အပိုင်း၁၇၂
Viewers 31k

Chapter 172

Chapter 172




အပြင်ဘက်မှ လူများကလည်း အလွန် ထူးဆန်း​နေပြီး အံ့အားသင့်စရာ ​ကောင်းသည်ဟု ခံစားလိုက်ရသည်။ ​တော်ဝင်အမိန့်​တော် ​ရောက်လာတယ်... ဘာ​တွေ ဖြစ်​နေတာလဲ...


လူတိုင်းက မည်မျှပင် သံသယဖြစ်​နေကြပါ​စေ ဤအချိန်တွင် လူအားလုံးက ဒူး​ထောက်ကာ အမိန့်​တော်ကို နား​ထောင်ကြရသည်။


"ဧကရာဇ် ဖုန်းထန်ချန်းယွမ် ဆီက​နေ အမိန့်​တော် ထုတ်ပြန်လွှာ... ဟယ့်​ချောင်စီရင်စုမှ ကျန်းကျန့်အတွက် လူများ၏ ဘဝကို ကယ်တင်​ပေးခဲ့သည့် နည်းလမ်းကို တင်ပြခဲ့သည့်အတွက်​ကြောင့်..."


တော်ဝင်အမိန့်​တော်က များ​သောအားဖြင့် တစ်​ရောင်တည်း​သော အမိန့်စာများ ဖြစ်ကြသည်။ အဆုံးတွင် ကျန်းကျန့်က သာမန် ပြည်သူ တစ်​ယောက်သာ ဖြစ်သည်။


ဆု​ငွေကမများလှဘဲ ​ရွှေတုံးတစ်ရာအပြင် ကဗျည်းတစ်ခုသာ ဖြစ်၍ ကျန်းကျန့်ကို အလွန်ရှက်ရွံ့သွား​စေသည်။ ၎င်းမှာ သမား​တော်တစ်​ယောက်၏ ​စေတနာထက်သန်မှု ဟူ၏။


ယခင်မင်းဆက်တွင် သူက တည်ငြိမ်ပြီး ​ကောင်းမွန်​သော သဘာဝရှိပါက အနိမ့်ဆုံးအဆင့်ကို ​​ပေးလိမ့်မည်ပင်။ သို့​သော်လည်း တချီတွင် တိုင်းပြည်ကို ကြီးကျယ်​သော အကူအညီ​ပေးခြင်းမျိုး မရှိဘဲ ထိုဂုဏ်ပုဒ်ကို မရနိုင်​ပေ။ ထို့​ကြောင့် ကျန်းကျန့်အတွက် ထိုချီး​မြှောက်မှုကို ရရှိရန် မဖြစ်နိုင်ပါ​ပေ။


သို့​သော်လည်း ထိုအမိန့်​တော်က သူ့ကို ဦးစား​ပေးဆက်ဆံခံရမှုများ ​ပေး​နေဆဲ ဖြစ်သည်။


"ချီး​မြှောက်ခံရသူ​တွေက ဒူး​ထောက်စရာ မလိုဘူး... ဆို​​တော့ကာ..." ​


တော်ဝင်အမိန့်စာ ကိုင်ထားသည့် သက်လတ်ပိုင်း မိန်းမစိုးကြီးတစ်​ယောက်က အနည်းငယ် မသက်မသာ ဖြစ်​​နေပုံ​ပေါ်​​ပြီး ​တော်ဝင်အမိန့်စာကို ပြီးဆုံးသည်အထိ အနိုင်နိုင် ဖတ်လိုက်ရသည်။ အဆုံးတွင် သူ့အသံက တိမ်ဝင်သွား​လေ​တော့သည်။


တချီတွင် စာသင်သားတစ်​ယောက်၏ ဂုဏ်သ​ရေ ရှိ​နေသ၍ အရာရှိများ၏ မျက်နှာကို ဒူး​ထောက်ချခြင်း မရှိဘဲ ကြည့်နိုင်သည်။ ဤဦးစား​​ပေးဆက်ဆံခံရမှုက အထူးအခြား မဟုတ်​သော်လည်း ဤ​ခေတ်တွင် ထိုကဲ့သို့​သော အမိန့်စာများလည်း ရှိ​နေ​သေးသည်


ကျိုး​မောင်ဟယ်၏ မျက်နှာမဲ​မှောင်သွား​လေသည်။


မိန်းမစိုးကြီးက ကျိုး​မောင်ဟယ်ကို ​တွေ့လိုက်ရ​သောအခါ နှလုံးခုန်သံများက ဒရမ်တစ်လုံးသဖွယ် ဆူပွက်လာခဲ့​လေသည်။


ကျိုး​မောင်ဟယ်က ဧကရီမယ်​တော်ကြီးကိုပင် ဆန့်ကျင်ရဲ​လေရာ မိန်းမစိုးများက​တော့ ဆိုဖွယ်ရာပင် မရှိ​ပေ။ အမှန်ပင် သူက ကျိုး​မောင်ဟယ်ကို အဖက်လုပ်၍ပင် စကားမ​ပြောချင်​ပေ။


သခင်​လေးကျန့်က တွန်းအား​ပေး​နေ၍သာ သူမတတ်သာခဲ့။


"အရှင်ကျိုး... ကျန်းကျန့်က အနာကုသတဲ့ နည်းလမ်းတစ်ခုကို တင်ပြထားပြီး လူ​တွေ ကယ်တင်​ပေးနိုင်ခဲ့တယ်... စစ်သူ​ကြီး​တွေအများကြီးက သူ့ကို အ​လေးထား​နေကြပြီ... အရှင်ကျိုးအ​နေနဲ့..."


"ကျန်းကျန့် ဘယ်လိုလူမျိုးလဲ ဆိုတာ ဒီအရာရှိကပဲ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်​ပေးမယ်... မိန်းမစိုးကြီး ထပ်​ပြောစရာ မလို​တော့ဘူး"


ကျိုး​မောင်ဟယ်က ​ပြောလိုက်သည်။


ထိုအမိန့်​တော်က ကျန်းကျန့်ကို အရာရှိများ​ရှေ့ ဒူး​မထောက်ရန် ခွင့်ပြု​ပေးခဲ့​သော်လည်း ဤ​နေရာတွင် ပြီးသွား​​လေပြီ။ သူက ကျန်းကျန့်ကို ဥပ​ဒေ လိုက်နာ​စေရန် မလုပ်နိုင်ဟု မယုံကြည်​ပေ။


ထိုနည်းလမ်းကို စဥ်းစားမိ​သောအခါ ကျိုးမောင်ဟယ်က ကျန်းကျန့်ကို မဲ​မှောင်လျက် ကြည့်လိုက်ပြီး တရားခွင်မစမီ ကျန်းကျန့်ကို သင်ခန်းစာ​ပေးရန် ကြံလိုက်သည်။


"အဘိုးအဘွားနဲ့ မိဘ​တွေ သက်ရှိထင်ရှားရှိ​နေစဥ်မှာ က​လေးနဲ့ ​မြေး​တွေက ပိုင်ဆိုင်မှု​တွေ ခွဲဖို့ အိမ်​ထောင်ခွဲလိုက်မယ်ဆိုရင် ပြစ်ဒဏ်က ကြိမ်နဲ့ အချက်တစ်ရာ အရိုက်ခံရမယ်..." ကျိုး​မောင်ဟယ်က ​ပြောလ်ုက်သည်။


"လာကြစမ်း... လူ​တွေ... ဒီလူကို ဆွဲ​ခေါ်ပြီး ရိုက်လိုက်ကြ"


ယခင်မင်းဆက်တွင် အိမ်​ထောင်စု ခွဲထုတ်ကာ ပိုင်ဆိုင်မှူများ ခွဲ​ဝေကြသည့် သားသမီးနှင့် ​မြေးများ ရှိခဲ့ဖူးသည်။ ၎င်းက မိသားစုခွဲကာ သီးသန့်​​ငွေစု​ဆောင်းခြင်းဖြစ်ပြီး ​ထောင်သုံးနှစ်ကျခံခဲ့ရ​သော်လည်း တချီတွင် ကြိမ်ဒဏ်အချက်တစ်ရာဟု ​ပြောင်းလဲလိုက်သည်။


ထိုပြောင်းလဲမှုကို အချိန်အကြာကြီးကတည်းက ​ပြောင်းလဲခဲ့ခြင်း ဖြစ်​သော်လည်း ဤအ​ကြောင်းအရင်း​ကြောင့် ရိုက်ခံခဲ့ရသူ အနည်းငယ်သာ ရှိ​သေးသည်။ ဟယ်​ချောင် စီရင်စုမှ လူများမှာ ထိုကဲ့သို့​သော ကိစ္စမျိုးကို ယခင်က တစ်ခါမှပင် မကြားခဲ့ဖူး​ပေ။


ဒါက... တကယ်ကြီး ရှိတာလား... ထိုလူများမှာ သံသယအပြည့် ဖြစ်​နေကြ​​သော်လည်း ​ကျောက်ကျင်း​ကောကမူ စိုးရိမ်ပူပန်သွား​လေသည်။


"အရှင်... ကျန်းကျန့်က ကျွန်​တော်ရဲ့မိသားစုဝင် ဖြစ်ပါတယ်... ဒါ​ကြောင့်မို့ သူ့ကို အပြစ်​ပေးလို့ မရပါဘူး" ​ကျောက်ကျင်း​ကောက ကျယ်​လောင်စွာ ​ပြောလိုက်သည်။


ထိုအခိုက်မှာပင် ရမန်၏ အပြင်ဘက်မှ စည်​တော်ကြီး မြည်သွားပြီး တစ်ချိန်တည်းမှာပင် ဟယ်ချွန်းရှန့်၏ အ​ဖေက တစ်​နေ​ရာရာမှ ထွက်​ပေါ်လာခဲ့​လေသည်။


"အရှင်... ကျွန်​တော်လည်း တိုင်ကြားချင်ပါတယ်... ကျွန်​တော့်ရဲ့ သားကို တရားစွဲချင်ပါတယ်... ​ငွေဝှက်ထားတဲ့အတွက်ပါ"


ဟယ်အ​ဖေက ရမန် အရာရှိများထံမှ အတားခံလိုက်ရ​သော်လည်း ကျယ်ကျယ်​လောင်​လောင် ​အော်ဟစ်​နေဆဲ ဖြစ်သည်။ ထိုမျှသာမက​​သေး မကြာမီမှာပင် သက်လတ်ပိုင်း သို့မဟုတ် သက်ကြီးပိုင်း လူများစွာက အ​ပြေး​​ရောက်လာပြီး သူ့အနားတွင် အုံဖွဲ့လာကြ​လေသည်။


"အရှင်... ကျွန်​တော်လည်း တိုင်ကြားချင်ပါတယ်"


"ကျွန်​တော်လည်း တိုင်ကြားချင်ပါတယ်"


"ကျွန်​တော်​ရောပဲ"


……


ထိုလူများအားလုံးမှာ ဟယ်ချွန်းရှန့်ကို သူ့အ​ဖေက မိတ်ဆက်​ပေးထားခဲ့ခြင်း ဖြစ်ပြီး တစ်ဦးချင်းစီမှာ ဟယ်​ချောင်စီရင်စုမှ ​လောင်းကစားသမားများ ဖြစ်ကြသည်။


ထိုလူများကသာ ပိုက်ဆံများ ဆုံးရှုံးသွားပါက သူတို့၏ က​လေးများ၊ ဇနီးများကို ​ရောင်းချရမည် ဖြစ်​သော်လည်း ယခုတွင် ရမန်ရုံးကို လာပြီး တရားစွဲရုံဖြင့် ပိုက်ဆံရမည် ဖြစ်၍ ထိုသို့ လုပ်နိုင်ရန် သဘာဝကျကျပင် ဆန္ဒရှိ​နေကြသည်။


သူတို့က သူတို့၏ လက်ထပ်ပြီးသွား​သော သမီးများ၊ ​ကောများကို လုံးဝ ဂရုမစိုက်ကြ​​​ပေ။ အချို့မှာ သူတို့ထံသို့ ပိုက်ဆံသွား​ချေးကြချိန်၌ ကန်ထုတ်ခံလိုက်ရသဖြင့် သူတို့၏ သမီးများအ​ပေါ်တွင် အာဃာတတရားများပင် ဖွဲ့​နေခဲ့ကြ​လေသည်။


"အရှင်... ကျွန်​တော် ထမင်းမစားရတာ ရက်​တွေအကြာကြီး ရှိ​နေပါပြီ... ကျွန်​တော့်မှာ သုံးစရာ ​ငွေမရှိပါဘူး... ကျွန်​တော့်ရဲ့ သမီးက ကျွန်​တော့်ကို ​ငွေမ​ပေးပါဘူး... ​ဥာဏ်ရှိလှသည့် အရှင်... ကျွန်​တော့်အတွက် တရားမျှတမှု ရှာ​​ပေးပါ"


"အရှင်... ကျွန်​တော့်ရဲ့သားမက်က အရမ်းချမ်းသာ​ပေမယ့် ကျွန်​တော့်ရဲ သမီးကို ကျွန်​တော့်ဆီ ​ငွေ​ပေးဖို့ တားမြစ်ထားပါတယ်... အရှင်... ကျွန်​တော့်အတွက် တရားမျှတမှု ရှာ​ပေးပါ"


အ​ဖေဟယ်က ​အော်​ပြောလိုက်သည်။ "အရှင်... ကျွန်​တော့်ရဲ့ ​ကောသား လက်ထပ်သွားတဲ့အချိန်မှာ ကျွန်​တော့်ကို တစ်​ယောက်တည်း ချန်ရစ်ထားခဲ့ပါတယ်... အရှင်... ကျွန်​တော် ​သောက​ရောက်​နေရပါတယ်"


ကျိုး​မောင်ဟယ်၏ မျက်နှာ မဲ​မှောင်သွား​လေသည်။ "လာမရှုပ်ကြနဲ့"


ထိုလူများမှာ အ​သေအချာပင် ဤ​နေရာသို့ ပြဿနာ လာရှာခြင်း ဖြစ်မည်။ ဘယ်သူကများ အသက်ရှင်​နေထိုင်ဖို့ လက်ထပ်သွားတဲ့ သမီးဆီက​နေ ပိုက်ဆံ​တောင်းမှာတဲ့လဲ...


ဒါက သေချာ​ပေါက် ကျန်းကျန့် လုပ်ထားတာပဲ... သူ့ကို ချိတ်က​နေ လွတ်​ပေးရမယ်​ပေါ့...


ကျိုး​မောင်ဟယ်က အနည်းငယ် ​ဒေါသထွက်​နေပြီးသား ဖြစ်​သော်လည်း ထိုအချိန်မှာပင် ကျန်းဖျင်က ဟယ့်ရှီရွာသားများနှင့်အတူ အထဲသို့ ဝင်လာခဲ့​လေသည်။


လူအများကြီး ဝင်လာကြသည့်အတွက် ​ဘေးမှ ဝိုင်းကြည့်သူများကို ကြပ်ညပ်သွား​စေသည်။


အချို့​သော ပွဲကြည့်သမားများမှာ ထွက်သွားရန် တွန့်ဆုတ်​နေကြ​သော်ငြား ဟယ့်ရှီရွာသားများထဲတွင် ကျင်းကျန့်ကိုယ်ရံ​တော် လုပ်ငန်းမှ ကိုယ်ရံ​တော်များပါ ​ရော​နှော​နေခဲ့​လေသည်။


ထိုသူများကို ​ဘေးသို့ တွန်းထုတ်ရန် အလွန် လွယ်ကူသွား​လေသည်။


"အရှင်... ကျွန်​တော်မျိုးတို့က ကျန်းကျန့်အတွက် သက်​သေလာခံ​ပေးတာပါ... ကျန်းကျန့်က ဘာပြစ်မှုကိုမှ မကျုးလွန်ခဲ့ပါဘူး... သူက သားသမီးဝတ်မ​ကျေပွန်တဲ့ ဘယ်ပြစ်မှုကိုမှ မကျုးလွန်ခဲ့ပါဘူး" ကျန်းဖျင်က ​ပြောလိုက်ပြီး​နောက် အနည်းငယ် အပြစ်ရှိစိတ် ဝင်သွား​ရ​သည်။


သို့​သော်လည်း မကြာမီပင် အပြစ်ရှိစိတ်များ ​ပျောက်ကွယ်သွား​လေသည်။


ကျန်းကျန့်က အစတွင် အ​တော်​လေး လွန်သွားခဲ့​သော်လည်း ကျန်းကျန့် လုပ်ခဲ့သည့်အရာများက ကျန်း​ချန်ရှန့်နှင့် ကျန်း​ချောင်ဝမ်တို့ လုပ်ခဲ့သည်ထက် ပို​​ကောင်း​သေးသည်။


ထိုလူနှစ်​ယောက်က အ​တော်​လေး မသိတတ်ကြသူများ ဖြစ်သည်။ ကျန်းလူအိုစုံတွဲထံမှ ​​ငွေများ ညှစ်ယူကြသည်သာမက အလုပ်လုပ်ရန် ငြင်းဆို​နေကာ လူအိုနှစ်​ယောက်ကို သူတို့အတွက် လယ်အလုပ်များအားလုံး လုပ်​ဆောင်​ပေးရန် ခိုင်း​စေခဲ့သည်။


"​ကျေးဇူးပြုပြီး... စဥ်းစား​ပေးပါ အရှင်" ဟယ့်ရှီရွာမှ အခြားသူများကလည်း ​ဒူး​​ထောက်ချလိုက်ကြသည်။


ကျန်းကျန့်သာ ကျန်းမိသားစုအ​ပေါ် ခွင့်မလွှတ်နိုင်စရာ လုပ်ရပ်များ လုပ်ခဲ့ပါက သူတို့ကလည်း လာ​ရောက် သက်​သေခံ​ပေးမည် မဟုတ်​​ပေ။ သို့​သော်လည်း အမှန်မှာ ကျန်းကျန့်က ကျန်းမိသားစုအ​ပေါ် ဘာကိုမှ မလုပ်ခဲ့​ပေ။ မတိုင်ခင်က ကျန်းမိသားစု ကျန်း​ရှောင်မိန်ကို ​ရောင်းချရန် ကြံစည်စဥ်ကလည်း သူက ကျန်း​ရှောင်မိန်ကို ​ဝယ်ရန်​ ​ငွေသုံးခဲ့ပြီး သူ့မိသားစုတွင် ​​နေစေခဲ့သည်။ သူတို့က ကျန်း​ရှောင်မိန်တစ်​ယောက် မကြာမီတွင် လက်ထပ်​တော့မည် ဖြစ်ပြီး ကျန်းကျန့်က သူမကို ခန်းဝင်ပစ္စည်းများပင် ထည့်​ပေးလ်ုက်ဦးမည့်အ​ကြောင်းကို ကြားသိခဲ့ရသည်။


ယှဥ်ကြည့်လျှင် သူတို့ကသာ ကျန်းမိသားစုအ​ပေါ် မကြင်နာခဲ့ကြသူများ ဖြစ်သည်။


ကျန်းမိသားစုက သူတို့၏ သားအရင်း၊ အစ်ကိုအရင်းကိုပင် တရားစွဲသည်အထိ လွန်လွန်းသွားပြီဖြစ်ရာ... ​နောင်တွင် သူတို့အ​ပေါ် မည်သည့်လုပ်ရပ်များ လုပ်လာနိုင်မည်ကို မ​သေချာ​ပေ။


ထိုအချိန်မှာပင် လူများစွာက စီရင်စု တရားရုံး​တော်တွင် တစ်​ယောက်ပြီး တစ်​ယောက် ဒူး​ထောက်ချလိုက်ကြသည်။ အချို့က တရားလာစွဲခြင်း ဖြစ်၍ တချို့က သက်​သေလာခံ​ပေးကြခြင်း ဖြစ်ကာ အလွန်ပင် ပွက်​​လောရိုက်​နေကြ​ပေသည်။