အပိုင်း၁၂၅
Viewers 14k

Chapter 125

Chapter 125 [End]


ကျင်းစစ် ပြန်၍နိုးလာသောအခါ နေ့လည်ခင်းရောက်နေနှင့်ပြီး ပြင်းထန်သောဆန္ဒဖြည့်ခြင်း၏အကျိုးသက်ရောက်မှုကို ခံစားရတော့သည်။


မနေ့ညက သူပင်ပန်းရုံတင်ပင်ပန်းခဲ့ပြီး ယနေ့တွင်တော့ သူ့တစ်ကိုယ်လုံးက နာကျင်နေသည်။ အထူးသဖြင့် သူ၏ပေါင်ခြံအောက်အနောက်ဖက်ဖြစ်သည်။ ပုံမှန်ဆိုလျှင် နာကျင်ခြင်းကို သူထိန်းချုပ်ထားနိုင်သည်။ သို့သော် ယခုတွင် သူလှုပ်ရှားလိုက်တိုင်း ပင့်သက်ရှိုက်နေရသည်။


ယင်းကျောင်းက အိပ်နေသယောင် သူ့ဘေးတွင် မျက်လုံးများမှိတ်ကာ လှဲနေသည်။


နှိုးလိုက်မိသလိုဖြစ်မည်စိုးသဖြင့် အသေအချာဘေးသို့ရွှေ့လိုက်သည်။ ထို့နောက် အိပ်ယာမှထမည်အပြုတွင် လက်တစ်ဖက်က သူ့ဆီရောက်လာပြီး သူ့ကိုဆွဲဖက်လိုက်သည်။


"နိုးပြီလား..."


ယင်းကျောင်းက ခေါင်းငုံ့ကာ သူ့ရဲ့လည်ပင်းကိုနမ်းလိုက်ပြီး သူ့ရဲ့သွားထိပ်တွေက သူ့လည်ပင်းညွန့်ရိုးပေါ်တွင် ကြိတ်ချေနေသည်။ သူ့အသံက ရှင်းလင်းပြတ်သားနေပြီး အိပ်ရာနိုးကာစအသံလုံးဝမပါပေ။


"ဗိုက်ဆာပြီလား...ဘာစားချင်လဲ..."


"ကော...မကိုက်နဲ့လေကွာ"


ကျင်းစစ် တုန်ရီသွားပြီး သူ့ခေါင်းကို အသာအယာတွန်းလိုက်သည်။


"အင်္ကျီဝတ်ရင်တောင် ပေါ်နေမှာပေါ့"


ဆောင်းတွင်းဆိုလျှင် လည်စည်းဆွယ်တာဝတ်ရန်အဆင်ပြေသော်လည်း နွေဖက်တွင်မူ သူ့အင်္ကျီက ပါးလွှာကာ ပေါ်လွင်နေမည်ဖြစ်သည်။


"ဘာဖြစ်လဲ..."


ယင်းကျောင်းက မရပ်သည့်အပြင် သူကိုက်ထားသောနေရာများအား ထပ်မံစုပ်ယူလိုက်သည်။


"ကိုယ်တို့ဆက်ဆံရေးက ရှက်ဖို့ကောင်းနေလို့လား..."


"မဟုတ်ဘူး!"


ကျင်းစစ်က အလျှင်အမြန်ရှင်းပြသည်။


"အဲ့ဒါ...အဲ့ဒါက မြင်...မြင်လို့မကောင်းဘူးလေလို့"


ယင်းကျောင်းနှင့် ပေါ်ပေါ်ထင်ထင်ဆက်ဆံရေးကို သူ ရှက်ရွံနေသည်မဟုတ်။ သို့သော် သူတို့၏ထိုသို့‌သောအတွင်းရေးကို အခြားသူများအား မသိစေလို။


ကျင်းစစ်၏အတွေးများကို ယင်းကျောင်းက ရိပ်မိသော်လည်း မသိချင်ယောင်ဆောင်နေလိုက်သည်။ ထို့နောက် လူတစ်ယောက်ကို ပို၍မွန်းကျပ်စေလိုက်သည်။


"ကိုယ်ကတော့ ‌မိုက်တယ်ထင်တာပဲ...မင်းရဲ့အဆစ်ချိုးလေးတွေကို ခေါက်ချိုးညီအောင်သတ်မှတ်ပေးထားမယ်လို့ ကတိပေးထားတယ်"


"နေရာပြောင်း"


ကျင်းစစ် ပါးများရဲတွတ်ရင်း မျက်လုံးများစဉ်းကာ ဖွဖွလေးပြောလိုက်သည်။


"သူတို့...သူတို့ကိုမ...မမြင်စေနဲ့လေ"


"ဘယ်နေရာမှာမရဘူးလဲ.."


ယင်းကျောင်းက မျက်ခုံးပင့်လိုက်ကာ နေရာတကာကို မီးမြှိုက်နေသည်။


"ဒီနေရာလား...မွ...ဒီနေရာလား...မွ"


ကျင်းစစ်မှာ ယင်းကျောင်း၏ချုပ်ထိန်းမှုအောက်တွင် အကျဉ်းကျနေကာ အသာလေးသာ ပြောနိုင်တော့သည်။


"အဆင်ပြေတယ်"


ယင်းကျောင်းက ဝအောင်အသားယူပြီးနောက် လက်များကို ရုတ်သိမ်းလိုက်ပြီး လေပူကြီးကိုမှုတ်ထုတ်လိုက်သည်။


"ဒါပေမယ့် ကိုယ်က ဒီ လည်ရိုးလေးကိုပဲကြိုက်တယ်"


ကျင်းစစ် မျက်လုံးများ ပင့်တက်သွားသည်။


နေ့လည်နေက လင်းထိန်နေသော်လည်း ခန်းစည်းများ၏အကာအကွယ်ကြောင့် အခန်းအတွင်းသို့ မှိန်မှိန်လေးသာကျနေသည်။ ယင်းကျောင်းက ကျင်းစစ်၏အပေါ်မှ အုပ်မိုးထားသည်။ ထိုမြင်ကွင်းက ညကသူ့ခေါင်းဆောင်မှု၏မြင်ကွင်းနှင့် တစ်ထပ်တည်းပင်။


ကျင်းစစ်၏ရင်ဘတ်ထဲတွင် ခံစားချက်ကတဖြည်းဖြည်း သက်သာသွားသည်။


ဒါ အနမ်းရာလေးပဲလေ...ဘာမှဖြစ်မှာမှမဟုတ်တာ...ယင်းကျောင်းကို ပျော်ရွှင်ပါစေလေ...


သူ ဆက်၍မပြောတော့။ ယင်းကျောင်း၏လည်ဂုတ်ကို ဆွဲပွတ်နေလိုက်သည်။ ထိုအဓိပ္ပါယ်က အတိအလင်းရှင်းလင်းလှသည်။


ယင်းကျောင်းမှာ သူ၏အထိအတွေ့တွင် ပျော့ပျောင်းလာပြီး တချို့နေရာများကို ပွတ်သပ်နေသည်။


"ဆိုတော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရတယ်ပေါ့...ပိုညိုတဲ့အကွက်ပေးဖို့ အဆင်ပြေလား.."


ကျင်းစစ်၏နားရွက်များက နီရဲနေသည်။


"အမ်း"


ယင်းကျောင်း စိတ်မထိန်းနိုင်တော့ဘဲ ခေါင်းကိုငုံ့ချလိုက်သည်။


သူတို့၂ဦး အိပ်ယာပေါ်တွင် ချစ်ကလူကျီစယ်ပြီးနောက် ကျင်းစစ်က ရေချိုးရန်ပြင်ဆင်လိုက်သည်။


ယင်းကျောင်းက အရင်နိုးသဖြင့် ရေမိုးချိုးပြီးသားဖြစ်သည်။ သူက တံခါးဘောင်ပေါ်တွင်မှီရင်း ဖုန်းကိုကြည့်ကာ မေးလိုက်သည်။


"ဒီနေ့ ပေါ့ပေါ့ပါးပါးလေးပဲစားကြမလား...ဆန်ပြုတ်ပဲမှာလိုက်မယ်လေ"


"ဆန်ပြုတ်နဲ့မရလောက်ဘူး"


ကျင်းစစ်က သွားတိုက်ဆေးကို ညှစ်ထုတ်ရင်းပြောလိုက်သည်။


".ထမင်းပဲစားကြရအောင်"


ယင်းကျောင်းက ရယ်ချင်ပက်ကျိဖြင့် ပြောလိုက်သည်။


"ဗိုက်ဆာနေတာလား..."


ကျင်းစစ် ခေါင်းညိတ်ပြလိုကွသည်။


အင်္ဂလန်မှပြန်လာကတည်းက ကျင်းစစ် ခေါက်ဆွဲတစ်ပွဲသာစားရသေးသည်။ အခုအချိန်တွင် နွားတစ်ကောင်လုံးပင် ပါးစပ်ထဲသွပ်သွင်းချင်နေသည်။


"အိုကေ...ဒါဆို...သိုးစတူးနဲ့ပုဇွန်ပြုတ်ပေါ့"


ယင်းကျောင်းက ဆိုင်ပြောင်းကြည့်လိုက်ပြီး မီနူးကိုကြည့်လိုက်ကာ ဆက်မေးလိုက်သည်။


"အမ်...သားသတ်လွတ်စာရော စားဦးမလား..အဲ့ဒါတွေက မစပ်ဘူးလေ"


"အင်း"


ကျင်းစစ်က ပါးစပ်ထဲတွင် သွားပွတ်တံကိုထည့်ထားလျက် ပြောလိုက်သည်။


"ကျွန်တော်ကြည့်လိုက်မယ်"


ယင်းကျောင်းထွက်သွားသောအခါ ကျင်းစစ်က တစ်ဖက်သို့ပြန်လှည့်လိုက်ပြီး မှန်ကိုကြည့်လိုက်စဉ် ကြောင်အမ်းသွားသည်။


သူ့ လိပ်ပြာရိုးပေါ်တွင် ရှင်းလင်းနေသည်။ ဘာအရာမှမရှိ။


ယင်းကျောင်း စနောက်နေခဲ့ခြင်းမှန်းသိလိုက်ရသည်။ သူ့ကို သိသာမြင်သာသည့်အရာများ သူပေးမသွားပေ။


ယင်းကျောင်းက ညှင်သာပြီး သူ့ခံစားများကို အလေးထားသည်။


ထိုအချိန်တွင် ညှင်သာသော ယင်းကျောင်းက ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းသုံးနေပြီး ဂရုထဲသို့ဝင်လိုက်သည်။


[ကျောင်း] : @အားလုံး...ကျင်းစစ် ပြန်ရောက်ပြီ


[အန်ကယ်ဟယ်] : အဲ့တော့ ဘာဖြစ်လဲ..ဘာအစီအစဉ်တွေရှိလဲ..


[ကျန့်ချွယ်] : အင်း...အစ်ကိုကျင်းလဲ လေယာဉ်စီးပြီး ညောင်းလာလိမ့်မယ်...နွေဖက်လည်းရောက်နေပြီဆိုတော့ ကျွန်တော်တို့နဲ့လာကစားဖို့ ခေါ်လာပါလား


ဖမ်ချန်းချန်းတစ်ယောက်တည်းသည်သာ စာများကိုတွေ့ပြီး အိတ်ထဲသို့ပြန်ထည့်ကာ ပစ်ထားသည်။


[ကျောင်း] : အိမ်မက်ဆက်‌မက်နေလိုက်


[ကျန့်ချွယ်] : အဲ့ဒါဆို ဘာလို့လာပြောနေသေးလဲ


[ကျောင်း] : ငါတို့အကုန် ညီကိုတွေပဲလေ...မင်းတို့ စင်ဂယ်တွေကို အချစ်ရဲ့အရသာချိုချိုလေးကို သိစေချင်ရုံပါ...ကျေးဇူးတင်စရာမလိုဘူး


[အန်ကယ်ဟယ်] : ကျွန်တော် ကျေးဇူးတင်တယ်


[ကျန့်ချွယ်] : ဖာခ့်!! ဒီနှစ်ကုန်မှ အဲ့ဒီအုပ်စုထဲကမထွက်ရင် liveလွှင့်ပြီး ဇောက်ထိုးစားပြမယ်


[ကျောင်း] : ချီးစားမယ်ဆို အေးအေးဆေးဆေးစား...စကားကိုတော့ လက်လွတ်စပယ်မပြောနဲ့...မင်းliveလွှင့်မယ်ဆိုလည်း သတိပေးဦး...ငါကိုယ်တိုင်ထိုင်ကြည့်ချင်လို့


[အန်ကယ်ဟယ်] : မင်း လူစိတ်ရှိသေးလား?


[ကျောင်း] : ဒါပေါ့...ငါ့လိုသူငယ်ချင်းတစ်ယောက်ရှိရင် မင်းပျော်နေမှာပဲ


[အန်ကယ်ဟယ်] : ???


[ကျောင်း] : ကျန့်ချွယ်ပဲ အရင်နေ့ကပြောတယ်မဟုတ်ဘူးလား...သူနဲ့အတူရုပ်ရှင်ကြည့်ဖို့ ဘယ်သူမှမရှိဘူးတဲ့


[ကျန့်ချွယ်] : ဟီးဟီး ဘာလဲ... ကျင်းစစ်ကိုချန်ခဲ့ပြီး ငါနဲ့အတူလိုက်ကြည့်မို့လား...


[ကျောင်း] : နိုး...ကျင်းစစ်ကိုပါခေါ်လာမှာ


[ကျန့်ချွယ်] : .....


[အန်ကယ်ဟယ်] : ဒိုးတော့!!!


ဂရုထဲတွင် စိတ်ကျေနပ်စွာ ကြွားဝါပြီးသည့်နောက် ယင်းကျောင်းက ကျင်းစစ်ကိုခေါ်ကာ ထမင်းစားခန်းသို့သွားလိုက်သည်။


ကျင်းစစ်က ထမင်းတစ်ပန်ကန်ကို တထိုင်တည်းစားပစ်လိုက်ပြီးနောက် သူ့ဆာလောင်မှုများမရှိတော့။ ထို့နောက် စဉ်းစားစရာရှိသည်များကို စဉ်းစားမိနေသည်။ သူ ယင်းကျောင်းဆီမှ မုန်လာဥဖြူတစ်ဖက်ကို ယူစားလိုက်ပြီး


"ကော...ဆရာလျိုကို ခွင့်တိုင်ထားသေးလား..."


"တိုင်ထားတယ်"


သူသတိရမိသည်ကို ယင်းကျောင်းက ပြုံးလိုက်မိသည်။


"ဒီမနက်ပဲ ဖုန်းခေါ်ထားပါတယ်ကွာ"


ကျင်းစစ်က စပ်စုနေရင်း ထိုင်သည့်ပုံစံကိုပြောင်းလိုက်သည်။


"ဘာကြောင့်လို့ပြောလိုက်လဲ..."


ယင်းကျောင်းက မျက်မှောင်ကြုတ်သွားပြီး


"နာလို့လား..."


သူ ကူရှင်ကိုယူကိုင်ကာ


"ဖင်နဲနဲကြွ...ဒီအပေါ်မှာထိုင်"


ကျင်းစစ်က ထလိုက်ပြီးပြောသည်။


"ရပါတယ်...နဲနဲပါ"


သူကြမ်းခဲ့သည်ကို နောင်တလိုလို ခံစားလိုက်ရသည်။


"ကိုယ့်အိမ်မှာ ဆေးရှိပါတယ်...ပြီးရင် ထပ်ဝယ်လိုက်ဦးမယ်"


"ဟင့်အင်း...အဲ့လောက်မနာပါဘူး"


နေ့ခင်းကြီးမှာ ဒီကိစ္စကိုဆွေးနွေးနေရခြင်းကို ကျင်းစစ် ကသိကအောင့်ဖြစ်မိသည်။ သူ့စကားလုံးများက အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။


"ပြီး...ပြီးရင် ကောင်း...ကောင်းသွားမှာပါ"


ညက သူ့ကို ယင်းကျောင်းသေချာ ကြည့်ပေးခဲ့သေးသည်။ သို့သော် သူစိုးရိမ်နေဆဲ။


"အင်း...ငါသိရမှာပါ"


ကျင်းစစ်မှာ ရှက်လည်းရှက်သလို ရှိန်းတိမ်းပိန်းတိန်းခံစားရပြီး သာသာလေးခေါင်းငြိမ့်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။


"ကော...ဆရာ့ကိုဘယ်လိုပြောလိုက်လဲလို့..."


"ကိုယ်ပြောလိုက်တာက"


ယင်းကျောင်း နှုတ်ခမ်းလေးစေ့၊ သူ့အနားတိုးကာ အသံနှိမ့်၍ပြောလိုက်သည်။


"တဝမ်းကွဲတစ်ယောက်ရောက်လာတယ်လို့...ကလေးတစ်ယောက်လည်းပါလာတယ်လို့...သူ့ကိုကောင်းကောင်းလေး အဖော်လုပ်ပေးရမယ်လို့"


ကျင်းစစ် သီးသွားလေသည်။


"အဟွတ်!...တကယ်လား..."


ယင်းကျောင်းက သူ့ခေါင်းသူပွတ်ကာ


"အင်း...နွေရာသီလည်ပက်ရက်‌က ရောက်တော့မယ်လေ...စိတ်မပူပါနဲ့...ဗိုက်ဆာနေတယ်မဟုတ်လား...စား စား"


"အိုကေ"


စားသောက်ပြီးသည့်နောက် ယင်းကျောင်းက ကျင်းစစ်အား အိပ်ယာဆီသို့တွန်းပို့သည်။ သူဘာမှမဖြစ်ဘူးဆိုတာကို အတည်ပြုပြီးမှ သူဟင်းချနိုင်တော့သည်။


ကျင်းစစ်က ငယ်ရွယ်နုပျိုပြီး ခန္ဓာကိုယ်ကြံ့ခိုင်သည်။ ရက်အနည်းငယ်ကြာလျှင် သူလုံးဝပြန်ကောင်းသွားနိုင်သည်။


တစ်ချိန်တည်းမှာပင် ယင်းကျောင်း၏နောက်ဆုံးစာမေးပွဲအမှတ်က ထွက်လာသည်။ ဒီတစ်ကြိမ်တွင် စုစုပေါင်းအမှတ်က ၅၈၀ဖြစ်သည်။


ဆရာလျိုက ရမှတ် မှတ်တမ်းများကိုလာယူရန်ပြောသော်လည်း ယင်းကျောင်းမှာအပြင်မထွက်ချင်။ အဲယားကွန်းအခန်းထဲတွင် ကျင်းစစ်ကို အေးအေးဆေးဆေး ဖက်သာဖက်ထားချင်မိသည်။


သို့သော် ဖုန်းတစ်ကောဝင်လာပြီးနောက် ယင်းကျောင်း စိတ်ပြောင်းကာ အောက်သို့အမြန်ဆင်းသွားသည်။


ကျောင်းကိုသွားမည့်အစား မြို့ထဲသို့ အငှားကားစီးသွားလိုက်သည်။ အရင်တစ်ခါသူမှာထားသော လက်ကောက်ဆိုင်သို့အမြန်သွားလိုက်ပြီး လက်ကောက်ဗူးလေးကိုယူလိုက်သည်။


ယင်းကျောင်းပြန်ရောက်သောအခါ ကျင်းစစ်က အပြေးလေ့ကျင့်စက်မှဆင်းကာ အမောဖြေရေသောက်နေသည်။


အသံကြားရ၍ လှည့်ကြည့်လိုက်ပြီး ယင်းကျောင်းအား ပြုံးပြနေသည်။


"မြန်လိုက်တာ..."


နွေရာသီနေရောင်က ပြတင်းပေါက်မှထိုးဖောက်ဝင်ကာ သူ့အပေါ်တွင် ရွှေရောင်ဝင်းနေပြီး ဆံသားများကို ပျော့ပျောင်းပုံပေါက်နေစေသည်။


ယင်းကျောင်းက ပြုံးကာ သူ့အရှေ့တွင်ရပ်လိုက်ပြီး


"အင်း"


"မှတ်တမ်းရော..."


ကျင်းစစ်က ရေဗူးကိုချကာ မေးလိုက်သည်။


"ပြပါဦး"


ယင်းကျောင်းက ဘောင်းဘီကို လက်ထိုးပြလိုက်သည်။ ကိုယ့်ဘာသာကိုယ်ယူဆိုသည့်ပုံစံ။


ကျင်းစစ်က ဘာမှစဉ်းစားမနေဘဲ သူ့အိတ်ကပ်ထဲကို လက်နှိုက်ထည့်လိုက်သည်။


ကျင်းစစ် တကိုယ်လုံးတန့်သွားပြီး ယင်းကျောင်းအား ကြောင်ကြည့်လိုက်မိသည်။


"ကော"


ယင်းကျောင်းက စကားတစ်ခွန်းမှမပြောဘဲ ပြုံးပြီးကြည့်နေသည်။


ကျင်းစစ် တစ်ခုခုကိုသတိထားမိလိုက်သည်။ သူတံတွေးမြိုချပြီး ဗူးလေးကို ဖြည်းဖြည်းချင်း အသေအချာ ဆွဲထုတ်လိုက်သည်။


ဗူးထဲ၍ ပလက်တီနမ်လက်စွပ်၂ကွင်း။ ဒီဇိုင်းလှလှလေးပေါ်တွင် စာလုံးလေးများဖော်ထားသည်။ 


ကွင်းအကြီးမှာ C≡J လို့ထွင်းထားပြီး ကွင်းအသေးမှာက J≡C တဲ့။


ယင်းကျောင်းက ကျင်းစစ်လက်ကို ဆွဲလိုက်သည်။


ကျင်းစစ်က ယောင်ယောင်ကန်းကန်းနှင့် လက်ကိုပြန်ရုတ်ကာ


"ကော...ဘာလုပ်တာလဲ?"


"အချင်းချင်းလဲတာလေ"


ယင်းကျောင်းက လက်စွပ်ကွင်းအသေးကိုယူကာ ကျင်းစစ်ရဲ့လက်စကြွယ်မှာစွပ်ပေးရင်း


"ကောင်းတဲ့အဓိပ္ပါယ်တော့မဟုတ်တော့ဘူးပေါ့လေ"


"အဓိပ္ပါယ်"


"အင်း"


ယင်းကျောင်းက ပြုံးသွားသည်။


"မင်းထွက်သွားတော့မယ်လို့ ကို ထင်ခဲ့တာ...ဒါကြောင့် ကျောက်စူးနဲ့လှော်တက်ပုံစံလေးကို ချက်ချင်းရွေးခဲ့တာ"


(MM T/n : လက်စွပ်ပုံစံကိုပြောတာလား အဓိပ္ပါယ်ကိုပြောတာလားလည်း ဘာသာပြန်သူသေချာမသိပါ။ သူအဲ့ဒီအတိုင်းရေးထားပါတယ်)


ယင်းကျောင်းက ကျင်းစစ်၏လက်ကိုငုံ့နမ်းလိုက်ပြီး


"ကိုယ် မင်းကိုပြောချင်ခဲ့တာ...မင်းသာစောင့်နေမယ်ဆို ကို လေဟုန်စီး လှိုင်းတွေကိုဖြတ်ပြီး မင်းဆီအရောက်လာမှာ...အခုတော့"


သူ ကျင်းစစ်၏လက်ကိုကိုင်လိုက်ပြီး လက်ချောင်းများယှက်လိုက်သည်။


"မင်းကို ကိုယ်ရှာစရာမလိုတော့ဘူး...ကိုယ့်ဘေးနားမှာပဲ မင်းကိုအမြဲထားထားချင်တော့တယ်"


သန်မာကြည့်ကောင်းပြီးသွယ်လျှသော ယောင်္ကျားလေး၂ယောက် အချင်းချင်းလက်များက ထူးထူးခြားခြား တွဲဖက်ညီစွာ ယှက်ချိတ်ထားကြသည်။


ကျင်းစစ်က လက်စွပ်၂ကွင်းကို ကြည့်ရင်း မျက်လုံးများ နီရဲနေသည်။


ယင်းကျောင်းက ဘာတစ်ခွန်းမှမပြောဘဲ နောက်ကွယ်ကနေ အလိုက်တသိ အကုန်ဖြည့်ဆည်းပေးတတ်သည်။ သူက အရမ်းကြင်နာပြီး...


"ပေါင်ပေ့..."


သူ့အတွေးများကို ယင်းကျောင်းဖျောက်ဖျက်လိုက်သည်။


"ကိုယ် မင်းကိုလက်စွပ် စွပ်ပေးပြီးပြီလေ...မင်းရော ကိုယ့်ကို ပြန်စွပ်ပေးစရာမရှိဘူးလား..."


ကျင်းစစ်ကလည်း မျက်လုံးရဲများဖြင့် ခံစားချက်အပြည့်နှင့်ကြည့်ကာ


"ဘာစွပ်ပေးရမှာလဲဟင်"


ယင်းကျောင်းဘာလိုချင်ချင် သူလုပ်ပေးမယ်ဆိုတာ ပြောစရာမလို။


ယင်းကျောင်းက ပြုံးလိုက်ပြီး သူ့နားသီးကိုကိုက်လိုက်သည်။ ထို့နောက် နားအနားကပ်ကာ


"ကွန်ဒုံးစွပ်ပေးလေ"


ကျင်းစစ် : "....."


ယင်းကျောင်းက သူ့ခါးကိုဖက်ကာ ပြုံးပျော်နေသည့်အသွင်ဖြင့်ပြောလိုက်သည်။


"မင်း ကိုယ့်ကိုစွပ်ပေးမှာလား..."


ကျင်းစစ်က ယင်းကျောင်း၏ရင်ခွင်ထဲတိုးဝင်ကာ ရှက်ရှက်နှင့် ခေါင်းညိတ်ပြလိုက်သည်။


ထို့နောက် သူတို့၏အတိတ်များဟာ ဘယ်တော့မှပြန်ပြောခြင်းမခံရ‌တော့ဘဲ ချိတ်ပိတ်ခံလိုက်ရတော့သည်။ လက်စွပ်လေး၂ကွင်းကတော့ လူ၂ယောက်၏အချစ်ပန်းခင်းထဲတွင် နစ်မြုပ်နေလေတော့သည်။


အရာအရာက အစကနေ ပြန်စခဲ့လေပြီ။


ထို့နောက် ကျင်းစစ်နှင့်ယင်းကျောင်းတို့ တစ်ပြိုင်တည်း အိမ်မက်အတူတူမက်ကြသည်။


ကျင်းစစ်ပြန်ရောက်လာသောအကြောင်းနှင့်အတူ အချင်းချင်း၏စိတ်ခံစားချက်အကြောင်းပင်။


ပထမဘဝ၏အဆုံးတွင် ကမ္ဘာတစ်ခုလုံးက ကျင်းစစ်အား မေ့လျော့နေပေမယ့် ယင်းကျောင်းကတော့ ရုန်းကန်လျက်ပင်။ သူ၏အဓိကရည်ရွယ်ချက်က ကျင်းစစ်အားရှာရန်၊ ကာကွယ်ပေးရန်၊ ထာဝရအတူရှိရန်။


စနစ်ထဲတွင်ပိတ်မိနေသော ကျင်းစစ်မှာလည်း ဘာမှမလုပ်နိုင်ဘဲ မျှော်လင့်ချက်မဲ့ကာ န္ကျင်ခံစားနေရသောယင်းကျောင်းအား ကြည့်နေရသည်။ သူ့အဓိကရည်ရွယ်ချက်ကတော့ ယင်းကျောင်းနဲ့ ပြန်လည်ပေါင်းဖက်ရန်။ 


တစ်ခါတည်းပဲပြန်တွေ့ရပြီး စကားလေးတစ်လုံးတည်းပဲပြောခွင့်ရမယ်ဆိုရင်တောင်ပေါ့။


ရည်ရွယ်ချက်အပေါ်ရပ်တည်ရင်း ယင်းကျောင်းမှာ ရင်ထဲတွင်မြိုသိပ်ထားခဲ့သည်။ သူတို့၏ဒုတိယဘဝအကြောင်းဖြစ်တဲ့ဝတ္ထုကလည်း တခြားကမ္ဘာမှ ကျင်းစစ်ဆီရောက်လာသည်။


ကျင်းစစ်၏ထက်သန်သောမျှော်လင့်ချက်ကြောင့် မပြည့်စုံတဲ့ဝိညာဉ်နှင့် ရုတ်ခနဲပြန်ရောက်လာခဲ့သည်။


ယင်းကျောင်းက ကျင်းစစ်ကို ဘာဖြစ်ဖြစ်ကာကွယ်ပေးချင်သည်။ ထို့ကြောင့် ဒီဘဝတွင် ချောင်းအန်ယန်း၏ပထမဘဝမှတ်ဉာဏ်များက စနစ်နှင့်ကျင်းစစ်တွင် ရောနှောနေသည်။


ကျင်းစစ်ကလည်း ယင်းကျောင်းအား အပြင်းအထန်တွေ့ချင်နေသည်။ ဝတ္ထုကိုဖတ်ပြီးသွားသည့်နောက် သူ့ရဲ့ကံကို စုဆောင်းရင်း အချိန်နှင့်လောကတစ်ကိုဖြတ်ကျော်လာခဲ့သည်။


သူတို့ရဲ့မျှော်လင့်ချက်များက ပေါင်းစပ်သွားပြီး တတိယဘဝကိုဖွင့်လှစ်ပေးလိုက်တော့သည်။


အစဦးကလွဲမှားနေဦးမလား။ 


သူတို့၂ယောက် တွေ့ဆုံခြင်းက ကွဲပြားဦးမလား။


မည်သို့ပင်ဖြစ်စေ အချိန်ကို အကြိမ်၁၀၀လောက် ပြန်စဦးမယ်ဆိုရင်တောင် သူတို့အချင်းချင်း မြတ်နိုးသွားမည်ဖြစ်သည်။


......


ကျင်းစစ် ရုတ်တရက်နိုးလာချိန် ယင်းကျောင်း၏ အကြည့်နှင့် တည့်တည့်တိုးသွားလေသည်။


ယင်းကျောင်းက ကျင်းစစ်ကိုတင်းတင်းကြပ်ကြပ်လေးဖက်ထားရင်း


"ကိုယ် မင်းကိုချစ်တယ်..."


ကမ္ဘာကြီးက မင်းကိုမလိုချင်ဘဲနေပါစေ...ကိုယ်က မင်းဘေးမှာအမြဲရှိမယ်...


ကျင်းစစ်ကလည်း ခေါင်းမော့ကာ အနမ်းပြန်ပေးလိုက်သည်။


"ကော...ကျွန်တော်လည်း ကောကိုချစ်တယ်..."


ကမ္ဘာကြီးက ကျွန်တော်တို့၂ဦးကို ခွဲခြားထားပါစေ...

တောင်တွေခြား...ပင်လယ်တွေခြားထားပါစေ...

ကျွန်တော် ကောကို ချစ်တယ်...

နောင်လည်းချစ်မယ်...

နောက်ဘဝလည်းချစ်နေပါဦးမယ်


--ဝတ္ထုပြီးပါပြီ--


စာရေးသူမှာ ပြောစရာရှိပါတယ် :


ကျင်းစစ်နဲ့ယင်းကျောင်းတို့ အနမ်းများဖလှယ်ရင်း မအားပါ။  extra ကျန်‌ရှိနေပါသေးတယ်။