အခန်း(၅)
Viewers 3k

အခန်း(၅) အိမ်ထောင်ရေး 



" လောင်ကုန်းရဲ့ မွေးနေ့ နီးလာပြီ ” အရူးလေးသည် သူ ဘာလက်ဆောင် ပေးရမလဲဟု အချိန်အတော်ကြာအောင် စဉ်းစားနေခဲ့ရ၏။ သူ့တွင် ပစ္စည်းအများကြီးမရှိဘဲ အကြံကောင်းများလည်း စိတ်ထဲ ရောက်မလာခဲ့ချေ။


နောက်ဆုံးမှာတော့ အိမ်ရှိ အလှဆင်မှုကနေ စိတ်ကူးစိတ်သန်းများ ရရှိခဲ့လေ၏။ တီဗွီဗီရိုအောက်ရှိ အဆင်တန်ဆာများကြားထဲတွင် ပုံကြီးချဲ့ထားသည့် ထွားကြိုင်းလုံး၀ိုင်းသည့် ယုန်တစ်ကောင်ရှိလေ၏။ အယ်လ်ဖာသည် ၎င်းကို အချိန်အကြာကြီး စိုက်ကြည့်နေတတ်သည်။ အရူးလေးသည် အဲဒီတုန်းက သူ မကြိုက်ဘူးဟု ထင်ခဲ့လေသည်။


“ဒါက ဘာလဲ” အယ်လ်ဖာသည် မျက်မှောင်ကြုတ်ပြီး အံမဝင်နေသည့် ယုန်ကို ကြည့်နေလေ၏။


"ဟမ်" အဲဒါ ယုန်ငယ်လေးပါပဲ။


အဲ့ဒါက "The Adventures of Little Rabbit" ထဲက ယုန်ငယ်လေးလေ " အရူးလေးသည် လက်ဟန်အမူအရာဖြင့် လက်သီးဆုပ်နှင့် အားဖြည့်သည့် အမူအရာလုပ်နေလေ၏။ " နောက်ဆုံးမှာ ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့ စူပါယုန်ငယ်လေးလေ "


"လောင်ကုန်း၊ ခင်ဗျား မကြည့်ဖူးဘူးလားဟင် " စိတ်ရှုပ်နေဆဲဖြစ်သည့် လောင်ကုန်းဖြစ်သူကို ကြည့်နေပြီး လက်နှစ်ချောင်းကို သတိထားပြီးထုတ်လိုက်ကာ အယ်လ်ဖာ၏ လက်မောင်းကို လှမ်းတို့လိုက်လေ၏။


"ချောင်းဆိုး" အယ်လ်ဖာသည် အကာအရံအနေဖြင့် ချောင်းဆိုးလိုက်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်လေ၏။ " ကိုယ် ဒါတွေ အများကြီး မကြည့်ဖူးဘူး"


တကယ်တော့၊ အများကြီးမကြည့်ဖူးခြင်းမျိုး မဟုတ်ဘဲ အကုန်လုံး မကြည့်ခဲ့ဖူးခြင်းသာ ဖြစ်လေသည်။ ရှန့်မိသားစု၏ အကြီးဆုံးသားကြီးတစ်ယောက်အနေဖြင့် အယ်လ်ဖာသည် ငယ်စဉ်ကလေးဘ၀ကတည်းက တင်းကြပ်သောပညာရေးကိုရရှိခဲ့ပြီး အားလပ်ချိန်အနည်းငယ်သာရှိခဲ့လေသည်။


တခြားကလေးများသည် ကာတွန်းများသောင့်ကြည့်ပြီး ‌‌ဗြောင်းဆန်နေကြစဉ် ရှောင်ရှန့်ကျစ်လေးသည် စန္ဒယားတီးခတ်ရန် တည့်တည့်မတ်မတ် ထိုင်နေပြီဖြစ်လေသည်။ အယ်လ်ဖာသည် ပြန်လည်အမှတ်ရနေခဲ့ပြီး အရူးလေး တိတ်တိတ်လေး ရှောင်ထွက်သွားသည်ကို သတိမထားမိလိုက်ချေ။


အရူးလေးသည် ဒီဗီဒီခွေတစ်ထပ်ကြီးကို သယ်ဆောင်ကာ ပြန်ရောက်လာသောအခါမှ အယ်လ်ဖာသည် နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့လေ၏။


"ကံကောင်းစွာနဲ၊ ကျွန်တော် ဒါတွေအားလုံးကို ကျွန်တော်နဲ့အတူ ယူလာခဲ့တယ်~" အရူးလေးသည် တစ်နေရာရာကနေ ၎င်းတို့ကို ရှာလာခဲ့ပြီး သူ့မျက်နှာလေးတွင် အနည်းငယ် ညစ်ပေနေလေ၏။ သို့သော် သူသည် အလွန်ပျော်ရွှင်နေခဲ့ကာ သူ့ရင်ဘတ်လေးကို ဂုဏ်ယူစွာ ပုတ်လိုက်ရင်း သူ့လောင်ကုန်းကို ပြောပြနေလေ၏။


"ဒါတွေအားလုံးက ငါ့ရဲ့ဂရုတစိုက်စုဆောင်းထားတဲ့ ပစ္စည်းတွေပဲ"


လူမိုက်၏ ဂရုတစိုက် စုဆောင်းထားသော ပစ္စည်းအားလုံးကို ခင်ပွန်းဖြစ်သူထံ ပေးအပ်နိုင်သည်။


ထိုညတွင် သူသည် သူ့လောင်ကုန်းနှင့် အဖော်ပြုကာ တစ်ညလုံး ကာတွန်းကြည့်နေခဲ့လေ၏။ အယ်လ်ဖာသည် ဆိုဖာပေါ်တွင် ထိုင်နေခဲ့ပြီး သူ့မျက်နှာပေါ်တွင် မော်နီတာမှ အလင်းရောင်သည် တဖျပ်ဖျပ်တောက်ပနေလေ၏။


အယ်လ်ဖာသည် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုဖြင့် ငြိမ်းချမ်းစွာ အိပ်ပျော်သွားခဲ့လေသည်။


အရူးလေးသည် ဆိုဖာပေါ်တွင် ဒူးထောက်လိုက်ကာ အယ်လ်ဖာကို ညင်သာစွာ ပွေ့ဖက်ထားခဲ့လေသည်။


ငါ့လောင်ကုန်း အိပ်မက်လှလှမက်ပါစေ။


အချိန်သည် လက်ရှိနေရာသို့ ပြန်ရောက်လာလေ၏။


[ TN: တကယ်က အရူးလေးက သူ့လောင်ကုန်းကို မွေးနေ့လက်ဆောင်ပေးဖို့ စဉ်းစားရာကနေ ကာတွန်းကားကြည့်ခဲ့တဲ့အကြောင်းကို တွေးမိသွားတာ။ အခုက လက်ရှိ လက်ဆောင်အကြောင်း စဉ်းစားနေတဲ့အချိန်ကို ပြန်ရောက်လာပြီ။ ]


သူ့လောင်ကုန်းက အဲ့ဒါကို သဘောကျမှာလား။ အရူးလေးသည် သူ့လက်ထဲတွင်ရှိသည့် ယုန်ကြွေရုပ်လေးကို ကြည့်ပြီး သူ့ခေါင်းလေးကို ပျော်ရွှင်စွာ ခါယမ်းနေလေ၏။ သူသည် အတန်းတက်ချိန်ကနေ ယခုအချိန်အထိ ၎င်းကိုပြုလုပ်ရန် အချိန်အကြာကြီးယူခဲ့ရသည်။သူသည် ယုန်ကောင်ရေ ၁၀၃ ကောင် လုပ်ထားခဲ့လေ၏။ 


သူသည် သူ့လောင်ကုန်းအား ပေးဖို့ရန် အကောင်းဆုံးတစ်ခုကို ရွေးချင်ခဲ့လေသည်။


ယုန်ငယ်လကို သယ်ပြီး အိမ်သို့ ပြန်လာခဲ့လေသည်။


တံခါးကို တွန်းဖွင့်လိုက်သည်နှင့် သူသည် အမျိုးသမီးတစ်ဦးသည် သူမ၏ဘေးနားတွင် ချောမောသော အိုမီဂါတစ်ယောက်နှင့်အတူ အိမ်ထဲတွင် ထိုင်နေသည်ကို သတိထားမိလိုက်လေသည်။


အရူးလေးသည် နောက်ပြန်ဆုတ်ကာ တံခါးကို ကြည့်လိုက်လေ၏။


ဟမ်။ ငါ အိမ်မှားသွားတာလား။


သူသည် သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး၊ အိမ်ထဲတွင် လူနှစ်ယောက် အမှန်တကယ်ရှိနေကြောင်းကို နောက်တစ်ကြိမ် အတည်ပြုနေလေ၏။


" ခင်ဗျားတို့ကဘယ်သူလဲ" သူသည် ကြွေယုန်လေးကို သူ့လက်ထဲတွင် ဂရုတစိုက်ကိုင်ထားကာ သူတို့အား မိုက်မဲစွာ ပြုံးပြလိုက်လေ၏။


သူတို့က သူ့လောင်ကုန်းရဲ့ မိသားစုများလား။ သူသည် သူ့လောင်ကုန်းနှင့် တချို့တ၀က်ဆင်တူသည့် အမျိုးသမကိုကြည့်ရင်း တွေးလိုက်လေ၏။


"ရှန့်ကျစ်က ငါ့သားပဲ" အမျိုးသမီးသည် ခပ်မာမာထန်ထန်ဆိုလေကာ သူမ၏ အခွင့်အာဏာကို ပြသချင်နေခဲ့လေသည်။ သူ့သားသည် တစ်ယောက်ယောက်ကို ပြန်ခေါ်လာခဲ့သည်ဟု သူမ ကြားသိလိုက်ရပြီး ထိုလူသည် ဘယ်လိုထူးခြားသည့် အိုမီဂါမျိုးလဲဆိုသည်ကို သူမမြင်ချင်နေခဲ့လေသည်။


ဒီလိုပဲလား။


"‌အမေ၊ မင်္ဂလာပါ အမေ" အရူးလေးသည် သူမကို ဦးညွှတ်လိုက်လေ၏။


အမျိုးသမီးကြီး: ...


အမျိုးသမီးကြီးသည် ရုတ်တရတ် ဖုန်းပြန်ဖြေလိုက်ပြီး အရူးလေးသည် သူ့လောင်ကုန်း၏ အသံကို ကြားလိုက်ပုံရလေ၏။ ပြီးနောက် ချက်ချင်းဆိုသလို အမျိုးသမီးကြီးသည် အပြင်ဘက်သို့ လမ်းလျှောက်ထွက်သွားလေ၏။ 


ဧည့်ခန်းထဲတွင် အရူးလေး နှင့် လှပသောအိုမီဂါသာ ကျန်ရစ်ခဲ့လေသည်။


"မင်္ဂလာပါ" သူ စိတ်အားထက်သန်စွာ သူ့လက်ကို ကမ်းပေးလိုက်လေသည်။


သူသည် သူ့လောင်ကုန်း မရှိသောကြောင့် ဧည့်သည်များကို ကောင်းစွာ ဧည့်ခံပေးချင်ခဲ့သည်။


အရူးလေးသည် ယုန်ငယ်လေးကို ကော်ဖီစားပွဲပေါ်တင်ကာ သစ်သီးအချို့ပြင်ဆင်ရန် လှည့်သွားလိုက်လေသည်။


"မင်း...မင်း တစ်ခုခုသောက်ချင်လား။ ငါတို့မှာ လိမ္မော်ရည်၊ ကိုလာ၊ နို့ရှိတယ်"


စောစောက အမျိုးသမီးသည် သူ့လောင်ကုန်း၏အမေဖြစ်ရမည်၊ ထို့ကြောင့် ဤအိုမီဂါသည်လည်း သူ့လောင်ကုန်းကို သိရပေမည်။ သူသည် ဧည့်သည်အပေါ် အထင်အမြင်ကောင်းတစ်ခု ချန်ထားဖို့ တိတ်တဆိတ် ဆုံဖြတ်ထားခဲ့လေ၏။


အရူးလေးသည် သူ့လောင်ကုန်း သူ့အတွက် ဝယ်ထားသည့် အချိုရည်များနှင့် သကြားလုံးများကို ထုတ်ယူလာဖို့ ဆုံးဖြတ်လိုက်လေ၏။


"အိမ်လား " မထင်မှတ်ထားပဲ၊ အိုမီဂါသည် သူ့အမူအရာအပေါ်တွင် အထင်အမြင်သေးသည့်အရိပ်အမြွက်နှင့် မျက်မှောင်ကြုတ်လိုက်လေ၏။


"မင်းက ဘယ်လိုခွေးလေခွေးလွင့်မျိုးလဲ"


"မင်းတို့က မင်္ဂလာဆောင်ပြီးလို့လား။ ဒါမှမဟုတ် ရှန့်ကျစ်က မင်းကိုခေါ်သွင်းထားရုံပဲလား"


" အကြွေးဆပ်ဖို့ ပို့လိုက်တဲ့ အရုပ်လေးက ဘာ 'အိမ်ထောင်ရေး' လဲ။ မင်းက ကစားစရာတစ်ခုသာသာပဲ " အိုမီဂါသည် အရူးလေးဆီသို့ စာရွက်စာတမ်းတစ်ခုကို ပစ်ချလိုက်လေ၏။


၎င်းသည် သူ့အဖေက သူ့ကို အယ်လ်ဖာဆီပို့လိုက်သည့် စာရွက်စာတမ်းဖြစ်လေ၏။


“အဲဒီနေရာက ငါ့အတွက်ပဲဖြစ်နိုင်တယ်” လှပသော အိုမီဂါသည် ကျယ်လောင်စွာ ပေါက်ကွဲထွက်လာခဲ့လေ၏။


အကြွေးပြန်ဆပ်တာလား။


မဟာမိတ် အိမ်ထောင်ရေးလား။


မိသားစုမဟုတ်ဘူးလား။


အရူးလေးသည် သူ့ခေါင်းထဲတွင် တဆတ်ဆတ် တုန်ယင်နေသလို ခံစားနေရလေ၏။


မဟုတ်ဘူး။ ဒါအမှန်မဟုတ်ဘူး။ 


ကြွေယုန်ရုပ်‌လေးသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ၎င်းကို မရပ်တန့်နိုင်ခဲ့ချေ။ သူ့လက်ကို ကြွေထည်အကွဲအစများက ဖြတ်ရှလိုက်ပြီး ရှည်လျားသော အကွဲကြောင်းတစ်ခု ချန်ထားခဲ့လသည်။


အရူးလေးသည် အတော်လေးနာကျင်သလို ခံစားရလေ၏။


သူ့လက်သည် နာကျင်နေလေ၏။


သူ့နှာခေါင်းသည် လှုပ်နေပြီး၊ အရာအားလုံးကို မေးခွန်ထုတ်နေလေကာ ၎င်းကို သူ မယုံကြည့်နိုင်ခဲ့ချေ။


စာရွက်စာတမ်းကို လှန်လိုက်ပြီး အရူးလေး၏ အမြင်အာရုံများ မှုန်ဝါးသွားလေ၏။ စာရွက်စာတမ်းပေါ်ရှိ စကားလုံးများကို သူ သေသေချာချာ ဖော်ထုတ်ခဲ့လေသည်။


" မဟာမိတ် အိမ်ထောင်ရေး..." 


"အကြွေးများဆပ်ခြင်း... ပေးပို့လိုက်သော လက်ဆောင်ပဏ္ဍာတစ်ခု..."


သူ မျက်တောင်ခတ်လိုက်ပြီး မျက်ရည်တစ်စက်သည် သူ့ပါးပြင်ပေါ် လှိမ့်ဆင်းသွားလေ၏။ ဆိုတော့ နောက်ဆုံးကျတော့ သူ့လောင်ကုန်းက သူ့မိသားစု မဟုတ်ဘူးပေါ့။



စာရေးသူမှာ ပြောစရာရှိပါတယ်။


~ ဒါက ခဏတာ ဝမ်းနည်းစရာအခိုက်အတန့်လေးပါပဲ~ နောက်အခန်းမှာ အယ်လ်ဖာ ရောက်လာလိမ့်မယ်။


Translated by အုန်းသာကူ