အခန်း(၇) အေးမြသောရာသီဥတု
ယနေ့သည် အရူးလေး သူ့လည်စည်းကြိုးကို မချည်ပေးသည့် သုံးရက်မြောက်နေ့ဖြစ်သည်။
အရူးလေး သူ့ဆီ အချိုပွဲယူပြီး လာမလည်သည့် ငါးရက်မြောက်နေ့လည်း ဖြစ်သည်။
ထို့အပြင် အရူးလေးသည် သူနှင့် စကားမပြောရသေးသည်မှာ ဆယ့်ခုနစ်နာရီမြောက်လည်း ရှိပြီဖြစ်သည်။
မနေ့ညက မင်္ဂလာညချမ်းပါဟု ပြောလိုက်သည့်အချိန်ကတည်းက ယခုချိန်ထိ မနက်မိုးလင်းပြီး နောက်ကျနေပြီဖြစ်သော်လည်း chat box လေးတောင် မပေါ်လာသေးချေ။
အစည်းဝေးအချိန်အတွင်း စက္ကန့်သုံးဆယ်ကြာတိုင်း ဖုန်းကို ထုတ်ကြည့်နေသော အယ်လ်ဖာကို သူ့သူဌေးဘေးနားတွင် မတ်တပ်ရပ်နေသော လက်ထောက်သည် တုံနိဘာဝေ ကြည့်နေခဲ့လေ၏။
နောက်ဆုံးတော့၊ အစည်းအဝေးပြီးသွားပြီဖြစ်ကာ အယ်လ်ဖာသည် လက်ထောက်ကို ရုတ်တရက် ခေါ်လိုက်လေ၏။ "ရှောင်လီ၊ ဖုန်းက မက်ဆေ့ချ်ရပေမယ့် အဲ့ဒါကိုမပြနိုင်တဲ့ အခြေအနေတစ်ခုခု ရှိတတ်လား "
လက်ထောက် : ??
လက်ထောက်သည် ပြုံးပြလိုက်ပြီး။ " ရှိပါတယ် သူဌေး "
"တခါတလေမှာ ကွန်ရက်ဆိုးရွားပြီး မက်ဆေ့ချ်တွေကို refresh လုပ်နိုင်မှာ မဟုတ်ပါဘူး "
"ကောင်းပြီ" အယ်လ်ဖာသည် ခေါင်းညိတ်ပြလိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားလေ၏။
ကွန်ရက်က ဆိုးရွားနေတုန်းပဲ ဖြစ်နိုင်မလား။
အယ်လ်ဖာသည် ဘယ်ဘက်သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး အနေအထားပြောင်းလိုက်လေ၏။
အယ်လ်ဖာ အေးစက်စက်နှင့် သူ့ဖုန်းကို သိမ်းလိုက်လေတော့၏။
ဖုန်းပျက်သွားတာဖြစ်နိုင်တယ်ဟု အယ်လ်ဖာက တွေးနေခဲ့လေ၏။
အရူးလေးသည် လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က အိမ်တွင် နေထိုင်နေခဲ့ပြီး အယ်လ်ဖာ အလုပ်သွားသည့်အချိန်မှစ၍ အရူးလေးသည် ကြွေယုန်ရုပ်လေးကို စိုက်ကြည့်နေခဲ့လေသည်။
အဲ့ဒါက သူ့ရဲ့ ကြွေယုန်ရုပ်လေးပဲ။
ကြွေယုန်ရုပ်သည် ကွဲအက်နေခဲ့ပြီး ဂရုတစိုက် ပြုပြင်ထားလေသည်။ အချွန်အတက်များသည် ထက်ရှလွန်းသဖြင့် ထိုနေ့နံနက်တွင် အယ်လ်ဖာ၏လက်တွင် ပြတ်ရှသွားသည်ကိုပင် အရူးလေးမြင်လိုက်ရလေသည်။
အယ်လ်ဖာ၏ ပြုပြင်ထားခြင်းသည် တကယ်ကို ရုပ်ဆိုးသော်လည်း အရူးလေးသည် ရက်အတော်ကြာအောင် ၎င်းကို စိုက်ကြည့်နေခဲ့လေသည်။
သက်ပြင်းချ၊ သူသာ တကယ်ပဲ သူ့လောင်ကုန်းသာဆိုရင်။ အရူးလေးသည် ခေါင်းငိုက်စိုက်ကျလျက် သက်ပြင်းချလိုက်လေ၏။
တစ်ကယ်တော့၊ သူ့ထံတွင် အယ်လ်ဖာကို ပြောချင်သည့် အရာများ အများကြီးရှိ၏။ သူ ချောင်းဆိုးနေပါက၊ ရွှေသဖန်းသီးဆေးရည်ကို သောက်နိုင်သည်။ သူ အအေးမိ ပျောက်ဆေး ဆောင်ထားပါသလား။ ထို့အပြင်၊ အယ်လ်ဖာသည် ယနေ့ လုံလုံလောက်လောက် နွေးနွေးထွေးထွေး ဝတ်ဆင်ထားသလား သူသိချင်နေမိ၏။ သူ့အလုပ်တွေများ များပြားလေးလံနေလေမလား။
[ TN: ရွှေသဖန်းသီးဆေးရည်က တရုတ်မှာ နာမည်ကြီး ချောင်းဆိုးပျောက်ဆေးရည် Nin Jiom Pei Pa Kao လို့ခေါ်တဲ့ ဆေးရည်တစ်မျိုးရှိပါတယ်တဲ့။ ဗဟုသုတအနေနဲ့ တရုတ်တွေရဲ့ ကလေးတွေ ချောင်းဆိုပျောက် အိမ်တွင်းဆေးနည်းတစ်ခုက သစ်တော်သီးကို ကျောက်သကြားနဲ့ပြုတ်တာကို တိုက်ကျွေးတာကိုလည်း ဖတ်ဖူးထားတယ်။ ]
သူ နည်းနည်း စိုးရိမ်နေမိ၏။
သူသည် ဤလောက် ကြီးပြင်းနေပြီဖြစ်သဖြင့် အအေးမိသောအခါ သူ့ကိုယ့်သူ ဂရုစိုက်မှာလား။
အဖျားရှိသဖြင့် နေမကောင်းဖြစ်ရခြင်းသည် တကယ်ပင် သိပ်အဆင်မပြေပါချေ။
ဖျားနာပြီး အဖော်ပြုပေးသူမရှိလျှင် ပိုလို့တောင် အဆင်မပြေပါချေ။
ဖျားနာနေပြီး အဖော်ပြုပေးသူ မရှိဘဲ၊ အလုပ်ဆက်လုပ်နေရခြင်းသည် တကယ်၊ တကယ်၊ တကယ်ကို အဆင်မပြေပါချေ။
အရူးလေးသည် သူ့မျက်နှာလေးကို သူ့လက်ထဲများထဲတွင် ဆုပ်ကိုင်ထားရင်း၊ သူ့စိတ်များ ပြေးလွှားနေလေပြီး၊ သူ့မျက်နှာလေးသည် အလေးအနက်ဖြစ်နေကာ၊ သူ့ မျက်ခုံးများ တင်းတင်းကျပ်ကျပ် တွန့်ချိုးနေလေ၏။
သို့သော် အယ်လ်ဖာသည် သူ့၏ " အကြွေးရှင်" သာဖြစ်လေ၏။
သူသည် မိသားစုမဟုတ်သောကြောင့် သူသည် အယ်လ်ဖာထံ ဆက်သွယ်ဖို့ သတ္တိမရှိပါချေ။
သူသည် သူ့၏လောင်ကုန်းမဟုတ်သောကြောင့် သူသည် အယ်လ်ဖာကို ထိုကဲ့သို့ မဆက်ဆံနိုင်ချေ။
ရုတ်တရက်၊ အသက်၀င်လှသော "ဒင်းလင်း" အသံနှင့်အတူ ဖုန်းသည် တုန်ခါသွားလေ၏။
အရူးလေးသည် ဆတ်ခနဲ ထရပ်လိုက်ပြီး ဝက်ဝံရုပ်ဖိနပ်ပါးတစ်ရံကို ဆွဲယူစီးလိုက်လေ၏။ ဘယ်သူဖြစ်နိုင်မလဲ။
စောင့်၊ ခဏစောင့်ပါဦး။
အရူးလေးသည် သူ့နားကို အနားတိုးလာလေ၏။
ဒါက အယ်လ်ဖာအတွက် သတ်မှတ်ထားတဲ့ အထူးဖုန်းမြည်သံမဟုတ်ဘူးလား။
အရူးလေးသည် တဖျပ်ဖျပ်အသံနှင့် ကမန်းကတန်း ပြေးလာလေ၏။
"ဝေ၊ အိုက်" အရူးလေးသည် ဖုန်း ကိုင်လိုက်လေ၏။
" ရပ် " အယ်လ်ဖာသည် ထပ်သည်းမခံနိုင်တော့ချေ။
"ဟမ်" အရူးလေးသည် ဘာကိုဆိုလိုမှန်း မသိလိုက်ချေ။ သူသည် ဖုန်း၏တစ်ဖက်မှ သနားစရာကောင်းသည့်အသံကိုကြားလိုက်ရသောအခါ အယ်လ်ဖာအား ဘာကိုဆိုလိုသလဲဆိုသည်ကို မေးတော့မည့်အချိန်ဖြစ်လေ၏။
အယ်လ်ဖာ၏ နှာခေါင်းသည် ပိတ်ဆို့နေပြီး သူ့အသံသည် ဖုန်းကတစ်ဆင့် သူ ငိုခါနီးအသံကဲ့သို့ ထွက်လာလေ၏။ သူ့အသံသည် သနားစရာကောင်းနေလေ၏။ " ကိုယ့် နှာခေါင်း အရမ်းပိတ်နေတယ်"
" ပြီးတော့ ကိုယ် ချောင်းဆိုးနေတယ် "
" ကိုယ့် ခေါင်းလည်းကိုက်တယ် "
"မင်းက ကိုယ့်ကို ဖုန်းတောင်မခေါ်ဘူး" အယ်လ်ဖာသည် နောက်ဆုံးစာကြောင်းကို ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။
အရူးလေး၏ နားရွက်များ နီရဲလာလေ၏။ အယ်လ်ဖာ သူပြောချင်ပါက ပြောလိုက်ရုံသာ။ ဘာလို့...ဘာလို့ သူ့အသံက ငိုတော့မဲ့အသံနဲ့တူနေတလဲ။
ချစ်စရာကောင်းလိုက်တာ၊ အရူးလေးသည် တိတ်တိတ်လေး တွေးလိုက်မိလေ၏။
သို့သော်၊ သူ အယ်လ်ဖာကို သိခွင့်မပေးရဲပါချေ။
အရူးလေးသည် ကံမကောင်းဟု ခံစားလိုက်ရလေ၏။ အရူးလေးသည် ဆေးဝယ်ပြီး သူ ဆေးသွားပို့သောအချိန်တွင် မနေ့က အိုမီဂါနှင့် တိုးလေ၏။ အယ်လ်ဖာသည် အစည်းအဝေးလုပ်နေပုံရသဖြင့် လက်ထောက်သည် အရူးလေးကို ရုံးခန်းသို့ ခေါ်သွားလေ၏။ သူသည် တည့်တည့်မတ်မတ်ထိုင်နေပြီး၊ သူ့မျက်လုံးလေးများသည် လှည့်ပတ်နေကာ ရက်အနည်းငယ် လာမလာ်ခဲ့ရသည့် နေရာကို စူးစမ်းလေ့လာနေလေ၏။
ထိုအချိန်တွင် အိုမီဂါသည် ခန္ဓာကိုယ်နှင့်အံဝင်ခွင်ကျဖြစ်သည့် ၀တ်စုံကို ဝတ်ဆင်ထားကာ စာချုပ်တစ်ခုကို ယူလာပြီး၊ မှန်တံခါးမှဖြတ်ပြီး ကာတွန်းဂျာကင်အင်္ကျီ ဝတ်ထားသော အရူးလေးကို တွေ့လိုက်လေသည်။
"ဟေး" အိုမီဂါသည် လှည့်လာပြီး အရူးလေးဆီသို့ ချဉ်းကပ်လာလေ၏။
သူသည် လူဆိုးတစ်ယောက်မို့၊ အရူးလေးသည်လည်း သူ့ခေါင်းကို လှည့်ကာ လွှဲလိုက်လေ၏။
အရူးလေးသည် သူ့ကြွေယုန်ရုပ်လေးကို ကွဲစေခဲ့သည့်သူနှင့် စကားမပြောချင်နေခဲ့ပါချေ။
" ငါ မင်းနဲ့စကားပြောနေတယ်လေ " အိုမီဂါသည် စိတ်မချမ်းမသာ ဖြစ်လာလေ၏။ သူသည် ကောင်းမိသားစုများ၏လက်ထဲတွင် မွေးမြူထားသည့် ကောင်းမိသားစု၏ သခင်ငယ်လေးဖြစ်၏။ သူသည် သူ့အိမ်နီးနားချင်းဖြစ်သည့် ရှန့်ကျစ်ကို အမြဲသဘောကျနေခဲ့သော်လည်း မထင်မှတ်ထာပဲ သူ့ကို အရူးတစ်ယောက်ထံမှ ကြားဖြတ်တားဆီးခြင်း ခံခဲ့ရသည်။
သို့သော်လည်း သိပ်မကြာခင်၊ ရှန့်ကျစ်၏အမေသည် သူ့ကို ရှာတွေ့ခဲ့သည်။ သူကသာ သယမ၏သားမက်ဖြစ်စေချင်သည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း မဒမ်ရှန့်က ပြောခဲ့ပြီး၊ ထိုနေရာသည် သူ့အတွက်သာဖြစ်နိုင်သည်။ သူမသည် “လက်ထပ်စာချုပ်” ဟုခေါ်သည့်အရာကိုဆောင် သူ့အားပြသခဲ့လေသည်။
"မင်းကို ဘယ်သူက ဒီလိုဝတ်ပြီး လာခွင့်ပေးတာလဲ" အိုမီဂါသည် အရူးလေး၏ ကာတွန်းဂျာကင်အင်္ကျီ ခေါင်းစွပ်ကို ဆွဲလိုက်လေ၏။ "မင်းက အကြွေးဆပ်ဖို့ ဒီကိုရောက်နေတယ်ဆိုတာ သိထားပြီး၊ ဘာလို့ ခွေးလေခွေးလွင့်လိုမျိုး အရှက်မရှိ လှည့်ပတ်ချောင်းနေတာလဲ "
ကောင်းမိသားစု၏ သခင်ငယ်လေးသည် သူ့အာဏာကို ထုတ်ပြဖို့အဆင်သင့်ဖြစ်နေပြီဖြစ်၏။ မည်သို့ပင် ဆိုပါစေ၊ ယနေ့တွင် သူသည် ကောင်းမိသားစုနှင့် ရှန့်မိသားစုကြား ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဤနေရာကို ရောက်လာခဲ့ခြင်းဖြစ်သည်။ လူတိုင်းသည် ပူးပေါင်းဆောင်ရွက်ခြင်းမှ အကျိုးကျေးဇူးရရှိမည်ဖြစ်ကာ အကျိုးစီးပွားနှင့်ပတ်သက်သည့် ပြဿနာတစ်စုံတစ်ရာကို မည်သူမှ ပါ၀င်စွက်ဖက်ရန် စိတ်မ၀င်ပါချေ၊ ဟုတ်တယ်မလား။
ထို့အပြင်၊ ရှန့်ကျစ်ကိုယ်တိုင်ကလည်း စီးပွားရေးသမားတစ်ယောက်ဖြစ်၏။
ကောင်းမိသားစု၏ သခင်ငယ်သည် အရူးလေးအား သူ့ထံမှ ရှန့်ကျစ်ခေါ်သွားမည်ကို မမျှော်လင့်ထားခဲ့ပါချေ။ တစ်ချိန်တည်းမှာပင် အယ်လ်ဖာသည် မည်းမှောင်နေသောမျက်နှာနှင့် သူ့အနောက်မှ ပေါ်လာလေ၏။ အိုမီဂါစကားဆုံးသည်အထိ မစောင့်ဘဲ အယ်လ်ဖာသည် သူ့ကို ဆွဲကာ တွန်းထုတ်ပစ်လိုက်လေ၏။
" ခွေးလေခွေးလွင့်တဲ့လား " အယ်လ်ဖာသည် ဒေါသတကြီး ရယ်မောလိုက်လေ၏။
"မင်းကို ဘယ်သူက သတ္တိပေးခဲ့တာလဲ" သူသည် မနေ့က အရူးလေး၏ ဒဏ်ရာများကို ဂရုစိုက်ပြုစုဖို့ အလုပ်ရှုပ်နေခဲ့ပြီး ဤယင်ကောင်များကို မေ့သွားခဲ့သည်။
" သူက အကြွေးပြန်ဆပ်ဖို့ ဒီကိုရောက်လာတာလို့ ဘယ်သူကပြောတာလဲ" အယ်လ်ဖာသည် ခေါင်းငိုက်စိုက်ကျနေသည့် အရူးလေးကို အနီးသို့ဆွဲခေါ်လိုက်လေ၏။သူ... သူ ယခုအချိန်တွင် အလွန်ဂရုစိုက်ထားခဲ့သည့် အရူးလေးအကြောင်းကို ထိုသို့ တစ်ယောက်ယောက်ပြောနေသည်ကိုကြားရသည်မှာ နာကျင်ခံစားရလေ၏။
သူဌေးကြီး အလွန်ဒေါသထွက်နေခဲ့လေ၏။
ကောင်းမိသားစု၏ သခင်ငယ် ယူလာသည့် စာချုပ်ကို ကြည့်တောင် မကြည့်ဘဲ၊ အမှိုက်ပုံးထဲသို့ တည့်တည့်ပစ်ချလိုက်လေ၏။
- အမှိုက်များ စုဝေးရာနေရာပေါ့။
အရူးလေးသည် အယ်လ်ဖာကို ဧခင်က ဤကဲ့သို့ တစ်ခါမှ မမြင်ခဲ့ဖူးဘဲ၊ အမှန်တကယ်ပင် သူသည် ကရုဏာတစိုးတစိမပါဘဲ ထိုအိုမီဂါကို အမှိုက်ကဲ့သို့ ပစ်ထုတ်လိုက်လေ၏။
အယ်လ်ဖာ၏ မျက်နှာသည် ကြောက်စရာကောင်းလောက်အောင် မည်းမှောင်နေလေ၏။
သူသည် တံခါးကိုပင် ကျယ်လောင်စွာ " ဘန်း" ခနဲ ဆောင့်ပိတ်လိုက်လေ၏။
အယ်လ်ဖာသည် တာ၀န်ခံတစ်ဦး၏ ဖုန်းနံပါတ်ကို ခေါ်လိုက်လေ၏။
"ကောင်းမိသားစုနဲ့ ပူးပေါင်းဆောင်ရွက်မှုအားလုံးကို ရပ်စဲလိုက်ပါ"
" ဘယ်ကောင်းမိသားစုပါလဲခင်ဗျာ "
"ဟမ့်၊ မဒမ်ရှန့် အကြံပြုထားတဲ့ တစ်ခုပဲ "
အယ်လ်ဖာသည် ဖုန်းပြန်ချလိုက်လေ၏။
အေးစက်လာခဲ့လေသည်။
"ရှဲန်းရှန့်၊ ရှဲန်းရှန့်" အရူးလေး၏ အသံသည် အလွန်တိုးညှင်းနေလေ၏။ အယ်လ်ဖာသည် အလွန်ပြင်းထန်နေခဲ့ပြီး အရူးလေးသည် အနည်းငယ် ကြောက်လန့်သွားလေသည်။
အရူးလေး၏အသံသည် အယ်လ်ဖာကို သူ့အာရုံဆီ ပြန်ရောက်သွားစေလေ၏။ ဖက်ထုပ်လိုထုပ်ထားသည့် အရူးလေး၏လက်ကို ဆုပ်ကိုင်ထားရင်း သူ့အမူအရာသည် အနည်းငယ်ပျော့ပျောင်းသွားလေ၏။
" မင်း နာနေလား "
အယ်လ်ဖာသည် အရူးလေးကို လှည့်ပတ်ကြည့်ကာ မျက်မှောင်ကြုတ်ထားပြီး အပေါ်မှအောက် ဂရုတစိုက် စစ်ဆေးကြည့်လေ၏။ သူ စိတ်သက်သာရာ ရသွားသောအခါမှသာ " ရှောင်လီကိုပဲ ဆေး၀ယ်ခိုင်းလိုက်ပါဘား။ မင်းက ဘာလို့ မင်းကိုယ်တိုင် လာခဲ့တာလဲ "
အယ်လ်ဖာသည် သူ့အတွက် ဘယ်လောက် စိတ်ပူနေသလဲဆိုသည်ကို ကြည့်ပြီး အရူးလေးသည်လည်း ပြေလျော့သွားလေ၏။
ဆိုတော့၊ အယ်လ်ဖာက သူ့ကို ကာကွယ်ပေးနေတာပေါ့။
"ကျွန်တော် အဆင်ပြေပါတယ်။ ခင်ဗျားရဲ့ဆေးကို အရင်သောက်လိုက်လေ " အရူးလေးသည် ဆေးသေတ္တာကို ယူထုတ်လိုက်ပြီး အယ်လ်ဖာ၏ ရုံးခန်းရှိ အံဆွဲထဲမှ တစ်ခါသုံ စက္ကူခွက်ကို တွေ့လိုက်ပြီး ရေနွေးထည့်ပေးလိုက်လေ၏။
အယ်လ်ဖာ ဆေးသောက်နေသည်အချိန်တွင် အရူးလေးသည် အယ်လ်ဖာ၏ အင်္ကျီလက်စကို တိတ်တဆိတ်ဆွဲလိုက်လေ၏။
"ရှဲန်းရှန့်၊ ပူးပေါင်းဆောင်ရွက်မှုအကုန်လုံးကို ရပ်စဲလိုက်တာက တကယ် ထိခိုက်မျာမဟုတ်ဘူးလား..." အရူးလေးသည် အယ်လ်ဖာ၏မျက်နှာကို သေသေချာချာစောင့်ကြည့်နေခဲ့လေ၏။ အယ်လ်ဖာသည် သူ့ကိုကာကွယ်ပေးခဲ့သောကြောင့် သူ့စိတ်ထဲတွင် အနည်းငယ်ပျော်သွားသလို ခံစားလိုက်ရသည်။ သို့သော်လည်း ငွေရေးကြေးရေးနှင့်ပတ်သက်ပြီး ငြင်းခုံမှုများမဖြစ်နိုင်ပါချေ။
"ဒါက ကောင်းမိသားစုတစ်ခုပါပဲ။ ပြောဖို့ မထိုက်တန်ပါဘူး" အယ်လ်ဖာသည် လျစ်လျူရှုကာ ပြန်ဖြေလိုက်လေသည်။
စာရေးသူ၏ ပြဇာတ်တိုလေး
အယ်လ်ဖာ၏ အပြင်ပန်းအသွင်အပြင် (အေးစက်၊ လွှမ်းမိုးချုပ်ကိုင်၊ မာနကြီး၊ တောက်ပ) : အဲ့ဒါက ကောင်းမိသားစုတစ်ခုပါပဲ၊ ပြောဖို့မထိုက်တန်ပါဘူး။
အယ်လ်ဖာ၏ အတွင်းစိတ် အတွေးများ: သူ ငါ့ကို လောင်ကုန်းလို့ မခေါ်သေးဘူး။ သူ ငါ့ကို လောင်ကုန်းလို့ မခေါ်သေးဘူး။ (>)
အရူးလေး : ကျွန်တော်တို့က ငွေရကြေးရေးနဲ့ပတ်သတ်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ပဲ ပြေရအောင်။
Translated by အုန်းသာကူ