အပိုင်း ၄၆၀
Viewers 53k

အခန်း.၄၆၀

ဘယ်လက်က စွပ်ပြုတ်ပွဲကိုင်...ညာလက်က ပေါင်မုန့်ကိုင်...ရှလွတ်...


မီရှ၏ အမူအရာက ဆိုးရွားသွားသည်။သူ ဒူးထောက်ကျအောင်ဖိအားပေးခံလိုက်ရပြီးနောက် သွေးတစ်လုတ်အန်လိုက်ရ၏။သူက ကြောက်ရွံ့တုန်လှုပ်သော အကြည့်များဖြင့် ခပ်လှမ်းလှမ်းတွင်ရပ်နေသောသူကို ကြည့်လိုက်သည်။ထ်ိုသူက မျှော်စင်၏ ထိပ်၌ ရပ်နေပြီး သူ့၏ ပတ်ဝန်းကျင်တွင်လည်း သွေးနီရောင်များ တောက်ပနေလေသည်။


"ခင်ဗျားက ရှုရမျှော်စင်ကို သန့်စင်လိုက်တာလား...ခင်ဗျားဘယ်သူလဲ...ခင်ဗျားက ကျုပ်တို့ ရှေးဟောင်းရှုရမြို့တော်ရဲ့ ရှုရမျှော်စင်ကို တကယ်ပဲ ထိရဲတယ်ပေါ့..."


မီရှ၏ ရင်ဘတ်တွင် ကြီးမားလှသော အပေါက်တစ်ခုရှိလေသည်။ထိုအပေါက်မှ သွေးများ အရှိန်ဖြင့် စီးထွက်လာသည်။ထိုသွေးများက ရှုရမျှော်စင်ဆီသို့ ဦးတည်သွားပြီးနောက် ထိုလူ၏ ပတ်ဝန်းကျင်ကို ဖုံးလွှမ်းလိုက်သည်။


"ရှေးဟောင်းရှုရ မြို့တော်... ရယ်စရာပဲ ဒီရှုရမျှော်စင်ကို လျှို့ဝှက်နယ်မြေထဲမှာပဲ ငါ့ရဲ့ကံကောင်းမှုကြောင့် ငါရှာတွေ့ခဲ့တာ ဒါတောင်မှ မင်းတို့က ငါဆီမှ လာခိုးပြီးတော့ ငါ့ကို အပြစ်တင်နေတယ်ပေါ့...ဘယ်လောက်တောင် ဆီလျော်မှုမရှိလိုက်လဲ..."


ထိုသူပြောလိုက်သည်က ညှင်သာသော်လည်း အသံကမူ တင်းမာနေသည်။သူ့၏ အကြည့်များကလည်း ထိုးဖောက်တော့မတက် စူးရှနေလေ၏။ထိုသူက အဆင့်အတန်းမြင့်သောသူ (သို့မဟုတ်) သြဇာညေင်းသည့် အဆင့်ရှိသူ တစ်ဦးဖြစ်ပေလိမ့်မည်။သူမီရှကို ကြည့်နေသည့် အကြည့်များက လူသေတစ်ယောက်ကို ကြည့်နေသည့် အကြည့်များနှင့် ဆင်တူလှပေသည်။ထိုသူကြောင့်ပင် မီရှ၏ နှလုံးသားက တုန်ယင်သွားသည်။


မီရှက အလွန်သန်မာလှသည်။သူက အဆင့် ၃ ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာပညာရှင်ဖြစ်၏။သူ့၏ လက်ရှိ စွမ်းအင်အဆင့်အရ လျှို့ဝှက်နယ်မြေထဲတွင် သူ့ကို အနိုင်ယူနိုင်မည့်သူ တစ်ဦးမှမရှိဘူးဖြစ်သည်။တိမ်သုံးစ အဂ္ဂိရတ်ပညာရှင်ပင်လျှင် သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ပေ။


ထို့ကြောင့်လည်း လျှို့ဝှက်နယ်မြေထဲမှ ရှုရမျှော်စင်က်ို ယူရန်အတွက် သူ့ကိုယ်သူ ယုံကြည်မှုအပြည့် ရှိနေခြင်းဖြစ်သည်။သို့သော်လည်း ရှုရမျှော်စင်ကို ရှာဖွေတွေ့ရှိသည့်တိုင်အောင် သူနှင့်အတူ ပြန်ယူသွားနိုင်ခြင်းမရှိဟုတော့ မထင်ထားခဲ့မိပေ။


သူ့၏ အဖော်ကလည်း ထိုသူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ပေပြီ။သူ့ခန္ဓာကိုယ်ထဲမှ သွေးနှင့် စွမ်းအင်များအားလုံး ခြောက်ခမ်းသွားအောင် ထိုသူက စုပ်ယူလိုက်သည်။


သူက နတ်ဆိုးဖြစ်မှာ သေချာပေသည်။မီရှက သွေးနီရောင်လွှမ်းနေသော ထိုသူကိုကြည့်၍ တစ်စုံတစ်ခု တွေးမိသွားပြီး ရှုရမျှော်စင်တွင် ရေးထိုးထားသော ဒဏ္ဍာရီလာ ကျင့်ကြံမှု နည်းလမ်းအကြောင်းကို သတ်ိရသွားသည်။


ထိုကျင့်ကြံမှုနည်းလမ်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ကို သွေးအစုအဝေးများအဖြစ်သို့ ပြောင်းလိုက်ရုံဖြင့် ကြီးမားသည့် စွမ်းအင်ကို ရရှိလိမ့်မည်။သို့သော်လည်း ထိုကျင့်ကြံမှုနည်းလမ်းက လူသားများအတွက် မသင့်တော်ပေ။ထိုနည်းလမ်းက အသူရာနတ်ဆိုးများအတွက် နည်းလမ်းဖြစ်သည်။အကယ်၍ လူတစ်ယောက်ကသာ ကျင့်ကြံခဲ့လျှင် ထိုသူသည် မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။


"ငါအရမ်းသွေးဆာနေတယ်...သွေးအများကြီး...အခုငါ လတ်ဆတ်တဲ့ သွေးနံ့လေးတွေကို ရနေတယ် ..."


ထိုသွေးလွှမ်းလူသားက ပြောလိုက်သည်။လောဘတကြီးဖြစ်နသည့် ထိုသူ၏ အသံက မီရှကို တုန်ယင်သွားစေသည်။


ထိုသူက တကယ့်ကို မကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပေပြီ။


"ငါမင်းကို မသတ်ဘူး...မကြာခင် ဒီကျွန်းကိုရောက်လာတဲ့သူတွေအားလုံးကို သတ်ပေးမယ်ဆိုရင် ငါမင်းကို လွှတ်မြောက်ခွင့်ပေးမယ်...ငါသူတို့ရဲ့ သွေးကို လိုအပ်တယ်..."


သွေးလွှမ်းလူသား၏ မျက်ဝန်းထဲ၌ သိပ်သည်းလှသော အလင်းရောင်တစ်ချက်လက်သွားသည်။ထို့နောက် သွေးအမျှင်တန်းများ ပေါ်ထွက်လာပြီး မီရှ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်သွား၏ ထိုသွေးမျှင်များက မီရှ၏ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားပြီး သူ့ခန္ဓာကိုယ်ကို အဆုံးမရှိသည့် နာကျင်ခြင်းယူဆောင်လာပေးလေ၏။


အချိန်အတော်ကြာပြီးနောက် မီရှက အသိစိတ်လွတ်စွာဖြင့် ထရပ်လိုက်သည်။သူ့၏ ခန္ဓာကိုယ်မှလည်း အားကောင်းသန်မာလှသော အော်ရာများကို ထုတ်လွင့်နေ၏။ထို့နောက် သူလှည့်ထွက်သွားလိုက်ရာ သံကြိုးသံ တချွမ်ချွမ်ထွက်ပေါ်လာလေသည်။


မျှော်စင်၏ ထိပ်တွင်ရပ်နေသော ထိုလူက မီရှပုံရိပ်ပျောက်ကွယ်သွားသည်ထိ ကြည့်နေပြီးနောက် ခပ်ရှရှအသံဖြင့် ရယ်မောလိုက်၏။သူခြေထောက်အောက်မှသွေးနီရောင်မျှော်စင်က အနီရောင်အလင်းတန်းများဖြင့် မြင့်တက်လာပြီး စတင်လည်ပတ်လာသည်။


မျှော်စင်ပေါ်မှနေ၍ ကြည့်လိုက်ရာ အောက်ခြေ၌ ကြီးမားလှသော အနီရောင်ဥကြီးတစ်လုံးကို တွေ့လိုက်ရသည်။ထိုဥကြီးမှ ထူးဆန်းလှသော စွမ်းရည်များ စီးဆင်းထွက်လာပြီး ရှုရမျှော်စင်ထဲသို့ စီးဝင်နေ၏။


"ဖီးနစ်ဥ...ရှုရ မျှော်စင်က ဖီးနစ်ဥရဲ့ အနှစ်သာရတွေအကုန်လုံးကို စုပ်ယူပြီးသွားတာနဲ့ စိတ်ဝိညာဉ်မျှော်စင် တစ်ခုအဖြစ်ကနေ ပြီးတော့ တကယ့်အစစ်အမှန်နတ်ဘုရားလက်နက်အဖြစ်ပြောင်းလဲသွားလိမ့မယ်...အဲ့ဒီလိုဖြစ်ပြီဆိုတာနဲ့ ရှုရမျှော်စင်က ဒီသောက်သုံးမကျတဲ့ နေရာကနေထွက်ခွာဖို့အတွက် အသုံးဝင်လာလိမ့်မယ်..."


ရှူး....ရွှတ်...


ပတ်ဝန်းကျင်၌ရှိနေသော သိုင်းပညာရှင်များက မထိန်းချုပ်နိုင်ပဲ နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ရှုရှိုက်နေကြသည်။သူတို့၏ အကြည့်များက ကြီးမားသည့် ပန်းကန်လုံးတစ် လုံးကိုကိုင်၍ အငမ်းမရ စားသောက်နေသော ပုဖန်က်ိုသာ မ လွှဲတမ်းကြည့်နေကြ၏။


သူ့၏ စားစရာကို ပျော်ပျော်ရွှင်စားနေသည့် ပုဖန်ပုံကိုကြည့်ပြီး သူတို့စိတ်များပင် အသ်ိလက်လွတ်ဖြစ်နေပေသည်။အကြိမ်အနည်းငယ်ခန့် ဆူပွက်အောင် ချက်ပြုတ်ပြီးသည့်နောက်မှာတော့ ရွှေရောင်သိုးသားက အလွန်ပင် နူးညံ့ပျော့ပျောင်းပြီး ဝါးလို့ကောင်းလှသည်။


အသားပြုတ်ရည်၏ အရသာကလည်း အနေတော်ဖြစ်သည်။ထို့အပြင် သူက ပူစပ်စပ်ငရုတ်ရည်ကို ဇွန်းသေးလေးတစ်ဇွန်းစာမျှ ထည့်လိုက်သည့်အခါ၌ အရသာက ပို၍ပင်ကောင်းမွန်သွားသည်။


သို့သော်လည်း ပုဖန်က ထိုစွပ်ပြုတ်ရည်များကို တိုက်ရိုက်မသောက်လိုက်ခြင်းအတွက် အားလုံးအံ့အားသင့်သွားသည်။သူက အစောပိုင်းက သစ်ပင်မှ သူခူးလာခဲ့သော ပေါင်မုန့်ချပ်လေးကို စွပ်ပြုတ်ရည်ထဲ နစ်လိုက်သည်။


"အဲ့ဒီလ်ိုမျိုးစားတော့ အရသာရှိပါ့မလား..."


ကြည့်ရှုနေသော သူများအားလုံးက ဇဝေဇဝါဖြင့် တွေးတောနေကြသည်။သို့သော်လည်း ထိုအရသာက ကောင်းမွန် မမွန်ကို ပုဖန်သာလျှင် သိပေလိမ့်မည်။


ထိုသစ်ပင်မှ ပေါင်မုန့်သားက အရသာမရှိသော်လည်းစွပ်ပြုတ်ထဲ နစ်လိုက်သောအခါ၌ အလွန်ပင်အရသာရှိသွား၏။


အသားစွပ်ပြုတ်ရည်ထဲ ကြာကြာနစ်ထားလေ ပို၍ ကောင်းမွန်လေလေပင်ဖြစ်သည်။စွပ်ပြုတ်ရည်ထဲနစ်ပြီးနောက် ပေါင်မုန့်သားထဲသို့ စွပ်ပြုတ်၏ ကြွယ်ဝလှသော အရသာများအကုန် စိမ့်ဝင်သွားပြီး သူ့၏ ကိုယ်ပိုင်အရသာအဖြစ်သို့ ပြောင်းလဲသွားသည်။


အလွန်ပင် ထူးကဲသောအရသာရှိ၏။အသားဖတ်လေးများကိုလည်း စွပ်ပြုတ်ရည်ထဲ ကြာကြာနစ်ထားသောကြောင့် သူ့၏ အရသာကကြွယ်ဝ ကောင်းမွန်လှသည်။ထို့အပြင် ပူစပ်စပ်ငရုတ်ရည်နှင့် ပေါင်းစပ်လိုက်သည့်အခါ၌ အရသာကို ထပ်ဆင့်တိုးပွားသွားစေသည်။


ဒီပါဝင်ပစ္စည်းများကို တွေ့သောအခါ၌ ပုဖန် ထိုကဲ့သို့ ဟင်းပွဲမျိုး တွေးမိသွားခြင်း ဖြစ်သည်။သူအရင်ကမ္ဘာမှာတုန်းက ဒီဟင်းပွဲကို သိုးသားဟင်းသီးဟင်းရွက်နှပ်ဟုခေါ်သည်။


သူ့ကိုငေးမောကြည့်ရှုနေသူများ၏ အကြည့်အောက်မှာတင်ပုဖန်က သူ့စားစရာများကို ပျော်ပျော်ကြီးစားသောက်နေလေသည်။သခင်ရွှမ်ပေ၏။ ဘေး၌ရပ်နေသော ယန်မိန်ကျီကလည်း ပုဖန်ကို စိတ်လှုပ်ရှားစွာဖြင့်ကြည့်နေသည်။ပုဖန် အသားကို ဆူညံစွာ စားနေပုံက သူမ၏ စားချင်စိတ်များကို နှိုးဆွနေပေသည်။


ပုဖန်၏ အချက်အပြုတ်စွမ်းရည် မည်မျှပင်ကောင်းကြောင်း သူမရှင်းရှင်းလင်းလင်းသိပေသည်။ထို့အပြင် ပုဖန်က သူအစားစားနေသည့်ပုံက ဘယ်လောက်ပျော်ရွှင်နေသည်ကို မြင်သောအခါ၌ ပို၍ပင် စားချင်စိတ်ဖြစ်လာမိသည်။


မဟာသခင်ရွှမ်ပေက ပုဖန်ချက်ပြုတ်သည့်အချိန်၌ သူအာရုံစူးစိုက်၍ ကြည့်ရှုခဲ့သည်။ချက်ပြုတ်စဉ်က ပုဖန် ပါဝင်ပစ္စည်းများ၏ စိတ်ဝိညာဉ် စွမ်းအင်ကို ဖိနှိမ့်ထားပြီးနောက် အိုးအတွင်းရှိ စိတ်ဝိညာဉ် စွမ်းအင်များကို ညီညွှတ်မျှတ သမသွားအောင် သူ့၏ အစစ်အမှန်စွမ်းအင်ဖြင့် ထိန်းချုပ်ထားသည်ကို တွေ့လိုက်သည်။ထိုစွမ်းရည်က အဂ္ဂိရတ်ပညာရှင်များပင်လျှင် ရရှိရန်ခက်ခဲသည့် ကျွမ်းကျင်မှုမျိုး ဖြစ်သည်။


"ဒီကောင်လေးရဲ့ အဂ္ဂိရတ်ပညာပါရမီက တော်တော်လေး ထူးခြားတယ်..."


မယာသခင်ရွှမ်ပေ၏ မျက်ဝန်းထဲ၌ သဘောကျမှုများပြည့်နှက်နေသည်။သူ ပုဖန်နှင့် စကားစမြည်ပြောပြီး ကြီးကျယ်မြင့်မြတ်သော အဂ္ဂိရတ်ပညာလမ်းကြောင်းကို မိတ်ဆက်ပေးရမည်ဟု တွေးလိုက်သည်။


ယန်မိန်ကျီက ပုဖန်ဆီသို့ လျှောက်သွားလိုက်ပြီး သူ့ဘေး၌ ပျော်ရွှင်စွာ ထိုင်ချလိုက်သည်။ထို့နောက် သူမအတွက် စွပ်ပြုတ်တစ်ပွဲတောင်းလိုက်သည်။


ပုဖန်က သူ့ပန်းကန်လုံးထဲမှ စွပ်ပြုတ်များကို တစ်စက်မှမကျန်အောင် သောက်လိုက်သည်။ထို့နောက် သူ့ခန္ဓာကိုယ်ထဲ တော်တော်လေးနွေးထွေးနေကြောင်း ခံစားမိလိုက်သည်။ရွှေရောင်သိုးသားက ထူးကဲသည့် ပါဝင်ပစ္စည်းတစ်ခုပင်ဖြစ်၏။


ပုဖန်က ပန်းကန်လုံး တစ်ခုထဲသို့ စွပ်ပြုတ်ရည်များခပ်ထည့်လိုက်ပြီးနောက် စိုအိ တောက်ပြောင်နေသော သိုးသားတစ်ဖက်ကိုယူ၍ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။သိုးသားများကို ရေပူပူထဲတွင် တစ်ကြိမ်ထက်မက ချက်ပြုတ်ထားသောကြောင့် အသားက တကယ့်ကို နူးအိနေသည်။ပုဖန်က ပန်းကန်လုံးကို ယန်မိန်ကျီထံသို့ ကမ်းပေးလိုက်သည်။


ထ်ို ထွားထွားကြိုင်းကြိုင်းအမျိုးသမီးက ပုဖန်ဆီမှ ပေါင်မုန့်တစ်ခုပါယူလိုက်ပြီးနောက် တစ်နေရာသို့ ပျော်ပျော်ရွှင်ရွှင်ပင် ပြေးသွားလိုက်ကာ သူမ၏ အစားအစာကို စားလိုက်သည်။


ပုဖန် အစားစားပြီးနောက် တစ်စုံတစ်ရာကို စိတ်ရှုပ်ထွေးစွာဖြင့် တွေးတောနေမိသည်။


"ဘာလို့ ဒီကျွန်းပေါ်မှာ စားကောင်းသောက်ဖွယ်တွေရှိနေတာလဲ...ထူးဆန်းပြီး အရည်အသွေးမြင့်တဲ့ ပါဝင်ပစ္စည်းတွေ ဘယ်လိုကြောင့် ဒီကျွန်းပေါ်မှာ ပေါက်ရောက်နေတာလဲ...ပြီးတော့....


တောဝက်သားကင်လိုမျိုး ရွှေရောင်သိုးသားလိုမျိုး...ထို့အပြင် ထူးဆန်းသည်များကလည်း ရှိနေသေးသည်..ပေါင်မုန့်ချပ်သစ်သီး...ပေါင်မုန့်လုံးသစ်သီးနှင့် ချောကလက်သစ်သီး စသည်ဖြင့်....."


ထိုအရာများ တည်ရှိနေမှုက တကယ့်ကို ယုတ္တ်ိမရှိဟုထင်ရသည်။ပါဝင်ပစ္စည်းများအားလုံး၌ တူညီနေသည့် စွမ်းအင်များပါဝင်နေသည်ကိုလည်း ပုဖန်ခံစားမိသည်။


"ဆိုတော့ ဒီပါဝင်ပစ္စည်းတွေရဲ့ နောက်က စွမ်းအင်ပြောင်းလဲမှုရှိလား...အဲ့ဒီစွမ်းအင်တွေကကော ဘယ်ကလာတာလဲ..."


ပုဖန်က ထိုပါဝင်ပစ္စည်းများအားလုံး၏ မူလဇစ်မြစ်ကို သိချင်နေမိသည်။ရိုးရိုးသားသားပြောရလျှင် သူပါဝင်ပစ္စည်းများ၏ မူလဇစ်မြစ်သာ မဟုတ်ပဲ သူတို့၏ ကိုယ်ပိုင်စွမ်းအင်များအကြောင်းကိုပါ သ်ိချင်နေသည်။


စွမ်းအင်ပါဝင်နေမှုက ထိုပါဝင်ပစ္စည်းများကို ထူးခြားသည့် အခြေအနေတစ်ခုသို့ ပြောင်းလဲသွားစေသည်။ထို့ကြောင့် စွမ်းအင်အရင်းအမြစ်က ပို၍ပင် အဆင့်မြင့်သည့်ပါဝင်ပစ္စည်းဖြစ်ပေလိမ့်မည်။


ပုဖန်က အရသာကောင်းများကို ရူးရူးမူးမူး ကြိုက်နှစ်သက်တက်သော လူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် ပါဝင်ပစ္စည်းများ၏ ကောင်းနေသမျှ ထိုအရာများအားလုံးကို ချစ်ခင်နှစ်သက်ပေလိမ့်မည်။


"အရမ်းအရသာရှိတယ်..."


ယန်မိန်ကျီ၏ မျက်ဝန်းလေးများက ဝိုင်းစက်နေသည်။သိုးသားကကောင်းမွန်လွန်းသောကြောင့် သူမ၏ လျှာကိုပင် မြိုချမိမတက်ဖြစ်နေမိသည်။


သိုးသားဟင်းရည်နှင့် ပေါင်မုန့်ချပ်ကို ပူးပေါင်းပြီး စားလိုက်ခြင်းက အရသာကို တစ်သက်မမေ့နိုင်သည့် အရသာဖြစ်သွားစေသည်။


ပတ်ဝန်းကျင်ရှိ လူများအားလုံးက ယန်မိန်ကျီ အားရပါးရ စားသောက်နေသည့်ပုံကို သိချင်စိတ်ပြင်းပြစွာဖြင့် စူးစူးရဲရဲ ကြည့်နေကြသည်။


"အဲ့ဒါက အရသာရှိတာလား..."


သိုင်းပညာရှင်များအားလုံးက ထိုဟင်းပွဲကို စားသောက်ချင်နေကြသည်။သို့သော်လည်း သူတို့က ဝန်ခံရန်ရှက်ရွံ့နေကြ၏။


မဟာဂိုဏ်းမှ ရဲ့ချန်ကလည်း သူ့၏ ဂုဏ်သိက္ခာကိုသာ ရှေ့တန်းတင် ထိန်းသိမ်းထားလေသည်။ရုပ်သေးဂိုဏ်းမှ သူများကလည်း နည်းနည်းမှ လှုပ်ရှားရန် ဆန္ဒရှိပုံမပေါ်ပေ။


သူ့၏ ဆံပင်ကို ကစားနေသော မုချန်းဖုန်ကလည်း ထောင်လွှားစွာနှာခေါင်းရှုံ့လိုက်ပြီး လျစ်လျူရှုထားလိုက်သည်။


တစ်ခြားတစ်ဖက်၌မူ ရှောင်ချမ်းယွင်က ပြုံးရွှင်စွာဖြင့်ပင် ပုဖန်ဆီ လျှောက်သွားလိုက်ပြီး သိုးသားစွပ်ပြုတ်တစ်ပွဲလောက်တောင်းလိုက်သည်။


ပုဖန်က သူ့၏ တောင်းဆိုမှုကို မငြင်းပယ်လိုက်ပေ။အိုးထဲ၌လည်း သိုးသားစွပ်ပြုတ်များကျန်နေသေးသည့်အပြင် သူတစ်ယောက်တည်းလည်း ကုန်အောင် စားနိုင်ခြင်းမရှိတော့ပေ။


ရှောင်ချမ်းယွင်က သူ့လက်ထဲမှ ပန်းကန်လုံးကိုကြည့်၍ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်သည်။အသား၏ မွှေးရနံ့လေးများက သူ့နှာခေါင်းကို ကြီးစိုးနေသောကြောင့် တံတွေးတစ်လုတ်ပင် မြိုချလိုက်၏။


သူက ပုဖန် စားသည့် နည်းလမ်းအတိုင်း တုပလိုက်ပြီး ပေါင်မုန့်ချပ်ကို သစ်ပင်မှ ခူးဆွတ်လိုက်သည်။ထို့နောက် ဟင်းရည်ထဲ ခဏမျှ စိမ်ထားလိုက်၏။ထို့နောက် စွပ်ပြုတ်နှင့်ပေါင်မုန့်ကို အားရပါးရစားသုံးလိုက်လေသည်။


ဟမ်...


ရှောင်ချမ်ယွင်၏ မျက်ဝန်းများက အံ့အားသင့်မှုနှင့် ပြူးကျယ်သွားသည်။အလွန်အရသာရှိလွန်းလှ၏။


"ဒီအရသာက အရသာမျိုးစုံအဆာခံဆေးလုံးတောင် မယှဉ်ပြိုင်နိုင်ဘူး မဟုတ်လား..."


ပတ်ဝန်းကျင်ရှိ သူများကလည်း အနည်းငယ် ဆူဆူပူပူ ဖြစ်လာသည်။ထိုဟင်းပွဲက အလွန်အရသာရှိပုံပေါ်သည်။လေမိုးကြိုးမျှော်စင်ဂိုဏ်းတောင်မှ စားလျှင် သူတို့ ဘာကြောင့်မစားရမည်နည်း။ဟင်းပွဲက တကယ့်ကိုပဲ အရသာရှိကောင်းရှိနိုင်ပေသည်။


ထို့နောက်....အိုးထဲ၌ ကျန်နေသော သိုးသားစွပ်ပြုတ်အားလုံးကို ကျန်သူများအား အညီအမျှ ခွဲဝေပေးလိုက်သည်။ထိုလူများက စွပ်ပြုတ်ပန်းကန်ကို ရပြီးသည်နှင့် ပေါင်မုန့်ချပ် သစ်ပင်ဆီပြေး၍ ပေါင်မုန့်ချပ်များ သွားဆွတ်ကြလေသည်။


ကျွန်းတစ်ခုလုံး၏ ပတ်ဝန်းကျင်က ယခင်တင်းကျပ်နေသော လေထုမှ ယခု ထူးဆန်းသော အခြေအနေဖြစ်သို့ ပြောင်းလဲသွားလေသည်။သိုင်းပညာရှင်များက သူတို့၏ ဘယ်ဘက်လက်ထဲ၌ ပန်းကန်လုံးကို ကိုင်ထားပြီး ညာဘက်လက်၌ ပေါင်မုန့်ချပ်ကို ကိုင်ထားသည်။ထို့နောက် မြေပြင်ပေါ်၌ထိုင်ချပြီး သူတို့၏ အစားအစာကို တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ဖြင့် ဆူဆူညံညံ စားသောက်နေကြလေသည်။


.......


သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သူတစ်ယောက်က ကျောက်ရေပူ တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသည်။ကျောက်ရေပူများဖြင့် ဖွဲ့တည်ထားသော ကျောက်မွန်းစတားကြီးများစွာကလည်း သူ့နောက်မှ လိုက်ပါလာသည်။


မီရှ၏ မျက်နာအမူအရာက ရှုပ်ထွေးနေသည်။သူ့ခန္ဓာကိုယ်ထဲ စီးဆင်းနေသော သွေးများမှ စူးရှသော နာကျင်မှုတစ်ခုကိုလည်း ခံစားနေရသည်။သူက သွေးလွှမ်းလူသား၏ ထိန်းချုပ်ခြင်းကို ခံနေရသည်။ရှုရမျှော်စင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်က ရှေးဟောင်းရှုရမြို့တော်မှ သူများကို အလွယ်တကူပင် ထိန်းချုပ်နိုင်သည်။


"သတ်ဖြတ်ပွဲ စကြစို့..."


မီရှက ထိုအရာက်ို ဆန့်ကျင်ချင်သော်လည်း တကယ်တမ်းတွင် သူ ထိုသတ်ဖြတ်ခြင်းအငွေ့အသက်များကို လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးပေ။သူက မီးတောင်ထဲမှ လျှင်မြန်စွာပင် ထွက်လိုက်သည်။ထို့နောက် သူတစ်စုံတစ်ခုအာရုံခံမိသည့် အရပ်သို့ ဦးတည်သွားလိုက်သည်။


မီရှ၏ ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်နေသော အော်ရာများက အလွန်အားကောင်းလှသည်။သူက လေထဲ၌ ဂုဏ်ယူဝင့်ကြွားစွာရပ်လိုက်ပြီး အောက်ခြေရှိ ပညာရှင်များအားလုံးကို ငုံ့ကြည့်လိုက်သည်။


ထ်ိုခဏ၌ သူ့၏ သတ်ဖြတ်ခြင်းအငွေ့အသက်များ ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


"သောက်ကျိုးနဲ... အဲ့ဒါ သူတို့ ဘာလုပ်နေကြတာလဲ..."