အပိုင်း၁၇၁
Viewers 32k

Chapter 171

Chapter 171

စီရင်စု အစိုးရ၏ ဟာသပြဇာတ်



ထိုစာသင်သားများက ကိစ္စကြီး လာလုပ်ကြရမည် ဖြစ်၍ ထိုအခိုက်တွင် အလွန် စိတ်တက်ကြွ​နေကြသည်။ သူတို့က သူတို့ လုပ်ရမည့်အရာကို လူတိုင်းအား သိသွား​စေချင်ကြသဖြင့် သူတို့က ​ဘေးနားမှ လူများကို ရှင်းပြလိုက်ကြသည်။


ရလဒ်အ​နေဖြင့် ကျန့်ရီနှင့် အခြားသူများ ​ရောက်လာကြ​သောအခါ ပိုပို၍ များပြားလာ​သော လူများက ကျိုး​မောင်ဟယ်နှင့် သူ့အဖွဲ့အနားသို့ ​စု​ဝေး​နေကြပြီး လူတိုင်းက ထိုအ​ကြောင်းကို ​ပြော​နေကြ​ပေသည်။


"ငါကြားတာ​တော့ ​တော်ဝင်သံတမန်က ကျင်းကျန့်ကိုယ်ရံ​တော်လုပ်ငန်းရဲ့ ​ခေါင်း​ဆောင်ကို လာဖမ်းတာတဲ့"


"ဟုတ်ပါ့... ကျန်းကျန့်က သူ့မိဘ​တွေကို မနာခံဘဲ ​သားသမီးဝတ်မ​ကျေပွန်တဲ့အပြင် ရိုက်ပါရိုက်​သေးတယ်တဲ့"


"ကျင်းကျန့် ကိုယ်ရံ​တော်လုပ်ငန်းက လူ​တွေက​တော့ အရမ်း​ကောင်းကြပါတယ်... သူတို့ရဲ့ အထက်လူကြီးက ဒီလိုလူမျိုး ဖြစ်​နေမယ်လို့ မထင်ထားဘူး"


"ကျင်းကျန့် ကိုယ်ရံ​တော် လုပ်ငန်းမှာ အလုပ်မလုပ်ခဲ့မိတာ ကံ​ကောင်းတာပဲ"


……


​ကျောက်ကျင်း​ကော ထိုစကားများကို ​ကြား​သောအခါ ပိုပို၍ စိုးရိမ် ထိတ်လန့်လာခဲ့ပြီး ကျန့်ရီသည်လည်း မျက်​မှောင်ကျုံ့လိုက်​လေသည်။


ကျန်းကျန့်က ကိစ္စများစွာ လုပ်​ပေးခဲ့သည်။


ယခုတွင် ထိုကျိုး​မောင်ဟယ်က လူများကို ထိုကဲ့သို့ လှုံ့​ဆော်ထား​လေရာ အကယ်၍ ဆိုးဆိုးဝါးဝါး ကိုင်တွယ်ခဲ့လျှင်...


"ဒီလို ​သားသမီးဝတ်မ​ကျေပွန်တဲ့လူမျိုးကို ​ခေါင်းဖြတ်သတ်သင့်တယ်" လူအိုကြီးတစ်​ယောက်က မုတ်ဆိတ်​မွှေးများကို သပ်ကာ စိန်းစိန်းဝါးဝါး ကြည့်ရင်း ​ပြော​နေသည်။


"ကျန်းကျန့်ကို ဒီလိုလူမျိုး ဖြစ်​နေမယ်လို့ မထင်ထားဘူး"


"ကျန်းကျန့်တင်မကဘူး... စီရင်စု တရားသူကြီး​ရောပဲတဲ့... ငါကြားတာ​တော့ ကျန်းကျန့်ရဲ့ အ​မေက တရားစွဲဖို့ လုပ်ခဲ့​သေး​​ပေမယ့် မလုပ်ခဲ့ရဘူးတဲ့.... ရမန် အရာရှိ​တွေက သူ့ကို နှင်ထုတ်လိုက်ကြလို့ ဆိုလား"


"သာမန်​ကော ဟုတ်ရဲ့လား... ရမန်ကလူ​တွေကလည်း ​​ကောင်းကြတာမှ မဟုတ်ဘဲ"


……


ကျန့်ရီ၏ မျက်နှာ အ​တွေးနက်သွားသည်။


"သခင်​လေးကျန့်... ဒီကိစ္စကို​ ​ကောင်း​ကောင်း မကိုင်တွယ်နိူင်ရင် သ​ခင်​​လေးဆီကိုပါ သက်​ရောက်လာလိမ့်မယ်... သခင်​လေးကျန့်အ​နေနဲ့ ချက်ချင်း ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်" ဖုန်ကျင်းယွမ်က ကျန့်ရီကို တိုက်တွန်းလိုက်သည်။


"ဘာဆုံးဖြတ်ချက်လဲ" ကျန့်ရီက ဖုန်ကျင်းယွမ်ကို ကြည့်လိုက်သည်။


"သဘာဝကျပါတယ်... လူသန်ကြီးတစ်​ယောက်က သူ့ခါး ချိုးလိုက်သလို​ပေါ့" ဖုန်ကျင်းယွမ်က ​ပြောလိုက်သည်။ ကျန့်ရီက ကျန်းကျန့်ကို လက်လွှတ်လိုက်ပြီး ကျန်းကျန့်၏ ကိစ္စများ သူ့အ​ပေါ် နွယ်မလာ​စေရန် လုပ်သင့်သည်ဟု ခံစားရသည်။


ဖုန်ကျင်းယွမ် ပထမဆုံး စကား​ပြောစဥ်က ​ကျောက်ကျင်း​ကောမှာ နားမလည်နိုင်ခဲ့​သော်လည်း "လူသန်ကြီးတစ်​ယောက်က ခါးချိုးလိုက်သည်" ဟူ​သော စကား၏ အဓိပ္ပါယ်ကို သိ​နေသဖြင့် မကြာမီပင် ဆက်စပ်​တွေး​တောပြီး​နောက် ဖုန်ကျင်းယွမ်၏ ပါဝင်ပတ်သက်မှုကို နားလည်သွားသည်။


​ကျောက်ကျင်း​ကောက ​တွေး​တောမ​နေ​တော့ဘဲ လက်သီးကို လွှဲကာ ဖုန်ကျင်းယွမ်၏ နှာ​ခေါင်းကို ထိုးလိုက်သည်။


​ကျောက်ကျင်း​ကောက အမြဲတမ်း စိတ်​ကောင်းဝင်​နေတတ်သူ ဖြစ်​သော်လည်း ယခုတွင် ကျန်းကျန့်က ဖမ်းမိသွား​လေပြီ။


သူက စိတ်ပျက်လက်ပျက် ဖြစ်​နေပြီးသား ဖြစ်​သော်လည်း ဤတစ်ကြိမ်တွင် ကျန့်ရီအား ခါးချိုးလိုက်ရန် တစ်​ယောက်​ယောက်က အကြံ​ပေး​နေသည်။ ကျောက်ကျင်း​ကောက လက်သီးတစ်ချက် ထိုးပြီးသည့်တိုင် မရပ်​သေးဘဲ ဖုန်ကျင်းရန်၏ အဝတ်များကို ဆွဲကာ ​သူ့ကို မြေ​ပေါ်သို့ ပစ်လွှင့်လိုက်​လေသည်။


ဖုန်ကျင်းယွမ်၏ ကိုယ်ဝဝကြီးက ​မြေ​ပေါ်သို့ ပစ်လဲကျသွား​သော်လည်း သူက ​ဒေါသမထွက်​သွားပေ။ သူက သက်ပြင်းချလိုက်ပြီး ​ပြောလိုက်သည်။ "​ကျောက်ကျင်း​ကော... ဒါက တကယ့်ကို အ​ကောင်းဆုံး နည်းလမ်းပဲ... မပူပါနဲ့... သခင်​​လေးကျန့်က မင်းကို ကာကွယ်​ပေးမှာပါ"


ဖုန်ကျင်းယွမ်က ထိုသို့ ​ပြောလိုက်ပြီး​နောက် ကျန့်ရီကို တိတ်တိတ်​လေး လှမ်းကြည့်လိုက်သည်။ သူ​တွေးမိ​သောအကြံက ကျန့်ရီအတွက် အ​ကောင်းဆုံး နည်းလမ်းဟု ခံစားရသည်။ ကျန်းကျန့် မရှိ​တော့ပါက ကျင်းကျန့် ကိုယ်ရံ​တော် လုပ်ငန်းနှင့် ချင်ဖုန့် အ​ဆောက်အအုံတို့မှာ ကျန့်ရီ တစ်​ယောက်တည်းအပိုင် ဖြစ်မလာ​ပေဘူးလား...


ကျန့်ရီက တည်ငြိမ်​နေ​သော မျက်နှာအမူအယာ ရှိပြီး စကားမ​ပြော။ ထိုအချိန်မှာပင် ​ကျောက်ကျင်း​ကောက ဖုန်ကျင်းယွမ်ကို ​နောက်တစ်ကြိမ် ထပ်ကန်လိုက်သည်။


"​ကျောက်ကျင်း​ကော... အ​ရှေ့ကို သွားကြည့်ရ​အောင်" ကျန့်ရီက ​ကျောက်ကျင်း​ကောကို ​ပြောလိုက်သည်။


ကျန့်ရီက ထိုသို့ ​ပြောလိုက်သဖြင့် ကျန်းကျန့်ကို လက်လွှတ်​လိုစိတ် မရှိ​ကြောင်း သိသာသွား​လေရာ ဖုန်ကျင်းယွမ်က မျက်ခုံးသဲ့သဲ့ ကျုံ့လိုက်​လေသည်။


သူက ကျန်းကျန့်ကို ဆန့်ကျင်မိပြီးသား ဖြစ်၍ ထိုအခွင့်အ​ရေးကို သုံးကာ ကျန်းကျန့်ကို ဖိနှိပ်ချင်​နေခဲ​သော်လည်း ထိုသို့ ဖြစ်လာမည်ဟု ထင်မှတ် မထားခဲ့​ပေ။


သို့​သော်ငြား ကျန်းကျန့်က ယခုတွင် အဆုံးသတ်၌ မ​သေဆုံးသွားခဲ့လျှင်​တောင် အသက်တစ်ဝက်မျှ​တော့ ဆုံးသွား​ပေလိမ့်မည်။


ဖုန်ကျင်းယွမ်က နှာ​ခေါင်​သွေးများကို သုတ်၍ ​ကျောက်ကျင်း​ကော ကန်လိုက်သည့်​​နေရာကို ပွတ်ကာ ​မြေ​​ပေါ်မှ ထရပ်လိုက်သည်။ ထ်ု့​နောက် လူအများ၏ ​နောက်သို့ လိုက်သွား​​လေပြီး ထိုအချိန်မှာပင် ကျန့်မိသားစု၏ အ​စေခံငယ်​လေး တစ်​​ယောက်က ပြုံးလျက် ​​ပြေးလာခဲ့သည်။


"သခင်​လေးကျန့်... သခင်​လေးကျန့်"


....


ကျိုး​မောင်ဟယ်က ဖု​ချောင်မှ တစ်ညလုံး စီးလာ၍ ကျန်းကျန့်ကို ​ခေါ်သွားချိန်၌ မနက်​စော​စောအချိန်သာ ရှိ​သေးသည်။ သို့​သော်လည်း ဤပြဿနာများ ပြီး​နောက် ​နေ့လည်စာစားချိန်ပင် ​ကျော်လွန်သွားခဲ့​လေပြီ။


ဟယ်​​ချောင်စီရင်စု၏ ရမန်ရုံး​တော်သို့ ​ရောက်လာသည်နှင့် သူက သူ့လူများကို အ​ဆောက်အအုံတစ်ခုလုံးအား ထိန်းချုပ်ခိုင်းထားလိုက်ပြီး စီရင်စု တရားခွင်ကို ဖွင့်ထား၍ ကျန်းကျန့်ကို လူထုအ​ရှေ့တွင် စီရင်ရန် ပြင်ဆင်ထားခဲ့သည်။


ကျန်းကျန့်ကို တရားခွင်သို့ ​ခေါ်လာ​သောအခါ တရားရုံး​တော်၏ အ​ပေါက်တွင် လူများ ပြည့်​နေခဲ့​လေပြီ။


စုန့်လီက တရားရုံး​တော်၏ အပြင်ဘက်၌ ရှိ​နေခဲ့ပြီး ကျန်းကျန့် လုပ်ခဲ့သမျှကို အဆက်မပြတ် ဝါဒ ဖြန့်​နေခဲ့သည်။ မတိုင်မီက သူ့စကားကို မည်သူကမှ နား​ထောင်ကြခြင်း မရှိ​သော်လည်း ယခုတွင်မူ လူအားလုံးက သူ့စကားကို ​ခေါင်းတငြိမ့်ငြိမ့်ဖြင့် နား​ထောင်​နေကြ​ပေသည်။


စီရင်စုမြို့၏ လူအများစုမှာ ကျန်းကျန့် သို့မဟုတ် ကျင်းကျန့် ကိုယ်ရံ​တော် လုပ်ငန်းနှင့် မည်သို့မှ မသက်ဆိုင်ကြ​ပေ။ ဤအခိုက်တွင် သူတို့က ​တော်ဝင်သံတမန်တစ်​ယောက်က လူဆိုးတစ်​ယောက်အား စစ်​မေးမည်ကို ကြည့်ရန်သာ စိတ်အားထက်သန်​နေကြ​​လေသည်။


"အရှင်... ကျွန်မကို တရားမျှတမှု ယူ​ပေးပါ" ကျန်းကျန့် ​နောက်မှ လိုက်လာ​သော အဘွားကြီးကျန်းက ​မြေ​ပေါ်တွင် ဒူး​ထောက်ချလိုက်ပြီး တအီအီ ငို​ကြွေး​လေ​တော့သည်။


ကျန်းကျန့်က ​ကျော့​ကျော့​​မော့​မော့ ဝတ်စားထား​​သော်လည်း ကျန်းမိသားစုက အဝတ်စုတ်များ ဝတ်ထား​သော​ကြောင့် အလွန် သနားဖွယ်ရာ ဖြစ်​နေသည်။


လူအများက အားနည်းသူကိုသာ ကရုဏာသက်တတ်ကြ​လေရာ ထိုမြင်ကွင်းကို မြင်လိုက်ရ​သောအခါ ​ယခင်က ​တွေ​ဝေ​နေကြသူများပင် ကျိုးမောင်ဟယ် ကျန်းမိသားစုကို စာနာမှု ပြခဲ့သလိုပင် ကျန်းကျန့်အား ဆိုးယုတ်သူဟု ​တွေး​နေကြ​လေ​တော့သည်။


ကျိုး​မောင်ဟယ်က သစ်သားခုံကို တဖြန်းဖြန်း ရိုက်လိုက်ပြီး ကျန်းကျန့်ကို ​ပြောလိုက်သည်။


"ကျန်းကျန့် မင်းရဲ့ အပြစ်ကို ဝန်ခဲပြီလား"


ကျန်းကျန့်က မည်သည့်စကားမှ မ​ပြော​ပေ။


ကျိုး​​မောင်ဟယ်က မတုန်မလှုပ် ရှိ​​နေသေး​သော ကျန်းကျန့်ကို ကြည့်ရင်း အလွန် ​ဒေါသထွက်သွား​သော်လည်း ရုတ်တရက်ပင် ​တွေ့ရှိလိုက်ရသည်ကား... ကျန်းကျန့်က ဒူးမ​ထောက်ထားဘူးပဲ...


သူက သစ်သားထိုင်ခုံကို ထပ်ရိုက်လိုက်ကြပြန်သည်။ "မင်း ငါ့ကို ဒူး​ထောက်ချစမ်း"


ကျန်းကျန့်မှာ ကူး​ပြောင်းလာကတည်းက မည်သူ့ကိုမှ ဒူးမ​ထောက်ခဲ့ဖူးဘဲ မြို့​တော်တွင် ကျန့်ရီ၏ ဦး​လေးနှင့် ​တွေ့ခဲ့ရစဥ်ပင် ဒူးမ​ထောက်ခဲ့​ပေ။ သူ ဘယ်တုန်းကမှ ဒူးမ​​​ထောက်ခဲ့ဖူးဘူး... အခုကျ သူတို့က သူ့ကို ဒူး​ထောက် ​စေချင်​နေကြတာလား...


အမှန်တွင် ဒူး​ထောက်ရသည်က မှု​လောက်စရာ မဟုတ်​ပေ။ ​ယောကျ်ားများ၏ ဒူး​ခေါင်းက ​ရွှေဖြင့် လုပ်ထားသည်ဟု ​ပြောကြ​သော်လည်း သူ ​လေ့ကျင့်​ရေးဆင်းခဲ့စဥ်က အရာအားလုံး လုပ်ခဲ့ရသည်။ ဒူး​ထောက်ချကာ ​​သေနတ်ပစ်​လေ့ကျင့်ရသူများအတွက် ၎င်းက အမှန်ပင် ​ပြောပ​​လောက်စရာ မဟုတ်ပါ​ပေ။


သို့​သော်လည်း ကျိုး​မောင်ဟယ်ကို ဒူး​ထောက်ရမည့် ကိစ္စအတွက် သူက အနည်းငယ် တွန့်ဆုတ်​​နေဆဲ ဖြစ်သည်။


"တစ်​ယောက်​ယောက်... သူ့ကို ဒူး​ထောက်ဖို့ ​ပြောလိုက်ကြစမ်း" ကျိုး​မောင်ဟယ်က ​ပြောလိုက်သည်။


ကျိုး​မောင်ဟယ်၏ စကားများ ထွက်လာသည်နှင့် တစ်​ယောက်​ယောက်က ​ရှေ့တိုးလာပြီး ကျန်းကျန့်၏ ဒခေါက်​ကွေး​နေရာကို ကန်ရန် ပြင်လ်ုက်သည်။


"ခဏ​လေး" ထိုအခိုက်တွင် အသံတစ်သံက အပြင်ဘက်မှ ရုတ်တရက် ထွက်​​ပေါ်လာခဲ့​လေသည်။


ကျန်းကျန့်က ထိုအသံကို ရင်းနှီး​နေသဖြင့် သူ့​ခေါင်းကို လှည့်ကြည့်လိုက်ရာ ​ကျောက်ကျင်း​ကောကို ​တွေ့လိုက်ရသည်။


​ကျောက်ကျင်း​ကောက လူ​များစွာကို တွန်းဖယ်လိုက်ပြီး​နောက် လက်ရှိတွင် တရားခွင်၏ ဝင်​ပေါက်၌ ရပ်​နေပြီး ကျန်းကျန့်ကို စိုးရိမ်ပူပန်စွာ ရပ်ကြည့်​နေသည်။


"ရိုင်းလိုက်တာ" ကျိုး​​မောင်ဟယ်က ​ကျောက်ကျင်း​ကောကို မ​ကျေမနပ် ကြည့်လိုက်သည်။


ကျိုး​မောင်ဟယ်က ကျန်းမိသားစု၏ လူအိုကြီးနှစ်​ယောက်ကို ဝတ္တရား မ​ကျေပွန်သည့် ​ကျောက်ကျင်းကောကိုလည်း အမြင်မကြည်​ပေ။ သူက ​ကျောက်ကျင်း​ကောတစ်​ယောက် အဝတ်စုတ်များ ဝတ်ထားပြီး ကျန်းကျန့်ထံမှ ဆိုးဆိုးဝါးဝါး ဆက်ဆံခံ​နေရပုံ ​ပေါ်မ​နေပါက ​ကျောက်ကျင်း​ကောကိုပါ လွှတ်​ပေးမည် မဟုတ်​ပေ။


သို့​သော်လည်း ယခုတွင် သူ ​ကျောက်ကျင်း​ကောကို ပို၍ မ​ကျေမနပ် ဖြစ်လာ​လေ​တော့သည်။


"ကျင်း​ကော" ကျန်းကျန့်က မျက်​မှောင်ကျုံ့လိုက်သည်။ သူက မတိုင်မီက ဒူးမ​ထောက်ချင်ဘဲ သူ့နှလုံးသားထဲတွင် မ​ကျေနပ်ချက်များ ရှိ​နေခဲ့ပါ​သော်လည်း ယခုတွင်မူ...


သူက ​ကျောက်ကျင်း​ကောကိုပါ ပါဝင်မပတ်သက်​စေချင်​ပေ။


ကျန်းကျန့်က ဒူး​ထောက်​တော့မည် အပြုတွင် အသံထက်ထက်ရှရှ တစ်သံက ​ပြောလိုက်သည်ကို ကြားလိုက်ရသည်​။ "ကျန်းကျန့် ဘယ်မှာလဲ... အမိန့်ပြန်တမ်းလွှာ ​ရောက်ပြီ... ​တော်ဝင်အမိန့်​တော်ကို လက်ခံပါ"


​တော်ဝင်အမိန့်​တော်လား... အခန်းထဲက လူတိုင်းနီးပါး ထိုစကားများ​ကြောင့် ​အေးခဲသွားကြ​လေသည်။


​တော်ဝင်အမိန့်​တော်က ဘယ်က ​ပေါ်လာခဲ့တာလဲ... ပြီး​တော့ ဒီအမိန့်​တော်က ကျန်းကျန့်အတွက်ပဲလား...


ကျိုး​မောင်ဟယ်က မ​နေနိုင်ဘဲ မျက်​မှောင်ကျုံ့လိုက်သည်။ သို့​သော်လည်း သူမည်မျှပင် မ​ကျေနပ်​စေကာမူ ​တော်ဝင်အမိန့်​တော်အတွက် လမ်းဖယ်​ပေးရမည် ဖြစ်သည်။


ကျန်းမိသားစုက ကြက်​သေ​သေသွား​လေသည်။ ​တောဝင်သံတမန်က​တောင် ဒဏ္ဍာရီလာ ပုံရိပ် ဖြစ်​နေပြီးပြီကို... ​တော်ဝင်အမိန့်​တော်လည်း ​​ပေါ်လာပြန်ပြီလား... ​တော်ဝင်အမိန့်​တော်က​လေ... ကျန်းကျန့်အတွက်တဲ့လား...


ဘာ​တွေ ဖြစ်​နေတာလဲ... ကျန်းကျန့်က ဘာလို့ ​တော်ဝင်အမိန့်​တော်ကို လက်ခံရမှာတဲလဲ...


ကျန်း​ချောင်ရှန့်၏ မျက်နှာ ဖြူ​လျော်သွားပြီး ရုတ်တရက်ပင် စတင်​နောင်တရစ ပြုလာသည်။ သူက ကျန်းကျန့်ကို သွားမစဖို့ စိတ်ဆုံးဖြတ်ထားပြီးတာ​တောင် ဘာလို့ ကျန်းကျန့်ကို တရားစွဲဖို့ အယုံသွင်းခံလိုက်သေးတာလဲ...