Chapter 126 [Extra ]
ကောလိပ်ဝင်ခွင့်စာမေးပွဲအကြိုရက်တွင် ယင်းကျောင်း ဘာမှမခံစားရပေ။
ဆန့်ကျင်စွာပင် စာမေးပွဲအား ထမင်းစားရေသောက်အတိုင်း သဘောထားထားသည့် ကျင်းစစ်က ထူးထူးခြားခြား စိတ်လှုပ်ရှားနေခဲ့သည်။
မျက်နှာမပျက်ဘဲ သူ့ရဲ့ပုံစံက အေးစက်ကာပုံမှန်အတိုင်းဖြစ်မြဲ။ သို့သော် ယင်းကျောင်းက ၁၀မိနစ်အတွင်းတွင် သတိထားမိလိုက်သည်။ စာမေးပွဲအတွက် လိုအပ်သောပစ္စည်းများကို ၃ခါမက ပြန်ပြန်စစ်ဆေးနေပြီး မနက်ဖြန်ဝတ်ရမည့်သူ့အဝတ်တွေကို ပြန်စီစစ်နေပြန်သည်။
"ပေါင်ပေ့လေး...ဘာတွေလုပ်နေတာလဲ..."
ယင်းကျောင်းက ရယ်ကာ ကျင်းစစ်၏လက်ထဲသို့ လိုင်ချီးသီးထည့်ပေးလိုက်ပြီးပြောသည်။
"ကောပဲ စားပါ..."
ကျင်းစစ်က လှည့်တောင်မကြည့်ပေ။
အမှန်က သူတလွဲလုပ်ခဲ့မည်ကို စိတ်ပူနေခြင်းဖြစ်သည်။ အစမ်းစာမေးပွဲတွင် ယင်းကျောင်းက ထိပ်ဆုံး၃နေရာရခဲ့သည်။ တစ်ခုခုသာအမှားအယွင်းမဖြစ်ခဲ့လျှင် သူနဲ့အတူတူကောလိပ်တစ်ခုတည်းတွင် တက်ခွင့်ရမည်ဖြစ်သည်။
သူတစ်စုံတစ်ခုပြောလိုက်လျှင် ယင်းကျောင်းစိတ်လှုပ်ရှားသွားမည်စိုးသဖြင့် အပိုစကားများမပြောတော့။
"ကျွန်တော် လိုင်ချီးသီးမကြိုက်ဘူး..."
ယင်းကျောင်းက ပြုံးလျက်ထကာ တစ်ရှူးဖြင့်လက်သုပတ်လိုက်ပြီးနောက် ထွက်သွားသည်။
ကျင်းစစ် သူ့အပြုအမူများအား ဂရုစိုက်မနေဘဲ ဝင်ခွင့်လက်မှတ်ကိုသာ ပြန်ကြည့်ရန်လုပ်လိုက်စဉ် လက်မောင်းတစ်ခုက သူ့လည်ပင်းကို ရုတ်တရက်သိုင်းဖက်လိုက်သည်။
ထို့နောက် ဒူးခေါင်းမှစ ပွေ့ချီခံလိုက်ရပြီး ကြမ်းပြင်ပေါ်သို့ ယင်းကျောင်းက ချလိုက်သည်။
"ကော..."
ကျင်းစစ်က ဘာဖြစ်လို့ပါလိမ့်ဆိုသည့်အတွေးနှင့် ယင်းကျောင်း၏လက်မောင်းကိုကိုင်ကာ
"ဘာလုပ်...ဘာဖြစ်လို့လဲ..."
"လိုင်ချီးသီးစားချင်လို့ မင်းဆီပြန်လာတာ..."
ယင်းကျောင်း၏လက်ချောင်းများက ကျင်းစစ်၏နှုတ်ခမ်းများအား ဖွင့်ဟစေလျှက်
"ပါးစပ်ဖွင့်လိုက်..."
ကျင်းစစ် ကြောင်သွားသည်။ လိုင်ချီးသီးလေးစားချင်တာကို ဘာလို့ကြမ်းပြင်ပေါ် လှဲချတာလဲ။ သို့သော် သူ့ခန္ဓာကတော့ ယင်းကျောင်းပြောသည့်အတိုင်း အကုန်လိုက်လုပ်နေမိသည်။
ယင်းကျောင်း ပြုံးကာ ခေါင်းငုံ့ပြီး ထိုနှုတ်ခမ်းလေးများကို...
ခဏကြာသောအခါ ယင်းကျောင်းက ဖွဖွကလေးပြောလိုက်သည်။
"လိုင်ချီးသီးကချိုရဲ့လား..."
ကျင်းစစ် အသက်ရှုမြန်နေပြီး ရှက်ပြုံးပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။
ချိုပါတယ်။ ယင်းကျောင်း၏နှုတ်ခမ်းက တကယ်ချိုပါတယ်။
"စားချင်သေးလား..."
"စား..."
"ကိုယ်တိုင် ရအောင်ယူကြည့်..."
ယင်းကျောင်းက ကျင်းစစ်ဆီမှ အနည်းငယ်ခွာလိုက်ပြီး
"လုပ်ကြည့်ပြီးရင်တော့ မင်းကြိုက် မကြိုက် မင်းသိရမှာပေါ့ကွာ..."
အကြည့်ချင်းစုံသွားသောအခါ သူဘာကိုဆိုလိုသည်မှန်း ကျင်းစစ်သိလိုက်ပြီ။
သူ့လည်စေ့ တစ်ချက်လှုပ်သွားပြီး ယင်းကျောင်း၏နှုတ်ခမ်းကိုကြည့်လိုက်သည်။
သူနမ်းမည်အလုပ်တွင် ယင်းကျောင်းက အနောက်သို့ထပ်ဆုတ်လိုက်သည်။ နမ်းရန်ဟန်ပြင်နေသော ကျင်းစစ်မှာ ကြောင်သွား၏။
"ဆက်လုပ်လေ..."
ယင်းကျောင်းက မျက်ခုံးပင့်ကာ ဘာမှမလုပ်လိုက်သောပုံနှင့်
"ဘာလို့လမ်းတစ်ဝက်မှာရပ်နေတာလဲ..."
ယင်းကျောင်းအနိုင်ယူခြင်းအပေါ် ကျင်းစစ် စိတ်မဆိုးမိ။ လက်ကို ယင်းကျောင်းပုခုံးပေါ်သို့ ဖြည်းဖြည်းချင်းတင်လိုက်ပြီး မှီလိုက်သည်။
ဒီတစ်ကြိမ်တော့ ယင်းကျောင်းနောက်မဆုတ်တော့။ ကျင်းစစ်ကိုခဏတာနမ်းခွင့်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်သို့ပြန်လည်ဖိချလိုက်ကာ သူစိတ်ကြိုက်နမ်းတော့သည်။
"ဘာတွေစိတ်လှုပ်ရှားနေတာလဲ..."
ယင်းကျောင်းက ပြုံးလျှက် ကျင်းစစ်၏ဆံပင်လေးကိုကိုင်လိုက်သည်။
"ကို စာမေးပွဲမဖြေဖူးတာလည်း မဟုတ်ဘူး...မေးခွန်းတွေကို မသိရင်တောင် ဖြေပုံဖြေနည်းကိုသိတာပဲလေ..."
ကျင်းစစ် နှုတ်ခမ်းစူကာ
"ဘာဖြစ်နေလဲ ကျွန်တော်လည်းမသိဘူး..."
ယင်းကျောင်းက ကျင်းစစ်နားကိုဖွဖွလေးကိုက်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မင်းစိတ်မချဘူးဆိုရင်လည်း ဒီကျောင်းသားလေးရဲ့အငွေ့အသက်ကို အဝေးကနေဆီ ရနေအောင်လုပ်ပေးလေ...ဒါဆို ချန်ပီယံဖြစ်ဖြစ် တစ်ခုခုတော့ဖြစ်သွားမှာပေါ့..."
ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် တစ်ပတ်အလိုတွင် ကျင်းစစ်သည် အသားညှပ်ပေါင်မုန့်ကဲ့သို့ပင် ခံစားရလေသည်။ သွားလေရာမှာ လက်ဆွဲနှုတ်ဆက်ခံရသည်။ တစ်ခါတစ်လေတွင် ယင်းကျောင်းတောင် မငြင်းဆန်နိုင်။
"ထားပါ...ထားပါ...စာမေးပွဲပြီးရင်တော့ အားတွေပြန်စုရ...."
သူ့စကားမဆုံးသေးခင်မှာတင် သူ့ပါးနှစ်ဖက်က အညှစ်ခံလိုက်ရသည်။
"အားကုန်နေတယ်လို့ ဘယ်သူ့ကိုပြောချင်တာလဲ?..."
ယင်းကျောင်းက ပါးတစ်ဖက်ပြုံးကာ ပြောလိုက်သည်။
"မင်းကိုယ့်ကိုထပ်ပြောချင်သေးလား..."
"မဟုတ်ပါဘူး..."
ကျင်းစစ်က ရှင်းပြချင်ပေမယ့် ယင်းကျောင်းက ဆက်နားမထောင်တော့။
ထိုညတွင် သူအားအပြည့်ရှိကြောင်း ကောင်းမွန်စွာ သက်သေပြလိုက်သည်။ မနက်နိုးတော့ သူလန်းဆန်းတက်ကြွစွာ စာမေးပွဲခန်းထဲသို့ အေးအေးဆေးဆေး ဝင်သွားသည်။
ကျင်းစစ်က သူ့ကိုလိုက်မပို့ဖြစ်ပေ။
သူတို့၂ဦးအတူတူနေဖြစ်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် လိုက်မပို့တော့တာက ထုံးစံလိုဖြစ်သွားသည်။
ဒီနှစ်စာမေးပွဲကာလအတွင်း ရာသီဥတုက မပူမအေးနှင့် အလောတော်ပင်။
တုန်းဟိုင်စီရင်စုမှ ၃သိန်းခန့်ရှိသောကျောင်းသားများမှာ ၂ရက်လွန်မြောက်သော် စိတ်ဖိစီးမှုလွန်မြောက်သွားသည်။
ယင်းကျောင်းက သူ့အမှတ်ကို၇၂၀ရမည်ဟု ခန့်မှန်းသည်။ သူထပ်၍စဉ်းစားမနေတော့ဘဲ ပီကင်းကောလိပ်၏အခြေခံလုပ်အားပေးနေရာတွင် ဖောင်တင်လိုက်သည်။ အဓိကမေဂျာကို ဘောဂဗေဒကိုယူပြီး ဒုတိယနှင့်တတိယမေဂျာများကို စီးပွားရေးပညာနှင့်ဘဏ္ဍာရေးကိုယူလိုက်သည်။
သူရွေးထားသည်များကို သိလိုက်သောအခါ လောင်လျိုမှာ ဝန်လေးကာ သတိပေးသည့်အနေနှင့်ပြောသည်။
"စီးပွားရေးဘာသာက ပီကင်းထက် ကျင်းဟွာကောလိပ်က ပိုကောင်းတယ်နော်..."
လွန်ခဲ့သော၂နှစ်ကသာ ပီကင်းနှင့်ကျင်းဟွာကောလိပ်အကြား ယင်းကျောင်းရွေးချယ်မည်ကို ဆရာလျို သိခဲ့မည်ဆိုလျှင် သူ၏ပထမဆုံးတုန့်ပြန်မှုက ဦးနှောက်ပေါက်ထွက်သွားလိမ့်မည်ဖြစ်သည်။
အခန်းထဲတွင်အမြဲတမ်း အိပ်ချင်အိပ်၊ ဖုန်းသုံးရင်သုံးနေသောကျောင်းသားက အခုအမှတ်ကောင်းနေမည်ဟု မည်သူထင်မည်နည်း။
"ကျွန်တော်သိပါတယ်..."
ယင်းကျောင်းက ခုံတွင်မှီကာ ဘေးရှိကျင်းစစ်ကို လှည့်ကြည့်လိုက်ပြီး
"ကျွန်တော် ပီကင်းကောလိပ်ကိုပဲသွားချင်တာ..."
ဆရာလျိုက အံ့ဩပြီးသက်ပြင်းချကာ
"အေးလေ မင်းကြိုက်တာရွေးနိုင်ပါတယ်..."
ယင်းကျောင်း ပီကင်းကောလိပ်သို့သွားချင်၍ ၂နှစ်လုံးစာကြိုးစားခဲ့သည်မှာ မထူးဆန်းချေ။
ဆရာလျို သက်ပြင်းချလိုက်သည်။ အင်းပေါ့လေ။ စိတ်ပြင်းပြနေတော့လည်း မဖြစ်နိုင်တာမရှိဘူးပေါ့လေ။
ရီပို့တင်ပြီးနောက် ယင်းကျောင်းနှင့်ကျင်းစစ်တို့၂ယောက် ခရီးထွက်ရန်ပြောကြရင်း အိမ်သို့ပြန်လာခဲ့သည်။
ဟယ်ကျိုးတို့ကတော့ ခရီးထွက်ရန် ရက်သတ်မှတ်ပြီးသွားပြီဖြစ်သည်။ သူတို့စုံမိပြီးတာနဲ့ အတူတူသွားကြမည်ဟု စီစဉ်ထားသည်။
"လီကျိုးလည်း သွားမှာ..."
ကျင်းစစ်က ထိုးနေသောနေကို ကွယ်လိုက်ပြီး
"အခန်း၃ခန်းပဲလိုတာပါ..."
"အင်း..."
ယင်းကျောင်းက ကျင်းစစ်ကိုသူ့ဘေးနားဆွဲခေါ်ပြီး လမ်းကူးလိုက်သည်။
"သူတို့နဲ့အရင်လာလိုက်လေ...ပြီးရင် တို့အတူတူပြန်ကြတာပေါ့...မင်းစဉ်းစားမိသေး..."
သူစကားမဆုံးခင်တွင် ဖုန်းဝင်လာသည်။
ယင်းကျောင်း ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး ဖုန်းကိုပြန်ပိတ်လိုက်သည်။
ဒါကိုမြင်တော့ ကျင်းစစ်ကရိုးရိုးလေးသာမေးလိုက်သည်။
"ဖုန်းသရဲတွေလား..."
"မဟုတ်ဘူး..."
ယင်းကျောင်းက မဲ့ပြုံးပြုံးပြီး နှာမှုတ်ကာ
"အဖေ..."
ကျင်းစစ်၏ခြေလှမ်းများ နှေးသွားသည်။
ကျင်းစစ်၏နဖူးကို ယင်းကျောင်း အသာအယာပုတ်လိုက်ပြီး
"ဘာဖြစ်လို့လဲ...သူကအခု ကိုယ့်အတွက်သူစိမ်းတစ်ယောက်ပါပဲ...ကိုယ့်ကိုမထိန်းချုပ်နိုင်တော့ပါဘူး..."
ယင်းကျောင်းအတွက် နှစ်သိမ့်ပေးစရာမလိုမှန်း ကျင်းစစ်သိသည်။ သို့သော် တစ်ခုခုတော့ပြောချင်နေမိ၏။ သူမပြောခင်မှာပင် ဖုန်းကောကထပ်ဝင်လာသည်။
"ဖြေလိုက်ပါ..."
ကျင်းစစ်က အခြေအနေကို အေးအေးဆေးဆေးကိုင်တွယ်ကာ တိုးတိုးလေးပြောလိုက်သည်။
"သူဘာပြောချင်လည်း ကြည့်ရတာပေါ့...ပြီးရင် တို့၂ယောက်လုံးနံပါတ်ပြောင်းကြတာပေါ့..."
ယင်းကျောင်းက သူ့စကားကိုနားထောင်လိုက်သည်။
"အိုကေ..."
ဖုန်းကိုင်လိုက်သည်နှင့် အဖေယင်းက ချက်ချင်းပြောတော့သည်။
"သား ဖြေလို့ပြီးပြီလား..."
ယင်းကျောင်း ဖြည်းဖြည်းလေး ဟင်းချမိသည်။
သူ့အားအချိန်ပေးသည်ကိုမြင်ရ၍ အဖေယင်းမှာ စိတ်သက်သာရာရကာ စကားများပြောချမိသည်။
"ဘယ်ကျောင်းတက်ချင်လဲ... အဖေစဉ်းစားပေးမယ်လေ!... သားအစ်ကိုရဲ့ကျောင်းကိုသွားမလား.. အဖေ..."
ယင်းကျောင်း ဘာမှမဖြစ်သလို မျက်လွှာချကာ
"ဘာအစ်ကိုလဲ..."
"ယောင်ပြီးထွက်သွားတာပါ..."
အဖေယင်းက အမြန်ပြောလိုက်သည်။
"ရှန်းကျူရဲ့ကျောင်း၂၁၁လေ...ဒီနယ်မှာတော့ သူက နာမည်ကြီးတယ်...အဖေကတော့ အဲ့ဒါကောင်းမယ်ထင်တယ်..."
ယင်းကျောင်း မဲ့ပြုံးပြုံးကာ
"ကျွန်တော်တော့မထင်ဘူး..."
အဖေကျင်းမှာ သူ့စကားကိုအမြန်ပြောင်းပြောလိုက်သည်။
"အင်းပါ...အရမ်းအကောင်းကြီးလည်းမဟုတ်ပါဘူး...အနည်းဆုံး သူ့အဆင့်က၉၈၅တော့ရှိတာပေါ့..."
အဖေယင်း စကားကိုခဏရပ်ကာ မရဲတရဲပြန်ပြောလိုက်သည်။
"ဒါဆိုလည်း အိမ်ကိုပြန်လာလေ...အဖေအကြံပေးမှာပေါ့..."
"အို့..."
ယင်းကျောင်း ဆေးလိပ်တစ်လိပ်ကိုထုတ်ရန် လက်လှမ်းချိန်တွင် ထိုလက်တစ်ဖက်ကို ဆွဲကိုင်ခံလိုက်ရသည်။ သူတစ်ချက်လန့်သွားပြီး လှည့်ကြည့်လိုက်သည်။
လမ်းမပေါ်တွင် လူများသွားလာလှုပ်ရှားနေသည်။ ကျင်းစစ်က သူ့လက်ကိုကိုင်ကာ မျက်လွှာချရင်း သူ့ဘေးတွင်ရပ်နေသည်။ ခါးမတ်နေပြီး မျက်နှာမှာခံစားမှုမဲ့နေသည်။ သို့သော် သူ့နားရွက်များက ရဲလျှက်။
ယင်းကျောင်း၏စိတ်က ပို၍သေချာသွားသည်။ သူပြုံးရယ်လိုက်ပြီး
"အိုကေလေ...ပြန်လာပြီးရင် အမေနဲ့ဆွေးနွေးကြည့်မယ်..."
အဖေယင်းမှာ ခဏကြောင်သွားသည်။ ထို့နောက် ရှက်ရွံ့စိတ်နှင့် မခံမရပ်နိုင်ဖြစ်ပြီး ဟောက်လိုက်သည်။
"ကျောင်းကျောင်း...ပြဿနာမရှာချင်စမ်းပါနဲ့ကွာ...မင်းအမေမှမရှိတော့တာကွ..."
"ဟုတ်တယ်လေ...အမေမရှိဘူး..."
ယင်းကျောင်းက စကားလုံးတိုင်းကို အသေအချာပြောလိုက်သည်။
"ဆိုတော့ ဆွေးနွေးစရာမလိုတော့ဘူးပေါ့..."
"မင်း..."
"နောက်လည်း မဆက်သွယ်ပါနဲ့တော့..."
ယင်းကျောင်း ဆက်၍မပြောချင်တော့သဖြင့် စကားအမြန်ဖြတ်လိုက်သည်။
"ကျွန်တော့်ကိစ္စတွေကို စိတ်ပူပေးစရာမလိုပါဘူး..."
ထိုသို့ပြောပြီးတာနဲ့ သူချက်ချင်းဖုန်းချလိုက်သည်။
"သွားကြမယ်..."
ယင်းကျောင်းက ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ကျင်းစစ်လက်ကိုဆွဲကာ
"ဖုန်းနံပါတ်သွားချိန်းရအောင်...စုံတွဲစက် သုံးမလား?..."
နေရောင်အောက်တွင် ကောင်လေး၂ယောက် အချင်းချင်းလက်ကို တင်းတင်းဆုပ်ကိုင်ထားကြသည်။ ကျင်းစစ်က ခေါင်းညိတ်ပြလိုက်သည်။
"အိုကေ..."
ခဏကြာအောင်လမ်းလျှောက်ပြီးနောက် ကျင်းစစ်က ရုတ်တရက် ခေါ်လိုက်သည်။
"ကော..."
"အင်း..."
"ကျွန်တော်တို့ ပြန်မလာတော့ဘဲ မြို့တော်မှာပဲဖြစ်ဖြစ် ဒါမှဟုတ် တခြားနေရာမှာ သွားနေကြမလား..."
"အိုကေ...ကိုယ်တို့ မင်းကြိုက်တဲ့နေရာသွားကြမယ်..."
"အိုကေ..."
အချိန်နာရီတွေက အကုန်မြန်လွန်းလှသည်။ ရက်၂၀ကမြန်မြန်သာကုန်လွန်သွားခဲ့သည်။
ကောလိပ်ဝင်ခွင့်ရမှတ်တွေ ထွက်လာသောအခါ စီရင်စုတစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်နေကြသည်။
ယင်းကျောင်းက စာမေးပွဲရမှတ် ၇၃၃မှတ် ရခဲ့သည်။
ပြန်စဉ်းစားစရာမလိုအောင် စီရင်စု၏သိပ္ပံချန်ပီယံနံပါတ်၁ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲ၏နံပါတ်၁ကို ကြေငြာခွင့်ဆက်မရှိတော့သော်လည်း တမင်သက်သက်ဖြစ်စေ မတော်တဆဖြစ်စေ ဖော်ပြသော ရီပို့များစွာရှိနေသည်။
အဖေယင်းက အလုပ်ခဏနားချိန်တွင် သတင်းများကို ကြည့်မိလိုက်သည်။ ကြည့်နေတုန်းမှာပင် သူ ယင်းကျောင်းကို စဉ်းစားမိသွားသည်။
သူ့သားအငယ်က အမှတ်တွေမကောင်းဘဲ မိမိကိုယ်ကို ယုံကြည်ချက်က ကြီးမားသည်။ ထို့ကြောင့် သူဘယ်တော့မှအကူအညီအပေးမခံပေ။
ဒါပေမယ့် ငါမကူရဘူးဆို ငါဘာလုပ်သင့်လဲ... သူစိတ်ကြိုက်လုပ်နေတာကို ဒီအတိုင်းပဲ မင်းကြည့်နေတော့မှာလား...
အဖေယင်းက ဝင်ခွင့်စာမေးပွဲ၏ရမှတ်သတင်းများကို နှိပ်ကြည့်လိုက်သည်။ ပြီးတော့ သူ့စိတ်ထဲမှာတော့ မိဘတွေ သူတို့သားသမီးတွေကို ဘယ်လိုများဆုံးမကြသလဲဟု စဉ်းစားနေချိန်...
အဖေယင်း မျက်လုံးကြီးပြူးပြီး ရုတ်ခနဲ မတ်တတ်ထရပ်လိုက်မိသည်။
"ဒီနှစ်ရဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲကတော့ ပြီးဆုံးသွားပါပြီ။ တုန်းဟိုင်စီရင်စုမှ သိပ္ပံဌာန၏ချန်ပီယံအသစ်ကတော့ အမှတ်ပေါင်း၇၃၃မှတ်နှင့် ယင်းကျောင်း..."
နာမည်တူတာလား... အဖေယင်း လက်တုန်ကာ အောက်သို့ဆက်ကြည့်လိုက်သည်။ ကြည်လင်ရှင်းတောက်သော ယင်းကျောင်း၏ဓါတ်ပုံကို မြင်လိုက်ရသောအခါ သူ့ဖုန်းက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်။
------------
ရက်အနည်းငယ်အကြာတွင် ယင်းကျောင်းက ရမှတ်စာရွက်ကိုယူရန် ဆရာလျိုဆီသွားသည်။
"အစ်ကိုကျောင်း...မင်းတော်လိုက်တာကွာ..."
သူ့အမှတ်ကိုကြည့်ကြပြီး ကျောင်းသားများက သက်ပြင်းချကြသည်။
"ပီကင်းကောလိပ်ကိုသွားမယ်လို့ ပြောတဲ့အတိုင်း ပီကင်းကောလိပ်ကိုပဲသွားတယ်နော်..."
သူတို့အကုန်ကျောင်းပြီးသွားကြပြီဖြစ်ပြီး ကျောင်းတွင်းအနိုင်ကျင့်သူ၏ပြောင်းလဲမှုကိုမြင်ကာ လူတိုင်းကတစ်ခုခုခံစားလိုက်ကြရသည်။
သူတို့ထဲကတစ်ယောက်က လှမ်းမေးလိုက်သည်။
"အစ်ကိုကျောင်း ဒီလိုအမှတ်ကောင်းအောင် ဘယ်လိုလုပ်ခဲ့တာလဲ? လျှို့ဝှက်ချက်များရှိလား..."
"မင်းတို့..."
ယင်းကျောင်းက တစ်ချက်လှမ်းကြည့်လိုက်ပြီး
"ချစ်ဖူးလား..."
"ဟင့်အင်း!..."
တော်တော်များများက ခေါင်းခါကြသည်။
"ချစ်ဖို့ဆိုတာ ငယ်သေးတယ်လေ!..."
"အစ်ကိုကျောင်း...ချစ်မိသွားရင် ကျောင်းစာမှာ လာထိခိုက်မယ်ဆိုတာကို ပြောချင်တာမှတ်လား?...ကျွန်တော်တို့အကုန်သိကြတာပဲကို..."
"မဟုတ်ဘူး..."
ရမှတ်စာရွက်ကို ယင်းကျောင်း လှုပ်ပြလျှက်
"လျှို့ဝှက်ချက်က အချစ်ပဲ..."
ကျောင်းသားများ : "...."
ထို့နောက် ယင်းကျောင်း၏မှတ်ချက်က တစ်ယောက်စကားတစ်ယောက်ကြားကာ နောက်ဆုံးတွင် စီရင်စု၏ဖိုရမ်ပေါ်သို့ တက်သွားလေသည်။
ထိုအကြောင်းအရာကို လူများဆွေးနွေးလို့မဆုံးဖြစ်ကြပြီး ယင်းကျောင်းဟာ ဘယ်မိန်းကလေးအနားကိုမှ မကပ်ဘူးဆိုတဲ့သတင်းကို တစ်ယောက်ကပြောလိုက်သည်။ ထိုသို့နှင့် နောက်ဆုံးကောက်ချက်ချကြလိုက်သည်။
ကျောင်းတွင်းအနိုင်ကျင့်သူကတော့ တလွဲ အရေးမပါတာတွေပြောနေတာ
သူက ဖော်ရွေခဲ့တာမဟုတ်ဘူး...သူဘာမှမပြောချင်ရင်လည်း ဒီလိုတော့မပြောလိုက်သင့်ဘူး...လူတွေကို အချစ်အကြောင်းနဲ့ လိမ်ခဲ့တာပဲ...
အိမ်တွင်တော့ ယင်းကျောင်းက ကျင်းစစ်ကို အနောက်ကနေဖက်ထားသည်။ သူ့မေးစေ့ကို ကျင်းစစ်၏ပုခုံးပေါ်မှေးတင်ကာ ပျင်းရိစွာပြောလိုက်သည်။
"ဟင်း...ဒီရက်ပိုင်း လူတွေက...အမှန်ကို ဘယ်သူမှမယုံကြဘူး..."
ကျင်းစစ်က နှုတ်ခမ်းလေးစူကာ ပြုံးလိုက်သည်။ သူတို့၂ဦးအတူ ဓါတ်ပုံအတူရိုက်ကြသည်။ သူတို့သူငယ်ချင်းတွေပဲရှိတဲ့ နေရာလေးမှာပဲ တင်လိုက်သည်။
"ပျော်လား..."
"အင်း..."
ဒီစာရွက်ကလေးက သူတို့အနာဂတ်အတွက် ယင်းကျောင်းအားထုတ်မှု၏ သက်သေဖြစ်သည်။
ယင်းကျောင်း ပြုံးဖြီးဖြီးနှင့် ကျင်းစစ်၏အင်္ကျီအောက်နားကိုလှန်လိုက်ကာ ဝမ်းဗိုက်အောက်နားကို ပွတ်နေသည်။
"ပြောရမယ်ဆိုရင် ဝူးဝေချန်နဲ့တခြားသူတွေ ပြောကြတာတော့ မှန်တယ်ကွ သိလား...စကော်လာတစ်ယောက်ရဲ့ အရှိန်အဝါအနားမှာ ရှိနေရတာ တကယ်အသုံးဝင်တာပဲ..."
ကျင်းစစ်နားအနားသို့ တိုးကပ်သွားပြီး အသံကိုနှိမ့်ကာ
"နောက်လာမယ့်စာမေးပွဲတွေမှာလည်း မဖြေခင် လုပ်ကြမလား..."
ကျင်းစစ်က ရှက်သွားပြီး စကားသံမထွက်လာ။
"မပေးစေချင်ဘူးလား..."
ယင်းကျောင်း၏လက်က ကျင်းစစ်ဘောင်းဘီဆီသို့ရောက်သွားသည်။
"တွန့်တိုတယ်ပေါ့...ကျင်းရှန်"
ကျင်းစစ် အသက်ရှုမြန်နေပြီး တံတွေးများမြိုချနေသည်။ ခဏအကြာတွင် လေသံတိုးတိုးလေးဖြင့်
"ပေးပါ..."