အပိုင်း၁၇၀
Viewers 31k

Chapter 170

Chapter 170

စီရင်စု အစိုးရ၏ ဟာသပြဇာတ်



ကျောက်မိသားစုက တစ်နှစ်​ကျော်အတွင်း ချမ်းသာလာခဲ့ခြင်း ဖြစ်​သော်လည်း ယခုတွင်မူ ဟယ့်ရှီရွာထဲမှ လူအားလုံးနီးပါးက ​ဝင်​ငွေရရှိရန်အတွက် သူတို့အ​​ပေါ်တွင်သာ မှီခို​နေကြရ​ပေသည်။


သူ့သားအငယ်ဆုံးက ကျန်းကျန့်၏ လက်​​အောက်မှ ကိုယ်ရံ​တော် တစ်​ယောက်ဖြစ်ကာ အကြီးဆုံးသားက စာဖတ်တတ်သည့်အတွက် ကျန်းကျန့်၏ ဆိပ်ကမ်းတွင် စာ​ရေးအလုပ်ရထားသည်။ သူတို့၏ ဘဝက ပိုပို၍ ​ကောင်းမွန်လာပြီး ဟယ့်ရှီရွာမှ အခြားသူများ၏ ဘဝအ​​ခြေအ​နေကလည်း ထိုနည်းတူပါပင်။


အကယ်၍ ​ကျောက်မိသားစုသာ ထွက်သွားခဲ့ပါက... အရင်တုန်းက အ​ခြေအ​နေမျိုး ပြန်​ရောက်မသွားနိုင်​ပေဘူးလား...


"မစိုးရိမ်ပါနဲ့... လူတိုင်းကို ​ခေါ်ထားလိုက်ပါ့မယ်" ကျန်းဖျင်က ​​​ကျောက်ဖူ​ကွေ့နှင့်အတူ ထွက်လာသည်။


"ရွာထဲက လူ​တွေကို ​ပြောလိုက်ကြရ​အောင်... လူတိုင်း ကူညီ​ပေးမယ်ဆိုတာ ​သေချာ​ပေါက်ပဲ"


​ကျောက်ဖူ​ကွေ့က ​ခေါင်းငြိမ့်ပြလိုက်သည်။


"ဒါဆိုရင် ရွာလူကြီးကို ဒုက္ခ​ပေးရ​တော့မှာပဲ"


ဟယ့်ရှီရွာသားများကလည်း အမှန်ပင် ကူညီ​ပေးချင်​နေကြသည်။


သူတို့က ​စားဝတ်​နေ​ရေးအတွက် ​ကျောက်မိသားစုကို အနည်းနှင့်အများ မှီခ်ုအားထား​နေရသဖြင့် ​ကျောက်မိသားစုသာ ထွက်သွားပါက...


ကျန်းကျန့်မှာ ဘာကိစ္စမှ ရှိလို့ မဖြစ်ဘူး...


သူတို့က ကျန်းကျန့်ကို ​ကြောက်ရွံ့ခဲ့ကြ​သော်လည်း ယခုတွင်မူ လုံးဝ ​ကြောက်ရွံ့​နေခြင်း မရှိ​တော့​ပေ။ သူတို့က ကျန်းကျန့်ပို၍ ချမ်းသာလာရန်ကိုပင် ​မျှော်လင့်​နေခဲ့ကြသည်။ ကျန်းကျန့် ဆိပ်ကမ်း ​ဆောက်ပြီးကတည်းက ဟယ့်ရှီရွာသားများ ပြင်ပသို့ ထွက်လာနိုင်ကြသဖြင့် အခြားရွာသားများကလည်း မနာလို ဖြစ်လာခဲ့ကြ​လေသည်။


ပြီး​တော့လည်း ကျန်းကျန့်က မ​ကောင်းတဲ့အရာ​တွေမှ မလုပ်ခဲ့တာ... ကျန်းမိသားစုကသာ မ​​ကောင်းတဲ့လူ​တွေ မဟုတ်ဘူးလား...


ဟယ့်ရှီရွာ၏ ​ဘေးဘက်တွင် ရွာသားများစွာက မကြာမီမှာပင် အတူတကွ စုစည်းလိုက်ကြသည်။


ထိုအချိန်မှာပင် သင်္ဘောတစ်စီးက ဟယ်​ချောင်စီရင်စုတွင် ဆိုက်ကပ်လာခဲ့သည်။


ထိုသင်္ဘောက မကြီး​သော်လည်း အလွန် သိမ်​မွေ့လှသည်။ ၎င်းက ရပ်နားပြီး​နောက် ဓါးရှည်ကိုင်ထားသည့် ကိုယ်ရံ​တော်များ ထွက်လာခဲ့သည်။


"မိန်းမစိုးကြီး... ဟယ်​ချောင် စီရင်စုကို ​ရောက်လာပါပြီ"


ထိုကိုယ်ရံ​တော်များ ဆင်းလာပြီး​နောက် သူတို့ ​စောင့်ကြပ်​နေသည့် သင်္ဘောကိုယ်ထည်ပိုင်းထဲကို ​ခေါ်လိုက်သည်။


"​နောက်ဆုံး​တော့ ​ရောက်ပြီ​ပေါ့" အသံတိုးတိုး​လေးတစ်ခုက သင်္ဘောအခန်း​​လေးထဲမှ ပျံ့လွင့်လာခဲ့သည်။ ထိုအသံက ​သက်​တောင့်သက်သာ မရှိသည့်အလား မော​ဟိုက် ​နေပုံရသည်။


"လီဇီ​လေး... ငါ့ကို လက်ကမ်း​ပေးပါဦး... သင်္ဘော​တွေက တကယ် ပြဿနာများလိုက်တာ... ငါ​သင်္ဘော​တွေ ထပ်မစီးချင်​တော့ဘူး"


"မိန်းမစိုးကျန်း ပင်ပန်း​နေပြီ... မင်းတို့ ပြန်လှည့်လာခဲ့ရင် ထမ်းစင်တစ်ခု သယ်လာဖို့ စဥ်းစားသင့်တယ်" ​


နောက်ထပ် ပိုငယ်​သော်လည်း ထက်ရှ​နေသည့် အသံတစ်ခုက ​ပြောလိုက်သည်။


ဖြူ​​ဖျော့​နေပြီး မုတ်ဆိတ်​​မွှေးတို့ ကင်းမဲ့​နေသည့် လူကြီးနှင့် လူငယ် မျက်နှာနှစ်ခုက တစ်​ယောက်ကို တစ်​ယောက် ကူညီ​ထောက်ပံ့ရင်း သင်္ဘော​ပေါ်မှ ဆင်းလာခဲ့ကြသည်။


သင်္ဘော​ပေါ်မှ ဆင်းလာပြီးပြီးအချိန်တွင် သူတို့​​ဘေးမှ လှုပ်ရှားသံများစွာကို သတိပြုမိသွားပြီး ​ထိုလူများက တော်ဝင် သံတမန် ​ရောက်လာခြင်းအ​ကြောင်း ​အော်ဟစ်​နေကြ​ပေသည်။


ဒါဆို ကျိုး​မောင်ဟယ်က ​ဒီ​နေရာကို ​ရောက်​​နေတာ​ပေါ့​လေ... မိန်းမစိုးအိုကြီး၏ မျက်နှာ ခါးသက်သွားပုံ ​ပေါ်သည်။


"အိုး... ဒီ​ကောင်က ဘာလို့ ​ရောက်​နေတာလဲ... ငါက ကျန်းနန်ရဲ့ အလှအပ​တွေကို ခံစားချင်နေတာကို..."


သခင်​လေးကျန့်က သူ့ကို ​ကောင်း​ကောင်း ​ဖျော်​​​ဖြေ​ပေးနိူင်ပါဦးမလား....


......



ကျန်းကျန့် ဟယ့်ရှီရွာမှ ထွက်လာပြီး​နောက် စိတ်အ​ခြေအ​နေမ​ကောင်း​ပေ။


သူက ​​ရှေး​ခေတ်ကို ကူး​ပြောင်းလာခဲ့ရ​သော်လည်း ထိုအချိန်က ကမ္ဘာကြီး၏ တည်ရှိမှုကို ထူးထူးခြားခြား အာရုံမရခဲ့​​ပေ။ ယခုတွင်မူ အင်အားမဲ့​နေသကဲ့သို့ ခံစားရသည်။


သူ့လူများက ဟယ့်ရှီရွာ ဆိပ်ကမ်း၏ ​နေရာတိုင်းတွင် ရှိ​နေကြပြီး ထိုလူများအားလုံးက သူ့ကို စိုးရိမ်ပူပန်စွာ ကြည့်​နေကြ​သော်လည်း သူတို့က အစိုးရကို ​ကြောက်ရွံ့သည့်အတွက် အစိုးရအရာရှိများ ဝန်းရံထားသည့် သူ့အနားသို့ မလာရဲကြ​​ပေ။


အစိုးရကို မ​ကြောက်သူက သူတစ်​ယောက်တည်းသာ။


​ခေတ်သစ်တွင် 100% ညီမျှခြင်း​တော့ မရှိ​သော်လည်း အနည်းဆုံး​တော့ လူတိုင်းက သာတူညီမျှ ရှိသည်။ ဒါ​ပေမယ့် ဒီမှာကျ​တော့​ရော...


ဤ​နေရာက အင်ပါယာ အရှိန်အဝါ သာလွန်ကြီးမားလှပြီး အစိုးရ၏ အာဏာက သာ၍ ကြီးမား​သေးသည်။


ကျန်းမိသားစုက အဆင်​​ပြ​နေခဲ့ပြီး သူတို့၏ ဘဝကလည်း သည်းမခံနိုင်စရာ မဟုတ်ခဲ့​ပေ။ သူက ကျန်းမိသားစုအ​ပေါ် အချိန်တစ်ခု​လောက်ထိ ဘာကိုမှ မလုပ်ခဲ့​​သော်လည်း အ​ခြေ​အ​နေပေးလာ​​သောအခါ ကျန်းမိသားစုက သူ့ကို တရားစွဲ​နေပြန်ဆဲပင်။ ယခင်က ကျန့်ရီ ​ပြောပြဖူးခဲ့သည့် ​တော်ဝင်သံတမန်မှာ သူ့ကို လာ​ရောက် ဖမ်းဆီး​နေခဲ့သည်။


လွန်ခဲ့​သော အချိန်များက ကျန်းကျန့်မှာ အမှန်ပင် သူ့ဘဝက ဤအချိန် ဤ​နေရာနှင့် ကိုက်ညီမှု မရှိမည်ကို စိုးရိမ်မှုအချို့ ရှိခဲ့သည်။ ​ကျောက်ကျင်း​ကော ကိုယ်ဝန်ရှိ​နေသည်ကို ပထမဆုံးအကြိမ် သိခဲ့ရစဥ်က သူ့က​လေး၏ အနာဂါတ်နှင့် အနာဂါတ်တွင် သူမ​လေး မမျှမတ ခံစားရမည်ကို စိုးရိမ်ခဲ့ရသည်။


သို့​သော်လည်း ယခုတွင် သူကိုယ်တိုင်က တရားမမျှတမှုကို ကြုံ​တွေ့ရ​ပေပြီ။


ကျန်းကျန့်က ​လေးလံ​နေ​သော မျက်နှာ အမူအရာဖြင့် အရာရှိများ၏ ​နောက်မှ တဆင့် သင်္ဘော​ပေါ်သို့ တက်လိုက်လာပြီး​နောက် ​မေးလိုက်သည်။


"ဘယ်ကို သွားမှာလဲ"


ကျန်းကျန့်က အရပ်သားတစ်​ယောက်သာ ဖြစ်​သော်လည်း သူတို့အား ကြည့်ရမည်ကို မ​ကြောက်သည့်အပြင် ဦး​လေးကြီးတစ်​ယောက်နှယ် ပြုမူ​နေ​သေးသည်။ ရမန်အရာရှိများထဲမှ တစ်​ယောက်က မ​ကျေမနပ် ဖြစ်သွားပြီး ကျန်းကျန့်ကို တွန်းရန် လက်ဆန့်လ်ုက်သည်။


"ငါ့ကို ရိုးရိုးသားသား ​ပြောစမ်းပါ.. အွတ်"


သူ့လက်ကို ကျန်းကျန့်က ဖမ်းကိုင်လိုက်ခြင်းပါပင်။


"မင်း ဘာလုပ်မလို့လဲ" ရမန် အရာရှိအားလုံးက ကျန်းကျန့်ကို သတိအ​နေအထားဖြင့် ကြည့်လာကြ​သော်လည်း ထိုအခိုက်တွင် ကျန်းကျန့်က သူတို့​နောက်မှ ​လိုက်လာ​​သော ကျိုး​မောင်ဟယ်ကို ကြည့်လိုက်​လေသည်။


"အရှင်ကျိုး... ရမန်ကို မ​ရောက်ခင်ကတည်းက ကျွန်​တော့်ကို နှိပ်စက်မလို့လား"


"အဓိပ္ပါယ် မရှိလိုက်တာ" ကျိုး​မောင်ဟယ်က ​​ဒေါသတကြီး ​ပြောလိုက်သည်။ သူက အထင်မှားခံရမည်ကို ​ကြောက်သဖြင့် ချက်ချင်း ဝင်​ပြောလိုက်သည်။


"ဒီလူကို လွှတ်​ပေးထားလိုက်... အမှုစစ်တာပြီး​တော့မှ သူဘာ​ပြောနိုင်​သေးလဲ ကြည့်ရတာ​ပေါ့"


ရမန်အရာရှိများက ကျန်းကျန့်ကို ​ဒေါသတကြီး လွှတ်​ပေးလိုက်ရသည်။ ကျန်းကျန့်က သူတို့ကို လျစ်လျူရှုထားပြီး အနီးအနားက အခန်းထဲသို့ ဝင်သွား​လေသည်။


ဤအချိန်တွင် ဤကိစ္စ​လောက်က ကိစ္စအကြီးအ​သေး မဟုတ်​​သေး​ပေ။


သို့​သော်လည်း ထိုအရာရှိကျိုးက သိသိသာသာပင် ကိစ္စကို ပိုကြီးမား​အောင် လုပ်ချင်​နေပုံရသည်။ သူက ဟယ်​ချောင် စီရင်စုတရားသူကြီးကိုပါ ဆွဲသွင်း​နေသဖြင့် သူက ကျန့်မိသားစုကို ပစ်မှတ်ထား​နေပုံပါပင်။


ကျန့်မိသားစုက သူ့ကို လာ​ရောက်ငြိစွန်းသည်လား... သူသည်ကပဲ ကျန့်မိသားစုကို ရရန်အတွက် နည်းလမ်းတစ်ခုသည်လား မသိ​တော့ပါ​ပေ။


ကျန်းကျန့်က ကျန့်ရီ ထိုအရာရှိကျိုးအ​ကြောင်း ​ပြောပြခဲ့သည်ကို ကြားခဲ့ဖူးပြီး ကျန့်ရီက ထိုသူ့အ​ကြောင်း သိပ်အ​​လေးထားပုံ မ​ပေါ်​သော်လည်း ပြင်ဆင်မှုများ လုပ်ထားပြီးသား ဖြစ်ရမည်။ သို့​​သော်လည်း ထိုသူက အဘယ်​​ကြောင့် ဟယ့်ရှီရွာကို ရုတ်တရက် ​ပေါ်လာခဲ့သည်ကိုလည်း မသိ​တော့ပါ​ပေ။


ကျန်းကျန့်က စိတ်ရှုပ်​ထွေး​နေ​သော်လည်း ထိုအ​ကြောင်းကို များများစားစား စဥ်းစားမ​နေ​တော့​ပေ။ သူက မကြာမီပင် လက်ရှိအ​ခြေအ​နေကို ​တွေး​တောလိုက်ပြီး သူလုပ်သင့် လုပ်ထိုက်​သော အရာများကိုသာ စတင် စဥ်းစား​နေခဲ့သည်။


ထို့​နောက် ယခုလက်ရှိတွင် သူလုပ်နိုင်မည့်အရာမရှိ​ကြောင်း ​တွေ့ရှိလိုက်ရသည်။


သူက အမှန်တကယ်တွင် ဤသင်္ဘောထဲမှ လွတ်​မြောက်နိုင်သည့် စွမ်းရည် ရှိပါ​​သော်လည်း သူက တစ်​ယောက်တည်း မဟုတ်​တော့ပါ​ပေ။ သူ့ထံတွင် ​ကျောက်ကျင်း​ကော၊ ​ကျောက်မင်ကျုး၊ ​ကျောက်လျူနှင့် ​ကျောက်ဖူ​ကွေ့တို့ ရှိ​နေခဲ့​လေပြီ။


သူသာ ထွက်​ပြေးသွားရင် ဒီလူ​တွေ ဘာလုပ်ကြရ​တော့မှာလဲ...


ဒါ​ပေမယ့် ဆက်​နေရင်​ရော....


ကျန်းကျန့်က လက်သီးကို တင်းတင်းဆုပ်ထားပြီး ခံစားချက်များကို မထိန်းသိမ်းနိုင်​တော့​ပေ။ တစ်ချိန်တည်းမှာပင် သမိုင်းထဲ၌ မမျှမတ ​သေဆုံးသွားခဲ့ရသူများစွာကို အမှတ်ရသွားခဲ့သည်။


မြို့​တော်မှ ဟယ့်ရှီရွာသို့ ပြန်လာပြီး​​နောက် သူက ဘဝကို ​ကောင်း​ကောင်းမွန်မွန် ရှင်သန်လို၍ ပိုက်ဆံရရန် ကိုယ်ရံ​တော် လုပ်ငန်းဖွင့်ကာ ဟယ့်ရှီရွာတွင် ​အေး​အေး​ဆေး​ဆေး ​နေနိုင်ရန် အာဏာအနည်းငယ် ရှိလာချင်ခဲ့သည်။


သို့​သော်ငြား ဤကမ္ဘာတွင် အမှန်ပင် စိတ်​​အေးလက်​အေး ​နေနိုင်ပါမည်​လော...


လက်ရှိမင်းဆက်၏ ဒုတိယအဆင့် အရာရှိ ဖြစ်သည့် ကျန့်ရီ၏ ဦး​လေးသည်ပင် အချို့ကိစ္စများ၌ အမှားအယွင်း ပြုမိသည် ရှိ​သော် အလုပ်ဖြုတ်ပြီး ကွပ်မျက်ခံရ​ပေလိမ့်မည်။ သူလို ပါမွှား​လေး​လောက်​တော့ ဆိုဖွယ်ရာပင် မရှိ။


လူများက လိုသလို နင်း​ခြေသွားနိုင်သည်။ သူက အရာရှိတစ်​ယောက် ဖြစ်မလာနိုင်​ပေမယ့် ကုန်သည်ကြီးတစ်​ယောက် ဖြစ်လာခဲ့တယ်... ဒါ​ပေမယ့် အခု ပိုပြီး ​​နေရာကြီးကြီး ​ရောက်လာ​တော့​ရော...


သူက အခြားသူများထံမှ ကြက်က​လေး ငှက်က​လေးများ သတ်သလို အသတ်ခံရနိုင်ဆဲဖြစ်သည်။


ဒီကမ္ဘာမှာ ဒီလိုကိစ္စမျိုးတွေက ရှားပါးလို့လား... သမိုင်းကို ပြန်လှန်ကြည့်ရရင် အ​ကြောင်းအရင်း မရှိဘဲ အသတ်ခံရတာမျိုးတွေက မကြာခဏ ဖြစ်ပွားခဲ့တာပဲ...


စစ်ပွဲ​တွေအ​ကြောင်းကိုပင် မ​ပြောရ​သေး။


သူက ဒီလိုမျိုး လွတ်​မြောက်သွားနိုင်​ပေမယ့် သူ့ရဲ့ မင်ကျူး​လေးက​ရော... မင်ကျူးရဲ့ က​လေး​တွေအတွက်​ရော ဘယ်လို လုပ်ကြမလဲ... ​ခေတ်သစ်မှာဆိုရင် က​လေး​တွေနဲ့ ​မြေး​တွေကို ချစ်ခင်​နှစ်သက်စွာ ​​ဆုမွန်​ကောင်း တောင်း​​ပေးနိုင်​သေးတယ်... အ​ကြောင်းက​တော့ အဲ့ဒီနေရာမှာ တချို့ကိစ္စ​တွေရဲ့ ဖြစ်နိုင်​ချေ​​သေး​သေး​လေးတွေကို ရင်ဆိုင်တာမျိုး မရှိပါမှ သူတို့ရဲ့ ဘဝ​လေး​တွေ ​ဘေးကင်းကြလိမ့်မယ်... ဒါ​ပေမယ့် ဒီ​နေရာမှာ ဘယ်လိုများ အာမခံနိုင်ပါ့မလဲ...


တဖြည်းဖြည်း ငြိမ်ကျသွား​သော ကျန်းကျန့်၏ နှလုံးသားက သူ့သမီး​လေးအ​ကြောင်း ​တွေးမိသည်နှင့် ရုတ်တရက်ပင် မြန်မြန် ခုန်​ပေါက်လာခဲ့သည်။


ကျန်းကျန့်က မျက်လုံးများကို မှိတ်ထားလိုက်ပြီး စိတ်ငြိမ်သွား​စေရန် လုပ်လိုက်သည်။


ဟယ့်ရှီရွာမှ ကျိုး​မောင်ဟယ် ​​​ခေါ်လာခဲ့သူများမှာ ကျန်းကျန့်တစ်​ယောက်တည်း မဟုတ်ဘဲ အဘိုးကြီးကျန်းနှင့် သူ့ဇနီး၊ ကျန်း​ချောင်ဝမ်နှင့် ကျန်း​ချောင်ရှန့်တို့ပါ ပါဝင်သည်။


ကျူးရှုဖန်နှင့် ဟွမ်မင်တို့အတွက်ကား သူတို့က က​လေးများနှင့် အတူ အိမ်မှာသာ ​နေခဲ့သည်။


ကျန်းမိသားစုကလည်း သီးခြားအခန်းများတွင် ​နေခွင့်ရကြသည်။ အဘွားကြီးကျန်းက နံ​ဘေးမှ အရာအားလုံးကို ကြည့်၍ အံ့အားသင့်​နေသည်။


သူမက အခန်းထဲမှ ပရိ​​ဘောဂများကို ထိကြည့်ကာ လက်ထဲတွင် ဖွက်၍ မယူသွားနိုင်သည့်အတွက် မုန်းတီးလာရသည်။


"အ​မေ... ​​လျှောက်မထိနဲ့​လေ... တစ်ခုခု ခွဲမိရင် ဘယ်လိုလုပ်ကြမလဲ" ကျန်း​ချောင်ရှန့်က သတိ​ပေးလ်ုက်သည်။


"​ကောင်းပါပြီ​အေ... ငါ ​လျှောက်မလှုပ်​တော့ပါဘူး" အဘွားကြီးကျန်းက ထပ်မလှုပ်​တော့ဘဲ ​မေးလိုက်သည်။


"​ချောင်ရှန့်... ဒီတစ်ခါ​တော့ အ​မေတို့ တကယ် လုပ်နိုင်မှာပါ​နော်"


"အ​မေ... ကျွန်​တော်တို့ လုပ်နိုင်မှာ ​သေချာပါတယ်... ​တော်ဝင်သံတမန်က ကျွန်​တော်တို့ကို လာကူညီ​နေပြီ​လေ" ကျန်း​ချောင်ရှန့်က ​ပြောလိုက်သည်။ သူသည်လည်း တချီ၏ ဥပ​ဒေများအ​ကြောင်းကို ဖတ်ဖူးသည်။ ကျန်းကျန့် လုပ်ခဲ့တဲ့အရာ​တွေက ဥပ​ဒေကို ဆန့်ကျင်​နေတာပဲ​လေ...


"​ကောင်းတယ်... ​ကောင်းတယ်" အဘွားကြီးကျန်းက ဟက်ဟက်ပက်ပက် ရယ်​မောလိုက်​လေသည်။


ကျန်းမိသားစုက ဤအခိုက်တွင် အလွန် ဝံ့ကြွား​နေကြ​သော်လည်း ကျန့်မိသားစုအိမ်တွင် ကျန့်ရီမှာ စိုးရိမ်ပူပန်မှုများ ပြည့်​နေခဲ့​လေသည်။


ကျန်းမိသားစုက အဆင်​ပြေ​နေဆဲသာ ဖြစ်ပြီး ကျန်းကျန့်က သူတို့ကို ဒုက္ခမ​ပေးခဲ့​ပေ။ ပြီး​နောက် ကျန်းကျန့်က ​ကျောက်မိသားစုထဲသို့ လက်ထပ်ဝင်​ရောက်သွားခဲ့ပြီး ကျန်းမိသားစုကို စိတ်ထဲပင် မထားခဲ​သော်လည်း ယခုတွင်မူ ကြည့်ရသည်မှာ... သူသာ ကြိုသိထားခဲ့ပါက ထိုမိသားစုကို ​ဝေး​ဝေးသို့ ပို့လွှတ်လိုက်မည် ဖြစ်သည်။


​ကျောက်ကျင်း​ကောက ကျန့်ရီကို ယခင်အ​ခြေအ​နေများနှင့် ဖြစ်ပျက်ခဲ့သမျှကို ​ပြောပြထားပြီးသား ဖြစ်သည်။ ထို့​နောက် သူက ကျန့်ရီကို ​မေးလိုက်သည်။


"သခင်​လေးကျန့်... အခု ဘာလုပ်ကြမလဲ"


"မင်းလုပ်ထားတာ ​​ကောင်းတယ်... ဒီလို လုပ်ရ​အောင်​လေ" ကျန့်ရီနှင့် ​ကျောက်ကျင်း​ကောတို့ စတင်​ဆွေး​​နွေးခဲ့ကြပြီး စကားလုံးအချို့မျှသာ ​ပြောပြီးချိန်မှာပင် တစ်​​​ယောက်​ယောက်က ကျိုး​မောင်ဟယ်၏ သင်္ဘော ဆိပ်ကမ်းတွင် ဆိုက်ကပ်လာပြီး သူနှင့်အတူ လူ​ပေါင်းများစွာ ​ခေါ်​ဆောင်လာကာ ရမန်အ​ဆောက်အုံသို့ ဦးတည်လာ​​နေကြောင်း သတင်းလာပို့ခဲ့သည်။


"သွားကြည့်ရ​အောင်" ကျန့်ရီက ​​ကျောက်ကျင်း​ကောကို ​ပြောလိုက်ပြီး​နောက် သူနှင့်အတူ ထွက်လာခဲ့သည်။ သို့​သော်လည်း သူတို့ထွက်လာချိန်မှာပင် ဖုန်ကျင်းယွမ်နှင့် ​တွေ့လိုက်​လေသည်။


"သခင်​လေးကျန့်... တစ်ခုခု ဖြစ်လာတယ်လို့ ကြားတယ်" ဖုန်ကျင်းယွမ်က ကျန့်ရီကို စိုးရိမ်ပူပန်လျက် ကြည့်လိုက်သည်။


ကျန့်ရီက သူနှင့် စကား​ပြောရန် အချိန်မရှိဘဲ ​ကျောက်ကျင်း​​ကောနှင့်အတူ အပြင်ထွက်သွားသည်။


ထိုအချင်းအရာကို မြင်​သောအခါ ဖုန်ကျင်းယွမ်က အလျင်အမြန် လိုက်သွား​​လေသည်။


ဤ​ခေတ်လူများအတွက် အစိုးရအရာရှိများက ​ဒဏ္ဍာရီလာ ပုံရိပ်များ ဖြစ်ကြ​ပေသည်။


ကျိုး​မောင်ဟယ်က ဤတစ်ကြိမ်တွင် သူ့ဂုဏ်ပုဒ်ကို ဖုံးကွယ်မထားဘဲ သူနှင့်အတူ လူများစွာ ​ခေါ်လာခဲ့သဖြင့် သဘာဝကျကျပင် သူ့အ​ကြောင်းကို မကြာမီမှာပင် သိသွားကြ​လေသည်။


မူလတွင် လူအများက အစိုးရအရာရှိများ လာသည်ကို သတိပြုမိသွားပြီး​နောက် ကျိုး​မောင်ဟယ်နှင့် သူ့အ​ခြွေအရံများ အနားသို့ မကပ်ရဲကြ​သော်လည်း ကျိုး​မောင်ဟယ် ဤ​နေရာသို့ ဘာလာလုပ်​လေသလဲဟု သိချင်​နေကြသဖြင့် ​ဝေး​ဝေးမှသာ ကြည့်ရဲကြ​လေသည်။


သို့​သော်ငြား ဤတစ်ကြိမ်တွင် သူ့​ဘေးနား၌ လူများစွာ ဝန်းရံ​နေသည်။


ရမန် အရာရှိများအပြင် ကျိုး​မောင်ဟယ်၏ စာသင်သားများစွာ ရှိ​နေသည်။ ကျိုး​မောင်ဟယ်၏ သူငယ်ချင်း ဖြစ်သည့် ​ဝေရှင်းအိမ်​တော် မှ စာသင်သားအ​ကျော်အ​မော် တစ်​ယောက်ကလည်း သူ့တပည့်များကို ကျိုး​မောင်ဟယ်​နောက်သို့ လိုက်သွားရန် ​​ခိုင်းလိုက်သည်။ သူက ကျိုး​မောင်ဟယ်ကို သူ့ကိုယ်ပိုင် မိသားစုမှ လက်​အောက်ငယ်သား အ​ယောက်နှစ်ဆယ်ကို ငှား​ပေးလိုက်​သေးသည်။