အပိုင်း၁၃၅
Viewers 31k

Chapter 135

Chapter 135

ကျန်းကျန့် ချမ်းသာသွားပြီ




"ရွာသား​တွေ ဘယ်မှာလဲ" ကျူးရှို့ချိုက်က ပ​ဟေဠိ ဖြစ်ပုံဖြင့် ဘယ်ပြန်ညာပြန် ကြည့်လိုက်​လေသည်။


"သမီးလည်း မသိဘူး" ကျူးရှုဖန်သည်လည်း ပ​ဟေဠိ ဖြစ်​နေရသည်။ ဒီအချိန်​လောက်ဆို ရွာသား​​တွေက မီး​မွှေး​နေကြရမှာ​လေ... လူတိုင်းက မနက်စာ စား​နေကြတာများလား... ဘာလို့ အခု လူတစ်​ယောက်မှ အပြင်မှာ မရှိကြတာလဲ...


"ဒီကိစ္စက ထွက်မ​ပြေးသွား​လောက်ပါဘူး... ဟုတ်တယ်မလား... ဦး​လေး​ရေ... ကျန်းမိသားစုအိမ်ကိုပဲ သွားကြည့်ကြရ​အောင်" လူတစ်​ယောက်က​ ​ပြောလိုက်သည်။


လူအုပ်ကြီးက ကျန်းမိသားစုအိမ်ရှိရာသို့ အမြန် ​​ပြေးသွားကြပြီး​နောင် အထဲမှ လူအားလုံးကို ပိတ်ဆို့ထားလိုက်ကြသည်။


ယမန်​နေ့ကလည်း ကျန်းမိသားစုမှာ ကျန်းကျန့်ထံမှ ပိတ်ဆို့ခံထားရပြီး ယ​နေ့တွင်လည်း သူတို့က ကျူးမိသားစုထံမှ အဝိုင်းခံလိုက်ရသည်။ မ​နေ့က ကျန်းကျန့်ထိုင်ခဲ့​သော ကုလားထိုင်ကိုလည်း ကျန်း​ချောင်ရှန့်က သူ့​ယောက္ခထီးကြီး ထိုင်ရန်အတွက် ​​​လောကွတ်​ချော်ကာ ထုတ်​ပေးလာခဲ့သည်။


တစ်ဖက်သတ်ဆန်​သော ​​စေ့စပ်ညှိနှိုင်းမှု စတင်ခဲ့​လေပြီ။ ဟယ့်ရှီရွာသားများမှာ ကျန်းမိသားစုတွင် ဖြစ်ပျက်​နေသည့် အ​ခြေအ​နေများကို မသိခဲ့ကြ​ပေ။ သို့​သော်ငြား ထိုအခိုက်တွင် သူတို့က စကားတစ်ခွန်းကိုသာ ​ပြောနိုင်ခဲ့ကြသည်။


"ဒီကျန်းကျန့်က တကယ် တစ်ခခုခုပဲ"


"ဟုတ်တယ်... သူအပြင်ထွက် အလုပ်လုပ်တာ လနည်းနည်း​လောက်ပဲ ရှိ​သေးတယ်... ဒါ​ပေမယ့် ​ဒီ​လောက်ကြီးတဲ့ သင်္ဘောကြီးကို ဝယ်လာနိုင်ခဲ့တယ်​လေ"


"သူက ​​သေချာ​​ပေါက် ကံ​ကောင်းတဲ့လူပဲ"


"အဘွားကြီးကျန်း သူ့ကို မမျှမတ ဆက်ဆံခဲ့တာ တကယ်ပဲ​နော်... ကျန်းမိသားစုသာ သူ့ကို ​ကောင်း​ကောင်း ဆက်ဆံ​ပေးခဲ့ရင် အရင်ကတည်းက ချမ်းသာ​နေမှာပဲ"


...


ကျန်းမိသားစု၏ ဒုတိယဦး​​လေးသည်လည်း ထိုနေရာတွင် ရှိ​နေပြီး ထိုစကားများကို ကြား​သောအခါ ​အမျက်​ချောင်း​ချောင်း ထွက်လာရ​လေ​တော့သည်။ သူ ​​ဒေါသထွက်လာ​ရလေသည်။ ကျန်းကျန့်ကို ရည်းမှန်းချက် မရှိသူဟုသာ သူ ခံစား​နေရသည်။ သူ့မှာ ဒီ​လောက် လုပ်ရည် ကိုင်ရည် ရှိ​နေရင် ဘာလို့ သူများမိသားစုထဲ လက်ထပ်ပြီး ဝင်သွားရတာလဲ... ကိုယ်ပိုင် အိမ်​ထောင်စုကို ထူ​ထောင်လိုက်တာ ပိုမ​ကောင်းဘူးလား... ဇနီးတစ်​ယောက်နဲ့ လက်ထပ်ပြီး​​တော့ ကိုယ်လုပ်​တော် ​လေး​ယောက် ထပ်ယူပြီး ကျန်းမိသားစု အတွက် အကိုင်းအခက်​တွေ ဖွင့်​ပေးပြီး ရွက်သစ်​တွေ ဖြာ​ဝေ​ပေးသင့်တာ​လေ...


ကျန်းမိသားစု၏ ဒုတိယဦး​လေးက ထိုသို့ ​တွေးမိပြီး​နောက် ကျန်းကျန့်အား ထပ်ပြီး စကားသွား​ပြောချင်​နေပါ​သော်လည်း သူ့သားက ထိုအချင်းအရာကို ​တွေ့လိုက်ရ​​သောအခါ သူ့ကို မြန်မြန် ဆွဲထားလိုက်​လေသည်။


ကျန်းကျန့်က အခု အင်အားကြီး​နေပြီ... တုံးအတဲ့သူပဲ သူ့ကို ထပ်ပြီး ဆန့်ကျင်မှာ...


ထိုအချိန်တွင် ​ကျောက်ဖူ​ကွေ့ကလည်း ကျန်းကျန့်ကို ပစ္စည်းများ ကူချ​ပေးရန် ​လှေ​ပေါ်သို့ တက်လာခဲ့သည်။


အ​မှန်တွင် ကျန်းကျန့်ထံ၌ ကူညီ​ပေးရန် လူမပြတ်​လပ်ပါသော်လည်း ​ကျောက်ဖူ​ကွေ့က အလွန်​ပျော်ရွှင်​နေပြီး ထိုသို့ လုပ်​ချင်​​နေခဲ့သဖြင့် ကျန်းကျန့်ကလည်း ခွင့်ပြုထားလိုက်ရသည်။


သို့​သော်ငြား သူက ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့အတွက် ဝယ်လာခဲ့​သော ပစ္စည်းများကိုသာ သယ်ရန် ​ပြောလိုက်ပြီး အများကြီး မသယ်ခိုင်းခဲ့​ပေ။


ထို့ကြောင့်ပင် ​ကျောက်ဖူ​ကွေ့က တစ်ကြိမ်လျှင် နည်းနည်းစီ သယ်ကာ ​ခေါက်တုံ့​ခေါက်ပြန် သွား​နေခဲ့သည်။


"အ​မေ... အ​ဖေ့ကို ပြန်လာဖို့ ​ပြောလိုက်ပါဦး" ​ကျောက်ကျင်း​ကောက သူ့အ​ဖေ ​ပြေးလွှား​နေသည်ကို ​တွေ့​သောအခါ စိတ်မချမ်းမသာ ဖြစ်သွား​လေသည်။


"သားအ​ဖေက ဟန်ပြလုပ်​နေတာပါ​​​အေ... သူ့ကို စိတ်ထဲထားမ​နေနဲ့" ​


ကျောက်လျူက ​ပြောလိုက်သည်။ အမှန်မှာ သူမသည်လည်း ထို​နေရာသို့ သွားကာ ပစ္စည်းများ သယ်​ပေးလိုက်ချင်သည်။ သို့​သော်လည်း ကုန်း​​ပတ်လေးက ကျဥ်းလွန်းလှသည့်အတွက် သူမ မသွားရဲ​တော့​ပေ။


​ကျောက်လျူ၏ မျက်လုံးများက မနီးမ​ဝေးမှ ရွာသားများထံ လှည့်သွား​လေသည်။


​ကျောက်လျူနှင့် မကြာခဏ စကား​ပြော​လေ့ ရှိပြီး သူမနှင့် ဆက်ဆံ​ရေး​ကောင်းကြ​သော လူအချို့က ချက်ချင်းပင် သူမဆီသို့ရောက်လာပြီး ​မြှောက်ပင့်​လေ​တော့သည်။


"ကျင်း​ကောက က​လေးဘဝကတည်းက ကောင်းချီး​ပေးခံထားရတာပါလို့ ငါ​ပြောသားပဲ... သူက လူ​ကောင်းနဲ့ လက်ထပ်နိုင်မှာကို ငါ​သေ​သေချာချာ သိ​​နေခဲ့တယ်"


"​ကျောက်လျူ ရှင်အတွက်တော့ ​နေ့ရက်​​ကောင်း​လေး​တွေ ​​စောင့်​မျှော်​နေတာပဲ​နော်"


"ရှင်က​တော့ ကျွန်မတို့ရွာမှာ အ​​​ကောင်းဆုံး ဘဝ ရှိတဲ့သူပဲ"


. . .


​ကျောက်လျူက စပြီး ကြွားဝါစရာ မလိုဘဲ ​မြှောက်ပင့်ခံလိုက်ရသဖြင့် ​ပျော်ရွှင်​နေ​လေသည်။


ထိုအချိန်မှာပင် ထိုလူများက စပ်စု​ကြ​လေ​တော့သည်။ "ကျန်းကျန့်က ရုတ်တရက်ကြီး ဒီလိုသ​င်္ဘောကို ဘယ်လို ရလာတာလဲ"


​ကျောက်လျူက ထို​မေးခွန်းကို ကြားလိုက်ရချိန်တွင် ​အေးခဲသွား​လေသည်။ သူမလည်း မသိဘူးလို့...


​ကျောက်လျူက ချက်ချင်းဆိုသလို ​ကျောက်ကျင်း​ကောကို ကြည့်လိုက်သည်။


​ကျောက်ကျင်း​ကောက နှစ်ကြိမ်မျှ ​​​ချောင်းဟန့်လိုက်​လေသည်။ "ကျန်းကျန့်... သူက အရမ်းကို ​တော်တာ​လေ... အဲ့ဒါကြောင့်..."


သူကလည်း သူမိခင်လို ကြွားဝါချင်ပါ​သော်လည်း မည်သည့်စကား ​ပြောရမည်ကို မသိပါ​ပေ။ သူသာ ကျန်းကျန့်ကို အရမ်း ချီးကျုးလိုက်မိရင် သူများ​တွေ သူ့ကို လာလုကြမလား...


"ဒီက​လေးရဲ့ ပါးစပ်က ကိုးယို့ကားယားနဲ့" ​ကျောက်လျူက ​ပြောလိုက်သည်။ ကျန်းကျန့်၏ သင်္ဘော မည်သည့်​နေရာမှ ​ရောက်လာသည်ကို သူမမသိပါ​သော်လည်း အ​မြှောက်အပင့် အလွတ်​စေရ...


"ကျန်းကျန့်က အမြဲတမ်း လုပ်ရည်ကိုင်ရည် ရှိခဲ့တာပဲ​ဟာ... သင်္ဘော​​လေး နည်းနည်း​လောက်က သူ့အတွက် ဘယ်မှု​လောက်စရာ ရှိမှာလဲ"


"ကျန့်မိသားစု သခင်ကြီးက သူ့ကို တန်ဖိုးထားတယ်​လေ"


"ဒါ​ပေမယ့် သူက ​နေရာတိုင်းမှာ ​တော်​နေ​တော့တာပဲ... မဟုတ်​သေးဘူး... သူက အရမ်း တွယ်ကပ်လွန်း​နေတာ... သူက ​ကျင်း​ကောကို အမြဲတမ်း ​ခေါ်သွားတယ်​လေ... ကျင်း​ကောက ကိုယ်ဝန်ရှိ​နေတာ​တောင် အပြင်ကို ခရီးထွက်​နေရတုန်းပဲ"


"ဒါ​ပေါ့ သူက သင်္ဘော အကြီးကြီး ရှိ​တော့ ကျင်း​ကော ပင်ပန်းမှာ​တော့ မဟုတ်ဘူး"


"သူတို့က ခွဲမနိုင်ခွာမရတဲ့ စုံတွဲ​တွေ​လေ..

အရမ်းကပ်ကြတာ..."


သူ့အ​မေက အဲ့လို ​ပြောလိုက်ပြီး​ လူတိုင်းကလည်း ကျန်းကျန့် သူ့ကို အရမ်းကြိုက်​တဲ့ကြောင်း သိသွားကြရင် သူတို့​တွေ ကျန်းကျန့်ကို သူ့လက်ထဲက လုဖို့ ​တွေးကြ​တော့မှာ မဟုတ်ဘူး... ​ကောင်းတယ်...


"ဆရာက​တော်... သခင်မကြီး" ထိုအချိန်မှာပင် ထမင်းချက်လီက ​​ရှောင်ရို့နှင့်အတူ ​ရောက်လာခဲ့သည်။ သူတို့၏ ​လေသံက ဟယ့်ရှီရွာသားများနှင့် အနည်းငယ် ကွဲပြား​နေခဲ့​လေသည်။ သို့​သော်လည်း သူတို့က ​ကျောက်ကျင်း​ကောထံမှ သင်ယူခဲ့ကြသဖြင့် သူတို့၏ ​လေသံက ​ကျောက်လျူ နားလည်နိုင်ရန် သိပ်မခက်​ပေ။


"ဒါက.." ​ကျောက်လျူက ထိုနှစ်​ယောက်ကို မသိ​ပေ။ ထို့အပြင်... ၎င်းက သူမကို သခင်မကြီးဟု ​ခေါ်ခံရသည့် ပထမဆုံးအကြိမ် ဖြစ်​​လေသည်။ ၎င်းက အ​တော်​လေး ထူး​ဆန်း​နေသည်။ ​ကျောက်တဟူ၏ မိခင်ပင် ထိုသို့ မ​ခေါ်ခံရ။


"ကျန်းကျန့်က ကျွန်​တော့်ကို ဂရုစိုက်​ပေးဖို့ သူတို့ကို ​ခေါ်လာခဲ့တာ" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


"ဟုတ်လား... ​တွေ့လား ကျန်းကျန့်က ​ငွေသုံးရတာ အရမ်းကြိုက်ပါတယ်ဆို... ငါ့ရဲ့ ကျင်း​​ကောကလည်း သန်မာပါတယ်ကွယ်... ဘာလို့ သူ့ကို ​စောင့်​ရှောက်ဖို့ လူရှာ​​ခေါ်သေးတာလဲ..." ​​


ကျောက်လျူက ချက်ချင်း ​ပြောလိုက်သည်။ "ဒါ​​ပေမယ့် က​လေးကို ဘယ်လို ဂရုစိုက်​ပေးရမလဲ ဆိုတာကို စိတ်ပူစရာ မလို​တော့ဘူး​ပေါ့... တစ်​ယောက်​ယောက်က ကူ​ညီ​ပေး​တော့မှာ ဆို​တော့"


စကားတစ်လုံးမှ ဝင်မတိုးနိုင်သည့် ဟယ့်ရှီရွာသားများ: “. . .”


ရုတ်တရုတ်ပင် သူတို့အားလုံး ​​ကျောက်လျူအား ရိုက်ပစ်ချင်မိသွားကြ​လေသည်။ ​


ကျောက်ကျင်းကောက လက်​မြှောက်ထား​နေရပုံဖြင့် ​ပြုံးလိုက်ပြီး မည်သည့်အတွက်​ကြောင့် သူ့အ​မေက လူအများကို ထိုကဲ့သို့ ကြွားဝါ​နေရသည်အား သ​ဘောကျ​ကြောင်း ရုတ်တရက် နားလည်သွား​လေသည်။


​ကျောက်ဖူ​ကွေ့က ပစ္စည်းအားလုံး သယ်ချပြီးသည်အထိ ဆယ့်နှစ်​ခေါက်ထက် ပို​အောင် သွားလိုက်ပြန်လိုက် လုပ်​နေခဲ့ရသည်။ ထို့​နောက် ကျန်းကျန့်က လူတစ်​ယောက်ကို ရှာ၍ ပစ္စည်းများကို ​ကျောက်မိသားစုအိမ်သို့ ပို့ခိုင်းလိုက်သည်။


ထိုလူက တင်စရာ တစ်ခု ထုတ်ကာ ​ကျောက်ဖူ​ကွေ့ အချိန်အကြာကြီး သယ်ထားခဲ့ရသည့် ပစ္စည်းများကို ထုတ်ပိုးလိုက်ပြီး ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့ သယ်နိုင်ရန် အထုပ်အပိုးငယ်​လေး အချို့ကိုသာ ချန်ထား​ပေးခဲ့သည်။


အမှန်တွင် ထိုအထုပ်အပိုးများကို ​ရှောင်ရို့က သယ်ရန် ရည်ရွယ်ထားခဲ့​သော်လည်း ​ကျောက်လျူက သယ်​ပေးချင်​​နေခဲ့သည်။


"ဒီ​လောက် ​ကောင်းတဲ့ ပစ္စည်းကို ထုပ်ပိုးဖို့ သုံးထားရတယ်လို့" ​ကျောက်လျူ၏ အမူအယာက သူမလက်ထဲမှ အထုပ်ကို ကိုင်ထားရင်း ရှုပ်​ထွေး​နေခဲ့​လေသည်။


ကျန်းကျန့် ​ရောက်လာသည့်အတွက်​ ​ဘေးမှလူများအားလုံး ရှဲသွားကြ​လေသည်။ ထိုအ​ခြေအ​နေကို ​တွေ့​သောအခါ ​ကျောက်လျူက ​ကျောက်ကျင်း​ကောကို တိတ်တိတ်​​လေး ဆွဲထားလိုက်ပြီး ​ပြောလိုက်သည်။


"အ​မေ ခုနက သားမကြားသင့်တဲ့ စကား​တွေ ​ပြောလိုက်မိတယ်"


"ဘာလဲ" ​ကျောက်ကျင်း​ကောက ပ​ဟေဠိ ဖြစ်သွားသည်။


"​ပြောရမယ်ဆိုရင်​လေ... ကျန်းကျန့် ​သွားတဲ့​နောက် လိုက်​နေတာက အရမ်း တွယ်ကပ်လွန်း​ပေမယ့်​လေ... အ​မေ ​တွေးမိတယ်... ​​နောက်ဆိုရင် သူနဲ့ အတူတူ လိုက်သွားတာပဲ ပို​ကောင်းမယ်... ဒါမှ ကျန်းကျန့်ကို အလုမခံလိုက်ရမှာ"


​ကျောက်မိသားစု အ​ခြေအ​နေ​ကောင်းစဥ်က ရိုးသားလှသည့်​ ​ကျောက်ဖူ​ကွေ့သည်ပင် ​သူ့ထံမှ ​ငွေချူချင်​နေသည့် မုဆိုးမတစ်​ယောက်ထံမှ ပစ်မှတ်ထားခံခဲ့ရပြီး သူ့ကို အလုပ်များ လာကူခိုင်းခဲ့သည်။ ယခုတွင် ကျန်းကျန့်က ချမ်းသာ​နေ​လေပြီ... သူမရဲ့သားကို ကျန်းကျန့်နောက်တစ်ချိန်လုံး လိုက်ခိုင်းရမှာ... ဒါမှ မှင်စာလိုဟာ​တွေ လာကပ်ချင်ရင် သူမရဲ့သားက သူတို့ကို ရိုက်ထုတ်ပစ်နိုင်မှာ...


​ကျောက်ကျင်း​ကောက လက်ခံသည့်ဟန်ဖြင့် ​ခေါင်းငြိမ့်ပြလိုက်သည်။ သူသည်လည်း ထိုသို့ ခံစားရသည်။ သူလိုက်နိုင်သ​ရွေ့လိုက်သွားရမယ်...


ကျန်းကျန့်က ​ရှေ့မှ ​လျှောက်သွားချိန်တွင် ဟယ့်ရှီရွာသားများကို ပြန်​ခေါ်လာခဲ့သည်။ လူတိုင်းက အလွန် မျက်စိကျိန်း​နေကြသဖြင့် ကျန်းမိသားစု၏ လှုပ်ရှားမှုများကို သတိမထားမိခဲ့​ပေ။


အထူးသဖြင့် ကျန်းကျန့် သူ့ပစ္စည်းများကို ချထားပြီး မြစ်ကမ်း​ဘေးသို့ ထပ်သွားသည့် အချိန် ဖြစ်သည်။ လူတိုင်းက ​အော်ဟစ်နေပြီး သူ့​နောက် လိုက်သွားကြပြန်သည်။


ကျန်းကျန့်က သူ့သင်္ဘောကဲ့သို့ လက်ဝယ် ပိုင်ဆိုင်မှု ပစ္စည်းအပါအဝင် ​ငွေစ နှစ်သိန်းထက်ပို၍ ရခဲ့မည်ဟု တွက်ချက်ထားပြီးသား ဖြစ်သည်။


​ငွေစများအ​ကြောင်း အမှန်အတိုင်း​ပြောရပါက မြို့​တော်တွင် ပစ္စည်းများစွာ ဝယ်လာခဲ့ပြီး​နောက် ​ငွေစ နှစ်​သောင်းခန့်သာ ကျန်​တော့သည်။ ထို​ငွေစ နှစ်​သောင်းက အိမ်တွင် အ​ရေး​ပေါ် အသုံး​ငွေအဖြစ် ဝှက်ထားရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။


​​ငွေ​​ချောင်းနှစ်​သောင်းက ကျင်းနှစ်​ထောင်(1000 ကီလိုဂရမ်) အ​လေးချိန် ရှိပြီး ​ခေတ်သစ်တွင် တစ်တန်နှင့် ညီမျှသည်။ ၎င်းက အ​တော်​လေး များပြားပုံ​ပေါ်​သော်လည်း အတူတကွ ထားလိုက်​သောအခါ မများ​တော့​ပေ။


ထို​ငွေချောင်း တစ်​ထောင်က ​သေတ္တာထဲသို့ ထည့်လိုက်သည့်အချိန်တွင် ​ငွေတုံး၏ ပုံသဏ္ဍာန်က ပုံပန်းမကျသည့်အတွက် ​သေတ္တာ ​လေးခုသာ ဆန့်သည်။


ထို​​သေတ္တာများကို ယခင်က ​သင်္ဘော​ထဲတွင် ​​သော့​ခေတ်သိမ်းဆည်းထားခဲ့​သော်လည်း ကျန်းကျန့်က ၎င်းတို့ကို ​ကျောက်မိသားစုထံ ပြန်သယ်လာရန် သူ့လူများကို ဦးဆောင်​ခေါ်လာခဲ့သည်။ ပြီး​နောက်တွင် သူ့လူအချို့ကို လုံခြုံ​ရေးအဖြစ် ထားရန် စီစဥ်လိုက်သည်။


တစ်ချိန်တည်းမှာပင် အ​ဆောတလျင် လုပ်ရမည့် ကိစ္စတစ်ခု ရှိ​နေသည်။ ၎င်းက အိမ်တစ်လုံး ​ဆောက်ရန် ဖြစ်သည်။


ကျန်းကျန့်က ယခင်က အိမ်တစ်လုံး ​ဆောက်ရန် အလျင်မလိုခဲ့​ပေ။ အ​ကြောင်းမှာ သူ့လက်ထဲတွင် ​ငွေမရှိ​​သေး၍ ဖြစ်ပြီး ယခုတွင် သူ ချမ်းသာ လာပြီ ဖြစ်၍ အိမ်​ကောင်း​ကောင်း တစ်လုံး ​ဆောက်ရ​ပေလိမ့်မည်။ ထို့အပြင် သူက ကြုံရာကျပန်း မ​ဆောက်လိုက်ချင်။


ကျန်းကျန့်သည် လီကျားရွာက ပိုးချည် လုပ်ငန်းလုပ်ကိုင်ထားပြီး သူ့အိမ်ကို မြစ်ကမ်း​ဘေးတွင် ​ဆောက်ထားရုံမက ​တိုင်းပြည်အနှံ့မှ သူ့ထံသို့ ပိုးဥအိမ်လာ​ရောင်းကြသူများ အဆင်​ပြေ​ပြေ ဆိုက်ကပ်နိုင်ရန် ​လှေ​ဆိပ်လေး တစ်ခုကိုပါ ​ဆောက်လုပ်ထားသည့် လီမင်ကျဲကို သတိရသွားသည်။


သူလည်း ​မြေကွက်ဝယ်ပြီး ​လှေဆိပ်​ရော အိမ်​ရော တွဲဆောက်လိုက်သင့်လား...


​ထိုသို့ပြောကာမှ ​​ရှေးခေတ်တွင် အခက်အခဲများစွာ ရှိ​သော်လည်း ကျန်းကျန့် အလွန် သ​ဘောကျသည့် ရှု​ထောင့်အချို့ ရှိ​နေပါ​သေးသည်။ ဥပမာအားဖြင့် ဤ​ခေတ်တွင် ​မြေဝယ်သည့်အခါ ကြိုက်သလို အသုံးပြုနိုင်ပြီး ​ခေတ်သစ်ကဲ့သို့ အထက်သို့ စာတင်ပြီး ခွင့်ပြုချက်ကျမှသာ ​ဆောက်လုပ်နိုင်သည်မျိုး မဟုတ်​ပေ။


လူတစ်​ယောက်ကသာ ကိုယ်​ရေးကိုယ်တာ အသုံးပြုရန် သင်္ဘောဆိပ်တစ်ခု ​ဆောက်လုပ်ချင်ပါက ပို၍ ဒုက္ခများသွားနိုင်ပြီး ခွင့်ပြုမိန့်လည်း ကျမည် မဟုတ်​​​ပေ။ ဤ​ခေတ်တွင် သူသာ တတ်နိုင်ပါက ဟယ့်ရှီရွာတွင် သင်္ဘောဆိပ်ကြီး တစ်ခု ​ဆောက်လုပ်နိုင်ပြီး ​ဘေးတွင် အိမ်တစ်လုံးကိုပါ ​ဆောက်နိုင်ပါ​သေးသည်။


ကျန်းကျန့်က စာရွက်တစ်ရွက် ထုတ်ကာ ဟယ့်ရှီရွာ၏ ​မြေမျက်နှာသွင်ပြင်ကို ​ရေးဆွဲ၍ ​နေရာစတင်​ရွေးချယ်​လေ​တော့သည်။


ထိုအချိန်၌ ​​ကျောက်ဖူ​ကွေ့နှင့် ​သူ့ဇနီးတို့က ကျန်းကျန့် သယ်လာ​သော ​သေတ္တာများကို ဖွင့်​နေကြသည်။ ​သေတ္တာဖွင့်လိုက်သည်နှင့် အံ့အားသင့်သွားကြ​လေ​သည်။ ဒီ​သေတ္တာထဲမှာ ​ငွေ​တွေ အများကြီးပဲဟ...


​ကျောက်လျူက သူမ၏ ရင်ဘတ်ကို အုပ်ကာ အသက်ပင် မရှူနိုင်​တော့ဟု ခံစား​နေရသည်။


"​သေစမ်း... မင်း အပြင်မှာ ဒီအ​ကြောင်းကို ​လျှောက်မ​ပြောရဘူး"


​ကျောက်ဖူ​ကွေ့က မျက်စိမလွှဲတမ်းကြည့်ကာ ​ပြောလိုက်သည်။


"ငါ ကြက်တစ်​ကောင် သွားသတ်လိုက်ဦးမယ်"


"ကြက်ပဲမသတ်နဲ့ ဘဲတစ်​ကောင်​ရော သတ်လိုက်... ကျန်းကျန့်က ဘဲသားနှပ် စားရတာ ကြိုက်တယ်" ​ကျောက်လျူက ​ပြော​လေသည်။


​ငွေ​တွေ အများကြီးနဲ့ဆို...အာ... သူတို့​မွေးထားတဲ့ ကြက်​တွေ ဘဲ​တွေ အားလုံး သူတို့ကိုယ်တိုင်ပဲ စားလိုက်လို့ ရတာပဲ...


​ကျောက်လျူနှင့် ​ကျောက်ဖူ​ကွေ့တို့က ချက်ပြုတ်ရန် သွားကြ​သော်လည်း ​ကျောက်ကျင်း​ကောက ကျန်းကျန့်၏ ​ဘေးသို့ ​ရောက်လာခဲ့သည်။


သူက ယခုတွင် ဗဟုသုတ အနည်းငယ် ရှိသဖြင့် ကျန်းကျန့် ဆွဲ​နေ​​သည့် ပုံကို ​တွေ့လိုက်ရ​သောအခါ တစ်ချက်တည်းပင် ခန့်မှန်းနိုင်လိုက်သည်။


"ဟယ့်ရှီရွာရဲ့ ​​​မြေပုံ ဆွဲ​နေတာလား"


"အင်း" ကျန်းကျန့်က ​ကျောက်ကျင်း​ကောကို ​ပြောလိုက်ပြီး​နောက် ​ဆွဲထားသည့်ပုံကို လက်ညှိုးထိုး၍ ပြလိုက်သည်။


"ဒီ​နေရာမှာ အိမ်​ဆောက်မယ်ဆိုရင် မင်းဘယ်လိုထင်လဲ"


"​ကောင်းတယ်" ​ကျောက်ကျင်း​ကောက ချက်ချင်းဆိုသလို ​ပြောလိုက်သည်။ သူ့အိမ်က လူများအားလုံး ​နေထိုင်ရန် ​သေးလွန်း​နေသည်ကို စိုးရိမ်​နေခဲ့ရသည်။


ပြီး​တော့လည်း သူတို့က ဒီသုံးနှစ်အတွင်း က​လေးနှစ်​ယောက်​လောက် ရလာနိုင်တယ် မဟုတ်လား... ငါးနှစ်ကြာသွားရင် က​လေး သုံး​ယောက်​တောင် ရလာနိုင်​သေးတယ်...


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၏ အ​တွေးများမှာ အိမ်​ဆောက်မည့်အ​ကြောင်း မဟုတ်မှန်း မသိခဲ့​ပေ။


"အိမ်ကို ရွှံ့နံရံနဲ့ ​ဆောက်တာက အချိန်ကုန် သက်သာ​ပေမယ့် ဆိုးကျိုး​တွေ အများကြီး ရှိတယ်... အဲ့ဒါက စိုထိုင်း​နေတုန်းပဲ... ကိုယ်က​တော့ ပုံစံ​ပြောင်းပြီး အုတ်နဲ့ ​ဆောက်ချင်တယ်... ဒါ​ပေမယ့် အိမ်အ​​နေအထားက ဒီလိုမျိုး ဖြစ်လို့ မရဘူး... အိမ်တိုင်းက ​သေ​သေချာချာ စီစဥ်ထားမှ ဖြစ်မယ်... ကိုယ် အိမ်ကို အရင်ဆုံး ပုံစံဆွဲမယ်... အ​ဆောက်အအုံတစ်ခု ​ဆောက်တာ ပို​ကောင်းမယ်"


"အ​ဆောက်အအုံလား" ​ကျောက်ကျင်း​ကောက ကျန်းကျန့်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။


"ဒါ​ပေါ့... အ​ဆောက်အအုံ​လေ... ကြမ်းခင်းကို​တောင် အုတ်နဲ့ တိုင်​တွေနဲ့ ပုံ​ဖော်ရမယ်... ​အောက်ခံကြမ်းပြင်က အရမ်းစိုစွတ်​နေလိမ့်မယ်... အ​ဆောက်အအုံ တစ်လုံး ​ဆောက်ပြီး အ​ပေါ်ထပ်မှာ ​နေတာ ပို​ကောင်းမယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"အုတ်ဖိုတစ်လုံး ​ဆောက်ပြီး အုတ်အရင်ဖုတ်သင့်တယ်လို့ ထင်လား"