အခန်း(၈)
Viewers 3k

အခန်း(၈) အလေအလွင့်




အယ်လ်ဖာသည် မကြာသေးမီက စိုးရိမ်ပူပန်နေခဲ့လေသည်။


သူဘာကိုများ စိတ်ပူနေခဲ့တာလဲ။ ဟုတ်ပါတယ်။ အရူးလေးတစ်ယောက်သည် သူ့ကို "လောင်ကုန်း" ဟု မခေါ်သည်မှာ တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊...ဆယ့်ငါ၊ ဆယ့်ခြောက်၊ ဆယ့်ခုနစ်ရက်ရှိနေပြီဖြစ်သောကြောင့်ပင်။


ဆယ့်ခုနစ်ရက်သည် 408 နာရီ၊ 24480 မိနစ်၊ 1468,800 စက္ကန့်နှင့် ညီမျှလေ၏။


ဆယ့်ခုနှစ်ရက်သည် ခန့်မှန်းခြေအားဖြင့် ရက်ပေါင်းနှစ်ဆယ်နီးပြီဖြစ်ပြီး တစ်လပြည့်ပေတော့မည်။ တစ်နှစ်လျှင် ဘယ်နှစ်လ ရှိပါသနည်း။


အယ်လ်ဖာ: သူဌေးခါးသီးနေပြီနော်။


များစွာတွေးတောဆင်ခြင်ပြီးနောက် အယ်လ်ဖာသည် နောက်ဆုံးတွင် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံးနည်းလမ်းကို ရွေးချယ်ခဲ့လေသည်။


အယ်လ်ဖာသည် ထိုအချိန်က ပတ်သတ်ပါ၀င်နေခဲ့သည့် တဖက်လူဖြစ်သည့် ကောင်းမိသားစုမှ သခင်ငယ်နှင့် တိုက်ရိုက်ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့လေသည်။


“ခေါင်းလောင်းကိုဖြည်ဖို့ ခေါင်းလောင်းကိုချည်ရမယ်” ဟူသော ဆိုရိုးစကားအတိုင်းပင်။


[ TN: ဒီတစ်ကြောင်းကို တရုတ်ကနေယုထားတာပါ။ (解铃还须系铃人。) ဆိုတဲ့ စကားပုံတစ်ခုပါ။ စတင်ပြုလုပ်ခဲ့သူသည် အဆုံးသတ်ရပေမည်။ ဆိုပြီး အဓိပ္ပါယ်ရပါတယ်တဲ့။ ]


အရူးလေးကို အနိုင်ကျင့်သူတိုင်းကို သူတို့ပြုလုပ်ခဲ့သည်ကို ပြန်ပေးသင့်သည်ဟု ဆိုလိုသည်။


သို့သော်လည်း အယ်လ်ဖာသည် မစ္စရှန့်တွင် မကောင်းသည့် နှလုံးသားရှိနေသေးမည်ဟု မမျှော်လင့်ထားခဲ့ချေ။ အယ်လ်ဖာသည် ကောင်းမိသားစုဆီသို့ သွားသည့်နေ့မှာပဲ မစ္စရှန့်သည် တခြားဘာအကြောင်းမှမရှိပဲ သူမလဘ်း ထြိနေရာတွင် ရှိနေခဲ့ကာ၊ သူမတွင်ရှိသည့် နူးညံ့ပြီးလက်ရာမြောက်သည့်ပန်းအိုးများကို သူမ၏ " အနာဂါတ်သားမက်လောင်း" နှင့် ပြန်လည်သင့်မြတ်ရန်အတွက် ယူလာခဲ့သည်မှာ တိုက်ဆိုင်မှုတစ်ခုပင်။


မစ္စရှန့်သည် သူမ၏နှလုံးသားအတွက် ဤပန်းအိုးနှစ်လုံးကို စွန့်လွှတ်ခဲ့သည်ဟု ဆိုနိုင်သည်။


ရှန့်ကျစ်သည် ဘေးနားတွင် ရပ်လိုက်ပြီး ပန်းအိုးနှစ်လုံးကိုတွေ့သောအခါ မကျေမနပ်မဖြစိဘဲ မနေနိုင်တော့‌‌ချေ။


သူသည် အရူးလေး လဲကျသွားချိန်တုန်းက ကွဲကြေသွားသော ကြွေယုန်ရုပ်‌လေးအကြောင်း ရုတ်တရက် တွေးမိလိုက်လေ၏။


ထို့နှင့် သူဌေးသည် ပန်းအိုးများကိုကြည့်ပြီး ပိုလို့တောင် မကျေမနပ်ဖြစ်သွားလေ၏။ 


နောက်ဆုံးတွင် အယ်လ်ဖာသည် မတော်တဆချော်ကျပြီး ပန်းအိုးများသည် မြေပေါ်သို့ လိမ့်ကျသွားလေတော့၏။


အိုး မဟုတ်ဘူး။ " ခွမ်း" ဆိုသည့် အသံထွက်လာလေ၏။


သွားပြီ။ 


တစ်စုံတစ်ယောက်သောအာဏာရှင်ကြီးသည် ခံစားချက်များ ပိုကောင်းလာသည့်ပုံရလေ၏။ 


မစ္စရှန့်၏ မျက်ရည်စများကြားတွင် ရှန့်ကျစ်သည် ထိုနေ့က ဖြစ်ပျက်ခဲ့သည်များကို သတိရမိလိုက်သည်။


သူဌေးသည် ဒေါသအလွန်ထွက်ပြီး နောက်ထပ် ပန်းအိုးကို ရိုက်ခွဲချင်နေသေးလေသည်။


ဒေါသများ ပြေလျော့သွားပြီးနောက်မှာတော့ အယ်လ်ဖာသည် စိုးရိမ်စပြုလာလေ၏။။


သူစိတ်ကျေနပ်စေဖို့အတွက် ရွှီမိသားစုသည် အရူးလေးကို ပို့ပေးလိုက်ခြင်းဖြစ်၏။ မင်္ဂလာပွဲမပြောနှင့် ဓာတ်ပုံတစ်ခုထဲတွင်တောင် မရှိသလောက် ရှားပါးလေ၏။ 


သူနှင့် အရူးလေးတို့သည် လက်ထပ်ခြင်းမပြုကြဘဲ လက်ထပ်လက်မှတ်ကိုပင် တစ်ခါမျှ မရရှိခဲ့ကြချေ။


သို့သော် အရူးလေးသည် သူ့ကို "လောင်ကုန်း" ဟု မိုက်မဲစွာ ခေါ်တတ်‌ခဲ့လေသည်။


ငြိမ်သက်နေသော မျက်နှာစာသည် ကွဲအက်သွားလေပြီး သူနှင့်အရူးလေးတို့၏ တွေ့ဆုံခြင်းသည် သူ စိတ်ကျေနပ်ရန် တွက်ချက်ထားသည့် ကြိုးပမ်းမှုတ်ခုထက် မပိုကြောင်း သူသဘောပေါက်ခဲ့လေသည်။


ဈေးနှုန်းကို ရှင်းရှင်လင်းလင်း သတ်မှတ်ထားပြီး ရွှီဖခင်သည် ရွှီမိသားစုအပေါ် ရှန့်ကျစ်၏သက်ညှာမှုနှင့် လဲလှယ်ရန်အတွက် အရူးလေးကို ကိရိယာတစ်ခုအဖြစ် အသုံးချခဲ့လေသည်။


အေးစက်ပြီး ရက်စက်လှ၏။


သို့သော် အစီအစဉ်တစ်ခုလုံးတွင် အရူးလေးသည် ထိုအရာမျအပေါ် သူဘယ်လိုအတွေးရှိသလဲဆိုသည်ကို မည်သူမျှ မတောင်းခံခဲ့ကြချေ။ 


သူ ပျော်နေမှာလား? ဒါမှမဟုတ် ဝမ်းနည်းနေမှာလား။ သူ၀မ်းနည်းနေရင်ကော တိတ်တိတ်လေး ငိုနေမှာလား။


ဘယ်သူမှ မစဉ်းစားလိမ့်မည်မဟုတ်။


အရူးလေးကို " ခွေးလေခွေးလွင့်" ဟု ခေါ်ပြီး နှိုးဆော်ရဲသည်မှာ အံ့သြစရာ မရှိ။


အရူးလေးသည် သူ့ကို "လောင်ကုန်း" ဟု မခေါ်တောါသည်မှာ အံ့သြစရာမရှိ။


သူတို့သည် ဘယ်တုန်းကမှ မိသားစုမဟုတ်ခဲ့ချေ။


သို့သော် အရူးလေးသည် မိသားစုကို ဘယ်လောက်လိုချင်တောင့်တနေသည်ကိုတော့ ရှန့်ကျစ် သိလေ၏။


အရူးလေးသည် သူ့ကို စွန့်ပစ်ခံလိုက်မည်ကို ကြောက်နေခဲ့၏။


နောက်နေ့တွင်...သူဌေးသည် သူ့ရုံးခန်းတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေခဲ့ပြီး နောက်ဆုံးတွင် သူ့လက်ထောက်ကို ဖုန်းခေါ်လိုက်လေ၏။


"ဝေ" သူဌေး၏လေသံသည် အလွန်ပင် သဘာ၀မျကဖြစ်နေကာ တင်းမာနေပြီး အမိန့်ပေးလိုက်၏။ "ဒီကို လာခဲ့ပါ" 


လက်ထောက်သည် ကုမ္ပဏီ ဒေဝါလီခံတော့မည်ဟု မတွေးဘဲမနေနိုင်ကာ တုန်လှုပ်သွားလေ၏။


မည်သို့ပင်ဆိုပါစေ သူဌေး၏ လေသံသည် အေးခဲနေလေ၏။


ရှောင်လီသည် တုန်တုန်ယင်ယင်နှင့် တံခါးကို တွန်းဖွင့်လိုက်လေ၏။


" မစ္စတာရှန့် " 


"အင်း" ရှန့်ကျစ်သည် အမူအရာမဲ့စွာနှင့် ပြန်ဖြေလိုက်၏။ " ထိုင်ပါ။ မင်းတို့ ငယ်ရွယ်တဲ့ စုံတွဲတွေနဲ့ မင်းတို့ရဲ့ နားလည်မှုလွဲတာတွေ၊ ငြင်းခုံတာတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ဒေါသဖြစ်ပြီး ဝမ်းနည်းကြသလား "


"အိုး၊ စကားမစပ် မျက်ရည်ကျသေးတယ်" ရှန့်ကျစ်သည် ထို့နေ့က မျက်လုံးများ နီရဲနေသော အရူးလေးကို တွေးမိလိုက်၏။


ရှောင်လီ : ???


"အဟမ်း၊ မင်း အဲဒါကို ဘယ်လိုကိုင်တွယ်လေ့ရှိလဲ။ တိကျတဲ့ နည်းလမ်းရှိလား။ ဘယ်လောက် လက်တွေ့ကျလဲ "


ရှောင်လီ :....


မင်း သူဌေးဖျားနေရင် ဘယ်လိုလုပ်မလဲ။ ဤသည်မှာ မကြာသေးမီက ရှောင်လီ နေ့တိုင်းစဉ်းစားနေခဲ့သည့် မေးခွန်းဖြစ်လေ၏။


တခြားအကြောင်းတော့ မရှိပါချေ။ မကြာသေးမီက သူ့သူဌေး၏ အပြုအမူသည် အလွန်မူမမှန်လွန်းသည်ကို သတိပြုမိခဲ့သည်။


ဥပမာအားဖြင့်၊ ယနေ့ သူဌေးသည် ကုမ္ပဏီတစ်ခုလုံးကို လှည့်ပတ်ခဲ့ပြီး လူတိုင်းကို အပါးမခိုဝံ့ခဲ့ချေ။


စကားမစပ်၊ သူဌေးသည် မကြာခင် လက်ထပ်တော့မည်ဟု ကောလဟာလသတင်းထွက်နေပြီး၊ သူ့နောက်သို့လိုက်နေသည့် အိမ်ထောင်ဖက် အရူးလေးကိုလည်း လက်တွဲခေါ်လာခဲ့ဖူးလေသည်။


သူလည် ခပ်မိုက်မိုက်လမ်းလျှောက်နေခဲ့၏။


မယားမရှိတော့သလိုပင်။


ရှောင်လီတစ်ယောက် သူ့စိတ်ထဲတွင် တိတ်တိတ်လေး တွေးနေခဲ့၏။


အရူးလေးသည် သူ့နောက်မှ လိုက်သွားကာ သူ့လက်ကောက်၀တ်ကို သူဌေးက ညင်သာစွာ ဆုပ်ကိာင်ထားခဲ့သည်။ 


အရူးလေးသည် လက်ချောင်းလေးများ ကောက်ကွေးနေလေ၏။


သူနည်းနည်းတော့ ရှက်မိနေခဲ့၏။


အယ်လ်ဖာသည် နီရဲနေသော နားရွက်များကို ကြည့်ပြီး သူ့လက်တစ်ဖက်တွင် ဆုပ်ကိုင်ထားသော လက်ကိုကြည့်ပြီး နှုတ်ခမ်းထောင့်များ မသိမသာ ကွေးညွှတ်သွားလေ၏။


ကျစ်။


ကမ္ဘာကြီးကို တစ်ခါအှမမြင်ဖူးသေးတဲ့ အရူးလေးက တကယ်ကို ချစ်စရာကောင်းတာပဲ။ အရူးလေးကို သူစွန့်လွှတ်မှာ မဟုတ်ပေ။


အယ်လ်ဖာသည် သူ့လက်ကို လှည့်ကာ သူတို့၏ လက်ချောင်းများကို ယှက်သွယ်ထားသည့် အနေအထားကို ပြောင်းလိုက်လေ၏။


" ကိုယ့်နောက်ကို အနီးကပ်ပြီးလိုက်ခဲ့ " ရှန့်ကျစ်က ပြောလိုက်၏။


အရူးလေးသည် အနိုင်ကျင့်လို့ရသော ခွေးကလေးမဟုတ်ပါချေ။


ရှန့်ကျစ် သူဘယ်သွားသွား အရူးလေး၏အိမ်ဖြစ်ပြီး အယ်လ်ဖာသည် သူ့စိတ်ထဲတွင် တိတ်တဆိတ်ထည့်သွင်းထားလိုက်လေ၏။


အယ်လ်ဖာသည် တမင်ချောင်းဆိုးလိုက်ပြီး တုန်လှုပ်ချောက်ချားနေသော လက်အောက်ငယ်သားများရှေ့မှ ဖြတ်ကျော်သွားလေ၏။


လက်အောက်ငယ်သားများ:...


ကျေးဇူးတင်ပါတယ်။ ငါတို့စိတ်ဆိုတးယ်။


အရူးလေးသည် အယ်လ်ဖာနှင့် ကုမ္ပဏီကို နှစ်ရက်ကြာ လှည့်ပတ်ကြည့်ရှုခဲ့ပြီး မျက်နှာစကန်ဖတ်သည့်စနစ်ဖြင့် ဝင်ထွက်နိုင်သည့်နေရာသို့ ရောက်ရှိခဲ့လေသည်။


နေ့လယ်စာစားပြီးနောက် အရူးလေးသည် လက်ဖက်ရည်ပူပူတစ်ခွက်ကို ယူပြီး အယ်လ်ဖာ၏ ရုံးခန်းတံခါးကို သတိထားပြီး ခေါက်လိုက်လေ၏။


" ၀င်လာခဲ့ပါ " 


"မင်းပြောစရာရှိရင် ကိုယ့်ကိုပြော" အယ်လ်ဖာသည် သူ့အဝတ်အစားများကို ဆွဲလိမ်နေသည့် အရူးလးကို ကြည့်လိုက်၏။


 "မနက်ဖြန်..." မလာလို့မရဘူးလား။ အရူးလေး၏ စိတ်သည် ရိုးရှင်းပြီး အယ်လ်ဖာဘာကိုဆိုလိုမှန်း သူနားမလည်ခဲ့ချေ။


အရူးလေးသည် နာကျင်နေသော ခြေထောက်များကို ညင်သာစွာ ပွတ်သပ်ရင်း သူတကယ်ပင် ပင်ပန်းနေပြီးဖြစ်၏။ လူမိုက်လေးသညါ သူ့ခြေထောက်များက သူ့အလို မရှိတော့သလို ခံစားလိုက်ရလေသည်။


"မနက်ဖြန်လား" အယ်လ်ဖာသည် စာရွက်စာတမ်းအစုံအလင်ကို လှမ်းကြည့်လိုက်၏။ အရုးလေးက မနက်ဖြန် လာချင်သေးတာလား။ မျှော်လင့်ထားတဲ့အတိုင်းပဲ အိုမီဂါလေးကတော့ အရမ်းတွယ်ကပ်နေတာပဲ။ သူသည် တစ်နေ့တာလုံး သူ့ဆီလာပြီး အလွန် ကပ်တွယ်နေပုံရ၏။


"အဟမ်း၊ ဒါဆို မနက်ဖြန်လည်း လာခဲ့ " အယ်လ်ဖာသည် မျက်နှာလှည့်သွလိုက်ပြီဖြစ်ကာ၊ အရူးလေးသည် ပြောပြပြီမို့ မတတ်နိုင်ပါတော့ချေ။


အယ်လ်ဖာသည် စိတ်ရှည်လေ၏။ သို့မဟုတ်ပါက သူ့၏ ကပ်တွယ်သည့်အိုမီဂါကို ဘယ်သူကသည်းခံနိုင်ပါမည်နည်း။


မနက်ဖြန် ဘယ်မှာ စစ်ဆေးသင့်လဲ။ အယ်လ်ဖာသည် သူ့ဘာသာသူ တွေးနေခဲ့၏။ ကုမ္ပဏီမှာ အကုန် လှည့်ပတ်ပြီးပြီဆိုတော့ ရုံးခွဲကိုသွားမယ်ဆိုဘယ်လိုလဲ။ လူတိုင်း သူ့အနာဂတ်အိမ်ထောင်ဖက်ကို အသိအမှတ်ပြုဖို့ အချိန်တန်ပြီဖြစ်သည်။


အယ်လ်ဖာသည် ခရီးစဉ်ကိုပြောင်းလဲဖို့ လက်ထောက်ကို တောင်းဆိုလိုက်၏။


"ဟမ်" အရူးလေးသည် ချက်ချင်းပင် ညှိုးနွမ်းသွားပြီး သူ့ခေါင်းပေါ်ရှိ ဆံပင်လေးများ လဲကျသွားလေ၏။


သူ မနက်ဖြန် ထပ်လာရအုံးမှာလား။ နောက်တစ်ကြိမ် အလုပ်သမားအဖြစ် ခိုင်းစေခံရပြန်ပြီ။ အရူးလေးသည် မှားယွင်းသည်ဟု ခံစားရသော်လည်း စကားပြန်မပြောရဲချေ။


အရူးလေးသည် စိတ်မကျေမနပ်ဖြစ်နေခဲ့ကာ အယ်လ်ဖာအတွက် ကွေ့ဟွားကိတ်မုန့်ကို နောက်သုံးရက်ကြာအောင် မလုပ်ပေးဖို့ ဆုံးဖြတ်လိုပ်လေ၏။


မဟုတ်ဘူး။ ခုနစ်ရက် မလုပ်ဘူး။


Translated by အုန်းသာကူ