အပိုင်း ၄၆၁
Viewers 53k

အခန်း ၄၆၁

ရုတ်တရက်သတ်ဖြတ်မှု...


သူမြင်လိုက်ရသောမြင်ကွင်းကြောင့် မီရှအံ့အားသင့်သွားသည်။ထိုလူများက နတ်ဘုရားနယ်ပယ် ပညာရှင်များဖြစ်သည်။


သို့သော် သူတို့ဘာလုပ်နေကြပါသနည်း။


သူတို့အားလုံးက ထောင့်တစ်နေရာဆီ၌ ထိုင်ပြီး ဘယ်ဘက်က စွပ်ပြုတ်ပန်းကန်လုံးကိုကိုင် ညာဘက်က ပေါင်မုန့်တစ်ချပ်ကိုကိုင်၍ ဆူညံစွာ စားသောက်နေကြသည်။


သူတို့ရဲ့ သိက္ခာတွေ ဘယ်ရောက်ကုန်တာလဲ...နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်တွေရဲ့ ဂုဏ်သိက္ခာတွေက ဘယ်မှာလဲ...သူတို့က အသားကို ဆူဆူညံညံ ဝါးနေတယ်...သူတို့ရဲ့ သိက္ခာလေးကို နည်းနည်းတောင် မထိန်းနိုင်တော့ဘူးလား....


မီရှ၏ ခန္ဓာကိုယ်က မြင်လိုက်ရသော မြင်ကွင်းကြောင့် ကြောင်အမှင်သက်နေမိသော်လည်း သူ့၏ သွေးထဲရှိ သွေးလွှမ်းလူသား၏ သတ်ဖြတ်ခြင်း အငွေ့အသက်များက မြင့်တက်နေသလို သူ့နောက်ကျောရှိ သံကြိုးသံချောင်းကလည်း လေ၌ ဝဲပျံနေသည်။


ထိုသူများ သေရမည်။


သူ့၏ စိတ်ကို သက်ရောက်နေသောသတ်ဖြတ်ခြင်းအငွေ့အသက်များက ပို၍ အားကောင်းလာပြီး သူ့ခန္ဓာကိုယ်ကိုပါ ယူဆောင်သွားလေသည်။သူ့၏ မျက်ဝန်းထဲ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ သိပ်သည်းလာပြီး ကြည့်လိုက်သူကိုပင် ကြောက်ရွံ့ထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိလေသည်။


နန်ကုန်းရွှမ်ဟယ်က ထိုသူများလို မစားသောက်နေပေ။အဘယ့်ကြောင့်ဆိုသော် သူ့၌ မျက်နာပြစရာမရှိပေ။သူက ပုဖန်ကို တစ်ကြိမ်ထက်မက သတ်ရန်ကြိုးစားခဲ့သည်။ထို့ကြောင့် ဘယ်လိုမျက်နာမျိုးနှင့် သူ့၏ သိုးသားစွပ်ပြုတ်ကို သွားစားရပါမည်နည်း။


သို့သော်လည်း ရိုးသားစွာ ဝန်ခံရလျှင် ထိုမွှေးပျံ့သည့် သိုးသားစွပ်ပြုတ်ရနံ့က သူ့၏ စားချင်စိတ်များကို အတင်းအဓမ္မဆွဲဆောင်နေသည်။တစ်ခြားသူများက မြေပေါ်မှာထိုင်၍ စားနေကြချိန်၌ သူက ကျောက်တိုင်ကဲ့သို့ ရပ်နေရပေသည်။


လူများကြား၌ သူက ထင်းထွက်နေပြီး အနည်းငယ် ကသိကအောင့်ဖြင့် ရှက်ရွံ့ဖွယ်ဖြစ်နေသည်။ထို့ကြောင့် မီရှကို မြင်လိုက်သည့်အခါ၌ သူ့၏ မျက်ဝန်းများ တောက်ပသွားကာ စိတ်လှုပ်ရှားမှုများ ထွက်ပေါ်လာသည်။


"အကိုကြီး မီရှ ...နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီ..."


နန်ကုန်းရွှမ်ဟယ်က မီရှ၏ လက်ရှ်ိအခြေအနေကို သတိမပြုမိပဲ ပုံမှန်အတိုင်း နွေးထွေးစွာပင် သူ့ဆီသို့ ပြေးသွားလိုက်သည်။နောက်ဆုံး၌ သူ့နှင့် အသိအကျွမ်းမဟာမိတ်တစ်ဦးကို တွေ့ရှိရပေပြီ။မီရှက သူ့ဆီအပြေးလာနေသော နန်ကုန်းရွှမ်ဟယ်ကို မျက်နာသေဖြင့် ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးကျင်းလိုက်သည်။


"ဒီလူက ငတုံးကောင်လား..."


မီရှက ထိုသူများအားလုံးကို သတ်ရန်လာခြင်းဖြစ်သည်။သူတို့နှင့် စကားကောင်းကောင်းပြောရန်လာခြင်းမဟုတ်ပေ။မီရှက နီးကပ်လာသော နန်ကုန်းရွှမ်ဟယ်ထံသို့ အညှာအတာမဲ့စွာဖြင့် လက်ဝှေ့ယမ်းလိုက်သည်။


သူ့၏ နောက်မှ သံကြိုးသုံးချောင်းကလည်း လေထဲ၌ ပြင်းထန်စွာ လှုပ်ရမ်းနေပြီးဆူညံစွာ သံများထွက်ပေိါနေသည်။သူ့ခန္ဓာကိုယ်မှ အစစ်အမှန်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ကြီးမားလှသော သွေးနီရောင် လက်ဖဝါးအဖြစ်သို့ ပြောင်းလဲသွားသည်။သူက နန်ကုန်းရွှမ်ဟယ်ကို ရိုက်ချရန်ရည်ရွယ်လိုက်သည်။ထိုချိန်၌ နန်ကုန်းရွှမ်ဟယ်၏ တက်ကြွနေသော အမူအရာက ပျောက်ကွယ်သွားသည်။


"မင်းက ငါ့ကို သတ်ချင်နေတာလား..."


သွေးနီရောင်လက်ဖဝါးမှ ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်ကို ခံစားမိလိုက်ပြီး နန်ကုန်းရွှမ်ဟယ်၏ မျက်နာအမူအရာက မှောင်မဲသွားသည်။သူ အော်ဟစ်လိုက်ပြီးနောက် ပြေးသွားနေခြင်းကို ရပ်တန့်လိုက်သည်။ထို့နောက် တိုက်ခိုက်မှုကို ရှောင်ရန်ကြိုးစားလိုက်၏။


ဖြောင်း....


သို့သော်လည်း သူ့၏ တုံ့ပြန်မှုက အရမ်းနောက်ကျနေခြင်း မဟုတ်လျှင် မီရှ၏ လှုပ်ရှားမှုက အရမ်းမြန်နေလေသည်။သူ ရှောင်ရန် ကြိုးစားလိုက်သော်လည်း တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ကို တည့်တည့်ကြီး ကျရောက်လာလေသည်။နန်ကုန်းရွှမ်ဟယ်က အဆက်မပြတ် သွေးချောင်းဆိုးလိုက်သည်။ထိုအချိန်၌ သူ့၏ ခန္ဓာကိုယ်မှ သွေးမြူများ စတင်ထွက်ပေါ်လာသည်။


သွေးမြူများရပ်တန့်သွားသောအခါ၌ လေထဲဝဲပျံနေသောသူ့၏ ခန္ဓာကိုယ်က အသားပုပ်များအဖြစ်ပြောင်းလဲသွားပြီး အဝေးတစ်နေရာသို့ ကျသွားလေသည်။


မီရှ၏ မျက်ဝန်းများက သတ်ဖြတ်ခြင်းအငွေ့အသတ်များဖြင့် တောက်ပနေသည်။သူ့၏ အကြည့်များက တခြား သိုင်းပညာရှငိများဆီသို့ ကျရောက်သွားသည်။သူက ဒီကို သတ်ဖြတ်ရန်လာခြင်းဖြစ်သည်။


ဝေါ...


မြောက်များလှစွာသော ကျောက်ရေပူသားရဲများကလည်း မီရှ၏နောက်မှ ရှေ့သို့ တွားသွားတက်လာသည်။သားရဲများက များပြားပြီး တစ်ဦးချင်းစီကလည်း အစွမ်းထက်သည်။မည်သည့်သားရဲကမှ နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များထက် အားမနည်းပေ။


နတ်ဘုရားနယ်ပယ်ပညာရှင်များက ထိုသားရဲများကြောင့် ထိတ်လန့်သွားကြသည်။သူတို့လက်ထဲမှ သိုးသားစွပ်ပြုတ်ကို အလျှင်အမြန် ချလိုက်ပြီး ပါးစပ်ကိုသုပ်ကာ မတ်တပ်ထရပ်လိုက်သည်။


ပုဖန်က သူ့၏ မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ယူထားလိုက်ပြီး လေးနက်သောမျက်နာအမူအရာဖြင့် မီရှကိုကြည့်လိုက်သည်။မီရှ၏ ခန္ဓာကိုယ်က သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့် တောက်ပနေပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များ ရေခဲတမျှ အေးစက်နေသည်။


"ရှေးဟောင်းရှုရမြို့တော်က မီရှ...မင်းဘာလုပ်ချင်နေတာလဲ...မင်းက ဒီကျွန်းပေါ်က မွန်းစတားတွေနဲ့ ပေါင်းပြီး ငါတို့ကို လာတိုက်ခိုက်တာလား..."


မဟာဂိုဏ်းမှ ရဲ့ချန်က အေးစက်စွာ မေးလိုက်ပြီး သူ့နောက်ကျောမှ ကျောက်ဓားကို ဆွဲထုတ်ယူလိုက်သည်။ထို ကျောက်ဓားက ဓားသွားမရှိသော်လည်း အလွန်အန္တရာယ်များလှသော အော်ရာများကို ထုတ်လွင့်နေဆဲဖြစ်သည်။


မဟာဂိုဏ်းမှ ရဲ့ချန်ကလည်း ကောင်းကင်ဘုံ အမွေခံဆယ်ပါးထဲမှ တစ်ဦးဖြစ်ပြီး သူ့၏ ကျင့်ကြံမှု စွမ်းအင်အဆင့်က အားကောင်းလှသည်။


ရုပ်သေးဂိုဏ်းမှသူကလည်း မီရှကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်ပြီးနောက် သူတို့ကျော၌ လွယ်ထားသော သေတ္တာများကို မြေပြင်ပေါ်သို့ ချလိုက်သည်။ကျယ်လောင်လှသော အသံတစ်ချက်နှင့်အတူ သေတ္တာထဲမှ အနက်ရောင်အော်ရာများ လွင့်ထွက်လာသည်။ထို့နောက် ပုံရိပ်နှစ်ရိပ်ထွက်ပေါ်လာပြီး သားရဲကောင်ကဲ့သို့ နားကွဲလောက်ဖွယ်အသံဖြင့် ဟိန်းဟောက်လိုက်၏။


ထိုပုံရိပ်က ရုပ်သေးဂိုဏ်းမှ အလောင်းရုပ်သေးများဖြစ်သည်။နတ်ဘုရားနယ်ပယ်ပညာရှင်၏ အလောင်းကို ပြန်လည်သန့်စင်ထားသော အလောင်းရုပ်သေးဖြစ်သည်။


ထိုရုပ်သေးများ၏ ပုံပန်းက အလွန် ကြောက်စရာကောင်းပြီး သူတို့၏ မျက်နာကိုလည်း ရှင်းလင်းစွာ မမြင်ရပေ။သူတို့၏ ပါးစပ်ထဲ၌ အစွယ်များဖြင့် ပြည့်နေပြီး အနက်ရောင်အော်ရာများ စိမ့်ထွက်နေသည်။


ရုပ်သေးအလောင်းများက ဒေါသတကြီးဖြင့် မီရှဆီသို့ တိုးဝင်သွားသည်။အလောင်းရုပ်သေးများအားလုံးက ဒေါသကြီးကြပြီး သတ်ဖြတ်ရခြင်း နှင့် အကြမ်းဖက်ခြင်းကို ကြိုက်နှစ်သက်သည်။


မီရှက သူ့ဆီချဉ်းကပ်လာသော ရုပ်သေးများကိုကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။ထို့နောက် သူ့၏ ခြေဖဝါးဖြင့် မြေပြင်ကို အသာလေးထိကန်လ်ိုက်ပြီး လေထဲ၌ ဂုဏ်ယူဝင့်ကြွားစွာရပ်လိုက်သည်။


နောက်ခဏ၌ မီရှ၏ ခန္ဓာကိုယ်က ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲ ပျောက်ကွယ်သွားလေသည်။ထို့နောက်သူက အလောင်းရုပ်သေးနှစ်ခု၏ ရှေ့၌ ပြန်ပေါ်လာသည်။


ဘန်း...


သူ့၏ လက်သီးကိုလွှဲယမ်းပြီး ရုပ်သေးက်ို တိုက်ရိုက်ထိုးချလိုက်ရာ ထိုအလောင်းရုပ်သေးက လွင့်ထွက်သွားပြီးတောင်ကုန်းနှင့် ပြင်းထန်စွာ စောင့်မိသွားလေသည်။


သူက အဆင့် ၃ဆင့် ချိုးဖျက်ထားပြီးသော မသေမျိုးခန္ဓာအဆင့်ဖြစ်သည်။ထိုနတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်များထဲ၌ သူနှင့်ရင်ဆိုင်နိုင်သူ မရှိပေ။


လေမိုးကြိုးဂိုဏ်းမှ ရှောင်ချမ်းယွင်ပင်လျှင် သူနှင့် ရင်မဆိုင်နိုင်ရာ တခြားသူများဆိုလျှင် သူကို့လုံးဝမယှဉ်နိုင်တော့ပေ။ကျောက်ရေပူ သားရဲများကလည်း ပညာရှင်များထံသို့ တိုးဝင်သွားပြီးနောက် သူ့တို့ကို စတင်တိုက်ခိုက်ကြလေသည်။


မီရှနှင့် ကျောက်ရေပူ မွန်းစတားများ ထွက်ပေါ်လာခြင်းက အလွန်ရုတ်တရက်ဆန်သောကြောင့် တစ်ချို့က ကြောင်အနေတုန်းဖြစ်ပြီး တုံ့ပြန်ရန် နှောင့်နှေးနေကြသည်။


သိုင်းပညာရှင်များအနေဖြင့် ကံကောင်းသည့် အခွင့်အလမ်းများရရန်အတွက် လျှို့ဝှက်နယ်မြေသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။သူတို့ဒီလို အကျပ်တည်းနှင့် ကြုံရလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။


ပုဖန်က လျှင်မြန်စွာ ရှောင်တိမ်းထားလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ဒီတစ်ကြိမ်၌ သူက မဟူရာလိပ်ခုံးဒယ်အိုးကို မသုံးတော့ပဲ ကြီးမားလှသည့် ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကိုသူ ထုတ်လိုကိသည်။


ကျောက်ရေပူ မွန်းစတား တစ်ကောင်က ပုဖန်ဆီသို့ အလျှင်စလို တိုးဝင်လာခဲ့သည်။ပုဖန်က ဒီတစ်ကြိမ်၌ ဝှိုက်တီ (သို့မဟုတ်) ပုစွန်ပိစိကို ကူညီခွင့်မပေးတော့ပဲ သူကိုယ်တိုင်ပင် ရင်ဆိုင်လိုက်သည်။


ပုဖန်က ရွှေနဂါးအရိုး မီးဖိုချောင်သုံးဓားကို လွှဲမြှောက်လိုက်ပြီး သူ့နားသို့ ကပ်လာသော မွန်းစတားကို ရင်ဆိုင်လိုက်သည်။သူက ဓားစက်ဆယ့်သုံး အရှင်သခင်နည်းလမ်းကို အသုံးပြုလို့ရမည့် အခွင့်အရေးကို လိုချင်နေခြင်းဖြစ်သည်။


တိုက်ပွဲက ပြင်းထန်ပြီး ခါးသီးလှ၏။အချိန်ခဏအတွင်းမှာပင် နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်တစ်ဦး အသတ်ခံလိုက်ရသည်။ထိုကျောက်ရေပူ မွန်းစတားက သူ့၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲ ပစ်လိုက်သည်။သွေးများက ပြန့်ကျဲသွားပြီး မြေပြင်ထဲသို့ စိမ့်ဝင်သွားလေသည်။


တစ်ချို့ ကျောက်ရေပူမွန်းစတားများကလည်း ပညာရှင်များ၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။ကျောက်တုံးများအဖြစ် တစ်စစီပြိုကွဲသွားပြီးနောက် မြေပြင်ပေါ်၌ ပြန့်ကျဲနေလေသည်။


သို့သော်လည်း ကျောက်ရေပူမွန်းစတားများက များလွန်းလှသောကြောင့် ထိုမျှဆုံးရှုံးမှုကို သူတို့က အရေးမစိုက်ပေ။


ထိုအချိန်၌ သိုင်းပညာရှင်များ၏ ဘက်တွင်မူ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။မည်သူမှ ဒီစားကောင်းသောက်ဖွယ်ရှိသည့် ကျွန်းကို အန္တရာယ်ရှိသည်ဟု မထင်ထားခဲ့မိပေ။


သို့သော်လည်း အေးချမ်းနေသောကျွန်းက ငရဲတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ထိုအခြေအနေကြောင့် သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။ပညာရှင်များစွာသေဆုံးသွားခဲ့ပြီး သူတို့၏ သွေးများက အမည်မသိ နေရာဆီမှ စုပ်ယူခြင်းကို ခံလိုက်ရသည်။


နတ်ဘုရားနယ်ပယ်ပညာရှင်အချို့ကလည်း ထိုအဖြစ်ကို သတိပြုမိသွားကြပြီး ပို၍ပင် ထိတ်လန့်ကြောက်ရွံ့လာခဲ့ကြသည်။သူတို့ ကြောက်ရွံ့မှုဖြင့် အော်ဟစ်လိုက်ကြ၏။သူတို့ဒီနေရာ၌ မသေချင်သေးပေ။


တစ်ချို့သူများကလည်း ဒီကျွန်းမှနေ၍ လွတ်မြောက်နိုင်ရန် ကြိုးစားကြသည်။သူတို့၏ အသက်နှင့် ကံကောင်းမှုများကြား ရွေးချယ်ခိုင်းမည်ဆိုလျှင် သေချာပေါက် သူတို့၏ အသက်ကိုသာ ရွေးချယ်ပေလိမ့်မည်။သူတို့သူ အသက်မရှိတော့လျှင် ကံကောင်းမှုများက အသုံးမဝင်နိုင်ပေ။


"ထွက်ပြေးချင်နေတာလား...ဟား...ဟား..."


မီရှက အေးစက်စွာရယ်မောလိုက်သည်။သူ့၏ အစစ်အမှန်စွမ်းအင်များက သွေးနီရောင် လှံတစ်ချောင်းအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့လက်ထဲ၌ဗပ်ါလာသည်။ထိုလှံ၏ ထိပ်ဖျားက အလွန်ထက်မြေ့ စူးရှလှ၏။


မီရှက လှံရှည်ကို ပစ်ခွင်းလိုက်ရာ ပတ်ဝန်းကျင်၌ လေထုဆုတ်ဖြဲသွားသံမျိုးပင်ထွက်ပေါ်လာသည်။ထိုလှံရှည်က အလွန်လျှင်မြန်လှသော အရှိန်ဖြင့် လေထုကို ထိုးဖောက်သွားသည်။


ဖောက်ခနဲ မြည်သံကျယ်တစ်ချက်နှင့်အတူ လွတ်မြောက်ရန်ကြိုးစားနေသော နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။ထိုသူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး သွေးမြူများအဖြစ် ပြောင်းလဲသွားသည်။


ထိုသွေးမြူများက မြေပြင်ပေါ် ပြန့်ကျဲမသွားပဲ ပုံသဏ္ဍန်မရှိသော စွမ်းအားတစ်ခု၏ ထိန်းချုပ်ခြင်းကို ခံလိုက်ရသလိုမျိုး ကျွန်းအလယ်သို့ ပျံသန်းသွားလေသည်။ထိုမြင်ကွင်းကို မြင်လိုက်ရသော ပညာရှင်များက ရူးသွပ်လုနီးပါးပင်ဖြစ်သွားကြသည်။


ကြောက်မက်ဖွယ်ကောင်းလှသော သွေးစုပ်မကောင်းဆိုးဝါးတစ်ကောင် ကျွန်းအလယ်၌ ပုန်းအောင်းနေပုံရသည်။ထိုသွေးစုပ်မကောင်းဆိုးဝါးက မည်သည့်အမျိုးအစားဆိုသည်ကိုလည်း သူတို့မသိကြပေ။


ထိုသို့မသိရသော အရာများက ကြောက်စရာအကောင်းဆုံးပင်ဖြစ်သည်။


ကျောက်ရေပူမွန်းစတားများက စတင်၍ ဟိန်းဟောက်လိုက်သည်။သူတို့၏ ပါးစပ်ထဲမှ အနီရောင်ကျောက်တုံးများထွက်ပေါ်လာပြီး အဆက်မပြတ် ပစ်လွှတ်ကြတော့သည်။


များပြားလှသောကျောက်တုံးများဖြင့် အဆက်မပြတ်ပစ်လွတ်နေသောကြောင့် နတ်ဘုရားနယ်ပယ်ပညာရှင်များအနေဖြင့် ရှောင်တိမ်းရန်နေရာပင် မရှိတော့ပေ။သိုင်းပညာရှင် အမြောက်အများ ထိုကျောက်တုံးများ၏ ထုချေခြင်းကို ခံလိုက်ရသည်။


ဆင့်ကဲ ပေါက်ကွဲမှုများဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်၌ သွေးမြူ ပုံသဏ္ဍာန်တစ်ခုဖြစ်တည်လာ၏။သွေးမြူများက လေထဲ၌ သွေးနီရောင်တိမ်တိုက်တစ်ခု ပုံစံ ဖြစ်တည်နေပြီးနောက် တစ်စုံတစ်ရာ၏ ဆွဲငင်စုပ်ယူခြင်းကို ခံလိုက်ရသည်။


ထိခိုက်သေဆုံးသည့် အရေအတွက်မှာ အတော်လေးများလွန်းလှ၏။ခဏလေးအတွင်းမှာပင် နတ်ဘုရားနယ်ပယ်ပညာရှင်အားလုံးနီးပါး ဒီစားကောင်းသောက်ဖွယ်ကျွန်းပေါ်၌ သေဆုံးသွားလေပြီ။


သူတို့ကြားထဲမှ အစစ်အမှန် ထူးချွန်သူများသာ ကျန်နေခဲ့သည်။သို့သော်လည်း သူတို့၏ လက်ရှိအခြေအနေကလည်း တော်တော်လေးကို ဆိုးရွားနေပေသည်။


မဟာဂ်ိုဏ်းမှ ရဲ့ချန်က ပထမဦးဆုံးအကြိမ်ဖြင့် ဒီလိုဆိုးရွားသည့် အခြေအနေမျိုးကို ကြုံဖူးခြင်းဖြစ်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် စိုရွှဲနေပြီး သူ့လက်ထဲမှ ကိုင်ထားသော ကျောက်ဓားကလည်း တုန်ယင်နေသည်။


ရှောင်ချမ်းယွင်ကလည်း ယခင်ကကဲ့သို့ သေသပ်တင့်တယ်သည့် ပုံရှိမနေတော့ပေ။သူ့၏ အသက်ရှုသံများက ပြင်းထန်နေကာ သူ့မျက်နာက လူသေတစ်ယောက်ကဲ့သို့ ဖြူဖျော့နေပေပြီ။


ရုပ်သေးဂိုဏ်းမှ ပညာရှင်နှစ်ဦး၏ ဘေးပတ်ဝန်းကျင်၌လည်း သတ္တုအပိုင်းအစများ ပြန့်ကျဲနေသည်။ထိုအရာများက သတ္တုရုပ်သေး၏ အပိုင်းအစများဖြစ်သည်။တိုက်ပွဲအတွင်း၌ သူတို့၏ ရုပ်သေးများအားလုံး နီးပါးပျက်စီးသွားပြီး အလောင်းရုပ်သေး တစ်ရုပ်တည်းသာလျှင် ကျန်နေခဲ့သည်။


ထိုအလောင်းရုပ်သေး၏ အခြေအနေကလည်း မကောင်းလှပေ။ခန္ဓာကိုယ်တစ်ဝက်က ပျက်စီးသွားပြီး တစ်ဝက်တည်းသာလျှင် ကျန်နေရစ် ခဲ့သည်။ကြည့်ရသည်မှာ သူတို့ မလွတ်မြောက်နိုင်မည့်ပုံ ပေါ်သည်။


ဒီနေရာက ထောင်ချောက်တစ်ခုဖြစ်သည်။သူတို့အားလုံးကို ထောင်ချောက်ဆင်၍ သတ်ဖြတ်မည့် နေရာတစ်ခုဖြစ်သည်။


ရှောင်ချမ်းယွင်နှင့် တခြားသူများကလည်း အရူးများမဟုတ်ပေ။ဒီနေရာက မီရြှပုလုပ်ထားသော ထောင်ချောက်တစ်ခုဖြစ်နိုင်ကြောင်း သူတို့ နားလည်ထားခဲ့ပြီဖြစ်သည်။ သူတို့ မိုင်သောင်းချီ၍ ခရီးနှင်ကာ မြူကောင်းကင်မြို့သို့ အလျှင်စလိုလာခဲ့ခြင်းက အံ့သြစရာမဟုတ်တော့ပေ။ဒီလူက တကယ့်ကို သေသင့်ပေသည်။


မဟာသခင်ရွှမ်ပေ၏ အကြည့်များကမူ အလွန်တည်ငြိမ်နေသည်။သူ့၏ ကာကွယ်မှုအောက်တွင်ရှိနေသောယန်မိန်ကျီကလည်း လုံခြုံနေလေ၏မည်သို့ပင်ဆိုစေ သူက တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သည်။


ထို့ကြောင့် သူ့၏ အဆင့်က အဆင့် ၃ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့်နှင့်ပင် တူညီနေသည်။


ပုဖန်က ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လွှဲယမ်း၍ ကျောက်ရေပူ မွန်းစတား၏ခေါင်းကို ခုတ်ချလိုက်သည်။ကြီးမားလှသော ခေါင်းကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက် ကျောက်ရေပူများ ပေါက်ကွဲထွက်လာကာအငွေ့များ လွင့်ပျံတက်လာသည်။


ပုဖန်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားသည်။နောက်ဆုံး၌ ဓားစက်ဆယ့်သုံး အရှင်သခင် နည်းလမ်းကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သွားပြီ။ယခု သူ့၏ ပထမဦးဆုံး လှုပ်ရှားမှုကိုပင် အသုံးပြု လိုက်နိုင်ပေပြီ။လှုပ်ရှားမှုလေးတစ်ခုမျှသာဖြစ်သော်လည်း နတ်ဘုရားနယ်ပယ်အဆင့် ပညာရှင်၏ တိုက်ခိုက်မှုထက် အားမနည်းပေ။


ထို့အပြင် သူ့၏ လှုပ်ရှားမှုက အလွန်စွမ်းအားကြီးပြီး သားရဲများအပေါ်တွင် အကြီးပကျယ်သက်ရောက်မှုရှိသည်။


"မင်းတို့အများကြီးပဲ လွတ်မြောက်ကျန်နေတာပဲ...ဒါပေမယ့် မင်းတို့အားလုံး သေရမယ်..."


မီရှက ထိုသို့ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ကျောက်သားရဲများအားလုံးက စူးရှ ပြင်းထန်သည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။တောင်ကုန်း တစ်ခုလိုကြီးမားလှသော သားရဲများနှင့် ရင်ဆိုင်ရသည့်အခါ၌ ကျွမ်းကျင်ပညာရှင်များ၏ ခန္ဓာကိုယ်က အလွန်ပင်သေးငယ်နေသည်။


မီရှက အေးစက်စွာ ရယ်မောလိုက်သည်။သူ့၏ ခန္ဓာကိုယ်ကလည်း အနီရောင်ပုံရိပ် တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပညာရှင်များဆီသို့ တိုက်ခိုက်ထားသည်။ကျယ်လောင်လှသော လေထုတုန်ခါသံများ ထွက်ပေါ်လာပြီး မဟာသခင်ရွှမ်ပေ၏ မုတ်ဆိတ်ဖြူများပင် လွင့်ခါသွားသည်။


မဟာသခင်ရွှမ်ပေ၏ တိုက်ခိုက်မှုက မီရှကို လွင့်ထွက်သွားစေသည်။မဟာသခင် ရွှမ်ပေက လက်နှစ်ဖက်ကို နောက်ပစ်၍ လေထဲ၌ တည်ငြိမ်စွာ ရပ်နေသည်။သူ့၏ နောက်၌လည်း သံကြိုးသုံးချောင်းက လှုပ်ခါနေ၏။ထိုအဖိုးအို၏ အော်ရာများက အလွန်ပင် အားကောင်းလှသည်။


သူစားသုံးခဲ့သော စိတ်ဝိညာဉ်ဆေးလုံးများ၏ အကျိုးသက်ရောက်မှုကြောင့် သူ့၏ ခွန်အားက ပို၍ပို၍ သန်မာလာ သည်။တိုက်ကွက်အနည်းငယ်ဖြင့်ပင် မီရှကို လုံးဝ ဖိနိမ့်ထားနိုင်ပေသည်။


ပုဖန်က လေထဲက တိုက်ပွဲကို ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်၏။စားကောင်းသောက်ဖွယ်ကျွန်းတစ်ခုလုံး လုံးဝ ပျက်စီးရှုပ်ပွနေပြီး ယခင်ကကဲ့သို့ ငြိမ်းအေးသည့် အခြေအနေမျိုးမရှိတော့ပေ။


မြောက်များလှစွာသော စားကောင်းသောက်ဖွယ် စိတ်ဝိညာဉ်သစ်ပင်များကလည်း ကျိုးပဲ့ပျက်စီးနေပြီး တစ်ချို့က လောင်ကျွမ်း၍ ပြာကျသွားပေပြီ။


ကျွန်းတစ်ခုလုံးပျက်စီးသွားပေပြီ။