အခန်း(၃) ကောင်းကောင်း အိပ်ခဲ့ရရဲ့လား။
သူ နောက်နေ့ အိပ်ရာက နိုးလာသောအခါ အိပ်ယာပေါ်တွင် ဘယ်သူမှ မရှိတော့ချေ။ အိပ်ငိုက်နေလျက် သူ့မျက်လုံးများကို ပွတ်သပ်ရင်း အရူးလေးသည် အိပ်ယာပေါ်ကဆင်းပြီး ဖိနပ်ပါးတစ်ရံ စီးသွားလိုက်၏။
" ကောင်းတယ် "
"လောင်ကုန်း " အရူးလေး၏ အသံသည် နူးညံ့နေပြီး မီးဖိုချောင်ထဲတွင် ရပ်ကာ မနက်စာပြင်ဆင်နေသည့် အယ်လ်ဖာကို တွေ့လိုက်ရသောအခါ သူသည် မိုက်မဲစွာ ပြုံးလိုက်၏။ "မင်္ဂလာနံနက်ခင်းပါ လောင်ကုန်း "
"လောင်ကုန်း~ မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား" သူ့၏ မနက်ခင်းလုပ်ငန်းစဉ်များ ပြီးသွားပြီးနောက် သူသည် အယ်လ်ဖာကမ်းပေးလာသော နို့ကို ကိုင်ထားပြီး မျက်လုံးလေးကို တဖျပ်ဖျပ်ခတ်နေလေ၏။
ရှန့်ကျစ်: ...
"ဟီးဟီး~ကောင်းလိုက်တာ။ ကျွန်တော်လည်း ကောင်းကောင်းအိပ်ခဲ့ရတယ်။ အဲ့ဒါက လောင်ကုန်းကြောင့်ပဲ ဖြစ်မယ်။ မနေ့ညက ကျွန်တော့်မှာ အိပ်မက်ဆိုးတွေတစ်ခုမှ မရှိခဲ့ဘူး။ " မိုက်မဲသောအရူးလေးသည် မျက်လုံးလေးများ ကွေးညွတ်သည်အထိ ပြုံးပြနေလေ၏။ သူနှင့်အတူ ဘယ်သူမှ မအိပ်သည်မှာ ကြာနေပြီဖြစ်ကာ၊ သူသည် သူ့လောင်ကုန်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးလူဖြစ်သည်ဟု တွေးနေခဲ့လေသည်။
မနက်စာစားပြီးနောက် ရှန့်ကျစ်သည် ရုံးသို့သွားရန် စီစဉ်ထားလေ၏။ မသွားခင် မိုက်မဲသောအရူးလေးသည် ခြေဖျားထောက်ကာ သူ့ခင်ပွန်းသည်၏ လည်စည်းကို ချည်နှောင်ပေးလိုက်လေသည်။
“လောင်ကုန်း၊ ကျွန်တော် ခင်ဗျားအတွက် လည်စည်းကို ချည်ပေးလို့ရမလား” သူသည် ငွေဖြူရောင်လည်စည်းကြိုးကို ကိုင်ထားကာ ခဏလောက် စဉ်းစားလိုက်ပြီးနောက် အညိုရင့်ရောင်တစ်ခုနှင့် လဲလိုက်လေ၏။ မျှော်လင့်နေသော မျက်လုံးများနှင့် ကြည့်နေပြီး မေးလိုက်လေ၏။
သူ့လောင်ကုန်းအတွက် လည်စည်းချည်ပေးဖို့ ကြိုးစားရမယ်။ မိုက်မဲသောအရူးလေးသည် ယခင်က ဤကဲ့သို့ တစ်ခါမှ မလုပ်ခဲ့ဖူးချေ။
"ဟင့်အင်း-" အယ်လ်ဖာသည် မသိစိတ်ကနေ ငြင်းဆန်ချင်နေခဲ့၏။ သူသည် အရာအလုံးအတွက် သူ့ကိုယ်သူသာ အားကိုးပြီး အနှစ် နှစ်ဆယ် သုံးဆယ်လောပ် နေထိုင်လာခဲ့သည်။ သူသည် သူ့လက်ပတ်နာရီကို ပေါ့ပေါ့ပါးပါး၀တ်လိုက်ပြီး သူ့အား မျှော်လင့်နေသော အိုမီဂါသေးသေးလေးကို လှည့်ကြည့်လိုက်လေ၏။
" အို့ "
မိုက်မဲသောအရူးလေးသည် သူ့လက်ချောင်းလေးများကို ကေးကွာ သူ့လက်ထဲတွင် လည်းစည်းကြိုးကို ကိုင်ထားကာ ခေါင်းလေး ငုံ့ထားပြီး အနည်းငယ်ဆုံးဆုံးရှုံးသွားသလို ခံစားလိုက်ရလေ၏။ သူ့လောင်ကုန်းက သူ့ကို စိတ်ဆိုးနေတာလား။ သူ ညင်သာစွာ သက်ပြင်းချလိုက်ရင်း "အဆင်ပြေပါတယ်" ဟု သူ့ကိုယ်သူ တိတ်တိတ်လေး ပြန်ပြောလိုက်လေ၏။
ကူညီဖို့ ငြင်းဆိုခံရတာက သာမာန်ပါပဲ။ သူ သူ့မျက်လုံးလေးများကို တဖျပ်ဖျပ်ခတ်လိုက်၏။ ယခင်ကလည်း ဤလိုမျိုး အမြဲဖြစ်ခဲ့ဖူးသည်။ သူသည် အလွန် စိတ်အားထက်သန်ခဲ့သော်လည်း သူ့ဦးနှောက်သည် အဖျားတစ်ခုကြောင့် ထိခိုက်ခဲ့ရပြီး သူ့အား တုံ့ပြန်မှုနှေးကွေးစေခဲ့သည်။ မကြာခဏ အကူအညီထက် ဒုက္များ ပိုဖြစ်စေခဲ့သည်။ သူသည် ဒုက္ခထပ်မထည့်ချင်ပါတော့ချေ။ အဲ့ဒါကြောင့် အဆင်ပြေပါတယ်၊ တကယ် အဆင်ပြေပါတယ်။
သူ လေးလေးနက်နက် လေ့ကျင့်ထားပေမယ့်လည်းပေါ့။
အယ်လ်ဖာသည် သူ့ခေါင်းကို လှည့်ကြည့်လိုက်သောအခါ မိုက်မဲသောအရူးလေးသည် ပြုံးဖို့ ခက်ခက်ခဲခဲ ကြိုးစားရင်း ခေါင်းလေးပြန်မော့လာလေ၏။
" ကောင်း...ကောင်းပါပြီ၊ လောင်ကုန်း၊ ဒါဆို နှုတ်ဆက်ပါတယ် "
သူသည် လည်စည်းကြိုးကို သူ့နေရာတွင် ပြန်ထားလိုက်ပြီး သူ့အကြည့်သည် စားပွဲပေါ်ရှိ အယ်လ်ဖာ၏ဖုန်းဆီဆီသို့ ရောက်သွားလေ၏။ သူ ၎င်းကို လှမ်းယူလိုက်သောအခါ သူ့လက်သည် လေထဲတွင် တစ်၀က်တပျက် ရပ်သွားလေ၏။
အယ်လ်ဖာသည် ပြောပြီးသောအခါ သူ့စကားများအတွက် နောင်တရသွားလေ၏။ အထူးသဖြင့် မိုက်မဲသောအရူးလေး၏ စိတ်ပျက်နေသောအမူအရာကို မြင်လိုက်သောအခါတွင်ဖြစ်လေ၏။ သူ နားမလည်နိုင်စွာ စိတ်ပျက်သွားသလို ခံစားလိုက်ရလေသည်။
" ဒီကိုလာ" အယ်လ်ဖာသည် စိတ်မရှည်စွာ သူ့လည်စည်းကြိုးကို ဖြည်လိုက်လေသည်။
“ဟမ်” မိုက်မဲသောအရူးလေးသည် အံ့သြစွာ လှည့်ကြည့်လာလေ၏။
"ဒီတစ်ခုက သိပ်မကောင်းဘူး" အယ်လ်ဖာသည် သူ့လက်ကို မြှောက်လိုက်ပြီး သူ့ကိုယ်ပိုင် stylist မှ လိုက်ဖက်အောင်သေချာရွေးချယ်ထားသည့် လည်စည်းကြိုးကို အဝေးသို့ပစ်လိုက်လေ၏။ သူ့အကြည့်များက မိုက်မဲသောအရူးလေးကို ရှောင်လိုက်ပြီး မသက်မသာ ချောင်းဆိုးလိုက်လေ၏။ " ချောင်းဆိုး၊ ချောင်းဆိုး၊ ကိုယ် ပြောချင်တာက ခဲငွေရောင်တစ်ခုမသုံးဘူး၊ မင်းရွေးထားတဲ့ အညိုရင့်ရောင်ကို သုံး"
" မင်းရွေးထားတဲ့ တစ်ခုကလည်း ကြည့်ကောင်းတယ် " အယ်လ်ဖာက ထပ်ထည့်ပြောလိုက်လေ၏။
အယ်လ်ဖာသည် သူ့ဆုံးဖြတ်ချက်များအပေါ် ပထမဆုံးအကြိမ်ဖြစ် သံသယ၀င်ခဲ့လေ၏။ အိုမီဂါသည် သူ့ကို လည်စည်းကြိုး ကူချည်ပေးနေကာ သူ့၏ နူးညံ့သောလက်ကလေးသည် အယ်လ်ဖာ၏လည်ပင်းကို ထပ်ခါထပ်ခါ ပွတ်တိုက်မိနေခဲ့လေသည်။
အယ်လ်ဖာ : ငါ ဒုက္ခတောင်းနေတာပါလား။
"ကောင်းပြီ၊ ကိုယ် အခု အလုပ်သွားတော့မယ်" နောက်ဆုံးတော့ အယ်လ်ဖာသည် တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်သည့်သူဖြစ်ကာ သူ့အသံသည် သိသိသာသာ ခြောက်ကပ်နေလေ၏။
"ရေး " အရူးလေးသည် သူ့စိတ်ခံစားချက်ကို မြန်မြန်ဆန်ဆန် ညှိလိုက်လေ၏။ သူသည် သူ သပ်သပ်ရပ်ရပ် ချည်ထားသည့် လည်စည်းကြိုးကို ကြည့်ပြီး ပြုံးလိုက်ကာ သူ့၏ ကျားသွားလေးနှစ်ချောင်းကို ပြလာလေ၏။
သူက ဘာမှမလုပ်နိုင်တဲ့ အရူးတစ်ယောက်တော့ မဟုတ်ပါဘူးနော်။
သူသည် လောင်ကုန်း၏ ပါးကို ရွှတ်ခနဲ နမ်းလိုက်လေသည်။
" ကံကောင်းပါစေ၊ လောင်ကုန်း "
အရူးလေးသည် တကယ်ပင် အရာအများကြီးကို လုပ်နိုင်လေ၏။ ထိုနေ့တွင် သူသည် အလုပ်တွင်ရှိနေသည့် အယ်လ်ဖာဆီသို့ ယူသွားပေးရန် အရသာရှိသော အချိုပွဲများကို ပြုလုပ်ခဲ့ပြီး စွတ်ပြုတ်ကောင်းများပင် ပြုလုပ်ခဲ့လေသည်။
" လောင်ကုန်း၊ ဒီနေ့ ကျွန်တော် ကွေ့ဟွားကိတ် လုပ်ခဲ့တယ် "
"မင်း ဘာလို့ ဒီကိုထပ်ရောက်နေတာလဲ" အယ်လ်ဖာသည် မျက်မှောင်ကြုတ်ကာ နောက်ကနေ ပြေးလိုက်နေသည့် အရူးလေးကို ကြည့်လိုက်လေ၏။ အရူးလေး နီးကပ်မလာခင် သူသည် စားပွဲပေါ်ရှိ ဖိုင်များကို ဘေးသို့ ပြီးစလွယ်တွန်းဖယ်လိုက်လေ၏။
သူသည် အရူးလေး၏သရေစာဗူးအတွက် နေရာလွတ်တစ်ခု လုပ်ပေးလိုက်၏။ လက်ထောက်သည် ရှန့်ကျစ်ကို စာရွက်စာတမ်းတချို့ လက်မှတ်ထိုးဖို့ သတိပေးတော့မည့်အချိန် : ...
"ရှောင်လီ၊ ခင်ဗျားကော မြည်းကြည့်ချင်လာဟင် " အရူးလေးသည် အလွန်စိတ်အားထက်သန်နေလေ၏။
အယ်လ်ဖာက မော့ကြည့်လိုက်လေ၏။
လက်ထောက်: ကျွန်တော် မလုပ်ရဲပါဘူး။ ကျွန်တော် မလုပ်ရဲပါဘူးဗျာ၊ ကျွန်တော် အရင်ထွက်သွားလိုက်ပါမယ်။
Translated by အုန်းသာကူ