Chapter 124🚨
သူတို့အကြည့်ချင်း ဆုံသွားခိုက် ဘေးနားရှိပတ်ဝန်းကျင်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
စင်္ကြံလမ်းမှ ခြေသံများ၊ အပြင်ဖက်မှ လေချွန်သံများနှင့် အရာအားလုံးသည် တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဒီကမ္ဘာတွင် သူတို့၂ဦးသာ ရှိနေသယောင်ဖြစ်သွားသည်။
မည်သူကစ၍ လှုပ်ရှားသွားသည်မသိပေ။ သူသိလိုက်ချိန်တွင် သူတို့၂ဦးသား အနမ်းပေးနေကြပြီဖြစ်သည်။
သူတို့၂ဦး၏ပူနွေးနေသောခန္ဓာများက အချင်းချင်းတင်းကျပ်စွာ ဖက်ထားကြသည်။ သူတို့၏ကျယ်လောင်သောရင်ခုန်သံများက ခန္ဓာကိုယ်အောက်ပိုင်းသို့ ဆင်းသက်ကာနီးနီးဖြစ်နေသည်။ ကျင်းစစ်က ခေါင်းမော့ကာ လက်များကို ယင်းကျောင်း၏ပုခုံးပေါ်သို့ တင်လိုက်ပြီး သူ့ကိုပြန်နမ်းနေချိန်တွင် ယင်းကျောင်းက ခပ်တိုးတိုးညည်းညူသံများထွက်ပေါ်လာသည့်အထိ ချစ်စိတ်တက်နေသည်။
ယင်းကျောင်း၏မျက်လုံးများက နီရဲနေပြီး ကျင်းစစ်၏ခေါင်းနောက်ကိုကိုင်ဖျကာ သူ့ဆီသို့ဆွဲကပ်ထားသည်။ အနမ်းက ပြင်းထန်ပြီးအားပါလွန်းရာ သူ့အားအငမ်းမရ ဝါးမြိုနေသလိုပင်။ ဇောချွေးများစိမ့်ထွက်နေပြီး အသက်ရှူသံများမြန်လာကာ သူ ကျင်းစစ်၏အဝတ်များကို ချွတ်ပြစ်ချင်နေပြီဖြစ်သည်။
မီးတောက်ကလေးတစ်ခု၏ အချက်ပေးချက်တစ်ခုကဲ့သို့ ကြယ်သီးများက ကြမ်းပြင်ပေါ်သို့တထောက်ထောက်မြည်ကာ ပြုတ်ကျနေသည်။ အခန်းအတွင်းရှိအပူချိန်က ချက်ချင်းမြင့်တက်သွားသည်။
ပညာသားမပါ လှည့်စားခြင်းမပါဘဲ အချိန်အတော်ကြာအောင် ဆာလောင်မွတ်သိပ်နေသောလူ၂ဦး၏ နှလုံးသားထဲမှဆန္ဒကို ဖြည့်ဆည်းရန်သာကြိုးစားနေမိကြသည်။
ဧည့်ခန်းမှအိပ်ခန်းအထိ သူတို့၂ဦး၏အဝတ်များက ပြန့်ကျဲနေသည်။
ကျင်းစစ် အသက်ရှုမဝတော့ပေ။ အနည်းငယ်မူးဝေသကဲ့သို့ဖြစ်ကာ ဒူးများညွတ်ခွေကျလာသည်။ ယင်းကျောင်းက သတိထားမိကာ ကျင်းစစ်အားပွေ့ချီပြီး အိပ်ခန်းတံခါးကို ကန်၍ဖွင့်လိုက်သည်။
"ကော..."
ကျင်းစစ်က အိပ်ယာပေါ်တွင်လှဲကာ အမောတကော သူ့ခေါင်းကိုတိမ်းစောင်းပြီး ယင်းကျောင်း၏လက်ကို လက်ပြန်နှင့်လိုက်စမ်းလိုက်သည်။
ပျောက်ဆုံးသွားပြီး ပြန်လည်တွေ့ရှိရခြင်းက အလွန်အဖိုးတန်လှသည်ကို သူယခုအထိ မယုံကြည်နိုင်သေးပေ။ သူ့ကိုမြင်နိုင်နေပြီး သူ့ခန္ဓကိုခံစားမိနေသော်လည်း တစ်စုံတစ်ခုကို အပြင်းအထန်လိုက်ဖမ်းဆွဲနေမိသည်။
"ကိုယ်ဒီမှာရှိပါတယ်..."
ယင်းကျောင်းက သူလက်ကိုကိုင်ပြီး လက်ချောင်းချင်းယှက်လိုက်သည်။ ကျင်းစစ်စိတ်ငြိမ်သွားစေရန် သူလှုပ်ရှားပြလိုက်သည်။
အိမ်အပြင်ဖက်တွင် လမ်းမီးများက ထွန်းလင်းနေပြီဖြစ်သည်။ ထိုလမ်းမီးများက ပြတင်းပေါက်မှဖြတ်သန်းကာ အိပ်ယာပေါ်တွင် ဆုပ်ကိုင်ထားသော လက်၂ဖက်အပေါ်သို့ ကျဆင်းနေသည်။
---------
အရာရာပြီးဆုံးသွားချိန်တွင် အာရုဏ်တက်ချိန်ဖြစ်နေလေပြီဖြစ်သည်။
"ဗိုက်ထဲက အောင့်နေလား..."
ယင်းကျောင်းက ကျင်းစစ်၏ဗိုက်အောက်နားကို ကိုင်ကာ တယုတယမေးလိုက်သည်။
သူတို့၏အမှတ်တရက အလွန်ကြာရှည်ခဲ့သည်။ ကွန်ဒုံးကိုဝတ်သည့်အချိန်တွင် ထိပ်မှလေများကိုညှစ်ထုတ်လိုက်ရန် ယင်းကျောင်းမေ့လျော့သွားခဲ့သည်။ သူအတတ်နိုင်ဆုံးကြိုးစားထိန်းသော်လည်း သူ့လှုပ်ရှားမှုများက ယခုအချိန်အထိအနည်းငယ် ကြမ်းတမ်းနေဆဲဖြစ်နေသည်။ ၎င်းက ကွန်ဒုံးကို ကြိမ်ဖန်များစွာပျက်စီးစေကာ "ပြီးမြောက်ခြင်းများ"က အတွင်းသို့ တော်တော်များများ ဝင်ရောက်သွားခဲ့သည်။
ကျင်းစစ်အား သန့်စင်ပေးပြီးတောင်မှပင် သူအနည်းငယ်စိုးရိမ်နေသည်။
ကျင်းစစ် အိပ်ယာပေါ်တွင် မျက်လုံးများမှိတ်ကာ လှဲနေသည်။ သူ့မျက်တောင်အစွန်းများက အနည်းငယ်စိုစွတ်နေသည်။ ယင်းကျောင်းအသံကိုကြားသောအခါ ကျင်းစစ် မျက်တောင်အနည်းငယ်လှုပ်ခပ်သွားသော်လည်း စကားတစ်ခွန်းမှပြန်မပြောပေ။
"အိပ်ငိုက်နေတာလား..."
သူ့နဖူးပေါ်မှဆံပင်များကို ယင်းကျောင်းက သပ်ဖယ်ပေးလိုက်ပြီး ထပ်မေးလိုက်သည်။
ကျင်းစစ် တုန့်ပြန်မှုမရှိပေ။
ယင်းကျောင်းက လက်တစ်ဖက်ထောင်ကာ မေးထောက်လိုက်ပြီး နောက်တစ်ဖက်ဖြင့် ကျင်းစစ်၏မျက်နှာလိုင်းကြောင်းတလျှောက် ပွတ်သပ်လိုက်သည်။ ကျင်းစစ်၏မျက်နှာကို လောဘတကြီး မျက်တောင်မခပ်တမ်း ကြည့်နေလိုက်သည်။
ဒီလူသား...သူ့အသက်နှင့်ပင် လဲလှယ်ပစ်နိုင်လောက်သည့် ဒီလူသားက သူ့နံဘေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ...
သူ အရာအားလုံးဆုံးရှုံးခဲ့ရတောင်မှ အခြားကမ္ဘာမှာ အလျှော့မပေးဘဲ ကြိုးစားခဲ့သည်။ တောက်ပစွာအကောင်းဆုံးဖြစ်လာခဲ့ပြီး အချိန်နှင့်နေရာကွက်လပ်ကြားတွင် သူနှင့်ပြန်လည်ဆုံဆည်းခဲ့သည်။
ယင်းကျောင်းက တလိပ်လိပ်လှိုက်တက်နေသောအချစ်များနှင့် ပျော်ရွှင်မှုများကို ခက်ခက်ခဲခဲ ထိန်းသိမ်းထားရသည်။ သူ ကျင်းစစ်နံဘေးတွင် လက်ကိုချလိုက်ပြီး ကျင်းစစ်၏နဖူးမှစ၍ အောက်သို့ တဖြည်းဖြည်း နမ်းလိုက်သည်။
သူ့ကို အရမ်းချစ်သည်။ ဘယ်လောက်တောင်ချစ်သလဲ သူမတိုင်းဆတတ်ပေ။
"ကော..."
ကျင်းစစ် မျက်လုံးကိုတဖြည်းဖြည်းဖွင့်လိုက်ချိန် ယင်းကျောင်းနှင့် အကြည့်ချင်းဆုံသွားသည်။ သူ့အသံက အနည်းငယ်တိမ်ဝင်နေသည်။
"ကျွန်တော့်ကိုခေါ်လား..."
သူ အလွန်ပင်ပန်းကာ နာကျင်နေသည်။ သူ လက်ချောင်းတောင်မှ မလှုပ်ရှားချင်ဘဲ သတိကလည်း ယိုင်နဲ့နေသည်။ ယခုအချိန်တွင် သူမိန်းမောနေပြီး ယင်းကျောင်းစကားပြောသံကို ကြားမိသော်လည်း မနိုးပေ။
"အင်း..."
ယင်းကျောင်းကာ ခေါင်းကိုငုံ့ကာ နမ်းလိုက်သည်။
"ဘာလို့မင်းအသံတွေ ဝင်နေတာလဲ..."
ကျင်းစစ်က ရှက်သွားကာ မျက်လွှာချလိုက်သည်။
သူမေးစရာလိုသေးလို့လား...
အစတွင် ယင်းကျောင်းနှင့် ဘယ်တော့မှမခွဲခွာချင်တော့သဖြင့် သူနှင့်ဖြစ်နိုင်သလောက် ပို၍ ပို၍ ပို၍နီးစပ်ချင်သည်။
ခက်ထန်သောဆက်ဆံမှု ၂ကြိမ်အပြီးတွင်ပင် သူ မည်သို့မှမထိန်းနိုင်တော့ကာ အနားမယူဘဲ ယင်းကျောင်းအား နောက်တစ်ကြိမ်အတွက် တောင်းဆိုမိသည်။ သူတောင်းဆိုလေ ယင်းကျောင်းက ပို၍စိတ်အားထက်သန်ကာ ပိုပြီးကြမ်းတမ်းခဲ့ကြသည်။
ယင်းကျောင်းက ပြုံးကာ သူ့လည်တိုင်အား လက်ချောင်းများနှင့် ပွတ်သပ်နေလိုက်သည်။
"ပေါင်ပေ့...မင်း ကောင်းကောင်းကို စိန်ခေါ်ခဲ့တာပဲ...အဲ့ဒါကိုစဉ်းစားလိုက်မိရင် ကိုယ်ပြန်ပြီးစိတ်ပါလာပြန်ပြီ..."
"ကော..."
ကျင်းစစ် ရှက်ဖြာသွားကာ ကလေးလေးလို ဒေါသထွက်သွားသည်။
"တည်လို့မရဘူးလား.."
"ဘယ်လိုအတည်မျိုးက မင်းအတွက်ပိုသက်တောင့်သက်သာဖြစ်မလဲ..."
ယင်းကျောင်းက မျက်ခုံးပင့်လိုက်သည်။
"အခုလေးတင် အမြန်ဆိုပြီး ကို့ယ်ကိုဘယ်သူကတောင်းဆိုတာလဲ..."
ကျင်းစစ်၏အထွတ်အထိပ်အချိန်မှပြုမူပုံကို ယင်းကျောင်းကဆိုလိုခြင်းဖြစ်သည်။ ကျင်းစစ်မျက်လုံးများက အပေါ်သို့ပင့်ဆိုက်နေပြီး တစ်ကိုယ်လုံးက နီမြန်းနေသည်။ သူ့လက်မောင်းကို တင်းတင်းညှစ်ထားကာ သတိလစ်မတက် ထပ်ကာတောင်းဆိုသည်။ ယင်းကျောင်းသည်လည်း အနားယူခြင်းမရှိနိုင်အောင် သွေးများဆူပွက်လာခဲ့သည်။
ကျင်းစစ် ရှေ့မဆက်နိုင်မှန်းကိုသိပြီး သူ ချောင်းဟန့်ရယ်မိလိုက်သည်။ သူ မတ်တတ်ရပ်လိုက်ကာ စားပွဲပေါ်ရှိ ရေသန့်ဗူးကိုယူကာ ဖွင့်လိုက်သည်။
"နားလည်ပါတယ်...မင်းအသံကိုကြားရပြီးကို...ရော့ ရေအရင်သောက်လိုက်..."
ကျင်းစစ်က ကိုယ်ကိုအနည်းငယ်မတ်ကာ ရေ၂ငုံသောက်လိုက်သည်။
သူသောက်ပြီးသွားသောအခါ ယင်းကျောင်းက ရေဗူးကိုယူပြီး ဆက်သောက်လိုက်သည်။ သူ ပြန်လှဲချလိုက်ပြီး ကျင်းစစ်အားဆွဲဖက်ကာ ထပ်မေးလိုက်သည်။
"ဗိုက်အောင့်သေးလား..."
ကျင်းစစ်က ခေါင်းခါလိုက်သည်။
"ဟင့်အင်း..."
"ဒါဆို ဘယ်နေရာနာလဲ..."
ယင်းကျောင်း နေရာပြောင်းကာ ထိလိုက်သည်။
"ဒီနေရာရော..."
ထိုနေရာကို သူထိလိုက်သောအခါ ကျင်းစစ်၏ကိုယ်လုံးက တုန်တက်သွားသည်။ ထို့နောက် ရှက်ဖြာနေသောမျက်နှာဖြင့် ကျင်းစစ်ကပြောလိုက်သည်။
".....မနာပါဘူး..."
အမှန်မှာ တော်တော်လေးနာကျင်သည်။ သို့သော် မခံမရပ်နိုင်မဟုတ်သဖြင့် ယင်းကျောင်းအား အသိပေးစရာမလိုပေ။
"ကောင်းတယ်..."
ယင်းကျောင်းက ဂွမ်းအိပ်ယာစောင်ကိုဆွဲတင်လိုက်သည်။
"အိပ်တော့..."
ကျင်းစစ်က ပင်ပန်းပြီးအိပ်ငိုက်နေပြီဖြစ်သည်။ သူ့မျက်ခွံများက တင်းခံနေခြင်းဖြစ်သည်။ သူအိပ်မပျော်ချင်မိပေ။
"ကော..."
"အွန်း..."
ကျင်းစစ်က ဘာမှမပြောချင်ဘဲ ယင်းကျောင်းကိုသာ ခေါ်ချင်သည်။ သို့သော် သူပြန်ဖြေသည်ကိုကြားသောအခါ စကားလမ်းကြောင်းလွှဲလိုက်သည်။
"မနေ့က အတန်းပျက်ခဲ့လား..."
ယင်းကျောင်း : "...."
ယင်းကျောင်းက သွားကြိတ်ကာ သူ့မျက်နှာကို ဖျစ်ညှစ်လိုက်သည်။
"မင်းကို သန့်စင်ပေးဖို့ နောက်မကျသေးဘူးမှတ်လား...မင်းအပေါ် ကိုမကြမ်းခဲ့လို့လား ပြော..."
"ဟင့်အင်း..."
ကျင်းစစ် နားရွက်များနီနေသည်။ သူတစ်ခုခုပြောချင်ပေမယ့် သူ့မျက်လုံးများပင့်သွားသည်။
"ကော...ကောထိတာ အခုမနာတော့ဘူး..."
"အခုမှသိလိုက်တာလား..."
ယင်းကျောင်းက ပြုံးရင်းသူ့နဖူးကို အသာအယာပုတ်လိုက်သည်။
"ကျင်းရှန်...မင်းရဲ့တုန့်ပြန်မှုက နှေးတယ်ကွာ..."
"ဘာဖြစ်လို့လဲ..."
ကျင်းစစ်က အကြံအိုက်သွားသည်။
"ချောင်းအန်ယန်းက ကျွန်တော့်အပေါ်ဘယ်လိုလွှမ်းမိုးမှုတွေရှိနေနိုင်တာလဲ..."
ယခင်က ချောင်းအန်ယန်းဟာ အဓိကဇာတ်ဆောင်လို့ ကျင်းစစ်အမြဲထင်ခဲ့သည်။ ထို့ကြောင့် သူဘာသာသူ ဝင်ရောက်နှောက်ယှက်နေခဲ့သည်။ သို့သော် သူအဖြေထုတ်နိုင်ခဲ့ပြီးနောက် ထိုသို့မဟုတ်ကြောင်း သူသတိထားမိလိုက်သည်။
"သူမဟုတ်ဘူး...အဲ့တာ စနစ်..."
ယင်းကျောင်းက သူ့မျက်လုံးအတွင်းမှ အေးစက်မှုများကို ကွယ်ဝှက်စေရန် မျက်လွှာချလိုက်သည်။ ထို့နောက် သေကြောင်းကြံစည်ရန် ခြိမ်းခြောက်ရခြင်းနှင့် သူ့ကိုဆွဲထုတ်ရန် စနစ်ကိုတွန်းအားပေးခဲ့သည့်အရာ အားလုံးကို ပြောပြသည်။
မူရင်းအားဖြင့် စနစ်သည် ကုတ်အတွင်းနစ်မြုပ်နေသော ဖွဲ့စည်းမှုပုံစံများကြောင့် အပိုင်းအစဖြစ်နေသည်။ သို့သော် ပုံမှန်အတိုင်းဖျက်ဆီးရန် အဆင်မပြေသဖြင့် ပိုသန်မာလာရန် သူ့အလိုအလျောက် စွမ်းအင်များစုစည်းပြီး ဖွဲ့စည်းပုံများကို ဖယ်ထုတ်ရန် အရေးတကြီးလိုအပ်သည်။
စွမ်းအင်အများဆုံးရရှိဖို့ရန်နည်းလမ်းက ကမ္ဘာတစ်ခု၏အဓိကဇာတ်ဆောင်ကို ပံ့ပိုးရန်ဖြစ်သည်။
ယင်းကျောင်း၏ထိုးချက်များခံရပြီး အငြိုးကြောင့်ဖြစ်သည်လာသော ချောင်းအန်ယန်းဟာ စနစ်က အလိုအလျောက်ရွေးချယ်လိုက်သော အဓိက အခရာဖြစ်လာသည်။
သူ့ကိုယ်ပိုင်မှတ်ဉာဏ်နှင့်တောင်မှ ပထမဘဝတွင် မအောင်မြင်ခဲ့ပေ။
"ချောင်းအန်ယန်းနဲ့ပေါင်းစည်းသွားပြီး စနစ်ကမဖယ်ထုတ်နိုင်ခဲ့ဘူးလေ...ချောင်းအန်ယန်းကမအောင်မြင်သ၍ ထွက်သွားဖို့လမ်းမရှိဘူး..."
ပြောနေသောအချိန်တစ်ချိန်လုံးတွင် ယင်းကျောင်း၏လက်ချောင်းများက အချိန်ဖြုန်းမနေပေ။ ကျင်းစစ်၏သွေးသားနေရာတစ်ခုကို ပြဿနာရှာနေသည်။
"ဆိုတော့ အစကပြန်စဖို့အချိန်ရခဲ့တယ်..."
သူ့ထံတွင် ကျင်းစစ်၏မှတ်ဉာဏ်များ ထပ်မရှိတော့ဘဲ ပြောင်းလဲသွားသည်။ ကျင်းစစ်၏ကော်ပီဖြစ်သော ချောင်းအန်ယန်းက ယင်းကျောင်းနှင့် ချစ်ကြိုက်သွားရန် သေချာခဲ့သည်။ စိုးရိမ်ဖွယ်ကောင်းသော စွန့်စားမှုကိုယူခဲ့ပြီး ထွက်ရှိပြီးသား သူ့စွမ်းအင်များကို ဝါးမျိုခဲ့သည်။
သူ့အထိအတွေ့ကြောင့် ကျင်းစစ်၏ခါးက နူးညံ့ပျော့ပျောင်းလာသည်။ ကျင်းစစ်က သူ့လက်ကိုကိုင်ကာချထားလိုက်ပြီး အမောတကောမေးသည်။
"ပြောပါ...ဆက်ပဲပြော..."
"ကောလက်ချောင်းတွေနဲ့ မပြောနဲ့..."
ယင်းကျောင်း နှုတ်ခမ်းများမြင့်တက်သွားကာ သူ့ခါးကိုတမင်တကာ ပွတ်လိုက်သည်။ ကျင်းစစ်တုန်ခါသွားသည်ကို ကျေနပ်စွာကြည့်ပြီး တည်ကြည်စွာပြောလိုက်သည်။
"ဆက်သိချင်သေးလို့လား..."
ကျင်းစစ်က ခေါင်းညိတ်ပြသည်။
ယင်းကျောင်းက ပြုံးဖြီးဖြီးဖြင့် ဆက်ပြောလိုက်သည်။
"ဒါပေမယ့် အတွက်မှားခဲ့တယ်..."
ဒုတိယဘဝတွင် ချောင်းအန်ယန်းက ရွှေလက်ချောင်းကိုကိုင်ပြီး လူတိုင်းကိုပါးလိုက်ရိုက်သည်။ ကျင်းစစ်ရရှိခဲ့သမျှအားလုံးကို သူရရှိခဲ့သည်။ သို့သော် သူမရရှိနိုင်သည့် တစ်ခုတည်းသောအရာက သူ့ခံစားချက်များဖြစ်သည်။
"ကျောင်းမှာ ချောင်းအန်ယန်းက ပထမရပြီးတာနဲ့ အဲ့ကမ္ဘာက ရပ်တန့်သွားတယ်..."
ယင်းကျောင်းက ကျင်းစစ်၏မျက်လုံးများကိုကြည့်လိုက်သည်။
"ပြီးတော့ အခုလက်ရှိဆီကို မင်းပြန်လာတာပဲ..."
ဒီတစ်ကြိမ်တွင် စနစ်၏စွမ်းအင်မှာ အားနည်းနေပြိး ကိုယ်ပိုင်ပြန်လည် မပြင်ဆင်နိုင်ပေ။ သို့သော် ဘာကြောင့်ချောင်းအန်ယန်းတွင် ထိုမှတ်ဉာဏ်က မရှိတော့မှန်း သူမသိပေ။
နောက်ဆုံးတွင် သူက စနစ်၏အခရာဖြစ်နေပြီး ကျင်းစစ်အား စနစ်ကြားအတွင်းထားရှိရန် အရာများလုပ်ခဲ့သည်။ ကျင်းစစ်မှထိုအရာများကိုဆွဲထုတ်ယူရန် မသိစိတ်နှင့် အလိုအလျှောက် စနစ်၏စွမ်းအင်ကို သုံးခဲ့သည်။
ထို့ကြောင့် ကျင်းစစ်က ချောင်းအန်ယန်းကိုမြင်တိုင်း ခေါင်းကိုက်ခြင်းဖြစ်သည်။
"မင်းက ပိုပိုပြီးသန်မာလာတယ်...ဒါပေမယ့် စနစ်ရဲ့စွမ်းအင်ကတော့ အားနည်းသထပ်အားနည်းလာတယ်..."
ယင်းကျောင်း၏အသံက နိမ့်ဝင်နေသည်။
"ဆိုတော့ နောက်ပိုင်း ချောင်းအန်ယန်းကို မင်းတွေ့တိုင်းမှာ ခေါင်းကိုက်တာက တဖြည်းဖြည်းသက်သာလာတယ်..."
"ဒါပေမဲ့ နောက်ဆက်တွဲက ကိုယ်တို့ခန္ဓာကိုယ်ချင်း ထိတွေ့လို့မရဘူး..."
ယင်းကျောင်း အံတင်းတင်းကြိတ်မိသည်။
"အဲ့ဒါ ချောင်းအန်ယန်းက စနစ်ရဲ့နောက်ဆုံးစွမ်းအင်ကို သုံးနေလို့ဖြစ်မှာ..."
ထိုလောက်စွမ်းအင်က သူတို့ဆက်ဆံရေးကောင်းလာသည်နှင့် ညီမျှလာသည်။ နိုင်ငံတကာပြိုင်ပွဲမှာ ကျင်းစစ်က ရွှေတံဆိပ်ရသွားပြီး သူ့ဘဝရဲ့လမ်းကြောင်းက ပထမဘဝနှင့်အတူ ဘဝချင်းထပ်သွားကာ တစ်ချိန်တည်းဖြစ်ပေါ်သွားသည်။ ထို့နောက် သူတို့ကိုယ်ပိုင်ကမ္ဘာကို ပြန်လည်ရရှိသွားသည်။
ကျင်းစစ်က မမေးရမနေနိုင်ဖြစ်နေသည်။
"အခု အားလုံးပြီးသွားဟုတ်..."
"အင်း..."
ယင်းကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူနဲ့...ချောင်းအန်ယန်းကိုတွေ့လို့ ခေါင်းမကိုက်တဲ့နေ့ကစပြီး အကုန်ပြီးဆုံးသွားပြီ..."
မပြီးဆုံးသေးဘူးဆိုလျှင်တောင် ချောင်းအန်ယန်း၏ခေါင်းကို ထုပြီး ဒီခွေးကိစ္စကို သူအပြတ်ရှင်းမယ်...
"မင်းကို ကိုယ်အဲ့အချိန်က သတိမထားမိတာ တောင်းပန်ပါတယ်..."
ယင်းကျောင်းက ကျင်းစစ်၏ဆံပင်ကို အသည်းယားစွာ ဖွလိုက်သည်။
တောက်ပတဲ့အနာဂတ်၊ လှပပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝရှိသင့်တဲ့သူ သူ့ရဲ့ကျင်းစစ်လေးဟာ ကန္တာရ၂ခု၏လက်ကြားတွင် ဖြတ်ဆီးခံလိုက်ရသည်။
ပထမဘဝတွင် စနစ်ထဲအပိတ်ခံထားရပြီး ဘဝနဲ့အသိဉာဏ်တွေ စုပ်ယူခံရသည်။
ဒုတိယဘဝတွင် ခေါင်းကို သံတုတ်နှင့်အရိုက်ခံရပြီး လမ်းကြားလေးထဲတွင် သေဆုံးခဲ့ရသည်။
ဒုတိယဘဝတွင် အပိုင်းအသေးလေးဖြစ်သော်လည်း ထိုအပိုင်းကို ကျင်းစစ်ခံစားရသည်။ထို့ကြောင့် သူ့ခေါင်းကိုမည်သူ့ကိုမှပေးမထိဘဲ ကာကွယ်ခြင်းဖြစ်သည်။
"ကိုယ့်အပြစ်ပါ..."
ကျင်းစစ် ကြောင်ငမ်းသွားသည်။
"မဟုတ်ပါဘူး..."
သူ ယင်းကျောင်း၏လက်ကို ကိုင်ကာ အတည်တကျပြောလိုက်သည်။
"ကော အဲ့လိုမမြင်ပါနဲ့...ဒါမင်းနဲ့ ဘာမှမဆိုင်ပါဘူး..."
ယင်းကျောင်းအတွက်သာမဟုတ်လျှင် သူအခုရှိနေသည့်နေရာတွင် ရှိနေမည်မဟုတ်ပေ။ အရင်ဘဝတွင် ဘာမှမဟုတ်တဲ့သူအနေနဲ့ တစ်ဦးတည်းဆက်လက်ရှိနေမည်ဖြစ်ပြီး သေဆုံးမည်ဖြစ်သည်။
ယင်းကျောင်းက ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။
သူ အမှန်တရားကိုနားလည်သော်လည်း နောင်တရခြင်းကိုတော့ မတားဆီးနိုင်ပါ။
ကျင်းစစ်က ယင်းကျောင်းသူ့ကိုယ်သူ အပြစ်တင်နေမည်ကိုစိုးရိမ်သဖြင့် သန်းဝေလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
"ဒါဆို ကျွန်တော်ဘယ်လိုပြန်ရောက်လာတာလဲ...ကျွန်တော့်ဝိညာဉ်က မပြည့်စုံဘဲ အဲ့ကမ္ဘာမှာပိတ်မိနေမှာမဟုတ်လား..."
သို့ပေမယ့် သူတို့ တတိယဘဝတစ်ခုရှိဖို့ ဖြစ်လာခဲ့တယ်
ယင်းကျောင်းက ကျင်းစစ်လက်ကိုကိုင်ကာ နှလုံးသားထဲတွင် စူးနင့်သွားသည်။
အကယ်၍ ကျင်းစစ်သာ ပြန်မလာခဲ့ရင်...
သူသက်ပြင်းချလိုက်ပြီး စိတ်လျော့ကာပြောလိုက်သည်။
"ကိုယ်လည်းမသိပါဘူးကွာ..."
ကျင်းစစ်၏မျက်လုံးများက မှိတ်ကာနီးနေသော်လည်း သူမအိပ်ချင်မှန်း ယင်းကျောင်းသိသည်။ သူရယ်ကာပြောလိုက်သည်။
"ထပ်မစဉ်းစားပါနဲ့တော့...နောက်မှကျန်တာကို ပြောပြမယ်...မအိပ်ချင်သေးဘူးဆိုရင်..."
ယင်းကျောင်းက ကျင်းစစ်၏ပေါင်ခြံကြားကိုကိုင်လိုက်သည်။
"နောက်တစ်ခါထပ်လုပ်ကြဦးမလား..."
"အိပ်...အိပ်တော့မယ်..."
ကျင်းစစ်၏မျက်လုံးများက ချက်ချင်းမှိတ်သွားလေသည်။
သူတစ်ခုခုအား မေ့နေသည်ကို တစ်နည်းနည်းနှင့် သိနေသည်။ သူဆက်ပြီးစဉ်းစားချင်သော်လည်း အိပ်ချင်စိတ်ကို တောင့်မခံနိုင်တော့ဘဲ အပြည့်အဝအိပ်ပျော်သွားလေသည်။
ကောင်းကင်ကြီးက အာရုဏ်တက်ချိန်အလွန်တွင် ကျင်းစစ် အိပ်နေရာမှ ရုတ်တရက်နိုးလာသည်။
သူမေ့နေသည့်အရာကို သူမှတ်မိပါပြီ...သူနဲ့ယင်းကျောင်းက ပြတ်ဆဲနေတုန်းပဲလေ!
ကျင်းစစ် မျက်လုံးပွင့်သွားကာ ပင့်ကြည့်လိုက်သောအခါ စိုက်ကြည့်နေသောယင်းကျောင်းကိုတွေ့ရသည်။
အခန်းအတွင်းတွင် မီးရောင်မှိန်မှိန်များသာ ထွန်းထားသည်ကို သူသတိထားမိသည်။ ကုတင်ထိပ်တွင်မှီနေသော ယင်းကျောင်းက ပါးစပ်ထဲမှ ဆေးလိပ်ကိုမီးမငြှိရသေးဘဲ သူ့အား မျက်တောင်မခပ်တမ်းကြည့်နေသည်။ သူမအိပ်သေးပါ။
ကျင်းစစ် ရင်ထဲတွင် အောင့်ကာနာကျင်သွားသည်။
ယင်းကျောင်း....အိပ်ပျော်သွားမှာ ကြောက်နေတာလား
"ကိုယ့်ကိုလန့်သွားလား..."
ယင်းကျောင်းက ဆေးလိပ်ကိုချလိုက်ပြီး သူ့မျက်နှာကိုလာထိပြီး နူးညံ့စွာမေးလိုက်သည်။
ကျင်းစစ်က ခေါင်းခါပြလိုက်သည်။
"ဘယ်လို..."
ယင်းကျောင်း၏အသံ ရုတ်ခြည်းရပ်တန့်သွားသည်။
ကျင်းစစ်က ရုတ်တရက်ထထိုင်လိုက်ကာ သူ့မျာက်နှာကိုကိုင်လိုက်ပြီး သူ့နှုတ်ခမ်းကို ခေါင်းမော့ကာ စုပ်ယူနမ်းလိုက်သည်။
"ကောကော..."
သူ့မျက်နှာက နီရဲနေသည်။ ယင်းကျောင်းသင်ထားပေးသည့်အတိုင်း နူးညံ့စွာ ဖွင့်ဟဝန်ခံလိုက်သည်။
"ကော...ကောင်လေးတစ်ယောက်လိုချင်လား?..."
သူတို့၂ဦးကြားတွင် ယင်းကျောင်းက ခြေလှမ်းစခဲ့သည်ချည်းဖြစ်သည်။
သူ့ကိုအမြဲရှာဖွေနေခဲ့သည်။ စဦးဆုံး ခြေလှမ်းလှမ်းခဲ့သည်။ အရင်ဆုံးဖွင့်ဟဝန်ခံခဲ့သည်။
ဒါကြောင့် ဒီတစ်ခါတော့ သူ့ကိုအရင်ပေးပြောပါ...
ယင်းကျောင်းက ခဏတာကြက်သေသေသွားပြီး ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်ကာ အပြုံးလေးဖြင့်ပြောလိုက်သည်။
"မေးစရာမလိုပါဘူးကွာ..."
.....
စာရေးသူမှာ ပြောစရာရှိပါတယ် :
အပိုင်းတို :
အစ်ကိုကျောင်း : ကောင်လေးတစ်ယောက်လိုချင်တာမဟုတ်ဘူး...ဒီပေါင်ပေ့လေးကိုပဲ လိုချင်တာ