အခန်း(၁၁)
Viewers 3k

အခန်း(၁၁) လက်ထပ်ပွဲ 




အရူးလေး မကြာခင် လက်ထပ်တော့မည်။


လက်ထပ်လက်မှတ်စာအုပ်ရလာသည့် ပုံစံမျိုးပါ။ အရူးလေး အလွန်ပျော်ရွှင်နေလေ၏။ 


"လောင်ကုန်း လက်ထပ်လက်မှတ်က အရမ်းနီတာပဲ "


" လောင်ကုန်း၊ ဓါတ်ပုံထဲမှာ ခင်ဗျား ပြုံးနေတာလား "


"လောင်ကုန်း၊ ခင်ဗျား ပြုံးရင် အရမ်းကြည့်ကောင်းတာပဲ"


ရှန့်ကျစ်သည် လက်ထပ်စာချုပ်ကို ကိုင်ကာ ကျယ်လောင်စွာ ဖတ်ပြရင်း ပျော်ရွှင်စွာ‌ခုန်ပေါက်နေသည့် အိုမီဂါလေးကို ကြည့်နေခဲ့လေ၏။


" နာမည် : ရှန့်ကျစ်၊ နာမည် : ရွှီခယ့် " 


"လက်ထပ်ခွင့် လျှောက်ထားခြင်း __"


"ဟီးဟီး၊ မှတ်ပုံတင်ခွင့်ပြုပေးလ်ုက်ပြီး ဒီလက်မှတ်ကို ထုတ်ပေးလိုက်တာ "


အရူးလေးသည် ခေါင်းငုံကာ မိုက်မဲစွာ ရယ်နေလေ၏။


အယ်လ်ဖာသည် လျင်မြန်စွာ သူ့လက်များဖြင့် အရူးလေးက ကော်လာကို လှမ်းဆွဲလိုက်လေ၏။ ကားတစ်စီးသည် လျင်မြန်စွာဖြတ်ကျော်သွားပြီး အရူးလေး၏ ခေါင်းပေါ်ရှိ ဆံပင်လေးများ လွှင့်သွားစေလေ၏။


" လောင်...လောင်ကုန်း " အရူးလေးလည်း လန့်သွားလေ၏။


"ကောင်းကောင်းလျှောက် " အယ်လ်ဖာသည် လေးနက်သောအမူအရာနှင့် ပြောလိုက်၏။


ဘယ်သူကကော လက်ထပ်လက်မှတ်ကို ပထမဆုံးမရခဲ့တာမို့လို့လဲ။ အရူးလေးက ဘယကြောင့် ဒီလောက် ဂနာမငြိမ် ဖြစ်နေရတာလဲ။


"အဟမ်း၊ စာရွက်စာတမ်းတွေကို အရင်သိမ်းလိုက်၊ လမ်းကိုကြည့်"


"ကောင်းပါပြီ" အရူးလေးသည် အခုပင် အန္တရာယ်ကိုသိလိုက်ပြီး လက်ထပ်စာချုပ်ကို အိတ်၏အတွင်းဘက်ဆုံးအိတ်ကပ်ထဲ ထည့်ထားလိုက်လေ၏။


ဒါက လက်ထပ်စာချုပ်ပါ။ ပြီးတော့ သူ ကောင်းကောင်း ဂရုစိုက်သင့်တယ်။


ယနေ့မှစ၍ အရူးလေးသည် တစ်ကိုယ်ရည်ခွေးတစ်ကောင် မဟုတ်တော့ပါ။ အရူးလေး လက်ထပ်လက်မှတ်ရသွားပါပြီ။ 


ဟီးဟီး၊ အရူးလေး ပျော်လိုက်တာ။


ရှန့်ကျစ်၏ လက်ထပ်ပြီး မင်္ဂလာပွဲကျင်းပမည့်သတင်းများသည် အသိုင်းအဝိုင်းထဲတွင် ပျံ့နှံ့နေလေ၏။ ကောလဟာလများအရ ရှန့်မိသားစု၏အကြီးအကဲအယ်လ်ဖာသည် သွားရှုပ်လို့မလွယ်ဘူးဆိုသည်ကို သိထားရပေမည်။


ရှန့်ကျစ်၏ သူငယ်ချင်းကောင်း အနည်းငယ်သည် ဤအကြောင်းကို အလွန်သိချင်နေကြသော်လည်း အယ်လိဖာသည် အရူးလေးကို ကောင်းစွာဖုံးကွယ်ထားသောကြောင့် သူ့သူငယ်ချင်းများသည် မတော်တဆ အကြိမ်ကြိမ်သွားတွေ့ကြလေ၏။


သူငယ်ချင်း : တချို့တချို့က သူတို့ရဲ့ ရွှေလှောင်အိမ်ကြီးထဲမှာ အလှလေးကို ဘယ်လိုဝှက်ထားရမှန်းသိကြတယ်။


သူဌေးကြီးသည် အေးစက်သောအမူအရာဖြင့် သူ့သူငယ်ချင်းများကို အထင်အမြင်သေးစွာဖြင့် ကြည့်နေလေ၏။


ကျစ်၊ ဒီလူမိုက်တွေက သူ့ရဲ့အရူးလေးကို လွှတ်ထားပေးကြမှာမဟုတ်ဘူး။


မင်္ဂလာပွဲတွင် နောက်ဆုံးတော့ သူငယ်ချင်းများသည် အယ်လ်ဖာ ကောင်းကောင်းကာကွယ်ထားသည့် အရူးလေးနှင့် တွေ့ဆုံခဲ့ကြရလေ၏။


အရူးလေးသည် ယနေ့တွင် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ဆံပင်များကို သေသေချာချာပုံသွင်းထားလေ၏။ အရူးလေး၏ ၀တ်စုံမှ နွေးထွေးသော အဝါရောင်အလင်းတန်းများ ဖြာထွက်နေလေသည်။


"လူကြီးမင်း ရွှီခယ့်၊ ခင်ဗျားအနေနဲ့ လူကြီးမင်းရှန့်ကျစ်ကို လက်ထပ်ဖို့ ဆန္ဒရှိပါသလား။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ အသက်ထက်ဆုံး သူ့ကို သစ္စာရှိဖို့ ဆန္ဒရှိပါသလား " 


“ကျွန်တော် ဆန္ဒရှိပါတယ် ” အရူးလေးသည် ဝမ်းသာအားရ ပြန်ဖြေလေ၏။


"လူကြီးမင်း ရှန့်ကျစ်၊ ခင်ဗျားဘေးနားက လူကြီးမင်းနဲ့ လက်ထပ်ဖို့ ဆန္ဒရှိပါသလား။ သာမာန်လူတစ်ယောက်အနေနှင့် တစ်သက်လုံး ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို မျှဝေခံစားချင်ပြီး တစ်သက်လုံး လက်တွဲဖို့ ဆန္ဒရှိပါသလား"


"ကျွန်တော် ဆန္ဒရှိပါတယ်" အယ်လ်ဖာသည် တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း အရူးလေး၏ လက်ကို တင်းတင်းဆုပ်ကိုင်ထားလေသည်။


လက်စွပ်သည် နေရောင်အောက်တွင် တောက်ပနေလေ၏။ ရှန့်ကျစ်သည် အရူးလေး၏လက်ကို ဆုပ်ကိုင်ထားလေ၏။ ခေါင်းအထက်တွင် အပြာရောင် ကောင်းကင်ပြာကြီးနှင့် တိမ်ဖြူဖြူများရှိပြီး သူတို့အနောက်တွင် ကျူးလစ်ပန်းများရှိလေ၏။


မင်္ဂလာပွဲသည် အတော်လေးကို အလုပ်ရှုပ်နေလေ၏။ ရှန့်ကျစ်သည် တစ်ချက်ကလေး သတိလွတ်သွားသည်နှင့် အရူးလေးသည် သူ့အကြည့်အောက်မှ ပျောက်သွားလေ၏။


နောက်ဆုံးတွင် အာဏာရှင်ကြီးသည် သူ့သူငယ်ချင်းအချို့၏ ရူသွပ်နေသောအကြည့်များကို ကြုံတွေ့ရလေတော့သည်။ ဤအယ်လ်ဖာ လူတစ်စုသည် အလွန်အမင်း စိတ်အားထက်သန်နေကြလေ၏။ အရူးလေးကို " မရီး" ဟုပင် ခေါ်ကြပြီး တချို့သည် သူ့ကိုနောက်မှလိုက်ကာ စာအိတ်နီများ ပေးမည်ဟု အတင်းပြောကြလေ၏။


ရှန့်ကျစ်သည် ငယ်စဉ်ကလေးဘဝကတည်းက တာ၀န် ကြီးကြီးမားမားများကို သယ်ဆောင်ခဲ့ရပြီး အထီးကျန်ဆန်လေ၏။ သူသည် တနေကုန် အေးစက်သည့်အမူအရာကိုသာ တပ်ဆင်ထားလေတတ်သည်။


ဤလူတစ်စုသည် မသိလိုက်ဘဲ မူးသွားကြပြီး အရူးလေးပင် ဝိုင်အများကြီး သောက်ခဲ့လေ၏။


အရက်မူးနေသော အယ်ဖာအုပ်စု ဘာလုပ်ကြမည်နည်း။


သူငယ်ချင်း တစ် (လေးနက်ပြီး လျှို့ဝှက်ဆန်းကြယ်) : ငါ့လောင်ဖောက အလွန်ချစ်ဖို့ကောင်းတယ်။


သူငယ်ချင်း နှစ်: ဟမ့် ငါ့လောင်ဖောက ချစ်စရာအကောင်းဆုံးပဲ။ သူက လိမ္မော်အရသာအိုမီဂါလေးလေ၊ ဟဲဟဲ အရမ်းချိုတယ်။


သူငယ်ချင်း သုံး ( အလွန်ကျယ်လောင်စွာ ) : ငါ့လောင်ဖောက...


အရူးလေးသည် ခေါင်းလေူကိုစောင်းပြီး အချိန်အကြာကြီး နားထောင်နေခဲ့၏။ ရုတ်တရက် " ဘုန်း" ခနဲ့ စားပွဲကို ရိုက်လိုက်လေ၏။ အရူးလေးသည် ဒေါသတကြီးနှင့် ဆိုလေ၏။ “ငါ့ ငါ့လောင်ဖောက အချောဆုံးပဲ။ marshmallow- အမ်း အမ်း " 


ရှန့်ကျစ် ပြန်ရောက်လာသည်နှင့် ဤစကားကိုကြားလိုက်ပြီး မိုက်မဲသောအမူအရာနှင့် ပါးစပ်ကို အုပ်လိုက်လေ၏။


နောက်နေတာလား၊ marshmallow အရသာလား။


သူဌေးက မျက်နှာ မပျက်ချင်သေးဘူး။အရူးလေး တကယ်မူးနေလေ၏။ အယ်လ်ဖာသည် သူ့ပါးစပ်ကို အုပ်ထားလေ၏။ ပထမတော့ အရူးလေသည် " အမ်း အမ်း" နှင့် ခဏလောက် ရုန်းကန်ခဲ့သော်လည်း ရှန့်ကျစ်ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် ချက်ချင်းပဲ နာခံသွားပြီး အယ်လ်ဖာအား သူ့ကို ဆုပ်ကိုင်ခွင့်ပေးလိုက်လေ၏။


အရူးလေးသည် မိုက်မဲစွာပြုံးကာ သူ့လျှာဖျားလေးကို ထုတ်လိုက်ပြီး အယ်လ်ဖာ၏ လက်ဖဝါးကို ညင်သာစွာ ထိလိုက်လေ၏။


ရှန့်ကျစ်သည် မီးလောင်ခံလိုက်ရသလို သူ့လက်ကို အမြန်ပြန်ပြန်ရုတ်လိုက်ပြီး နားရွက်များ နီရဲလာလေ၏။


အရူးလေးသည် မိုက်မဲစွာ ပြုံးလိုက်ပြီး "ဟီးဟိး ငါ့လောင်ဖောက ချစ်စရာကောင်းလိုက်တာ~" 


ရှန့်ကျစ် : ...


အရူးလေး : လောင်ဖော။


သူဌေးကြီး : ကိုယ့်ကို လောင်ကုန်းလို့ခေါ်။


အရူးလေး : ကောင်းပါပြီ လောင်ဖော။


သူဌေးကြီး : ...




စာရေးသူ၏ ပြဇာတ်တိုလေး 


သူဌေးကြီး : ကိုယ့်ကို လောင်ကုန်းလို့ခေါ်။


အရူးလေး : ဟီး ဟီး ...လောင်ဖော။



Translated by အုန်းသာကူ