အပိုင်း၁၃၆
Viewers 31k

Chapter 136

Chapter 136

အိမ်​ဆောက်ရန် ​မြေဝယ်ယူခြင်း



ကျန်းကျန့်က မှန်များကို မည်သို့ ကြိုချက်ရမည် မသိ​သော်လည်း အုတ်မည်သို့ ဖုတ်ရမည်ကို အကြမ်းဖျင်းသိသည်။ အဆုံးတွင် အုတ်ဖုတ်ခြင်းက ရိုးရှင်းလှ​ပေသည်။ ရွှံ့​စေးကို ပုံစံခွက်နဲ့ ပုံ​ဖော်ပြီး ဖုတ်လိုက်ရုံပဲ မဟုတ်ဘူးလား... ပြီး​တော့လည်း ​ရှေး​ခေတ်တွင် အုတ်ဖိုရုံများ ရှိ​နေပြီးသား ဖြစ်သည်။ သူက အုတ်ဖုတ်ဆရာ တစ်​ယောက် ငှားရမ်းပြီး ထိုကိစ္စကို ​ဖြေရှင်းခိုင်း၍ ရ​ပေသည်။


ကျန်းကျန့်က ဆုံးဖြတ်ချက် မြန်မြန် ချလိုက်ပြီး ​ကျောက်ကျင်း​ကောမှာလည်း ထိုဆုံးဖြတ်ချက်ကို ချက်ချင်းပင် သ​ဘောတူ​ပေးခဲ့သည်။


သူတို့ မနက်ဖြန် ​မြေဝယ်ကြမည်။


ကျန်းကျန့်က ​မြေဝယ်မည့်အ​ကြောင်း ​တွေး​နေချိန်တွင် ကျန်းမိသားစုမှာ ​မြေ​ရောင်းရန်အတွက် ကျူးမိသားစုထံမှ စီရင်စုမြို့သို့ ခေါ်သွားခံရ​လေသည်။ ထို့​နောက် သူတို့က အ​​ကြွေးများ ပြန်ဆပ်ကာ နည်းလမ်းများအတိုင်း မိသားစု ခွဲကြသည်။


ကျန်းမိသားစုက စပါးခင်း ဆယ့်တစ်ဧက ကျန်​နေ​သေးပြီး ပိုးစာခင်း ဆယ်ဧကနှင့် ​အ​ခြောက်​မြေ ဆယ်ဧကတို့ ရှိသည်။ ဤတစ်​ခေါက်တွင် အ​ကြွေးဆပ်ရန် အတွက် စပါးခင်း သုံးဧက၊ အ​ခြောက်​မြေ နှစ်ဧကနှင့် ပိုးစာခင်း နှစ်ဧက ​ရောင်းလိုက်ရသည်။


ကျူးရှို့ချိုက် ​ရှေ့ထွက်လာပြီး ကျန်း​ချောင်ဝမ်ကလည်း အ​ကြွေးအားလုံးကို တင်ထားသည့်အတွက် မိသားစု ခွဲထုတ်ပြီး​နောက် ကျန်း​ချောင်ရှန့်က ရသင့်ရထိုက်သည့်အတိုင်း ပိုရခဲ့သည်။ သူက စပါးခင်း ငါးဧက၊ ပိုးစာခင်း ငါးဧကနှင့် အ​ခြောက်​မြေ ငါးဧက ရခဲ့သည်။ သို့​သော်ငြား ထိုသို့ ဆိုလျှင်​တောင် ကျန်း​ချောင်ရှန့်၏ ​ဝေစုက သူထင်ထားသည်ထက် နည်း​နေဆဲ ဖြစ်သည်။ လက်ရှိတွင် လယ်ထဲ၌ တစ်နှစ်မျှ ကြိုးကြိုးစားစား လုပ်လိုက်ပါက အစားအ​သောက်နှင့် ဝတ်စရာ လုံလုံ​လောက်​လောက် ရရှိနိုင်သည်။ ငွေပို​ငွေလျှံရရန်က ခဲယဥ်းနိုင်​ပေသည်။


ကျန်း​ချောင်ဝမ်က သာ၍ ဆိုး​သေးသည်။ သူက စုစု​ပေါင်း စပါးသုံးဧက၊ အ​ခြောက်​မြေ သုံးဧကနှင့် ပိုးစာခင်း သုံးဧကသာ ရခဲ့သည်။ ​မြေ၏ အစိတ်အပိုင်းတိုင်းကို ​ကောင်း​ကောင်းမွန်မွန် အသုံးပြုရလျှင်​တောင် ဝဝလင်လင် စား​သောက်နိုင်ရန် ခက်ခဲသွား​ပေမည်။ အဆုံးတွင် သူက မကြာခင် ​နောက်ထပ် က​လေး တစ်​ယောက် ရ​ပေ​တော့မည်။


ထို့အပြင် သူနှင့် ကျန်း​ချောင်ရှန့်တို့က အဘွားကြီးကျန်းကို သူ့​နောက် လိုက်ခိုင်းပြီး သားသတ်သမားကျန်းက ကျန်း​ချောင်ရှန့်​နောက် လိုက်ရန် သ​ဘောတူထားခဲ့ကြသည်။ ဆိုလိုသည်မှာ သူ့မိသားစုတွင် လူကြီး သုံး​ယောက် ရှိ​နေပြီး အဘွားကြီးကျန်းက မိသားစုကို ထောက်ပံ့နိုင်ရန်အတွက် ပိုးချည်​ကောင်များ ​မွေးနိုင်သဖြင့် ​တော်​သေးသည်ဟု ဆိုရ​ပေမည်။


အမှန်မှာ ကျန်းညီအစ်ကိုပိုင်သည့် ​မြေပမာဏက မနည်းလှ​ပေ။ ဟယ့်ရှီရွာတွင် သူတို့ထက် ပို၍ဆင်းရဲသူများစွာ ရှိ​နေ​သေး​သော်လည်း လက်ဖွာခြင်းမှ ခြိုးခြံ​ချွေတာရခြင်းသို့ ကူး​ပြောင်းရသည်က အမြဲတမ်းပင် မျိုကျရန် ခက်ခဲ​တတ်ပေသည်။


ပြီး​နောက် ​မြေကလည်း စိုက်ပျိုးမှသာ ရိတ်သိမ်းကြရ​ပေမည်။ သို့​သော်ငြား သူတို့က မည်ကဲ့သို့ လယ်လုပ်ရမည်ကို မသိကြ​ပေ။ ကျန်းမိသားစုက ဟယ့်ရှီရွာသို့ စိတ်ဓါတ်ကျစွာ ပြန်လာကြရချိန်တွင် ​ခေါင်းကို တွင်တွင် ငုံ့ထားကြပြီး တစ်ဦးကို တစ်ဦး မ​ကျေမချမ်း ကြည့်​နေခဲ့ကြသည်။


ပြီး​တော့ သူတို့ သိလိုက်ရတာက ကျန်းကျန့်က ​ငွေ​တွေ အများကြီး ရလာတယ်တဲ့​လေ...


ဟယ့်ရှီရွာသားများမှာ ထို​​နေ့က ပွဲ​တော် ရှိ​နေသည့်အလား အလွန် ​ပျော်ရွှင်​နေခဲ့ကြ​လေသည်။ သူတို့ရဲ့ ရွာထဲမှာ အ​​ကောင်ကြီးကြီးတစ်​ယောက် ရှိလာပြီကွ...


ကျန်းကျန့်က အရမ်း အရမ်း အင်အားကြီးလွန်းတယ်... ခရီးထွက်ပြီး ပြန်လာတာနဲ့ သင်္ဘောတစ်စင်း... မဟုတ်​​သေးပါဘူး သင်္ဘော​တွေ အများကြီး ရလာခဲ့ပြီး​တော့ စီးပွား​ရေးသမားအကြီးကြီး တစ်​ယောက် ဖြစ်လာပြီ... ကျန်းကျန့်က ​ကျောက်တဟူနဲ့ ယှဥ်ရင် ​ငွေပိုပြီး ရှိမယ်လို့ ခန့်မှန်းရတာပဲ...


မတိုင်မီက ကျန်းကျန့်မှာ ရွာထဲမှ ကျန်လူများထက် ​ယောင်​ယောင်​လေးသာ ပိုချမ်းသာသဖြင့် ရွာသားများမှာ သူ့ကို မနာလို ဖြစ်​ခဲ့ကြသော်လည်း ယခုတွင်မူ ကျန်းကျန့်၏ ကြွယ်ဝမှုက ရွာသားများထက် အများကြီး သာသွားသဖြင့် မနာလို မဖြစ်ကြ​တော့ဘဲ ထိုအစား အထင်အမြင်ကြီးသွားကြသည်။


ထိုအခိုက်တွင် ရွာသားများက အလွန် ဂုဏ်ယူ​နေကြပုံ ​ပေါ်​နေပြီး ကျန်းမိသားစုကို ​တွေ့လိုက်ရချိန်တွင် ကျန်ရှိ​​နေ​သေးသည့် တွန့်ဆုတ်မှု​လေးပါ ကွယ်​ပျောက်သွား​လေသည်။ ကျန်းမိသားစုနဲ့ ယှဥ်ရင် သူတို့ရဲ့ အ​ခြေအ​နေက ပို​​ကောင်း​နေ​သေးတယ်...


သူတို့၏ ​ကောင်းချီးကို ​မောင်းထုတ်လိုက်ကြသည့် ကျန်းမိသားစု၏ စိတ်ဓါတ်ကျ​နေကြပုံကို ​တွေ့​သောအခါ ယှဥ်ကြည့်လိုက်ပါက သူတို့က ကျန်းကျန့်နှင့် ကြိုတင်၍ ဆက်ဆံ​ရေး​ကောင်း​ကောင်း တည်​ဆောက်ထားနိုင်ခဲ့သည့်အတွက် ၎င်းက အမှန်ပင် မှု​လောက်စရာ မဟုတ်​တော့​​ပေ။


ကျန်းမိသားစုက စိတ်အားငယ်စွာဖြင့် ​ခေါင်းငုံ့ထားသည်ကို ​တွေ့​သောအခါ သူတို့နှင့် ဆက်ဆံ​ရေး​ကောင်း မရှိကြသည့် အချို့လူများက ​လှောင်​ပြောင်ဟန်ဖြင့် ကြည့်​နေကြ​လေ​တော့သည်။


"ကျန်း​ချောင်ဝမ်... ဒီ​နေ့ ကျန်းကျန့်ရဲ့ သင်္ဘောကပ်လာတာ ​သိပြီးပြီလား"


ကျန်း​ချောင်ဝမ်နှင့် အသက်အရွယ်တူပြီး ငယ်စဥ်ကတည်းက အတူကြီးပြင်းလာခဲ့သည့် လူငယ်တစ်​ယောက်က ​မေးလိုက်သည်။


"ဘာသင်္ဘောလဲ... မ​တွေ့ပါဘူး" ကျန်း​ချောင်ဝမ်က မ​ကျေမချမ်းအသံဖြင့် ပြန်​ဖြေလိုက်သည်။


"ဒါ​ပေါ့... ဘယ်မြင်ရမလဲ... ဒီ​နေရာက တူးမြောင်းက သင်္ဘောဝင်ဖို့ ​သေးလွန်းလို့ မြစ်ကမ်း​ဘေးမှာ ကပ်ထားရတာ"


ထိုသူက ရယ်​မောလိုက်​လေသည်။


"ဟုတ်တယ်... ကျန်းကျန့်ရဲ့ သင်္ဘောက တကယ်ကြီးတာ... သင်္ဘော​ပေါ်မှာ​လေ... ပစ္စည်း​တွေအများကြီး သယ်လာ​သေးတယ်" သူ့​ဘေးမှလူက ဝင်​ပြောလိုက်သည်။ ထို့​နောက် ​နောက်ထပ်​ နောက်ထပ်​သော လူများကလည်း စတင်​ပြောဆိုကြ​လေ​တော့သည်။


"ကျန်းကျန့်က ဒီသင်္ဘောအပြင် ​နောက်ထပ် ထပ်ရှိ​သေတာတဲ့... သူ့မှာ အများကြီး ရှိ​နေတာပဲ"


"ကျန်းမင်နဲ့ ဟယ်ချွန်းရှန့်တို့က ​ငွေစနှစ်ဆယ် ထက်​တောင် ပိုတန်တဲ့ ပစ္စည်း​တွေကို သင်္ဘောပေါ်က​နေ သယ်ချ​နေကြတာ... ဒီတစ်​ခေါက် ခရီးမှာ သူတို့ ပိုက်ဆံ ဘယ်​လောက် ရခဲ့ကြမယ် ထင်လဲ"


"ခရီးတစ်​ခေါက်မှာတင် သူတို့ တစ်​ယောက်ချင်းစီက ​ငွေစတစ်ရာ​ကျော် ရခဲ့တယ်လို့ ကြားတာပဲ... ကျွတ်ကျွတ်... ကျန်း​ချောင်ရှန့်​တောင် သင်္ဘောဆိပ်မှာ လုပ်တုန်းက တစ်လမှ ​ငွေနှစ်စပဲ ရခဲ့တာ မို့လား"


"ဒီလူ​တွေ​တောင် ဒီ​လောက် ရ​နေတာ.. ကျန်းကျန့်ဆို ဘယ်​လောက် ချမ်းသာ​​နေမလဲ"


လူအုပ်ကြီးက ကျန်းမိသားစု​ရှေ့တွင် ​ပြောဆို​နေကြပြီး သူတို့၏ မျက်နှာများကို မဲ​မှောင်ပြီးရင်း မဲ​မှောင်သွား​စေခဲ့သည်။


"မဖြစ်နိုင်တာ... ကျန်းကျန့်က လှည့်စား​နေတာပဲ ဖြစ်ရမယ်... အားလုံး အလိမ်အညာ​တွေပဲ" အဘွားကြီးကျန်းက စွာကျယ် စွာကျယ်ဖြင့် ​ပြော​လေသည်။


"ရွာထဲက လူတိုင်း ​တွေ့ကြတာပဲ... ဘယ်လိုလုပ် လိမ်တာ ဖြစ်မလဲ" ​


အမျိုးသား တစ်​ယောက်က စိတ်​ကောင်းဝင်လျက် ထွက်မသွားခင် ​ပြောထားခဲ့သည်။


ကျန်းမိသားစုက အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာများ မဲ​မှောင်လျက် အိမ်ပြန်လာခဲ့ကြသည်။ ထိုအချိန်မှာပင် သူတို့၏ အိမ်အနီးတွင် ​နေထိုင်ကြသူများ ​ရောက်လာကြပြီး ဖြစ်ပျက်သမျှ အလုံးစုံကို ရှင်းပြကာ သူတို့ကို ထပ်ပြီး တိုက်တွန်းကြပြန်သည်။


"ရှင်တို့​တွေ ပိုပြီး ပွင့်လင်းသင့်တယ်..."


"​နောက်ဆို ကျန်းကျန့်ကို ဆန့်ကျင်ဖို့ မစဥ်းစားနဲ့​တော့"


"​ကောင်းပြီ​လေ... အရင်ဆုံး ရှင်တို့ သူ့အ​ပေါ် ပို​ကောင်း​ပေးရင်​ရော"


. . .


ကျန်းမိသားစုမှာ သူတို့၏ အကြံ​ပေးချက်များကို ကြားလိုက်ရသည့်အခါ ပို၍ စိတ်ညစ်ညူးသွားကြ​လေသည်။


သို့​​သော်လည်း ထိုအချိန်၌​ ​ကျောက်မိသားစုက​ ​ပျော်ပါး​နေကြ​လေသည်။ မနက်ပိုင်းတွင် ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့က ပစ္စည်းများ သယ်လိုက်ရသည့်အတွက် မနက်စာ မချက်လိုက်ရသဖြင့် ​နေ့လည်ပိုင်းတွင် ​ကျောက်လျူက စား​​ကောင်း​သောက်ဖွယ်များ ချက်ထားခဲ့သည်။ ထို့အပြင် သူမက ဆီအနည်းငယ် သုံး​လေ့ရှိပြီးသား ဖြစ်ကာ ယခုတွင် ဆီပိုသုံး​လေ​တော့သည်။


အသီးအရွက်စိမ်းများကို သူမက ​ရေဖြင့် ဖြူစင်​နေ​အောင် ​ဆေးကာ ဆီဖြင့် ​မွှေ​ကြော်ထားသည်။ ဘဲသားအတွက်ကား ဆီနှင့် ​မွှေ​ကြော်ထားရုံသာမက ဝိုင်ထည့်ကာ နှပ်လိုက်​သေးသည်။ ကြက်သားအတွက်မူ စွပ်ပြုတ် ပြုတ်ရန်ပင် မစဥ်းစား​တော့ဘဲ ​​မြေအိုးထဲတွင် ပေါင်းထား​လေသည်။


. . .


​​သေချာ​ပေါက် ၎င်းက အ​တွေ့အကြုံ အနည်းငယ်သာ ရှိ​နေသည့် ​​ကျေးလက်အမျိုးသမီး တစ်​ယောက် ဖြစ်​သော ကျောက်လျူ၏ အကြံ မဟုတ်​ပေ။ အမှန်တွင် ချက်ပြုတ်မှုအားလုံးက ထမင်းချက်လီ၏ ကြီးကြပ်မှု​​အောင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သူမက ချက်ပြုတ်ခြင်းကို ထိုနည်းလမ်းဖြင့်လည်း ပြုလုပ်နိုင်သည်ဟု သင်ယူထားခဲ့ခြင်း ဖြစ်သည်။


"အရင်က ကျင်း​ကောအတွက် အစားအ​သောက်​တွေ အားလုံးကို ရှင်ပဲ လုပ်​ပေးခဲ့တာလား" ​ကျောက်လျူက အိုးထဲမှ ဘဲသား၏ ​မွှေးကြိုင်လှ​သော ရနံ့​လေးကို အနံ့ခံပြီး​နောက် ​မေးလိုက်သည်။


"ဟုတ်ပါတယ်... သင်္ဘောပိုင်ရှင်ကြီးက သူ့ဇနီးအတွက် အထူးချက်ပြုတ်​ပေးဖို့ ကျွန်မကို ​ပြောထားတာပါ"


ထမင်းချက်လီက ဝဲ​နေ​သော ​လေသံဖြင့် ​ကျောက်လျူကို ​ပြော​လေသည်။


"ကျန်းကျန့်က သူ့အ​ပေါ် တကယ် ကြင်နာတာပဲ"


​ကျောက်လျူက နှလုံးသားထဲတွင် ​ပျော်ရွှင်​နေခဲ့ရသည်။ သူမ တစ်ဘဝလုံး အလုပ်​တွေများ​နေခဲ့ရတာ... သူမရဲ့သား​လေး ဘဝ​ကောင်း​ကောင်းမှာ​နေရတာ မမှန်ကန်​ပေဘူးလား... အခု​တော့ သူမရဲ့သား​လေးက ​ကောင်းမွန်တဲ့ ဘဝကို ရရှိ​နေပြီ...


​ကျောက်လျူက သူမ၏ နှလုံးသားထဲတွင် ထိုသို့ ​တွေး​နေခဲ့ပြီး အခြားသူများကလည်း ထိုနည်း၎င်းပင်။ ​ကျောက်ကျင်း​ကောကို ကြည့်​နေသည့် ကျန်း​ရှောင်မိန်မှာ အနည်းငယ် မနာလို ဖြစ်​နေ​လေသည်။ သူမသည်လည်း မတိုင်မီက စိတ်လှုပ်ရှားဖွယ် မြင်ကွင်းကို သွားကြည့်ခဲ့ပြီး အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူမ၏ အစ်ကိုကြီးက ထိုမျှ​လောက်ထိ ​​တော်မည်ဟု ဘယ်တုန်းကမှ မ​တွေးထားခဲ့​ပေ။


သူမမှာ ဒီ​လောက်ထိ အင်အားကြီးတဲ့ အစ်ကိုမျိုး ရှိ​နေတယ်​​ပေါ့... ​နောက်ဆိုရင်... ကျန်း​ရှောင်မိန်မှာ ထိုသို့ ​​​တွေးလိုက်စဥ်မှာပင် ​ရေ​အေးများ ​လောင်းချခံလိုက်ရသည်။


ကျန်းကျန့်က ​ကျောက်ကျင်း​ကော၊ ​ကျောက်ဖူ​ကွေ့၊ ကျောက်လျူတို့နှင့် စကား​ပြော​နေခဲ့ပါ​သော်လည်း သူမကို တစ်ချက်​လေးမှ မကြည့်ခဲ့​ပေ။ သူမ၏ အစ်ကိုကြီးက ​ကျောက်တို့နှင့် မိသားစုတစ်ခု ထဲထဲဝင်ဝင် ဖြစ်​နေခဲ့​လေပြီ။ သူ့မျိုးရိုးနာမည်ကို မ​ပြောင်းခဲ့​သော်လည်း အတူတူဖြစ်​နေဆဲပင်။ သူမကလည်း ကျန်းမျိုးရိုး ဖြစ်​နေဆဲ။


ထိုအ​ကြောင်း​ကြောင့် ကျန်း​ရှောင်မိန်က အ​ရောတဝင် မ​နေရဲပါ​ပေ။ ထိုအခိုက်မှာပင် သူမက ​​ကျောက်လျူကို ကူညီရင်း အလုပ်များ​နေရသည်။


ကျန်းကျန့်က အစားအ​သောက်များကို သက်​တောင့်သက်သာ စား​သောက်​နေသည်။ သူက အသားစားရသည်ကို နှစ်ခြိုက်လှပြီး ထို​နေ့က စားပွဲ​ပေါ်တွင် ဝက်သားမပါ​သော်လည်း ကြက်သားနှင့် ဘဲသားကို စိတ်လိုလက်ရ စား​​သောက်နိုင်​နေဆဲဖြစ်သည်။ အထူးသဖြင့် ကြက်သားသည်ကား...


ကြက်သားက ​မြေအိုးထဲတွင် အချိန်တစ်ခု​လောက်အထိ ​ပေါင်းထားသဖြင့် အသားက လုံးဝ မာမ​နေဘဲ အရသာကလည်း အသားထဲတွင် ပျစ်ခဲ​​နေ​ပေသည်။ ကြက်​တောင်ပံ နှစ်​ချောင်းကို ကျန်းကျန့်ကသာ အ​ပြောင် ဝါးစားလိုက်​လေသည်။


​ကျောက်ဖူ​ကွေ့က အရိုးကိုက်ရသည်ထက် အသားစားရသည်ကိုသာ ကြိုက်သည်။ ထို့အပြင် ဤတစ်ကြိမ်၌ ဘဲသား၏ အရသာက အထူးတလှယ် ​ကောင်းမွန်လှ​ပေသည်။ အတိတ်တွင် ​ကျောက်လျူ ဘဲသားဟင်းချက်တိုင်း မနှစ်မြို့ဖွယ် ဘဲညှီနံ့ရ​သော်လည်း ယခုအကြိမ်တွင် ဘဲက အနံ့မထွက်ဘဲ အရသာလည်း ပျက်မသွား​ပေ။ ပြီး​နောက် စွပ်ပြုတ်ကလည်း အရသာရှိလှသည်။ အသီးအရွက် ဟင်းပွဲများသည်ပင် အလွန် စား​​ကောင်း​နေ​ပေသည်။


စား​သောက်ပြီး​နောက် ကျန်းကျန့်က ​ကျောက်ဖူ​ကွေ့နှင့် သူ့ဇနီးတို့ကို အိမ်အသစ်​ဆောက်မည့်အ​ကြောင်း ​ပြောလိုက်သည်။


"အ​မေနဲ့ အ​ဖေ... ​နောက်ဆို မိသားစုထဲမှာ လူပိုများလာ​တော့မှာဆို​တော့ ဒီအိမ်က​တော့ လူသိပ်ဆန့်​တော့မှာ မဟုတ်ဘူး... ​နောက်ပိုင်းကျရင် ​မြေဝယ်ဖို့ စီရင်စုမြို့ကို သွားရမယ်... ပြီးရင် တူး​မြောင်း​ဘေးမှာ အိမ်တစ်လုံး ​ဆောက်လို့ ရပြီ"


"​ကောင်းတယ်" ​ကျောက်ဖူ​ကွေ့က ထပ်ခါထပ်ခါ ​ခေါင်းငြိမ့်​နေခဲ့သည်။ သူက ယခုလက်ရှိတွင် ကျန်းကျန့်ထံမှ သိမ်းသွင်းခံထားရသဖြင့် ကျန်းကျန့် ​ဆုံးဖြတ်သမျှကို ဆန့်ကျင်မည် မဟုတ်​ပေ။


"အ​မေနဲ့ အ​ဖေ... အဝတ်အစားအသစ်​တွေ ဝတ်ပြီး ကျွန်​တော်တို့နဲ့ အတူတူ စီရင်စုမြို့ကို လိုက်ကြည့်ကြရင်​ရော" ကျန်းကျန့်က ထပ်​ပြောလိုက်သည်။


"​ကောင်းပြီ​လေ" ​ကျောက်ဖူ​ကွေ့က ထပ်ပြီး ​ခေါင်းငြိမ့်လိုက်သည်။


ထိုအချိန်မှာပင် ​​ကျောက်လျူက ကျန်း​ရှောင်မိန်အ​ကြောင်း ထုတ်​​ပြောလာခဲ့သည်။


"​ရှောင်မိန်ကိုလည်း ​ခေါ်လာခဲ့​လေ"


ကျန်း​ရှောင်မိန်သည်လည်း ကျန်းကျန့်ကဲ့သို့ပင် ကျန်းမိသားစုထံမှ ဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရသည့်အတွက် ​ကျောက်လျူက ထိုက​လေးမကို သနား​နေပြီး သူမကိုလည်း အလွန်သ​ဘောကျ​နေသည်။ ထိုအပြင် အခြားသူများ မည်ကဲ့သို့ ​ပြောဆိုကြပါ​​စေ သူမက ကျန်းကျန့်၏ ညီမ​လေး ဖြစ်​နေဆဲပင်။ ကျန်းကျန့်၏ အကျိုးအတွက် ​တွေး​ပေး​နေလျှင်​တောင် သူမက ကျန်း​ရှောင်မိန်အား ရက်ရက်စက်စက် ဆက်ဆံမည် မဟုတ်​ပေ။


"​နောက်တစ်ကြိမ်မှ ​စောင့်တာ ပို​ကောင်းမယ်... ကျွန်​တော်​ အခု အဆင်​ပြေမဲ့ အဝတ်အစား​ မရှိ​သေးဘူး" ကျန်းကျန့်က ​ဟောင်းနွမ်း​နေသည့် အဝတ်အစားများ ဝတ်ထားဆဲ ဖြစ်သည့် ကျန်း​ရှောင်မိန်ကို ကြည့်ကာ ​ပြောလိုက်သည်။


"ထမင်းချက်လီနဲ့ ​​ရှောင်ရို့တို့ ပြီးသွားရင် ရွာတဝိုက် လိုက်ပြလိုက်ဦး...


သူတို့ရဲ့အထုပ်​တွေကို မင်းအိမ်ထဲ​ ​ရွှေ့​ပေးပြီး အချိန်တစ်ခု​လောက်ထိ သူတို့က မင်းနဲ့ အတူတူ​နေရမယ်... အဆင်မ​ပြေတာရှိရင် လိုက်ကာစ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခုရှာပြီး ​နေရာကို ခွဲထားလိုက်"


ကျန်းကျန့်က ကျန်း​ရှောင်မိန်ကို မမုန်းတီးပါ​သော်လည်း သူမနှင့် အဆက်အဆံများများ မလုပ်ချင်​သဖြင့် သူမကို သ​ဘောကျသည်ဟုလည်း ​ပြော၍ မရ​ပေ။ ကျန်း​ရှောင်မိန်က သူ့အတွက် ဖြတ်သွားဖြတ်လာ တစ်​ယောက်သာ ဖြစ်သည်။


၎င်းက ထုံးစံအတိုင်းပင် ယခင်က ကျန်း​ရှောင်မိန်ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးသည်​ကြောင့်လည်း ဖြစ်နိုင်​ပေသည်။ သို့​သော်ငြား သူက သူမအတွက် ခံစားချက်များ မရှိလျှင်​တောင် မူလအကြီးဆုံးကျန်းက ကျန်း​ရှောင်မိန်ကို အလွန် ချစ်ခဲ့သဖြင့် သူကလည်း သူမကို ကူညီ​ပေးရမည် ဖြစ်သည်။ သို့​သော်လည်း သူက ကျန်း​ရှောင်မိန်ကို ကျန်းမိသားစုလက်မှ လွတ်ရန် ​ကူညီ​ပေးခဲ့ပြီး အိမ်​​ထောင်ဖက် ရှာ​ပေးခဲ့လျှင်​တောင် သူ့မိသားစုနှင့် ​ပေါင်းစည်းခွင့်ပြုရန် မရည်ရွယ်ထား​ပေ။


"အဆင်​ပြေပါတယ်" ကျန်း​ရှောင်မိန်က ပြန်​ဖြေလိုက်သည်။


"ငါ အဝတ်စ​တွေ ပိုဝယ်လာ​သေးတယ်... အဲ့အထဲမှာ အနီ​ရောင်ရင့်ရင့် တစ်စ ပါတယ်... ​နောက်မှ မင်းကို တစ်​ယောက်​ယောက်နဲ့ လာ​ပေးခိုင်းလိုက်မယ်... အဝတ်အစားသစ် နှစ်စုံ​လောက်​တော့ ချုပ်လို့ ရမှာပါ" ကျန်းကျန့်က ထပ်​ပြောလိုက်​လေသည်။


​ခေတ်သစ်တွင် ကျန်းကျန့်က မငယ်ရွယ်​တော့ဘဲ သုံးဆယ်​ကျော်အတွင်းသို့ ဝင်​ရောက်ခဲ့ပြီ ဖြစ်သည်။ သူရရှိခဲ့​​သော ပညာများကို ထပ်​ပေါင်းလိုက်​သောအခါ သူက အမြဲတမ်း သည်းခံနိုင်ခဲ့ပြီး သူတို့ကလည်း က​လေးများသာ ဖြစ်​ပေသည်။ သူတို့က ​​ကောက်ကျစ်မှု မရှိဘဲ ဥပ​ဒေကို ချိုးဖောက်ကာ ပြစ်မှုများ ကျုးလွန်ခြင်း မရှိသ​ရွေ့ သူက စိုးရိမ်နေမည် မဟုတ်​ပေ။


ထို့​ကြောင့် ဟယ်ချိုးရှန့် သူ့ကို ကူညီ​ပေးရန် ​ပြောလာ​သောအခါ ​ဒေါသထွက်မသွားဘဲ ​ရောက်လာ​သောအခါတွင်လည်း ကူ​ညီ​ပေးခဲ့သည်။ သူက ​ကျောက်ကျင်း​ကောကို အလုပ်အ​ကျွေးပြုရန်အတွက် တစ်​ယောက် ​​လောက် ရှာ​ပေးချင်​နေခဲ့ပြီး ပထမဆုံး အကြည့်တစ်ချက်မှာပင် ပိန်ပါးလှ​​သော ​​ရှောင်ရို့အ​ပေါ် နှလုံးသား နူးညံ့သွားခဲ့သဖြင့် ထိုက​လေးအတွက် လွယ်ကူသည့် အလုပ်တစ်ခု ရှာ​ပေးချင်ခဲ့သည်။ ​ကျောက်ကျင်း​​ကောက အလုပ်အ​​ကျွေး ပြုရန်အတွက် ခက်ခဲမည့်သူမျိုး မဟုတ်​ပေ။


မကြာခင် ကျန်း​ရှောင်မိန်၏ အလှည့်ဖြစ်​ပေသည်။ သူက သူမ၏ အ​ခြေအ​နေ ပို​ကောင်းလာ​အောင် ကူညီ​ပေးရန်က ပြသနာရှိပါ​ပေ။ အ​ကြောင်းမှာ သူမကို ကူညီ​ပေးရန် ​ငွေ​ကုန်​ကြေးကျ သိပ်မများ​သော​ကြောင့်ပင်။