Chapter 177
တော်ဝင်သံတမန် ဆုတ်ခွာခြင်း
"အရှင် ဒီနေရာက ရေချိုးလို့ရတယ်၊ ဒါက ရေချိုးရုံပဲ...အရှင်မယုံကြည်ရင် ကိုယ်တိုင်စမ်းကြည့်လို့ရတယ်"
ရေချိုးခန်းထဲတွင် ကျန့်ရီကပြောလိုက်သည်။ထိုအချိန်တွင် ဧည့်သည်အများအပြားသည် မီးသွေးအင်တုံဘေးတွင် ပုန်းအောင်းနေကြကာ ကျိုးမောင်ဟယ် နှင့် အခြားသူများကိုကြည့်ရန်ပင် ကြောက်လန့်နေပုံရသည်။
ခြံဝင်းထဲမှာ—
"အရှင် ဒါက အိုးပစ်နည်းလိုမျိုး ကစားနည်းလေးတွေ ကစားဖို့နေရာပဲ..."
ရေကန်နားမှာ—
"အရှင် ဒီဘက်ကမ်းက ငါးဖမ်းတဲ့နေရာ...ဝန်ထမ်းတွေကို နေ့တိုင်း ငါးနည်းနည်းစီထပ်ထည့်ခိုင်းပေမဲ့ ဒီနေ့တော့ အစာမကျွေးရသေးဘူး…"
စာကြည့်ခန်းမှာ—
"အရှင် ဒီနေရာက စာရေးစာဖတ်နဲ့ စားကြည့်ပုံဆွဲလုပ်ဖို့နေရာပါ..."
……
"အရှင် ဒီဘက်ကတော့ စားသောက်ဖို့နေရာ ဖြစ်ပေမဲ့ တချို့က ဒီမှာ စီးပွားရေးအကြောင်း ပြောတတ်ကြတယ်"
နောက်ဆုံးတွင် ကျန့်ရီက ကျိုးမောင်ဟယ်ကို စားသောက်ဆိုင်သို့ ခေါ်သွားခဲ့သည်။
မူလက ဤနေရာမှာ ဧည့်သည်တချို့ လာစားထာစကြသည်။ စားပွဲပေါ်ရှိ အစားအစာများသည် ယခင်က မီးဖိုချောင်ရှိ ကျန့်ရီ ညွှန်ပြခဲ့သော ကြက်ကြော်နှင့် ကြက်ဥကိတ်မုန့်များ ဖြစ်နေဆဲဖြစ်သော်လည်း အခြားအရာများစွာလည်း ရှိသေးသည်။ သိပ်ကို လက်ရာမြောက်ပေမဲ့ မီးဖိုချောင်ထဲမှာ မြင်လိုက်ရသည်အတိုင်းဆိုလျှင်…အမှန်တွင် အားလုံးက သာမန်ပါဝင်ပစ္စည်းတွေနှင့် ပြုလုပ်ထားခြင်း ဖြစ်၏။
ကျိုးမောင်ဟယ် နေရာအနှံ့ လမ်းလျှောက်ထွက်ခဲ့သော်လည်း နောက်ဆုံးတွင် တော်ဝင်နန်းတော်မှ အရာတစ်ခုကိုမှ မတွေ့ခဲ့ရပေ။ယခုလိုသေးငယ်သည့် နေရာလေးမှာ လှည့်ကွက်များစွာနှင့် ဖြစ်လာရန် မလွယ်ဘူးဟု သူခံစားရသည်။နောက်ပြီး သူ့ပတ်ပတ်လည်က စာပေပညာရှင်တွေက...
"ဒီအစားအစာတွေက ကြည့်ကောင်းပြီး အနံ့လည်းအရမ်းကောင်းတယ်"
"အဲဒီစားပွဲပေါ်က သစ်သားဘောလုံးတွေကို တိုင်တွေနဲ့ ကစားခဲ့ပေမဲ့ ဘယ်လိုကစားရမလဲဆိုတာ ငါ မသိဘူး"
"ဒီမှာ ဖဲကစားနည်းက မြို့တော်ကအကြမ်းတွေနဲ့ တော်တော်လေး ကွာခြားတယ်"
ဤပညာရှင်တို့သည် ချင်ဖုန့်အဆောက်အဦး အကြောင်းကို သိချင်လာပြီး ကျိုးမောင်ဟယ်၏ မျက်နှာသည် ဖြူဖျော့သွားသည်အထိ အသံတိုးတိုးတိုးတိုးဖြင့် ပြောကြသည်။
ဒီလူတွေ . . . ဒီလူတွေ. . .
ကျိုးမောင်ဟယ် အလွန်မကျေနပ်သော်လည်း ဤ ချင်ဖုန့်အဆောက်အဦးက စည်းမျဉ်းစည်းကမ်းများကို အမှန်တကယ် ဆန့်ကျင်ခြင်းမရှိကြောင်း ဝန်ခံရပေမည်။
တစ်ခုသာ. . . ထိုသို့သောအသေးအမွှားကိစ္စများအတွက် သူတို့သည် မထင်မှတ်ဘဲ ငွေများစွာကို တောင်းယူကြသည်။ ဒီကျန့်ရီက တကယ်ကို အမြတ်ကြီးစားသူပဲ...
"အရှင် နောက်ကျနေပြီ...ချင်ဖုန့်အဆောက်အဦးမှာ မှာ ညစာစားချင်ပါသလား..."
ကျန့်ရီက ပြုံးပြီး မေးသည်။
ကျိုးမောင်ဟယ် မည်သို့သည်မှာပဲ ဆက်နေရန်ဆန္ဒရှိနေနိုင်မည်နည်း။ ချက်ခြင်းပင် အပြင်သို့ထွက်သွားသော်လည်း သူနှင့်အတူပါလာသောသူများက ထွက်သွားရန် ဝန်လေးနေကြသည်။
"ဟယ်ချောင်စီရင်စုမှာ အချိန်ကြာကြာနေမှာ မဟုတ်လား...အားရင် ဒီကိုလာလည်လို့ရပါတယ်..
"
ကျန့်ရီက ပြုံးလိုက်သည်။
"အနာဂတ်မှာ ကျွန်တော် ဖုချောင်မှာလည်း ချင်ဖုန့်အဆောက်အဦး ဆောက်မှာမို့လို့ အကုန်လုံးကို ပျော်ဖို့ ကြိုဆိုပါတယ်..."
မည်သို့ပင်ဆိုစေကာမူ ကျိုးမောင်ဟယ်က သူနှင့်ပြဿနာတက်နေပြီဖြစ်သောကြောင့် ချင်ဖုန့်အဆောက်အဦး ဆောက်လုပ်မှုကို ရွှေ့ဆိုင်းရန်မလိုအပ်တော့ပါချေ။
"ဒါပေါ့...သေချာတာပေါ့"
ကျန့်ရီက လူတွေကို စိတ်ချမ်းသာအောင် လွယ်လွယ်ကူကူ လုပ်နိုင်သူတစ်ယောက်ဖြစ်သဖြင့် ဤသတင်းကို ပေးလိုက်သည်နှင့် ရောက်လာသောစာပေပညာရှင်တွေ အားလုံးက ခေါင်းညိတ်ပြီး သဘောတူကြ၏။
ကျိုးမောင်ဟယ်:"..."
"ဒီလုံလောက်အောင် ဒုက္ခရောက်နေပြီးသားဖြစ်တဲ့ သနားစရာကောင်းတဲ့လူတွေအတွက်ကတော့ ...အားလုံးက သူတို့အတွက် လျှို့ဝှက်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်..."
ကျန့်ရီက ဆက်လက်ပြောသည်။
"ငါတို့ ဒါကို သေချာပေါက် လျှို့ဝှက်ထားမယ်" ထိုပညာရှင်တို့သည် နာကျင်စွာ ငိုကြွေးနေသော လျှိုချမ်ချမ် နှင့် အခြားသူများကို ပြန်တွေးပြီး ချက်ချင်း ခေါင်းညိတ်လိုက်သည်။သူတို့လည်း အမျိုးသမီးများသည် ၎င်းတို့၏ သန့်ရှင်းမှုကို အတတ်နိုင်ဆုံး ကာကွယ်သင့်သည်ဟု ခံစားခဲ့ကြသော်လည်း ၎င်းတို့အုပ်စုတစ်စု ငိုကြွေးသည်ကို မြင်တွေ့ပြီးနောက် ၎င်းတို့အပေါ် စာနာစိတ်မဖြစ်ဘဲမနေနိုင်ပါချေ။
ကျိုးမောင်ဟယ် : "ဟမ့်"
ကျိုးမောင်ဟယ် နှင့် အခြားသူများသည် နောက်ဆုံးတွင် ထွက်ခွာသွားပြီး ဟယ်ချောင်စီရင်စု၏ စီရင်စုတရားသူကြီးမှ စီစဉ်ပေးထားသည့် နေအိမ်သို့ သွားခဲ့သည်။ကျန့်ရီက ၎င်းကိုမြင်ပြီးနောက် စိတ်သက်သာရာ ရသွားသည်။
"ကျန်းကျန့်မစားရသေးဘူး မဟုတ်လား...သွားစားရအောင်"
ကျန့်ရီ သူ့ဘေးတွင် ရပ်နေသော ကျန်းကျန့်ကို ကြည့်လိုက်သည်။ကျန်းကျန့်ကို ယနေ့ အစောကြီး ဖမ်းသွားကြသဖြင့် အခုထိ စားရသေးမှာမဟုတ်ပေ။
"မဟုတ်ဘူး ကျုပ်ပြန်တော့မယ်... မီးဖိုချောင်ကို ကျုပ်အတွက် ထမင်းနည်းနည်းချက်ခိုင်းရအောင်ပါ...အပြန်လမ်းမှာ စားဖို့ ယူသွားလိုက်မယ်"
ကျန်းကျန့်က ပြောလိုက်သည်။
ဤဒုက္ခတွေအကုန်လုံးပြီးသည့်နောက် မှောင်နေပြီဖြစ်၏။သို့ပေမဲ့ ကျန်းကျန့်က အင်မတန်ကို အိမ်ပြန်ချင်နေပြီဖြစ်သည်။
ကျန့်ရီက ကျန်းကျန့်၏ စိတ်ထဲတွင် ရှိနေသည့်အရာကို သိသောကြောင့် ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး မပြန်ခင် တစ်စုံတစ်ယောက်အား ကျန်းကျန့် အတွက် ထမင်းထုပ်ပေးခိုင်းလိုက်သည်။
ချင်ဖုန့်အဆောက်အဦး၏ အပြင်ဘက်တွင် မြစ်ငယ်တစ်စင်းရှိပြီး ဧည့်သည်များ ထွက်ခွာရန် ချင်ဖုန့်အဆောက်အဦးမှ စီစဉ်ပေးသည့် လှေများလည်း ရှိသည်။ကျန်းကျန့်က သူ့ထမင်းဘူးနှင့်အတူ လှေပေါ်တက်ပြီး "ဟယ့်ရှီရွာကို သွားပါ"ဟု ချက်ချင်း ပြောလိုက်သည်။
တစ်ချိန်တည်းမှာပဲ ကျန့်ရီက သူ့လူတွေကို ညွှန်ကြားနေသည်။
"မင်းတို့ သွားစုံစမ်းကြ...ဘာဖြစ်သွားတာလဲ သေချာရှာဖွေခဲ့"
ကျိုးမောင််ဟယ်က ဟယ်ချောင်စီရင်စုတွင် တိတ်တဆိတ် ပေါ်လာသည်။
ဤနေရာတွင် သေချာပေါက် တစ်ခုခုရှိရပေမည်။
ကျန့်ရီက အမိန့်ပေးပြီးနောက် ကျန့်မိသားစုအိမ်သို့ ပြန်သွားခဲ့သည်။ ထိုအချိန်တွင် ကျန်းကျန့်က သူ၏ညစာဘူးကို စားသောက်ပြီးသွားပြီဖြစ်သည်။
သူ ထမင်းစားပြီးခါနီးမှာ ဟယ့်ရှီရွာကို ရောက်နေလေပြီ။
မှောင်နေပြီဖြစ်သည်။ယခင်တုန်းကတော့ ဟယ့်ရှီရွာက လုံးဝမှောင်နေပေမဲ့ ယခုတစ်ကြိမ်မှာ အခြေခံအားဖြင့် အိမ်တိုင်း မီးထွန်းထားပြီး သင်္ဘောကျင်းတွေမှာ မီးရှူးမီးတိုင်တွေလည်း ရှိနေသည်။
ကြယ်ရောင်အလင်းများနှင့်မျက်စိကျန်းလောက်သော မီးများကိုမြင်လိုက်ရသောအခါ ကျန်းကျန့်၏နှလုံးသား သက်သာရာရသွားသည်။ အတွေးတစ်ခုကလည်း အားကောင်းလာသည်–သူ့မိသားစုကို လုံခြုံအောင် စောင့်ရှောက်ရမည်။
"သခင်ကျန်း ငါတို့ရောက်ပြီ"
လှေလှော်သူခမျာ ဟောဟဲလိုက်နေသည်၊ သူသည် ဤအချိန်တစ်လျှောက်လုံး အင်အားရှိသမျှဖြင့် လှေလှော်နေခဲ့သည်။
"အင်း"
ကျန်းကျန့်က ဆုကြေးငွေအဖြစ် အကြွေစေ့တစ်တွဲ ပေးကာ ခေါင်းညိတ်ပြပြီး လှေပေါ်မှ ဆင်းလိုက်သည်။ လှေပေါ်ကဆင်းပြီးနောက် ကမ်းစပ်မှာ စောင့်နေသည့်လူတွေကို တွေ့လိုက်ရသည်။ကျောက်မိသားစုထဲက မည်သူမျှ လစ်လပ်နေခြင်းမရှိပေ။
လှေမရပ်ခင် ကျောက်ကျင်းကောက အရင် ပြေးလာသည်။
"ကျန်းကျန့် အဆင်ပြေရဲ့လား"
"ပြေပါတယ်...ကိုယ် အဆင်ပြေနေပါပြီ"
ကျန်းကျန့်ကပြောလိုက်သည်။
"ခင်ဗျား အဆင်ပြေတာ ကောင်းတယ်"
ကျောက်ကျင်းကောက သက်ပြင်းတစ်ချက်ချကာ ရုတ်တရက် လက်ကိုဆွဲပြီး ကျန်းကျန့်ကို ပွေ့ဖက်လိုက်သည်။
ကျောက်ကျင်းကော ဤမျှ ရဲသည်ကရှားသည်. . . ကျန်းကျန့်က သူ့ကို ပြန်ပွေ့ဖက်လိုက်ပြီး သူ့ပတ်ဝန်းကျင်က အရာအားလုံး တိတ်ဆိတ်သွားသလို ခံစားလိုက်ရသည်။
"ဝူး. . . "
ထိုအချိန်မှာပင် ကျောက်မင်ကျူး၏ နားစူးစေသည့် စူးစူးဝါးဝါးငိုယိုသံများက ညကောင်းကင်ယံကို ဖြတ်သွားလေသည်။
ကျောက်ကျင်းကောကို လွှတ်ပေးလိုက်ပြီး ကျန်းကျန့် သူ့သမီးကို ပွေ့ဖက်ရန် အမြန်သွားခဲ့၏။
နောက်ဆုံးတွင် ကျန်းကျန့်၏အချီကို ခံခဲ့ရသော ကျောက်မင်ကျူးတစ်ယောက် မငိုတော့ပေ။ကျန်းကျန့်က သူ့ကို အချိန်အတော်ကြာအောင် ချော့ပေးပြီးနောက် သူလေးက တခစ်ခစ်ရယ်လာလေသည်။
၎င်းကို မြင်လိုက်သည်နှင့် ကျောက်လျူက ချက်ချင်း သက်ပြင်းချလိုက်၏။
"ဒီနေ့ မင်ကျူး အကြာကြီးငိုတယ်...စောစောက ငါတို့ ပြန်လာတုန်းက တအားငိုတာ ကြို့ထိုးတဲ့အထိပဲ...အခု နောက်ဆုံးတော့ ပြုံးပြုံးရွှင်ရွှင်ဖြစ်လာပြီ"
"အင်း"
ကျန်းကျန့်က ခေါင်းညိတ်လိုက်ပြီး သူ့သမီးလေးကို နမ်းလိုက်သည်။
သူရဲ့ပုလဲလေး. . . သူမကို အနာဂတ်မှာ ပျော်ရွှင်အောင်ထားရမည်။
ကျန်းကျန့် လမ်းမှာ တစ်ခုခုစားခဲ့ပေမဲ့ ကျောက်မိသားစုက သူ့အတွက် ထမင်း ပြင်ထားသဖြင့် နောက်ထပ် အနည်းငယ် ထပ်စားနေတုန်းပါပင်။
လန့်သွားခြင်းဖြစ်လောက်သော ကျောက်မင်ကျူးတစ်ယောက် ထိုနေ့တွင် ကျန်းကျန့်ကို အတော်လေး တွယ်ကပ်နေခဲ့သည်။သူမသည် ညဘက်တွင် ဂနာမငြိမ်ဘဲ အိပ်မောကျချိန် ညသန်းခေါင်တွင်ပင် မပြောမဆို ထငိုနေခဲ့သည်။
နှစ်ယောက်စလုံးက အိပ်နေသည့် တခြားသူတွေကို မနှိုးမိအောင် ကျောက်မင်ကျူးကို ချော့ချင်ပေမဲ့. . . နှစ်ယောက်လုံး အမှန်တကယ် မအိပ်ခဲ့ကြပါချေ။
"ကျင်းကော အိပ်မပျော်ဘူးလား"
ကျန်းကျန့်က မေးလိုက်သည်။
"အင်း"
ကျောက်ကျင်းကောက တုံ့ပြန်လိုက်သည်။ယနေ့ ဖြစ်ပျက်ခဲ့သည်တွေက သူ့ကို တကယ်ကြောက်စေသည်။
သူက ကျန်းကျန့်ကို အမြဲတမ်း မှီခိုနေခဲ့ရပြီး ကျန်းကျန့်ကို သူ့ရှေ့က ဖယ်ထုတ်လိုက်သောကြောင့် ကောင်းကင်ကြီး ပြိုကျသွားသလို ခံစားရ၏။ သူက အသုံးမကျကြောင်း ရုတ်တရက် သိလိုက်ရသည်။ သူသာ နည်းနည်းလောက် အစွမ်းရှိမယ်ဆိုရင် ကျန်းကျန့်က ဒီလို အဖြစ်မျိုး ကြုံရဦးပါ့မလား...
ကျန်းကျန့်က သူ့မိသားစုဝင်တစ်ဦးဖြစ်သော်လည်း သူကျန်းကျန့်ကို လုံးလုံးမကာကွယ်နိုင်ခဲ့ပေ. . . သူတကယ် အသုံးမဝကျဘူးဟု ခံစားရသည်။ ဒီလိုလုပ်ဖို့ သူနည်းနည်းပိုကြိုးစားဖို့လိုတယ်...
"ကိုယ်လည်း အိပ်လို့မရဘူး"
ကျန်းကျန့်က ကျောက်မင်ကျူးကို သူ့ရင်ခွင်ထဲမှာ ဖက်ထားပြီး ကျောက်ကျင်းကောကိုပြောလိုက်သည်။
"ကျင်းကော ရက်အနည်းငယ်ကြာရင် ဖုချောင်ကိုသွားကြရအောင်"
"ကောင်းပြီ"
ကျောက်ကျင်းကောက ခေါင်းညိတ်လိုက်ပြီး ကျန်းကျန့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။
ကျောက်မင်ကျူး ကြောက်နေရုံတင်မကဘဲ သူလည်း စိတ်မသက်မသာ ဖြစ်နေသည်။
ထိုညတွင် ကျန်းကျန့်သည် ကျောက်ကျင်းကော နှင့် ဘာမှမလုပ်ဘဲ သူ့လက်မောင်းကို ခေါင်းအုံးအဖြစ်ပေးကာ ကျောက်မင်ကျူးကို သူ့အပေါ်တွင် တင်ထားသောကြောင့် သူမ ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။
ထို့နောက် . . ညနှောင်းပိုင်း၌ ကျောက်မင်ကျူး သူအပေါ် ရှူးရှူးပေါက်ချသောကြောင့် ကျန်းကျန့် နိုးလာပြန်သည်။
ကလေးတစ်ယောက် လူလားမြောက်အောင်လုပ်ရတာက တကယ်ကိုမလွယ်တဲ့အလုပ်ပါပဲ...
ကျန်းကျန့် သက်ပြင်းချလိုက်ပြီး သူ့ခန္ဓာကိုယ်ကို သုတ်ပြီး အဝတ်အစားလဲရန် ထလိုက်သည်။ ထို့နောက် အချိန်ကို ခန့်မှန်းပြီးနောက်တွင် သူ ရိုးရိုးရုင်းရှင်းပဲ ပြန်သွားမအိပ်ဘဲ ဆီမီးထွန်းကာ သူ့နောက်ထပ် အစီအစဉ်ကို နိုင်ငံခြားဘာသာစကားဖြင့် စတင်ရေးသားခဲ့သည်။
ယခင်ဘဝက သူသည် ပတ်ဝန်းကျင်နိုင်ငံများနှင့်
အဓိကဆက်ဆံပြီး ၎င်းတို့၏ မိခင်ဘာသာစကားအချို့ကို သိရှိခဲ့သည်။ မူလက ရှေးခေတ်မှာ သူတို့က အသုံးမဝင်ဘူးဟု ထင်ခဲ့ပေမဲ့ ယခုအချိန်မှာ သူသတိထားသည်က ပိုကောင်းပေလိမ့်မည်။