Chapter 175
:ကျန်းကျန့်၏အစီအစဉ်
ကျန့်ရီက ကျန်ူမိသားစုကို တရားစွဲရန် ဟယ့်ရှီရွာမှ မျိုးရိုးနာမည်ကျန်းနှင့်လူအိုကြီများကို ရှာတွေ့ခဲ့သည်။ သို့ပေမဲ့ အမှန်တွင် သူ ဤအတိုင်းအတာနှင့် ပတ်သက်ပြီး သိပ်ယုံကြည်မှု မရှိခဲ့ပါချေ။ ဤသည်တွေအကုန်လုံးကို သူ့အတင်းအကြပ်လုပ်ခဲ့ကြောင်း ကျိုးမောင်ဟယ်သိသွားလျှင်ဆိုသည့်အတွက်ပင် ပြင်ဆင်ခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်. . . ထိုလူများကြားတွင် အရည်အချင်းရှိသော ပုဂ္ဂိုလ်တစ်ဦးရှိခဲ့သည်။
အဘိုးအို၏ စွမ်းဆောင်မှုသည် ကျန့်ရီ မျှော်မှန်းထားသည်ထက် ကျော်လွန်နေသောကြောင့် ကျန်းမိသားစုကို သူ ပို၍ပို၍မုန်းတီးလာသလို တစ်ချိန်တည်းမှာပဲ သူ့နှလုံးသားထဲရှိ အဘိုးအို၏တန်ဖိုးက ထပ်ခါထပ်ခါ မြှင့်တက်လာရသည်။
ယခင်က ကျန်းမိသားစုကို သိပ်ဂရုမစိုက်သည့်အတွက် ကျန်းမိသားစု၏တခြားသားနှစ်ယောက်က ယခုလိုဖြစ်မှန်း သူမသိခဲ့ပါချေ။
ကျန်းလင်မယားက သူတို့အပေါ်မှာ နှစ်မြုပ်ထားသည့် သားကြီးကို မကြိုက်ဘဲ သူတို့ လိုချင်သည့်အရာ မှန်သမျှကို ယူသည့် ဒုတိယသားနှင့် တတိယသားကို ပိုသဘောကျသည်ကလည်း ထူးဆန်းသည်။
အဘိုးအိုကို အဘွားကြီးကျန်းက မြေပေါ်ဆွဲချပြီးနောက် ကျိုးမောင်ဟယ်က သူ့အတွက် ကုလားထိုင်တစ်လုံးကို ချက်ချင်းရွှေ့လိုက်ပြီး ထိုင်စေသည်။
"ဒီကျန်းဝမ်ကိုရှာဖို့ အစေခံတစ်ယောက်ခေါ်လိုက်...ပြီးတော့ ဒီကျန်းချောင်ဝမ်နဲ့ကျန်းချောင်ရှန့်ရဲ့ အဝတ်အစားတွေကို ချွတ်ဖို့ လူနှစ်ယောက်ရှာလိုက်"
ကျန်းမိသားစုသည် သဘာဝအတိုင်း ယခုလို ဆက်ဆံခံရရန် ဆန္ဒမရှိကြပေ။ယခင်က ကျန်းကျန့်က ဒူးထောက်ရန် ဆန္ဒမရှိသောအခါတွင် သူသည် တော်ဝင်အမိန်ပြန်တမ်းတစ်စောင် ရရှိခဲ့သော်လည်း ယခု ၎င်းတို့တွင် ယင်းကဲ့သို့ တစ်စုံတစ်ရာ မရရှိခဲ့ပေ။
ကျန်းချောင်ရှန့် နှင့် ကျန်းချောင်ဝမ်တို့၏အဝတ်အစားများ မကြာမီ အချွတ်ခံလိုက်ရသည်။
ဤလူနှစ်ယောက်က ကြီးပြင်းလာသည်နှင့်အမျှ ဘာအခက်အခဲမှ မခံစားခဲ့ရပါချေ။ဆိုလိုသည်မှာ ကျန်းမိသားစု၏ဘဝသည် တစ်နှစ်ကျော်ကြာအောင် ခက်ခဲစွာခံစားခဲ့ရသော်လည်း ၎င်းတို့ကိုယ်တိုင်က များစွာမခံစားခဲ့ရပေ။ အလွန်ဆုံး သူတို့မှာ စားစရာ အသားမရှိရုံသာဖြစ်၏။
ဟယ့်ရှီရွာတွင် စပါးခင်းတစ်မူမှထွက်သော စပါးသည် အခွန်ကောက်ခံပြီးနောက် လူကြီးတစ်ဦးကို ထောက်ပံ့နိုင်သေးသည်။ကျန်းမိသားစု ပိုင်ဆိုင်သော မြေပမာဏသည် သူတို့မိသားစုရှိ လူကြီးများထက် ကျော်လွန်နေသေးသည်။ အလုပ်လုပ်စရာလူမရှိသောကြောင့် အထွက်နှုန်းအလွန်လျော့သွားသော်လည်း စားစရာမရှိသည်မျိုးမဟုတ်ပေ။
လူနှစ်ယောက်က အလုပ်မလုပ်သည့်အတွက် စွမ်းအင်ချေဖျက်မှုကပို၍ပင်နည်းသေးသည်။အဝတ်အစားများကို ချွတ်ပြီးနောက်တွင် ၎င်းတို့သည် ဆူပြီးဝတုတ်နေကြကာ သူတို့ခန္ဓာကိုယ်ကို ပါးလွှာပြီး နူးညံ့သောအသားဖြင့် ဖုံးအုပ်ထားသည်ကို တွေ့ရှိခဲ့သည်။
ကျန်းကျန့်က နေ့တိုင်း အသားစားပေမဲ့ လေ့ကျင့်ခန်းအများကြီးလုပ်ပြီး စွမ်းအင်တွေ အများကြီးကုန်သည်။ သူ့တစ်ကိုယ်လုံး ကျစ်လစ်လွန်းသဖြင့် နှိုင်းယှဥ်ကြည့်လျှင် ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့် နှစ်ယောက်စလုံး သူ့ထက် ပိုထွားပုံပေါ်ကြသည်။
အများကြီးမဟုတ်ပေမဲ့ အဘွားကြီးကျန်းကိုယ်မှာ ငွေ ခုနစ်ဆယ့်ရှစ်ဆယ်ခန့်ကို အစေခံက ရှာတွေ့ခဲ့၏။
ကျိုးမောင်ဟယ်၏ မျက်နှာသည် အိုးဖင်ကဲ့သို့ မည်းနက်နေသည်။ ဤတစ်ခေါက် ကျန်းနန်ကို သူရောက်လာတုန်းက ပိုက်ဆံအများကြီးမယူခဲ့ပေ။ထို့ကြောင့် ဤကျန်းမိသားစုက သူ့ထက် ပိုက်ဆံပိုများနေသည်က သိသာ၏။
"အိုး...မိသားစုရဲ့ အငယ်ဆုံးသားက ကျွန်တော့်ရဲ့ အသိအကျွမ်းဟောင်းပါ...သူက ကြက်ကင်ဝယ်ဖို့ ကျွန်တော့်အိမ်ကို အမြဲလာပါတယ်"
ဟယ်ချောင်စီရင်စုရှိ ကြက်ကင်ရောင်းသည့် ဆိုင်ပိုင်ရှင်က ပြောလာလေသည်။
ကျန်းချောင်ရှန့် နယ်မြို့လေးတွင် နေထိုင်စဉ်က ကြက်ကင်များစွာ မဝယ်ခဲ့လျှင်တောင် ကြက်ကင်အရသာနှပ်ရည်ဖြင့် ချက်ပြုတ်ထားသော တို့ဟူးခြောက်အရေခွံကို နေ့တိုင်းလိုလို လာဝယ်တတ်သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် နေ့တိုင်းလိုလို ကြက်ကင်လာဝယ်သည်။
ဆိုင်ပိုင်ရှင်အနားတွင် ရပ်နေသော စုန့်လီတောင့်တင်းသွားသည်။ကျန်းချောင်ရှန့်၏ဘဝ မည်မျှခက်ခဲပင်ပန်းလိမ့်မည်နည်းဟု သူအမြဲတွေးကာစိတ်ဖိစီးခဲ့ရသော်လည်း ရလဒ်အနေဖြင့် သူလုံးဝမှားယွင်းသွားခဲ့သည်။ တခြားသူ၏ဘဝက သူ့ထက် အများကြီး ပိုအဆင်ပြေနေသည်။သူပင် ကြက်ကင်ကို တော်ရုံ မစားနိုင်. . .
စုန့်လီ ကြောင်နေချိန်မှာ ရုတ်တရက် တစ်စုံတစ်ယောက်က သူဗိုက်ကို ထိုးကြိတ်လိုက်သလို ခံစားလိုက်ရသည်။
ကျန့်ပေါင်နင်က သူ့လက်သီးကို ဆုတ်လိုက်ပြီး စုန့်လီကို ဖမ်းကိုင်လိုက်ပြီး ပါးရိုက်ပစ်လိုက်၏။စုန့်လီမှာ မကောင်းသော ရည်ရွယ်ချက် မရှိဟု သူထင်ခဲ့သည်၊ ထို့ကြောင့် သူ သူ့ကို ရှောင်ပဲရှောင် နေခဲ့သည်။သို့ပေမဲ့ ဤလူက ကျန်းကျန့်ကို လူအုပ်ထဲမှာ မကောင်းပြောနေသည်ကို သူမြင်လိုက်ရသောအခါ သူတကယ်ဒေါသထွက်သွားမိသည်။
စုန့်လီက သင်ခန်းစာအပေးခံရသင့်တယ်...
"အရှင် ...ဒီကိစ္စကိုကြိုးစားကြည့်ချင်သေးလား”
ဖုချောင်မှ စာပေပညာရှင်တစ်ဦးက ကျိုးမောင်ဟယ်ကို မေးသည်။ဤကိစ္စကို ဆက်မလုပ်သင့်ဘူးဟု သူက ယူဆ၏။
ကျန်းကျန့်၏အမှားကို တကယ်ဖမ်းမိပြီး သူ့ကို အပြစ်ပေးလျှင်ပင် လူတွေက သူတို့ အမှားတစ်ခုခုလုပ်နေသည်ဟု ခံစားရကြမည်ပင်။
ဤစာပေပညာရှင်တို့သည် သူတို့၏ဂုဏ်သတင်းအတွက် အလွန်စိုးရိမ်ခဲ့ကြပြီး ကျန်းကျန့်ကို စစ်ဆေးမေးမြန်းရန်အတွက် ၎င်းတို့၏ဂုဏ်သိက္ခာကို မဆုံးရှုံးချင်ကြပေ။ ဆုံးရှုံးမှုက အမြတ်ထက် ကဲနေသည်။
"အရှင်...ကျန်းမိသားစုက အရင်ကအမြဲ မြေဝယ်ပဲဝယ်ပြီး မရောင်းခဲ့ပါဘူး...ကျန်းကျန့် ကျောက်မိသားစုထဲကို လက်ထပ်ဝင်ပြီးမှသာ ကျန်တဲ့သားနှစ်ယောက်က အစားကောင်းကြိုက် ပျင်းရိလာပြီး ငွေကိုမျိုးစုံသုံးလာတဲ့အတွက် မြေယာများကို ထပ်ခါထပ်ခါ ရောင်းချခဲ့ရခြင်းပါ... ဒါတောင်မှ သူတို့မိသားစုက ဆက်အသက်ရှင်နိုင်ပါသေးတယ်..."
ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့်တို့ကို တရားစွဲလိုသော အဘိုးအိုက ထပ်မံပြောဆိုခဲ့သည်။
ကျိုးမောင်ဟယ်မှာ ကျန်းမိသားစုကို ဒေါသထွက်နေပြီဖြစ်သောကြောင့် ကျန်းချောင်ဝမ် နှင့် ကျန်းချောင်ရှန့်ကို ချက်ချင်းလက်ညှိုးထိုးပြပြီးဆိုလိုက်၏။
"မင်း စစ်ဆေးချင်တယ်ဆိုရင် သဘာဝအတိုင်းပဲ စစ်ဆေးမှုတစ်ခုရှိသင့်တယ်... ဒါပေမဲ့ ဒီတစ်ခါတော့ မင်းနှစ်ယောက်အတွက် စစ်ဆေးမှု ဖြစ်မယ်"
ချင်ဖုန့်အဆောက်အဦးနှင့်ကျန်းကျန့်၏ ပါဝင်ပတ်သက်မှုကို နောက်တစ်ကြိမ်မှ စုံစမ်းစစ်ဆေးမှာ ဖြစ်၏။ ယခုအချိန်တွင် ကျန်းမိသားစုမှ သားနှစ်ယောက်ကို ဦးစွာ စုံစမ်းစစ်ဆေးရန် လိုအပ်သည်။
ကျိုးမောင်ဟယ်က သူ့ကို လှည့်စားခဲ့သည့် လူနှစ်ယောက်ကို အေးစက်စွာ ကြည့်ပြီး တစ်ခုခုပြောတော့မည့်အချိန်မှာ အဘွားကြီးကျန်းက ရုတ်တရက် ထအော်ပြီး သူ့ခြေထောက်ကိုပြေးဖက်သည်။
"မြင့်မြတ်တဲ့အရှင်... ငါ့ရဲ့ ချောင်ဝမ်နဲ့ ချောင်ရှန်တို့က သားသမီးဝတ္တရားကျေပွန်မှု အရှိဆုံပါ... မင်းလူတွေကို မတရားစွပ်စွဲလို့မရဘူး"
"ငါ့ရဲ့ချောင်ဝမ်လေး... မင်းမှာ ခက်ခဲကြမ်းတမ်းတဲ့ ဘဝရှိတယ်...မင်းအစ်ကိုက မင်းကို ဂရုမစိုက်ဘူး...တစ်စုံတစ်ယောက်က မင်းကို မတရားစွပ်စွဲချင်နေတယ်...ငါ့သား တစ်ခုခုဖြစ်ရင် ငါ ဒီရာမန်မှာ သေလိမ့်မယ်ဟဲ့"
. . .
ကျန်းမိသားစု အဆင်ပြေနေချိန်မှာ အဘွားကြီးကျန်းက သူမသိက္ခါကို အလွန်ဂရုစိုက်ပေမဲ့ အခုတလော သူမမှာ အဆင်မပြေချိန်တွေများလာသဖြင့် သိက္ခာထိန်းမှုက ပိုပို၍ လျှော့နည်းလာကာ အထူးသဖြင့် ပွင့်လင်းမြင်သာလာခဲ့သည်။
"ခင်ဗျားလွှတ်လိုက်စမ်း"
ကျိုးမောင်ဟယ်၏ခြေထောက်ကို အဘွားကြီးကျန်းက ပွေ့ဖက်ထားသည်။ ကူကယ်ရာမဲ့သလိုခံစားရပြီး သူနှင့်အတူ လိုက်ပါလာသည့်လူတွေကို အဘွားကြီးကျန်းကို ဆွဲဖြုတ်ခိုင်းလိုက်သည်။
တင့်တယ်သော ပြည်သူ့ခန်းမကြီးသည် ချက်ချင်းပင် လုံးဝ ဖရိုဖရဲ ဖြစ်သွားသည်။ အပြင်မှလူများက သဘောကျစွာ ကြည့်နေကြသည်။
တော်ဝင်သံတမန်များသည် လျှို့ဝှက်လာရောက်လည်ပတ်ကြပြီး လူဆိုးအား တရားမျှတမှုဆီသို့ ပို့ဆောင်လိုကြသည်။သူတို့ စင်ပေါ်မှာ ဤပြဇာတ်တွေကို တော်တော်များများ ကြည့်ခဲ့ကြပြီး အပြင်မှာ မျက်နှာချင်းဆိုင်ကြည့်ရသောအခါ ပေါင်ကိုအဖက်ခံထယးရသည့် တော်ဝင်သံတမန်ကလွဲ၍ ဘာမှမမြင်ရပေ။ယင်းက တကယ်ကောင်းသည်။
"ဆုတ်ကြ "
ကျိုးမောင်ဟယ်က အော်လိုက်သည်။
အဘွားကြီးကျန်းက သူ့ကို ကျန်းချောင်ဝမ်နှင့် ကျန်းချောင်ရှန့်တို့ကို စစ်ဆေးမေးမြန်းခွင့် ပေးလိမ့်မည်မဟုတ်သဖြင့် အဆုံးမှာ သူလက်လျော့လိုက်ရသည်။
သားသမီးဝတ္တရားမကျေပွန်သည့်သားတွေ၏ မိဘနှစ်ပါးကို သေခိုင်းရုံနှင့် သစ္စာမဲ့သည့်သားတွေကို စစ်ဆေးမေးမြန်းရန် မဖြစ်နိုင်ပါချေ။
သို့သော် ဤနည်းဖြင့် ကျန်းကျန့်လည်း လွတ်မြောက်လိမ့်မည်ဖြစ်သည်. . .
ကျန်းကျန့် အဆင်ပြေကြောင်းကြားသောအခါ အပြင်မှာစောင့်နေသည့် ကျောက်ကျင်းကောက ချက်ချင်း ပြေးဝင်လာခဲ့သည်။
"ကျင်းကော"
ကျန်းကျန့် မသိစိတ်ဖြင့် သူ့ကို ပွေ့ဖက်ချင်သော်လည်း ကျောက်ကျင်းကောက သူဖက်သည်ကို ရှောင်ရန် ပြင်းပြင်းထန်ထန် ငုံ့ချလိုက်ပြီး ကျန်းကျန့် မြေပြင်ပေါ်သို့ ပစ်ချထားသည့် ကျန်းကျန့်၏ အဝတ်အစားများကို ကောက်ကိုင်လိုက်ကာ ကျန်းကျန့်ကို ခြုံထားလိုက်သည်။
"အဝတ်အစားမြန်မြန်ဝတ်"
ကျန်းကျန့် ထိုနေရာတွင် ရင်ဘတ်ဗလာဖြင့် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ကျန်းကျန့် အတွက် သူ့စိတ်တို့အေးစက်သွားရပြီး သူ့နှလုံးသား ကြေကွဲသွားသလို ခံစားလိုက်ရသည်။
ကျန်းကျန့်လည်း အနည်းငယ် အေးနေသဖြင့် အဝတ်အစားများကို ယူ၍ ဝတ်လိုက်သည်။
သူ့မျက်နှာမှာ ဘာအမူအရာမှ မရှိပါဘဲ ကျောက်ကျင်းကောနှင့် တိတ်တဆိတ် ပရောပရည်လုပ်လိုက်သည်။
"ကျင်းကောက အရမ်းအလျင်လိုနေတာပဲ...ကိုယ့်ခန္ဓာကိုယ်ကို တခြားသူတွေကို မမြင်စေချင်ဘူးလား...စိတ်မပူပါနဲ့...အခုကနေပြီး မင်းတစ်ယောက်တည်းပဲ မြင်ရလိမ့်မယ်"
ကျောက်ကျင်းကော :"..."
ကျန်းကျန့် အတွေးလွန်နေတာပဲ... သူက လယ်ထဲမှာ ရင်ဘက်ဗလာနဲ့အလုပ်လုပ်နေကျဟာကို ရွာထဲက ဘယ်သူက သူ့ကိုမမြင်ဖူးလဲ...
သို့သော်. . . သူ ကျန်းကျန့်၏ခန္ဓာကိုယ်ကို အခြားသူများအား အမှန်တကယ်ကို မမြင်စေချင်ပါလေ။
"ခင်ဗျားကို အအေးမမိစေချင်ဘူး...ခင်ဗျားနေမကောင်းရင် မင်ကျူးကို ပွေ့ဖက်ခွင့် ရမှာ မဟုတ်ဘူး"
မျက်လုံးများနီရဲနေသော ကျောက်ကျင်းကောက ပြောလိုက်သည်။ဤတစ်ကြိမ်မှာ ကျန်းကျန့်က အဆင်ပြေသွားသည့်အတွက် သူ့စိတ်တွေ သက်သာရာရသွားပြီး သူ့ခံစားချက်တွေကို မထိန်းနိုင်တော့ပါချေ။
ကျန်းကျန့်က သူ့အဝတ်အစားကို အမြန်ဝတ်လိုက်သည်။
"ကျင်းကော...ကိုယ် အဆင်ပြေပါတယ်"
နောက်ဆုံးတွင် ကျိုးမောင်ဟယ် အဘွားကြီကျန်းကို ဖယ်ရှားနိုင်လိုက်သော်လည်း သူ၏အရာရှိ အဝတ်အစားများမှာ ရှုပ်ပွနေခဲ့သည်။ သူက ကျန်းကျန့်၏ နံဘေးသို့ ပြေးသွားပြီး အေးစက်သော အကြည့်တစ်ချက် ပေးပြီးနောက် သူ့လူများကို ခေါ်ကာ ချင်ဖုန့်အဆောက်အဦးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်သည်။
ချင်ဖုန့်အဆောက်အဦးနှင့်ပတ်သက်ပြီး အကျင့်ပျက်ခြစားမှုကို ဖော်ပြထားခြင်းမရှိသော်လည်း တော်ဝင်နန်းတော်အတွင်း၌သာ တွေ့ရှိနိုင်သည့် အရာများစွာ အတွင်း၌ ရှိသည်ဟု သတင်းရရှိထားသည်။ ယင်းက ကျန်းကျန့်နှင့် ကျန့်ရီကို တစ်အိုး သောက်ရအောင်လုပ်နိုင်သည်။
ကျန်းကျန့်နှင့်ပတ်သတ်၍ သူစိတ်ပြောင်းသွားသော်လည်း ကျိုးမောင်ဟယ် ကျန့်ရီ နှင့် ဤလူက လူကောင်းမဟုတ်ဟု ခံစားရဆဲဖြစ်သည်။
ကျောက်ကျင်းကောကို အပြင်သို့ ဆွဲထုတ်နေရင်း ကျန်းကျန့်ကို တခြားသူတွေဝိုင်းနေချိန်မှာ ကျိုးမောင်ဟယ် အမြန်ထွက်သွားခဲ့သည်. . . ထို့နောက် ကျန်းကျန့်က ကျန့်ရီဆီသို့ လျှောက်သွားသည်။ "သခင်လေးကျန့်...တော်ဝင်သံတမန်က ချင်ဖုန့်အဆောက်အဦးကို သွားမှာစိုးရတယ်"
ယခင်က ချင်ဖုန့်အဆောက်အဦးမှာ တစ်စုံတစ်ယောက်က ပြဿနာရှာခဲ့သည်။ကျန်းကျန့် ထိုအကြောင်းကို ပထမဆုံးကြားသိသောအခါ ဂရုမစိုက်ခဲ့သော်လည်း ယခု ၎င်းကို တွေးကြည့်ရာ ယခင်က ပြဿနာရှာခဲ့သူမှာ ကျိုးမောင်ဟယ် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု တွေးလိုက်မိသည်။ပြီးလျှင် သူ ထိုကို ထပ်သွားလောက်သည်။
"ချင်ဖုန့်အဆောက်အဦး"
ကျန့်ရီ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင်ဆိုလိုက်သည်။
"ဒီလူတွေကို လူစုခွဲလိုက်ရအောင်...ပြီးရင် ချင်ဖုန့်အဆောက်အဦးကို အတူတူ သွားကြည့်ကြမယ်"
ကျန်းကျန့်က ခေါင်းညိတ်ပြပြီး ကျန့်ရီဟိုးယခင်ကတည်းက ပြင်ထားသည့် ရထားလုံးပေါ်ကို တက်လိုက်ပြီးနောက် နှစ်ယောက်သား အတူ ချင်ဖုန့်အိမ်ကို သွားကြသည်။
ကျောက်ကျင်းကောကလည်း သူတို့နောက်ကို လိုက်ချင်ပေမဲ့ ဟယ့်ရှီကလူတွေကို အေးချမ်းအောင် လုပ်ရန် လိုအပ်နေသေးသဖြင့် အနောက်မှာ နေရုံသာတတ်နိုင်ခဲ့၏။
"ကျန်းကျန့်... ခင်ဗျားကို ဒီအဖြစ်အပျက်ထဲ ဆွဲသွင်းထားခဲ့မိမှာကြောက်မိတယ်...ကျွန်တော်
တကယ်စိတ်မကောင်းပါဘူး"
ကျန့်ရီက ရထားပေါ်တက်ချိန်မှာ ပြောလိုက်သည်။
"သခင်လေးကျန့်... ဒီလို မမျှော်လင့်ထားတဲ့ မတော်တဆမှုမျိုးကို ဘယ်သူမှ မျှော်လင့်မှာ မဟုတ်ပါဘူး...သခင်လေးကျန့်က ကျုပ်ကို ဆွဲထည့်တာရယ်လည်းမဟုတ်ပါဘူး... တစ်ယောက်ယောက်က ကျုပ်ကို မကောင်းမြင်ပြီး ကျန်းမိသားစုကို အဲဒီလိုလုပ်ဖို့ လာဘ်ထိုးတာ ဖြစ်နိုင်တယ်..."
ကျန်းကျန့်က ဆိုလိုက်သည်။
ကျန်းချောင်ရှန့် နှင့်အဘွားကြီးကျန်းတို့ကိုယ်ပေါ်ရှိသည်က သူတို့မူလက ပိုင်ဆိုင်ထားသည့်ငွေဟု လူအများက ထင်ခဲ့ကြပေမဲ့ မဟုတ်ဘူးဆိုသည်က သေချာ၏။
ကျန်းမိသားစုမှာ ပိုက်ဆံအများကြီးမကျန်တော့သည်မှာ သေချာသည်၊ ထို့ကြောင့်ဤငွေကို တခြားတစ်ယောက်ယောက်က ပေးခဲ့ခြင်းဖြစ်ကိုဖြစ်ရမည်။သို့သော်လည်း ဤကိစ္စကို လောလောဆယ် ဘေးဖယ်ထားပြီး နောက်ပိုင်းတွင် ဖြည်းဖြည်းချင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
"ဖုန်ကျင်းယွမ် ဖြစ်နိုင်တယ်လို့ ထင်လား"
ကျန့်ရီက မေးသည်။ယခင်က ဖုန်ကျင်းယွမ်က သူ့ကို သူ့လက်ကောက်ဝတ်ကို ချိုးရန် အကြံပေးခဲ့သည်။
"အခု သူက မင်းနဲ့တဖွဲ့ထဲဖြစ်နေပြီ.... သခင်လေးကျန့်ကို ဖျက်ဆီးဖို့ ဒီလောက် မြန်မြန်ဆန်ဆန် လုပ်မှာ မဟုတ်ဘူး"
ကျန်းကျန့်က ပြောလိုက်သည်။ အစပိုင်းမှာ ဖုန်ကျင်းယွမ်၏ မျက်နှာကို သူဖြတ်ရိုက်ခဲ့ပေမဲ့ လက်ဆောင်ပေးရန်နှင့်အမှား ပြင်ရန် အချိန်တန်လျှင် သူ့အိမ်တံခါးကို လာနေတုန်းပါပင်. . . ယခုလိုလူက ယခုအချိန်မှာ ယခုလိုမျိုး ဘယ်တော့မှ လုပ်မှာဟုတ်ပေ။
"ဒါဆို ဘယ်သူဖြစ်နိုင်မလဲ"
ကျန့်ရီ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ငွေရှာသောအခါတွင် အမြဲတမ်း ငြိမ်းငြိမ်း ချမ်းချမ်းလုပ်ခဲ့ပြီး စီးပွားရေးလုပ်ရင်း ဘယ်တော့မှာစည်းမကျော်ခဲ့ပေ။ကျန်းကျန့်ကလည်း အတိုင်းအတာရှိရမည်ကိုသိသူဖြစ်သည်က ထည့်ပြောစရာမလိုပေ။
"ဒါပြီးတဲ့အထိစောင့်ပြီးမှ ဖြည်းဖြည်းချင်းစုံစမ်းပါ"
ကျန်းကျန့်က ပြောလိုက်သည်။
"ပြီးတော့...ဒီအရှင်ကျိုး ဘယ်လောက်ကြာကြာ ပြဿနာရှာနေမယ်ဆိုတာ သေချာမသိရဘူး"
ကျန့်ရီ ကျိုးမောင်ဟယ်အကြောင်းတွေးရင်း မျက်မှောင်မကြုတ်ဘဲမနေနိုငိပေ။
နှိုင်းရပြောရမည်ဆိုလျှင် ဤကျိုးမောင်ဟယ်က လူဆိုးတစ်ယောက်မဟုတ်ပေမဲ့ ယခုလိုပုံစံဖြစ်နေသောကြောင့် သူ သူ့ကို သဘောမကျဆဲဖြစ်လေသည်။
"သခင်လေးကျန့်... သူက ပွဲရှာချင်တယ်ဆိုမှတော့ ကျုပ်တို့က သူ့ကို ဘာလို့ အရောက်ပို့မပေးရမှာလဲ"
ကျန်းကျန့်က ရုတ်တရက်ပြောလိုက်သည်။
"ဘယ်လို"
ကျန့်ရီ အံ့အားသင့်သွားသည်။
ကျန်းကျန့်က ယခုတစ်ကြိမ် ဘာမှပြန်မပြောဘဲ
ကျန့်ရီ၏လက်ပေါ်တွင် "မှောင်ခိုဆား" ဟူသော စကားလုံးကို ရေးခဲ့သည်။
တစ်ချိန်က သူ ဆားမှောင်ခို ရောင်းရန် စိတ်ကူးရှိခဲ့သည်။ ပင်လယ်စာဝယ်ရန်အပြင်သွားသည့်အခါ ဟုန်ကျန်း ဆားလွင်ပြင်က ကမ်းရိုးတန်းတစ်ခုလုံးကို အိတ်ထဲထည့်ပြီး မှောင်ခိုဆားနှင့် တရားဝင်ဆားတွေ အတူတူရောင်းနေသည်ကိုလည်း တွေ့ခဲ့ရ၏။
ဟယ်ရှင်းစီရင်စုနယ်တွင် ပင်လယ်ကုန်သည်များ ရှိသော်လည်း ဟုန်ကျန်းဆားလွင်ပြင်၏ လွှမ်းမိုးမှုမှာ အလွန်ကြီးမားသောကြောင့် အကုန်လုံး တောင်ဘက်တွင် စီးပွားရေးလုပ်ကြသည်။
ဟုန်ကျန်းဆားလွင်ပြင်က ဟယ်ရှင်းစီရင်စုနယ်နှင့်ဟယ်ရှင်း၏မြောက်ဘက်ရှိ ဝူကျုံးစီရင်စုနယ်တွင် ကြီးမားသောစည်းရုံးရေးအုပ်စုတစ်ခုကိုလည်း ကာလရှည်ကြာ တည်ထောင်ခဲ့သည်။
ဟယ်ရှင်းစီရင်စုနယ်နှင့်ဝူကျုံးစီရင်စုနယ်တွင် ထိုဆားကုန်သည်ကြီးများ အပါအဝင်ချမ်းသာသော ဆားကုန်သည်များ မရေမတွက်နိုင်အောင် များပြားသောကြောင့် ယန့်ကျီမြစ်တောင်ဘက်ရှိ ချမ်းသာသော မိသားစုများက ဝင်ရောက်စွက်ဖက်ခဲ့ကြသည်။
ဆားကို လူတိုင်းစားရသည့်အတွက် ဆားကို မှောင်ခိုရောင်းချခွင့်မပြုပါချေ။နှစ်စဉ်ဆားခွန်သည် အလွန်မြင့်မားသင့်သည်ဆိုခြင်းမှာ ကျိုးကြောင်းဆီလျော်သော်လည်း အမှန်တွင် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ဆားခွန်က မြင့်မားနေသေးသော်လည်း နိမ့်ကျသထက်နိမ့်ကျလာကာ နောက်ဆုံးတွင် ဆားကုန်သည် အမျိုးမျိုး၏ ငွေများ ဆူဖြိုးလာသည်က ထင်ရှားသည်။