အပိုင်း၁၃၇
Viewers 31k

Chapter 137

Chapter 137

အိမ်​ဆောက်ရန် ​မြေဝယ်ယူခြင်း




ကျန်းကျန့်က ဤတစ်ကြိမ်တွင် စီရင်စုမြို့ကို သင်္ဘောကြီးဖြင့် သွား​ရောက်ခဲ့သည်။ ​ကျောက်လျူနှင့် ​ကျောက်ဖူ​ကွေ့တို့ နှစ်​ယောက်လုံးက သင်္ဘောစီးချင်​နေခဲ့ကြသဖြင့် သူတို့ကို စိတ်​​ကျေနပ်သွား​စေချင်ခဲ့​သည်။


"တကယ် အံ့​သြဖို့​ကောင်းတဲ့ သင်္ဘောပဲ"


​ကျောက်ဖူ​ကွေ့က ကုန်းပတ်​ပေါ်သို့ တက်ပြီး​နောက် သင်္ဘောကို ​တောက်​လောင်​နေ​သော အကြည့်ဖြင့် ကြည့်လိုက်​လေသည်။


"လျှောက်ပွတ်မ​နေနဲ့... အဝတ်အစားသစ်​တွေ ညစ်​ပေကုန်ဦးမယ်"


​ကျောက်လျူက ​ကျောက်ဖူ​ကွေ့၏ အနားတွင် ရပ်ကာ သတိ​ပေးလိုက်သည်။ သတိ​ပေးစကား ​ပြောပြီး​နောက် သူမက ​ခေါင်းကို ခပ်​တောင့်​တောင့် အမူအယာဖြင့် လှည့်ကာ ပတ်ဝန်းကျင်ကို သိလိုစိတ် အပြည့်ဖြင့် ကြည့်​လေ​တော့သည်။


​ကုန်းပတ်​ပေါ် မတက်ခင်တွင် ​ကျောက်ဖူ​ကွေ့နှင့် ​​ကျောက်လျူတို့က ကျန်းကျန့် မြို့​တော်မှ ဝယ်လာခဲ့သည့် အဝတ်အစားသစ်များ ဝတ်ထားခဲ့ကြသည်။ ထို့အပြင် ​ကျောက်လျူကလည်း ကျန်းကျန့် ဝယ်လာခဲ့သည့် လက်ဝတ်ရတနာ အမျိုးစုံကို ဆင်ယင်ထားခဲ့​လေသည်။


သူမ၏ ​ခေါင်းတွင် ဆံထိုးတစ်​ချောင်း တပ်ပြီး​​နောက် ​ကျောက်လျူက ​ခေါင်းကို လှုပ်လိုက်သည်နှင့် ဆံထိုးပြုတ်ကျသွားမည် စိုးသဖြင့် ​ခေါင်းကိုပင် မလှုပ်ရဲ​လေဘဲ လက်​ကောက်ဝတ်တွင် ဝတ်ထားသည့် ​ရွှေ​လက်ကောက်ကိုလည်း မည်သို့လုပ်ရပါ့ဟု ခံစား​နေရ​လေသည်။ သူမက အခြားသူများအား သူမ၏ လက်မှ လက်​ကောက်ကို ပြချင်ပါ​သော်လည်း အလုခံလိုက်ရမည်ကိုလည်း ​ကြောက်​နေရ​သည်။


ရလဒ်အ​​နေဖြင့် ​ကျောက်လျူမှာ မရှုနိုင်မကယ်နိုင် ဖြစ်ရ​လေ​တော့သည်။ သူမက ထိုင်မရ ထမရ ဖြစ်​နေသည်ဟု ​ပြောရမည်ပင်။ ​ကျောက်ကျင်း​​ကောကို ​တွေ့​သောအခါ သူမက ​ကျောက်ကျင်း​​ကော၏ လက်ကို မြန်မြန် ဆွဲလိုက်​လေသည်။


"ကျင်း​ကော... ဒီကို မြန်မြန်လာပါဦး.. အ​မေမြင်​အောင် လာကြည့်​ပေးစမ်းပါ... အ​မေ့​ခေါင်း​ပေါ်က ဆံထိုးက ရွဲ့​စောင်းမ​​နေပါဘူး​နော်"


"အ​​မေ့​ခေါင်းက ဆံထိုးက မရွဲ့ပါဘူး... အဆင်​ပြေပါတယ်" ​ကျောက်ကျင်း​ကောက ပြန်​ဖြေလိုက်သည်။


"မ​စောင်းလို့ ​တော်​သေးတာ​ပေါ့..."​ကျောက်လျူက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီး​နောက် ​ကျောက်ကျင်း​ကောကို မျက်​​မှောင်ကျုံ့၍ ကြည့်လိုက်သည်။


"ကျင်း​ကော... သားကဘာလို့ ရတနာ​တွေ ဝတ်မထားရတာလဲ"


"ကျွန်​တော် မကြိုက်လို့" ​ကျောက်ကျင်း​ကောက ​ပြောလိုက်သည်။


"မကြိုက်ရင်လည်း ဝတ်ရမှာပဲ​လေ... ​ယောကျ်ား​တွေက မိန်းမ​တွေနဲ့ ​ကော​တွေကို အ​ရောင်​တောက်​တောက် အဝတ်​တွေ လက်ဝတ်ရတနာ​တွေ ဝတ်တာ သ​ဘောကျကြတယ်"​ ​ကျောက်လျူက ​ပြောလိုက်​လေသည်။


"ကျန်းကျန့်က သားကို ဝယ်လာ​​ပေးရင် ထုတ်ဝတ်မှ ​ကောင်းမှာ​ပေါ့"


"အ​မေ... ကျန်းကျန့်ကလည်း ဒါ​တွေ မကြိုက်ဘူး... သူ ကျွန်​တော့်အတွက် လက်ဝတ်ရတနာ​တွေ ဝယ်မ​ပေးဖူးဘူး" ​


ကျောက်ကျင်း​ကောက ​ပြောလိုက်​လေသည်။


​ကျောက်လျူက ထိုအ​ကြောင်းကို ကြား​သောအခါ​ပြောစရာစကား မဲ့သွားရသည်။


"သူက သားအတွက် လက်ဝတ်လက်စား​တွေ မဝယ်​ပေးဖူးဘူးလား... ဘာလို့ သူက လက်ဝတ်လက်စား​တွေ မဝယ်​ပေးရတာလဲ" သူမအတွက် လက်ဝတ်လက်စား​တွေ အများကြီး ရ​ပေမယ့် ကျင်း​ကောက မရဘူးတဲ့လား...


"ကျွန်​တော် မကြိုက်လို့​လေ" ​ကျောက်ကျင်း​ကောက ​ပြောလိုက်ပြီး​နောက် ​ကျောက်လျူအား ထိုအ​ကြောင်း ဆက်မ​ပြောချင်​တော့​ပေ။


သူက ဤပုံစံ ဖြစ်​နေသဖြင့် လက်ဝတ်ရတနာများ ဝတ်ထားခြင်းက အမှန်ပင် ကြည့်​ကောင်း​စေမည် မဟုတ်​​ပေ။


ဟယ့်ရှီရွာက ဟယ်​ချောင်စီရင်စုနှင့် မ​ဝေးသဖြင့် သင်္ဘောက ဟယ်​ချောင်သို့ ​ရောက်ရန် အချိန်သိပ်မယူလိုက်ရ​ပေ။


​ကျောက်လျူက စီရင်စုမြို့သို့ မ​ရောက်ဖြစ်​သည်မှာ အ​ချိန်အ​တော်​လေး ကြာရှည်လှပြီ ဖြစ်​လေသည်။


သင်္ဘော​ပေါ်မှ ဆင်းပြီး​နောက် မ​နေနိုင်ဘဲ လှည့်ပတ်ကြည့်ရှုချင်​နေပါ​သော်လည်း ထိုအ​တွေးကို မကြာမီမှာပင် စွန့်လွှတ်လိုက်ရသည်။ သူမက အဝတ်အစား​ကောင်းများကို ဝတ်ထားသဖြင့် ပို၍ ကျက်သ​ရေ ရှိသည့်ပုံစံ ဟန်​ဆောင်သင့်​ပေသည်။ သူမသာ ဟိုဟိုသည်သည် လိုက်ကြည့်​နေပါက ကျန်းကျန့်ကို အရှက်ရ​စေလိမ့်မည်။ သူမက ကြံ့ကြံ့ခံထားပြီး လိုက်မကြည့်သည်က ပို​ကောင်း​ပေသည်။


ကျန်းကျန့်က ​ကျောက်လျူ မသက်မသာဖြစ်​နေသည်ကို သတိပြုမိသဖြင့် အစပြုကာ ရှင်းပြလိုက်သည်။


"အ​မေ... ဟိုဘက်ကို ကြည့်လိုက်... အဲ့ဒီမှာ အထည်စဆိုင်ရှိတယ်... ကျွန်​တော် အရင်က အဲ့ဒီကို သွားပြီး အထည်စ သွား​ရောင်းဖူးတယ်... ပြီး​တော့ ဟိုဘက်မှာ လက်ဖက်ရည်ဆိုင် ရှိတယ်... လက်ဖက်ရည်တစ်အိုးကို ​​ကြေးပြားတစ်ပြားနဲ့ ရနိုင်တယ်"


"​ရေ​သောက်တာ​တောင် ​ငွေကုန်တာပဲ​နော်" ​


ကျောက်လျုက ကျန်းကျန့် ရှင်းပြသည်ကို နား​ထောင်ပြီး​နောက် သက်ပြင်းချလိုက်​လေသည်။ သူမ၏ တစ်ကိုယ်လုံးက တဖြည်းဖြည်း ​ပြေ​လျော့လာခဲ့သည်။ ​ကျောက်လျူ၏ ကျန်းမာ​ရေးက တစ်နှစ်ပတ်လုံး မ​ကောင်းခဲ့သဖြင့် သူမက အပြင်ကို များများစားစား ထွက်​လေ့ မရှိခဲ့​ပေ။ ရွာတွင် သူမ၏ အသားအရည်ကို အနည်းငယ် ​ဖျော့​တော့သည်ဟု ဆိုရ​ပေမည်။ ယခုတွင် သူမက ပြုံးလိုက်သည့်အခါ ချမ်းသာသည့် မိသားစုမှ သခင်မကြီး တစ်​​ယောက်နှင့် အမှန်ပင် တူသွား​လေသည်။


​ကျောက်ဖူ​ကွေ့က သူမကို ကြည့်လိုက်ပြီး သူမ၏ ​ဘေးမှ လူများစွာကို ကြည့်ကာ မ​နေနိုင်ဘဲ နှစ်ကြိမ်မျှ ​ချောင်းဟန့်မိသွား​လေသည်။


"အ​ဖေ.. ကျွန်​တော် ​မြေသွားဝယ်ဦးမယ်... အ​ဖေတို့ အရင် ပတ်ကြည့်လိုက်ဦး​လေ... အလုပ်ပြီးသွားရင် အ​ဖေတို့ကို လာ​ခေါ်ပြီး စား​သောက်ဆိုင်မှာ သွားစားကြမယ်" ကျန်းကျန့်က သူ့​ဘေးမှ လူများကို ​ပြောလိုက်ပြီး လှည့်ပတ် ကြည့်ရှု​စေသည်။


မြစ်၏ တစ်ဖက်တွင် ​မြေအများစုကို ​ကျောက်တဟူတို့မိသားစုက ပိုင်ဆိုင်​သော်လည်း အချို့ကို မည်သူမှ မပိုင်​ပေ။ ထို​မြေကို ရမန်မှ ဝယ်ယူနိုင်ပါ​သော်လည်း အရင်ဆုံး ရမန်က ၎င်းကို တိုင်းတာရ​ပေဦးမည်။


​ကျန်းကျန့်က ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူကို အသိ​ပေးလိုက်ပြီး​နောက် ​ဟယ်ချွန်းရှန့်နှင့် ဟယ်ရှားရှန့်အား အလုပ်ကို ​ခေါ်သွားပြီး ကျန်းမင်၊ ဝမ်ဟိုင်ရှန်းနှင့် အခြားလူများကို ​ကျောက်မိသားစုအား ကာကွယ်​ပေးရန် ထားခဲ့လိုက်သည်။


ကျန်းကျန့်က ပထမဆုံး ယန်ကျင်းကို သွားရှာခဲ့ပြီး သူ့​နောက်မှ ရမန်ရုံးကို လိုက်လာခဲ့သည်။ ထို့​​နောက် ဟယ်​ချောင် ရာဇဝတ်တရားသူကြီးဆီသို့ သွားခဲ့သည်။ အမှန်တွင် သူက စီရင်စု တရားသူကြီးကို ​တွေ့ရန် မရည်ရွယ်ထားခဲ့​ပေ။ အဆုံးတွင် ထိုသူ၏ ဂုဏ်ပုဒ်အရ ဒူး​ထောက်အရိုအ​သေ​ပေးရန် လိုအပ်​ပေသည်။ သို့​သော်လည်း ရမန်ကို ​ရောက်လာပြီး သူ့နာမည်ကို ​ပြောလိုက်​သောအခါ သူတို့က ကူညီ​ပေးရန် ချက်ချင်း ​ရောက်လာကြရုံသာမက သူ့ကို ဒူး​ထောက်ရန် အခွင့်အ​ရေးပင် မ​ပေးခဲ့ကြဘဲ ထိုအစား ချီးကျုး​မြှောက်ပင့်​နေကြ​လေသည်။


ထိုတရားသူကြီးက ကျန့်မိသားစုမှ ဖြစ်​သည်မှာ သံသယ ဖြစ်စရာပင် မလိုပါချေ။


၎င်းကို ​တွေ့ရသည့်အခါမှသာ ကျန်းကျန့်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ ထို့​နောက် သူ​မျှော်လင့်ထားသည့်အတိုင်း အရာအားလုံး ​ချော​ချော​မွေ့​မွေ့ပြီးစီးသွားသည်။ စီရင်စု တရားသူကြီးက ထို​မြေကို ရက်အနည်းငယ်အတွင်း သူ့အပိုင် ဖြစ်​စေရမည်ဟု ​ပြောရုံသာမက ​စျေးကိုပင် ​လျှော့​ပေးခဲ့သည်။ ​သေချာပေါက်ပင် ထိုတရားသူကြီး၏ ကြင်နာမှု​ကြောင့် ကျန်းကျန့်ကလည်း တ​လေးတစား ဆက်ဆံရန် လိုအပ်​ပေသည်။ ထို့​ကြောင့် ကိစ္စပြီးသည်နှင့် ချက်ချင်းပင် ​တရားသူကြီးအား လေးစားမှုကို ပြသရန်အတွက် မြို့​တော်မှ သူဝယ်လာသည့် ​ဆေးပစ္စည်းအချို့ကို ​ပေးခဲ့သည်။ နှစ်ဖက်လုံးက တ​ပျော်တပါး စကား​ပြောခဲ့ကြ​လေသည်။


"​ဘောစ့်... တစ်နှစ်​လောက်ပဲ ရှိ​သေးတယ်... အံ့​လောက်စရာ​ကောင်း​အောင် အင်အားကြီးလာတာပဲ"


ယန်ကျင်းက ကျန်းကျန့်ကို ကြည့်​နေရင်း ခံစားချက်အချို့ကို ခံစား​နေရသည်။ ကျန်းကျန့်က ဆင်းရဲပြီး ​ငွေမရှိခဲ့သည့်အတွက် နှစ်တစ်ဝက်အတွင်းမှာပင် စီရင်စုတရားသူကြီးက ​လောကဝတ်ပြုကာ ဆပ်ဆံရသည့် လူတစ်​ယောက် ဖြစ်လာမည်ဟု မထင်ထားခဲ့​ပေ။ သူက ကျန်းကျန့်ထံမှ အရိုက်ခံခဲ့ရပြီး ထိုကိစ္စပြီး​နောက် ကျန်းကျန့်အား ပြဿနာရှာရန် မကြိုးစားမိသည့်အတွက် ရုတ်တရက် ဝမ်း​မြောက်သွား​လေသည်။ သူသာ ကျန်းကျန့်အား သွားမရှုပ်ရန် အသိစိတ် မရှိခဲ့ပါက ယခုလက်ရှိတွင် သူ မည်သို့ ဖြစ်​နေမည်ဟု မ​တွေးနိုင်​ပေ။


"ငါလည်း ​​တော်တော်​လေး အံ့သြသွားတာပဲ" ကျန်းကျန့်က ရယ်​မောလိုက်​လေသည်။


"စကားမစပ်... ရမန်မှာ မင်းနဲ့ ရင်းနှီးတဲ့လူ အားလုံးကို ဖိတ်ထား​ပေး... မင်းတို့အားလုံးကို ​သောက်ဖို့ ဖိတ်ချင်တယ်" ကျန်းကျန့်က ဟယ်​ချောင် စီရင်စုတွင် ​နေထိုင်ရန် ရည်ရွယ်ထားသဖြင့် ထိုရမန်အရာရှိများနှင့် ဆက်ဆံ​ရေး​ကောင်း တည်​ဆောက်ရန်လည်း လိုအပ်​ပေသည်။


"မစိုးရိမ်ပါနဲ့​... ​ဘောစ့်... ဖိတ်သင့်တဲ့သူ အားလုံးကို ဖိတ်​ပေးဖို့ အာမခံပါတယ်" ယန်ကျင်းက ရယ်​မောလိုက်ပြီး သွားရန်အတွက် တစ်စုံတစ်​ယောက်ကို ​ခေါ်လိုက်သည်။


ကျန်းကျန့်က ၎င်းကို ​တွေ့​သောအခါ ဟယ်ချွန်းရှန့်အား စီရင်စုမြို့မှ သားသတ်သမားကို အသားအလုံအ​လောက် ရှိသည်လားဟု အ​မေးလွှတ်လိုက်ပြီး ၎င်းတို့ကို လက်​ဆောင်အဖြစ် ​ပေးရန် ဝယ်နိုင်မည် ဖြစ်သည်။


ထိုည​နေတွင် စီရင်စုမြို့၏ စား​သောက်ဆိုင်က အလွန် အသက်ဝင်​နေခဲ့​လေသည်။ ရမန်အရာရှိနှင့် ရမန်တွင် အလုပ်လုပ်ကြသည့် အမှုထမ်းငယ်​လေးများ အားလုံးက အရက်​သောက်ပြီး အသားစားကြရန်အတွက် စား​သောက်ဆိုင်သို့ အတူတကွ ​ရောက်ရှိလာကြသည်။


ကျန်းကျန့်က ထိုလူတိုင်းကို ​ကျေနပ်​စေရန်အတွက် စား​သောက်ဆိုင်မှ ဟင်းလျာများကို ဝယ်ယူရန် ​ငွေစနှစ်ဆယ်သာ သုံးလိုက်ရသည်။ ထို့အပြင် သူက သူတို့တစ်​ယောက်ချင်းစီအတွက် ခြင်း​တောင်းတစ်​တောင်း ပြင်ဆင်​​ပေးရန် ဟယ်ချွန်းရှန့်ကို ခိုင်းထားခဲ့သည်။ ခြင်း​တောင်းတစ်​တောင်းစီတွင် ဝက်သားတစ်တွဲ၊ ကြက်ဥဆယ်လုံး၊ ဘဲဥ ဆယ်လုံးနှင့် သ​ရေစာ အထုပ်တစ်ထုပ်တို့ ပါဝင်သည်။ ၎င်းက မများလှပါ​သော်လည်း ​ဤ​ခေတ်များတွင် လက်​ဆောင်​ကောင်းများ ဖြစ်ကြ​ပေသည်။ ထိုလူများက ဤစား​သောက်ပွဲတွင် စား​သောက်နိုင်ကြပြီး အိမ်ပြန်လျှင်လည်း မိသားစုအတွက် အစားအ​သောက်​ကောင်းများ ပြန်ယူသွားနိုင်​ပေသည်။


ရမန်အရာရှိများမှာ ​အောက်ထပ်တွင် အားလုံး စား​သောက်​နေကြပြီး ကျန်းကျန့်၏ လူများစွာက သူတို့နှင့် ဆက်ဆံ​ရေး​ကောင်း တည်​ဆောက်ရန် စကား​ပြော​​ပေးနေကြချိန်တွင် ကျန်းကျန့်က ​​ကျောက်ကျင်း​ကော၊ ​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့ကိုစား​သောက်ရန်အတွက် ဒုတိယထပ်သို့ ​ခေါ်သွားခဲ့သည်။


​ကျောက်ကျင်း​ကောက ဤ​နေရာသို့ ဒုတိယအကြိမ်​မြောက် ​ရောက်လာခြင်း ဖြစ်ပြီး မြို့​တော်တွင် ရှိစဥ်ကလည်း အများအပြား ​လေ့လာထားခဲ့​လေရာ ဤ​နေရာ၌ စားရမည်ကို ​ထွေ​ထွေထူးထူး မ​တွေးခဲ့​ပေ။ ​သို့​သော်လည်း ​ကျောက်လျူနှင့် ​​ကျောက်ဖူ​ကွေ့တို့မှာ လွယ်ကူမ​နေကြ။ သူတို့က အရာရှိတစ်စုရဲ့ အ​ပေါ်မှာ စားရမှာတဲ့လား... ဒါကြီးက...


​ကျောက်ဖူ​ကွေ့က အသံထွက်မိပြီး ​အောက်မှ အရာရှိများ မ​ပျော်မရွှင် ဖြစ်သွားကြမည် စိုးသဖြင့် လှုပ်ပင် မလှုပ်ရဲကြ​​ပေ။


"အ​ဖေနဲ့ အ​မေ... ဒီလို လုပ်စရာ မလိုပါဘူး... ​နောက်ဆို ဒီလိုမျိုး ​နေ့ရက်​တွေ ပိုများလာ​တော့မှာ" ကျန်းကျန့်က နှစ်သိမ့်​ပေးလိုက်သည်။


"အိုး... အ​မေက ​နေသားမကျ ဖြစ်​နေရုံ​လေးပါ" ​ကျောက်လျူက ​ပြောလိုက်သည်။


​ကျောက်ဖူ​ကွေ့နှင့် ​ကျောက်လျူတို့မှာ မသက်မသာ ဖြစ်​နေကြပါ​သော်လည်း စားပွဲ​ပေါ်မှ အစားအ​သောက်များကို စား​သောက်ရန် တွန့်မ​နေကြဘဲ ပန်းကန်များကို အ​ပြောင်ရှင်းခဲ့ကြသည်။ ဒီ​လောက် ​စျေးကြီးတဲ့ အစားအ​​သောက်​တွေကို ကုန်​​အောင် မစားရင် ဖြုန်းတီးသလို ဖြစ်သွားမှာ​ပေါ့...


ကျန်းကျန့်က ရမန်အရာရှိများကို နှုတ်ဆက်လိုက်ချိန်တွင် သူ့လက်​အောက်မှလူများမှာ ထိုအရာရှိများနှင့် ညီအစ်ကို​ကောင်းများ ဖြစ်သွားကြပြီး ထိုရမန် အရာရှိများက ကျန်းကျန့်ကို ​ဘောစ့်ဟုပင် ​ခေါ်လာခဲ့ကြသည်။


​ကျောက်မိသားစုက တ​ပျော်တပါး စား​သောက်​နေကြချိန်တွင် ​ကျန်းမိသားစု​ဟောင်းမှာ တရားဝင် ကွဲကွာကြပြီ ဖြစ်​သော်လည်း မီးဖို​ချောင်ထဲမှ အစားအ​သောက်များကို မခွဲရ​သေးသည့်အတွက် အတူတကွ စား​သောက်​နေရ​သေးသည်။


အတိတ်တွင် မိသားစုက အတူတကွ စား​သောက်ကြ​သောအခါ စားပွဲ​ပေါ်တွင် အသားမရှိ​သော်လည်း ကြက်ဥများ ရှိ​နေဆဲ ဖြစ်သည်။ သို့​​သော်လည်း ယခုတွင် အသီးအရွက်ပြုတ်များကိုသာ စားနိုင်ပြီး အဘွားကြီးကျန်းက ထိုဟင်းထဲသို့ ဆားထည့်ရန်ကိုပင် တွန့်တို​နေခဲ့သည်။


​ကျန်း​ချောင်ရှန့်နှင့် ကျန်း​ချောင်ဝမ်တို့ နှစ်ဦးလုံးမှာ အစား​ရွေးကြသူများ ဖြစ်၍ နှစ်ယောက်လုံးက အလွန် ဗိုက်ဆာ​နေကြပါ​သော်လည်း တူများကို ပြန်ချကာ များများ မစားခဲ့ကြ။


ကျန်း​ချောင်ရှန့်က ကျန်း​ချောင်ဝမ်အား မွေးဖွားလာကတည်းက မျက်မုန်းကျိုး​နေခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ တစ်ဖက်တွင် ကျန်း​ချောင်ဝမ်ကလည်း ​သွေး​​အေးလှ​သော သူ့ညီကို မုန်းတီးလှသဖြင့် မည်သူကမှ အချင်းချင်း စကားမ​ပြောကြ။ ထိုမြင်ကွင်းကို မြင်​နေရသည့် သားသတ်သမားကျန်းက မ​နေနိုင်ဘဲ သက်ပြင်းချမိသွားသည်။


အဘွားကြီးကျန်းကလည်း မ​ပျော်ရွှင်​ပေ။ အထူးသဖြင့် ကျန်းကျန့် ပိုက်ဆံများစွာ ရှာနိုင်ခဲ့သည်ဟု ကြားပြီးကတည်းက ဖြစ်သည်။


"​ချောင်ရှန့်... အရင်က သား​ပြောတာ အ​မေတို့ ကျန်းကျန့်ကို သားသမီးဝတ် မ​ကျေပွန်မှူနဲ့ တရားစွဲလို့ ရတယ်ဆို ဟုတ်လား... အစတုန်းက သူချိန်း​ခြောက်ထားလို့ အ​မေတို့တရားမစွဲခဲ့ရဘူး... အခုဆိုရင်​ရော" အဘွားကြီးကျန်းက ရုတ်တရက် ​မေးလိုက်သည်။


"ငါက သူ့ကို ​မွေး​ပေးထားပဲ... ဒါ​ကြောင့် သူရတဲ့ ပိုက်ဆံအကုန်လုံး ငါ့ကိုပဲ ​ပေးသင့်တာ​လေ... သူ့​အမေရင်းကို ဘယ်လိုလုပ်ပြီး ပစ်ထားနိုင်ရတာလဲ"


အဘွားကြီးကျန်း၏ စကားများ ထွက်လာသည်နှင့် ကျန်းမိသားစုအားလုံး ကြက်​သေ​သွေားကြသည်။ အထူးသဖြင့် ဗဟုသုတ အနည်းငယ် ရှိသည့် ကျန်း​​​ချောင်ရှန့်ပင်။


ယခု​ခေတ်တွင် သားတစ်​ယောက်က ဖခင်ကို တရားစွဲလိုပါက မည်သည့်​အ​ကြောင်း​ကြောင့် တရားစွဲသည် ဖြစ်​စေ အရင်အပြစ်​ပေးခံရသည်။ သို့​သော်ငြား ဖခင်က သို့မဟုတ် မိခင်က သားဖြစ်သူကို တရားစွဲလိုပါက လွယ်ကူ​ပေသည်။


အဆုံးကျ​တော့ တချီက ​ကျေးဇူးသိတတ်မှုအ​ပေါ် ဥပ​​ဒေတည်ထားတာပဲ​လေ...


ယခုတွင် ကျန်းကျန့်က ချမ်းသာလာပါ​​သော်လည်း သူ့မိဘများကို ဂရုမစိုက်သည့်အတွက် ၎င်းက ​သေချာ​ပေါက် သားသမီးဝတ် မ​ကျေပွန်ခြင်း ဖြစ်သည်။


သူတို့ ယခင်က ကျန်းကျန့်အား တရားမစွဲရဲသည်မှာ သူတို့သာ တရားစွဲလိုက်ပါက ဓါးကိုင်၍ ရမန်သို့ သွားကာ လူများကို အပိုင်းပိုင်းခုတ်ပစ်မည်ဟု ချိန်း​ခြောက်ထားခဲ့ခြင်း​ကြောင့် ဖြစ်​သော်လည်း ယခုတွင်မူ... ကျန်းကျန့်က ဝန်ခံထားပြီး​သားဆို​တော့ တရားစွဲဖို့ အချိန်ကျပြီ မဟုတ်လား...


ကျန်းမိသားစုဝင်များ၏ မျက်လုံးများထဲတွင် ​မျှော်လင့်ချက်များ တဖန် ပြန်လည် ရှင်သန်လာခဲ့​လေသည်။


သူတို့က ကျန်းကျန့်ရလာတဲ့ ​ငွေအားလုံးကို မခွာထုတ်နိုင်ရင်​တောင် ​ငွေနည်းနည်း​လောက် ရနိုင်ရင် သူတို့ ​ရောင်းထားတဲ့ ​​မြေ​တွေ ပြန်ဝယ်ပြီး အစား​အ​သောက် အဝတ်အထည်​တွေ အတွက် စိုးရိမ်စရာ မလို​တော့ဘူး... ​မြေ​​တွေ ပိုဝယ်လို့တောင် ရချင် ရနိုင်ဦးမယ်..


ကျန်းမိသားစုက အချင်းချင်း ကြည့်လိုက်ကြပြီး ပို၍ စိတ်တက်ကြွလာကြသည်။ ​နောက်တစ်ရက်တွင် အဘွားကြီးကျန်းက ရမန်ရုံးသို့ သွားကာ မတိုင်ကြားမီ အဝတ်စုတ်များ လဲလှယ် ဝတ်ဆင်ခဲ့သည်။


"ဘယ်သူ့ကို တရားစွဲချင်တာလဲ" ရမန် အရာရှိက ​မေးသည်။


"ဆရာ... ကျွန်မရဲ့ အကြီးဆုံးသားကို မလိမ္မာလို့ တရားစွဲချင်တာပါ... နာခံမှု မရှိတဲ့အပြင် သားသမီးဝတ် မ​ကျေပွန်လို့ပါ"


အဘွားကြီးကျန်းက ငို​ကြွေး​​လေတော့သည်။