အရုဏ်ဦးရောက်လာသည့်အခါတွင်တော့ ယန်ကျင်းဇီသည် ချန်အန်းရှိူ့၏လက်ရေးဖြင့် စာအုပ်တစ်အုပ်အပြည့် စာလုံးများကို ရေးပြီးပြီဖြစ်၏။ ဤအချိန်၌ သူ့လက်မောင်းကို သူ့ကိုယ်ပိုင်ဟုပင် မခံစားရတော့ပေ။
မှတ်စုစာအုပ်မှ စာရွက်အချို့ကို ဆုတ်ဖြဲလိုက်ပြီး လိုအပ်သည့်အခါတွင် ပြန့်ကျဲသွားစေရန် ထိုစာရွက်များကို မှတ်စုစာအုပ်ထဲ သေသေချာချာ ညှပ်ထားလိုက်၏။ ယန်ကျင်းဇီသည် သူ့ကျောင်းလွယ်အိတ်ကို ပြင်လိုက်ပြီးနောက် အတန်းသွားတက်ရန် အဆင်သင့်ပင်။
တစ်ချိန်တည်းမှာပဲ ဒုတိယနှစ် အခန်း ၁ မှာ တင်မက အခြားအတန်းများစွာတွင် သတင်းစကားတစ်ခု ပျံ့နှံ့သွားခဲ့သည်။
ချန်အန်းရှိူ့က ယန်ကျင်းဇီကို ကြိုက်နေသည်တဲ့!
အဲ့ဒါတင်မက တကယ့်သက်သေအချို့လည်း ရှိသေးသည်! သက်သေက ယန်ကျင်းဇီ လူများနှင့် စကားပြောနေသည့် screenshot များ နှင့် ယန်ကျင်းဇီစီ ချန်အန်းရှိူ့ ရေးသားထားသော အချစ်ကဗျာများ၏ ဓာတ်ပုံများ ဖြစ်သည်!
ကောလာဟလများ ရောထွေးနေသည့် ဓာတ်ပုံမျိုးစုံသည် ကျောင်းသားအားလုံးနီးပါး မြင်ဖူးသွားလောက်သည့်အထိ ကျောင်းထဲတွင် တော်တော်လေး ပရမ်းပတာဆန်စွာ ပျံ့နှံ့သွားသည်။
ဒါပေါ့၊ ယန်ကျင်းဇီ၏ညီငယ်များသည်လည်း အဲ့ဒါကို မြင်လိုက်ရသည်။
မနေ့က ချန်အန်းရှိူ့ သူတို့ဘော့စ်ကို မကြိုက်ဘူးလို့ သူတို့အခိုင်အမာ ယုံကြည်ထားခဲ့ကြသည်။ အခု သူတို့ သက်သေကို မြင်လိုက်ရတော့...
" Holy shit! ချန်အန်းရှိူ့က ဘော့စ်ကို ကြိုက်နေတာ တကယ်ကြီးလား? "
" ဒီ screenshot၊ ဒါက တကယ်ပဲ ဘော့စ်ရဲ့ profile picture... "
" မနေ့က ဘော့စ် ချန်အန်းရှိူ့ကို ဒေါသထွက်ရဲတာ အံ့ဩစရာမလိုတော့ဘူး။ "
" ချန်အန်းရှိူ့ မနေ့က ထွက်သွားတုန်းက တအားစိတ်ဆိုးနေတာ။ ဖြစ်နိုင်တာ ဘော့စ်က သူ့ကို ငြင်းလိုက်လို့လား? "
" ချန်အန်းရှိူ့က အဲ့လိုလူမှန်း ငါ မထင်ထားခဲ့ဘူး။ "
…
ယန်ကျင်းဇီ၏ညီငယ်များတွင် ယန်ကျင်းဇီမပါသည့် group chat တစ်ခု ရှိသည်။ ဤအချိန်၌ ဤ group ထဲတွင် လူတိုင်းက စကားပြောနေကြသည်။
စကားပြောနေကြစဉ် တစ်ယောက်ယောက် မေးလာခဲ့သည်။
" ဘော့စ် ဒီအကြောင်းကို သိလား? မင်းတို့ ဘော့စ်ကို ဒီအကြောင်းကို ပြောပြကြချင်ကြလား? "
ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် group ထဲတွင် တိတ်ဆိတ်သွားသည်။
ခဏကြာတော့ တစ်ယောက်ယောက်က မေးလာခဲ့၏။
" ဘယ်သူပြောမှာလဲ? "
Group ထဲ တိတ်ဆိတ်သွားပြန်သည်။
အင်း၊ ဘော့စ်ကို ဘယ်သူ ပြောပြမှာလဲ?
ယောက်ျားလေးတစ်ယောက်စီက သဘောကျခံရတာ ကောင်းသည့်ကိစ္စ မဟုတ်ပေ။ လူတိုင်း သိသွားသည်က ပိုဆိုးသည်... အခုလောက်ဆို သူတို့ဘော့စ် စိတ်ဆိုးနေလောက်ပြီ!
သူတို့ထဲကဘယ်သူမှ မိုင်းမြှုပ်ထားသည့်မြေပေါ် မနင်းချင်ကြပေ။
သို့သော် မကြာမီမှာပဲ လူတိုင်းက ကိုယ်စားပြုတစ်ဦးကို တွေးမိလိုက်ကြ၏။
" ယွီလိမင်! "
" အစ်ကိုယွီ၊ မင်းအတွက် အလုပ်ရှိတယ်! "
" အစ်ကိုလိမင်! ကံကောင်းပါစေ! "
…
ယန်ကျင်းဇီ၏ နံပါတ်တစ်ညီငယ်နှင့် အတန်းဖော်ဖြစ်သူ ယွီလိမင် : " ... "
ယန်ကျင်းဇီ၏ညီငယ်များသည် အများအားဖြင့် စာလေ့လာရသည်ကို မကြိုက်ကြသောကြောင့် သူတို့ အခန်း ၁ ထဲ မဝင်နိုင်သည်မှာ မထူးဆန်းချေ။ သို့သော်ငြား ယွီလိမင်ကတော့ ခြွင်းချက်ဖြစ်၏။ သူသည် အခန်း ၁ မှ ဖြစ်ပြီး သူ၏ နေ့စဉ်လုပ်ရိုးလုပ်စဉ်များက ယန်ကျင်းဇီနှင့် အနီးစပ်ဆုံး ဖြစ်သည်။
မနေ့ညက အချိန်အတော်ကြာ ကစားခဲ့ပေမယ့် စာသင်ခန်းထဲ စောစောဝင်လာသည့် ယွီလိမင်သည် စာသင်ခန်းကို စပ်စုလိုက်သည်။
ညနေခင်း self-study တွင် ပါဝင်ရန်အတွက် ကျောင်းသားအများစုသည် ကျောင်းသို့ မနေ့ညက လာရောက်ခဲ့ကြသည်။ ယခုချိန်၌ ချန်အန်းရှိူ့အပါအဝင် သူတို့က အခန်းထဲ ရောက်နေပြီးသားဖြစ်သည်။
ဤအခိုက်အတန့်တွင် လူတိုင်းက ချန်အန်းရှိူ့ကို ခိုးကြည့်နေကြကာ အများစုက သူတို့ဖုန်းများကို စာသင်ခန်းသို့ ယူဆောင်လာကြသည်။ သူတို့က ချန်အန်းရှိူ့ကို ကြည့်ပြီးနောက် ဖုန်းကိုကြည့်သည်။
ဒါက လူတိုင်း သိနေသည့် ချန်အန်းရှိူ့ ယန်ကျင်းဇီကို ကြိုက်နေသည်ဆိုသော သတင်းကြောင့်မှန်း သိသာလှသည်။
ချန်အန်းရှိူ့ မသိသေးမှာကို သူ စိုးရိမ်မိသည်... ချန်အန်းရှိူ့က သူ့ထိုင်ခုံမှာ သူ ထိုင်နေရင်း သူ့မျက်နှာက ဘာမှမထူးဆန်းနေဘဲ အေးစက်စက်ဖြင့် စာရေးနေ၍ဖြစ်သည်။
တကယ်လည်း ချန်အန်းရှိူ့က ဘာမှမသိပါချေ။ မနေ့ညက ယန်ကျင်းဇီနှင့် စကားပြောပြီးနောက် သူသည် သူ့ဖုန်းကို တမင်တကာ ဘေးဖယ်ထားလိုက်၍ အင်တာနက်ပေါ်မှ သတင်းများအကြောင်း ဘာမှမသိပေ။
ဟုတ်တယ်၊ သူ ဖုန်းကြည့်ရင်တောင်မှ အဲ့အကြောင်းကို သူ မသိလောက်။ ဘယ်သူမှ သူ့စီ ထို screenshot များကို မပို့ရဲကြချေ။
ဤအချိန်၌ ချန်အန်းရှိူ့သည် ယနေ့ သူ့အနီးအနားရှိလူများက သူ့ကို အနည်းငယ် ထူးထူးဆန်းဆန်း ကြည့်သည်ဟုသာ ခံစားလိုက်ရသည်။
ဒါပေမယ့် ဒါက သူ့စာလေ့လာမှုကို မထိခိုက်နိုင်။
သင်္ချာပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ရသည်က အခြားဘာသာရပ်များအတွက် သူ့စာလေ့လာမှုအချိန်စာရင်းကို ပြီးအောင်မလုပ်နိုင်လိုက်သည်မို့ ယခု ပြန်လုပ်ရန် လိုအပ်နေသည်။
ချန်အန်းရှိူ့က သူ့စာလေ့လာမှုအချိန်စာရင်းကို လေးလေးနက်နက် လုပ်နေစဉ် သူ့မိဘများက ထို screenshot များကို မြင်ပြီးသွားကြပြီ။
ဆရာများသည် ကျောင်းသားများကို အရမ်းစိုးရိမ်ကြပြီး အချို့ဆရာများသည် အကောင့်တုများ သုံးကာ အတန်း group chat များကို ထောက်လှမ်းလေ့ရှိကြသည်။ အခု ချန်အန်းရှိူ့က ဒီလိုပြဿနာအကြီးကြီးကို ဖြစ်စေတော့ အချို့လူများက ရှာတွေ့သွားကြသည်မှာ ပုံမှန်ဖြစ်ကာ အခြားသူများက ချန်စုံတွဲကို ပြောပြခဲ့သည်။
" အန်းရှိူ့က မျက်စိကိုအရမ်းဖမ်းစားလွန်းနေလို့ တစ်ယောက်ယောက်က တမင်တကာ သူ့ကို ပြသနာရှာနေတာလား? "
" ဒါတွေအကုန်လုံးကို ယန်ကျင်းဇီ လုပ်ထားတာမလား? ဒါကို အန်းရှိူ့က တကယ် လုပ်နိုင်ပါ့မလား?
" ဒီလူရှုပ်လေးတွေ! ဒီလိုဟာတွေကိုတောင် ဖန်တီးရဲတယ်! "
" ဒီယန်ကျင်းဇီက တကယ့်ကြွက်ချီးပဲ! "
…
ဤ screenshotများသည် ချန်အန်းရှိူ့ကို ဒုက္ခပေးရန်အတွက် တစ်ယောက်ယောက်က တမင်သက်သက် ဖန်တီးထားခြင်းဖြစ်သည်ဟု ဆရာများက ယေဘုယျအားဖြင့် ယူဆကြသည်။
ချန်အန်းရှိူ့သည် ဤမျှအံ့သြဖွယ်ကောင်းသော ကလေးတစ်ယောက်ဖြစ်ပြီး သူ ဒီလိုလုပ်လိမ့်မယ်လို့ သူတို့ မထင်ကြပေ။
အကယ်၍ သူက ယောက်ျားများကို သဘောကျသည်ဆိုလျှင်တောင်မှ ပိုက်ဆံကလွဲပြီး ဘာမှမရှိသည့် ယန်ကျင်းဇီလိုလူ ဖြစ်စရာ အကြောင်းမရှိဘူး!
အဖေချန်တစ်ယောက်သာ အေးစက်နေသောမျက်နှာဖြင့် အတွေးနက်နေရင်း ဒါကို ကြည့်နေခဲ့သည်။
သူနှင့်သူ့ဇနီးသည် သူတို့ကလေး၏ပညာရေးကို အရမ်း အလေးထားသည်။
ချန်အန်းရှိူ့သည် ဉာဏ်ကောင်းပြီး လိမ္မာရေးခြားရှိသော ကလေးတစ်ယောက် ဖြစ်သည်။ သူတို့သည် ချန်အန်းရှိူ့အပေါ်တွင် သူတို့၏ကြိုးစားအားထုတ်မှုအားလုံးကို လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားခဲ့သည်။
သိပ်မကြာသေးမီက ချန်အန်းရှိူ့သည် သင်္ချာပြိုင်ပွဲတွင် ပါဝင်လိုသဖြင့် သူသည် ချန်အန်းရှိူ့အပေါ် ပိုအာရုံစိုက်ထားခဲ့၏။
ထို့နောက် သူသည် မကြာသေးမီက ချန်အန်းရှိူ့ စာကျက်နေစဉ် အနည်းငယ် အာရုံမစိုက်နိုင်ဖြစ်နေသည်ကို တွေ့ရှိခဲ့သည်။
အစက သူ ထင်ခဲ့သည်မှာ ယန်ကျင်းဇီက သူ့သားအနားတွင် လိုက်နှောင့်ယှက်နေသဖြင့် သူ့သား အာရုံထွေပြားနေသည်ဟူ၍။ ထို့ကြောင့် သူသည် သူတို့၏ခုံများကို ပြန်ခွဲပြီး ယန်ကျင်းဇီအား အခန်း၏နောက်နားတွင် တစ်ယောက်တည်း ထိုင်ခိုင်းရန် သူ့သားကို ပြောခဲ့သည်။
ဒါပေမယ့် သူ့သားက ငြင်းခဲ့ပြီး ယန်ကျင်းဇီက အရမ်းထက်မြက်၍ သူက သူ့အိမ်စာတွေကို ကူညီချင်တယ်လို့တောင် သူ့ကိုပြောခဲ့၏။
သူ့သားက အရမ်းကိုညှာတာတတ်သည်ဟုသာ သူ တွေးခဲ့မိပြီး အခု သူ့ရှေ့က ပုံများကို ကြည့်လိုက်တော့... screenshot ထဲတွင် ယန်ကျင်းဇီ ပြောသည့် သူ့သားက သူ့အတွက် စားစရာယူလာသည်ဆိုသည့်နေ့က အိမ်မှာ သူ့သား တကယ် ဟင်းချက်သွားခဲ့သည်!
ယန်ကျင်းဇီ ဆိုသော သူ့သားက သင်္ချာဘာသာ၏အဓိကအချက်များကို မျိုးတူစုခဲ့သည်ဆိုသည့်နေ့က သူ့သား တကယ်ပဲ နောက်ကျသည့်အထိ အလုပ်ရှုပ်နေခဲ့တာ!
အရေးကြီးဆုံးက အချစ်ကဗျာများ ဖြစ်သည်။
အဖေချန်သည် အချစ်ကဗျာများမှ စာလုံးများကို တစ်ချက်ကြည့်ရုံမျှဖြင့် သူ့သား ရေးထားမှန်း ပြောနိုင်သည်။
အဖေချန်သည် နှစ်ပေါင်းများစွာ ကျောင်းဆရာလုပ်ခဲ့ပြီး မရေမတွက်နိုင်သော လေပြင်းများနှင့် လှိုင်းလုံးများကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအချိန်တွင်မူ သူ သည်းမခံနိုင်သေးဘဲ ဒေါသများထွက်နေရသည်။
အရင်က ကျောင်းမှာ သူ ကောင်လေးများနှင့် ကောင်မလေးများ လိင်တူချင်း နမ်းနေကြသည်ကို ဖမ်းမိဖူးသည်။ ထိုအချိန်က သူသည် ထိုကိစ္စကို ပိုဆိုးအောင် သို့မဟုတ် ထိုကလေးများကို ခွဲခြားဆက်ဆံခြင်း မရှိဘဲ တိတ်တဆိတ် ကိုင်တွယ်နိုင်ခဲ့သည်။
သူ့ကိုယ်သူ အသိအမြင်ကြွယ်ဝသူ အဖြစ် သူ ထင်ခဲ့သည်။
အခုကျ သူ့သားစီ ရောက်လာပြီ!
သူ ဒါကို လက်မခံနိုင်ပေ။
ဒါ့ထက် သူ့သားက သူ မကြိုက်သည့် ယန်ကျင်းဇီနှင့် ချစ်ကျွမ်းဝင်နေခြင်း ဖြစ်သည်! ယန်ကျင်းဇီကို သူ မကြိုက်တာ ဖယ်ထားလိုက်ဦး။ သူ့သားကို ယန်ကျင်းဇီက ရွံရှာနေသည်!
အဖေချန်ခမျာ စိတ်ဆိုးရလွန်းအားကြီး၍ သွေးအန်မတတ်ပင်။
အမေချန်သည်လည်း ဒေါသထွက်နေသည်။
ဆရာများရုံးခန်းထဲနေရင်း အဖေချန်က ကိစ္စများကို သိရမှတော့ အမေချန်လည်း သိရတာ သေချာတာပေါ့။
အဖေချန်လိုမျိုး သူ(မ)လည်း ယန်ကျင်းဇီကို မကြိုက်ပေ။
ကျောင်းမှာ စာညံ့သည့် ကျောင်းသားများစွာ ရှိသည်။ ယေဘူယျအားဖြင့် ဆရာများသည် ကျောင်းသားများကို စာညံ့တာလေးကြောင့်နှင့် မမုန်းကြပေ။ ဆိုတော့ ပြောရမည်ဆိုလျှင် စာညံ့တာကိုဖယ်လိုက်ရင်တောင်မှ ထိုကောင်လေးနှင့်ပတ်သက်ပြီး မကြိုက်သည့်ကိစ္စများစွာ ရှိသေးသည်။ ယန်ကျင်းဇီသည် ကျောင်းမှာ ညီငယ်တစ်စုကို အုပ်စုဖွဲ့ပြီး အခြားကျောင်းသားများ၏ စာလေ့လာမှုကို အနှောင့်အယှက်ပေးသည်။ သူ့ကို ဆန့်ကျင်သည့် ကျောင်းသားများကိုလည်း ခြိမ်းခြောက်ခြင်း စသည့် ကိစ္စများကိုလည်း လုပ်သေးသည်။
ယန်ကျင်းဇီနှင့်စကားပြောသည့် ဆရာများ ရှိသော်လည်း ယန်ကျင်းဇီက လုံးဝ ဘယ်တော့မှ နားထောင်ခြင်းမရှိ။ သူက ချမ်းသာပြီး အင်အားကြီးသည်ဟု သူ့ကိုယ်သူ ထင်နေသည်။
အဖေချန်ကလည်း ယန်ကျင်းဇီကို ပိုကောင်းအောင် ပြောင်းလဲစေချင်၍ သူ့သားကို ယန်ကျင်းဇီနှင့် အတူထိုင်ရန် စီစဉ်ခဲ့ပေမယ့် အမေချန်ကတော့ စွန့်လွှတ်လိုက်တာ ကြာခဲ့ပြီဖြစ်၏။ ဒီတိုင်း သူ(မ)က ယန်ကျင်းဇီကို လျစ်လျူရှုထားတာပင်။
ယန်ကျင်းဇီ ဘာကြောင့် အခန်း ၁ မှာ လာတက်နေမှန်း သူ(မ) ဘယ်တော့မှ နားမလည်ခဲ့ပေ။
သူက စာမကျက်ချင်မှတော့ ပိုနိမ့်သည့်အတန်းခွဲများသို့ ဆင်းသွားတာက ပိုကောင်းနိုင်လောက်သည်မလား?
သူ(မ)သားက ယန်ကျင်းဇီကို တကယ်ကြိုက်နေမှန်း သူ(မ) အခု သိလိုက်ရပြီ။
အမေချန်၏အမြင်များ မှောင်မည်းသွားကာ မူးမေ့မလဲခင် သူ(မ)ခေါင်းကို လက်နှစ်ဖက်ဖြင့် ထောက်ထားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် သူတို့လိုပဲ ယန်ကျင်းဇီ၏မိဘများသည်လည်း ဒေါသထွက်ခဲ့ကြသည်။
ယန်ကျင်းဇီ၏မိဘများသည် များသောအားဖြင့် အလုပ်များသော်လည်း သူ့သားကို အရမ်းကို အများကြီး ဂရုစိုက်ဆဲဖြစ်သည်။
သူတို့က အသက်ငါးဆယ်ပိုင်းထဲ ဝင်နေပြီး သူတို့နှင့်ရွယ်တူအများစုက မြေးချီနေပြီဖြစ်သော်လည်း သူတို့မှာ ဒီသားလေးတစ်ယောက်သာ ရှိသည်...
ယန်ကျင်းဇီအတွက်ဆိုလျှင် ယန်စုံတွဲသည် သူတို့လက်ဖဝါးပေါ်မှာ သူ့ကို တင်ထားရင်တောင်မှ သူ့ကိုနာကျင်စေမိမှာကို ကြောက်ကြသည်။
မူလပိုင်ရှင်က သူတို့စကားကို လုံးဝနားမထောင်ခြင်းမှာ သူတို့က မူလပိုင်ရှင်ထံ တောင်းဆိုမှုတစ်စုံတစ်ရာ မရှိခဲ့သောကြောင့် ဖြစ်သည်။
မူလသမိုင်းဇာတ်ကြောင်းတွင် မူလပိုင်ရှင်က ကျွမ်းကောင်းဟန်ကို ကြိုက်ခဲ့သည်။ သူတို့က စိတ်မချမ်းသာပေမယ့် မူလပိုင်ရှင်က ဂဂျီဂကြောင်ကျလွန်းသောအခါ သူတို့က လွယ်လွယ်ကူကူဖြင့် သူနှင့်ကျွမ်းကောင်းဟန်တို့အား နိုင်ငံခြားသို့ ပညာတော်သင်လွှတ်လိုက်သည်။
နောက်ပိုင်းတွင် မူလပိုင်ရှင်သည် အရည်အချင်းမရှိသည်မှာ သိသာလှသော်လည်း ကုမ္ပဏီကို လွှဲပြောင်းရယူလိုခဲ့သည်။ သူတို့က မပျော်ပေမယ့် မူလပိုင်ရှင်က ဂဂျီဂကြောင်ကျတော့ သဘောတူလိုက်ပြန်သည်။
ဒီလိုမျိုး မိဘနှစ်ပါး... အကယ်၍ ယန်ကျင်းဇီမှာ ရည်းစားရှိနေပြီး ထိုသူက ယောက်ျားလေးတစ်ယောက် ဖြစ်နေရင်တောင်မှ သူတို့ အရမ်းစိတ်ဆိုးလိမ့်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့ ကျွမ်းကောင်းဟန်စီက ဖုန်းကို လက်ခံခဲ့ရကာ ကျောင်းမှာ ယန်ကျင်းဇီသည် ကျောင်းသားတစ်ယောက်စီက အရှုပ်အထွေးထဲ ဆွဲထည့်ခံနေရသည်ဟု ပြောလာသည်။ ဒါတင်မက ထိုကောင်လေးသည် သူတို့အတန်းပိုင်ဆရာဖြစ်သူ၊ သူ့အဖေကို အားကိုးပြီး ယန်ကျင်းဇီကို အမြဲတမ်း ဒုက္ခပေးနှောင့်ယှက်သေးသည်တဲ့။
ဤအချိန်တွင် အဖေယန်နှင့်အမေယန်သည် ယန်ကျင်းဇီ၏ လိင်စိတ်တိမ်းညွတ်မှုအကြောင်း မသိကြသေးပေ။ ထိုသို့သောကိစ္စမျိုးကို သူတို့က ရုတ်တရက်ကြီး ကြားလိုက်ရတော့ သဘာဝအတိုင်း စိတ်ဆိုးသွားကြသည်လေ!
ကျွမ်းကောင်းဟန်သည် ယန်ကျင်းဇီနှင့် အတူကြီးပြင်းလာခဲ့ပြီး အထူးသဖြင့် ယုံကြည်ရသော ကလေးတစ်ယောက် ဖြစ်သည်။ ယန်စုံတွဲသည် သူ့ကို အရမ်းယုံကြည်သည်။ ထို့အပြင် ကျွမ်းကောင်းဟန်သည် သူတို့သား၏ ချန်အန်းရှိူ့အပေါ် မကျေနပ်ချက်များကိုလည်း သူတို့အား ပြခဲ့သည်။ သူတို့က သူတို့သားစီ ရေးထားသည့် ချန်အန်းရှိူ့၏ အချစ်ကဗျာများကိုလည်း ဖတ်လိုက်ရသည်။
သူတို့သားက ကြည့်ကောင်းရုံတင်မက ပိုက်ဆံလည်းချမ်းသာသည်။ မိန်းကလေးတစ်ယောက်က သူ့ကို ပစ်မှတ်ထားပြီး လိမ်လည်လှည့်ဖြားမည်ကို သူတို့ စိုးရိမ်နေခဲ့ရသည်။ သူတို့ မထင်မိတာက အဲ့လိုကောင်မလေးမျိုး ထွက်မလာခဲ့ဘဲ ကောင်လေးတစ်ယောက် ထွက်လာတာပဲ!
အမှတ် ၁ အထက်တန်းကျောင်းက အကောင်းဆုံး အထက်တန်းကျောင်း မဟုတ်ဘူးလား? သူတို့သား၏ အတန်းပိုင်ဆရာသည် သူတို့သားကို ဆုံးမသောအခါတွင် သနားကြင်နာမှု မပြခဲ့ချေ။ ဘာဖြစ်သွားတာလဲ? ဤအတန်းပိုင်ဆရာ၏သားဖြစ်သူက ဒီလိုကိစ္စကို တကယ် လုပ်ရဲခဲ့သည်။
ပြီးတော့ သူတို့၏ သနားစရာကောင်းသည့် ကလေးလေးက ချန်အန်းရှိူ့၏မိဘများက ဆရာများဖြစ်နေသောကြောင့် သူတို့ကိုပြန်ပြောရန်ပင် အရမ်းကြောက်ရွံ့နေခဲ့ရသည်အထိ ဖိအားပေးခံခဲ့ရသည်။
မနက်စောစောမှာ ယန်စုံတွဲက သတင်းကြားလိုက်ရပြီး ရှင်းပြချက်တောင်းချင်၍ ကျောင်းကို ရန်လိုစွာဖြင့် တဟုန်ထိုးပြေးသွားခဲ့ကြသည်။
ဤအချိန်တွင် ယန်ကျင်းဇီသည် ကျောင်းရောက်နေပြီဖြစ်သည်။
ယန်ကျင်းဇီ ကျောင်းထဲဝင်ပြီးသည်နှင့် ကျောင်းသားအချို့ကို သူ တွေ့လိုက်ရကာ အများစုက ပုံမမှန်နေမှန်း သူ သိလိုက်ရ၏။
တခုခုတော့ ဖြစ်နေပြီ!
မလှမ်းမကမ်းမှ သူ့ညီငယ်တစ်ယောက်ကို မြင်လိုက်ရ၍ ယန်ကျင်းဇီက သူ့ကို လှမ်းခေါ်လိုက်သည်။
" ရှောင်လု ဒီကိုလာဦး! မင်း ငါ့ကို တွေ့တာ မင်းရဲ့မျက်နှာက ပျက်သွားတယ်! ဘာတွေဖြစ်နေတာလဲ?! "
ညီငယ်က ယန်ကျင်းဇီစီ လျှောက်လာပြီး ရယ်ရင်း
" ဘာမှမဟုတ်ပါဘူး။ အဲ့တာ... ဘော့စ်က အရမ်းကောင်းနေလို့လေ! ချန်အန်းရှိူ့ကိုတောင် ကိုင်တွယ်ဖြေရှင်းနိုင်တယ်! "
ယန်ကျင်းဇီ၏နှလုံးသားက ဒုတ်ခနဲ တစ်ချက်ခုန်သွားကာ သူ ခန့်မှန်းထားခဲ့သလို ဖြစ်လာခဲ့ပြီဟု ခံစားချက်ကို ရလိုက်သည်။ မနေ့က သူသည် ကျွမ်းကောင်းဟန်နှင့် ရန်ဖြစ်ခဲ့၏။ ကျွမ်းကောင်းဟန်၏အကျင့်စရိုက်နှင့်ဆိုလျှင် ထိုသူက သေချာပေါက် အရင်လှုပ်ရှားလိမ့်မည်။ ကံကောင်းသည်က သူ ကြိုတင်ပြင်ဆင်ပြီးသားပင်။
နောက်တစ်ဆင့်ကတော့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ရမှာ ဖြစ်သည်။
" မင်း ဘယ်လိုသိတာလဲ? "
ယန်ကျင်းဇီက သူ့ညီငယ်လေးအား ကျီစယ်သည့်သဘောဖြင့် ဆိုးသွမ်းစွာ ပြုံးပြကာ မေးလိုက်သည်။
" ဘော့စ်၊ ချန်အန်းရှိူ့ မင်းအတွက် ရေးပေးထားတဲ့ အချစ်ကဗျာတွေကို ကျွန်တော် တွေ့ခဲ့တာ! "
ညီငယ်ကဖြေသည်။
" အဲဒါဆို... ကျွမ်းကောင်းဟန်က မင်းကို ပြခဲ့တာလား? "
ယန်ကျင်းဇီက မေး၏။
ဒီညီငယ်လေးက နည်းနည်းတော့ ဆွံ့အသွားသည်။ သူ့ကို ပြသည့်သူက ကျွမ်းကောင်းဟန် မဟုတ်ပေ! အဲ့ဒါက တစ်ယောက်ယောက်၏ group chat မှ ဖြစ်သည်!
ဒါပေမယ့် သူ ပြန်မပြောရသေးခင်မှာပင် ယန်ကျင်းဇီက ထပ်ပြောလာခဲ့သည်။
" တကယ်တော့ ချန်အန်းရှိူ့က ငါ့အတွက် အချစ်ကဗျာတွေ အများကြီး ရေးပေးထားတာ ပြီးတော့ အဲ့ဟာတွေ အများကြီး ထပ်ရှိသေးတယ်။ မင်း ဖတ်ချင်လား? "
ညီငယ်လေးက မှင်သက်သွားသည်။
" ဟင်? "
ထို chat မှတ်တမ်းများကို ဖတ်လိုက်သောအခါတွင် သူ့ဘော့စ်သည် ချန်အန်းရှိူ့အား စက်ဆုပ်ရွံရှာပုံပေါ်သည်။ သူ ထင်ခဲ့တာက သူ ဒီကိစ္စကို ပြောလိုက်သည်နှင့် သူ့ဘော့စ် စိတ်ဆိုးသွားလိမ့်မည်ပေါ့။ ရလဒ်ကတော့ သူ့ဘော့စ်က သူ့အတွက်ရေးပေးထားသည့် ချန်အန်းရှိူ့၏အချစ်ကဗျာများကို သူ့ကို ပြဖို့ စီစဉ်ထားခဲ့သည်လား?
ဒီတိုးတက်မှုက ဘာကြီးလဲ?
ညီငယ်လေးသည် သူ့ဘော့စ်က သူ့ကျောင်းလွယ်အိတ်ကနေ မှတ်စုစာအုပ်တစ်အုပ်ကို ထုတ်ပြီး စာမျက်နှာတစ်ရွက်ကို ပေါ့ပေါ့ပါးပါး လှန်နေသည်အား မြင်လိုက်ရသောအခါ ပြောစရာစကားများ ပျောက်ဆုံးသွားပြန်သည်။ အဲ့ဒါက ချန်အန်းရှိူ့ ရေးထားသည့် အချစ်ကဗျာတစ်ပုဒ် ဖြစ်သည်။
ဒါတင်မကသေးပဲ သူ့ဘော့စ်က စာအုပ်တစ်အုပ်လုံးကို ပြီးစလွယ် လှန်နေသဖြင့် ချန်အန်းရှိူ့က ဒီမှတ်စုစာအုပ်တစ်အုပ်လုံးမှာ လိုက်ရေးထားသည်ကိုလည်း သူ သတိထားမိလိုက်သည်!
ထိပ်တန်းကျောင်းသား ချန်အန်းရှိူ့က အားလပ်ချိန် အရမ်းပေါနေတာလား? သူက မှတ်စုစာအုပ်တစ်အုပ်လုံးကို အချစ်ကဗျာများဖြင့် အပြည့်ရေးခဲ့သည်လား?
ဤညီငယ်လေးက အနည်းငယ် စိတ်ထိခိုက်သွားပြီးနောက် ယန်ကျင်းဇီက စာမျက်နှာတစ်ရွက်ကို စိတ်လိုလက်ရ ဆုတ်ဖြဲလိုက်ပြီး သူ့ကို လှမ်းပေးသည်အား တွေ့လိုက်ရသည်။
ဒီညီငယ်လေးက စာရွက်အပိုင်းအစကို ယူကြည့်လိုက်တော့ စာရွက်မှာ ရေးထားသည်ကို ဖတ်လိုက်ရ၏။
" ငါ အလေးစားဆုံးက ယန်ကျင်းဇီပဲ။ သူက အမှတ် ၁ အထက်တန်းကျောင်းမှာ အချောဆုံး! "
ချန်အန်းရှိူ့၏လက်မှတ်လည်း ရှိသေးသည်။
ညီငယ်လေးက စိတ်ရှုပ်ထွေးရုံတင်မဟုတ်တော့ဘဲ ဆွံ့အသွားပြီဖြစ်၏။
ချန်အန်းရှိူ့လို အေးတိအေးစက်လူက ဒီလိုစာကို ရေးနိုင်သည်လား?!
သူတို့အားလုံး ချန်အန်းရှိူ့ကို အထင်လွဲခဲ့တာလား?
" မင်း သိမ်းထားလို့ရတယ်! "
ယန်ကျင်းဇီက ဆိုသည်။
" ဘော့စ်... ချန်အန်းရှိူ့က ဒါကို တကယ်ရေးခဲ့တာလား? "
ညီငယ်က တုန်ယင်နေသော အသံဖြင့် မေးခဲ့သည်။ ချန်အန်းရှိူ့သည် ခူးမရနိုင်သော ပန်းလေးတစ်ပွင့်ဟု သူတို့ အမြဲတမ်း ထင်ခဲ့ကြပေမယ့် တကယ်တော့... မဟုတ်ဘူးတဲ့လား?
ဒါပေမယ့် အကယ်၍ တကယ်မဟုတ်ရင်တောင်မှ ဒီလူ၏ အားကောင်းသည့်ပုံရိပ်က အခုချိန်မှာ ပျက်ဆီးသွားပြီ!
" မင်း အမှန်အတိုင်း ပြောလို့ မဖြစ်ဘူး! "
ယန်ကျင်းဇီက ပြောခဲ့သည်။
" ဟာ? "
ညီငယ်လေးက အံ့ဩသွားရပြန်သည်။
ဤအချိန်တွင် ယန်ကျင်းဇီ၏အခြားညီငယ်လေးများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြကာ သူ့ညီငယ်များ မဟုတ်သော ကျောင်းသားအချို့က မလှမ်းမကမ်းမှ စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။
ယန်ကျင်းဇီက ကျီစယ်တတ်သူ ဖြစ်မှန်း သူတို့အားလုံး သိထားကြသော်လည်း ချန်အန်းရှိူ့က ယန်ကျင်းဇီကို ကြိုက်လိမ့်မည်လို့တော့ မမျှော်လင့်ထားခဲ့ပေ။ အဲ့ဒါ ယန်ကျင်းဇီက ပိုက်ဆံချမ်းသာလို့များလား?
" ဘော့စ်၊ ချန်အန်းရှိူ့က မင်းကို တကယ်ကြိုက်တာလား? "
" ဘော့စ်၊ အဲ့ဒါတွေကို တကယ်ပဲ ချန်အန်းရှိူ့က ရေးထားခဲ့တာလား? "
" ဘော့စ်... "
…
ယန်ကျင်းဇီ မျက်မှောင်ကြုံ့သွားပြီး သူ့မျက်နှာကလည်း သိသိသာသာ ပြောင်းလဲသွားကာ ညီငယ်တစ်ယောက်အား ကော်လာမှ လှမ်းဆွဲလိုက်သည်။ ပြီးနောက် သူက မေးလိုက်သည်။
" နေပါဦး... မင်းတို့အားလုံး ဒါကို သိတာလား? "
ယွီလိမင်က ဒီအချိန်မှာ စာသင်ခန်းထဲမှ ပြေးထွက်လာပြီး အခန်း ၁ မှ ကျောင်းသားအချို့ကလည်း သူ့နောက်ကလိုက်လာသည်။ ဤအချိန်၌ သူက ပြောလာခဲ့၏။
" ဘော့စ် ကျောင်းကလူတိုင်း သိတယ်။ "
ယန်ကျင်းဇီက စိတ်ရှုပ်ထွေးသွားသည့်အမူအရာကို ပြသည်။
" ကျောင်းကလူတိုင်း သိတယ်? မင်းတို့အားလုံး အချစ်ကဗျာတွေကို ဖတ်ပြီးကြပြီပေါ့? "
ယွီလိမင်က ပြောသည်။
" အားလုံးကိုဖတ်ရမှာလား? ဘော့စ်၊ ချန်အန်းရှိူ့... "
" ငါတော့ သေပါပြီ! "
ယန်ကျင်းဇီသည် သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်ထားခဲ့ကာ သူ့မျက်နှာပေါ်ရှိ ပြောင်စပ်စပ် အမူအရာကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
ယွီလိမင်နှင့်အခြားသူများက အနည်းငယ် ပဟေဠိဖြစ်သွားကြသည်။ ဘာကြောင့် သူတို့ဘော့စ်ကို ကြည့်ရတာ အရမ်းသနားစရာကောင်းသည့်ပုံ ပေါ်နေတာပါလိမ့်? ဖြစ်နိုင်တာက သူ ချန်အန်းရှိူ့၏မိဘများ သူ့ကို ပြဿနာရှာမည်ကို ကြောက်နေ၍လား?
ဒါပေမယ့် ဘော့စ်မှာ ကျောထောက်နောက်ခံ ရှိနေလေရာ သူက ကြောက်မနေသင့်ပေ! အမှတ် ၁ အထက်တန်းကျောင်းကို သူ လာတက်တာက လိုက်ရှုပ်ဖို့ဆိုပြီး သူတို့ဘော့စ်က မကြာခဏ ပြောခဲ့သည်မလား? သူကအနာဂတ်မှာ နိုင်ငံခြားကို ကျောင်းသွားတက်မယ်ဆိုတာကရော?
ချန်အန်းရှိူ့သည် မနက်တိုင်း စာကျက်ဖို့ကိုသာ အာရုံစိုက်လေ့ရှိပြီး ဘေးပတ်ဝန်းကျင်က အရှုပ်အထွေးများကို လျစ်လျူရှုထားတတ်ကြောင်း ယန်ကျင်းဇီက သိသည်။
ချန်အန်းရှိူ့ကို မနှောင့်ယှက်မိရန်နှင့် ချန်အန်းရှိူ့အပေါ် သက်ရောက်မှု မရှိစေရန် အတွက် သူသည် အထူးတလည် စာသင်ခန်းအပြင်ဘက်တွင် လူများနှင့်စကားပြောခဲ့ပြီး စာသင်ခန်းထဲဝင်ဖို့ ငြင်းဆိုခဲ့သည်။
လူများစွာ ရောက်လာအောင်လည်း သူသည် တမင်တကာ ဆွဲဆောင်ခဲ့သည်။
ယခုတော့ ကျောင်းသားကောင်း တော်တော်များများက သူ့နား စုဝေးနေကြပြီဖြစ်၏။
အဖေချန်သည် သူ့သားနှင့် စကားပြောချင်ခဲ့သော်လည်း ရုံးခန်းထဲကထွက်ထွက်ချင်း အောက်ထပ်တွင် လူများဝိုင်းထားသည့် ယန်ကျင်းဇီကို သူ တွေ့လိုက်ရသည်။ သူသည် အောက်ထပ်ကို ဆင်းပြီး ယန်ကျင်းဇီစီကို လျှောက်သွားခဲ့သည်။
ယန်ကျင်းဇီကို မျက်နှာချင်းဆိုင်ရတော့ အဖေချန်သည် အတော်လေး စိတ်ရှုပ်ထွေးသွားရသည်။
သူ့သားက ဒီကောင်လေးကို သဘောကျပေမယ့် ဒီကောင်လေးက သူ့သားကို မကြိုက်ဘူး...
" ယန်ကျင်းဇီ! "
လူအများကြီး ရှိနေသည်ကို အဖေချန် မြင်သောအခါ သူက ယန်ကျင်းဇီအား မည်သူမျှမရှိသောနေရာသို့ ခေါ်သွားချင်၍ မေးလိုက်သည်။
" မင်း ငါနဲ့လိုက်ခဲ့! "
" ဆရာချန် ကျွန်တော် မှားသွားပါတယ်။ကျွန်တော် တကယ် မှားသွားပါတယ်လို့! "
ယန်ကျင်းဇီက ရုတ်တရက်ကြီး ပြောလိုက်၏။
အဖေချန် အံ့အားသင့်သွားသည်။ ယန်ကျင်းဇီသည် သူ့အား အမြဲတစေ ပြန်ခံပြောလေ့ရှိကာ သူ့အပြစ်ကို ဘယ်တော့မှ ဝန်မခံချေ။ ဒါ ဘယ်လိုအခြေအနေလဲ?
ယန်ကျင်းဇီက ထပ်ပြောသည်။
" ဆရာချန်၊ ကျွန်တော်က အဲ့ဒါကို ရယ်စရာကောင်းတယ်လို့ တွေးမိရုံလေးတင်! တကယ်ကြီး မလိုမုန်းထားစိတ်နဲ့လုပ်တာ မဟုတ်ရပါဘူး! "
" ဘာရယ်စရာကောင်းတာလဲ? မင်း ဘာလုပ်ခဲ့လို့လဲ? "
အဖေချန်က မျက်မှောင်ကြုံ့ကာ မေးခဲ့သည်။
" ဆရာချန်က အချစ်ကဗျာတွေကြောင့် ကျွန်တော့်စီ လာတာ မဟုတ်ဘူးလား? "
ယန်ကျင်းဇီက မေးသည်။
အဖေချန်သည် အချစ်ကဗျာများအတွက် ယန်ကျင်းဇီအား လာရှာခဲ့သည်မှာ အမှန်ဖြစ်သော်လည်း ယန်ကျင်းဇီက ၎င်းကို တိုက်ရိုက်ထုတ်ပြောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ နောက်ပြီး ကျွန်တော် မှားသွားပါတယ် ဆိုတာကရော သူက ဘာကို ဆိုလိုတာလဲ?
သူ့သားကသာ ယန်ကျင်းဇီကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား?
ယန်ကျင်းဇီက ထပ်ပြော၏။
" ဆရာချန် ကျွန်တော်က အပျော်သဘောနဲ့ အဲ့အချစ်ကဗျာတွေကို ရေးခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ကိုပဲ ပြခဲ့တယ်ဆိုတာကို ကျွန်တော် ကျိန်ရဲပါတယ်။ တခြားလူတွေကို ကျွန်တော် မပြဖူးပါဘူး။ အဲ့ဒါတွေကို လူတွေအများကြီး ဘယ်လိုမြင်သွားလဲဆိုတာ ကျွန်တော် မသိဘူး... "
" မင်း ရေးခဲ့တာလား? "
ဆရာတစ်ယောက်အနေဖြင့် အဖေချန်သည် အဓိကအချက်များကို ဖမ်းဆုပ်နေနိုင်ဆဲပင်။
ယန်ကျင်းဇီသည် သူ့လက်ထဲတွင် မှတ်စုစာအုပ်ကို ကိုင်ထားဆဲဖြစ်ကာ ယခုအချိန်၌ သူ့မျက်နှာမှာ ရှက်ရွံ့နေသည်။
" ကျွန်တော်က ဒီတိုင်း ကြုံရာကျပန်း လျှောက်ရေးထားရုံပါပဲ... "
အဖေချန်သည် ယန်ကျင်းဇီ၏လက်ထဲက မှတ်စုစာအုပ်ကို ယူချင်ပေမယ့် ယန်ကျင်းဇီက သူ့ကို မပေးချင်ပေ။ ဆွဲရင်းဖြင့် မမျှော်လင့်ထားစွာပင် ထိုမှတ်စုစာအုပ်မှ စာရွက်များစွာ ထွက်ကျလာပြီး မြေပြင်ပေါ်မှာ ပြန့်ကျဲသွားသည်။
အနီးနားရှိ ကျောင်းသားများသည် ရဲရင့်လာပြီး ချက်ချင်းဆိုသလိုပင် စာရွက်ကို ကောက်ယူကာ ဖတ်ကြည့်ကြသည်။
ဤစာရွက်အများစုတွင် "တစ်သက်လုံး ဖတ်စာအုပ်လေ့ကျင့်ခန်းတွေနဲ့ပဲ နေမယ်လို့ ကျိန်ဆိုပါတယ်!" ကဲ့သို့သော စကားလုံးတိုတိုများကိုသာ ရေးထားကြသည်။ စာများအားလုံးကို ချန်အန်းရှိူ့က လက်မှတ်ထိုးထားကာ အချို့စာရွက်များတွင်တော့ လက်မှတ်များဘေး၌ ဝက်ခေါင်းပုံများ ဆွဲထားလေသည်။
ချန်အန်းရှိူ့သည် စာသင်ယူရခြင်းကို နှစ်သက်ပြီး သူသည် သူ့တစ်ဘဝလုံးကို လေ့ကျင့်ခန်းများနှင့်အတူ အမှန်တကယ် ကုန်ဆုံးချင်နေသည်မှာ ဖြစ်နိုင်လောက်သော်လည်း သာမာန်လူတစ်ယောက်က ဒီလိုချရေးပါ့မလား?
သေချာပေါက် မဖြစ်နိုင်ဘူး မလား?
ထို့အပြင် စာများတွင် ယန်ကျင်းဇီအကြောင်း ချီးမွမ်းထားသည်များလည်း ရှိပြီး ထိုဟာများမှာ သူက ကျောင်း၏အသည်းနှလုံးလေး ဖြစ်သည်၊ သူက ယန်ကျင်းဇီကို လေးစားသည် စသည့်အရာများ ဖြစ်ကာ... ရေခဲတုံးကဲ့သို့သော ချန်အန်းရှိူ့က အဲ့လိုအကြောင်းအရာများကို ရေးနိုင်ပါ့မလား?
လူတိုင်းက ထူးဆန်းနေသည်ဟု ခံစားနေရကာ သို့သော် ယန်ကျင်းဇီက သူတို့လက်ထဲမှ စာရွက်ကို လာဆွဲယူလေသည်။
" ငါလျှောက်ရေးထားတာတွေ။ မဖတ်နဲ့! မဖတ်နဲ့တော့! "
" ဘော့စ်၊ မင်း ဒါတွေကို ရေးခဲ့တာလား? ဒါက ချန်အန်းရှိူ့ရဲ့လက်ရေးမှန်း သိသာနေတာကို! "
ယွီလိမင်ကလည်း အချက်ကို ဖမ်းဆုပ်နိုင်ခဲ့သည်။
ယန်ကျင်းဇီက သူ့စိတ်ထဲ ယွီလိမင်အား လက်မထောင်ပြလိုက်ပြီးနောက် ဒေါသတကြီး အကြည့်တစ်ခုကို ပြောင်းလဲလိုက်လေသည်။
" ချန်အန်းရှိူ့တစ်ယောက်တည်း ဒီလိုပုံစံနဲ့ စာရေးနိုင်တာ ဖြစ်နိုင်ပါ့မလား? လောင်ဇူလည်း ရေးနိုင်တာပေါ့! "
အဖေချန်သည် ယန်ကျင်းဇီအား လေးလေးနက်နက် ကြည့်လိုက်သည်။
သူ ဘာတွေဖြစ်နေမှန်းမသိပေမယ့် အခု ဒါက ဒီလိုဖြစ်လာတော့...
အဖေချန်က ယန်ကျင်းဇီရှေ့မှာ မှတ်စုစာအုပ်ကို လှမ်းပေးလိုက်သည်။
" ငါကြည့်လို့ရအောင် စာလုံးအချို့ကို ရေးကြည့်စမ်းပါ။ "
ယန်ကျင်းဇီသည် အပြစ်ရှိသော မျက်နှာဖြင့် အဖေချန်ကို ကြည့်သည်။
" ဆရာချန် ကျွန်တော် မှားသွားပါတယ်... "
" ရေး "
အဖေချန်က ပြောခဲ့ပြီး နောက်ကျောင်းသားတစ်ယောက်က ယန်ကျင်းဇီ၏လက်ထဲ ဘောပင်တစ်ချောင်း ထည့်ပေးလာသည်။
ယန်ကျင်းဇီက ဘောပင်ကိုယူကာ သူ့ပတ်ဝန်းကျင်ရှိလူများကို ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ပြီး ရေးရှာသည်။
" ကမ္ဘာပေါ်မှာ ဆရာချန်က အချောဆုံးပဲ! "
သူ စာရေးသည့် လက်ရေးက ချန်အန်းရှိူ့၏လက်ရေးနှင့် တထပ်တည်း တူသည်။ သူက စာရေးပြီးတာနဲ့ သူ့လက်ကို ဝှေ့ယမ်းရင်း "ချန်အန်းရှိူ့" ဟု နာမည်နှင့် လက်မှတ်ထိုးလိုက်သည်။
____
Thanks for your reading❣️
____