အပိုင်း ၄၆၃
Viewers 53k

အခန်း ၄၆၃

မသေမျိုးခန္ဓာအထွတ်အထိပ်အဆင့်...


သူ့အစီအစဉ်ကိုဖျက်ဆီးခဲ့သော ပုရွတ်ဆိတ်ကဲ့သို့ ကောင်စုတ်လေးကို အရင်သတ်ရပေမည်။


သွေးလွှမ်းလူသား၏ ခေါင်းထဲ၌ ထိုအတွေးသာ ပထမဦးဆုံးပေါ်လာ၏။


သူ့ပတ်ဝန်းကျင်၌ ဖုံးလွှမ်းနေသော သွေးများက ဟိန်းဟောက်နေသော မြွေနဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားသည်။လေထုထဲ၌လည်း သွေးနီရောင် အလင်းတန်းများပြည့်နှက်လာလေ၏။


ကျယ်လောင်လှသော ဟ်ိန်းဟောက်သံတစ်ချက်နှင့်အတူ မြွေနဂါးကြီးက ပုဖန်ဆီသ်ို့ တိုက်ရိုက်တိုက်ခိုက်လာသည်။


ထိုမြင်ကွင်းကိုမြင်လိုက်ရသော သူများအားလုံး ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားကြသည်။


ထိုသွေးမြွေနဂါး၏ ပြုမူပုံက အလွန်ကြောက်စရာကောင်းလှသည်။သူက ပုဖန်ကို အငမ်းမရ မြိုချပစ်မည့်ပုံစံဖြစ်နေသည်။


မဟာသခင်ရွှမ်ပေ၏ မျက်ဝန်းများက အလင်းများတောက်ပသွားပြီး သူအော်ဟစ်လိုက်သည်။ထို့နောက် သူ့ပါးစပ်ထဲသို့ ဆေးလုံးတစ်လုံး ပစ်ထည့်လိုက်ကာ လေထဲသို့ ခုန်တက်လိုက်၏။


သူ့ ခန္ဓာကိုယ်မှအစစ်အမှန်စွမ်းအင်များ စတင်မြင့်တက်လာသည်။သူလက်ဖဝါးကိုမြှောက်၍ အစစ်အမှန်စွမ်းအင်များကို ပတ်ဝန်းကျင်သို့ ဖြန့်နှံ့လိုက်၏။ ထို့နောက် သိပ်သည်းလှသော လေထုကိုပင် ထိုးခွဲ၍ မြွေနဂါးကိုတိုက်ခိုက်လိုက်သည်။


သူက ပုဖန်ကိုဝါးမြိုမည့် မြွေနဂါးကို တားမြစ်ချင်ပုံရသည်။သွေးနီရောင်မျှော်စင်၌ ရပ်နေသော လူသား၏ မျက်ဝန်းထဲ၌အထင်သေးမှုများဖြင့် ပြည့်နေသည်။သူ့၏ တိုက်ခိုက်မှုကို ရပ်တန့်ရန်ကြိုးစားနေသော မဟာသခင်ရွှမ်ပေကိုလုံးဝ ဂရုမစိုက်ပေ။


သူက လက်ဖဝါးကို မြှောက်လိုက်ပြီးသွေးနီရောင်မြွေနဂါးဆီသို့ ညွှန်လိုက်ည်။မြွေနဂါးဆီ၌ ပြောင်းလဲမှုတစ်ချို့ဖြစ်သွားပြီး သူ့၏ စွမ်းအားမျာက ပို၍ သန်မာလာပုံရ၏။


မြွေနဂါး၏ ခန္ဓာကိုယ်မှ စွမ်းအားတစ်ချို့ ပေါက်ကွဲထွက်လာပြီးနောက် မဟာသခင်ရွှမ်ပေ၏တိုက်ခိုက်မှုက်ို ပြိုကွဲသွားစေသည်။ထ်ိုအဖြစ်ကြောင့် မဟာသခင်ရွှမ်ပေ၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး သူ့ခန္ဓာကိုယ်က တုန်ယင်သွားလေသည်။


"သွေးမြွေနဂါးက ဘယ်လိုဖြစ်ပြီး အဲ့ဒီလောက်ကြောက်စရာကောင်းနေတာလဲ..."


ယခုလက်ရှိ မဟာသခင်ရွှမ်ပေကို ပြောင်းလဲတိုက်ခိုက်နေသော မြွေနဂါးကိုကြည့်၍ ပုဖန်မျက်မှောင်ကြုတ်လိုက်သည်။သွေးများဖုံးလွှမ်းနေသော လူ၏ သတ်ဖြတ်ချင်စိတ်အပြည့်နှင့် အကြည့်များကြောင့်လည်း သူအနည်းငယ်စိတ်မသက်မသာဖြစ်နေသည်။


သူက မြွေနဂါးကို အကောင်းဆုံးကြိုးစား၍ ခုခံကာကွယ်နေသော မဟာသခင်ရွှမ်ပေကို ကြည့်လိုက်သည်။ထို့နောက် သူသက်ပြင်းတစ်ချက်ချလိုက်ပြီး လက်အသာ လှုပ်ရမ်းလိုက်ရာ အငွေ့တထောင်းထောင်းထနေသော စပ်ပြဲလန်ခေါက်ဆွဲတစ်ပွဲပေါ်လာလေသည်။


ထိုစပ်ပြဲလန်ခေါက်ဆွဲမှ စိတ်ကျေနပ်စရာ အနံ့မွှေးမွှေးလေးများ သင်းပျံ့နေသည်။သို့သော်လည်း ယခုလက်ရှိအချိန်၌ ခေါက်ဆွဲတစ်ပွဲထုတ်ယူလိုက်ခြင်းက အနည်းငယ်ထူးဆန်းနေပေသည်။


"မဟာသခင် ဒီခေါက်ဆွဲကိုယူလိုက်..."


"ဒီခေါက်ဆွဲကိုယူ...ဘယ်ခေါက်ဆွဲကို ယူရမှာလဲ..."


ပုဖန်၏ စကားကြောင့် မဟာသခင်ရွှမ်ပေ စိတ်ရှုပ်ထွေးသွားသည်။သူ့၏ အဓိပ္ပါယ်ကို နားမလည်လိုက်ပေ။သူ ပုဖန်ဆီသို့ လှည့်ကြည့်လိုက်သည့်အခ်ျိန်၌ သူဆီသို့ ပန်းကန်လုံး တစ်လုံး ပစ်လိုက်သည်ကို မြင်လိုက်ရသည်။သူထိုပန်းကန်ကို အလျှင်အမြန်ဖမ်းယူလိုက်၏။


သူဖမ်းဆုပ်လိုက်သည့်အချိန်မှာပင် မွှေးပျံသင်းကြိုင်လှသောရနံများက နှာခေါင်းပေါက်ထဲ အလုအယက်တိုးဝင်လာသည်။ထိုရနံ့များက ခေါက်ဆွဲမှ ထွက်လာခြင်းဖြစ်သည်။


"တကယ်ကြီးခေါက်ဆွဲလား..."


သခင်ရွှမ်ပေ၏ မုတ်ဆိတ်မွှေးများပင် တုန်ခါသွားသည်။


"မင်းက ဘယ်လိုတွေတွေးနေတာတုန်း...တိုက်ပွဲရဲ့ အလယ်မှာ ငါကိုခေါက်ဆွဲစားစေချင်နေတယ် ...ဘာလဲ ငါမြန်မြန်မသေမှာဆိုးလို့လား..."


မဟာသခင်ရွှမ်ပေက ကြောင်အမှင်သက်စွာ ပုဖန်ကို ကြည့်လိုက်သည်။ထို့နောက် သူ့၏ လက်ကိုဝှေ့ယမ်း၍ ခေါက်ဆွဲပွဲကို ပုဖန်ဆီသိသို့ ပြန်ပစ်လိုက်၏။


ဘန်း....


မဟာသခင်ရွှမ်ပေက သူ့၏လက်ကိုမြှောက်သလိုက်သည်နှင့် စွမ်းအားတစ်ချို့ပေါက်ကွဲထွက်ပေါ်လာပြန်သည်။သူထိုသွေးမြွေနဂါးနှင့် ရင်ဆိုင်ရသည့်အခါ၌ အနည်းငယ်စိုးရိမ်နေပေသည်။သွေးများလွှမ်းနေသော လူသားဆင့်ခေါ်လိုက်သည့် သွေးမြွေနဂါးက ရင်ဆိုင်ရန် ခက်ခဲလှ၏။


အကယ်၍ ထိုသူသာ ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်လာလျှင် သူတို့အားလုံးသေသွားနိုင်မည်လား...


ရွှစ်...


ခေါက်ဆွဲပွဲက ပုဖန်၏လက်ထဲ ပြန်ရောက်လာသောအခါ၌ သူ့မျက်နာအမူအရာ အနည်းငယ်မှောင်မဲသွားသည်။


"မဟာသခင် ရွှမ်ပေက သူ့ခေါက်ဆွဲပွဲကို ငြင်းပယ်လိုက်တာလား...ဒီခေါက်ဆွဲပွဲက လူတစ်ယောက်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို တစ်စတိတိတိုးမြှင့်ပေးနိုင်တယ်လေ...ဒါက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ် စရာကောင်းတယ်..."


ထိုခေါက်ဆွဲကို ငြင်းပယ်လိုက်သော်လည်း ပုဖန်က အများကြီးဂရုစ်ိုက်မနေတော့ပေ။သူ သိုလှောင်နယ်မြေထဲမှ အမဲသားလုံးမျာကို ထုတ်ယူလိုက်ပြီး မဟာသခင်ရွှမ်ပေဆီသို့ ထပ်ပစ်လိုက်ပြန်သည်။အမဲသားလုံးများ သူ့ဆီရောက်သည့်အခါ၌ မဟာသခင်ရွှမ်ပေ ဒေါသပေါက်ကွဲသွားသည်။


"ဒီကောင်စုတ်လေးက ဘာလုပ်ချင်နေတာလဲ...သူတိုက်ပွဲအလယ်မှာရောက်နေတာလေ...အဲ့ဒါကိုကြုံရအစားအစာတွေ ပစ်ပေးနေတာလား..."


အသားလုံးများကိုကိုင်လိုက်သည့်အခါ၌ အပူငွေ့နွေးနွေးကို ခံစားလိုက်မိသည်။ထိုအသားလုံးများ၏ အပူငွေ့က သူ့၏ ဒေါသများကို လျော့ကျသွားစေသည်။


"အသားလုံးတွေလား..."


မဟာသခင်ရွှမ်ပေက ပုဖန်ကို တစ်ချက်ကြည့်လိုက်သည်။ပုဖန်က မျက်နာသေဖြင့်ပင် ခေါင်းညိတ်ပြလိုက်သည်။သူက မည်သည့်အမှားမှ မကျူးလွန်ထားသလိုမျိုး စိတ်အားထက်သန်တက်ကြွနေ၏။


ခေါက်ဆွဲတစ်ပွဲစားရန်က အချိန်ကုန်သည်။သိူ့သော်အသားလုံးများစားသည်က အဆင်ပြေလှ၏ အသားလုံးများကို ပါးစပ်ထဲပစ်ထည့်ပြီး တစ်ချက်နှစ်ချက်ကိုက်ရုံသာလိုအပ်သည်။


မဟာသခင်ရွှမ်ပေလည်း အသားလုံးများကို လျှင်မြန်စွာ ပစ်ထည့်လိုက်ပြီး ဝါးလိုက်၏။အရသာကို ခံစားမိလိုက်သည်နှင့် သူ့မျက်ဝန်းများတောက်ပသွားသည်။သူ့၏ အစာအိမ်ထဲ ဝင်ရောက်သွားသည်နှင့် သူ့နှလုံးခုန်သံက ပို၍ မြန်ဆန်လာလေသည်။ထို့နောက်သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားများက မြန်ဆန်စွာ တိုးပွားလာ၏။


မဟာသခင်ရွှမ်ပေ၏ ပိန်ပါးလှသော ခန္ဓာကိုယ်က စတင်၍ ကြီးထွားလာသည်။သူ့၏ ကြွက်သားများက နဂါးကြွက်သားများကဲ့သို့ တောင့်တင်းခိုင်မာလာသည်။


"ဒါက စွမ်းအားပဲ..."


မဟာသခင်ရွှမ်ပေ၏ ခန္ဓာကိုယ်ထဲ၌ အဆုံးအစမဲ့ စွမ်းအားများ စီးဆင်းနေသည်ကို ခံစားမိလိုက်ပြီး အလွန်အံ့အားသင့်သွားမိသည်။


သွေးမြွေနဂါးက ဟိန်းဟောက်လိုက်ပြီးနောက် မဟာသခင်ရွှမ်ပေဆီသို့ တိုးဝင်လာ၏။


မဟာသခင်ရွှမ်ပေနှင့် သွေးမြွေနဂါးတို့ ထိပ်တိုက်တွေ့ဆုံသွားပြီး တုန်ဟီးသံများထွက်ပေါ်လာသည်။


ထိုတိုက်ခိုက်မှုကို ကြည့်နေကြသော လူများအားလုံး လေအေးများ ရှုရှိုက်လိုက်မိသည်။


ကျယ်လောင်လှသော အသံနှင့်အတူ မဟာသခင်ရွှမ်ပေက သွေးမြွေနဂါးကို ဆုတ်ဖြဲပစ်လိုက်သည်။သွေးများက သူ့၏ ခန္ဓာကိုယ်ကိုပင် ဖုံးလွှမ်းသွားလေသည်။ထိုမြင်ကွင်းကြောင့် အားလုံး ကြောင်အမှင်သက်နေကြသည်။


အဆုံးအစမဲ့သော စွမ်းအများက သူ့၏ သွေးကြောများထဲ ပြန့်နှံ့စီးဆင်းနေသည်ကို မဟာသခင်ရွှမ်ပေ ခံစားမိလိုက်သည်။ဒါက သူ့၏ အိုမင်းရင့်ရော်မှုနေရာ၌ သန်မာကြံ့ခိုင်မှု အစားထိုးဝင်ရောက်လာသလိုပင်။


အားလုံးကလည်း သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး စွံ့အနေကြသည်။


သွေးများဖုံးလွှမ်းနေသော ထိုလူသားကလည်း အနည်းငယ်အံ့အားသင့်နေပုံပေါ်သည်။


မဟာသခင်က အားလုံးထက် ပို၍ အံ့အားသင့်ရသင့်သူဖြစ်သည်။


သူလေထဲ၌ ရှိနေဆဲမှာပင် သူ့ခန္ဓာကိုယ် ခွန်အားများကမည်ကဲ့သို့ တိုးလာရသနည်း။ဒါက အသားလုံးကြောင့်များလား။သို့သော်လည်း ထိုအရာက အသားလုံးမျှသာဖြစ်သည်။သက်စောင့်ဆေးမဟုတ်ပေ။အသားလုံးက စွမ်းအားများပေါ် မည်ကဲ့သို့ သက်ရောက်မှုရှိနိူင်ပါမည်နည်း။


သူ မစဉ်းစားနိုင်အောင်ပင် ဖြစ်မိသည်။ယခုအချိန်၌ မဟာသခင်ရွှမ်ပေ မျက်စိလည်ရှုပ်ထွေးနေသော်လည်း ဒီအရာများစဉ်းစားရမည့် အချိန်မဟုတ်သေးသည်ကို သိပေသည်။


လက်သီးကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။သူ့၏ တိုးပွားလာသော ခွန်အားများအားလုံးကို လက်သီး၌ စုစည်းလိုက်၏။လေထုထဲသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ပြင်းထန်သောလေထုကြောင့် သူ့၏ မုတ်ဆိတ်ဖြူများပင် တဖျတ်ဖျတ်လွင့်ခါနေသည်။


တကယ်တမ်းတွင် သူ ကြောက်မက်ဖွယ်ကောင်းလှသော သွေးလွှမ်းလူသားဆီသို့ ဦးတည်လိုက်ခြင်းဖြစ်သည်။အရာရာအားလုံးက ထိုသူကြောင့် စတင်လာခြင်းဖြစ်ကြောင်း သူသိပေသည်။


သွေးများဖုံးလွှမ်းနေသော ထိုသူကလည်း အံ့အားသင့်နေရာမှ သတိဝင်လာသည်။သူ့၏ မျက်ဝန်းများက ပြန်လည်အေးစက်သွားလေ၏။ထို့နောက်သူဆီသို့ လှမ်းလာသော မဟာသခင်ရွှမ်ပေကို အထင်အမြင်သေးစွာ ကြည့်လိုက်သည်။


"မင်းက အမှိုက်ပဲ...မင်းကသေချင်နေတယ်ဆိုတော့လည်း ငါ ကူညီပေးရမှာပေါ့ ..."


ရွှီး...ရွှီး...


လေပြင်းများ သူ့ကိုဖြတ်တိုက်သွားသည်ကို မဟာသခင်ရွှမ်ပေ ခံစားလိုက်ရသည်။သူလှည့်ကြည့်လိုက်ရာသူ့ဆီသို့တိုးဝင်လာသော သွေးမြွေနဂါးများ ကိုမြင် လိုက်ရသည်။ထိုသွေးမြွေနဂါးက သူ့၏ ပါးစပ်ကိုဟ၍ မဟာသခင်ရွှမ်ပေကို တစ်စစီကိုက်ဖြဲရန် ကြိုးစားလိုက်သည်။


သူ ထိုနဂါး၏ လက်ချက်ဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။


တစ်....နှစ်......


လေထဲဤ ပျံဝဲနေသော သွေးမြွေနဂါး ငါးကောင်ရှိနေသည်။သွေးမြွေနဂါးများ၏ ခန္ဓာကိုယ်က သွေးရောင်တောက်ပနေပြီးမျက်ဝန်းကလည်း သွေးရောင်ဖုံးလွှမ်းနေ၏။


လေထဲတွင် ပျံသန်းနေသော မြွေနဂါးများကို ကြည့်လိုက်မိသည်နှင့် သူတို့၏ မျက်ဝန်းများကလည်း သွေးရောင်ပြောင်းလဲသွားသည်။ထို့နောက် လေထုထဲ၌ သွေးများပြည့်နှက်နေသလိုမျိုး သွေးနံ့များသာလှိုင်လှိုင်ရလာပြီး သူတို့ခန္ဓာကိုယ်က တောင့်တင်းသွားသည်။


မဟာသခင်ရွှမ်ပေ ပြုတ်ကျသည့် နေရာ၌ ကျွင်းအကြီးကြီးဖြစ်သွားပြီး သူ ကျွင်းထဲမှ ပြန်လည်၍ပင် မတက်နိုင်ပေ။သူ့၏ ခန္ဓာကိုယ်မှ အားအင်များ ယုတ်လျော့သွားသလို ခံစားလိုက်ရသည်။


"မင်းတို့ရဲ့ သွေးက ငါ့အတွက် ပျော်ရွှင်မှုပဲ ...အေးအေးဆေးဆေး အချိန်ယူပြီး တစ်ယောက်ပြီးတစ်ယောက် ငါ့ဆီလာခဲ့ကြ..."


သွေးများဖုံးလွှမ်းနေသော ထိုလူသားက အေးစက်စွာဖြင့်ပြောလိုက်၏


"သူက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ..."


လျှို့ဝှက်နယ်မြေထဲမှ ပါရမီရှင်တပည့်များအားလုံး လေအေးများရှု ရှိုက်လိုက်မိသည်။မဟာသခင်ရွှမ်ပေက အဆင့်၃ဆင့် ချိုးဖျက်ပြီးသည့် မသေမျိုးခန္ဓာအဆင့် ပညာရှင်ဖြစ်သည်။သို့သော်လည်း ထိုသွေးလွှမ်းလူသား၏ အလွယ်တကူ အနိုင်ယူခြင်းကို ခံလိုက်ရသည်။တကယ့်အဖြစ်မှန်တွင် ထိုသူက ကိုယ်တိုင်ပင် လှုပ်ရှားခြင်းမပြုရသေးပေ။


"သူက ဘယ်လောက်တောင်သန်မာတာလဲ ...အဆင့် ၄ဆင့် ချိုးဖျက်ပြီးတဲ့ ပညာရှင်လား...ဒါမှမဟုတ် အဆင့် ၅ဆင့် ချိုးဖျက်ပြီးတဲ့ မသေမျိုးခန္ဓာအဆင့် အထွဋ်အထိပ်ကို ရောက်နေတဲ့ သူများဖြစ်နိုင်မလား..."


ထိုသူ၏ ခန္ဓာကိုယ်မှ ထုတ်လွင့်နေသော ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်ကပင် အားလုံးကို ဖိနှိမ့်ထားနိုင်ပေသည်။လျှို့ဝှက်နယ်မြေထဲ ဝင်လာကြသူများက ပါရမီရှင် တပည့်များသာဖြစ်သည်။သူတို့က ထိုကဲ့သို့ ဖိနိမ့်ထားမှုကို လက်ခံလိုခြင်းမရှိပေ။ကြောက်မက်ဖွယ်အော်ဟစ်သံများနှင့်အတူ အော်ရာများ ပေါက်ကွဲထွက်ပေါ်လာသည်။


သူတို့က ထိုကြောက်မက်ဖွယ်ကောင်းလှသော ဖိအားအောက်မှ လွတ်မြောက်နိုင်ရန် ကြိုးစားရုန်းကန်နေကြသည်။


မဟာဂိုဏ်းမှ ရဲ့ချန်ကိုင်ထားသည့် ကျောက်ဓားက ရုတ်တရက် အလွန်ထက်မြေ့လှသော အသွားများ အဖြစ်ပြောင်းလဲသွားသည်။ထိုဓားက လေဟာနယ်ကိုပင် ဆုတ်ဖြဲပစ်တော့မည်ဟုထင်ရ၏။သူက လက်ကို တစ်ချက်ဝှေ့ယမ်း လိုက်ပြီး ဓားစွမ်းအင်ကို သွေးလွှမ်းလူသားဆီသို့ ပစ်လွှတ်လိုက်သည်။


"သေလိုက်တော့..."


ထိုသွေးလွှမ်းလူသား၏ အကြည့်များက အေးစက်နေတုန်းဖြစ်ပြီး သူ့ဆီပျံသန်းလာသော ဓားစွမ်းအင်ကို ဂရုမစိုက်ပေ။ထိုသွေးလွှမ်းလူသား၏ နောက်ကျော၌ မျောလွင့်နေသော သံကြိုးများ ခတ်မိသည့်အသံ ထွက်ပေါ်လာသည်။


တစ်...နှစ်...သုံး...လေး...ငါး...


တကယ့်က်ို သံကြိုးငါးချောင်းရှိနေသည်။သူက မသေမျိုး ခန္ဓာအထွဋ်အထိပ်အဆင့်ဖြစ်သည်။ကြိုးလေးချောင်းက သူ့ ၏ ခြေလက်များမှ ထွက်ပေါ်နေပြီး ကြိုးတစ်ချောင်းက သူ့ ခေါင်းမှ ထွက်ပေါ်နေခြင်းဖြစ်သည်။သူက အဆင့် ၅ခုလုံးကို ချိုးဖောက်ပြီးထားလေပြီ။


ခရက်ရှ်....


ကွဲကြေသံ တစ်ခုထွက်ပေါ်လာပြီးနောက် သွေးနီရောင်လက်ဖဝါးကြီးက ရဲ့ချန်ဆီသို့ ပျံသန်းသွားသည်။ရဲ့ချန်၏ တိုက်ခိုက်မှုက ချက်ချင်းပင်ပြိုပျက်သွားပြီး သွေးတစ်လုတ်အန်လိုက်ရသည်။အဆင့် ၅ဆင့် ချိုးဖျက်ပြီးသော ပညာရှင်က သူယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့် သူမျိုးမဟုတ်ပေ။သူ့လက်ထဲမှ ဓားက ထိုဖိအားကြောင့် ပြုတ်ကျသွားလေသည်။


ဘန်း....


ထိုသွေးနီရောင်လက်ဖဝါးက သူ့ပေါ်သို့ ကျရောက်လာသည်။ရဲ့ချန်အော်ဟစ်ချိန်ပဲ မရလိုက်ပဲ အသားပြားအဖြစ်သို့ ပြောင်းလဲသွားလေပြီ။မဟာဂိုဏ်း၏ ကောင်းကင်ဘုံအမွေခံ ဆယ်ပါးထဲမှ တစ်ယောက်က သေဆုံးသွားလေပြီ။


ကျန်သူများအားလုံး ရဲ့ချန်၏ သနားစရာအဖြစ်ကို မြင်တွေ့ လိုက်ပြီးနောက် ထိုသွေးလွှမ်းလူသားကို တွန်းလှန်တိုက်ခိုက်ချင်စိတ်များ ပျောက်ဆုံးသွားကြလေပြီ။


ပြေး....


လေမိုးကြိုးမျှော်စင်ဂိုဏ်းမှ ရှောင်ချမ်းယွင် ၊ ရုပ်သေးဂိုဏ်းမှ ပညာရှင်များ မြူကောင်းကင်မြိ့တော် ဆေးကောင်းကင်မြို့တော်နှင့် တခြားကျန်ရှိနေသည့် ပညာရှင်များအားလုံး အဖက်ဖက်ဆီသို့ ထွက်ပြေးလိုက်ကြသည်။


ထင်မှတ်မထားစွာပင် အဆင့် ၅ ဆင့် ချိုးဖျက်ပြီးသည့် ပညာရှင်တစ်ယောက် လျှို့ဝှက်နယ်မြေတွင် ပေါ်လာခြင်းက သူတို့အားလုံးအတွက် အိပ်မက်ဆိုးပင်ဖြစ်သည်။


မသေမျိုးခန္ဓာအထွဋ်အထိပ်အဆင့် ပညာရှင်များက ပထမတန်းစားဂိုဏ်းထဲ၌ ပင် ထိပ်တန်းပညာရှင်များဖြစ်သည်။သူတို့အားလုံးက အရူးမဟုတ်ပေ။ထိုသူ၏ နောက်မှ သံကြိုးငါးကြိုးကို မြင်သည့် အချိန်ကတည်းက သူတို့ပြေးရမည်မှန်းသိထားပေပြီ။အခွင့်အရေးကောင်းများက သူတို့အသက် ရှင်နေသရွေ့ ရနိုင်ပေသေးသည်။


"ထွက်ပြေးချင်နေတာလား..."


ထိုသွေးလွှမ်းလူသားက အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။သူ့၏ အကြည့်များက ပို၍ အေးစက်လာ၏။မြောက်များလှစွာသော သွေးမြှားများက လေထုကိုဖြတ်သန်းပစ်လာပြီး ပါရမီရှင်တပည့်များ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားလေသည်။


ရှောင်ချမ်းယွင်က နာနာကျင်ကျင်အော်ဟစ်လိုက်၏။သူထိုမြှားကို ရပ်တန့်ပစ်ချင်သော်လည်း တကယ်တမ်းမလုပ်လိုက်နိူင်ပေ။ထိုမြှားများက သူ့ခန္ဓာကိုယ်ကြွက်သားများကို ထိုးဖောက်သွားပြီးနောက် သွေးများက နေရာအနှံ့လွင့်စင်သွားလေသည်။


အရှိန်ဖြင့်ပြေးနေသော မုချန်းဖုန်ဆီသို့လည်း ကောင်းကင်ထက်ဆီမှ သွေးမြှားတစ်စင်းကျလာပြီး မြေပြင်ပေါ် ထိုးစိုက်ပြီးသားဖြစ်သွားသည်။သူ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများရဲရဲနီသွားပြီး သူ့၏အော်ရာများက လျှင်မြန်စွာပင် အားနည်းလာသည်။


အဆင့် ၁ဆင့်(သို့မဟုတ်)၂ဆင့်သာ ချိုးဖျက်ထားသည့် နတ်ဘုရားနယ်ပယ်ပညာရှင်များက အဆင့်၅ဆင့် ချိုးဖျက်ထားပြီးသည့် အထွဋ်အထိပ်သူနှင့် မည်ကဲ့သို့ ရင်ဆိုင်နိုင်ပါမည်နည်း။


သွေးမြှားဖြင့် ထိုးဖောက်ခံရပြီးနောက် နာနာကျင်ကျင်အော်ဟစ်သံများကလည်းအဆက်မပြတ်ထွက်ပေါ်လာသည်။သူတို့၏ ခန္ဓာကိုယ်မှ စီးလာသောသွေးများက မြေပြင်ကို ရဲရဲနီသွားစေသည်။


ဆေးကောင်းကင်မြို့တော်မှ မုချန်းဖုန်လည်း သေသွားခဲ့လေပြီ။


လေမိုးကြိုးမျှော်စင်မှ ရှောင်ချမ်းယွင်လည်း သေသွားပြီ။


ရုပ်သေးဂိုဏ်းမှ ပညာရှင်နှစ်ယောက်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလေသည်။


လေထုထဲ၌ သေမင်းအော်ရာများ ပြည့်နှက်နေသလိုပင် ။


သွေးလွှမ်းနေသော ထိုလူသားက မျှော်စင်၏ ထိပ်တွင်ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေသည်။သူက မျက်လုံးများမှေးစင်း၍ သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာသော သွေးစီးကြောင်းများကို ခံစားနေသည်။


ယန်မိန်ကျီက သူမ၏ ခွန်အားများအားလုံးသုံး၍ တွင်းနက်ထဲမှ မဟာသခင်ရွှမ်ပေကို ဆွဲတင်လိုက်သည်။သခင်ရွှမ်ပေ၏ အလွန်စိတ်မချမ်းမြေ့ဖွယ် အသွင်အပြင်ကို မြင်လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး လေအေးများ ရှိုက်လိုက်မိသည်။


သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကျိုးလိမ်နေသည်။သူ့၏ အော်ရာများကလည်း အလွန်ပင်ဖျော့တော့နေ၏။အသက်မျှင်မျှင်လေးပဲ ရှိတော့ပုံပေါ်သည်။


သွေးလွှမ်းလူသား၏ အကြည့်က ယန်မိန်ကျီနှင့် မဟာသခင်ရွှမ်ပေဆီသို့ ကျရောက်သွားသည်။သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး သွေးမြှားတစ်ချောင်းကို ယန်မိန်ကျီဆီသို့ ပစ်လွှတ်လိုက်သည်။


သွေးလွှမ်းလူသားက ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအင်များဖြင့် ဖိနှိမ့် လိုက်သည်နှင့် ယန်မိန်ကျီ အသက်ရှုရပင် ခက်ခဲလာသည်။သူမကဲ့သို့ နတ်ဘုရားနယ်ပယ်အဆင့် တစ်ဝက်မျှသာရှိသေးသော ပညာရှင်လေးက မသေမျိုးခန္ဓာအထွဋ်အထိပ်၏တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။သူမ ဒီနေရာမှာ သေဆုံးရတော့မည်လား။


သူမက လုံးဝ လက်လျှော့အရှုံးပေးလိုက်သည်။


သို့သော်လည်း ထိုသွေးမြှား သူမဆီ မရောက်ခင်မှာပင် တစ်စုံတစ်ရာဖြစ်ပွားလာလေသည်။


အနက်ရောင် ဒယ်အိုးတစ်ခုက သူမရှေ့၌ ပေါ်လာသည်။သွေးမြှားနှင် ဒယ်အိုး ထိပ်တိုက်တွေ့ဆုံသွားပြီး ဒေါင်ခနဲမြည်သံတစ်ခုပဲ့တင်ထပ်သွား၏။


ဒယ်အိုးက လွင့်ထွက်သွားပြီး မီတာဒါဇင်ခန့်အဝေး၌ မြေပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။


ပုဖန်၏ မျက်ဝန်းများ ပြူးကျယ်သွားပြီး ပင့်သက်ရှိုက်လိုက်မိသည်။


သန်မာလွန်းသည်...တကယ့်ကို သန်မာလွန်းလှသည်...


ထိုသွေးလွှမ်းလူသားက ကြောက်စရာကောင်းလွန်း၏ ။


အမ်....


သွေးလွှမ်းလူသားက မျက်ဝန်းများမှေးစင်းလိုက်၏။သူ သူ့၏ အစီအစဉ်များကို နှောင့်ယှက်ခဲ့သော ပုရွတ်ဆိတ်ကို မသတ်ရသေးသည်ကို သတိရသွားသည်။


ထိုပုရွတ်ဆိတ်က အသက်ရှင်နေသေးပြီး သူ့၏ အစီအစဉ်ကို ထပ်မံနှောင့်ယှက်ဦးမည်ဟု မထင်ထားခဲ့မိပေ။


"မင်း သွားသေလိုက်တော့..."


သွေးလွှမ်းလူသားက ပုဖန်ကိုသတ်ရန်ပြင်လိုက်စဉ်မှာပင် သူ့၏ စ်ိတ်ထဲ၌ တုန်ခါသွားပြီး အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။


အေးစက်သော အငွေ့အသက်များထုတ်လွင့်နေသည့် အနက်ရောင် ရှေးသင်္ဘောတစ်စင်းက သူတို့ဆီသို့ ချဉ်းကပ်လာလေသည်။


ထိုသင်္ဘော၏ ရှေ့၌ လှပတင့်တယ်သော အမျိုးသမီး တစ်ယောက်မတ်တပ်ရပ်နေပြီး သူမ၏ ဆံနွယ်ရှည်များကလည်း လေ၌ တဖျတ်ဖျတ်လွင့်ခါနေသည်။