Chapter 176
ကျန်းကျန့်၏အစီအစဉ်
တချီကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်းသုံးရာကျော်ရှိပြီဖြစ်ပြီး အားနည်းချက်များစွာသည် ပို၍ပို၍ထင်ရှားလာသည်။ ဗဟိုအစိုးရသည် ငွေကြေးပြတ်လပ်နေသည်။မဟုတ်လျှင် ဧကရီမယ်တော်ကြီးက ငွေချွေတာရန် တော်ဝင်ကုန်သည်အချို့ကို ခန့်ထားရန် စိတ်ကူးရှိမှာ မဟုတ်ပါချေ။
ထိုသို့သော အခြေအနေမျိုးတွင် ဧကရီမယ်တော်ကြီးအနေဖြင့် ဆားကိစ္စအား ပြုပြင်လိုသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း မစတင်နိုင်သေးပေ။ အဘယ်ကြောင့်ဆိုသော် နောက်ဆုံးတွင် ထိုဆားကုန်သည်များ၏ အသတ်ခံရမည်ကို စိုးရွံ့သောကြောင့် မည်သူမျှ မည်သည်ကိုမှ မလုပ်ဝံ့သောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ယခုအချိန်မှာ . . . မှန်ကန်ပြီး ဖြောင့်မတ်သော တော်ဝင်သံတမန် တစ်ဦးရှိနေသည် မဟုတ်ပါလော။
"ကျန်းကျန့်"
ကျန့်ရီ ကျန်းကျန့် က ဤစကားလုံးနှစ်လုံးကို ဆွဲထုတ်သည်ကို မြင်လိုက်ရသောအခါ လန့်သွားသည်။ကျန်းကျန့်က ဒါကိုတောင် တွေးဝံ့တယ်...
သာမာန်လူတွေက ဒီအကွက်ကို ရွှေ့နိုင်မှာလား... ဒီကိစ္စကိုပြောတဲ့အခါ ညီလာခံ ရုံးတော်ထဲက သူ့ဦးလေးတောင်မှ မသိဘူးလို့ပဲ ပြောရဲတယ်...
သို့သော် ကျိုးမောင်ဟယ်ကို ဆားကိစ္စများကို ပြုပြင်စေသည်က မကောင်းသော အကြံတစ်ခု မဟုတ်ပါချေ။ကျိုးမောင်ဟယ်ကဲ့သို့သော လူများသာ ထိုကဲ့သို့အရာမျိုး ပြုလုပ်လွန်ဝံ့မည်ကို စိုးမိသည်။
"ကျုပ် အနာဂတ်မှာ ထုတ်လုပ်ရေးကို. . .တိုးတက်အောင်. . .တိုးမြင့်အောင် လုပ်နိုင်ပါတယ်"
ကျန်းကျန့်ကပြောလိုက်သည်။
ဤခေတ်မှာ လူတွေက ဆားကို ကျိုချက်ကြပေမဲ့ တကယ်တမ်းတွင် ဆားကို နေလှန်း၍ရ၏။
ကျန့်ရီ၏ နှလုံးခုန်သံ စည်းချက်လွဲသွားသည်။
ကျန်းကျန့် ဤကိစ္စကို စစချင်းပြောတုန်းက ကျန်းကျန့် ဘာကြောင့် ယခုလိုပြောသည်ကို သူနားမလည်ပေမဲ့ ယခုအချိန်မှာ . . . ကျန်းကျန့် ပြောသည့်စကား၏ အဓိပ္ပါယ်မှာ မရှင်းလင်းသော်လည်း သူနားလည်နေပြီဖြစ်သည်။
ကျန်းကျန့်က ကျိုးမောင်ဟယ်အား ဆားကြောင့်စုဝေးနေသော စည်းရုံးရေးအုပ်စုများကို ဖြိုခွင်းခိုင်းပြီး ပိုင်မုန့်တစ်စိတ်ရရန် ရည်ရွယ်ထားသည်။
(T/N–အကျိုးအမြတ်ဝေစုတစ်ခု)
"ဒါက . . . အန္တရာယ်များလွန်းတယ်"
"သခင်လေးကျန့်... ကျန့်မိသားစုက အခု ဧကရီမယ်တော်ကြီးကို မှီခိုအားထားနေရပေမဲ့ နောင်မှာ ဘုရင်မင်းမြတ် နန်းတက်ရင် ဘာဖြစ်မလဲ..."
ကျန်းကျန့်က အသံတိုးတိုးဖြင့် မေးသည်။
"ဘုရင်မင်းမြတ်က ဧကရာဇ်မယ်တော်ကြီး
ရဲ့အရင်း....."
"သားအမိကြားနဲ့ သားအဖကြားမှာ အာဏာနဲ့အကျိုးအမြတ်အတွက် ပြိုင်ဆိုင်မှု နည်းပါးခဲ့ဖူးသလား..."
ကျန်းကျန့်က မေးသည်။
ကျန်းကျန့်သည် ကျန့်မိသားစုက ယခုအချိန်တွင် မတည်မငြိမ်ဖြစ်နေကြောင်း အမြဲလိုလို ခံစားနေခဲ့သည်။
သခင်ကျန့်က ကျန်းမိသားစုတွင် တစ်ဦးတည်းသော အရာရှိဖြစ်ပြီး ဧကရာဇ်မယ်တော်ကြီးနှင့် တူညီသောလမ်းကို လျှောက်လှမ်းခဲ့သည်ကို ထည့်ပြောစရာပင်မလိုပေ. . . တစ်နေ့ ဧကရီမယ်တော်ကြီး ပြုတ်ကျရင် ကျန့်မိသားစု ဘာလုပ်မလဲ. . .
"ဒါပေမဲ့ ခင်ဗျား အဲဒီထဲမှာ ဝင်ပတ်သက်လိုက်ရင် ....."
"ဆားငွေတွေကို မြို့တော်ကို ပို့ပြီး ဆားခွန်က ပိုမြင့်သရွေ့ ဘုရင်မင်းမြတ်က ကျန့်မိသားစုကို မကြိုက်ဖြစ်ဦးမှာလား..."
ကျန်းကျန့်က မေးလိုက်သည်။
"စဉ်းစားကြည့်ရအောင်"
ကျန့်ရီ အသက်ပြင်းပြင်းရှူလိုက်ရင်း သူ့စိတ်တွေ အနည်းငယ် ရှုပ်ထွေးသွားသည်။
ကျန်းကျန့်က ရဲရင့်ကြောင်း သူအမြဲသိထားသော်လည်း ဤမျှထိ ရဲရင့်လိမ့်မည်ဟု မထင်ခဲ့ပေ။အလိုလေး...သူတောင် စိတ်လှုပ်ရှားသွားတယ်...
ကျန့်မိသားစုက ဆားလုပ်ငန်းကို ကောင်းမွန်စွာ စီမံခန့်ခွဲမည်ဆိုပါက ဘုရင်မင်းမြတ်၏ သီးသန့်ဘဏ္ဍာတော်တွင် ငွေရှိမည်ဖြစ်ပြီး၊ ဘဏ္ဍာရေးဝန်ကြီးဌာနတွင်လည်း ငွေရှိမည်ဖြစ်သည်. . . ဧကရီမယ်တော်ကြီး ပဲဖြစ်စေ၊ ဘုရင်မင်းမြတ်ပဲဖြစ်စေ၊ သူတို့ ကျန့်မိသားစုကို ဆန့်ကျင်ရန် ဆန္ဒရှိမှာ မဟုတ်ပါချေ။
အမှန်တွင် သူတို့သည် မိမိတို့၏ အကျိုးစီးပွားကြောင့် အဖမ်းစားခံထားရပြီး ကိုယ့်အတွက်ကိုယ်မည်သို့ပိုက်ဆံပိုခိုးရမည်ကိုပဲသိကြသော ဟုန်ကျန်းဆားလွင်ပြင်ရှိ လူအုပ်စုကဲ့သို့မဟုတ်ဘဲ သတိလည်းထားရပေမည်။
ကျန့်ရီ ရထားလုံးရပ်သွားသောအခါ ခဏမျှသာ တွေးရသေးသည်ဟုခံစားရသည်။သူတို့ ချင်ဖုန့်အဆောက်အဦးသို့ရောက်လာကြသည်။
ချင်ဖုန့်အဆောက်အဦးကို ကျိုးမောင်ဟယ်၏လူများဝိုင်းရံထားပြီး သူကဝင်တော့မည်ပြုနေသည်။
ကျန့်ရီနှင့် ကျန်းကျန့် ရောက်လာသည်ကိုမြင်သောအခါ ကျိုးမောင်ဟယ်က ချက်ချင်းပြော၏။
"မင်းတို့နှစ်ယောက်က အမြန်ရောက်လာကြတာပဲ... နန်းတော်ထဲမှာပဲ ရနိုင်တဲ့ အရာတွေကို ဒီမှာတွေ့မှာ ကြောက်လို့လား..."
ကျိုးမောင်ဟယ်က အထဲမှာ တစ်ခုခု ရှိနေသည်ဟု သူကသေချာသလိုပုံပေါက်နေပေမဲ့ ကျန့်ရီက ခဏလောက်ဆွံ့အသွားရသည်။
ကျန့်ရီ အထဲမှာ နန်းတော်တွင်သာ ရနိုင်သော အရာများကို ထားရှိရန် သူ့တွင် သတ္တိမရှိပေ။ဤသည်က ရိုးရိုးရှင်းရှင်းပဲ မှားယွင်းသည့် အချက်အလက်တွေကို ပေးထားခြင်းပင်။
ချင်ဖုန့်အဆောက်အဦးအလွန်နာမည်ကြီးရသည့် အဓိကအကြောင်းရင်းက လူတွေ အရင်ကမမြင်ဖူးသည့် အသစ်အဆန်းတွေ အများကြီးရှိ၍ပါပင်။ သို့သော် ကျိုးမောင်ဟယ်က ရှာဖွေလိုလျှင် ဆက်လက်ရှာဖွေနိုင်သည်။
ကျန့်ရီက အလွန်ကို ရိုးသားနေ၏။
"အရှင်ကျိုး... ကုန်သည်တစ်ယောက်အနေနဲ့ နန်းတော်ထဲက အရာတွေကို ဘယ်လိုလုပ်ထိဝံ့မှာလဲ...အရှင်ကျိူး ဝင်ပြီး စုံစမ်းလို့ရပါတယ်"
ကျိုးမောင်ဟယ်က အေးစက်စွာ နှာမှုတ်လိုက်ပြီး အထဲဝင်သွားစဥ်မှာ ကျန့်ရီကထပ်ပြောလိုက်သည်။
"အရှင်ကျိုး ဘာလို့ ကျွန်တော့်နောက်ကို မလိုက်ခဲ့တာလဲ...ဒီလိုဆို အတွင်းအခြေအနေကို ကျွန်တော် မိတ်ဆက်ပေးလို့ ရတယ်"
ကျန့်ရီနှင့်ကျန်းကျန့်က လူနှစ်ယောက်ပဲဖြစ်သဖြင့် ကျိုးမောင်ဟယ် သူတို့ကို မတားခဲ့ပါချေ။ ထို့နောက် သူတို့နှင့် အတူတူသွားခဲ့သည်။
ထိုအချိန်က ချင်ဖုန့်အဆောက်အဦးသည် အလွန်အလုပ်များသော်လည်း ယနေ့က မတူပေ။
တော်ဝင်သံတမန် ဟယ်ချောင်စီရင်စုသို့ရောက်သောအခါ လုပ်ငန်ရှင်းများစွာသည် တချီ ယမင်းဆက်၏ တော်ဝင်သံတမန်ကို တွေ့ရန် ပြေးထွက်လာကြသည်။ ထို့အတွက်ကြောင့် ချင်ဖုန့်အဆောက်အဦးတွင် ဧည့်သည်များစွာမရှိခဲ့ပါချေ။လက်ရှိအချိန်မှာ အပြင်ထွက်ခွင့် ပိတ်ပင်ခံထားရသည့် ဧည့်သည်တွေ အားလုံး ကြောက်လန့်နေကြသည်။
ဤရက်ပိုင်းတွင် အပြင်အထွက် အစားအသောက်စား၍ လောင်းကစားအပျော်အပါးလေးများသွားစားခြင်းပင် အဆင်မပြေသဖြင့် တော်ဝင်သံတမန်ကိုပင် ဆွဲဆောင်နိုင်သည်ကို မယုံကြည်နိုင်ကြပေ။
ချင်ဖုန့်အဆောက်အဦး၏ အနာဂတ်စီးပွားရေးကို ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ကျန်းကျန့်အတွက်အရှိန်အဟုန်ဖန်တီးရန် ပင်လယ်ဓားပြများထံမှ ကျန်းကျန့်ကယ်တင်ခဲ့သောလူများကို ကျန့်ရီသွားရှာခဲ့စဥ်က ချင်ဖုန့်အဆောက်အဦးတွင် အလုပ်လုပ်နေသော အမျိုးသမီးများနှင့် ကောများကို အပြင်ထွက်နေထိုင်ရန် ခွင့်မပြုခဲ့ပေ။ထို့ကြောင့် လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့သည် ချင်ဖုန့်အဆောက်အဦးတွင် တစ်ချိန်လုံးနေခဲ့ရသည်။
ကျန်းကျန့် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်ကို ကြားလိုက်ရသည်နှင့် သူတို့သည် အလွန်ပင် စိုးရိမ်ထိတ်လန့်ကာ သတင်းရှာရန် လူများကို အပြင်သို့ ထွက်ခိုင်းခဲ့သည်။သို့ပေမဲ့ ရလဒ်အနေဖြင့် သူတို့ သတင်းမရှာခင် ချင်ဖုန့်အဆောက်အဦးကို အဝိုင်းခံလိုက်ရသည်။
"ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ...ငါတို့ကို ဘာလို့ ဝိုင်းထားတာလဲ..."
လျှိုချမ်ချမ်က ကြောက်လန့်တကြားဖြစ်နေသော ဧည့်သည်တွေကို ကြည့်လိုက်ပြီး တံခါးဝမှာ ဧည့်ကြိုလုပ်သည့် ကောင်လေးတွေကို စိုးရိမ်တကြီး မေးလိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ကျိုးမောင်ဟယ်ကို မြင်ဖူးသည့် ကောင်လေးက ထိုအချိန်တွင်အော်လိုက်သည်။
"မိန်းကလေးလျှို ငါ ဘာလုပ်ရမလဲ...လွန်ခဲ့တဲ့ ရက်အနည်းငယ်က ချင်ဖုန့်မှာ ပြဿနာရှာပြီး မင်းကို စော်ကားခဲ့တဲ့သူက တော်ဝင်သံတမန်ဖြစ်နေတယ်"
"တော်ဝင်သံတမန်..."
လျှိုချမ်ချမ် အံ့အားသင့်သွားလွန်း၍ သူမ ပင့်သက်ရှိုက်မိသွားသည်။
ထိုစာအုပ်ကြီးသမားအိုကြီးက တော်ဝင်သံတမန်တစ်ဦးဖြစ်နေသည်။ ဒါ. . .
လျှိုချမ်ချမ် ချက်ချင်းလှည့်ကြည့်လိုက်ပြီး ကျောက်လင်ရှီးကိုကြည့်လိုက်သည်။ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်သည့်အခါမှာ တစ်ဖက်လူ၏ မျက်လုံးတွေမှာ စိုးရိမ်စိတ်တွေ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
တော်ဝင်သံတမန်က ကျန်းကျန့်ကို ဖမ်းဆီးချင်တာက ချင်ဖုန့်အဆောက်အဦးမှာ ပြစ်မှားခံရခဲ့တာကြောင့်တော့ မဟုတ်ပါဘူးနော်.... ဒီလိုသာဆိုရင်၊ သူတို့က ကျန်းကျန့်အတွက် တကယ်ပဲ ဒုက္ခကြီးကြီးမားမား လုပ်မိတော့မှာမို့ အခုသူတို့ ဘာလုပ်ကြမလဲ...
"အဲလိုလူမျိုးဆို သူ့ရှေ့မှာ သနားစရာကောင်းအောင်သာ ငိုလိုက်စမ်းပါ..."
လျှိုချမ်ချမ်က ပြောလိုက်ပြီး သူမ၏ စကားတွေ ကျလာချိန်မှာပဲ အပြင်ကနေ တစ်စုံတစ်ယောက် ဝင်လာခဲ့သည်။ယင်းက ကျိုးမောင်ဟယ် ပါပင်။
ကျိုးမောင်ဟယ်က စာပေပညာရှင်များစွာနောက်ကလိုက်ပါလျက် ဝင်လာပြီး ကျန်းကျန့်နှင့်ကျန့်ရီလည်းပါလာသည်။
ကျန့်ရီ၏အဆင့်အတန်းအမှန်မှာ သာမန်မဟုတ်သော်လည်း လျှိုချမ်ချမ်တို့တတွေက သူနှင့် မရင်းနှီးပေ။ သို့သော်လည်း ထိုသူကိုမြင်သောအခါ စိတ်သက်သာရာရကြ၏။ကျန်းကျန့်ကိုတွေ့သောအခါ ပို၍ပင် တည်ငြိမ်သွားသည်။
သူတို့ ဘာကြောင့်မှန်းမသိပေမဲ့ ကျန်းကျန့် ရှိနေသရွေ့ သူတို့ဘေးကင်းမည်ဟု အမြဲခံစားကြရ၏။
လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးကိုတွေ့လိုက်သည်နှင့် ကျိုးမောင်ဟယ်၏မျက်နှာ အရုပ်ဆိုးလာသည်။
သူသည် မိန်းမတစ်ယောက်၏ ကာမဂုဏ်ကို စွဲလမ်းခြင်းမရှိသလို သူတို့၏ရုပ်ရည်ကိုလည်း သိပ်ဂရုမစိုက်သောကြောင့် သဘာဝအတိုင်းပင်၊ သူတို့၏အလှကြောင့် ဆွဲဆောင်မခံလိုက်ရပေ။ဤနှစ်ယောက်က အိမ်မှာမနေဘဲ ခန္ဓာကိုယ်ကိုရောင်းစားသည်က ရှက်စရာဟုသာ သူတွေးခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ကျိုးမောင်ဟယ်၏နောက်လိုက်များသည်လည်း စာပေပညါရှင်များဖြစ်ပြီး ချင်ဖုန့်အဆောက်အဦး၏အပြင်အဆင် နှင့် လျှိုချမ်ချမ်တို့တတွေကိုတွေ့သောအခါ ဤနေရာနှင့် ပတ်သက်၍ အပြုသဘောဆောင်သော ခံစားချက်များ ရှိနေပြီဖြစ်သည်။
ဤနေရာ၌ အရာအားလုံး ကျက်သရေရှိနေ သည်။ ထိုအမျိုးသမီးနှင့် ကော အနည်းငယ်တို့သည် ရိုးရှင်းစွာ ၀တ်ဆင်ထားသောကြောင့် ၎င်းတို့ကို ပိုမိုထူးခြားသော အရသာကိုပေးစွမ်းနေသည်။
"သခင်လေးကျန့်က ငါ့ကို မိတ်ဆက်ပေးမှာ မဟုတ်ဘူးလား... ဒီမိန်းမတွေက ဘာလုပ်နေတာလဲ..."
ကျိုးမောင်ဟယ်က ရယ်မောလိုက်သည်။
"ကျန့်မိသားစုက ပြည့်တန်ဆာအိမ်ဖွင့်ဖို့ မမျှော်လင့်ထားဘူး"
"အရှင်က ကျွန်တော့်ကို မှားယွင်းစွပ်စွဲနေတာပဲ... ချင်ဖုန့်စံအဆောက်အဦးက စားသောက်ဆိုင်တစ်ခုသာဖြစ်တယ်"
ကျန့်ရီက ချက်ချင်းပြောလိုက်သည်။
"စားသောက်ဆိုင်မှာ အမျိုးသမီးတစ်ယောက် ဘယ်လိုလုပ်ရှိနေတာလဲ...သူတို့ဘာလုပ်တယ်ဆိုတာ ဘယ်သူသိမှာလဲ...ဒါမှမဟုတ် သူတို့ကို မင်း အတင်းအကြပ်ခိုင်းထားတာလား"
ကျိုးမောင်ဟယ်က သရော်တော်တော် မေးလိုက်သည်။
"အရှင်"
ကျန်းကျန့်က ခေါ်လိုက်သည်။
"တစ်ခုခုမှားနေတယ်လို့ ခံစာရရင် သူတို့အားလုံးကို ရှင်းရှင်းလင်းလင်း နားလည်အောင် ထွက်လာခိုင်းလို့ရတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး တခြားသူတွေကို မတရားမစွပ်စွဲပါနဲ့... "
သူက စကားပြောရင်းနှင့် သူ့ဘေးက အခန်းကို ညွှန်ပြလိုက်သည်။
"ဒါပေါ့ ငါမေးမှာပါ... သူတို့ အဲဒီကို သွားဖို့လည်း ငါ စောင့်စရာ မလိုဘူး..."
ကျိုးမောင်ဟယ်က ချက်ချင်းပြောလိုက်သည်။ အခန်းထဲသွားရမှာလား...ဒီကျန်းကျန့်က သူ့ကို သီးသန့် ပိုက်ဆံပေးချင်လို့တော့ မဟုတ်ပါဘူးနော်...
"အရှင် သူတို့ကို ဒီမှာ မေးကြည့်လို့ရတယ်... တစ်ခုခုဖြစ်လာရင် ကျုပ်ဂရုမစိုက်ဘူးလို့ မပြောပါနဲ့...."
ကျန်းကျန့်က နှာမှုတ်လိုက်သည်။
ကျန်းကျန့်က ကျိုးမောင်ဟယ် မည်သူ့ကိုမှ လူသိရှင်ကြား စစ်ဆေးမေးမြန်းသည်ကို မလိုလားပါချေ။
လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီး တို့ကို ပင်လယ်ဓားပြများလက်မှ သူကယ်တင်ခဲ့သည်။သို့ပေမဲ့ ချင်ဖုန့်အဆောက်အဦး၏ အစေခံတွေနှင့် ဧည့်သည်တွေက ဤကိစ္စကို ရှင်းရှင်းလင်းလင်း မသိကြပေ။လူသိရှင်ကြား မေးမြန်းခဲ့မည်ဆိုလျှင် လျှိုချမ်ချမ် နှင့် ကျောက်လင်ရှီးတို့၏ အမာရွတ်တွေကို လူတိုင်းကို ပြသသည်နှင့် ညီမျှ၏။
သင်္ဘောကျင်းဘေးမှာ နေရန် ဟယ့်ရှီရွာကို ပြောင်းရွှေ့လာသည့် အမျိုးသမီးနှင့် ကောတွေက သူတို့၏ အခြေအနေကို လူတိုင်း သိပြီးသားဖြစ်သည်။သို့ပေမယ့် လျှိုချမ်ချမ်တို့တတွေက မတူကြပါချေ။သည်ကလူတွေက သူတို့ ယခုလိုမျိုးတွေကြုံလာခဲ့ရသည်ကိုသိလျှင် တစ်ချို့က သူတို့ကို စပြီး နှိမ့်ချလာလိမ့်မည်။ မူလက သူတို့အပေါ် စေတနာထားခဲ့သော ဧည့်သည်များသည်လည်း သူတို့အပေါ် မရိုမသေ ဖြစ်သွားနိုင်သည်။
ကျန်းကျန့် ပြောလိုက်သည်နှင့် ကျိုးမောင်ဟယ် အဘွားကြီးကျန်းဆီက ငိုယိုပြီး ပွေ့ဖက်ခံထားရသည့် မြင်ကွင်းကို သတိရလိုက်သောကြောင့် သူ့နှလုံးသားက ဆောင့်ခုန်သွားရသည်။
အေးစက်စက် ဟွန်းခနဲပြုကာသူဆိုလိုက်သည်။ "အဲဒီမှာ သူတို့ကို အခန်းထဲ ခေါ်သွားလိုက်"
ကျိုးမောင်ဟယ်နှင့် သူ့နောက်ကပါလာသည့် လူတွေကို မလိုအပ်ဘဲ လျှိုချမ်ချမ်တို့တတွေက တုန်တုန်ယင်ယင်နှင့် ကြောက်ရွံ့နေသည့် ပုံစံတွေကို တစ်ယောက်ပြီးတစ်ယောက်ပြသကာ အတွင်းထဲက စားပွဲတွေကိုဖွင့်ပြီး နောက်ကနေ တန်းစီလိုက်ကြသည်။
ကျန်းကျန့် ညွှန်ပြသောအခန်းသည် ကျယ်သည်မဟုတ်ပေ။ကျိုးမောင်ဟယ် အရာရှိများကို တံခါးဝတွင်စောင့်ခိုင်းပြီး လျှိုချမ်ချမ် နှင့် အခြားသူများပြောသည်ကိုနားထောင်ရန် သူ့နောက်မှလိုက်လာသော စာပေပညာရှင်များနှင့် လိုက်သွားသည်။
ရလဒ်အနေဖြင့် သူဘာမှမမေးမီ လျှိုချမ်ချမ်က ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီးဆိုသည်။
"အရှင်...အရှင်... ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ... အရှင့်ရဲအဆင့်အတန်းအမှန်ကို မသိတာကြောင့် စော်ကားမိလိုက်ပါတယ်...ကျွန်မတို့ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
"အဲဒါကို မပြောနဲ့...မင်းတို့ ဘာလို့ဒီကိုရောက်နေတာလဲ...အတင်းအကြပ်လုပ်အခိုင်းခံရတာလား..."
ကျိုးမောင်ဟယ်က အေးစက်သောအမူအရာဖြင့် မေးလိုက်သည်။
"အရှင်...ကျွန်မတို့ အတင်းအကြပ်အခိုင်းခံရတာမဟုတ်ပါဘူး...သခင်ကျန့် ကျွန်မတို့ကို ပင်လယ်ဓားပြတွေလက်ထဲကနေ ကယ်တင်ခဲ့တာပါ..."
လျှိုချမ်ချမ်ကပြောလိုက်သည်။
"အရှင် ကျွန်မခင်ပွန်းကို ပင်လယ်ဓားပြတွေက သတ်ဖြတ်ခဲ့ပြီး ကျွန်မလည်း အဲဒီပင်လယ်ဓားပြတွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး နာမည်ပျက်ခဲ့ပါတယ်...ဒီကမ္ဘာမှာ ကျွန်မမနေသင့်ပါတော့ဘူးရှင်...."
သူမက ထိုသို့ပြောပြီး သူမဘေးနားက နံရံကို ဝင်တိုက်လိုက်သည်။
"အရှင်...ကျွန်တော်တို့က အိမ်ယာမဲ့ဖြစ်ခဲ့ပြီး နောက်အိမ်ထောင်မပြုချင်တော့တဲ့အတွက် သခင်ကျန်းကို အလုပ်ရှာပေးဖို့ တောင်းဆိုခဲ့တယ်...သခင်ကျန်းကို နာကျင်စေမယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိလို့ ကျွန်တော် အသက်မရှင်နိုင်တော့ဘူး..."
ကျောက်လင်ရှီးက လျှိုချမ်ချမ်ကဲ့သို့ တံတိုင်းတစ်ခုကို ရွေးချယ်ပြီး ဝင်တိုက်သည်။
နှစ်ယောက်စလုံး အဆင်ပြေသော်လည်း စာပေ ပညာရှင်အများအပြားက အမြန်တားလိုက်ကြသည်။ထိုအခါသူတို့က ပို၍ပင်ငိုကြွေးကြသည်။
"အရှင်...အရှင်က ပြည့်တန်ဆာလို့ပြောတယ်... ဒါက ငါတို့ကို အသက်ရှင်ဖို့ အခွင့်ပေးနေတာမဟုတ်ပါဘူး"
"အရှင်ကျိုး ဖြစ်ပုံကဒီလိုပါ... ဒီလူတွေ ဒုက္ခရောက်နေတော့ ချင်ဖုန့်အဆောက်အဦးမှာ အလုပ်လုပ်ဖို့ သူတို့ကို ငှားလိုက်တယ်...ကျွန်တော် သူတို့ကို တစ်လငွေနှစ်စပေးပါတယ်...အရှင်မကျေနပ်ရင် သူတို့ကို ထုတ်ပစ်တာ ကောင်းပါတယ်..."
ကျန့်ရီက ဝင်ပြောလိုက်သည်။
ကျိုးမောင်ဟယ်နှင့် သူတို့ပတ်ဝန်းကျင်က ပညာရှင်တွေက ဤမြင်ကွင်းကိုမြင်သောအခါသနားသွားကြသည်။ကျန့်ရီစကားကိုကြားချိန်၌ သူတို့က ရေရွတ်လိုက်ကြသည်။
"ဘယ်လိုလုပ် ဖြစ်မှာလဲ...ဒါက လက်မခံနိုင်စရာပဲ... ဒါက သူတို့ကို သတ်လိုက်တာ မဟုတ်ဘူးလား..."
ကျိုးမောင်ဟယ်အနေဖြင့် ပင်လယ်ဓားပြများ နှင့် ငြိစွန်းခဲ့သည့် အမျိုးသမီးများနှင့် ကောများကို သူတို့၏ဂုဏ်သိက္ခာမဆုံးရှုံးစေရန် မြစ်ထဲသို့ စောစောစီးစီး ပစ်ချသင့်သည်ဟု အမြဲလိုလို ခံစားရသည်။သို့ပေမဲ့ ယခု ဤကိစ္စ ကြုံလာသည့်အခါ ဤအမျိုးသမီးနှင့် ကောတွေကို အတင်းသေခိုင်း၍ မရတော့ပေ. . .
သူက တခြားဘာကိုမှ သိပ်ဂရုမစိုက်ပေမဲ့ သူ့ဂုဏ်သတင်းကို ဂရုစိုက်ဆဲပင်။
အခန်းထဲတွင် ကျယ်လောင်စွာ ငိုကြွေးသံနှင့်အတူ ကျိုးမောင်ဟယ်၏ မျက်နှာက ပိုပို၍ အရုပ်ဆိုးလာကာ နောက်ဆုံးတွင် သူသည် သူ့ဝတ်ရုံလက်များကို ခါယမ်းကာ နေရာမှ ထွက်သွားလေသည်။
ဤအမျိုးသမီးများတွင် အမှားအယွင်းမရှိသော်လည်း ဤချန်ဖုန့်အဆောက်အဦးတွင် ပြဿနာရှိမည်မှာ သေချာသည်။ကျိုးမောင်ဟယ် နှင့် သူ့လူတွေက ချင်ဖုန့် အဆောက်အဦးကို ရှာဖွေခဲ့ကြပြီး ရလဒ်အနေဖြင့်. . .
"အရှင် ဒါက ငါတို့စားသောက်ဆိုင်ရဲ့အထူးသီးသန့်လက်ရာ...ကြက်ကြော်နဲ့ ကြက်ဥကိတ်မုန့်တွေ... ဒါက အသုံးအများဆုံးအရာတွေကနေ လုပ်ထားတာပါ၊ နန်းတော်နဲ့ လုံးဝ
မသက်ဆိုင်ပါဘူး...အရှင်က ကျွန်တော့်ကို မယုံရင် အရှင့်အတွက် တစ်စုံတစ်ယောက်ကို ပြင်ဆင်ပေးခိုင်းလိုက်ပါ့မယ်"
မီးဖိုချောင်ထဲမှာ စားဖိုမှူးတော်တော်များများ တုန်တုန်ယင်ယင်ဖြစ်နေကြစဥ် ကျန့်ရီက ပြောလိုက်သည်။