အပိုင်း၁၇၃
Viewers 32k

Chapter 173

Chapter 173

:ငါတို့ တရားမစွဲတော့ဘူး




ယခင်က စီရင်စုတရားရုံးအပြင်က လူတွေက ကျန်းကျန့်ကို တခဲနက် ရှုတ်ချခဲ့ကြပေမဲ့ ယခု အားလုံး ရှုပ်ထွေးနေကြလေပြီ။


"ဧကရာဇ်က ဒီကျန်းကျန့်ကို တော်ဝင်အမိန့်စာ တောင် ပေးလိုက်တယ်...ဒီကျန်းကျန့် ရဲ့ မူလဇာစ်မြစ်က ဘာလဲ"


"ကျန်းကျန့်က တခြားမိသားစုထဲကို လက်ထပ်ဝင်ထားတာ... ဒီအမြင်အရ တော်ဝင်သံတမန်က သူ့မိဘတွေရဲ့အသက်ကြီးကာလအတွက် သူ့ကို တောင်းဆိုတာ မမှန်ဘူး…"


"တစ်ရွာလုံးက အဲဒီကျန်းကျန့်အတွက် ပြောနေကြတာပဲနော် ......"


….


ဟယ်ချောင်စီရင်စုက လူတွေက စကားပြောနေကြပေမဲ့ တစ်ချိန်တည်းမှာပဲ ကျိုးမောင်ဟယ်နောက်ကကနေ ဤနေရာကို သင်ယူရန် လိုက်လာကြသည့် လူတွေလည်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေကြသည်။ဒီကျန်းကျန့်က ကောင်းတာလား ဆိုးတာလား...


သို့သော်လည်း ကျိုးမောင်ဟယ်က ပိုဒေါသဖြစ်သွား၏။


ဒီလူတွေ...ကျန်းကျန့်ရဲ့လူတွေက သူတို့ကို လာဖို့ ပိုက်ဆံပေးထားတာဖြစ်ရမယ်...


"ခင်ဗျားတို့က ကျန်းကျန့်ပိုက်ဆံကို တအားမက်နေတာပဲ... သူ့အတွက် ကိုယ့်ကိုကိုယ် လိမ်ညာနေတယ်ပေါ့လေ"


ကျိုးမောင်ဟယ်က ဒေါသတကြီး ပြောသည်။


"အရှင်... ငါတို့မလုပ်ဘူး….."


ကျန်းဖျင်က ကျိုးမောင်ဟယ်ကို ကြည့်လိုက်ပြီး ကျိုးမောင်ဟယ်ကို ကြောက်၍ ချောချောမောမောပင် စကားမပြောနိုင်ခဲ့ပါချေ။


သို့သော် သူက ကျွမ်းကျွမ်းကျင်ကျင် မပြောနိုင်လျှင်ပင် အခြားတစ်ယောက်ယောက်ကလုပ်နိုင်လေသည်။ကျောက်လျူက မြေပြင်ပေါ်သို့ ဒူးထောက်ကာ တိုက်ရိုက်ပြောလေသည်။


"အရှင် မှားနေပြီ...ကျန်းကျန့်က သားသမီးဝတ္တရားလစ်ဟင်းမှု ရာဇ၀တ်မှုကို တစ်ခါမှ မကျူးလွန်ခဲ့ဖူးပါဘူး...သူက ငယ်စဉ်ကလေးဘဝကတည်းက သားသမီးဝတ္တရားကျေပွန်ခဲ့ပြီး မိသားစုရဲ့အလုပ်ကို ကူညီပေးခဲ့ပါတယ်... အသက်ငါးနှစ်ခြောက်နှစ်အရွယ်ကတည်း...သူရဲ့ညီငယ်တွေကို ပြုစုစောင့်ရှောက်ပေးခဲ့ပြီး ခုနစ်နှစ် ရှစ်နှစ်အရွယ်မှာစပြီး လယ်ထဲမှာ အလုပ် လုပ်ခဲ့ရပါတယ်...ဆယ်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ်မှာ သူ့အဖေထက် အလုပ်ပိုလုပ်နေရပါပြီ"


"ဒါကို ကျွန်မတို့ရွာကလူတိုင်းသိပါတယ်...သူကျွန်မတို့အိမ်ကိုမရောက်ခင် ကျန်းမိသားစုမှာ လယ်အလုပ်မှန်သမျှကို သူပဲလုပ်ခဲ့ရတာပါ"


"သူက ကျန်းချောင်ဝမ် နဲ့ ကျန်းရှောင်မိန်ကိုလည်း လက်တစ်ဖက်တည်းနဲ့ ပြုစုပျိုးထောင်ပေးခဲ့တယ်"

……....


ကျောက်လျူက ဆက်ပြောပြီး သူမပြောပြီးသွားသည့်အခါ ဟယ့်ရှီရွာက လူတွေက ချက်ချင်းထောက်ခံခဲ့သည်။


ဟုတ်တယ်... ကျန်းကျန့်က အမြဲတမ်း အရမ်းကို ဝတ္တရားကျေခဲ့တာ...


"မှန်ပါတယ်...အရင်တုန်းက ကျန်းကျန့် ကျန်းမိသားစုမှာရှိတုန်း ကျန်းမိသားစုရဲ့ အလုပ်အားလုံးကို လုပ်ခဲ့တယ်"


"ကျန်းမိသားစုမှာ အစားအသောက်ကောင်းစားရင် သားအငယ်နှစ်ယောက်ကိုပဲ ပေးခဲ့တာ...အကြီးဆုံးကျန်းက တစ်ကိုက်တောင်မစားရပေမဲ့ တစ်ခါမှဒေါသမထွက်ခဲ့ဘူး"


"အဘွားကြီးကျန်းက သူ့ကို အမြဲတမ်း ရိုက်နှက်တယ်...သူက ဆင်းဆင်းရဲရဲလည်းနေရတယ်"


……...


ဟယ့်ရှီရွာကလူတွေက တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။


အပြင်ကလူတွေက အလွန်ဆူညံနေပေမဲ့ ကျိုးမောင်ဟယ်က သူတို့ကို မနှင်ထုတ်ဘဲ စကားပြောခွင့်ပင်ပေးထားသည်။


သို့သော် သူ သူတို့ကို မယုံခဲ့ပါချေ။


ချမ်းသာတဲ့သူတွေက သစ္စာမဲ့သူတွေ...တခြားသူတွေကို လာဘ်ထိုးဖို့ ပိုက်ဆံသုံးတဲနေရာမှာ တော်တယ်... ဒီလူတွေက ပိုက်ဆံပေးအခိုင်းခံထားရတာဖြစ်ဖို့များတယ်...


ကျိုးမောင်ဟယ်က ထိုလူများကို အေးစက်သောအမူအရာဖြင့်ကြည့်ကာဆိုလိုက်သည်


"မုသားစကားမပြောနဲ့...ခင်ဗျားတို့ ပိုက်ဆံအတွက်နဲ့ မုသားဆိုပြီး ပြည်သူ့တရားရုံးကို နှောင့်ယှက်ရင် တစ်ယောက်ချင်းစီတိုင်းကို ပျဥ်ပြားနဲ့အချက်နှစ်ဆယ်ရိုက်ပြီး ဒဏ်ခတ်လိမ့်မယ်"


ပျဉ်ပြားနဲ့အချက်နှစ်ဆယ်...

ဟယ့်ရှီရွာက လူတွေထိုသည်ကိုကြားသောအခါ အနည်းငယ် ကြောက်သွားကြသည်။


သူတို့က နဂိုတည်းကမှ အစိုးရကို အနည်းငယ် ကြောက်ကြသည်။ယခုသူတို့ အရိုက်ခံရမည်ဟု ကြားသောအခါ အနည်းငယ် နောက်တွန့်သွားကြသည်။သို့ပေမဲ့ ကျန်းကျန့် လက်အောက်မှာ အလုပ်လုပ်နေသည့်ကိုယ်ရံတော်တွေ တစ်ယောက်မှ နောက်တွန့်မသွားကြပါချေ။


"အရှင်...ငါတို့ပြောတာက အမှန်တရားပါ"


ဟယ်ချွန်းရှန့်က သူ့အဖေကို ကြည့်လိုက်သောအခါ အဖေဟယ်ကလည်း ကျယ်လောင်စွာပြောလိုက်သည်။


"အရှင်... ငါ့သားအငယ်ဆုံးက အိမ်ထောင်မပြုသေးဘဲ အိမ်မှာနေတုန်းက ကျန်းမိသားစုက ကျန်းကျန့်ကို ဆက်ဆံတာထက် သူ့ကို ပိုကောင်းအောင် ငါဆက်ဆံခဲ့တယ်...အရှင် သူလည်း ငါ့ကိုပိုက်ဆံပေးသင့်တယ်... သူငါ့ကို ဘယ်လိုလုပ် ပိုက်ဆံမပေးရတာလဲ"


ကျိုးမောင်ဟယ် တော်ဝင်နန်းတွင်း၌ စကားများစွာပြောနိုင်သော်လည်း ထိုလူများရှေ့တွင်မူ စကားများများမပြောနိုင်ပေ။


သူက လူတွေကောင်းဖို့အပေါ်မှာနှစ်မြုတ်ထားခဲ့တာ...ဒီလူတွေ ဘယ်လိုလုပ် နားမလည်နိုင်ကြတာလဲ...ကျန်းကျန့်ကို သူတို့ ကူညီနေပေးနေဦးမယ်ဆိုတာ သူ မယုံနိုင်ဘူး...


ကျန်းကျန့်က ဘယ်လိုလုပ် လူကောင်းတစ်ယောက်ဖြစ်နိုင်မလဲ...


"အရှင်ကျိုး...ငါ့မှာ ပြောစရာရှိတယ်"

ကျန်းကျန့်က ရုတ်တရက်ပြောလိုက်သည်။


ကျန်းကျန့် ခုနကအထိ စိတ်တိုနေပေမဲ့ အခုချိန်မှာ သူ အဖြေရှာပြီးနေပြီဖြစ်သည်။


သူ့အနေဖြင့် ငြိမ်းချမ်းသည့်ဘ၀မှာနေဖို့ရာ လုံး၀မဖြစ်နိုင်သည့်အတွက် ယခုက တိုက်ပွဲဝင်ရမည့်အချိန်ဖြစ်သည်။


အမှန်တွင် ထိပ်တန်းဦးစားပေးက သူ့ရှေ့က ပြဿနာကို အရင်ဖြေရှင်းရန်ပါပင်။


ကျန်းကျန့် ရာမန်အရာရှိများ၏ အပြင်ဘက်သို့ ကြည့်လိုက်ရာ တံခါးဝတွင် ကျောက်ကျင်းကော နှင့် ဟယ့်ရှီရွာမှ လူများ စိတ်လှုပ်ရှားစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။


သူရုတ်တရက် တည်ငြိမ်သွားသည်။


သူအဆင်ပြေမှာပါ...


ကျန်းကျန့်က ကျိုးမောင်ဟယ်ကိုကြည့်ကာ တိုက်ရိုက်ပြောသည်။


"အရှင်ကျိုး ...အရင်တစ်ခေါက်က မင်း ကျုပ်အမေရဲ့ မွေးနေ့ပွဲကို လာခဲ့တယ်...ကျန်းမိသားစုက ကျုပ်ကိုတရားစွဲချင်နေတာ မင်း သိပြီးပြီဖြစ်မှာစိုးမိတယ်... ကျုပ် စကားနည်းနည်းပြောလို့ရမလား"


ကျန်းကျန့်က မွေးနေ့ပွဲအကြောင်းပြောနေသည်ကိုကြားသောအခါ ကျိုးမောင်ဟယ် ဒေါသထွက်လွန်း၍ သူနှင့် ရန်ပင်မဖြစ်ချင်တော့ပေ။


ထိုအချိန်က သူ့မှာ ကျန်းကျန့်ကို စေတနာဖြင့် ဖြောင့်ဖြချင်ခဲ့သော်လည်း ကျန်းကျန့်လုံးဝနားမထောင်ဘဲ သူ့ကို နှင်ထုတ်ရန်ပင် လူတွေကို ခိုင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။


ထိုအချိန်က ကျန်းကျန့်၏ သဘောထားကို ကြည့်လိုက်လျှင် သူသည် သူ့မိဘများအပေါ် မကောင်းကြောင်း ပြောနိုင်သည်။


"ဒါဆို​ပြော... မင်းဘာပြောစရာရှိလဲ ငါသိချင်မိတယ်"


ကျိုးမောင်ဟယ်က ပြောသည်။


ကျန်းကျန့်က စကားတစ်ခွန်းမှ မပြော။ ထိုအစား သူ့ခါးပတ်ကို ဆွဲထုတ်ပြီး သူ့အဝတ်အစားတွေကို ဆုတ်ဖြဲပစ်လိုက်သည်။


ယခုအချိန်သည် ဆောင်းရာသီဖြစ်သော်လည်း ကျန်းကျန့်က လေ့ကျင့်ခန်းများစွာလုပ်သောကြောင့် အအေးဒဏ်ကိုမကြောက်ပေ။ သူက အဝတ်အစားလည်းအများကြီးမဝတ်ထားသဖြင့်ဤအချိန်မှာ သူ့အဝတ်အစားတွေကို ရိုးရိုးရှင်းရှင်းပဲ ချွတ်ပစ်လိုက်သည်။


"မင်း"


ကျိုးမောင်ဟယ် သူ့ကို ဝေဖန်တော့မည်ဖြစ်သော်လည်း သူပြောချင်သည်ကို ရုတ်တရက် မပြောနိုင်တော့ပေ။


ကျန်းကျန့်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဟောင်းများစွာ ရှိနေသည်။


ကျန်းကျန့်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ယခင်အကြီးဆုံးကျန်း၏ ဒဏ်ရာများဖြစ်သည်။


ကျန်းမိသားစုတွင် အကြီးဆုံးကျန်းသည် ကျန်းမိသားစုထံမှ ရိုက်နှက်ခံရပြီး ဒဏ်ရာရခဲ့သည်။ တစ်ခါမှ မကုသရသေးသည့် ဒဏ်ရာတွေ သူ့ခန္ဓာကိုယ်မှာ အများကြီးရှိခဲ့သည်။ ထုံးစံအတိုင်း အခု ထိုဒဏ်ရာတွေအားလုံးက အမာရွတ်တွေ ဖြစ်သွား၏။


ကျန်းကျန့် သူ့လက်မောင်းက ဒဏ်ရာနက်နက်ကို လက်ညှိုးထိုးပြပြီး ဆိုသည်။


"အရှင်ကျိူး... ဒီဒဏ်ရာက ကျုပ်အသက် ခုနစ်နှစ်အရွယ်တုန်းက အမေ့ကြောင့်ဖြစ်ခဲ့တာ"


ထို့နောက် သူ၏အခြားလက်မောင်းရှိ မီးလောင်ဒဏ်ရာကို လက်ညှိုးထိုးပြပြီးဆို၏။


"အရှင်ကျိုး...ဒါ ကျုပ်ဆယ့်ခြောက်နှစ်သားတုန်းကကျုပ်အမေက မီးနဲ့ရှို့လိုက်တာ"


"ကျုပ်ဆယ့်ငါးနှစ်သားတုန်းက အဖေက ဝါးပူကပ်ခဲ့တာ"


"ဒီဒဏ်ရာက…"


……



အကြီးဆုံးကျန်းက သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အများကြီးရခဲ့သည်။အမှန်တွင် အဘွားကြီးကျန်းကြောင့်ချည်းမဟုတ်ဘဲ သူ့ကို အနိုင်ကျင့်ခဲ့သည့် ဟယ့်ရှီရွာက အသက်အရွယ်တူလူတွေက ဤဒဏ်ရာတွေထဲက တချို့ကို ချန်ထားခဲ့ခြင်းဖြစ်သည်။


သို့ပေမဲ့ ယခုအချိန်မှာ ကျန်းကျန့်က အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းတို့ကို အပြစ်တင်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ သူတို့ အကြီးဆုံးကျန်းကို အကြိမ်မည်မျှရိုက်နှက်ခဲ့သည်ကို မှတ်မိလိမ့်မည်မဟုတ်ပေ။


ကျိုးမောင်ဟယ် ယခုအချိန်မှာ ကျန်းကျန့်က အပြစ်တင်ပြောဆိုနေပေမဲ့ သူ ဘာမှ မပြောနိုင်ခဲ့ပါချေ။ကျန်းလင်မယားက ကျန်းကျန့်အပေါ် အလွန်ဆိုးရွားခဲ့သည်ကို သူမသိခဲ့ပါချေ။


ကျိုးမောင်ဟယ် နောက်ကလိုက်လာသည့် စာပေ ပညာရှင်တွေလည်း လက်ရှိအချိန်မှာ နှုတ်ဆိတ်နေကြသည်။


လူတွေက အားနည်းသူကို စာနာကြသည်။ယခင်က ကျန်းမိသားစုက သနားစရာကောင်းလွန်းသောကြောင့် ကျန်းမိသားစုကို စာနာခဲ့ကြပေမဲ့ ယခုမူ…


"အရှင်... သူက ကျွန်မသားပါ...ကျွန်မ သူ့ကို ရိုက်တော့ဘာဖြစ်လဲ...အရှင် သူက ကျွန်မတို့ကို ရိုက်တယ်..."

အဘွားကြီးကျန်းက ငိုယိုကာပြောသည်။


ယခုသူမ ငိုလျှင် အစတုန်းကလောက် သူမကို စာနာသူ များများစားစား မရှိသည်မှာ ထင်ရှားသည်။


ကျိုးမောင်ဟယ်က မျက်မှောင်ကြုတ်ပြီး ချက်ချင်းပြော၏။


"ကျန်းကျန့်... မင်းမိဘတွေက မင်းကို အသွေးအသားပေးခဲ့တာ...မင်းခံစားခဲ့ရတာ ဆုံးမခြင်းတစ်ချို့....."


"အရှင်... ကျုပ်စကားမဆုံးသေးဘူး"

ကျန်းကျန့်က ပြောလိုက်သည်။


"အရှင်ကျိုး... ကျုပ်က အသနားခံရဖို့ကြိုးစားနေတာမဟုတ်ဘူး... သူတို့စကားတွေကို ပေါ့ပေါ့တန်တန် မယုံသင့်ဘူးလို့ အရှင်ကျိုးကို ပြောချင်တာပါ...ကျုပ် ကျန်းမိသားစုမှာ အနှစ်နှစ်ဆယ်ကျော်ကြာ နွားတွေ မြင်းတွေထက်ပိုဆိုးတဲ့ဘဝနဲ့နေခဲ့ရတာကို သူတို့အရှင့်ကိုမပြောဘူးမလား"


ကျိုးမောင်ဟယ်၏ မျက်နှာတောင့်တင်းသွားသည်။ ကျန်းလင်မယားက ကျန်းကျန့်အပေါ် မကောင်းမှန်း ယခင်က သူမသိခဲ့ပေ။


"အရှင်...သူတို့က ကျုပ်ကို ကောင်းကောင်းမဆက်ဆံကြဘူး...ဒါပေမဲ့ အရှင်ပြောသလိုပဲ ကျုပ်က ကျုပ်ကို သူတို့မွေးထားပြီး ကြီးပြင်းလာလို့ ကျုပ်ကို ဘာပဲလုပ်လုပ် နှုတ်ဆိတ်နေခဲ့တာပါ"

ကျန်းကျန့်က ပြောလိုက်သည်။


"အရှင်...ကျုပ်အိမ်ကမထွက်ခင် ကျုပ်က သူတို့ဆန္ဒအတိုင်း အလုပ်လုပ်ပြီး ဘယ်တော့မှ မညည်းညူခဲ့ဘူး...အိမ်ကထွက်ပြီးတဲ့နောက်လည်း သူတို့ကို ဘာမှမလုပ်ခဲ့ဖူးဘူး...ဆိုတော့ ကျေးဇူးပြုပြီး အဲဒါကို သတိထားပေးပါ..."


"မင်းက မဟုတ်တရုတ်တွေပြောနေတာပဲ... မင်း ငါတို့ကို ထပ်ခါထပ်ခါ ရိုက်နေတာ အရှင်းကြီးပဲ" အဘွားကြီးကျန်းနှင့် တခြားသူတွေက တစ်ယောက်ပြီး တစ်ယောက် ပြောကြသည်။


"အရှင်...ကျုပ်က သူတို့ကို တကယ်ရိုက်ချင်ရင် သူတို့ ဘာကြောင့် ဟယ့်ရှီရွာက ထွက်သွားပြီး တခြားနေရာကို ပြေးမသွားတာလဲ..."


ကျန်းကျန့်က ပြောသည်။


"မင်းရဲ့မိဘတွေကို မင်းမထောက်ပံ့ဘူး...မင်းမိဘတွေ စားဖို့မလောက်ဘူးတာကို မင်းဂရုမစိုက်ဘူး...အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောစရာရှိသေးလဲ"

ကျိုးမောင်ဟယ်က ထပ်မေးသည်။


"ဒီလူတွေကို ရှာဖွေဖို့ အရှင့်ကို တောင်းဆိုချင်ပါတယ်..."

ကျန်းကျန့်က ရုတ်တရက်ပြောလိုက်၏။


"ရှာရမှာလား..."


ကျိုးမောင်ဟယ် အံ့အားသင့်သွားသည်။


"အရှင်က တစ်ယောက်ယောက်ကို ရှာခိုင်းရင် ကျုပ်မိဘတွေ စားဖို့ တကယ် မလုံလောက်ဘူးလားဆိုတာ ကျုပ်တို့ သိနိုင်တယ်..."


ကျန်းကျန့်က လူများကို စောင့်ကြည့်လေ့လာရာတွင် အလွန်တော်ပြီး ကျန်းမိသားစုမှ ဤလူများကို သေချာလေ့လာကြည့်ပြီးနောက် အချက်တစ်ခုကို တွေ့ရှိခဲ့သည်။


အဘွားကြီးကျန်းက သေချာပေါက် ငွေအချို့ကို ဝှက်ထားခြင်းဖြစ်ရမည်။


"မင်းက ငါ့ခန္ဓာကိုယ်ကိုဘာကိစ္စနဲ့ရှာချင်တာလဲ" အဘွားကြီးကျန်းက ချက်ချင်းပြောလိုက်ပြီး ၎င်းနောက် ကျိုးမောင်ဟယ်ကိုဦးတည်ကာဆိုသည်။


"အရှင်...ကျွန်မတို့ကို တရားမျှတမှုပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား...အရှင် ဘာလို့ သူ့ကို မဖမ်းသေးတာလဲ"


ကျန်းမိသားစုတွင် ကျန်းချောင်ရှန့်က ဉာဏ်အမြော်အမြင်အရှိဆုံးဖြစ်ပြီး ခန္ဓာကိုယ်ကိုရှာဖွေခြင်းနှင့်ပတ်သက်၍ ကျန်းကျန့်ပြောသည်ကိုကြားပြီးနောက် ဒိန်းခနဲဖြစ်သွားကာ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။


ထိုသခင်လေးရှန်းက သူတို့အား ငွေအမြောက်အမြားမပေးမီက သူတို့သည် ထိုငွေကို သုံးပိုင်းခွဲခဲ့ကာ သူ၊ကျန်းချောင်ဝမ် နှင့် သူ့မိခင်တို့အားလုံးသည် ဝေစု တစ်ခုစီရှိသည်။


ကျန်းချောင်ဝမ်၏ဝေစုကို ဟွမ်မင်က လုယူသွားခဲ့ခြင်း ဖြစ်နိုင်ပေမဲ့ သူက ကျူးရှုဖန်ကို သူ့ဝေစု၏ငွေ ၂၀ကို ပေးပြီး ကျန်ငွေကို.... သူ့ခန္ဓာကိုယ်ပေါ်မှာ ဝှက်ထားခဲ့၏။


ခိုးယူခံရမည်ကို ကြောက်သဖြင့် အိမ်မှာ သိမ်းထားရမှာကို စိုးရွံ့ပြီး သဘာဝအတိုင်း သူ့ကိုယ်ပေါ်မှာထားခဲ့ရသည်။သူ့မိဘတွေလည်းထိုသို့ပင် ဖြစ်ကောင်းဖြစ်နိုင်၏။


ယခင်တုန်း ယခု​လိုမျိုး တစ်ခါမှ မလုပ်ဖူးပေမဲ့ မကြာသေးခင်ကမှ အိမ်မှာ မငြိမ်မသက်ဖြစ်ပြီး ရွာမှာ အနိုင်ကျင့်ခံရသည်။ အိမ်မှာ ထားခဲ့ရန် မည်သို့ သတ္တိရှိကြပါမည်နည်း။


ဒါ​ပေမယ့်​ ​တွေ့သွားခဲ့ရင်​...