အခန်း(၆)
Viewers 3k

အခန်း(၆) ရှဲ့ရှဲ့ ရှဲန်းရှန့် ( ကျေးဇူးတင်ပါတယ် လူကြီးမင်း) 



ကြမ်းပြင်သည် အေးစက်လွန်းလှသည်။ အရူးလေး၏ မျက်ရည်များသည် အထိန်းအကွပ်မရှိ ဆက်တိုက် ကျဆင်းလာလေတော့၏။


စာရွက်စာတမ်းကိုဖတ်ပြီးနောက် အရပ်ရှည်ရှည်သွယ်သွယ် အိုမီဂါသည် ဖိုင်ကို လှောင်ထေ့သောအမူအရာဖြင့် ဖယ်ထုတ်လိုက်ပြီး၊ အရူးလေးအား သူ့မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများနှင့် ကြည့်နေလေသည်။


အရူးလေးသည် အလွန်ရှက်ရွံ့သွားသလို ခံစားလိုက်ရလေသည်။


ရုတ်တရက် လူတစ်ယောက်သည် အရူးလေးကို အဝတ်တစ်ထည်နှင့် ‌အပေါ်မှအုပ်လိုက်ပြီး၊ သူ မော့ကြည့်လိုက်သောအခါ သူ့အိမ်ထောင်ဖက်ကို အေးစက်နေသော မျက်နှာနှင့် တွေ့လိုက်ရလေ၏။


အိုး၊ မဟုတ်ဘူး။


သူ့တို့ကို အိမ်ထောင်ဖက်လို့ နောက်ထပ်မခေါ်နိုင်တော့ဘူးလေ။


သူ့မှာ အိမ်ထောင်ဖက်မရှိတော့သလို မိသားစုလည်း တစ်ယောက်မှမကျန်တော့ဘူးပဲ။


အရူးလေးသည် ခေါင်းလေးကိုငုံ့ကာ ကိုးရိုးကားရားဖြင့် သူ့မျက်နှာကို ပြုစုပျိုးထောင်ရန် အလွန်ကြိုးစားခဲ့ရသော အသားပြည့်ပြည့် လက်လေးများနှင့် သုတ်လိုက်လေ၏။


အရူးလေး ငိုလို့မရဘူး။


အယ်လ်ဖာသည် ဆောင့်ကြောင့်ထိုင်လိုက်ကာ နောက်ဆုံးတွင် သူ့လက်များမှ ဒဏ်ရာများကို တွေ့လိုက်ရလေသည်။


"ဒါ ဘယ်သူလုပ်တာလဲ" အယ်လ်ဖာသည် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်သွားပြီး၊ အရူးလေး၏ ဒဏ်ရာရနေသော လက်ကို ဆွဲယူလိုက်ပြီး သူ့လေသံသည် လူတစ်ယောက်ကို အေးခဲသွားစေလောက်‌‌သည်။ 


ရှန့်ကျစ်သည် သူတို့အိမ်မှ ကန့်သတ်ထားသည့် "မဖိတ်ခေါ်ထားသော ဧည့်သည်များ" ဖြစ်သည့် လူနှစ်ယောက်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် မထိန်းချြပ်နိုင်လောက်အောင် ဒေါသများတောက်လောင်နေလေ၏။ မစ္စရှန့် လာနေသည်ဟုကြားပြီးနောက် အယ်လ်ဖာ၏ နှလုံးသားထဲတွင် တားမြစ်ထားသည့် ခံစားချက်တစ်ခုရှိနေခဲ့၏။


မစ္စရှန့်သည် သူ့၏မိခင်အရင်းဖြစ်သော်လည်း သူတို့၏ဆက်ဆံရေးသည် ဝေးကွာခဲ့သည်။


မစ္စရှန့်သည် သြဇာကြီးမားသောမိသားစုမှ ဆင်းသက်လာခဲ့သော်လည်း သူမသည် မည်သည့်အမှားအယွင်းကိုမှ သည်းမခံနိုင်ပါချေ။ အယ်လ်ဖာ ငယ်စဉ်က သူမသည် သူနှင့်ပတ်သက်သည့် အရာအားလုံးကို ထိန်းချုပ်ထားခဲ့သည်။


ဘ၀နှင့်ပတ်သတ်သည်ဖြစ်စေ၊ လေ့လာခြင်းများနှင့် ပတ်သတ်သည်ဖြစ်စေပေါ့။ 


မစ္စရှန့်သည် ကာတွန်းများစောင့်ကြည့်ခြင်းသည် အချိန်ဖြုန်းခြင်းဟု ဆိုခဲ့၏။


ထို့ကြောင့် ရှန့်ကျစ်သည် ငယ်စဉ်အခါက ဘယ်တုန်းကမျှ ကာတွန်းကားများကို တစ်ခါမျှ မကြည့်ခဲ့ဖူးခဲ့ချေ။


အရွယ်ရောက်လာပြီးကတည်းက ရှန့်ကျစ်သည် ရှန့်မိသားစုကို ဘယ်တော့မှ ပြန်မလာခဲ့ချေ။ သူသည် ၎င်းက လူတိုင်းအတွက် ကောင်းလိမ့်မည်လို့ ထင်ခဲ့သော်လည်း အဘယ်ကြောင့် မစ္စရှန့်သည် သူ့ဘ၀ကို နှောင့်ယှက်နေဆဲဖြစ်ပြီး၊ သူ့အိမ်ထောင်ရေးကို အလယ်၀င်ပြီး အရူးလေးကိုပင် ထိခိုက်စေခဲ့သေးသည်။


သူတို့ ဘယ်လိုတောင် ရဲလိုက်သလဲ။


" ဟစ် " အရူးလေး၏အသံသည် အယ်လ်ဖာကို သူ့အသိစိတ် ပြန်ရောက်လာစေခဲ့လေ၏။


“နာနေလား” အယ်လ်ဖာသည် သူ့လက်လေးတုန်ယင်နေသည်ကို ခံစားရလေ၏။ ဤမျှရှည်လျားသော အကွဲကြောင်းဖြင့် မည်သို့မျှ မနာဘဲနေပါမည်နည်း။


"ဆေးရုံကို အရင်သွားရအောင်" အယ်လ်ဖာသည် သူ့တုံ့ပြန်မှုကိုမစောင့်ဘဲ အရူး‌လေးကို အလျားလိုက် အလျင်စလို ပွေ့ချီလိုက်ပြီး ကမန်းကတန်း ပြေးထွက်သွားလေသည်။


ဆေးရုံမှ ထွက်လာပြီး အရူးလေး၏လက်ကို ဖက်ထုပ်တစ်ခုလို ပတ်ထုပ်ထားပြီး၊ ထောင့်နားလေးတွင် နာခံစွာ ကျုံ့နေလေကာ လက်ထောက် ကားယူလာဖို့ စောင့်နေလေ၏။


"နာနေတုန်းပဲလား" အယ်လ်ဖာသည် ရှုံ့တွနေသော မျက်နှာလေးနျင့် အိုမီဂါလေး ကြည့်လိုက်ကာ သူ့ကို အနီးသို့ မဆွဲယူလိုက်ဘဲ မနေနိုင်တော့ချေ။


"မဟုတ်ပါဘူး။ မနာတော့ပါဘူး။ ရှဲန်းရှန် " ၎င်းသည် နီးစပ်သည့် ခေါ်ဆိုခြင်းဖြစ်ပြီး အရူးလေးသည် သူ့စကားများကို မြန်မြန်ပြောင်းလိုက်လေ၏။


"ရှဲန်းရှန်"


သူ ခေါင်းလေးငုံ့ကာ နှင်းကိုက်ခံထားရသော ခရမ်းသီးလေးကဲ့သို့ မဝံ့မရဲပြောလေ၏။ "ရှဲန်းရှန်၊ ဟုတ်ကဲ့၊ ကျွန်တော် တောင်းပန်ပါတယ်"


ကျွန်တော် တောင်းပန်ပါတယ်။ ယနေ့တော့ သူ့အဖေက အကြွေးဆပ်ဖို့အတွက် ထိုနေရာသို့ ပို့လိုက်ကြောင်း သူ သိလိုက်ရ၏။ သူ အယ်လ်ဖာကို သူ့လက်ကို ကိုင်ပြီး၊ လမ်းလျှောက်ဖို့ သို့မဟုတ် အတူတူအိပ်ခိုင်းလို့ မရတော့ချေ။


“ဒါပေမယ့် ရှဲန်းရှန်၊ ခင်ဗျား ရမလား၊ ကျွန်တော့်ကို မငြင်းလိုက်လို့ ရမလာ ” အရူးလေး၏ နှာသီးဖျားလေူသည် ချဉ်သွားလေ၏။ အယ်လ်ဖာကလွဲပြီး ဘယ်သူမှ သူ့ကို ပန်းများ ဝယ်ပေးလိမ့်မည်မဟုတ်ပါချေ။


တကယ်တော့၊ သူသည် စွန့်ပစ်ခံရမည်ကို အတော်လေးကြောက်သည်။


"မင်းလေးက ဘာတွေတွေးနေတာလဲ" အယ်လ်ဖာသည် သက်ပြင်းချလိုက်ပြီး၊ ရုတ်တရက် ကောက်ကွေးနေသည့် အရူးလေးကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားချင်ပြီး၊ တကယ်တမ်းလည်း သူ ထိုသို့ လုပ်ခဲ့လေသည်။


အိုမီဂါလေးသည် အမှန်တကယ်ပင် သေးငယ်ပြီး အယ်လ်ဖာ၏လက်များထဲတွင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခံလိုက်ရသောအခါ သူ စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်လေသည်။


အယ်လ်ဖာသည် သူ့ကို တစ်လမ်းလုံး သယ်သွားခဲ့သည်။


သူတို့နှစ်ယောက်စလုံး စကားမပြောဖြစ်ထဲ့ကြပေ။ အိုမီဂါလေးသည် အယ်လ်ဖာ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ခွေနေပြီး မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့လေသည် ။


အယ်လ်ဖာ၏ အကြည့်များသည် အရူးလေး၏မျက်နှာပေါ်သို့ ကျရောက်သွားလေ၏။ အရူးလေးသည် စောစောက ငိုခဲ့ကာ၊ သူ့မျက်လုံးထောင့်များတွင် မျက်ရည်စများတွဲခိုလျက် ရှိနေဆဲဖြစ်လေသည်။


အနိုင်ကျင့်ခံရတာတောင်မှ သူ ညည်းညူလိမ့်မည်မဟုတ်ဘဲ၊ “မနာပါဘူး” ဟု ပြောလိမ့်မည်။ ဤလောက် ရှည်လျားသော အကွဲကြောင်းနှင့်တောင် ဆေးလိမ်းသောအချိန်တွင် မျက်ရည်များကို တိတ်တိတ်‌လေး သုတ်နေခဲ့လိမ့်မည်ဖြစ်သည်။


အရမ်းမိုက်မဲနေတာပဲ။


နာကျင်နေသော်လည်း နာကျင်မှုကို မဖော်ပြဘဲ၊ လူများ သူ့ကို မထားခဲ့ချင်အောင်လုပ်ခဲ့လေသည်။


အယ်လ်ဖာသည် အရူးလေး၏ တောင်းဆိုမှုကို ပေးရန် ဆုံးဖြတ်လိုက်လေသည်။


အရူးလေးတစ်ယောက်တော့ ပြောင်းလဲသွားသည်ကို သူသတိထားမိလိုက်လေ၏။


အထင်ရှားဆုံးသော ပြောင်းလဲမှုမှာ ထိုနေ့မှစပြီး အရူးလေးသည် သူ့ကို "လောင်ကုန်း" ဟု တစ်ခါမျှ ချစ်ခင်မြတ်နိုးစွာ ထပ်မခေါ်ဆိုတော့ချေ။


သူသည် သူ့ကို " ရှဲန်းရှန် " ဟု ခေါ်လေ၏။


ယဉ်ကျေးပြီး၊ သတိထားကာ ရာနှုန်းပြည့် အလှမ်းကွာဝေးနေခဲ့သည်။ သူသည် သူ့ဖုန်းကို အမူအရာမဲစွာနှင့် ဖွင့်လိုက်၏။


"အိုမီဂါတစ်ယောက် ဒေါသထွက်နေရင် ဘာလုပ်ရမလဲ"


"ချစ်စရာကောင်းတဲ့ အိုမီဂါကို အလိုလိုက်ဖို့ နည်းလမ်းတစ်ရာ"


“အိုမီဂါတစ်ယောက် ဒေါသထွက်နေချိန်မှာ ဒီလိုလုပ်ပါ။" 


"သင့်အိမ်ထောင်ဖက်ကို နှစ်သိမ့်ဖို့ ဂန္တဝင်ကိုးကားချက်တစ်ရာ"


သူသည် Browsing Interface ကိုအသာ နှိပ်လိုက်လေ၏။


" ကိုးကားချက် တစ် : ပေါင်ပေ့၊ မင်းရဲ့ မက်စေ့ခ်ျတွေ မမြင်ရဘူး၊ မင်းရဲ့ စကားသံတွေကို မကြားရဘူး၊ ဒီလို ငြိမ်သက်နေတာက ကိုယ့်နှလုံးသားက မျက်ရည်တွေ စီးကျနေပြီ။ မင်းက ကိုယ့်ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပြီးနေပြီမို့ မင်း မရှိလို့မဖြစ်ဘူး။ "


"ကိုးကားချက် နှစ် : ကိုယ် လေ့လာသင်ယူစရာတွေ အများကြီးရှိတယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ် မင်းကို မကြာခဏ စိတ်ပူအောင်လုပ်တတ်တယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ် မင်းကို မကြာခဏ စိတ်ဆိုးစေခဲ့တယ်ဆိုတာ ကိုယ်သိပါတယ်။ ကိုယ် မင်းကိုပြောချင်တာက " ကိုယ် မင်းရဲ့ နားလည်ပေးမှုနဲ့ ဂရုစိုက်မှုတွေကို စောင့်နေပါတယ်"


"ကိုးကားချက် သုံး : တစ်ချို့လူတွေက အချိန်ဆိုတာ အချစ်ကြိုးတွေအပါအဝင် အရာအားလုံးကို ဖြတ်တောက်နိုင်တဲ့ ဓားတစ်ချောင်းလို့ ပြောကြတယ်။ ကိုယ်ကတော့ အချိန်ဆိုတာ မင်းအတွက် ကိုယ့်ရဲ့တောင့်တမှုတွေကိုပဲ ချန်ထားပြီး အားနည်းချက်တွေအားလုံးကို စစ်ထုတ်တဲ့ ဇကာတစ်ခုလို့ ပြောမယ်။ မင်း ကိုယ့်ကို ခွင့်လွှတ်ပေးနိုင်မလား"


အယ်လ်ဖာ၏အကြည့်သည် နောက်ဆုံးတွင် ကွဲကြေနေသော ကြွေယုန်‌လေးများပေါ်သို့ ကျရောက်သွားလေသည်။


နောက်တစ်နေ့မနက်တွင် အရူးလေးနိုးလာသောအခါ စာကြည့်ခန်းမှ ချောင်းဆိုးသံများ ဆက်တိုက်ထွက်လာသည်ကို ကြားလိုက်ရလေသည်။


ဟမ်၊ အယ်လ်ဖာ ဘယ်လိုလုပ်ပြီး ဖျားနေတာလဲ။ သူ့နှာသံက လေးလံနေတာပဲ။


"ရှဲန်းရှန်" အရူးလေးသည် မနေနိုင်တော့ဘဲ အလျင်အမြန်လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ပြီး အယ်လ်ဖာ၏ စာကြည့်ခန်းတံခါးကို ခေါက်လေ၏။


“ချောင်းဆိုး၊ ချောင်းဆိုး၊ ချောင်းဆိုး၊ အယ်လ်ဖာသည် တကယ်ပဲ နေမကောင်းချေ။ သူသည် တစ်ညလုံး အက်စစ်ဓာတ်ပါ သန့်စင်ဆေး၊ အယ်လ်ကာလီ သန့်စင်ရေ၊ ကော်၊ အရောင်တင်ဆေးများကို သုံးပြီး ကြွေအရုပ်လေးကို ပြုပြင်နေခဲ့သည်။ သူသည် တစ်ညလုံး မနက်ငါးနာရီထိုးသည်အထိ နေခဲ့ကာ၊ ခဏလောက်သာ အနားယူခဲ့လေသည်။


"အမ်" အယ်လ်ဖာသည် သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး စားပွဲခုံထိပ်ကို သာမာန်ကာလျှံကာ သတိမပြုမိသလို ပုတ်လိုက်လေသည်။


" ချထားလိုက်လေ " 


သူသာ ကြွေယုန်ဘေးနားကို မထိခဲ့လျှင်။


"ဟမ်" အရူးလေးသည် မယုံကြည်နိုင်စွာ မျက်လုံးလေးများပြူးသွားလေသည်။


အယ်လ်ဖာသည် အိုမီဂါလေးကိုကြည့်ပြီး "ကိုယ် အဲ့ဒါကို ပြင်လိုက်ပြီ"


"ကျေးဇူးတင်ပါတယ် ရှဲန်းရှန် " နောက်ဆုံးတော့၊ အလင်းတန်းလေးသည် အရူးလေး၏မျက်လုံးလေးများထဲတွင် ပေါ်လာခဲ့လေသည်။


အယ်လ်ဖာ : ???


သူက ဘာလို့ ငါ့ကို "ရှဲန်းရှန်" လို့ ခေါ်နေသေးတာလဲ။



စာရေးသူ၏ ပြဇာတ်တိုလေး 


အယ်လ်ဖာ (ဂုဏ်ယူ/ထုတ်ဖော်ပြသ/လောင်ဖော၊ ကိုယ့်ကို ချီးကျူး/ကိုယ့်ကို လောင်ကုန်းလို့ မြန်မြန်ခေါ်): ကိုယ် အဲ့ဒါကို ပြင်လိုက်ပြီ။


အရူးလေး : ကျေးဇူးတင်ပါတယ်၊ ရှဲန်းရှန်။ 


Translated by အုန်းသာကူ