အခန်း(၉) လောင်ကုန်း၏နူးညံ့ညင်သာသောအချစ်
နောက်တစ်နေ့ နေ၀င်ချိန်။
အရူးလေးသည် သူ့ "အလုပ်ရုံ" တွင် ထိုင်ကာ ခေါင်းစိုက်စိုက်ကျနေပြီး မှင်တွေနေလေ၏။ သူတကယ် အိပ်ငိုက်နေလေသည်။
သူသည် ယခုအချိန်တွင် တစ်စုံတစ်ယောက်သော အာဏာရှင်ကြီးနှင့် နှစ်ပတ်ကြာ အလုပ်လုပ်နေခဲ့ရသည်။ ဌာနခွဲ အကြီးအသေးအားလုံးကို သူသွားရောက်ကြည့်ရှုခဲ့ရသည်။
သက်ပြင်းချ၊ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတာပဲ။
အရူးလေးသည် ပျော်ရွှင်သောအရူလေး မဟုတ်တော့ချေ။
သူသည် သူ့လုပ်ဖော်ကိုင်ဖက်၏ညီမထံမှ ၉.၉ ယွမ်ပို့ခနှင့်စ်တစ်ခုကို အထပ်မြင့်ဖိုင်များကို ငှားရမ်းပြီး စားပွဲပေါ်တွင် သေသပ်စွာထားခဲ့လေသည်။
၎င်းသည် အယ်လ်ဖာ၏အမြင်ကို ကွယ်ထားလေ၏။
အပါးခိုဖို့အတွက် မရှိမဖြစ်လို့ လူသိများလေ၏။
အရူးလေးသည် သူ့နှုတ်ခမ်းများကို သပ်ရင်း ခေါင်းကို ဖြည်းညှင်းစွာငုံ့လိုက်ပြီး ဘေးနားတွင် ဘယ်သူမှမရှိသလို ဟောက်ပါလေတော့၏။
အယ်လ်ဖာ: ...
အာဏာရှင်ကြီး အယ်လ်ဖာသည် ပေါ့ပေါ့ပါးပါးပင် သူ့အင်္ကျီကို အရူးလေးပေါ်မှာ ခြုံထားပေးလိုက်၏။
အယ်လ်ဖာသည် အရူးလေး၏ ဟောက်သံလေးများကို ပထမဆုံးအကြိမ် သုံးနာရီကြာ နားထောင်ပြီး အလုပ်လုပ်နေခဲ့လေသည်။
“ အဟမ်း " အလုပ်ဆင်းခါနီးတွက် အယ်လ်ဖာသည် ချောင်းဆိုးလိုက်လေ၏။
" ဘန်း "
အရူးလေးသည် လန့်ဖျပ်သွားပြီး နာကျင်နေသော ခြေထောက်များကို မသိစိတ်ကနေ ပွတ်သပ်လိုက်လေ၏။
"ရှဲန်းရှန့်" အရူးလေးသည် နာခံမှုရှိစွာနှင့် မတ်တပ်ထရပ်လိုက်ကာ သမ်းဝေနေပြီး ထုံထိုင်းနေလေ၏။
"မင်း မနက်ဖြန်ကျရင် ကုမ္ပဏီကို လာစရာမလိုဘူး" အယ်လ်ဖာသည် အေးစက်စွာ ပြောလိုက်လေ၏။
ကုမ္ပဏီကို လာစရာ မလိုဘူး။
အရူးလေးသည် သူ့နားရွက်လေးများကို ပွတ်သပ်ရင်း ခဏလောက် ထိတ်လန့်သွားလေ၏။
"သက်ပြင်းချ၊ ဒီစကားနဲ့ အလုပ်သမားကို ပြောတာက တကယ်ပျော်ရွှင်စရာပါပဲ "
အရူးလေးသည် သူအလုပ်ဆင်းချိန်ရောက်သောအခါ စိတ်လှုပ်ရှားစွာ ခုန်ပေါက်ပျော်ရွှင်နေသေးသည်။
နောက်တစ်နေ့၊ သူသည် အစောကြီးနိုးလာပြန်လေ၏။
မမေးပါနဲ့၊ အလုပ်သမားတစ်ယောက်ရဲ့ သနားစရာ ဇီဝနာရီပါပဲ။
"မင်္ဂလာနံနက်ခင်းပါ ရှဲန်းရှန့် ~" သူ အိပ်ခန်းထဲမှ ထွက်လာပြီး ဝက်ဝံညအိပ်ဝတ်စုံဝတ်ထားပြီး မျက်လုံးများကို ပွတ်သပ်ရင်း မီးဖိုခန်းဘက်သို့ ကြောင်တက်တက် လမ်းလျှောက်လာလေ၏။များသောအားဖြင့် အယ်လ်ဖာသည် စောစောထ၍ လေ့ကျင့်ခန်းလုပ်ပြီးနောက် သူတို့နှစ်ယောက်အတွက် ရိုးရှင်းသော နံနက်စာ ပြင်ဆင်လေ့ရှိသည်။
သို့သော် ယနေ့မှာတော့ ထူးဆန်းစွာနှင့် မီးဖိုချောင်အခန်းသည် လွတ်နေလေ၏။
" ရှဲန်းရှန့်"
" ရှဲန်းရှန့်"
" ရှဲန်းရှန့်"
အရူးလေးသည် ဗီလာတဝိုက်တွင် လှည့်ပတ်ကြည့်ခဲ့သော်လည်း အယ်လ်ဖာကို မည်သည့်နေရာတွင်မှ ရှာမတွေ့ခဲ့ချေ။
ဟမ်၊ လေထဲမှာ မွှေးကြိုင်နေတဲ့အနံ့လေး ဘာလို့ရနေတာလဲ။
အရူးလေးသည် လည်ပင်းလေးကိုဆန့်ကာ ရှူရှိုက်လိုက်လေ၏။
အဲ့ဒါက marshmallow အနံ့နဲ့တူတယ်။
သူသည် အနံ့နောက်သို့ လိုက်၍ အယ်လ်ဖာ၏ အိပ်ခန်းထဲ၀င်လာခဲ့လေ၏။
ဟုတ်ပါတယ်၊ အဲ့ဒါက အယ်လ်ဖာ၏ အိပ်ခန်းပါပဲ။
"လက်ထပ်ခြင်း" စာချုပ်ကို မြင်ပြီးကတည်းက အရူးလေးသည် အယ်လ်ဖာနှင့် အတူမနေတော့ချေ။ အယ်လ်ဖာသည် သူ့ခင်ပွန်းမဟုတ်သောကြောင့် အရူးလေးသည် အယ်လ်ဖာနှင့် နီးနီးကပ်ကပ်မနေဝံ့တော့ချေ။
အရူးလေးသည် အယ်လ်ဖာ၏ နှင်ထုတ်ခြင်းခံရမည်ကို သူတကယ်ကြောက်နေခဲ့လေသည်။
သို့သော် ကံကောင်းထောက်မစွာနှင့်၊ အိမ်ကြီးသည် မယုံနိုင်လောက်အောင် တကယ်ကြီးသောကြောင့် အရူးလေးသည် တခြားအခန်းကို အမြန်ရှာတွေ့ခဲ့လေ၏။ ထိုအခန်းသည် မူလအခန်းလောက် သိပ်မကျယ်သလို အလင်းရောင်လည်းမကောင်းချေ။ အရူးလေးသည် နီရဲနေသောမျက်လုံးလေးများနှင့် အချိန်အတော်ကြာအောင် သန့်ရှင်းရေးလုပ်ပြီးနောက် အယ်လ်ဖာပြန်ရောက်မလာခင် သူ့ပစ္စည်းများကို ရွှေ့ထားလိုက်လေ၏။
အရူးလေးသည် အရာအားလုံးကို ကောင်းကောင်း ပြင်ဆင်ထုပ်ပိုးပြီး သူ့မျက်နှာသေးသေးလေးသည် ဖုန်မှုန့်များ ပေကျံနေလေ၏။
အရူးလေးသည် မျက်နှာကို ပြန်ဆေးကြောလိုက်၏။
လောင်ကုန်းသည် သူ့မျက်နှာကို ထပ်သုတ်မပေးတော့ချေ။ ဤလိုနှင့်လည်း အရူးလေးသည် အလွန်ကောင်းမွန်ပါချေ၏။
သေးငယ်သော အိပ်ရာတစ်ခု၊ အစားတစ်နပ်၊ တခါတရံ ပန်းစည်းများ ရှိနေသရွေ့ အရူးလေးသည် ဘယ်နေရာမှာမဆို နေနိုင်လေသည်။ အရူးလေးသည် အစားကျွေးရသည်မှာ အလွန်လွယ်၏။ ဤလ်ုသာဆို အရယးလေး စွန့်ပစ်မခံရလောက်ဘူး၊ ဟုတ်တယ်မလား။
လက်ရှိပစ္စပ္ပန်သို့ ပြန်ရောက်လာ၏။
အရူးလေးသည် marshmallow မွှေးရနံ့နောက်လိုက်သွားပြီး၊ သူသည် နောက်ဆုံးတွင် အယ်လ်ဖာ၏ တံခါးသို့ပင် ရောက်လာလေသည်။
" ဟမ် " အရူလေး၏ ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားကြီး ပေါ်လာလေ၏။
" ရှဲန်းရှန့်" အရူးလေးသည် တံခါးခေါက်လိုက်လေ၏။
ဘယ်သူမှ ပြန်မဖြေချေ။
အရူးလေးသည် ခေါင်းညိတ်လိုက်ပြီး တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်လေ၏။
" ရှဲန်းရှန့် ရှိလားဟင် " သူ့အသံလေးသည် ညင်သာပျော့ပျောင်းနေလေ၏။
ဘယ်သူမှ ပြန်မဖြေသော်လည်း marshmallow ရနံ့သည် ပို၍ပင်ပြင်းထန်လာပုံရလေ၏။
အရူးလေးသည် ရုတ်တရက် နားစိုက်လိုက်၏။
ဗီရိုထဲမှ ဆူညံသံတစ်ခု ထွက်လာလေ၏။
ဟမ်။
အရူးလေးသည် ဗီရိုကို ဘန်းခနဲ ဖွင့်လိုက်လေ၏။ ဗီရိုသည် အဝတ်အစားမျိုးစုံဖြင့် ရှုပ်ပွနေပြီး အသိုက်တစ်ခုဖြစ်နေလေသည်။
အယ်လ်ဖာသည် ဘောလုံးတစ်လုံးကဲ့သို့ ကျို့နေကာ ပတ်ပတ်လည်တွင် အရူးလေးအဝတ်အစားများ ဝိုင်းရံထားလေ၏။ အယ်လ်ဖာသည် အဝတ်ပုံထဲတွင် သူ့ကိုယ်သူမြှုပ်နှံထားပြီး အရူးလေး၏ ဂျာကင်အင်္ကျီကို သူ့လက်ထဲတွင် ကိုင်ထားလေသည်။
"ရှဲန်းရှန့်" အရူးလေးသည် နှေးကွေးစွာ တုံ့ပြန်လိုက်ပြီး သက်တံရောင် ပူဖောင်းများကဲ့သို့ marshmallow သည် ပတ်ပတ်လည်တွင် လွင့်ပျံနေလေသည်။
ချိုလိုက်တာ။
အယ်လ်ဖာသည် ဗိရိုတံခါးပွင့်လာသောအခါ မျက်လုံးများက်ု မော့ကြည့်လိုက်လေ၏။ အယ်လ်ဖာ၏ ရန်လိုမှုကို ခံစားလိုက်ရပြီး သို့သော် လူကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသောအခါ ပုံမှန်အားဖြင့် အေးစက်နေတတ်သော မျက်နှာသည် ရုတ်တရက် သနားစရာလေး ဖြစ်သွားလေ၏။
သူသည် မျက်တောင်ခတ်ပြီး မျက်ရည်တစ်စက် ကျသွားလေ၏။
"ရှိုက်...လောင်ဖော" အယ်လ်ဖာသည် ငိုပြီး အရူးလေးဆီ လက်ဆန့်လိုက်လေ၏။
အရူးလေး၏ မျက်နှာသည် ချက်ချင်းပင် နီရဲသွားလေ၏။
“မဟုတ်ဘူး၊ မဟုတ်ဘူး” အရူးလေးသည် အယ်လ်ဖာကို ရှင်းပြဖို့ကြိုးစားရင်း အလျင်စလို သူ့လက်လေးကို ခါယမ်းပြလိုက်၏။
သို့သော် စကားမဆုံးခင်မှာပင် အယ်လ်ဖာ၏မျက်ရည်များ ပိုပြင်းထန်စွာ ကျဆင်းလာသည်ကို အရူးလေး မြင်လိုက်ရလေ၏။
အယ်လ်ဖာသည် အရူးလေး၏ အင်္ကျီလက်နားစကို ဆွဲကာ " လောင်ဖော... လောင်ဖော၊ ကိုယ့်ကို မငြင်းပါနဲ့"
အယ်လ်ဖာသည် အရူးလေး၏ လက်ကိုဆုပ်ကိုင်ထားပြီး မှားယွင်းခံရသော လေသံနှင့် စွပ်စွဲနေသလို ဆိုလေ၏။ " ငါ့လောင်ဖောက ငါ့ကို လျစ်လျူရှုထာတယ်။ သူ့က ငါ့ကို မွှေးကြိုင်တဲ့ ကွေ့ဟွားကိတ်မုန့်တောင် မလုပ်ပေးဘူး။ သူက ငါ့ကို လောင်ကုန်းလို့လည်းမခေါ်ဘူး။ သူက ငါ့ကို မနမ်းဘူး"
"ရှိုက်...သူက ငါ့ကို မလိုချင်တော့ဘူး..."
အရူးလေးသည် သက်ပြင်းချလိုက်ပြီး "ဒါပေမယ့် ကျွန်တော်တို့ လက်ထပ်ထားတာ မဟုတ်ဘူး။ သဘောတူညီချက်ပဲလေ..."
"ဒါဆို ကိုယ်တို့လက်ထပ်ကြရအောင် " အယ်လ်ဖာသည် ဗီရိုထဲမှထွက်ာ ချီးကျူးခံချင်နေသည့် ကလေးတစ်ယောက်လို " ဟုတ်တယ်၊ ငါလောင်ဖောနဲ့ တစ်သက်လုံး အတူတူနေချင်တယ် "
ID ကတ်များကို လေးနက်စွာကိုင်ထားပြီး စိတ်ထက်သန်နေသော အယ်လ်ဖာကိုမြင်လိုက်ရသောအခါ အရူးလေးသည် အနည်းငယ် စိတ်ရှုပ်ထွေးသလို ခံစားလိုက်ရလေ၏။
ဘယ်လိုပြောရမလဲ၊ အရူးလေး အတော်လေးပျော်နေလေ၏။
လက်ထပ်ပါ၊ ၎င်းသည် တစ်သက်လုံး တည်မြဲသည့် အိမ်ထောင်ရေးဖြစ်၏။
"ခင်ဗျား ကျွန်တော့်ကို လက်ထပ်မှာလား " အရူးလေးသည် မျက်တောင်ခတ်ပြီး မေးခွန်းကို ထပ်မေးလိုက်ပြန်၏။
" ကိုယ် လောင်ဖောနဲ့ လက်ထပ်ချင်တယ် "
"ဟုတ်တယ်၊ လက်ထပ်လက်မှတ်ယူရမယ်၊ မင်္ဂလာပွဲကြီးတစ်ခုလုပ်ရမယ်၊ မယုံနိုင်လောက်အောင်ကို လှပတဲ့ပန်းပွင့်တွေကို မှာယူခိုင်းရမယ်..." အယ်လ်ဖာသည် စကားပြောနေလေ၏။
" ရပါပြီ" အရူးလေးသည် အယ်လ်ဖာ၏ လက်ကိုကိုင်ထားပြီး ညင်သာစွာနှင့် " လုံလောက်ပါပြီ၊ လုံလောက်ပြီ "
အရူးလေးက ချော့ရတာအရမ်းလွယ်တာပဲ။
အရူးလေးသည် ခေါင်းငုံ့ကာ အယ်လ်ဖာ၏နဖူးကို ညင်သာစွာ နမ်းလိုက်ရင်း တိုးတိုးလေး ပြောလိုက်၏။ “ဒါဆို မင်္ဂလာပါ၊ လောင်ကုန်း "
အရူးလေး၏ လည်ပင်းအနောက်ရှိ ထိန်းချုပ်ကအ်ခွာကို ဖယ်လိုက်ပြီး အယ်လ်ဖာသည် အရူးလေးကို ကောက်ပွေ့လိုက်လေ၏။
ထိလွယ်ရှလွယ်ကာလ ကုန်ဆုံးခါနီးအထိ အယ်လ်ဖာသည် တွယ်ကပ်နေဆဲဖြစ်ပြီး ကုမ္ပဏီတွင် သူ့လောင်ဖောကို အလုပ်ခေါ်သွားလေ၏။
ကုမ္ပဏီသို့ သွားသည့်လမ်းတွင်
" ငါ့လောင်ဖောက အရင်က ငါ့ကိုလျစ်လျူရှုထားခဲ့တယ်..." အာဏာရှင်ကြီးသည် ယခင်က အမှတ်တရဟောင်းများကို ဖော်ရသည်ကို ကြိုက်နေလေ၏။
" နားလည်ပါပြီ " အရူးလေးသည် ခွေးကြီး၏ခေါင်းကို နူညံ့သည့် လက်ကလေးနှင့် ပုတ်ပေးလိုက်၏။
အယ်လ်ဖာသည် ထိလ်ရှလွယ်ကာလတွင် အဘယ်ကြောင့် ဤမျှ ပြောရခက်လိုက်သနည်း။
" အိုး၊ ကိုယ် မင်းကို နမ်းချင်တယ်" အယ်လ်ဖာသည် အရူးလေးနား ကပ်သွားပြီး သူ့၏ ၁.၈မီတာရှိသည့် ခန္ဓာကိုယ်ကို အရူးလေး၏ ရင်ခွင်ထဲသို့ တိုး၀င်ရန် ကြိုးစားလေ၏။
"နမ်း" အရူးလေးသည် နောက်ထပ်သည်းခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိပါတော့ချေ။
" ပြီးတော့ လောင်ဖောနဲ့ ကလေးလည်း ယူချင်သေးတယ် "
"ပါးစပ်ပိတ်"
"ခင်ဗျား ဒီလိုပြောပြန်ပြီ၊ ဆက်ပြေ ရင် ခင်ဗျားမျာ မယားရှိတော့မှာ မဟုတ်ဘူး။ " အရူးလေးသည် အလွန်ရက်စက်လေ၏။
Translated by အုန်းသာကူ