အခန်း(၄) ကျွန်တော့်လောင်ကုန်းက အရမ်းကြင်နာတတ်တယ်
အိုမီဂါလေးသည် သူတို့၏အိမ်ကို သန့်ရှင်းရေးလုပ်နေရသည်ကို သဘောကျလေ၏။ အယ်လ်ဖာသည် ၎င်းကို မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့လေ၏။ နေ့စဉ်နေ့တိုင်း အလုပ်ပြီးနောက် သူသည် သူတို့၏အိမ်တွင် မတူညီသည့်အရာတစ်ခုကို ရှာဖွေတွေ့ရှိလိမ့်မည်ဖြစ်သည်။ တစ်ခါတစ်ရံတွင် ကော်ဖီစားပွဲပေါ်တွင် ယုန်ရုပ်တစ်ရုပ်ကို ထည့်ထားလိမ့်မည်ဖြစ်ကာ အခြားအချိန်များတွင် ၎င်းသည် ပြတင်းပေါက်ပေါ်တွင် iron begonia အပင်တစ်ပင် ဖြစ်နေလိမ့်မည်ဖြစ်သည်။
အပြောင်းအလဲများသည် သေးသေးလေးဖြစ်လေသော်လည်း အိမ်ဆီသို့ သက်၀င်လှုပ်ရှားမှုအများအပြား ထပ်ထည့်လိုက်သည့်ပဲ ပေါ်လေ၏။ ဤကာလအတွင်း အိုမီဂါလေးသည်လည်း သူ့၏ မူလအိမ်သို့ အကြိမ်ပေါင်းများစွာ ပြန်သွားပြီး ခရီးဆောင်အိတ် အများအပြားကို မောမောပန်းပန်း ပြန်သယ်လာပြီး ပြန်လောက်လာခဲ့လေသည်။ သူပြောခဲ့သည်မှာ အဲ့ဒါက သူ့ရဲ့ပစ္စည်းအားလုံးဖြစ်ပါသည် ဟူ၏။
အယ်လ်ဖာသည် မှိန်ဖျော့နေသော အရုပ်တန်းကြီးကို တိတ်တဆိတ်ကြည့်ရင်း " အဲ့ဒါတွေကလား" အယ်လ်ဖာသည် ယုံကြည်ရန်ခက်ခဲကြောင်း တွေ့ခဲ့ရလေသည်။
"ဟုတ်တယ်လေ " မိုက်မဲသောအရူးလေးသည် အယ်လ်ဖာ၏ တုံ့ဆိုင်းမှုကို နားမလည်ခဲ့ပါချေ။ သူသည် အရုပ်တစ်ရုပ်စီကို တစ်ခုပြီးတစ်ခု ထုတ်ယူပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က အယ်ဖာသည် မိုက်မဲသောအရူးလေးသည် ပစ္စည်းများကို ယူရန်အိမ်ပြန်သွားသည်ဟု ကြားလိုက်သောအခါ တစ်စုံတစ်ယောက်ကို တပ်ဆင်ခိုင်းထားသည့် ဗီရိုပေါ်တွင် အရုပ်များကို ဂရုတစိုက် ချထားလိုက်လေ၏။
သူသည် အရုပ်များကို စီထားပြီး အရုပ်တန်းကို ပြောလိုက်လေ၏။ "အခုကစပြီး ဒါက ငါတို့အိမ်ဖြစ်လိမ့်မယ်" သူ တကယ်ပင် ပျော်နေခဲ့ပြီး သူသည် အရုပ်တန်းကို ပျော်ရွှင်စွာစကားပြောရင်း သူ့လေသံသည် သူ့ပျော်ရွှင်မှုကို ဖုံးကွယ်ထားလို့ မရခဲ့ပါချေ။
သူ တစ်ယောက်တည်းမဟုတ်တော့ပါ။ ယခုအချိန်မှာတော့ သူတို့အကုန်လုံးတွင် တကယ့်အိမ်ကြီးတစ်အိမ်ရှိပြီး အရမ်းကောင်းသည့်ယောက်ျားတစ်ယောက်နှင့် အလွန်ကြီးလှသည့် အိမ်ကြီးတစ်လုံးရှိနေပြီဖြစ်သည်။
နောက်တစ်နေ့၌။
"လောင်ကုန်း ပြန်လာပြီလား" အိုမီဂါက တံခါးဝမှ ဆူညံသံတချို့ကို ကြားလိုက်သောအချိန်၌ နို့ပူပူလေးကို သောက်နေလေ၏။ သူ့နှုတ်ခမ်းတွင် နို့အမြှုပ်ဝိုင်းတစ်ခုနှင့် ပြေးထွက်လာခဲ့လေ၏။
"မင်းအတွက်" အယ်လ်ဖာသည် သူ့နောက်ဘက်မှ ပန်းစီးတစ်ခုကို သာမာန်ကာလျှံကာပင် ထုတ်ယူလိုက်လေ၏။ အပြင်ဘက်၌ မိုးရွာနေပြီး ကုမ္ပဏီမှ ထွက်သွားပြီးနောက် ချက်ချင်းပင် အယ်လ်ဖာသည် ပန်းများရောင်းနေသော အဘွားအိုတစ်ယောက်နှင့် ဆုံခဲ့လေ၏။
အဘွားအိုက ဆိုလေ၏။ " ပန်းတစ်ပွင့်ဝယ်ပြီး မင်းရဲ့ချစ်ရသူကို ပေးလိုက်ပါ "
ချစ်ရသူတဲ့လား။ တစ်နည်းနည်းနှင့် အယ်လ်ဖာ၏စိတ်သည် မိုက်မဲသောအရူးလေးနှင့် ချက်ချင်းပုံဖော်လိုက်ပြီး၊ လျှော်ထားသောကြောင့် အရောင်ဖျော့ဖျော့နေပြီဖြစ်သည့် အရုပ်အတန်းလိုက်ကြီးသည်လည်း ဖျတ်ခနဲ စိတ်ထဲ ရောက်လာခဲ့လေ၏။ အယ်လ်ဖာသည် မမြင်ရသည့် တွန်းအားတစ်ခုမှ တွန်းထုတ်လိုက်သကဲ့သို့ လျှောက်သွားခဲ့လေ၏။
သူသည် ပန်းစည်းကိုကြည့်လိုက်ကာ ၎င်းတို့ကို ၀ယ်ခဲ့လိုက်လေ၏။မိုးရေစက်အနည်းငယ်သည် ရိုးရှင်းသောထုပ်ပိုးမှုမှ လျှောကျသွားပြီး အယ်လ်ဖာ၏ တန်ဖိုးကြီးဝတ်စုံပေါ်သို့ ကျသွားလေသည်။
ဟမ့်၊ ချစ်ရတဲ့လူအတွက် ဝယ်လာတာမျိုး မဟုတ်ပါဘူးနော်။
မိုးရွာနေတာကြောင့် သူ အဘွားကြီးကို အလုပ်မြန်မြန်ပြီးစေချင်ရုံပါပဲ။
မိုက်မဲသောအရူးလေးသည် ပန်းများကိုမြင်လိုက်သောအခါ သူ့မျက်လုံးလေးများ တောက်ပလာခဲ့လေသည်။
"ဒါက ကျွန်တော့်အတွက်လား" သူ အလွန်ပျော်သွားပြီး အနည်းငယ်ရှာပ်ထွေးလာခဲ့လေ၏။ သူ ပန်းများကိုယူဖို့ လက်လှမ်းလိုက်ဖို့ကြိုးစားခဲ့သော်လည်း အဆုံးမှာတော့ မညစ်ပတ်နေသော်လည်း သူလက်များကို သုတ်နေလိုက်လေ၏။
တကယ်ကြီး သူ့ကို ပန်းတွေပေးခဲ့တာပဲ။ ဝူးဝူးဝူး၊ ဘာလို့ သူ့လောင်ကုန်းက သူ့ကို ရုတ်တရတ်ကြီး အရမ်းကောင်းလာတာလဲ။
“အရင်က ဘယ်သူမှ ကျွန်တော့်ကို ပန်းတွေ မပေးဖူးဘူး” မိုက်မဲသောအရူးလေးသည် ကို့ရို့ကားယားနှင့် ခေါင်းကို ကုတ်ခြစ်ကာ ရှက်ပြုံးလေးနှင့် ရှင်းပြလေ၏။ “သူတို့အကုန်လုံး...လူသတို့အကုန်လုံးက ကျွန်တော်က သိပ်ဉာဏ်မမီဘူးလို့ ပြောကြတယ်လေ ”
သူ့ကို ဘယ်သူမှ ပန်းများ မပေးဖူးတာကတော့ အမှန်ပင်ဖြစ်၏။ သကြားလုံးများ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းသေးသေးလေးများပင်လျှင် သူငယ်ငယ်တုန်းက သူ့အမေဆီကသာ လက်ခံရရှိခဲ့ဖူးလေသည်။ သူ့အမေ ထွက်သွားခဲ့ပြီးနောက် သူသည် ထိုသို့သောပစ္စည်းမျာ လက်ခံရရှိဖို့ ရှားပါးလာခဲ့လသည်။
ကျောင်းတက်နေစဉ်အတွင်း အိုမီဂါ၏အတန်းဖော်အများစုသည် ချောကလက်များ၊ ပန်းများ၊ ရေမွှေးကတ်များနှင့် အားလပ်ရက်များပို ရရှိခဲ့သော်လည်း သူကတော့ တစ်ခါမှ မရခဲ့ဖူးပါချေ။
သူသည် အခြားသူများနှင့် မတူကြောင်း သိခဲ့ရသည်။ အခြားလူများသည် ဝါကျတစ်ခုကို လျင်မြန်စွာ တုံ့ပြန်နိုင်ကြသော်လည်း သူ မလုပ်နိုင်ခဲ့ပါချေ။
ထို့ကြောင့် သူသည် ထောင့်တစ်နေရာတွင် အမြဲတမ်း အမေ့လျော့ခံခဲ့ရပြီး၊ သတိပြုမခံရဘဲ လက်ဆောင်တစ်ခုမှ မရနိုင်ခဲ့ပေ။ သို့သော် ယနေ့မှာတော့ သူ လက်ဆောင်တစ်ခု ရရှိခဲ့ပြီဖြစ်သည်။
"ကျေးဇူးတင်ပါတယ် လောင်ကုန်း " မိုက်မဲသောအရူးလေးသည် ပန်းများကို လက်ခံလိုက်ရင်း နှာရှုတ်ကာ သူ့လောင်ကုန်းဖြစ်သူကို ပွေ့ဖက်လိုက်လေ၏။ " ကျွန်တော် တကယ်၊ တကယ်၊ တကယ်ကို ပျော်တယ်~"
သူသည် သူ့ခေါင်းလေးကို လောင်ကုန်းဖြစ်သူ၏ လည်ပင်းကို မှီထားပြီး ညင်သာစွာပွတ်သပ်နေခဲ့လေ၏။ ဆိုတော့ ဒါက ပန်းတွေလက်ခံရတာ ဘယ်လိုခံစားရသလဲဆိုတာပေါ့လေ။ သမင်ငယ်လေးသည် သူနှလုံးသားထဲတွင် ရုတ်တရက် နေရာယူကာ ခုန်ပေါက်နေသလိုမျိုးပင်။ညသူသည် အိမ်ကြီးတဝိုက်တွင် ဆယ်ကြိမ်တိုင်တိုင် ပြေးနိုင်သကဲ့သို့ပင် ခံစားလိုက်ရလေသည်။
သူ့လောင်ကုန်းသည် တကယ်ပင် အံ့သြဖွယ်ကောင်းပြီး သူ့စိတ်ထဲတွင် နောက်တစ်ကြိမ် ပြန်တွေးတောနေပြန်လေသည်။
အယ်လ်ဖာသည် ခွေးလေးတစ်ကောင်ကဲ့သို့ သူ့ကို မှီကာ ပွတ်သပ်နေသည့် သူ့အိုမီဂါကို စောင့်ကြည့်နေခဲ့၏။ သူတကယ်ကြီး ဒီလောက်တောင် ပျော်နေတာလား။ ၎င်းသည် အလွန် ရယ်စရာကောင်းလှသည့် မြင်ကွင်းတစ်ခုပင်။
ဤအရာလေးသည် အလွန်ပင် ကပ်တွယ်လွန်းသည်ဟု အယ်လ်ဖာက တွေးနေခဲ့ပြီး သူ့၏ နီရဲနေသောနားရွက်များကို လျစ်လျူရှုထားလေ၏။ သူသည် အရူးလေးကို တွန်းထုတ်လိုက်ဟန်ဆောင်ပြီး ပြောလိုက်၏။ "အဟမ်း၊ ပန်းအိုးကို အရင်ဆုံးရှာရအောင်"
ထိုမှသာ အရူးလေသည် သူ့ခေါင်းလေးကို ပုတ်လိုက်ပြီး ဆိုလေ၏။ "အိုး၊ ဟုတ်သားပဲ "
အယ်လ်ဖာသည် လှည့်ပြီး အပေါ်ထပ်သို့ တက်သွားကာ စာကြည့်ခန်းတွင်ထိုင်နေလေ၏။ ခဏအကြာတွင် သူ့ဖုန်းကို တိတ်တဆိတ် ထုတ်ယူလိုက်ကာ နောက်တစ်နေ့အတွက် မယုံနိုင်လောက်အောင် လှပသော ပန်းစည်းလေးတစ်ခုကို သူလက်ထောက်ကို မှာယူခိုင်းရန် စီစဉ်ထားခဲ့လေသည်။
မေ့လိုက်ပါ။ အယ်လ်ဖာသည် သူ့လက်ထောက်၏ ဖုန်းနံပါတ်ကို ခဏလောက် ကြည့်နေပြီးနောက် ၎င်းကို အောက်ချထားလိုက်လေ၏။
သူကိုယ်တိုင်ပဲ တွန့်ဆုတ်ဆုတ်နဲ့ ပန်းဆိုင်ကို သွားသင့်ပါတယ်လေ။
ပြဇာတ်တိုလေး
အယ်လ်ဖာ : ငါ တစ်ယောက်တည်းကသာ အရူးလေးအတွက် ပန်းတွေဝယ်ပေးနိုင်တယ်။ (`^')
Translated by အုန်းသာကူ