည်း စတင်၍ ငိုကြွေးလေတော့သည်။မျက်ရည်များက ရပ်တန်မည့် အခြေအနေပင်မရှိပဲ အဆက်မပြတ်ကျဆင်းနေသည်။သူမတကယ်ကို ကြောက်ရွံ့ထိတ်လန့်နေမိ၏။


တိမ်သုံးစ အဂ္ဂိရတ်ပညာရှင် မဟာသခင်ရွှမ်ပေကလည်း သူ့၏ အစစ်အမှန်စွမ်းအင်များကို မြင့်တင်လိုက်ပြီး ယန်မိန်ကျီကို သူ့ဘေးနားသို့ ပြန်ဆွဲခေါ်လိုက်သည်။


သူ့မျက်ဝန်းထဲ၌လည်း ကြောက်ရွံ့မှုများပြည့်နှက်နေသည်။သူသည်လည်း ထိုစွမ်းအားများ၏ ဆွဲဆောင်မှုကိုခံလိုက်ရသည်။အကယ်၍ ပုဖန်၏။ တိုက်ခိုက်မှုကြောင့်သာမဟုတ်လျှင် သူတို့အားလုံး သေရပေလိမ့်မည်။


"အဲ့ဒါက ရှုရမျှော်စင်မဟုတ်ဘူးလား...ရှေးဟောင်းရှုရမြို့တော်ရဲ့ နတ်ဘုရားလက်နက်ပစ္စည်းလေ...အဲ့ဒီမျှော်စင်က ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ဘူးလား ...အဲ့ဒီ နတ် ဘုရားလက်နက်ရဲ့ အစိတ်အပိုင်စတွေကလည်း နဂါးမြို့ဟောင်းတိုက်ကြီးတစ်ခွင် ပြန့်ကျဲသွားတယ်မဟုတ်ဘူးလား..."


မဟာသခင်ရွှမ်ပေက ထိတ်လန့်အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်သည်။ရှေးဟောင်းရှုရမြို့တော်မှ ပညာရှင်များ လျှို့ဝှက်နယ်မြေထဲ၌ ပေါ်လာခြင်းက အံအားသင့်စရာမဟုတ်တော့ပေ။လျှ်ို့ဝှက်နယ်မြေထဲ၌ ထိုရှုရမျှော်စင် ရှိနေကြောင်း မည်သူမှ သတိမပြုမိခဲ့ပေ။


သွေးများဖုံးလွှမ်းနေသည့်လူက မျှော်စင်၏ဘေး၌ မျောလွင့်နေသည်။သူ့၏ ပတ်ပတ်လည်၌လည်း သွေးများက အဆက်မပြတ် ဆက်လက်စီးဆင်းနေသည်။ထိုသူ၏။အေးစက်လှသောမျက်ဝန်းများက ကမာနှလုံးသားပန်ကိတ်ကို စားနေသောပုဖန်ကိုသာ မလွှဲတမ်းစိုက်ကြည့်နေ၏။


"ငါ အောင်မြင်ခါနီးပြီ ...ငါရှုရမျှော်စင်ကို နှိုးထနေတာ အောင်မြင်ခါနီးနေပြီ..."


သွေးလွှမ်းနေသော ထိုလူက ဒေါသတကြီးအော်ဟစ်လိုက်သည်။ထို့ကြောင့်ပင် အခြားသူများထက် ပုဖန်ကို ပို၍ သတ်ဖြတ်ချင် နေခြင်းဖြစ်သည်။ပုဖန် ဝင်ရောက်နှောင့်ယှက်ခြင်းကြောင့်သာမဟုတ်လျှင် သူ့အစီအစဉ်ဖြင့် အားလုံးသေဆုံးသွားပေလိမ့်မည်။


သူ ကျယ်လောင်စွာအော်ဟစ်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော သွေးများက စတင်ဆူပွက်လာသည်။ထိုသွေးများက သွေးနီရောင်မြွေနဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ပုဖန်ဆီသို တိုးဝင်လာလေသည်။