အခန်း(၁၀) နေ့စဉ်အပိုင်းအစများ( ချက်ပြုတ်ခြင်း)
အယ်လ်ဖာ၏ ထိလွယ်ရှလွယ်ကာလသည် ဆက်လက်ဖြစ်နေခဲ့ပြီး နောက်ဆုံးတွင် ကုန်ဆုံးသွားသောအခါ တစ်ပတ်ခန့်ကြာနေပြီဖြစ်လေသည်။
ပြတင်းပေါက်အပြင်ဘက်တွင် မိုးစရွာလာချိန်၌ နံနက်အစောကြီးဖြစ်လေ၏။
အခန်းသည် ရှုပ်ပွနေပြီး မက်မွန်သီးမွှေးရနံ့များနှင့် ရောစပ်နေသည့် marshmallow ရနံ့သည် အခန်းထောင့်များတွင် တဝဲလည်လည်နှင့် လေထဲသို့ ပျံ့လွင့်နေလေ၏။
အရူးလေးသည် အိပ်တစ်ဝက် နိုးတစ်၀က်နှင့် စောင်ကိုကန်ထုတ်လိုက်ပြီး အယ်လ်ဖာသည် မသိစိတ်ကနေ စောင့်ဖြင့် ပြန်ထုပ်ထားလိုက်လေ၏။
အရူးလေး၏ အမွှေးပွယောင်းယောင်းခေါင်းလေးသည် အယ်လ်ဖာ၏လက်နှစ်ဖက်တွင် ရှိနေပြီး ကြောင်ပေါက်လေးတစ်ကောင်ကဲ့သို့ အကြိမ်အနည်းငယ် ညည်းညူလိုက်လေ၏။
ရှန့်ကျစ်သည် အရူးလေးကို ပွေ့ဖက်ကာ နံနက်အရုဏ်တက်ချိန်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။ သူ ပြန်နိုးလာသောအခါ မနက်ကိုးနာရီထိုးနေပြီဖြစ်၏။
ရှန့်ကျစ်သည် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော အိုမီဂါလေးကို တစ်ချက် ငုံ့ကြည့်လိုက်၏။
ဟမ့်၊ အိုမီဂါလေးကတော့ တကယ်ကို ကပ်တွယ်နေတာပဲ။
တစ်စုံတစ်ယောက်သော အာဏာရှင် ရှန့်ကျစ်သည် သူ့၏ "ရိုင်းစိုင်းသောလက်များ" ကို မေ့သွားခဲ့လေသည်။ နောက်ဆုံးတော့ ကပ်တွယ်နေတာ သူမဟုတ်ဘူး၊ ဟုတ်တယ်မလား။ သူဌေးတွေက ဘယ်လိုတွယ်ကပ်ရမှန်း မသိပါဘူး။
သူဌေးက သူ့ဇနီးလေးကို သူ့လက်ထဲ ချုပ်နှောင်ထားမှာမဟုတ်ဘူးလေ။
အယ်လ်ဖာသည် တိတ်တဆိတ် ကုတင်ပေါ်ကနေ ဆင်းလိုက်ပြီး လှည့်ကြည့်ကာ အရူးလေးကို ဂရုတစိုက် အိပ်ယာထဲ ထုပ်ပိုးထားလိုက်လေ၏။
နာရီဝက်အကြာတွင် သူဌေးကြီးသည် ဘ၀တစ်ခုလုံးတွင် အကြီးမားဆုံး စိန်ခေါ်မှုကို ရင်ဆိုင်ခဲ့ရသည်ဟု ခံစားခဲ့ရလေကာ မီးဖိုချောင်ထဲတွင် မတ်တပ်ရပ်နေခဲ့လေ၏။
အရူးလေးက ဘာစားချင်လောက်လဲ။ ရှန့်ကျစ်သည် ဟင်းချက်အက်ပ်တစ်ခုပေါ်ရှိ ပျော့ပျောင်းနူးညံ့သည့် ကောက်ညင်းပေါင်းကိတ်မုန့်ကို ခဏလောက် စိုက်ကြည့်နေကာ၊ နောက်ဆုံးမှာ နှိပ်ကြည့်လိုက်လေ၏။
" ပါဝင်ပစ္စည်းများ: ကြက်ဥ ၃ လုံး (အခွံအပါ ၅၅ ဂရမ်မှ ၆၀ ဂရမ်ခန့်)၊ နို့ ၃၅ ဂရမ်၊ သကြားဖြူ ၄၅ ဂရမ် (ကြက်ဥအဖြူ ၃၀ ဂရမ်၊ ကြက်ဥအနှစ် ၁၅ ဂရမ်)၊ ဂကစီဓာတ်နည်း ဂျုံမှုန့် ၅၀ ဂရမ်၊ ပြောင်းဆီ ၃၀ ဂရမ်၊သံပုရာရည် (သို့မဟုတ် ရှာလကာရည်ဖြူ) အနည်းငယ်၊ ပြောင်းဖူးမှုန့် ၃-၅ဂရမ် (ကြက်ဥအဖြူထဲသို့ထည့်ပါ)၊ ဆား ၀.၅ ဂရမ် ...]"
???
သန့်စင်ပြီးသကြားဆိုတာ ဘာသကြားလဲ။ ကစီဓာတ်နည်းတဲ့ ဂျုံမှုန့်က ဘာဂျုံမှုန့်လဲ။ ပြောင်းဖူးမှုန့်က ဘာလုပ်ဖို့လဲ။
မေ့လိုက်ပါတော့၊ အရူးလေးက ယာဂုသောက်ရတာ ကြိုက်တုန်းပါပဲ။
ဘာလို့ ကိတ်မုန့်စားမလဲ။ ပေါ့ပေါ့ပါးပါးနဲ့ ကျန်းမာရေး ညီညွတ်တာ စားကြတာပေါ့။
နောက်ဆုံးတော့ သူဌေးသည် တိုက်ရိုက် နိဂုံးချုပ်လိုက်လေ၏။
ဂလုံး ဂလွမ်နှင့် မီးဖိုချောင်ထဲတွင် သူဌေးသည် ပထမဆုံးအကြိမ် ခါးစည်းကို၀တ်ကာ မီးကိုဖွင့်ပြီး ရေနှင့် ဆန်ထည့်လိုက်၏။ ပွက်ပွက်ဆူနေသောအိုးကိုကြည့်ရင်း သူ့အောင်မြင်မှုအတွက် အလွန် ကျေနပ်သွားလေ၏။
နေဖင်ထိုးနေပြီဖြစ်သော်လည်း အရူးလေးသည် မနိုးသေးချေ။ အိပ်ငိုက်နေသော အိုမီဂါသည် ပျင်းရိစွာ လက်ဆန့်ထုတ်လိုက်ပြီး သမ်းကာ အကြာကြီးစောင့်နေသည့် အယ်လ်ဖာ၏ ပွေ့ဖက်မှုကို ခံလိုက်ရချိန်မှာတော့ Marshmallow ရနံ့က အနည်းငယ် မှိန်ဖျော့သွားသော်လည်း အယ်လ်ဖာ၏ခန္ဓာကိုယ်မှ ချည်မျှင်များကို သွယ်ယှက်ဖြန့်ကျက်နေကာ အရူးလေးကို သူ့ကိုယ်ပိုင် အမှတ်အသားပြုထားလေ၏။
"မလာဘူး၊ မလာဘူး " အရူးလေးသည် ငြီးတွားသော်လည်း အယ်လ်ဖာ၏လက်ကို ဆုပ်ကိုင်ထားဆဲဖြစ်လေ၏။
အရူးလေးသည် အလွန်ပင်ပန်းနေလေ၏။ ထိလွယ်ရှလွယ်ကာလတွင် အယ်လ်ဖာ၏ စွမ်းအင်သည် အလွန်ကောင်း၏။ အရူးလေးသည် မခံမရပ်နိုင်အောင်ဖြစ်သွားရလေ၏။
ထိုအချိန်မှစပြီး ညတိုင်း မနက် ၂ နာရီ ၃ နာရီလောက်မှသာ အိပ်ယာ၀င်ကြလေ၏။ အရူးလေးသည် ပန်ဒါဝက်ဝံတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုမျိုး ခံစားလိုက်ရလေကာ သူ့မျက်လုံးအောက်တွင် မျက်ကွင်းညိုကြီးများ ရှိလေ၏။
သို့သော် အရူးလေးသည် သူ့လောင်ကုန်းနှင့် နီးနီးကပ်ကပ်နေရသည်ကို သဘောကျလေ၏။
သူဘာများလုပ်နိုင်မလဲ အရူးလေးက စိတ်ပူနေလေ၏။ " ဟင်း" အရူးလေးသည် သက်ပြင်းချလိုက်လေ၏။
"ဘာဖြစ်လို့လဲ" အယ်လ်ဖာ၏ နားရွက်များသည် အနည်းငယ်နီလာပြီး မနေ့ညကမြင်ကွင်းများသည် အယ်လ်ဖာ၏ စိတ်ထဲတွင်ပေါ်လာလေ၏။ နမ်းခိုင်းသည့် အရူးလေးရှိသည်။ ဒူးထောက်ထိုင်ချလိုက်ပြီး စိတ်လိုလက်ရ အပေါ်အောက်ရွှေ့ဖို့ လှည့်စားခံရသည့်အရူးလေးရှိသည်။ ဟုတ်ပါတယ်၊ နီရဲ့နေသော မျက်လုံးများနှင့် ခြေကျင်းဝတ်ကို အဆက်မပြတ်ဆွဲကိုင်နေသည့် အရူးလေးလည်းရှိသေးသည်။
"အဟမ်း" အယ်လ်ဖာသည် အရူးလေး၏ ခါးကို မသက်မသာ ပွတ်သပ်ပေးလိုက်ရင်း " အိပ်ယာထဖို့အချိန်ရောက်ပြီ၊ မင်း...မင်း အဆင်မပြေသေးလို့လား"
"အမ်း..." အရူးလေးသည် မျက်နှာလေးကို မော့ကြည့်လိုက်ပြီး အယ်လ်ဖာ၏ မေးစေ့ကို ပွတ်သပ်လိုက်လေပြီး အယ်လ်ဖာကို နာခံစွာ ပွေ့ဖက်ထားကာ " လောင်ကုန်း "
" ကိုယ် ဒီမှာ "
" လောင်ကုန်း "
" အင်း "
" မင်္ဂလာမနက်ခင်းပါ လောင်ကုန်း "
အရူးလေးက ဘာကြောင့် ဒီလောက် ပြောစရာတွေများနေရတာလဲ။
ရှန့်ကျစ်သည် သူ့ကို ထပ်ခါထပ်ခါ နမ်းချင်နေခဲ့လေသည်။
"မင်္ဂလာနံနက်ခင်းပါ" အဆုံးတွင် အယ်လ်ဖာသည် "မင်္ဂလာနံနက်ခင်းပါ" ဟု ကျေနပ်စွာ ပြန်ဖြေလိုက်၏။ ရှန့်ကျစ်သည် သူ့နှုတ်ခမ်းကို နမ်းလိုက်ပြီး မူးဝေနေသော အရူလေးကို ကျေနပ်စွာကောက်ချီကာ မီးဖိုခန်းသို့ သယ်ဆောင်သွားခဲ့လေ၏။
"ဟမ် " အရူးလေးသည် ထမင်းစားစားပွဲတွင် ထိုင်ကာ ပန်းကန်လုံးထဲရှိ ပဲစေ့ကို ကြည့်လိုက်ပြီး လှည့်ပတ်ကြည့်လိုက်၏။ အိမ်တော်ထိန်း ဘယ်မှာလဲ။ သူ့ရဲ့ ဆော်လမွန်၊ မျောက်ဥနဲ့မှို ပန်ကိတ်တွေ၊ ခရမ်းချဉ်သီးတို့ဟူး အသားလုံးတွေ ဘယ်မှာလဲ။ ထိလွယ်ရှလွယ်ကာလရောက်ကတည်းက အိမ်တော်ထိန်းသည် သူ့အတွက် အစားအစာများစွာကို ချက်ပြုတ်ပေးခဲ့သည်။
" ဘာဖြစ်လို့လဲ " ရှန့်ကျစ် ၀င်လာလေ၏။
"အိုး၊ ဘာမှမဟုတ်ဘူး" အရူးလေးသည် ခေါင်းယမ်းလိုက်၏။ ဂျုံယာဂုပဲ၊ အနည်းဆုံးတော့ မတ်ပဲစေ့တွေ ပါသေးတယ်။ အရူးလေးသည် ပျော်နေတုန်းပင်။
အရူးလေးသည် ဂျုံယာဂုကို ကောက်ယူလိုက်သော်လည်း တစ်ဇွန်းမခပ်မီမှာတွင် အယ်လ်ဖာသည် ဤသို့လုပ်ဖို့ ရည်ရွယ်ချက်မရှိပြံရကာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရလေ၏။
ဟမ်၊ ဘာလို့ နည်းနည်း မျှော်လင့်နေတဲ့ပုံရတာလဲ။
အရူးလေးသည် အံ့ဩသွားသော်လည်း သူ့လက်သည် လှုပ်ရှားမှုများ မရပ်ခဲ့ချေ။
အယ်လ်ဖာ၏ မျက်လုံးများသည် နောက်မှ နီးကပ်စွာလိုက်လာလေ၏။
နောက်ဆုံးတော့ ဇွန်းသည် သူ့ပါးစပ်ထဲ၀င်သွားလေ၏။
" အရသာဘယ်လိုလဲ " အယ်လ်ဖာသည် မစောင့်နိုင်တော့ချေ။
"အရသာရှိတယ်" အရူးလေူသည် နားမလည်သေးချေ။
အိုး
အရူးလေးသည် အလွန်ပျော်နေလေ၏။
"လောင်ကုန်းက အရမ်းတော်တာပဲ" ဟု သူ့စကားမဆုံးခင်မှာ ရုတ်တရက် "ခွပ်" ခနဲ အသံထွက်လာလေပြီး အရူးလေးသည် ဂျုံယာဂုထဲမှ မာကျောသည့် အရာတစ်ခုကို ကိုက်မိသွားလေ၏။
ဟုတ်ပါတယ်၊ ကိုက်မိသွားတာပါ။
သူဌေးကြီးသည် လုံးဝပိတ်နေသော မတ်ပဲလုံး ဝိုင်း၀ိုင်းလေးကို ကြည့်ပြီး လေးလေးနက်နက် တွေးမိလိုက်လေ၏။
ဂျုံပြုတ်ပြီးတာနဲ့ မတ်ပဲစေ့တွေကို တိုက်ရိုက်ထည့်တာ မဟုတ်ဘူးလား။
အယ်လ်ဖာသည် အဲ့ဩသွားလေ၏။ သူဌေး စိတ်ဓာတ်ကျနေပြီဖြစ်သည်။"အင်း၊ ဘာလဲ " အရူးလေးသည် မျပ်မှောင်ကြုတ်ပြီး စိတ်ဓာတ်ကျနေသည့် အယ်လ်ဖာကိုကြည့်ရင်း နှစ်သိမ့်စကားများကို အကြာကြီး စဉ်းစားနေခဲ့ကာ၊ နောက်ဆုံးတွင် အယ်လ်ဖာ၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်လေ၏။ "ဒီမတ်ပဲစေ့တွေ တော်တော်အသက်ပြင်းနေပြီ ..."
ရှန့်ကျစ် : ...
စားရေးသူ၏ ပြဇာတ်တိုလေး
ယနေ့ အယ်လ်ဖာသည် သူ့အိုမီဂါလေးအတွက် အလေးအနက် ချက်ပြုတ်နေ၏။
အယ်လ်ဖာ : လောင်ဖော ကိုယ့်ကို ချီးကျူးပါ။
အိုမီဂါအရူးလေး : ငါ့လောင်ကုန်းက အရမ်းတော်တာပဲ။ ငါ့လောင်ကုန်း QAQ သူ ချက်ပြုတ်ထားတဲ့အစားအစာကို စားရတာ နည်းနည်းတော့ မာတယ် (တိုးတိုးလေးပြော )
Translated by အုန်းသာကူ