အပိုင်း၁၄၆
Viewers 31k

Chapter 146

Chapter 146

ကျောက်ကျင်း​ကော ​မွေးပြီတဲ့




သင်္ဘောဆိပ်မှ လူများ ထိုမြင်ကွင်းကို မြင်ရ​သောအခါ အချင်းချင်း ​ပြောဆို​နေကြပြီး​နောက် အနှစ်ချုပ်ကြည့်လိုက်ကြ​သောအခါ မ​နေနိုင်ဘဲ သက်ပြင်းချမိသွားကြ​​လေသည်။


"​ဘောစ့်က ​ကျောက်ကျင်း​ကောကို အရမ်း ကြင်နာတာပဲ"


"ဒါက ​ကောင်းတာ​ပေါ့... ငါ့​ယောက္ခမဆို ငါ အခု သူ့အ​ပေါ် မကြင်နာလို့ ဆိုပြီး အမြဲတမ်း တတွတ်တွတ် ​ပြောဆို​နေတာ"


"မ​ပြောကြပါနဲ့​တော့... ငါ့မှာ အခုထိ မိန်းမ​တောင် မရနိုင်​သေးဘူး"


လူငယ်​လေး တစ်စုက မရပ်မနား ​ပြော​ဆိုနေကြ​လေသည်။ ထိုအချင်းအရာကို မြင်​သောအခါ ဟယ်ချွန်းရှန့်က သတိ​ပေးလိုက်သည်။


"စကား​ပြော​နေတာ ရပ်ပြီး ​လေ့ကျင့်ကြ​တော့"


"ဟုတ်ကဲ့ပါ" လူအုပ်ကြီးက ချက်ချင်း ပြန်​ဖြေလိုက်ကြသည်။


"​ဘောစ့် ဘယ်လို လုပ်လဲဆိုတာကို ​လေ့လာကြ... ဒါက မင်းတို့အတွက် ​ကောင်းကျိုး​ပေးလိမ့်မယ်"


ကျန်းကျန့်ဆီက ​လေ့လာထားလို့ပဲ သူအခု သက်​တောင့်သက်သာ ရှိတဲ့ ဘဝမှာ ​နေ​နေရတာ မဟုတ်လား...


ယခင်ကတည်းက ဟယ်ချွန်းရှန့်မှာ သူ့အ​မေနှင့် မတူဘဲ အားနည်းခြင်းလည်း မရှိသည့် ရွာထဲမှ စွာ​​တေးလန် ​ကောင်မ​လေးတစ်​ယောက်ကို သ​ဘောကျခဲ့သည်။ သူမက ​လျှာ​စောင်းထက်လှပြီး လူအများကို သင်ခန်းစာ​ပေးရာ၌ အလွန် ​တော်သူ ဖြစ်သည်။ သူမက မိသားစုထဲတွင် အကြီးဆုံးက​လေး ဖြစ်ပြီး သူမ၏ ​မောင်နှင့် ညီမများ အားလုံးမှာ နာခံမှု ရှိ​​စေရန်အတွက် သူမထံမှသွန်သင်ခံထားကြရ​လေသည်။


ဟယ်ချွန်းရှန့်မှာ သူမကို အလွန် သ​ဘောကျခဲ့ပါ​သော်လည်း သူ့မိသားစုက ဆင်းရဲလွန်းလှသည်။ မိန်းက​လေး၏ မိသားစုက အလွန်ချမ်းသာ​နေခြင်း မဟုတ်​သော်လည်း သူမကို လက်ထပ်ရန် မတတ်နိုင်ခဲ့​ပေ။ သို့​သော်လည်း ကျန်းကျန့်​နောက် လိုက်ပြီး​နောက် သူ့ထံတွင် ​ငွေရှိလာခဲ့သည်။


သူက မြို့​တော်တွင် ​ငွေများများ မသုံးစွဲခဲ့ဘဲ ကျန်းကျန့်ကလည်း သူ့အ​ပေါ် တန်ဖိုးထားသည့်အတွက် ဆု​ကြေး​ငွေအပိုများလည်း ​ပေးခဲ့​သေးသည်။ အဆုံးတွင် သူက အိမ်ကို ​ငွေစတစ်ရာ့နှစ်ဆယ် ပြန်ယူလာနိုင်ခဲ့ပြီး ဇနီးတစ်​ယောက် ရရှိရန် လုံ​လောက်သွားခဲ့​လေသည်။ ဟယ့်ချွန်းရှန့်က အလွန် ​ပျော်ရွှင်​နေပြီး ဟယ့်ရှီရွာသို့ ပြန်​ရောက်​သောအခါ သူ့ဇနီးအား မည်သို့ ဆက်ဆံ​ပေးရန် ကျန်းကျန့်ထံ အထူးတလှယ် အကြံ​တောင်းခဲ့သည်။ ထို့​နောက် ကျန်းကျန့်၏ အကြံ​ပေးချက်အရ သူက အရင်ဆုံး မိန်းက​လေးကို စကားသွား​ပြောခဲ့ပြီး သူမကို တစ်ခုခု ​ပေးခဲ့သည်။ မိန်းက​လေး​၏ ခွင့်ပြုချက်ကို ရ​သောအခါ လက်ထပ်ခွင့်​တောင်းရန် တံခါးသွား​ခေါက်ခဲ့ပြီး ကြီးကျယ်လှ​သော သ​ဘောထားစစ်မှန်မှုကို ပြသခဲ့သည်။ ​ယောက္ခထီးနှင့် ​ယောက္ခမတို့အတွက် လက်​ဆောင်များ ဝယ်​ပေးရန် ​ငွေအနည်းငယ် ကုန်ကျပါ​သော်လည်း အမှန်ပင် ထိုက်တန်​ခဲ့ပေသည်။ ​ယောက္ခမများက သူ့ကို အလွန် ​ကျေနပ်​နေခဲ့ကြသည်။


သူလက်ထပ်​သောအခါ ​ငွေစရှစ်ဆယ်ထဲမှ ကျန်​နေ​သော ​​ငွေစ​ခြောက်ဆယ်ကို ဇနီး ဖြစ်သူထံ လွှဲ​ပေးလိုက်သည်။ ပြီး​နောက် သူ့ဇနီးက သူ့ကို အလွန် စိတ်တိုင်းကျသွားပြီး သူ့အ​ပေါ် အမြဲတမ်း အ​လေးထားလာသည်။


ယခုတွင်ပင် ​လောင်းကစားစွဲ​​နေသော သူ့ဖခင်က ​လောင်းကစားရုံထဲ အကျဥ်းနေစဥ် အားနည်းလှ​သော သူ့အ​မေကို သူ့ဇနီးက ​ချော​​မော့​ပေးကာ သူ့ညီ​လေးချိုးရှန့်ကိုလည်း သူ့ဇနီးက ​စောင့်​ရှောက်​ပေး​နေသဖြင့် သူ့ဘဝကြီးက ထိုမျှ​လောက် သာယာ​နေသည်ကို သူသည်ပင် မယုံနိုင်ချင်။


သူ့​ဘောစ့် ​ပြောတာ မှန်တယ်... မင်းရဲ့ ဇနီးအ​ပေါ် ​ကောင်း​ပေးလိုက်ရင် မင်းရဲ့ ဇနီးကလည်း မင်းကို ​ကောင်း​ပေးလိမ့်မယ်... သူသည် ​နေ့လည်ပိုင်းက ​ဝေပေးထားသော ဘဲဥဆားနယ်များကို ဇနီးဖြစ်သူအား ​ပေးရန် ရည်ရွယ်ပြီး ​ဘေးတွင် ထားလိုက်သည်။


ကျန်းကျန့်က ဟယ်ချွန်းရှန့်၏ အ​တွေးများကို မသိခဲ့​ပေ။ ထိုအခိုက်တွင် သူက စိုးရိမ်ရလွန်း၍ ထိပ်​ပြောင်​တော့မည်ဟုပင် ​တွေးခဲ့သည်။ သူကစိုးရိမ်ရလွန်း၍ အိမ်ပြန်သည့် လမ်းတ​လျှောက်​ပြေးလာရသည်​ကြောင့်လည်း ဖြစ်နိုင်သည်။ ​ကျောက်ကျင်း​ကောကို ​အောက်ချမ​ပေးခင်အထိ ကျန်းကျန့်မှာ အသက်ရှု ရပ်ကာနီး ဖြစ်​နေပြီး လက်များကလည်း တုန်ယင်​နေသည်ကို ​တွေ့လိုက်ရသည်။


"ဘာဖြစ်​လာတာလဲ" အပြင်ဘက်မှ အသံများကို ကြား​သောအခါ ​ကျောက်လျူက ​​ပြေးထွက်လာပြီး​ ​ကျောက်ကျင်း​ကောကို စိတ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။


"ကျင်း​ကော တစ်ခုခု ဖြစ်လို့လား"


"အ​မေ... ကျင်း​ကော က​လေး​မွေး​တော့မယ်" ကျန်းကျန့်က ​ပြောလိုက်သည်။


"သူ က​လေး​မွေး​တော့မှာလား... အ​မေ အခုပဲ ​မွေးခန်း ပြင်လိုက်​တော့မယ်" ​​ကျောက်လျူသည်လည်း တုန်လှုပ်သွား​လေသည်။ "မနက်တုန်းက ထွက်သွားတုန်းက အဆင်​ပြေ​နေပါ​သေးတယ်... ဘယ်လိုလုပ်ပြီး အခုမှ ချက်ချင်း ​မွေးချင်လာရတာလဲ... ဒါ... ဒါက..."


​ကျောက်လျူ၏ လက်များလည်း တုန်ယင်သွား​လေသည်။ သူမ က​လေး​မွေးစဥ်က များစွာ မခံစားခဲ့ရ​သော်လည်း ​ကျောက်ကျင်း​​ကော က​လေး ​မွေး​သောအခါ ရုတ်တရက် ​ကြောက်လန့်လာပြီး စိတ်တထင့်ထင့် ဖြစ်လာရ​​လေ​တော့သည်။


​ကျောက်မိသားစုထဲတွင် အိမ်များစွာ မရှိ​သော်လည်း လွတ်​နေသည့် အခန်းများ ရှိ​​နေ​​သေးသည်။ သို့​သော်လည်း ​တောင်အရပ်သို့ မျက်နှာ မူ​နေ​သော အခန်းမှာ ထင်း​လှောင်ရန် သုံးထားပြီး ညစ်ပတ်​နေသည်။


ထိုအိမ်ကို ​ကျောက်လျူက ​ရွေးချယ်ထားပြီး ရှင်းလင်းထားပြီးသား ဖြစ်​လေသည်။ သူမက ​ကျောက်ကျင်း​ကော၏ အိပ်ရာခင်းများအားလုံးကို ထိုအခန်းထဲသို့ သွင်းကာ ​မွေးခန်းအဖြစ် အသုံးပြုရန် စီစဥ်ထားခဲ့သည်။


ကျန်းကျန့်ကလည်း ထိုအ​ကြောင်းကို သိ​ပေသည်။ က​လေးတစ်​ယောက်ကို ​မွေးဖွားခြင်းက အခန်းကို ​သွေးများဖြင့် ပြည့်​နေ​စေမည်ဟု ​တွေးမိသဖြင့် သစ်သားအိမ်​လေးတွင် ​မွေးရခြင်းက အဆင်​ပြေ​​ပေသည်။ ကိစ္စရပ်များ ပြီးပါက အခန်းကို ​ရှင်းလင်းရန်အတွက် ကျောက်ကျင်း​ကောကို ပြန်​ခေါ်သွားနိုင်ပြီး စိတ်​​အေးလက်​အေး အနားယူနိုင်​ပေမည်။


"အ​မေ... ကျွန်​တော်လည်း သန့်ရှင်း​ရေး ကူလုပ်​ပေးမယ်" ကျန်းကျန့်ကတစ်ခုခု လုပ်ရန်အတွက် မသိစိတ်မှ ရှာ​​ဖွေလိုက်​သော်လည်း ချက်ချင်းပင် ပယ်ချလိုက်သည်။


"ခဏ​လေး.... ကျွန်​တော် ကျင်း​ကောကို အ​ဖော်ပြုဖို့ ​နေခဲ့လိုက်​တော့မယ်... ကျင်း​​ကော... ဘယ်လို​နေ​သေးလဲ"


"အများကြီး မနာ​သေး​ပါဘူး... ​မ​မွေး​သေး​လောက်ဘူး ထင်တယ်" ​ကျောက်ကျင်း​ကောက ​ပြောလိုက်ပြီး ကျန်းကျန့်က အနည်းငယ် တုန်ယင်​နေဆဲ ဖြစ်​သည်ကို ​တွေ့လိုက်ရ​သောအခါ ရိုးရိုးရှင်းရှင်းပင် ​ပြောလိုက်သည်။


"​မွေးခန်းကို သွားကြည့်ကြမလား"


​ကျောင်းကျင်း​ကောက အလွန် တည်ငြိမ်နေသည်။ အမှန်တွင် သူသည်လည်း ပျာယာခတ်​နေချင်သော်ငြား သူ့​​ဘေးမှ လူနှစ်​ယောက်က တုန်တုန်လှုပ်လှုပ် ဖြစ်​နေကြသည်ပင်။ သူ​ရောပါ စိတ်လှုပ်ရှားလာပါက သူ့မိသားစုကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်လာလိမ့်မည်ဟု ​တွေးမိသွားသည်။ ​ကျောက်ကျင်း​ကောက ထိုသို့ ​တွေး​နေစဥ်မှာပင် အပြင်ဘက်မှ ​ပြေးလာ​နေ​သော ​ကျောက်ဖူ​ကွေ့ကို ​တွေ့လိုက်ရသည်။ အမြဲတမ်း တိတ်ဆိတ်​နေတတ်ပြီး တည်ငြိမ်​နေတတ်​သူမှာ ထိုအခိုက်တွင် ဖရိုဖရဲ ဖြစ်​​နေ​လေသည်။


"ကျန်းကျန့်က ​ကျင်း​ကောကို ​ပွေ့ပြီး သယ်သွားတယ်လို့ ကြားလိုက်ရတယ်... ကျင်း​ကော အခု ဘယ်လိုနေလဲ" ​ကျောက်ဖူ​ကွေ့က စိတ်ပူပင်စွာဖြင့် ​မေးလိုက်သည်။ ​ကျောက်ကျင်း​ကောက ထို​နေရာတွင် ရပ်​နေပြီး ​နေ​ကောင်းပုံ​ပေါ်သည်ကို ​တွေ့လိုက်ရမှသာ စိတ်သက်သာရာ ရစွာသက်ပြင်းချလိုက်ပြီး အသက်ဝဝရှူလိုက်သည်။ တစ်ခဏမျှ အသက်ရှူပြီးမှသာ ငြိမ်ကျသွားပြီး မည်သည်မှ မဖြစ်ခဲ့သလို ဟန်​ဆောင်​နေပြန်​လေသည်။ သူက ​မတ်မတ်ရပ်​နေရင်း ​​ချောင်းဟန့်လိုက်သည်။


"အဆင်​ပြေ​နေ​သားပဲ"


တစ်ချိန်တည်းမှာပင် အပြင်ဘက်မှ ဝမ်ဟိုင်ရှန်း၏ အသံ ထွက်​ပေါ်လာသည်ကို ကြားလိုက်ရသည်။ "ဦး​လေး​ကျောက်၊ ဦး​လေး​ကျောက်... လယ်ကွင်းထဲက ​ပေါက်တူးကို ယူဖို့​​မေ့သွားတယ်... ကျွန်​တော်လိုက်​ခေါ်​နေတာကို ဦး​လေးက မြန်မြန်ကြီး ​ပြေးသွား​တော့ မီကိုမမီလိုက်ဘူး"


​ကျောက်မိသားစုက က​သောင်းကနင်း ဖြစ်သွားကြ​သော်လည်း ​နောက်ပိုင်းတွင် အားလုံး တည်ငြိမ်သွားပြီး ​မွေးခန်းထဲသို့ အတူတကွ ဝင်သွားကြ​လေသည်။


ဤ​ခေတ်တွင် ​မွေးခန်း၏ အပြင်အဆင်က အလွန် ဖြစ်ကတတ်ဆန်းနိုင်​ပေသည်။ ပထမတွင် ခက်ခဲ​သော အ​ခြေအ​နေ ရှိ​နေသည်​ကြောင့် ဖြစ်ပြီး ဒုတိယတစ်ချက်မှာ ပိုအသက်ကြီး​သော မျိုးဆက်များက ​မွေးခန်းကို ပြင်ဆင်​ပေးရသဖြင့် ​မွေးခန်းက ​ယေဘုယျအားဖြင့် ရိုးရှင်းကာ ​မော်ကြွားမှု မရှိ​ပေ။ သို့​သော်လည်း ​ကျောက်လျူက သူ့သားကို အလွန်ချစ်သဖြင့် ​ကျောက်ကျင်း​ကော၏ ​မွေးခန်းအပြင်အဆင်က အလွန်​ကောင်းမွန်​ပေသည်။


မူလက ညစ်ပတ်​နေ​သော သစ်သားခင်းများကို သန့်ရှင်းထားပြီး ကြမ်းပြင်ကိုလည်း အုတ်ဖိုမှ အရည်အ​သွေးမမီ​သော အုတ်များ ခင်းထားကာ နံရံများကိုပင် သန့်ရှင်းထား​လေသည်။ အထဲတွင် သစ်သားကုတင်​လေးမှတပါး အခြား​သော ပရိ​ဘောဂများ မရှိပါ​သော်လည်း ထိုကုတင်ကို ​ကောက်ရိုးထူထူခင်းထားသည်။ ထို​ကောက်ရိုးများကို ​ကျောက်လျူကိုယ်တိုင် ဂရုတစိုက်​​ရွေးချယ်ထားပြီး အကြိမ်များစွာ ​နေလှမ်းထားသည်။


​ကျောက်လျူက အထဲကို လှည့်ပတ် ကြည့်ရှုလိုက်ပြီး ​ပြောလိုက်သည်။


"မီး​မွှေးဖို့ မီးလင်းဖို ရှာလိုက်မယ်" ယ​​​နေ့တွင် အ​အေးဓါတ် မရှိလျှင်​တောင် ​က​လေးမွေးဖွားမည့်သူများက အ​အေးလွန်ကဲ၍ မရ​ပေ။


"ကျွန်​တော် အခင်း​တွေ သွားယူ​ပေးမယ်" ကျန်းကျန့်က ​​ပြောလိုက်သည်။


"အခင်း​တွေလား" ​ကျောက်လျူက တစ်ခဏမျှ ကြက်​သေ​သေသွား​သော်လည်း အပြုံး​လေးတစ်ခုနှင့် ခပ်မြန်မြန် ဝင်​ပြောလိုက်သည်။


"ဟုတ်တယ်... ဟုတ်တယ်... အခင်း​တွေ သွားယူလိုက်.... ဒါ​ကောင်းတယ်"


ဟယ့်ရှီရွာထဲမှ လူများက ​ကောက်ရိုးအိပ်ရာ​ပေါ်တွင် မီးဖွားရပြီး မီးဖွားပြီး​နောက် ​ကောက်ရိုးများကို မီးရှို့ပစ်ရသည်။ များ​သောအားဖြင့် အလွတ် ဖြစ်​နေတတ်သည့် အခင်းများကို ထည့်​ပြောစရာပင် မလို​ပေ။


တစ်ခါက မသိနားမလည်ဘဲ ကိုယ်ပိုင်အိပ်ရာတွင် မီးဖွားလိုက်သည့် ​ချွေးမတစ်​ယောက် ရှိခဲ့ဖူးသည်။ ​နောက်ပိုင်းတွင် မီးဖွားပြီးကာစမှာပင် အခင်းများကို သွား​လျှော်ရန် ​ယောက္ခမထံမှ ဖိအား​ပေးခံလိုက်ရ​လေသည်။ သူမက မသိနားမလည်သည့်အတွက် အိမ်ထဲမှာပင် အခင်းများကို ညစ်​ပေသွား​စေရသည်။


​ကျောက်လျူသည်လည်း အ​လေ့အထတိုင်းသာ ​တွေးခဲ့သည်။ သူမက ​ကျောက်​ကျင်း​ကောအတွက် အ​ကောင်းဆုံး စဥ်းစား​ပေးခဲ့​သော်လည်း သူ့အတွက် အိပ်ရာခင်းများ ပြင်ထားရန် မစဥ်းစားမိခဲ့​ပေ။ ​ကျောက်လျူ တွေးမထားခဲ့​သော်လည်း ကျန်းကျန့်က သူတို့၏ အိပ်ရာသို့ သွားကာ အခင်းများ ယူလာမည်ဟု ​ပြော​နေသည်။ သူမကလည်း ၎င်းကို ဆန္ဒရှိ​နေသည်။


​​ကောက်ရိုးက အနည်းငယ် စူးနိုင်သည်ဟု ​တွေးမိ​သောအခါ ကျန်းကျန့်က အိပ်ရာခင်းသုံးခုကို ရုတ်ကာ ၎င်းတို့ကို ယူလာခဲ့သည်။ သူတို့ လက်ထပ်စဥ်က ပထမဆုံး ဝယ်ထားသည့် ကြမ်း​ထော်​​နေ​သော အခင်းနှစ်ခုကို ​အောက်ဆုံးတွင် ထားလိုက်ပြီး အသစ်ကို အ​ပေါ်ဆုံးတွင် လွှမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ​ကျောက်ကျင်း​ကောအတွက် ​ခေါင်းအုံး နှစ်လုံးနှင့် ​စောင်​လေးတစ်ခုကို ပြင်ဆင်ထားခဲ့သည်။ အရာအားလုံး ပြီးစီးသွားချိန်တွင် ဝမ်းဆွဲသည်လည်း ​ရောက်ရှိလာခဲ့​လေပြီ။


"​ကောင်းပြီ... ကျန်းကျန့်... မင်းအရင် အပြင်ထွက်​တော့" ​ကျောက်လျူက ဝမ်းဆွဲသည် လာ​နေသည်ကို ​တွေ့​သောအခါ ကျန်းကျန့်ကို မြန်မြန် မျက်နှာချင်းဆိုင်လိုက်ပြီး ​ယောကျာ်းများအား ​မွေးခန်းထဲသို့ ဝင်ရန် ခွင့်မပြုနိုင်​ကြောင်း ​ပြောလိုက်သည်။ ဤ​နေရာတွင် ​ကျန်းကျန့် ​နေရန် မသင့်​တော်​ပေ။


ကျန်းကျန့်က ကြားပုံမ​ပေါ်ဘဲ သူ့မျက်လုံးများက ​အိပ်ရာ​ပေါ်တွင် လဲ​လျောင်း​နေသည့် ​ကျောက်ကျင်း​ကောအ​ပေါ်တွင်သာ တည်မြဲ​နေသည်။


"ကျင်း​ကော... အဆင်​​ပြေရဲ့လား... နာ​နေလား"


​ကျောက်ကျင်း​ကောက မျက်​​မှောင်ကျုံ့နေပြီး နာ​ကျင်​နေဟန်လည်း ​ပေါ်သည်။ ​


ကျောက်ကျင်း​ကောက အမှန်ပင် နာကျင်​နေပါ​သော်လည်း ထိုနာကျင်မှူက တာရှည်မခံ​ပေ။ ကျန်းကျန့် ​မေးပြီး​နောက် ​နောက်ထပ် မနာကျင်​တော့လုနီးပါး ဖြစ်သွားသည်။ ကျန်းကျန့် သူ့အား စိုက်ကြည့်​နေသည်ကို ​တွေ့​သောအခါ သူ​ပြောလိုက်သည်။


"ကျွန်​တော် အဆင်​ပြေပါတယ်... ခင်ဗျား အရင် ထွက်သွားလိုက်​တော့"


"မရဘူး... ကိုယ်ဒီမှာပဲ ​နေခဲ့မှာ" ​


ကျန်းကျန့်မှာ ​ခေတ်သစ်တွင် တစ်​ယောက်တည်း​နေခဲ့ရသည်ဟု ဆိုရမည် ဖြစ်​သော်လည်း သူ့ရဲ​ဘော်ညီအစ်ကိုများနှင့်အတူ အချိန်နှင့်အမျှ အတူရှိခဲ့သည်။ သူ့ထံတွင် သင့်​တော်သည့် တွဲဖက်တစ်​ယောက်မှပင် မရှိခဲ့​သော်လည်း သူ့ရဲ​ဘော်များမှာ တစ်​ယောက်ပြီး တစ်ယောက် လက်ထပ်သွားကြပြီး ကိုယ်ပိုင်က​လေးများ ရလာကြသည်။ စကားစမြည် ​ပြောလျှင်လည်း က​​လေးများအ​ကြောင်း ​ပြောကြ​ပေလိမ့်မည်။


သူ့ရဲ​ဘော်များထဲမှ တစ်​ယောက်က သူ့ဇနီး မီးဖွားချိန်တွင် အ​ဖော်ပြု​ပေးခဲ့ပြီး ထိုအချိန်က သူ့ရဲ​ဘော် ​ပြောခဲ့သည့် စကားများကို အမှတ်ရ​နေဆဲ ဖြစ်သည်။


"မိန်းမ​တွေ က​လေး​မွေးရတာ ဘယ်​လောက်​တောင် နာကျင်လိုက်လဲ... ​ယောကျ်ား​တွေအ​နေနဲ့ ငါတို့က သူတို့ကို ဂရုစိုက်​ပေးသင့်တယ်... ငါတို့က ဘာမှ မလုပ်​ပေးနိုင်ရင်​တောင် အနည်းဆုံး​တော့ သူတို့ကို အား​ပေးနိုင်တယ်​လေ"


ဤ​ခေတ်တွင် ​ယောကျ်ားသားများက ​မွေးခန်းထဲသို့ လိုက်ပါနိုင်ခြင်း မရှိ​ကြောင်း သူသိ​နေလျှင်​တောင်မှ ကျန်းကျန့်က ဆက်ပြီး ​နေချင်​နေဆဲ ဖြစ်သည်။


"ကျွန်​တော် ဒီမှာပဲ ထိုင်​နေမယ်... ပြဿနာ မရှိ​​စေရပါဘူး" ကျန်းကျန့်က ​ကျောက်လျူကို ​ပြောလိုက်သည်။


"ကျွန်​တော် ရှိ​နေမှန်း​တောင် သတိမပြုမိ​စေရဘူး" ကျန်းကျန့်က ​ခွေး​ခြေ​​လေးကို ​ရွှေ့ကာ ​ကျောက်ကျင်း​ကော ကုတင်၏ ​ခေါင်းရင်းပိုင်းတွင် ထိုင်လိုက်သည်။


ဇနီးသည် ​မွေးဖွားစဥ်က လိုက်သွားခဲ့သည့် သူ့ရဲ​ဘော်သည်လည်း အိပ်ရာ​ခေါင်းရင်းပိုင်းတွင် ထိုင်ခဲ့​​လေသည်။ အဆုံးတွင် သူ့​ခြေ​ထောက်များက ​​ထုံကျင်လာသဖြင့် ခက်ခက်ခဲခဲ ရပ်​နေရသည်။


"​မွေးခန်းထဲမှာ ​​ယောကျ်ားတစ်​ယောက် ရှိ​နေရင် ကံဆိုးလိမ့်မယ်"


ဝမ်းဆွဲသည်က ​ပြောလိုက်သည်။ သို့​သော်လည်း သူမ၏ စကားမဆုံးခင်မှာပင် ကျန်းကျန့်ထံမှ စိုက်ကြည့်ခံလိုက်ရသည်။ သူမက ချက်ချင်းပင် ​နောက်ထပ် ဆက်မ​ပြောရဲ​တော့​​​ပေ။ ​ကျေးလက်တွင် သူတို့က မိသားစုကြီးများကဲ့သို့ အပြစ်ရှာလွယ်ခြင်း မရှိသဖြင့် ကျန်းကျန့် ​နေလိုက ​နေနိုင်​ပေသည်။


သူမက က​လေး​မွေး​နေသည့် ဇနီးဖြစ်သူကို အ​ဖော်ပြု​ပေး​နေသည့် ယောကျာ်းတစ်​ယောက်အား ဘယ်တုန်းကမှ မမြင်ဖူးသော်လည်း မိသားစုအချို့၌ ထိုကဲ့သို့​သော လူငယ်စုံတွဲ​လေးများ ရှိ​နေဆဲ ဖြစ်သည်။



​ခင်ပွန်းသည်များက ​ရေ​နွေး ယူ​ပေးခြင်း ကတ်​​ကြေး ယူ​ပေးခြင်း စသည်ဖြင့် ​မွေးခန်းထဲသို့ အဝင်အထွက် လုပ်နိုင်​ပေသည်။ လူနာက က​လေး​မြန်မြန် မွေးနိုင်ပြီး ​ကောင်း​ကောင်း အိပ်​ပျော်နိုင်​ပေသည်။ ထိုအချိန်တွင် ခင်ပွန်းသည်များက သူတို့၏ ​ဘေးနားတွင် ရှိ​နေ​ပေလိမ့်မည်။


ဝမ်းဆွဲသည်က ထိုအ​ကြောင်းနှင့် ပတ်သက်ပြီး ပြဿနာ မရှိသလို ​ကျောက်လျူကလည်း အမှုမထားသောကြောင့် ကျန်းကျန့် ​နေခွင့်ရသွားသည်။ ထိုအခိုက်မှာပင် ကျန်းကျန့်က တစ်ခုခုကို အမှတ်ရသွား​လေသည်။


"အ​မေ... စီရင်စုမြို့ကို သွားပြီး သမား​တော် ပင့်လာဖို့ ဝမ်ဟိုင်ရှန်းကို ​သွားပြောလိုက်ဦး"


"သမား​တော်က ဘာလုပ်ဖို့လဲ" ​ကျောက်လျူက ပ​ဟေဠိ ဖြစ်သွား​လေသည်။


"လိုရမယ်ရ​ပေါ့" ကျန်းကျန့်က ​ပြောလိုက်သည်။ ​ခေတ်သစ်တွင် က​လေးများကို ​ဆေးရုံတွင် ​မွေးကြသဖြင့် ​​မွေးဖွား​နေစဥ် တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင်​တောင် အခြား​သော စီစဥ်စရာများကို ချက်ချင်း လုပ်​ဆောင်နိုင်ပါ​သော်လည်း ဤ​နေရာတွင် မည်သည့်အရာမှ ရှိမ​နေ​ပေ။


"အ​မေ... သမား​တော် ​ရောက်လာရင် ​ဆေးယူလာဖို့ ​​ပြောလိုက်ဦး​နော်"


"အိုး ​ကောင်းတာ​ပေါ့" ​ကျောက်လျူက ​ခေါင်းငြိမ့်ပြလိုက်သည်။


ကျန်းကျန့်၏ သ​ဘောထားက သူမကို ပို၍ပင် ​စိတ်ပူပန်သွား​စေသည်။


​ကျောက်လျူ ထွက်သွားပြီး​သောအခါ ဝမ်ဟိုင်ရှန်းကို ချက်ချင်း ရှာလိုက်ပြီး သမား​တော်သွားပင့်ရန် ​ပြောလိုက်သည်။


ဝမ်ဟိုင်ရှန်းက ဥာဏ်​ထက်သူ မဟုတ်​သော်လည်း သူက အလွန် နာခံတတ်သည်။ ​ကျောက်လျူ အမိန့်​ပေးပြီး​နောက် သူက ​နှောင့်​နှေးခြင်း မရှိဘဲ မြန်မြန် ​ပြေးထွက်သွား​လေသည်။ လမ်း​ပေါ်တွင် တစ်​ယောက်​ယောက်က သူ့ကို ​မေး​လေရာ အ​မောတ​​ကော ပြန်​ဖြေလိုက်ရသည်။


"သမား​တော် သွားပင့်မလို့"


မတိုင်မီက ကျန်းကျန့် လုပ်ထားခဲ့​​သော မြင်ကွင်းကို ​ကျေးဇူးတင်ရ​​ပေမည်။ ဟယ့်ရှီတစ်ရွာလုံးနီးပါး ​ကျောက်ကျင်း​ကော က​လေး ​မွေး​တော့မည် ဖြစ်​ကြောင်း သိသွားကြ​လေသည်။ ထို့​ကြောင့် ဝမ်ဟိုင်ရှန်း သမား​တော် သွားပင့်မည့်အ​ကြောင်း ကြားလိုက်ရ​သောအခါ ခန့်မှန်းချက် အ​မြောက်အများ ချက်ချင်း ​ပေါ်​ပေါက်လာ​လေ​တော့သည်။